*** ငိုနေတဲ့ …. လ ***

maung khinminAugust 2, 20121min13410

ဒီလို ညမှာ …

ကျွန်တော် ချစ်ရတဲ့ သူကပြောဘူးတယ်

ကောင်းကင် ကြီးလိုလည်း …

ကြယ်တွေ ကို … ရင်ဘတ်ထဲထည့်ဝှက်

အပိုင်သိမ်းမထား ရက်ဘူးတဲ့ ………

 

 

ကုမုဒြာ ပန်းလေးလိုလည်း …

လရောင် ရဲ့ အနမ်းအောက် မှာ

 သူ မဘဝကို …. …..

ကျမပျောက် လိုက်ချင်ဘူးတဲ့…..

 

 

 

စ်ကယ်တော့ … သူမဟာ

နေမင်း ရဲ့ ….မှော်အလင်းတွေနဲ ့

သံယောဇဉ်  မကင်းလိုတဲ့ ….

နေကြာ ပျို မလေးတစ်ပွင့် သာ

ဖြစ်လိုခဲ့ … သူပါတဲ့ …

 

 

ဆိုင် … မဆိုင် တော့ မသိဘူး …

အဲဒီ … ည

လရောင် မျက်ရည် …

မြေ သို ့ ကြွေ ကျ ခဲ့တယ် ….။။။။

 

 


 

 

10 comments

  • ဝေးလွင့်တိမ်

    August 2, 2012 at 9:21 pm

    ကောင်းကင် ကြီးလိုလည်း …

    ကြယ်တွေ ကို … ရင်ဘတ်ထဲထည့်ဝှက်

    အပိုင်သိမ်းမထား ရက်ဘူးတဲ့ ………

    အကြိုက်ဆုံးစာသားလေးပါဗျို့ .. ။

  • mamanoyar

    August 3, 2012 at 10:01 am

    ကဗျာကတော့ အမိုက်စားပဲ
    အားပေးသွားပါတယ်နော်

  • ကြောင်ကြီး

    August 3, 2012 at 10:49 am

    ငိုနေတဲ့လ
    ပိုစေချဲ့ရ
    တိုရှည်ဖဲ့ပြ
    ကိုယ်လေငဲ့ရ
    ဆိုစေတပည့်မ
    ဟိုမအေဒဲ့ကျ
    ဂြိုလ်မွှေလှည့်ထ
    ဘိုကေနွဲ့ချ..။

  • မောင်ပေ

    August 3, 2012 at 1:16 pm

    ငိုနေတဲ့လ
    အပျိုတွေကလှ
    လိုနေဂွကျ
    အိုငွေကမရ

  • kyarphyu

    August 3, 2012 at 3:39 pm

    ကဗျာလေးကတော့ အမိုက်စားဘဲ ………။

  • မွန်မွန်

    August 3, 2012 at 3:52 pm

    နေကြာပန်းလေးကို ပြောပေးပါ..
    မှော်အလင်းတွေနဲ့
    အကြွင်းမဲ့ပွင့်လန်းပြီးလို့
    အပန်းဖြေ နားခိုချိန်မှာ
    အေးမြတဲ့လရောင်အောက်
    ခဏလောက်မှေးစက်လှည့်ပါ… လို့….

    • maung khinmin

      August 3, 2012 at 4:40 pm

      မွန်မွန် ရေ …..

      နေကြာဆိုတာ …. လရောင်ရဲ့ …အနမ်းအောက်မှာ

      ဘယ်တော့မှ …. …….. …………………………

  • မဟာရာဇာ အံစာတုံး

    August 3, 2012 at 3:54 pm

    ကဗျာက ရှယ်ပဲဗျာ ..
    ကဗျာအပေါ်မှာ ကျနော့် အထင် ပြောရရင် ..
    နေရောင်နဲ့ တူတဲ့ ငွေကြေးဓနကို မျှော်ရင်း ထွက်ခွာသွားခဲ့သူ အတွက် လရောင်လို မေတ္တာတွေ ပေးအပ်ခဲ့သူမှာ မျက်ရည် ကျခဲ့ရတယ်ကို ဆိုလိုတာလားများ မသိဘူး …
    (အထင် ……. 😀 )

    • maung khinmin

      August 3, 2012 at 4:38 pm

      ဆြာ …. အံစာတုံး ရဲ့

      ကဗျာဖတ်တတ်ပုံ ကို …. လေးစားမိပါတယ်ခင်ဗျာ ….

      ရေးသူ နဲ ့ဖတ် သူ … ထပ်တူကျ

      ဆြာ့ …. အထင် က ကျွန်တော့ ရင်ထဲ …

      ဝင်ကြည့်လိုက်သလိုပါ … ခင်ည

  • snow white

    August 5, 2012 at 2:55 pm

    တကယ်မိုက်တယ် စာသားလေးက အားပေးနေတယ်နော် ဆက်လက်ရေးသားနိုင်ပါစေ။။

Leave a Reply