ပခုက္ကူတံတားအနီး လက်ပံချေပေါ်ရွာ က မြွေဘုရား မှ မြွေကြီး ဝါဆိုလပြည်.နေ.တွင် သေဆုံးခြင်း

Knowledge SeekerAugust 2, 20121min19018

လွန် ခဲ.တဲ.နှစ်အနည်းငယ် အတွင်း က ရှေးဟောင်းဘုရားတစ်ဆူပြုပြင် ရာ မှ ရှေးဟောင်းပေါ်တော်မူ ဘုရား တစ်ဆူ ကို တွေ. ရှိ ခဲ.ကြ ပြီး ယ္ခု မြွေ ကြီး ကို ဘုရား အနီးမှာ တွေ.လို ဝေ ရာ ကို လွှတ် ပေးခဲ.ကြ ပါတယ်။ ဒါပေမဲ. မြွေကြီးက ဘုရားဝန်း ထဲပြန် ပြန် လာနေ လို. ဘုရားဝန်းထဲမှာမွေးထား ကြပြီး မြွေဘုရား ဆို ပြီး နာ မည်ကြီး လာ ပါတယ်။ ပခုက္ကူ ညောင်ဦး နယ် မှ လူ အများ လာရောက် ဖူမျော်လေ.ရှိ ပါတယ်။ အဲ.ဒီဘုရား က ညောင်ဦး က နေ လာလို. ပခုက္ကူ တံတား နာရောက် ရင် လက်ပံချေပေါ် ဆို တဲ. ရွာအနီး မှာ မြသိန်းတန် မြွေဘုရား ဆိုပြီး ထင်ရှား ပါတယ်။

ဒါနဲ.ဒီနေ.မြွေဘုရား ကို သွားရောက် ဖူးမြော် ရာ မှာ တော. တိုက် တိုက် ဆိုင် ဆိုင် မြွေ ကြီး သေဆုံးနေ တာ ကို တွေ.ရပါတယ်။ ရွာခံတွေကတော မြွေကြီး ဟာ သူတော်စင် ဖြစ်ပြီး ဘုရား ကို စောင်.ရှောက် နေ လို. ခုလို အခါကြီး ရက်ကြီး – ဝါဆိုလပြည်. မှာ သေဆုံးတာ ဖြစ်တယ်လို.သဘောထားကြပါတယ်။

ီဒီတံတားနားမှာပါ

18 comments

  • သကြားလုုံးကြော်

    August 3, 2012 at 6:03 am

    ဆရာမ ဒေါ်ခင်လှတင်အပြောအရ ဘုုရားကျောင်းကန်တွေမှာ မြွေတွေ အစောင့်တွေ ရုုပ်ကစိုုးတွေ ဖြစ်ရတာ ဟာ အရင်ဘဝက မသေခင်မှာ ကိုုယ်လှူထားတဲ့ ဘုုရားကျေုာင်းကန်တွေကိုု အာရုုံပြုပြီး စိတ်စွဲမိလိုု့တဲ့။

  • etone

    August 3, 2012 at 10:31 am

    ကျွန်မလည်း ကြားဖူးပါတယ် ….. သကြားလုံးကျော်ပြောသလိုပါပဲ …. ။
    ကိုယ်လှူဒါန်းခဲ့ဖူးတဲ့ ဘုရား၊စေတီတွေကို စိတ်စွဲပြီးသေသွားလျှင် … ဗြိတ္တာဘဝရောက်ရပြီး .. အခုလို မြွေဗြိတ္တာဘဝမျိုးနဲ့ … ဘုရားစောင့်ဖြစ်ပါသတဲ့ …… ဟုတ်မဟုတ်တော့ …….. မသိပါဘူး …ကြာဘူးတာလည်းပြောပြတာပါ ။

  • mamanoyar

    August 3, 2012 at 12:26 pm

    ဟင် ဒါဆို ကိုလှူခဲ့တဲ့ ဘုရား၊စေတီတွေကို စိတ်စွဲပြီးမသေရဘူးပေါ့နော်
    ဒီမြွှေကြီး ကောင်းရာဘဝရောက်မှာပါ ဘုရားရိပ်မှာနေလို့လေ
    လပြည့်နေ့မှဆို အပါယ်တံကားပိတ်တယ်လို့ ကြားဖူးတာ ဟုတ်လားမသိဘူး

  • အတိသဌ္ဇနာဂရ

    August 3, 2012 at 2:11 pm

    လက်ပံခြေပေါ်ကနေ ပခုက္ကူကို ဇက်ကူးတာမှတ်မိသေးတယ်။၂၀၀ရ သံဃာ့အရေးအခင်းဖြစ်ဖို ့
    စတင်ရာ နေရာမှာ ကျနော်ရှိနေခဲ့ပါတယ်။ဘယ်တော့မှ မေ့မရပါ။

  • Khaing Khaing

    August 3, 2012 at 2:47 pm

    နံမည်ကြီးနေတာကြားပါတယ် ….. အခုတော့ ကိုယ်တောင်မရောက်ဖူးလိုက်ရသေးဘူး မြွေကြီးက သေသွား ပြီးတဲ့ … အင်းပေ့ါလေ သူလည်း ဝဋ်ကျွတ်သွားတာပေ့ါ ….. မြွေတွေရှိတဲ့ ဘုရားတွေကို မဖူးဖူးသေးဘူး … ဖူးလည်း အဟီး ကိုယ်ကကြောက်တယ် ….

  • kai

    August 3, 2012 at 2:54 pm

    မြွေကြီးများ.. ကန်တော့လိုက်ကြသေးသလား…
    မေးကြည့်တာပါ…. :mrgreen:

    • စိန်ဗိုက်ဗိုက်

      August 3, 2012 at 3:05 pm

      ဦးဒေါ်..ဦးတော်….
      ဘုတ်..ဘုတ်..ဘုတ်..

    • YUM YUM

      August 3, 2012 at 4:32 pm

      ကျမတို့သွားတုန်းက မြွေကြိးရှေ့မှာလက်အုပ်ချိထားတဲ့လူတစ်ချို့ကိုမြင်ဖူးပါတယ် ။
      အင်းလေးသွားတုန်းကလဲ ကြောင်ခုန်ကျောင်းလို့ နာမည်ကြိးတဲ့ကျောင်းမှာ
      လူတွေကကြောင်ခုန်တာဘဲဝိုင်းကြည့်ကြတယ် ။သာသနာတော်အတွက်ရင်လေး
      စရာပါ။ 🙁

    • ကြောင်ကြီး

      August 4, 2012 at 11:15 am

      သဂျီးကို ကန်တော့တာထက်တော့ ကုသိုလ်အပုံဂျီးရမယ်…။
      သဂျီးနဲ့မြွေ
      အရင်ဆုံး
      ဘယ်သူ့ကိုရှောင်
      သဂျီးကိုရှောင်
      မြွေကိုဖမ်း
      ကြေးမုံဂျီးဆီပို့
      မှားလို့
      တရုတ်ပြည်ပို့..။ 😀

  • manawphyulay

    August 3, 2012 at 2:57 pm

    ဘယ်နေရာမှာ ဘယ်လိုကြောင့် သေဆုံးနေတာလဲ။ ဒီတံတားဆိုတော့ တံတားပေါ်မှာ သေဆုံးတာမို့လို့လားဟင်… ပဲခူးက မြွေပဲ မြင်ဖူးတယ်။

  • kyarphyu

    August 3, 2012 at 3:14 pm

    ဘုရားမှာရှိတဲ့ မြွေကြီး သေသွားတယ်ပြောလို့ ဝင်ကြည့်တာ မြွေကြီးလည်း မတွေ့၊ ဘုရားလည်း မတွေ့ပါလား…။ ကြာဖြူလည်း အဲ့ဒီ့ဘုရားကို မရောက်ဖူးဘူး တွေ့ဖူးချင်လို့ ဝင်ကြည့်တာ တံတားကြီးဘဲ တွေ့ရတယ် ………….။

  • မဟာရာဇာ အံစာတုံး

    August 3, 2012 at 3:42 pm

    မြွေက ဘာမြွေမျိုးတုန်း ..
    ပြီးတော့ ဘယ်လောက် ကြီးသတုံးဗျ …
    ပြီးတော့ ….


    မြွေကြီး ဟာ သူတော်စင် ဖြစ်ပြီး ဘုရား ကို စောင်.ရှောက် နေ လို. ခုလို အခါကြီး ရက်ကြီး – ဝါဆိုလပြည်. မှာ သေဆုံးတာ ဖြစ်တယ်လို.သဘောထားကြပါတယ်။

    ဒီစကားက မှားနေတယ်လို့ ပြောနိုင်ပါတယ် ..
    ဘာလို့လဲဆိုတော့ …
    အဲ့ဒီနေ့က အဲ့ဒီ မြွေကြီးနည်းတူ ကမ္ဘာပေါ်မှာ လူတွေ၊ တိရစ္ဆာန်တွေ အများကြီး သေခဲ့ကြမှာပါ ..
    အခါကြီး ရက်ကြီးမှာ သေတိုင်းသာ သူတော်စင် ဖြစ်ရမယ်ဆိုရင် …
    ကမ္ဘာပေါ်မှာ သူတော်စင်တွေကို ရွေးထုတ်ဖို့ လွယ်သွားမယ် ထင်ပါတယ် …

    ဒါက မတူအောင် မန့်ရမယ်ဆိုလို့ မန့်လိုက်ဒါဘာ .. 😀

    • Knowledge Seeker

      August 3, 2012 at 3:52 pm

      လုံးပါတ် ၈လက္မ လောက် ရှိ မဲ. အရွယ် ရှိ စပါးကြီးမြွေမျိုး ပါ။

  • Knowledge Seeker

    August 3, 2012 at 3:46 pm

    ရှိ ပါတယ် ခုဆို တံတားပေါ်မှာ ဆိုင်းဘုတ် နဲ.လမ်းညွန် ထားသေး

    နောက်ဆက်တွဲ သိ သမျှ ပြော ရရင် ဒီမြွေကြီး က ဘုရား ဂူထဲပဲနေ လို. ဂေါပက က ပန်ကာဖွင်. ပေလိုက် လို.သေတယ် ပြောပါတယ်။ ပြီး တော. ဒီမြွေကြီး ဟာ နို. နဲ. ပေါက် ပေါက် ပဲစား ပါ တယ် တဲ.။ အ သား မစား ဘူး ဆို ဘဲ။ လူနဲ.ယဉ်ပါးပြီး မသေခင် အိမ်မက်ပေးပါ တယ် တဲ. သူ မှာ အစ်မ ရှို ပြီး သူ. အစ်မ လာ ရင် သူသွား ရ မှာ လို. ပြော တဲ. အကြောင် အိမ်မက် ရ တဲ. ဂေါပက က ပြောပါတယ် တဲ.။ ခုထိတော. ပေါ်မလာသေးပါဘူး။ မျှော်သာမျှော် ပေါ်မလာသူ ရေစိမ်းကား ….ဆို သလိုပါဘဲ။ ဒီမြွေကြောင်. ဒီဒေသ နဲ.ဘုရား ကို စိတ်ဝင်စား ပြီး လှုတန်း ကြ လာကြတာ မို. ခုခါမှာ မြွေသေပြီဆို ရင် အ သွား မှာ ကတော. သေချာ ပါတယ်။

  • San Hla Gyi

    August 3, 2012 at 11:13 pm

    အင်း မနေနိုင်လို့ ဝင်မန့်လိုက်ပါတယ်။ အမှန်တော့ အခုနောက်ပိုင်း ဘုရားပုထိုးတွေမှာ မြွေကြီးတွေကို စည်ကားအောင်ဆိုပြီး မွေးထားတာ အကျင့်လိုဖြစ်နေပါပြီ။ တော်တော်များများ လဲတွေ့နေရပါတယ်။ တခါတလေ တမင်ရအောင် ရှာထားတာလို့ ထင်ပါတယ်။ ဘာသာရေးနဲ့ ဆိုင်တဲ့ကိစ္စတွေမှာ ထူးဆန်းအံ့ဖွယ် miracle ဆိုတာကို အတိုင်းအတာ တခုအထိ လက်ခံပေးနိုင်ပေမယ့် အခုနောက်ပိုင်း ဟာတွေက တမင်လုပ်လာတာ များပါတယ်။ ခုနပြောသလို ရှိခိုးနေသူတွေရှိတာ ရင်လေးစရာပါ။ မြန်မာဗုဒ္ဓဘာသာဝင် များလဲ ကိုယ့်ကိုကိုယ် ဘာသာရေး ဗဟုသုတရှိအောင် ဖြည့်ဆည်းသင့်ပါတယ်။ အဓိကက အသိတရား ဗဟုသုတနည်းပါးခြင်းလို့ ထင်ပါတယ်။
    မြန်မာဗုဒ္ဓဘာသာတွေက တခြားဘာသာတွေနဲ့ အိမ်ထောင်ပြုရင်ပဲဖြစ်ဖြစ် တခြားက ဆွယ်ရင်ပဲဖြစ်ဖြစ် အလွယ်တကူ ပါသွားတတ်တာ ဘာသာရေး အခြေခံ ဗဟုသုတ အားနည်းလွန်းလို့ပါ။ သူများ အပြစ်ထက် ကိုယ်တိုင်ကကို အားနည်းတာလို့ ထင်ပါတယ်။ ခက်နေတာက လူငယ်တွေ မပြောနဲ့။ လူကြီးတွေကိုယ်တိုင်က အားနည်းနေတယ်လို့ ထင်ပါတယ်။ ယေဘူယျသဘော ခြုံပြောတာပါ။ ထူးထူးခြားခြား ဗဟုသုတများပြီး အားကောင်းသူ ရှိနိုင်ပါတယ်။ ဒါပေမယ့် အများစုက အတော့်ကို အားနည်းသေးတယ်လို့ ထင်ပါတယ်။
    အခုပြောနေတဲ့ အိပ်မက်အရဆိုရင် မကြာခင်မှာ ဘုရားဂေါပကက မြွေကြီးတကောင်ကို ရအောင်ရှာတော့မယ် ထင်ပါကြောင်း။

    • မောင်ပေ

      August 4, 2012 at 12:12 pm

      ကိုစံလှကြီးရဲ ့ကွန်မင့်ကို အရမ်းကြိုက်တယ်ဗျို ့။ အဲဒီလိုမျိုး ပြောတတ်ချင်တာဗျ ။ အစိမ်းပြခဲ့ပါတယ် ။

  • နွေဦး

    August 4, 2012 at 3:13 pm

    ဘုရားမှာ နေတဲ့ မြွေက တန်ခိုးရှိတဲ့ အစောင့်တဲ့ ..
    ဘုရားကို ဘာတွေ အကျိုးပြုသလဲ..ဘုရားဖူးလာတဲ့သူတွေများပြီး အလှူငွေ များများရအောင် လုပ်ပေးလို့လား ။
    ဒါဆို ဘုရားမှာနေပြီး ဗုဒ္ဓ ဝေယာဝစ္စ လုပ်နေတဲ့ ဂေါပက လူကြီးတွေ ကကော..
    တန်ခိုးပို မကြီးရဘူးလား..။
    ဘုရားဖူးတွေက မြွေတွေကိုသာ အသိအမှတ် ပြုကြတာ.. ဂေါပက တွေကိုတော့ ရှိမှန်းတောင်သတိမထားကြဘူး ။
    တွေးမိတာလေးပါ..။

Leave a Reply