“ချစ် သော ကေ”- အ ပိုင်း (၉) ဇတ်သိမ်း

aye.kkAugust 3, 20121min16312

ရ ထား ပြ တင်း ပေါက် မှာ ရှူ ့ခင်း တွေ ငေး မော ကြည့် ယင်း ၊ အ တွေး များ က ဟို တ စ ၊ သည် တ စ ပြန် ့လွှင့် နေ ပါ တယ် ။
ဪ…. ဟု သာ စိတ် ထဲ မှာ ဆို ပစ် လိုက် ချင် မိ ပါ တော့ တယ် ။ အစ် ကို သု ခ က မ မျှော် လင့် ထား သည့် အ ပြု အ မူ များ ပြု ကာ ၊ နှုတ် ဆက် ခဲ့ ခြင်း အ ပေါ် ၊ အံ့ ဩ နေ မိ ၊ စိတ် ပူ မိ ရ ခါ ဘယ် လို အ ခက် ခဲ များ ၊ ရှိ နေ မ လဲ ဟု လည်း ဆို သည့် အ တွေး များ ဝင် ရောက် ပြီး ၊ စိတ် အ နှောင့် အ ယှက် ဖြစ် ခဲ့ ရ ပါ တယ် ။
ရ ထား စီး နေ မိ ယင်း က ၊ အ ရင် က အ ကြောင်း များ ၊ စိတ် ထဲ အ မှတ် ရ နေ မိ ပြန် ပါ တယ် ။
အ ရင် တုံး က ဦး ပေး ထား သည့် ၊ ဂ ဏန်း သ ချာင်္ အ က္ခ ရာ စဉ် သည့် ၊ က စား စ ရာ လေး အား ဆော့ ကြည့် ရာ ၊ တော် ယုံ နှင့် က မ ရ ။ အစ် မ ကြီး ကျယ် အား ပြော ပြ ခိုင်း သော် လည်း ၊ အစ် မ ကြီး ကျယ် က မ ပြော ပြ ။ က စား စ ရာ အား စိတ် အ လွန် တို စွာ ဖြင့် ဆော့ က စား နေ ရင်း အိမ် ပြန် ရောက် ခဲ့ သည် ကို ပြန် မြင် ယောင် နေ မိ ပါ တော့ တယ် ။
အိမ် ပြန် ရောက် ပြီး ၊ ဘေး အိမ် က သူ ငယ် ချင်း နှင့် နှစ် ယောက် သား ဂေါင်း ချင်း ဆိုင် ၍ တိုင် ပင် ဆော့ က စား သည့် အ ခါ မှ သာ ၊ ဆော့ နည်း အား နား လည် သ ဘော ပေါက် ခါ ၊ သိ မြင် သွား ခဲ့ သ ဖြင့် ပျော် လိုက် ရ သည် ဖြစ် ခြင်း ပင် ။ မ ပြော ပြ သည့် အစ် မ ကြီး ကျယ် အား ဂုဏ် ယူ စွာ ကြွား လျှင် ၊ အစ် မ ကြီး ကျယ် က အ ထင် မ ကြီး ။ နှစ် ဂေါင်း ပေါင်း မှ သာ က စား နိုင် သည် ။ ကေ့ အား ဉာဏ် ပေ တုံး သည့် သူ ဟု သာ ဆို ပါ တော့ သည် ။ အစ် မ ကြီး ကျယ် နှင့် က စ ကား ပြော လို ့အ ဆင် ကို မ ပြေ နိုင် ခဲ့ ပါ ။
စဉ်း စား ရင်း ပဲ ခူး ဘူ တာ ၌ ၊ ရပ် နား ဆိုက် ကပ် သည့် အ ချိန် တွင် ၊ အ တွေး များ လည်း ရပ် သွား ပါ တော့ တယ် ။

ယင် နား စာ များ စား မှာ စိုး ၍ ၊ အ ဒေါ် မှာ သည့် စ ကား များ နား ထဲ ဝင် ရောက် လာ ပြီး ၊ မုန် ့စား ချင် စိတ် လည်း မ ရှိ ပါ ။ မြေ ပဲ လိတ် များ ကို တော့ ၊ အ ဖေ အ လွန် ကြိုက် နှစ် သက် ပါ သည် ။ စ က္ကူ ဖြင့် အ ကျ အ န ပတ် ပြီး လိတ် ထား ကာ ၊ ပ လပ် စ တစ် အိပ် တွင် ထည့် ပြီး ရောင်း ချ ခြင်း ဖြစ် ၍ ၊ မြေ ပဲ လိတ် က တော့ အ မြင် တွင် သန် ့ရှင်း သ ဖြင့် ၊ အိမ် ပြန် လက် ဆောင် ဝယ် ခဲ့ ပါ တယ် ။

အိ်မ် ရောက် ပြန် တော့ ၊ အ ဖေ ပေး သည့် မုန် ့ဘိုး နှင့် သိ တတ် စွာ ဝယ် ပြန် လာ တော့ ၊ တ အိမ် သား လုံး က ကျေ နပ် သ ဘော ကျ ကြ ပါ တယ် ။ အ ဖေ က တော့ ငါ့ သ္မီး လေး သိ တတ် သည် တဲ့ ။ ကေ က တော့ ၊ ဘာ ပဲ ပြော ပြော ချီး မွမ်း ခံ ရ တာ ကို တော့ လွန် စွာ သ ဘော ကျ ပြီး ပျော် ရ ပါ သည် ။
နွေ ရာ သီ ကျောင်း ပိတ် ထား သည် မှန် သော် လည်း ၊ ကြက် ခြေ နီ အ သင်း ဝင် ၊ လမ်း စဉ် လူ ငယ် ထဲ ဝင် ထား သည့် အ တွက် ၊ နွေ ရာ သီ ကျောင်း ပိတ် ရက် အ တွင်း ၊ ကျောင်း နှိုက် ဖွင့် လှစ် ထား သည့် ၊ မွမ်း မံ ရက် တို သင် တန်း တွေ ခေါ် တာ ကို သွား တက် ရ တတ် ၍ အိမ် မှာ တော့ အ နေ နည်း ပါ သည် ။

စာ တိုက် မှူး ၏ သ္မီး နဲ ့က ဝါ သ နာ တူ ၊ ကြက် ခြေ နီ အ သင်း ၌ ၊တ ဖွဲ ့တည်း သား ဖြစ် ၍ ၊ ကျောင်း နှိုက် နွေ ရာ သီ ရက် တို သင် တန်း ရှိ လျှင် ၊ အ မြဲ တန်း အ တူ တူ ဆုံ နေ ကြ ဖြစ် နေ ပါ သည် ။
တ ရက် တွင် ၊ စာ တိုက် မှူး ၏ သ္မီး ဖြစ် သူ ၊ သူ ငယ် ချင်း က ငါ့ ဆီ မှာ မင်း စာ တစ် စောင် ရောက် နေ တယ် ဟု ပြော ပြီး လက် ထဲ လာ ထည့် ပေး ပါ သည် ။သူ ငယ် ချင်း အား လည်း ကျေး ဇူး နော် ဟု ပြော ပြီး ၊ အိမ် ပြန် ရောက် မှ သာ ၊ အိမ် အ ပေါ် ထပ် ရှိ လှေ ခါး သို ့တက် ပြီး ၊ လှေ ခါး အ လယ် နှိုက် ထိုင် ကာ ၊ စာ အိပ် ကို ဖွင့် ဖောက် လိုက် ပါ သည် ။

စာ အိတ် ထဲ က ထွက် လာ သည့် ၊ စာ ရွက် က….။ အ ဖြူ နှင့် ပန်း ရောင် လွှ လွှ လေး ။ နှစ် ရောင် စပ် ထား သည့် အ ပေါ် တွင် ၊ မှင် အ ပြာ ဖြစ် ရေး ထား သော စာ ။ စာ ပါ အ ကြောင်း အ ရာ များ က အောက် ပါ အ တိုင်း ပင် ။
ကေ ….
အ ဒေါ် အိမ် မှာ လာ ဆုံ ရ လိမ့် မယ် လို ့…
ထင် မ ထား မိ ခဲ့ ဘူး ၊ တ ကယ် ပါ ။
တ ပေါင်း လ ပြည့် နေ ့က ကေ့ ကို အ နီး ကပ် ဆုံး တွေ ့ လိုက် ရ တာ ။ ကိုယ့် ဘ ဝ မှာ ပ ထ မ ဦး ဆုံး ၊ မိန်း က လေး တ ယောက် ကို ၊ ကိုယ့် အ နေ နဲ ့က အ နီး ဆုံး နီး နီး ကပ် ကပ် ထိ တွေ ့မြင် ဖူး မိ ရ ခြင်း ပါ ဘဲ ။
ဓါတ် လှေ ခါး စီး တဲ့ အချိန် ။ ကိုယ့် ရင် တွေ အ ရမ်း ကို တ ဒိတ် ဒိတ် နဲ ့ကျယ် လောင် စွာ ကို ခုံ နေ ခဲ့ တာ ။ ပ ထ မ ဦး ဆုံး အ ကြိမ် ။ ဖြစ် ပေါ် တဲ့ ခံ စား မှု ပါ ။ စိတ် လည်း သိတ် ပြီး လှုပ် ရှား ခဲ့ ရ လို ့ထင် ပါ တယ် ။
ကိုယ့် စိတ် ထဲ မှာ ။ ကေ့ ကို နား စွင့် ပြီး ကိုယ့် ရင် ခုန် သံ တွေ ကို ပေး နား ထောင် ချင် နေ မိ တာ အ မှန် ပါ ဘဲ ။ ကေ ကြား နိုင် ခဲ့ မှာ ပါ ။ လူ တွေ တိုး ဝှေ ့ကြပ် ညှပ် ပြီး ပိတ် သိတ် တိုး နေ တာ ။ ကေ့ ကို သူ များ တွေ ထိ မှာ စိုး ကြောက် မိ တာ ရယ် ၊ စိုး ရိမ် စိတ် နဲ ့ဆွဲ ပြီး ကိုယ့် ရင် ခွင် ထဲ သွင်း မိ သ လို ဖြစ် သွား ခဲ့ တာ ။ ကေ့ ကို အား လည်း နာ မိ တယ် ။ အား လည်း မ နာ သ လို ပါ ဘဲ ။ ကေ့ အ လှ က ကိုယ့် ကို တ ကယ် ဖမ်း စား ထား ရက် ခဲ့ လို ့လေ ။ တ ကယ် ဖမ်း စား ထား နိုင် ခဲ့ တယ် ။ ကိုယ့် ရင် တွေ အ ရမ်း ကို ခုန် ခဲ့ ရ တယ် ။ ဓါတ် လှေ ခါး ကြီး ပျက် ပြီး ၊ ရပ် သွား စေ ချင် တဲ့ စိတ် ဖြစ် ခဲ့ မိ တယ် ။ ဘု ရား က တန် ခိုး ကြီး လွန်း နေ တာ ။ ဘယ် ဖြစ် နိုင် မ လည်း နော် ။ ကိုယ် တောင် င ရဲ ကြီး ဦး မှာ ပါ ။

အ ရင် တုံး က တော့ ၊ ဝ ထ္ထု တွေ ဖတ် ပြီး စိတ် ကူး ယဉ် မိ ဘူး တာ ။
ကိုယ် အ ရမ်း ချစ် ရ တဲ့ မိန်း က လေး ကို….။
ကိုယ် တ ကယ် ချစ် ရ တဲ့ သူ ရဲ ့လက် က လေး သာ ကိုင် ခွင့် ရ ခဲ့ ရင်…..။
အ နား လေး ကပ် ပြီး န ဖူး လေး နမ်း နိုင် ခဲ့ ရင်…..။
ဒီ က မ္ဘာ မှာ ကိုယ် ဟာ အ ပျော် ဆုံး လူ သား ဖြစ် ရ လိမ့် မယ် လို ့ယုံ ကြည် တဲ့ လူ သား တ ယောက် လို ့ခံ ယူ ခဲ့ မိ ဘူး တယ် ။
ဘယ် လို မှ မ မျှော် လင့် ထား ဘဲ ၊ စိတ် ကူး ယဉ် တာ လေး က ၊ လက် တွေ ့ဖမ်း ဆုပ် ပိုင် ဆိုင် ခဲ့ ပြီး ကာ မှ ၊ ဒီ အ တိုင်း ပြီး ဆုံး သွား ရ မှာ ကို ။ဘယ် လို မှ ကိုယ် ခံ စား လို ့မ ရ ဘူး ။
မ မြင် ဘူး တော့ ၊ မူး မြစ် ထင် တဲ့ ။ မ ချစ် ဘူး တဲ့ ကိုယ် က အ ရုူး တ ယောက် လို ဘဲ ။ ခံ စား ရ မိ တယ် ။
လှ သော ပန်း တို ့မည် သည် ၊ အ ကြွေ မြန် ၏ ။ ဥ ဒေါင်း ငှက် တို ့ မည် သည် အ သက် တို ၏ တဲ့ ။
ကိုယ် ကြား ဘူး တာ ပါ ။ ကေ က လှ တဲ့ သူ မို ့အိမ် က စိတ် မ ချ လို ့ အ ဒေါ် က အောင် သွယ် တော် ဖြစ် ခဲ့ တာ လို ့ပဲ နား လည် မိ လိုက် ရ ပါ တယ်။
ကေ့ အ ဖြစ် သ နစ် တွေ အား လုံး ကြား ရ တဲ့ ကိုယ် က …..
မ ဖြစ် နိုင် တာ ကို တမ်း တ ရင်း ၊ အ ရှုံး တ ရား ကို ရင် ဆိုင် ရ တဲ့ သူ ။ ကိ န္န ရီ ချောင်း ချား ထက် ဆိုး နေ ခဲ့ ပြီ ဆို တာ ။ တောင် ဝင် ရိုး စွန်း နဲ ့ မြောက် ဝင် ရိုး စွန်း ။ ဆို တဲ့ အ စွန်း နှစ် ဖက် အ ကြား မှာ ။ ရပ် နေ ကြ တဲ့ သူ တွေ ဖြစ် နေ တယ် ဆို တာ ကို ကိုယ် တ ကယ် နား လည် ခံ စား မိ လိုက် ရ ပါ တယ် ။

မိုး က ဘယ် တော့ မှ မ ပြို ပါ ဘူး….။
မ ဖြစ် နိုင် တာ ကို..။
မိုး ပြို ဘို ့အ တွက် မျှော် လင့် နေ မိ တာ က တော့ ကိုယ် ရယ် ပါ ဘဲ ။
ကေ့ ရဲ ့….။
နက် မှောင် ထူ ထဲ တဲ့ ဆံ ကေ သာ လွှ လွှ ။
ဇင် ယော် တောင် မျက် ခုံး ။
သ န္တာ ရောင် နှုတ် ခမ်း ။
ရွှန်း လဲ့ တဲ့ မျက် ဝန်း ။
အ ပြုံး လှ လှ တွေ အား လုံး က ၊ ကိုယ့် ကို ဖမ်း စား နိုင် ရက် လွန်း လှ တယ် ။
လျှပ် တ ပျက် တ ရေး နိုး ရင် တောင် ၊ ကိုယ့် မျက် ဝန်း ထဲ က မ ထွက် နိုင် ခဲ့ ဘူး ။
ကေ့ ကို တ ကယ် ချစ် မိ သွား တာ…။
အ ရမ်း ကို ချစ် မိ သွား တာ….။
ကိုယ့် ရဲ ့ “ချစ် သော ကေ ပါ” ဆို ပြီး ။ တစ် ဆွေ မျိုး လုံး ကို သိ အောင် ကြေ ငှာ ပြော ပြ လိုက် ချင် တယ် ။
နှစ် တွေ ဘယ် လောက် ပဲ ကြာ ကြာ ပါ…..။
ပြန် ဆုံ စည်း ဖို ့ ယုံ ကြည် ချက် များ စွာ နဲ ့စောင့် နေ ပါ့ မယ်…။ ကိုယ် မျှော် လင့် နေ မယ် နော် ကေ ….. ။

အစ် ကို သု ခ ….။

စာ ကို ဖတ် အ ပြီး မှာ….။ မီး ရှို ့ ဖျက် ဆီး ပစ် လိုက် ရ ပါ သည် ။
သည် စာ ကို ၊ အ မေ သိ က မ လွယ် ။ အ ဖေ သိ က မိုး မီး ထ လောင် ချေ ဦး မည် ။ ကေ့ အ နေ နဲ ့ခံ စား မိ ရ သည် က ရှက် စိတ် လွန် ကဲ မှု များ သာ ဖြစ် လို ့နေ ပါ တော့ သည် ။
“ချစ် သော ကေ” တ ယောက် စဉ်း စား မိ သည် က ၊ ဘ ဝ…၏ ရှေး ရေ စက် အ ကြောင်း များ ကြောင့် သာ ။ ဆုံ ခဲ့ ကြ ။ ဝမ်း နည်း ကြ ။ ကြေ ကွဲ ကြ ။ ပျော် ရွှင် ကြ ။ သံ ယော ဇဉ် တွယ် ကြ ။ ဖြစ် ကြ ရ သည် ဟု သာ ။ ထင် မိ ပါ တော့ သည် ။

12 comments

  • Hnin Hnin

    August 3, 2012 at 2:33 am

    “ချစ်သောကေ” က မျှော်ရတာ အတော်ကြာ..ပေါ်လာတော့လည်း ဇာတ်သိမ်းနဲ့ပါ..း)
    ဇာတ်လမ်းဖတ်ပြီးတော့ အားမရသလိုလိုနဲ့ မတင်မကျဖြစ်ကျန်ခဲ့ရတယ်..
    ဇာတ်သိမ်းကို အတင်းလှစေချင်မိတာကိုး.. း)
    အစကတည်းက အန်တီကေရဲ့ hints တွေအရ မပေါင်းဆုံတော့မယ့် ဇာတ်လမ်းလို့
    သေချာသိခဲ့ရပေမယ့်ပေါ့…
    နောက်ဆုံးတော့လည်း ကိုသုခလည်း အရှုံးသမားပဲ ဖြစ်သွားရတာပဲနော်
    ကိုသုခရဲ့ အနမ်းနဲ့ရင်ငွေ့ခိုလှုံရတာကတော့ ကေ့အတွက် ပထမဆုံး ကောင်လေးတစ်ယောက်ရဲ့ အနမ်းများလားလို့သိချင်မိပါတယ်…ကိုသုခက ကေ့အပေါ် စိတ်ခံစားမှုတွေများသလောက်
    ကေကတော့ သိပ်မများဘူး..တိမ်းညွတ်မှုတော့ ရှိကောင်းရှိခဲ့ပါမယ်…
    ဘာပဲပြောပြော ဇာတ်လမ်းလေးက….”သမီးရဲ့ဦး” လောက် မလေးနက် မလှပပေမယ့် ဆွဲဆောင်မှု
    ရှိပါတယ်….နောက်ထပ်လည်း ဆက်ပြီးရေးပါ…အခုလက်ရှိ အချစ်နဲ့ ဆုံစည်းရပုံလေးလည်း
    ရေးဦးမလားလို့ မျှော်လင့်မိပါတယ်… း)…အဲဒါဆို ပိုပြီးဖတ်လို့ကောင်းမယ်လို့ ထင်တယ်…ဝတ္ထုမဖတ်ပေမယ့် အန်တီကေရဲ့ ဇာတ်လမ်းတွေကို နှစ်သက်မိပါတယ်…

  • အရီးခင်လတ်

    August 3, 2012 at 4:09 am

    အစ်ကို သုခ ကို နောက်ထပ်ပြန် မတွေ့တော့ဘူး ပေါ့။
    သူ့အတွက် စိတ်တော့ မကောင်းပါဘူး။
    ဒါပေမဲ့ ဖူးစာ ဆိုတာ ပါမှ ဆုံရတာမဟုတ်လား အစ်မအေးရေ။
    အားပေးသွားပါတယ်နော်။

  • ကြောင်ကြီး

    August 3, 2012 at 9:47 am

    သုခ
    ဘုကျ
    ဆုရ
    ကုသလ၊
    နုပါ့
    ယုယ
    ခုမှ
    ငုပြ..။

  • aye.kk

    August 3, 2012 at 12:29 pm

    ံHnin Hnin,ရေ…
    နှစ်ဦးစလုံးအတွက်ကပထမဦးဆုံးပါဘဲ။
    ရင်ထဲကဦးကတော့..
    ရင်ထဲကနေမထွက်နိုင်တာ၊ခုချိန်ထိပါဘဲ။
    ဘဝဇတ်ခုံမှာနေရာယူနိုင်တဲ့မေတ္တာရှင်တစ်ဦးဖြစ်နေခဲ့လို ့ပါဘဲ။
    အခုလက်ရှိက၊ဆန်းကျယ်လှတဲ့ဖူးစာရေးနတ်ကရွှေးချယ်ပေးခဲ့တဲ့၊အန်တီဘဝအတွက်လက်တွဲအဖော်မွန်က..
    အန်တီအတွက်အကောင်းဆုံးဆုလာဘ်ကြီးပါဘဲ။
    ပိုပြီးလှပဆန်းကျယ်တဲ့ခေတ်နဲ ့လိုက်လျောတဲ့ဇတ်လမ်းလေးတပုဒ်လည်းဖြစ်ပါတယ်ကွယ်။
    ထင်မြင်ယူဆမှုလေးတွေကအားလုံးတိုက်ဆိုင်နေလို ့ကျေးဇူးပါဘဲကွယ်။။။
    —————————————————————–
    မလတ်ရေ..
    အားပေးတာ…
    ကျေးဇူးပါနော်..။
    အစ်ကိုသုခနဲ ့
    နောက်ထပ်ပြန်တွေ ့တဲ့အချိန်…
    လွဲသွားခဲ့ပြီလို ့ဆိုရမှာပါဘဲ။။
    —————————————————————–
    ကြောင်ကြီး…
    ငုပြ..
    ခုက…
    နောက်ကျ..။။

  • မောင်ပေ

    August 3, 2012 at 1:15 pm

    အန်တီအေးအနေနဲ ့
    အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ
    ကိုသုခ နဲ ့ခဏတဖြုတ်ပဲဖြစ်ဖြစ်
    ပြန်တွေ ့ဖြစ်သေးလားဗျ

  • aye.kk

    August 3, 2012 at 1:24 pm

    ကိုပေ…
    အမျိုးတွေမို ့တွေ ့ဖြစ်ကြပါတယ်။
    ခံစားမှုလေးတွေကိုယ်စီကိုယ်ငှဝေမျှကြရင်းနဲ ့သာ။။

  • Ma Ei

    August 3, 2012 at 2:01 pm

    ခုထိများ ချစ်သောကေ ကို
    စောင့် မျှော်နေတယ် ဆိုရင်ဖြင့်
    ကိုသုခ သနားပါတယ်နော်…
    အစား သမားမို့ ပဲခူးက မြေပဲလိပ်လေးတွေကိုလဲ
    သတိရမိသွားတယ် မအေးရယ်…

    • aye.kk

      August 3, 2012 at 8:14 pm

      မမရေ…
      လူပျိုကြီးဘဝကနေအသက်(၄၅)နှစ်ကျမှကျွတ်သွားတယ်။
      သူ ့အဖေက၊ကျမကိုခေါ်ပြီး…
      သားဖြစ်သူကိုအိမ်ထောင်ပြုဘို ့နားချခိုင်းတော့မှသာ…
      ကိုသုခကအိမ်ထောင်ပြုခဲ့တယ်။
      ခုချိန်ထိဖုန်းဆက်ရင်..
      နောက်ကောင်းတုံးပါဘဲ။

      • pooch

        August 3, 2012 at 11:23 pm

        ငယ်ချစ်ဦးမို့ ဖြေမဆည်နိုင်ဖြစ်ပြီး တော်တော်နဲ့ အချစ်သစ်မရှာနိုင်တာဖြစ်မယ် အန်တီအေး။ တော်ပါသေးရဲ့ ကိုသုခကအိမ်ထောင်ပြုဖြစ်ခဲ့လို့ မဟုတ်ရင်တယောက်ထဲ လွမ်းကျန်နေခဲ့မှာ။

  • MaMa

    August 3, 2012 at 3:34 pm

    ချစ်သူခင်သူများတဲ့ မအေးရဲ့ ဘဝကံ အကျိုးပေးက စိုင်းထီးဆိုင်သီချင်းရဲ ရင်နာစေတဲ့စန်း လိုများ ဖြစ်နေသလားပဲ။
    [:)]

    _________________________
    I added cool smileys to this message… if you don’t see them go to: http://s.exps.me

  • ဆူး

    August 3, 2012 at 5:49 pm

    ချစ်သော ကေ ကတော့ ဘာ လုပ်လုပ် အမြဲတမ်း အစ်မ ကို ပဲ မျှော် ကြည့်နေရသလိုပဲနော်.. အရာရာ သူ့ ခြေရာ နောက် လိုက်နင်း ရတဲ့ ခံစားချက်ကလည်း တမျိုးလေးပဲ.. ခြေရာ နင်းတဲ့ အလုပ်က လွယ်မယောင် နဲ့ စိတ်မောတယ်.. ကိုယ့်လမ်း ကိုယ်ထွင်တာကတော့ ခက်တယ် ထင်ရပေမဲ့ စိတ်ပေါ့ပါးတယ် ထင်မိတာပါပဲ။

    ကိုသုခ နဲ့ ရေစက် မပါလို့ပဲ ဖြစ်မယ် ထင်တယ်။

  • aye.kk

    August 3, 2012 at 8:19 pm

    ဆူးရေ..
    အစ်မကိုအားကိုးတဲ့စိတ်က…
    အစ်မကကိုယ့်ထက်ဉာဏ်ရည်အဆများစွာသာနေတာလည်းပါပါတယ်။
    ကိုသုခနဲ ့ကရေစက်မပါပေမယ့်၊စိတ်ထဲမှာတော့လွမ်းမိသား။။

Leave a Reply