http://myanmargazette.net/135130/arts-humanities

မန်းဂေဇက်ကို ၀င်ရောက် ဖတ်ရှုရေးသား နေကြသော ဦးဦး၊ကိုကို၊ဒေါ်ဒေါ်၊မမနှင့်တကွ အားလုံးသော စာပေချစ်မြတ်နိုးသူ အပေါင်းတို့ ခင်ဗျား

အထက်မှာ ဖော်ပြထားတဲ့ လင့်ခ်လေးကတော့ ပြီးခဲ့တဲ့ ဇူလိုင်လက ကျနော်အဆိုပြု တင်ပြဖိတ်ခေါ်တဲ့ အကြောင်းအရာလေးကို မဖတ်မိလိုက်သူများ ဖတ်ပီးသော်လည်း အဓိပ္ပါယ် အမှတ်မှားနေသူများ ရှိပါက သိရှိနိုင်စေရန်  ပြန်လည် တင်ပြပေးလိုက်ပါတယ်။ အချိန်ရရင် ဖတ်ရှုသုံးသပ်ကြပါကုန်။

ကျနော် ပြီးခဲ့တဲ့လက တလလုံး ခရီးသွားနေရပါတယ်။ ဒါပေသိ ရောက်တဲ့အရပ်မှာ အင်တာနက် သုံးခွင့်ကြုံတိုင်း မေးလ်ဖွင့်စစ်၊ ပြီးရင် ဘယ်သူများပို့လာမလဲ ဆိုပီးရှာ နောက် ကျနော့်သူငယ်ချင်းတွေကို လှမ်းမေးရနဲ့ ကိုယ်စတဲ့ ဇာတ်လမ်းကို ကိုယ်နိုင်အောင်ကဖို့ ပြင်ရပါတယ်။ တကယ်ကံကောင်းချင်တော့ တလလုံးကို ၃ယောက်ဘဲ ကျနော့်ဆီ ပို့လာပါတယ် … :(

ဒါဟာ

၁၊ တင်ထားတဲ့ပို့စ်ကို မဖတ်ဖြစ်မိ သော်လည်းကောင်း

၂၊ မိမိကိုယ်တိုင်က လွတ်လွတ်လပ်လပ် ရေးသားခြင်၍သော်လည်းကောင်း

၃၊ ပြိုင်ပွဲလို့ ထင်ပီး ၀င်မပြိုင်လိုခြင့်ကြောင့် လည်းကောင်း စသဖြင့်ပေါ့  အကြောင်းအမျိုးမျိုးကြောင့်လို့ဘဲ သုံးသပ်ပါတယ်။

အမှတ်မရှိတဲ့ ကျနော်ကလဲ အဲလိုပို့မလာတော့လဲ အငြိမ်မနေနိုင်ဘူး တင်သမျှ စာတွေ လိုက်ပီးဖတ် အချို့သူတို့ရဲ့ Trade Mark အတိုင်းရေးနေသူတွေခဏဖယ် … မဖတ်နိုင်သေးရင် ပရင့်ထုတ်သိမ်းထားနဲ့ တော်တော်တော့ အလုပ်များပါတယ်( အသနားခံနေခြင်း) နောက်ပီး အရင်လို ပေါ့ပေါ့ပါးပါးဖတ်ပီး ကွန်းမင့်လေးရေးတာ မဟုတ်တော့ အတော်ကို attention များပါတယ်ခင်ဗျ။ နောက်ပီး တနေ့အနည်းဆုံး ၁၀ပုဒ်လောက် တက်နေတဲ့ ဒီဆိုဒ်ကြီးမှာ တလစာ အပုဒ်၃၀၀ကို ကျနော်တို့ ၃ယောက် မဖတ်နိုင်ပါဘူး တကယ်တည်း အပ်စိုက်မတ်ချ လုပ်ရင်တော့ ဖြစ်ကောင်းဖြစ်ပေမဲ့ အလုပ်ကိုယ်စီနဲ့မို့ မလွယ်လှပါဘူး ခင်ဗျာ။ အမှန်တိုင်းပြောရရင် ကျနော်တို့ ကြိုက်နှစ်သက်တဲ့ ပုံစံမျိုးက ပြီးခဲ့တဲ့ ဇူလိုင်လမှာ ၁၆ပုဒ်ဘဲ ရှိပါတယ် ကျနော်တို့ လေ့လာမှတ်ထား သလောက်ပေါ့။

အရင်းစစ်သော်

ဇူလိုင်လမှာ ကျနော်တို့ဆီ ပို့လာတာက ၄ပုဒ်

ကျနော်တို့ လိုက်ပြီးဖတ်ထားတာက ၁၆ပုဒ်( ၄ပုဒ်အပါ )

—————————————————————————————————————————————————————————————–

အဲတော့ ရှေ့က ကျနော့်ပို့စ်မှာလဲ အရိပ်အမြွက်ပြောပီးသွားပီ ကျနော်တို့ရဲ့ ရည်ရွယ်ချက်သည် မန်းဂေဇက်မှာ စာပေအရေးအသား ကွဲလွဲစွာဖြင့် အဆင့်မြင့်မြင့် ရပ်တည်နိုင်ရေးပါ။ ကြီးကျယ်တယ်လို့လဲ မထင်ပါနဲ့ ဆရာကြီး အထာလို့လဲ မထင်ပါနဲ့ ကိုယ်တွေ မျက်ခွက်တွေက နေရာတကာ ပျံ့နေပီ အဲတော့ စည်းနဲ့ကမ်းနဲ့ အဆင့်အတန်းရှိရှိ နေရတော့မယ် ရေးချင်ရာရေး ပြောချင်ရာပြောလို့ မရတော့ဘူးလို့ ထင်ပါတယ် ( အယူအဆ ကွဲလွဲနိုင်ပါတယ်)။ ကျနော့် ကိုယ်ပိုင်ခံစားချက်လေးတခု တင်ပြချင်ပါတယ် နိုင်ငံရေးအကြောင်းရေးရင် လုံလောက်တဲ့ နိုင်ငံရေးပညာရပ်လိုလာပီ(တခါတုန်းက နိုင်ငံရေးဆိုတာ ဘာဖြစ်တယ် ညာဖြစ်တယ် ဘယ်နှစ်ဒီဂရီလောက်ဘဲ ကွာတယ်ဆိုပီး ရေးခဲ့ဖူးတယ် အဲတုန်းကတည်းက ကိုယ့်ကိုဝမ်းစာ မပြည့်လို့ ရှက်ခဲ့တာ ဒီနေ့အထိ မရေးတော့ဘူး ခုထိဖတ်နေတုန်းဘဲ) ဒါကျနော့်ကိုယ်တိုင် ဖြစ်ရပ်လေး ဆိုလိုတာက ကျနော်လဲ အပျော်တမ်းသမားပါ ဒါပေသိ စာရေးတဲ့သူတွေမှာ ဖြစ်တတ်တဲ့ ရေးရင်း ရေးရင်း လက်လွန်တဲ့ကိစ္စ အဲဒါလေးကို သတိချပ်မိတဲ့ နောက်ပိုင်း ကိုယ်နှစ်သက်တဲ့ စာတမျိုးတည်းကိုသာ ဖတ်ခြင်းရေးခြင်း ဆိုတဲ့ ကိုယ်တိုင် ကတ်တဂိုရီ ခွဲတတ်လာပါတယ်။ ဆိုလိုရင်းကတော့ အပျော်တမ်း စာရေးစာဖတ်သူ တယောက်ဟာ မန်းဂေဇက်ထဲဝင် ကိုယ်တိုင် လက်စမ်းစာလေးတွေရေး နောက်ကိုယ်နှစ်သက်တဲ့ လိုင်းအောက်က စာတွေဖတ် ပြန်ရေး ပြန်ဆွေးနွေးနဲ့ အချိန်ကြာလာနဲ့အမျှ အပျော်တမ်းတော့ အပျော်တမ်းဘဲ ဒါပေသိ အဆင့်မြင့် အပျော်တမ်းသမားတွေ ဖြစ်လာရာကနေ  သီအိုရီအတွေးအခေါ်သမားတွေ၊ ရသစာပေသမားတွေ ၊ပညာရပ်ဆိုင်ရာ စာပေသမားတွေ၊ ကဗျာစာသမားတွေ၊ ကာတွန်းဝါသနာပါသူတွေ တဖြည်းဖြည်းတိုးတက်မှုရမယ်လို့ စိတ်ကူးယဉ်လိုက်မိပါတယ်………….။

ရီလက်စ်တော့ ရီလက်စ်ပေါ့ဗျာ

အင်တာတိန်းမန့်တော့လည်း အင်တာတိန်းမန့်ပေါ့

ဒါပေသိ ” ရဲစည် နာမည်နဲ့ ပို့စ်တင်လာတိုင်း ဟာ….အဲကောင် အလကား ဖြတ်ညှပ်ကတ်ကြီး ဖောရှောကြီး၊ ပြီးရင် လှောင်သလို ပြောင်သလိုနဲ့ ရေးနေတာ၊ မြှောက်ထိုးပင့်ကော်ကလုပ်သေး၊ လျှောက်ဖွနေတာပါကွာ စသဖြင့် တရားဝင်အပြောမခံရပေမဲ့လည်း ကိုယ်ရဲ့ ရီလက်စ်လေး အင်တာတိန်းမန့်လေးကတော့ ဖြင့်ဒီလို ခေါင်းစဉ်အောက် ဘယ်သူမှတော့ ရောက်ချင်ကြမယ် မထင်ပါဘူး 

ဆိုတော့ ခင်ဗျာ

ဇူလိုင်လအတွက်ကတော့ ကျနော်တို့ဆီ ပို့လာတဲ့ ၄ပုဒ်ကို လေးစားသမှုရှိသော်ငြားလဲ ချီးမြှင့်ရန်မူကား အနည်းငယ်လိုအပ်ချက် ရှိနေပါသောကြောင့် ကြိုက်နှစ်သက်သော စာမူအဖြစ်တော့ မရွေးချယ် ဆုမချီးမြှင့်တော့ပါကြောင်း

ယနေ့ခေတ်ပြင်ပမှ စာပေပညာရှင်များ တိုင်းပြည်တိုးတက်ဖို့ ပြည်သူတွေ အသိဥာဏ်ပွင့်လင်းဖို့ စာများများဖတ်သင့်ကြောင်း တိုက်တွန်းနှိုးဆော်နေသော်ငြားလဲ စာကြည့်တိုက်များ သော့ခတ်ထားခြင်း၊ စာအုပ်စာပေ ဈေးနှုန်းများကြီးမြင့်ခြင်း၊ မိမိတို့ကိုယ်ပိုင် ဘ၀စားဝတ်နေရေးအား ရုန်းကန်နေရခြင်းတို့ကြောင့် ထိရောက်မှု အားနည်းနေချိန်တွင် မန်းဂေဇက်ကဲ့သို့ အမြဲတမ်းသော့ဖွင့်ထားသော အွန်လိုင်း စာပေသတင်းဂျာနယ်ထဲ၌ ကြိုက်နှစ်သက် လိုလားအားကျ လေ့လာသင်ယူဖွယ် များစွာတို့ဖြင့် တိုးတက်ကောင်းမွန်လာစေရေး ရည်ရွယ်၍ ယခုသြဂုတ်လတွင် ထပ်မံဖိတ်ခေါ်လိုက်ရပါကြောင်း။            ။

လေးစားသောဆန္ဒမွန်ဖြင့်

မောင်ရဲစည်

၂.၈.၂၀၁၂ခုနှစ် ညနေ ၅နာရီ ၇မိနစ်

————————————————————————————————————————————————————————————————–

မှတ်ချက်။      ။  ယခုစာမူဖိတ်ခေါ်ခြင်း အစီအစဉ်သည် ” မန်းဂေဇက် စာချစ်သူများ ဆုအစီအစဉ်နှင့် ချိတ်ဆက်ပူးပေါင်းထားပါသောကြောင့် သြဂုတ်လမှ စတင်၍ ယင်းအစီအစဉ်အောက်၌ ကိုစပွန်ဆာအဖြစ်လည်းကောင်း၊ အော်ဂနိုက်ဇာအဖြစ်လည်းကောင်း လစဉ်လတိုင်း ရသစာပေအခန်းကဏ္ဍဘက်မှ ရပ်တည်ပေးသွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည် ခင်ဗျား ။        ။

 

About စိန်ကြက်ဆင်

has written 67 post in this Website..

သဗ္ဗေ ထပ်တရာ ပဲပလာတာ မေ ဟောတု ဗိုက်တင်း

   Send article as PDF