ပဲခူးတိုင်းဒေသကြီး၊ပေါင်းတည်မြို ့မှ အဂတိလိုက်စား၊အကျင့်ပျက် နယ်ထိန်းတစ်ဦး

TRUTHAugust 2, 20121min995

25.7.2012 နေ ့တွင် ပေါင်းတည်ဗီဒီယို အခြေခံ အဖွဲ ့ ၊ မူပိုင်ရှင်များ၊ဗီဒီယို အခွေအငှားဆိုင်ပိုင်ရှင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး များ နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ ့ဝင် များပါဝင်သည် ့ပူးပေါင်းအဖွဲ ့သည် လုပ်ငန်းလိုင်စင်မရှိဘဲ မူပိုင်ရှင်၏ခွင့်ပြုချက်မရရှိေ

သာ တရားမဝင်မြန်မာဗီဒီယို ဇာတ်ကားခွေ များ ကော်ပီပွား ကျယ်ကျယ်ပြန် ့ပြန

် ့ ခိုးငှားနေသော ပေါင်းတည်မြို ့ ပုတီးကုန်းလမ်းနေ ဦးစန်းမြင့် ဒေါ်ဌေး တို ့၏ နေအိမ်သို ့ ဝင်ရောက်ရှာဖွေရာတွင် ပထမတစ်ရက်24.7.2012 ညနေပိုင်း ကတည်းက ပေါင်းတည်ရဲစခန်းမှ နယ်ထိန်း ဝင်းဇော် ဆိုသူက ၎င်း လမ်းထိပ်တွင် နေသူတစ်ဦး နှင့် ၎င်း လမ်းထဲရှိ တရားမဝင်နှစ်လုံး၊သုံးလုံးထီ ရောင်းချနေသည် ့( အမည်မဖော်ပြလိုပါ)သူ နှစ်ဦးအား “ ဦးစန်းဝင်း ဆိုတာ လမ်းထဲမှာ ဘယ်သူလဲ ” မေးသဖြင့် ၎င်းသူများက “ ဦးစန်းဝင်းဆိုတာ မရှိဘူး၊ဦးစန်းမြင့် ဆိုတာတော့ရှိတယ် ဘာဖြစ်လို ့လဲ” ပြန်မေးသောအခါ ထို နယ်ထိန်း ဝင်းဇော်မှ “ သူ ကအခွေငှားတယ် မဟုတ်လား၊ငှားရင်သိမ်းထားလိုက်တော့ မနက်ဖြန် လာဖမ်းဖို ့ရှိတယ် စခန်းမှူးကလည်း သိပ်ဖမ်းပေးချင်တာမဟုတ်ဘူး”ဟု ပြောသဖြင့် နှစ်လုံးထီ၊သုံးလုံးထီ ရောင်းသူမှ ကြိုတင်သတင်းပေး သိမ်းဆည်းခိုင်းထားသဖြင့် မည်သည် ့ မြန်မာဗီဒီယို ဇာတ်ကားခွေ ကိုမျှ ဖမ်းဆီးနိုင်ခြင်းမရှိကြောင်း သိရှိရပါသည်။ထို ကဲ့ အဂတိလိုက်စားသော
အကျင့်ပျက် ရဲဝန်ထမ်းကို ထိရောက်စွာအရေးယူ ဆောင်ရွက်နိုင်စေရန် တင်ပြ အပ်ပါသည်။

5 comments

  • ဒုတ်ထိုး

    August 2, 2012 at 2:36 pm

    နိုင်ငံအနှံ့ လုပ်စားနေကျ မထူးဆန်းမှုတွေထဲက တစ်ခုလေ ။
    ဒီလိုလုပ်စားနေတာ ကြာပေါ့ ၊
    လိုင်းကြေးပေးထား သူများကို ဖမ်းတော့မယ်ဆိုရင် ကြိုသတိပေးတာရှိသလို
    လိုင်းကြေးပေးပီးပေမဲ့ ဖမ်းတဲ့အမှုလဲ မြင်ဖူးပါတယ်၊
    ရဲ ပီသစွာ သူတို့လဲ ခုတမျိုး တော်ကြာတမျိုး ။

  • ချစ်ရင်ထူး II

    August 2, 2012 at 3:24 pm

    ကျွန်တော် တွေးမိသလို ပြောမယ်နော် .. (စိတ်မရှိကြပါနဲ့)
    ပထမ တစ်ခုက ဒီလို ပိုစ့်တင်တာ ကောင်းပါတယ် အဲလိုတင်လိုက်ရင် ကြောက်သွားတတ်ကြပါတယ် ဘာပဲပြောပြော နယ်ထိန်းဝင်းဇော် အနေနဲ့ကလည်း သူ့အကြောင်း အင်တာနက်မှာပါလာ တယ်ဆိုတော့ တွန့် သွားမှာပေါ့ လူတိုင်းပါပဲလေ ..
    ဒုတိယ တစ်ခုက အမှန်တရား ဆိုတာ ဘာလဲ ??? ခိုးကူးခွေ လုပ်တဲ့သူ ဘက်ကနေ ပြောမယ်နော် အဲလိုလူရှိနေတာ ကောင်းတာပေါ့ သူအဖမ်းမခံရတော့ဘူးပေါ့ ၊ နောက် တစ်ဘက်က ကြည့်ရင် တရားဝင် လုပ်တဲ့သူက မကျေ နပ်ဘူးပေါ့ .. အဲတော့ ….. ဆက်တွေးကြည့်ကြဖို့ပါဗျာ ..

    • TRUTH

      August 2, 2012 at 3:43 pm

      နယ်တွေမှာက မြန်မာဗီဒီယို ကားတွေကို မူပိုင်ကြေး
      တစ်ကားကို သောင်းဂဏန်း သိန်း ဂဏန်း နဲ ့ပေးဝယ်နေရတာပါ။မြို ့ကြီးတွေမှာလို RC ကြေး
      ထောင် ဂဏန်းလောက်ပေးဝယ်ရတာမဟုတ်ပါ။ အဲဒါကို ခိုး ငှားတဲ့ လူတွေက ရန်ကုန်လမ်းဘေး ကနေ 300 ။400။500 လောက်နဲ ့ဝယ်ပြီးခိုးငှားနေကြတာပါ။အိမ်တိုင်ယာရောက်တစ်ခွေ(၁၀၀)(၂၀၀) လောက်နဲ ့လည်ပို ့တယ်။3ယောက်၊4ယောက် ငှားလိုက်ရင်အရင်ကျေပြီးမြတ်နေပြီ။ဒီလိုသာလုပ်ရရင်
      မင်းသား၊မင်းသမီးတွေလဲ ကားမရိုက်ရတော့ပဲ ခွက်ဆွဲရမယ့် ဘဝ မြန်မြန်ရောက်သွားလိမ့်မယ်။ ငါ့ညီတို ့လဲနယ်မူပိုင်ရှင်နေရာ က ဝင်ခံစားကြည် ့နိုင်ပါတယ်။

  • ပင်လယ် ပျော်

    August 2, 2012 at 5:54 pm

    “ဝမ်းစာမပြည့်ဝသူ” အချင်းချင်း သဘောထားချင်း ဖလှယ်ကြတာပါ…ဪ..”သမုဒ္ဒရာ ဝမ်းတစ်ထွာ”ထဲမှာနစ်မွန်းနေကြပါလား…

  • P chogyi

    August 3, 2012 at 10:53 am

    ကြီးသည့်အမှုငယ်စေ၊
    ငယ်သည့်အမှုပပျောက်စေဆိုတာ ဒါမျိုးကိုပြောတာဖြစ်မှာပေါ့။
    (လိုင်းကြေးတော့ မှန်မှန်ပေးနော်)

Leave a Reply