“လက်ကမ်းလို့ကြိုနေ”

lon donAugust 2, 20121min814

လူတစ်ကိုယ် စိတ်တစ်မျိုး၊ လူချင်းတူသော်လည်း အသက်ရှုကွဲဆိုလား၊ ပြောကြဆိုကြအမျိုးမျိုး၊ သူယုံ

ကြည်ရာပြောဆိုနိုင်ကြသည်။ သဘောတရားဟူသည် ဘဝရှေ့ဆောင် မီးရှူးရောင်။ ဘဝဟူသည် “သဘော

တရားအပြင် မှတ်ကျောက်ပင်” ဟု နိုင်ငံရေးအမြင်ရှိသူတို့ စကားအသုံးအနှုန်းအဖြစ်မှတ်ခဲ့ဘူးသည်။ သဘော

တရားဆိုသည် သဘာဝကျကျစဉ်းစားခြင်းရယ်လို့ထင်သည်။ သဘောတရားဆိုတာ လက်တစ်ကမ်းမှာရှိသည်။

ပို၍ သဘာဝကျသည်က လူသည် နိုင်ငံရေးသတ္တဝါဆိုထားသည်။ အချို့က မည်သို့သဘောထားရှိသည်တော့

မသိ။ အကျဉ်းထောင်ထဲတွင်ရှိသော အကျဉ်းသားအားလုံး နိုင်ငံရေးအကျဉ်းသားဆိုကာ အကျဉ်းသားအားလုံး

လွှတ်မှသဘောကျမည်ဆိုနေသေးသည်။ ဥပဒေ၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုသည့် နိုင်ငံတော်အာဏာမရှိခဲ့

သလိုဆိုနေသေးသည်။

“ကမ္ဘာကြည့် ကြည့်မြင်ပါ” အညွှန်းစကားသည်သာ အကောင်းဆုံး။ ကိုယ့်အိမ်၊ ကိုယ့်မိသားစု၊ ကိုယ့်ရွာ

မှာ ဘာတွေဖြစ်နေသည်၊ ဘယ်လိုပြဿနာတွေရှိသည်၊ ဘယ်လိုဖြေရှင်းရမည်ကို သိသလိုမျိုး အတူနေ ကမ္ဘာ

ပေါ်ရှိနိုင်ငံတို့မှာရင်ဆိုင်စိန်ခေါ်မှု၊ ရုန်းကန်လှုပ်ရှားနေရသည်ကို ကိုယ်ချင်းစာစိတ်နှင့် ကြည့်ပြီး သင်ခန်းစာ

အဖြစ်ယူနိုင်မည်။

အသွင်မတူ အိမ်သူမဖြစ် ဆိုစကားရှိသည်။ ထို့ကြောင့် နိုင်ငံခေါင်းဆောင်များအနေဖြင့် မတူညီတာ

ဘေးဖယ်ထားပြီး တူညီသည်များကို အတူတကွလက်တွဲလုပ်ဆောင်ကြရန် ဖိတ်ခေါ်နေရခြင်းဖြစ်မည်။ ရေမညီ

ရေနှင့်ညှိ၊ လူမညီ သေနှင့်ညှိ စကားရှိသည်။ ရေနှင့်ညှိက အကောင်းဆုံးသဘာဝအကျဆုံးဖြစ်မည်။ အရူးကို

လင်လုပ်ရမည်လိုမျိုး လို၊ လူမိုက်နှင့်ပေါင်းရမည့်အဖြစ်မျိုးကိုတော့ ဆင်ခြင်မိသည်။

နိုင်ငံတော်သမ္မတက မတူတာဘေးဖယ်ထား၊ တူတာကို ပေါင်းလုပ်ကြစေချင်သည့် စစ်မှန်သောစိတ်

ထားဖြင့် တောင်းဆိုသံကို ကြားနေရသည်။

မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးကတည်းက ဝါဒအမျိုးမျိုး၊ သဘောထားအစုံ မယုံစိတ်ထားဖြင့်

အချင်းများခဲ့ပေါင်းများခဲ့ပါပြီ။ ခြေလိုက်ရသည့် သင်ပုန်းလည်း အဆုံးမသတ်နိုင်သေးပါကလား။ ခုလိုဖြူစင်စိတ်

ထား မေတ္တာစကားဖြင့် အတူလက်တွဲဖိတ်ခေါ်ပွဲကို အတ္တ၊ မာန၊ ခဝါချပြီး လက်တွဲကြဘို့ အချိန်ကောင်း အခါ

ကောင်းဖြစ်နေပြီး ယနေ့အခါတွင် မြန်မာနိုင်ငံသည် ဘေးဆိုးရန်ဆိုး စနစ်ဆိုးတို့မှ တိုးထွက်နိုင်ပါပြီ။ ကိုယ့်အိမ်

လေးကို လှပအောင် ကိုယ်တိုင်ကိုယ်ကျဝိုင်းဝန်းတည်ဆောက်နိုင်နေပြီ။ အုပ်ချုပ်သူအစိုးရနှင့်ပြည်သူများလည်း

စိတ်တူကိုယ်တူ ဒီမိုကရေစီလမ်းသစ်သို့ အသွင်ပြောင်း လျောက်လှမ်းနေပြီဖြစ်သည်။ ရွှေလက်ဖြင့်ခေါ်နေပြီဖြစ်

သည်။ ဒီမိုကရေစီလားရာကား ဖြောင့်တန်းစွာဖြစ်နေကြပြီ။ သို့မဟုတ်မူပါလျှင်-သင်္ဂဇာဆရာတော်ဘုရားကြီး၏

“နိဗ္ဗာန်ကျောင်းမချရသေးတဲ့ ဘုန်းကြီးပျံ” ဥပမာလိုပြောရမလိုဖြစ်နေသည်။

ရှေးအခါက ရွာတစ်ရွာရှိကျောင်းတစ်ကျောင်း၌ ဘုန်းတော်ကြီးတစ်ပါးပျံလွန်တော်မူလေသည်။ ပျံလွန်

တော်မူချိန်၌ ဘုန်းကြီးပျံပွဲဆင်နွှဲရန် အချိန်မကျ၊ ကောက်ပဲသီးနှံများကလည်း မပေါ်သေးသည့်အတွက်လည်း

ကောင်း၊ ငွေစကြေးစများလည်း မထည့်ဝင်နို်င်သေး၍လည်းကောင်း ထို့ကြောင့် နိဗ္ဗာန်ကျောင်းချထားဖို့ရာသာ

စိတ်ကူးရှိနေကြလေသည်။ သည်အတွက် ငွေကြေးကြွယ်ဝတောင့်တင်းသော ဒကာတစ်ဦးအား အကျိုးသင့်

အကြောင်းသင့်ပြောပြပြီး နိဗ္ဗာန်ကျောင်းဆောက်လုပ်လှူဒါန်းပါရန် အမိန့်ရှိလေသည်။

ထိုအခါ ချမ်းသာသောဒကာက အမေးရှိလာ၏။ “တပည့်တော် မေးပါရစေဘုရား၊ အရှင်ဘုရားတို့

ကျောင်းက ပျံလွန်တော်မူသွားခဲ့တဲ့ ဘုန်းတော်ကြီးဟာ အသားဖြူပါသလား ဒါမှမဟုတ် အသားမည်းပါသ

လား”။

ဤသို့ကတ်သီးကတ်သပ် လျှောက်ထားလာသည့်အတွက် ကျောင်းထိုင်ကိုယ်တော်ကြီးလည်း စိတ်

အချဉ်ပေါက်သွားခဲ့လေသည့်အတွက်-

“ဟေ့ ဒကာ နိဗ္ဗာန်ကျောင်းကလေးတစ်ခုဆောက်လုပ်လှူဒါန်းဖို့ရာအတွက် မင်းကိုအခေါင်းထဲက

အလောင်းထုတ်ပြနေရဦးမှာလား လှူချင်စိတ်ရှိရင်လည်း လှူကွယ်၊ မလှူချင်ရင် မလှူနဲ့ ဒါပ” ဟူ၍စိတ်ပေါက်

ပေါက်နှင့်ပြန်လည်ဘုတောလွှတ်လိုက်လေသတည်း ဟူ၏ ဤသို့သာဓကဆောင်ရင်း –

ဒီလိုပါပဲ ဒကာတော် ရေမြေ့ရှင်ဘုန်းကြီးတို့ရဲ့အသွင်သဏ္ဍာန်မှာ ကျင့်ကြံအားထုတ်တဲ့သိက္ခာပုဒ်ကို

ဒကာတော်သိအောင်ထုတ်တော့ မပြနိုင်ဘူး၊ ဒကာတော်ရေမြေ့ရှင်အနေနဲ့ ပစ္စည်းလေးပါးကိုထောက်ပံ့လှူဒါန်း

ချင် လှူဒါန်းပါ မလှူချင်ရင်လည်း နေနိုင်ပါတယ်။ ဘုန်းကြီးတွေကိုတော့ဖြင့် ဩဇာ မာလကာပေးပြီး မခိုင်းပါ

လေနဲ့” ဟူ၍မိန့်ကြားပြီး သင်္ကန်းရုံကာ ပြန်ကြွသွားရန်ပြင်လေ၏။

ဥပမာဆိုရခြင်းဖြစ်ပါသည်။ နိုင်ငံဦးဆောင်သမ္မတကြီးသည် စေတနာမှန် ဆန္ဒမှန်ဖြင့် ဒီမိုကရေစီခရီးစဉ်

မှာအတူလက်တွဲသွားကြရန် ဖိတ်ခေါ်လျက်ရှိပါသည်။ ငါတည်းဟူသော အတ္တ၊ မာနခဝါချလျက် အတူလိုက်ပါ

ကြရန်သာရှိတော့မည်ဟု ယူဆသည်။

4 comments

  • ရဲစည်

    August 2, 2012 at 4:37 pm

    အလွန်ကောင်းတဲ့ စာပါဘဲခင်ဗျ
    ပြန်လှန်ဆွေးနွေးဖို့ရန် လောလောဆယ် အကြောင်းအစမရသဖြင့်
    ချီးမွမ်းခြင်းဖြင့်သာ တတ်နိူင်ပါကြောင်း………………………….။

    လက်မက ထောက်စရာ မတွေ့ဘူးဗျို့
    ဒီတော့လဲ ဒီလိုလေးလုပ်ပေးရပါ၏..။

    Like :mrgreen:

  • မောင်ပေ

    August 2, 2012 at 7:40 pm

    သင်္ဂဇာဆရာတော်ကြီး ရဲ ့ပုံ ရယ် နဲ ့
    ယနေ ့လက်ရှိ ဖြစ်နေတဲ့ အနေအထားရယ် ကို
    ခိုင်းနှိုင်းသုံးသပ် ရေးပြထားတာ အရမ်းကောင်းပါတယ်
    တွေးစရာ ပြင်စရာတွေလဲ တွေ ့ရပါတယ်
    ဗဲရီးဂွတ်ပါလို ့ ပြောချင်ပါတယ်ဗျို ့

  • ဝေးလွင့်တိမ်

    August 2, 2012 at 9:54 pm

    င်ငံဦးဆောင်သမ္မတကြီးသည် စေတနာမှန် ဆန္ဒမှန်ဖြင့် ဒီမိုကရေစီခရီးစဉ်

    မှာအတူလက်တွဲသွားကြရန် ဖိတ်ခေါ်လျက်ရှိပါသည်။ ငါတည်းဟူသော အတ္တ၊ မာနခဝါချလျက် အတူလိုက်ပါ

    ကြရန်သာရှိတော့မည်ဟု ယူဆသည်။

  • ကြောင်ကြီး

    August 3, 2012 at 10:28 am

    သံမဒဂျီး
    ဆန္ဒရွှီး
    ဟန်ပြဖြီး
    မာန်ချငြီး
    ငန်လှသတီး
    လန်ဒသီး
    ညဏ်ပွစီး
    နံပါ့အီး..။

Leave a Reply