က = က , သာ.. ကပါ…။

alinsettAugust 2, 20121min18911

ဂေဇက် ဝက်ဆိုက်ပေါ်မှာ..ရောက်တတ်ရာရာလေးတွေ ပြောချင်နေတာ ကြာပါပြိ။ အခုတော့ ပြောဖို ့အကြောင်း..ညီညွတ်ခဲ့ပြိ..မို ့..ပြောပါတော့မယ် ။

ဒီလိုပြောရာမှာလည်း… ထုံးစံအတိုင်း ကျွန်တော်က..ထော်လော်ကန် ့လန် ့တွေးတွေ နဲ ့…ကောင် ..ဆိုတော့…

အားနာ ရပါတယ် ။

တတ်နိုင်သမျှ ထော်လော်ကန် ့လန် ့အတွေးတွေကို..ချ မရေးဖြစ်အောင်..ထိန်းပါ့မယ် ။

ပြောချင်တာတွေက များ..နေတော့…..အစီအစဉ်ကျန..အောင်..ရယ်… ကျစ်ကျစ်လျစ်လျစ်ဖြစ်အောင်ရယ်..

ကကြီး..မှ ..အ အထိ…. တစ်ကဏ္ဍ စီ.. ခွဲ..ပြိး..ပြောသွားကြည့်ပါမယ် ။

ဒီနေ့တော…. ကကြီး..ကလေး..ရဲ ့အလှည့် စတင်ပါပြိ…။

ကဲ…က..သာ..က..ပါ လို ့ စလိုက်ကြပါစို ့…..
_______________________________

ဘဝဆိုတာ… အပြီးအစိးရေးထားပြိးသား..စာအုပ်တစ်အုပ်ပဲ….

ဒါပေမယ့်….တစ်နေ့ကို တစ်မျက်နှာပဲ..လှန်ကြည့်ခွင့်…ဖတ်ခွင့်ရှိတယ်… ဆိုတဲ ့..စကားကို..

ကြားဖူးပါတယ် ။

ဘဝကို…. ရှင်းချက် ထုတ်ဖို ့ကြိုးစားရာမှာ….. စကားလုံးတွေ..မျိုးစုံကို သုံး ခဲ့ကြပါတယ် ။

ဘဝဆိုတာ…တိုက်ပွဲ..တဲ ့…

ဘဝ ဆိုတာ.. ရုန်းကန် ခြင်း…တဲ ့..။

ကြားဖူးတာတွေ…ဖတ်ဖူးတာတွေ..များလာပါတယ် ။

အဲဒီနောက်မှာတော.့…

ဘဝ ဆိုတာ…. ပြဇာတ်ကြီးတစ်ပုဒ်ပဲ…. ဆိုတဲ ့စကားလုံးကို….

တွေ ့လိုက်ရပါတော့တယ် ။

စိတ်ထဲမှာ…. မတင်မကျ ဖြစ်သွားလို ့..ဖြန် ့ထွက်..တွေးကြည့်မိပါတော့တယ် ။

( မတင်လည်း..မတင်ဘူး.။ မကျလည်း..မကျဘူး..ဆိုတော့… ” တစ်.”.နေတာ..လို ့ပြောလည်း..ရပါတယ် ။

“တစ်”..နေတာဆိုတော့…. ” နှစ်.”.နေတာ မဟုတ်လို ့ပါ ။ ဟော ပြောရင်းဆိုရင်း….ထော်လော် ကန် ့လန့် အတွေူးက ဝင်လာပြီ ။)
______________

ဘဝဆိုတာ….

ရေးထားပြိးသား..ပြဇာတ်တစ်ပုဒ်တော့..မဟုတ်ပါဘူး။ ကိုယ်တိုင် ပါဝင် ကပြ ရမယ့်…… ပြဇာတ် ( ဇာတ်ခုံကြီး ) တစ်ခုပါပဲ ။

လူသားတစ်ယောက် အဖြစ်…. လောက ထဲ ဝင် ရောက်လာပြိီ…ဆိုကတည်းက…

ရှည်လျားထွေပြားတဲ ့ ပြဇာတ်ကြီး တစ်ပုဒ် ထဲမှာ..ကိုယ်တိုင်ကိုယ်ကျ…. ပါဝင် ကပြ ရပါပြီ ။

လူသားရယ်…လို ့.. စ..ဖြစ်တဲ ့နေ ့က စပြိး…

ကိုယ်ဟာ….

ပြဇာတ်ကြိးမှာ..ပါဝင် က..ပြ ရမယ့်…ဇာတ်ကောင် တစ်ယောက်….။

ပြဇာတ်ကြီးဟာ….

ဘယ်အချိန်မှာ..အဆုံးသတ်မလဲ…

ဘယ်လို ဇာတ်သိမ်းပြီး…

ဘာ..ရသ တွေ ပေးလိုက်မလဲ……ဆိုတဲ ့မေးခွန်းးတွေအတွက်..အဖြေ..ကြို..မရှိပါဘူး ။

ပြီးတော့….

ဒီအခန်းပြိးရင်… ဟို အခန်း…လာမယ်..လို ့လည်း….ပုံသေ..ဇာတ်ညွှန်း မရှိပါဘူး ။

ကိုယ်တိုင် …က ပြ နေရင်း နဲ ့ပဲ…

ကိုယ် ့ဇာတ်ညွှန်းကို..ကိုယ်ရေးရမယ် ။

ကိုယ် ့ဇာတ်လမ်း..ကောင်းလာဖို ့ဆိုတာ….. ကိုယ် ့ ရဲ ့ ကြိုးစား အားထုတ်မှုပေါ်မှာ..ပဲ..မူတည်တယ် ။

ဇာတ်ညွှန်းကို…တချို့က ကြို ရေးထားကြမိတတ်တယ် ။

ဘယ်နေ့မှာ..ဘာ လုပ်မယ်… လို ့ ကြို..ရေးထားသမျှ ဇာတ်ညွှန်းက

ဖြစ်လာမှာတော့ မသေချာပါဘူး ။

( တစ်ခါတစ်လေ…… ကိုယ် ကြို.ရေးထားတဲ ့အတိုင်းဖြစ်လာတတ်တာလည်း.ရှိပါတယ် ။

ဒါက တိုက်ဆိုင်မှုပါ ။ )

ပုံသေ…လက်ခံထားရမယ့်…အယူအဆ က တစ်ခု ပဲ..ရှိပါတယ် ။

အနိစ္စ = အမြဲ မရှိ

ဒုက္ခ = ဆင်းရဲ ၏

အနတ္တ = အနှစ် ကင်းပ.. အစိုးမရ…..

__________________________________

တစ်ချို ့ လူတွေ…က ပြသွား တာ…အင်မတန်….ပြောင်မြောက် ပါတယ် ။

လူတွေရဲ ့ပါးစပ်ဖျားမှာ…. ရေပန်းစား…ကျန်ရစ်ခဲ့သူတွေပေါ့ ။

သူတို ့ရဲ ့ လုပ်ဆောင်မှုတွေ……… ကို…တဖွဖွ တသသ ချိီးမွမ်း ဂုဏ်ပြု………နေရလောက်အောင်…

အားလုံးကို..စံ…ပြ….ပြီး….က..ပြ..သွားတယ်..လေ ။

တချို ့ကတော့…..

ကိုယ့် ဇာတ် ကိုယ်…. မနိုင်ပဲ….

အိုးနင်းခွက်နင်းတွေ..ဖြစ်ပြီး….နောက်ဆုံးတော့….

သူတို ့ပြဇာတ်ဟာ…ရယ်စရာကြီးတွေ..ဖြစ်သွားပါတယ် ။

တချို့ကတော့…….. ဇာတ်… သာ…ဆုံးသွားရော….

ဘာမှ…. အနှစ်သာရ… မရရှိလိုက်ပါဘူး ။ အချည်းနှိီး..ပြီးဆုံးသွားပါတယ်..။

တချို ့ က ….ပြ တဲ ့….ပြဇာတ်တွေကတော့…..

အဆိုး ဂုဏ်..နဲ ့…ကျော်သွား းကြလေရဲ ့ ့…။

အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ …ဆိုတဲ ့…… ဒုက္ခ သစ္စာ ဝါဒ ကြီးနဲ ့..တွဲလျက်သားကြီး…

က ပြ နေရမှတော့….

စိတ်ပျက် လက်ပျက်နဲ ့… မကတော့ဘူး..ကွာ….ဆိုပြီး….. က ပြနေဆဲ..နေရာကနေ…

ရပ်တန် ့…. ၊ လှည့် ပြန် သွားလို ့တော့…မရပါဘူး.

လုံးဝ ကို မရပါဘူး ။

စ …မိတဲ ့ ဇာတ်…… ၊ က သာ က ပေတော့…. ။

သမိုင်းမှာ..ရာဇဝင် တွင်…ကျန်ရစ်နေစေဖို ့….

ကိုယ်ဟာ…အများအတွက်…. အကျိုးပြုဇာတ်ကောင်..တစ်ယောက်….ဖြစ်လာဖို ့….

ကိုယ် ့ဘဝ ဟာ… အများ…ငေးမော…အားကျ….အတုယူရမယ့်….. စံပြ ပြဇာတ် တစ်ပုဒ်..ဖြစ်ဖို ့ ….

ပြီးတော့…..

ဇာတ်သိမ်း..ကောင်းဖို ့….

ကြိုးစားပြီး……ကြိုးစားရင်း…. ဆက် …က…….

က……။

က ..သာ…က….ပါ……..။

__________________________

ကဲ….. ခ ခွေး…ဆီကို..ဆက်လက် ချီတက်ကြပါစို ့..ဗျာ.။

ခ = ?

လေးစားစွာဖြင့်..

အလင်းဆက်

11 comments

  • ko khin kha

    August 2, 2012 at 8:26 pm

    ဇာတ်သိမ်းရင် ပေါင်းမလား၊ ဇာတ်သိမ်းရင် ကွဲမလား။
    သူရယ်ကိုယ်ရယ် ချစ်ဇာတ်လမ်းတွေထဲမှာ—-။

    ဦးကျော်ဟိန်းရဲ့သီချင်းစာသား တစ်ပိုင်းတစ–။

  • မောင်ပေ

    August 2, 2012 at 8:30 pm

    ဘဝဇါတ်ခုံပေါ်ကို လက်တွေ ့ကျ တက်ပြီဆိုတာနဲ ့
    ကိုယ်သင်ခဲ့သမျှ လေ့လာခဲ့သမျှ
    အားလုံးကို အသုံးချနိုင်မှသာ
    သဘာဝလောကကြီးက သရုပ်ဆောင်ကောင်းတယ် လို ့ဆိုကာ
    ကံကောင်းခြင်း
    အောင်မြင်ခြင်း
    ပျော်ရွှင်သာယာမှု
    အစရှိတဲ့
    ဆုတံဆိပ်တွေ ချီးမြှင့်တာ ခံရပါလိမ့်မယ်

  • မဟာရာဇာ အံစာတုံး

    August 2, 2012 at 8:35 pm

    အဟမ်း .. ဟမ်း ..
    (ချောင်းဟန့်သံ ဖြစ်၏ .. 😀 )

    “တစ်” နေတာ ဆိုကတည်းက “ဆို့” နေမှာပါ ..
    “ဆို့” နေပြီဆိုရင် ဆို့နေတဲ့ဟာကို ဖယ်ပေးရမှာပါ ..
    မြောင်းပေါက်တွေ ပိတ်နေ၊ ဆို့နေရင်
    ရေလျှံ၊ ရေတက်တာတွေ ဖြစ်တတ်သလိုပေါ့ .. 😀

    ဒီတော့ ဘာနဲ့ ဖယ်မလဲ ..?
    ဖယ်ချင်ရာနဲ့ ဖယ်ပေါ့ဗျာ ..
    အဓိက မတစ်တော့ဖို့ အရေးကြီးတာပဲ .. ဒါဗြဲ .. 😀

    ဘာမှ ဟုတ်ဘူး …
    မန့်မိမန့်ရာ လျောက်မန့်လိုက်တာဘာလို့ …

  • ဝေးလွင့်တိမ်

    August 2, 2012 at 9:24 pm

    အားပေးသွားပါတယ်။

  • ရဲစည်

    August 2, 2012 at 11:47 pm

    လူတိုုင်း ကတတ်တယ်ရယ်လို့တော့ မဟုတ်ဘူး
    လူတိုင်းက နေကျရတာဗျ မဖြစ်မနေပေါ့ အဲဒီတော့ အားလုံးဟာ ဆက်ပြီးရင် ဆက်နေကြရတော့တာပေါ့
    ကျနော်ငယ်ငယ် ကတည်းက
    လူချမ်းသာကြီးတွေ
    ကမာ္ဘကျော် စစ်ဗိုလ်ချုပ်ကြီးတွေ
    စွန့်ဦးတည်ထွင် နည်းပညာရှင်ကြီးတွေ
    အတွေးအခေါ်ပညာရှင်ကြီးတွေ
    အနုပညာဆိုင်ရာ ပညာရှင်ကြီးတွေ အကြောင်း ဖတ်မိရင်း အရမ်းလဲ အားကျလာသဗျ
    ခုနောက်ပိုင်း အသက်အရွယ်ကတဆင့် လူ့လောက အကြောင်း ပါးရည်နပ်ရည် ရှိလာတော့ အဲဒီပုဂ္ဂိုလ်တွေထက်
    ကလန့်ကာနောက်ကွယ်က လူမျိုးတွေ အကြောင်း သိပ်စိတ်ဝင်စားလာသလို ကံပါရင်လဲ ဖြစ်ချင်စမ်းပါဘိလို့ တွေးမိပါရဲ့
    ဆိုတော့ဗျာ
    က..သာ.. က..နေ..ရတချင်း အတူတူ
    သူရို့ပုံစံမျိုးတော့ စိတ်နည်းနည်း ယိုင်မိတယ်လို့ ဝန်ခံချင်ကြောင်း.. 🙁

  • mamanoyar

    August 3, 2012 at 10:08 am

    ကိုယ် ့ဇာတ်လမ်း..ကောင်းလာဖို ့ဆိုတာ….. ကိုယ် ့ ရဲ ့ ကြိုးစား အားထုတ်မှုပေါ်မှာ..ပဲ..မူတည်တယ် ။

    ဇာတ်ညွှန်းကို…တချို့က ကြို ရေးထားကြမိတတ်တယ် ။

    ဘယ်နေ့မှာ..ဘာ လုပ်မယ်… လို ့ ကြို..ရေးထားသမျှ ဇာတ်ညွှန်းက

    ဖြစ်လာမှာတော့ မသေချာပါဘူး ။

    ( တစ်ခါတစ်လေ…… ကိုယ် ကြို.ရေးထားတဲ ့အတိုင်းဖြစ်လာတတ်တာလည်း.ရှိပါတယ် ။

    ဒါက တိုက်ဆိုင်မှုပါ ။ ) သိပ်မှန်တာပေါ့ တစ်ခါတစ်လေမှာ ကိုယ်ဖြစ်ချင်တာတွေကို ကြိုတွေးပြီး
    ပျော်နေခဲ့တတ်တယ်။ ဖြစ်လာတာတွေရှိသလို ဖြစ်မလာတာတွေလဲရှိတာပေါ့

  • ကြောင်ကြီး

    August 3, 2012 at 10:11 am

    ခခွေး
    တမေး
    ဘထွေး
    လပေး
    ဝကျွေး
    ရလွေး
    ထပြေး
    ဇမသေး။

  • မွန်မွန်

    August 3, 2012 at 10:15 am

    လူတိုင်းဟာ ကိုယ့်နေရာကကြည့်ရင် ကိုယ်က အဓိက ဇာတ်ဆောင်ပါပဲ… အများအမြင်မှာ ဗီလိန်ဖြစ်နေပေမယ့်လည်း သူ့အတွက်ကတော့ သူခံစားချက်နဲ့ သူမှန်တယ်ထင်တာကို လုပ်နေတာပါ… ဗီလိန်ဘက်က အမြဲတမ်းခံစားပေးဖြစ်တယ်… 🙂
    (စိတ်ထဲရှိတာ မန့်လိုက်တာ…. 🙂 )

  • P chogyi

    August 3, 2012 at 10:19 am

    ဘဝဇာတ်ခုံပေါ်မှာကကြရတဲ့
    လူသားတွေအားလုံးဟာ
    မကချင်လဲ ကရမှာပဲ
    အကောင်းဆုံးဖြစ်အောင်သာ ကကြတာပေါ့

  • အလင်းဆက်

    August 3, 2012 at 7:03 pm

    ကျွန်တော့်ရဲ ့…က….. ကို ဖတ်အပြီးမှာ. လိုနေတာ ပိုနေတာ..လေးများရှိရင်…
    အကြံပေးကြပါ..ဝေဖန်ပေးကြပါ..လို ့.။

    ပြီးတော့… ဒီရွာထဲမှာ…
    မိတ်ဆွေရင်းချာ..တွေ..ကွန်မန်းပေးတဲ ့အတွက်..ကျေးဇူးပါ ။

    ရွာ ထဲက .( ကျွန်တော်..ရေးတာရော..အခြားသူတွေ ရေးတာတွေရော..).စာတွေကို ..စောင့်ဖတ်ပြီး…
    ဝေဖန် အကြံပေးကြသူ…ကျနော်.ချစ်တဲ ့စာဖတ်သူ စာချစ်သူများကိုလည်း..ကျေးဇူးပါ..ခဗျာ.။

    ခ …မှ…အ…အထိ…ဆက်လက် ရေးသားတင်ပြ နိုင်အောင်…ကြိုးစားပါဦးမယ်..။
    တွေးမိသမျှလေးတွေ.ရေးမှာ..ဆိုတော့.. အကြောင်းအရာမျိုးစုံ ပါမယ်.ထင်ပါတယ် ။

    အားပေးကြပါဦး..။

    ခင်မင်လေးစာစွာ..
    alinsett.art@gmail.com

  • shwe kyi

    August 10, 2012 at 12:13 pm

    ကိုအလင်းဆက်ရေ ဒီလိုလေးရေးနေတာသတိမထားမိလိုက်ဖူး နယ်ပြန်နေတာရယ် တိမ်ယံကိုပဲအာရုံရောက်နေတာရယ်ကြောင့်ပေါ့။
    ကိုယ်ပိုင်နိုင်တဲ့ဇာတ်ရုပ်ကိုပဲကပြနိုင်အောင်ကြိုးစားရမှာပေါ့နော် ကိုယ်စွမ်းသလောက်ပဲပေါ့။
    အဲလိုလေးပဲတွေးမိပါတယ်။ ကိုယ့်ဇာတ်မှာကိုယ်ကမင်းသမီးဆိုပေမယ့် မင်းသမီးအတွက်ဇာတ်ရုပ်အမျိုးမျိုးရှိနေတော့ ကိုယ်နဲ့လိုက်မယ့်ဇာတ်ရုပ်ကိုကိုယ့်ဘာသာပဲရွေးချယ်ကပြရတော့မှာပဲ။
    ဇာတ်သိမ်းလှမလှစောင့်ကြည့်ရမှာပ။ လှဖို့တော့ကြိုးစားကရမှာပဲ။

Leave a Reply