ရန်ကုန်မြို့လယ် မြင်ကွင်း

manawphyulayAugust 3, 20121min44330
မြို့လယ်ကောင်တွင် ရေကြီးနေခြင်း

ကားဂိတ်တွင် ကားစောင့်နေကြပုံ

ကားတွေကလည်း ရေကို ထိုးဖောက်ပြီး သွားနေကြတာ..

ဒီလို ဒီလိုရှိတယ်…

30 comments

  • P chogyi

    August 3, 2012 at 11:04 am

    ဗိုလ်တထောင်တို့ လသာတို့ ကြည့်မြင်တိုင်တို့ဘက်မှာပိုဆိုးတယ်နော်

  • Khaing Khaing

    August 3, 2012 at 12:18 pm

    ဝသန်ခါ မိုးလေများရွာလေပီ …. ရွာနောက်ဖေးမြောင်းလေးလဲ ရေလျှံပြီး ကိုကိုစည်ပင်ရေ … မြောင်းလေး ရှင်းရအောင် ဒို့မြို့ကြီးမြုပ်လိမ့်မယ် ဒို့မြို့ကြီးမြုပ်လိမ့်မယ် …. (အန်တီဖြူသီ သီချင်းလေးပါ)

  • mamanoyar

    August 3, 2012 at 12:19 pm

    ဟင် ဒီလိုကြီးတောင်ရေတွေကြီးနေတာလား
    ရန်ကုန်မှာအရမ်းမိုးရွာတယ်နော်
    အညာဘက်မှာအရမ်းမိုးနည်းတယ်
    ဘယ်လိုဖြစ်တာပါလိမ့်နော်

  • elle smile

    August 3, 2012 at 1:38 pm

    ကန်တော်လေးမှာလည်းဒီလိုပါပဲကွယ်၊ဪ…အညှိုးကြီးလှချည်လား ရန်ကုန်မိုးရယ်။

  • Rose Minn

    August 3, 2012 at 1:38 pm

    ဒီနေ့လပြည့်ကျော်တစ်ရက် ဆိုတော့ မိုးရွာလျှင်ရေကြီးနိုင်သေးတယ်။ မော်တော်ဘုတ်လေးတွေ ပြင်ထားကြရအောင်နော်။ အဟီးစတာ နော်။ ရန်ကုန်မိုး အစိုးမရဘူး။ ရွာချင် ရွာတာ ဘာမှကို ကာကွယ်ထားလို့ကို မရဘူး။ ရွဲတာ ကိုယ်တွေ့ ကိုယ်တွေ့။ လမ်းတွေ ပြင်လိုက်လို့ တော်ကာကြတယ်။ အရင် ကများဆို ရုံးဆင်းချိန် ညနေ ငါးနာရီ အိမ်ပြန်ရောက် 8 နာရီ။ အဲလို ကားတွေပိတ် လမ်းတွေ မှာကားတွေ ထိုးရပ်။ ခရီးသည်တွေ ရေဆင်းကူး ရတာ ရေက ပေါင်လောက်ခါးလောက်နဲ့ လွန်ခဲ့ သော နှစ်တွေက ဖြတ်သန်းခဲ့ ရတာလေး ပြန်သတိရလို့ မန့်မိတာပါ။ အခုများတော့ ကားပိတ်ပါတယ်။

  • ပင်လယ် ပျော်

    August 3, 2012 at 1:43 pm

    အပေါ်ကရေကို ထီးနဲ ့ကာလိုု ့ရပေမဲ့.. အောက်ကရေကိုဘာနဲ ့ကွယ်ရမလဲ…

    • P chogyi

      August 3, 2012 at 1:48 pm

      လှေနဲ့ကွယ်ပေါ့ ပင်လယ်ပျော်ရယ်။

  • ရဲစည်

    August 3, 2012 at 1:51 pm

    ကန်တော်ကြီးဖြစ်ဖြစ်
    အင်းယားဖြစ်ဖြစ်
    ဆည်ဆောက်လိုက်ရင် ယခုလို မဖြစ်နိူင်တော့ပါကြောင်း

    ခရိုနီလက်သစ် တရုတ်လိုလားသူ ကပ္ပလီယဲဆီ

  • Phaung Phaung

    August 3, 2012 at 2:23 pm

    ရန်ကုန်မှာသာရေတွေပေါနေတာ… အညာဒေသတွေမှာ ရေရှားမိုးခေါင်လို့ သောက်သုံးရေတောင် လက်ယက်တွင်းလေးတွေကနေ တနေကုန်စောင့်ခတ်နေရတာ
    သဘာဝတရားကြီးလည်း မမျှတလိုက်တာနော်…

  • kyarphyu

    August 3, 2012 at 3:02 pm

    ကြာဖြူတို့တော့ ရန်ကုန်မြို့မှာ လှေရောင်းပြီး စီးပွားရှာရင်ကောင်းမယ်နဲ့တူပါတယ်……..။

  • မဟာရာဇာ အံစာတုံး

    August 3, 2012 at 3:46 pm

    ရန်ကုန် မြို့လယ်မှ မဟုတ်ပါဘူး ဂျီးဒေါ်ရယ် ..
    ရန်ကုန်မြို့ နေရာ အတော်များများ ပါပဲ ..
    ရေကြီးနေတာ ..

    ကျုပ်တို့ဘက်မှာ ဆိုလည်း မိုးများ ရွာလိုက်ပြီဆို ..
    ရေက တန်းကြီးလာတာပဲ ..
    တာမွေဆိုလည်း ဒီအတိုင်းပဲ ..
    တစ်ခါတစ်ခါ လမ်းပေါ်က ရေတွေက ဒူးဆစ်လောက်ရယ် …

    ဒါကြောင့် မိုးတွင်းဆို
    ရန်ကုန်မှာ နေချင်ဘူး ..
    ရွာပြန်နေချင်တယ် ..
    စာဥကိုလည်း လွမ်းဒယ် .. 😀

  • MaMa

    August 3, 2012 at 3:48 pm

    စီဂျေမနော- ဗရာကြော်ပါ။
    လမ်းမှာ ကားတွေ ပိတ်ကြပ်နေလို့ ကားစက်ရပ်ပြီး စောင့်နေရတာလေးတွေလည်း လုပ်ပါဦး။ 😀

    • manawphyulay

      August 3, 2012 at 3:57 pm

      မမကြီးရေ… မနက်ကတောင် လမ်းပိတ်နေတာ ရိုက်မလို့ကို ကားသမားက အောက်ကြည်မြင်တိုင်ဘက်ကို နှင်းဆီကုန်းလမ်းကနေ တက်သွားလို့ မရိုက်လိုက်ရဘူး။ အမှန်က မြောင်းတွေကို သေချာဖော်ပြီး လုပ်သင့်တယ်။ စည်ပင်တွေက ညဘက်အမှိုက်ပစ်ဆိုတော့ တချို့ မြောင်းထဲခိုးပစ်တာတွေလည်း ရှိတော့ ခုလို နေရာတိုင်းမှာ ဖြစ်ကုန်တာပေါ့။ နောက် မီးပွိုင့်တွေက ကြာကြာပိတ်ထားတော့ ကားလမ်းကြောတွေ ပိတ်သွားတာလည်းပါတယ်။

  • ko khin kha

    August 3, 2012 at 4:58 pm

    မေး – တစ်နှစ်တစ်ခါ ပေါ်လို့လာ၊ ငါလည်းမင်းလောင်း ထီးဖြူဆောင်း အဲဒါဘာလဲသိလား၊
    ဖြေ – မှို၊
    မေး – တစ်နှစ်တစ်ခါ လျှံလို့လာ၊ လွှမ်းမိုးသွားတာ ဘာလဲဗျာ၊ အဲဒါသိလား၊
    ဖြေ – ဆည်မြောင်း၊
    မေး – မှားတယ်၊ ရန်ကုန်မြို့။( မယုံဘူးလား အပေါ်ကပုံများကို နောက်တစ်ကြိမ်ထပ်ကြည့်ပါ။)

  • intro

    August 3, 2012 at 5:12 pm

    ဘာမှတ်တိုင်လဲ ဟင်…. မြို့လယ်ခေါင်ဆိုပေမယ့် ဘယ်နားမှန်းမသိလို့

  • we R one

    August 3, 2012 at 5:27 pm

    တော်သေးတယ် ဒီနေ့ မြို့ထဲ မသွားရလို့..။

  • etone

    August 3, 2012 at 8:15 pm

    မိုးတွင်းမှာ …. ကားပိုင်ထက် … လှေပိုင်ဝယ်ထားဖို့ကောင်းတယ် …. 😀

  • cobra

    August 3, 2012 at 8:44 pm

    မိုးတွင်းဆိုနေရာတိုင်းမှာရေကြီးတာပါပဲ
    ရေကြီးတာရဲ ့အဓိကအချက်ကမြောင်းတွေပိတ်နေလို့
    မြောင်းပိတ်တာရဲ ့အဓိကအချက်က လူတွေစည်းကမ်းမရှိအမှိုက်ပြစ်လို့
    စည်းကမ်းမရှိအမှိုက်ပြစ်တာရဲ ့အဓိကအချက်ကတော့မသိတော့ဘူး
    ဆက်ဖြည့်လိုက်ကျတော့ 🙂

  • YE YINT HLAING

    August 3, 2012 at 11:46 pm

    ရန်ကုန်မြို့ ကို တည်ထားတာ နှစ်ပေါင်း မနည်းတော့ ပါဘူး ။ အရင်က နေထိုင် ခဲ့တဲ့လူဦးရေ နဲ့ အဆောက်အဦးအရေအတွက် က အခုရှိနေတာနဲ့ အများကြီးကွာပါတယ် ။ တခြားမြို့ကြီးတွေမှာဆိုရင် မြို့ရဲ့စွန့်ပစ်ရေနဲ့ မိုးရေစီးဆင်းတဲ့ လိုင်းတွေဟာ အတွင်းထဲမှာ ကားမောင်းလို့ရပါတယ် ။ ရန်ကုန် မြို့က စွန့်ပစ် စီးဆင်း ရေမြောင်းတွေကသေးပြီး ပိတ်ဆို့ နေတာကြောင့်လဲပါတယ် ။ ပြီးတော့ ဆူးလေ ဘုရား ဝန်းကျင်က လမ်းလယ်ဗယ် တွေဟာ ပင်လယ်ရေမျက်နှာပြင် အထက် ( ၁ ) ပေ ဝန်းကျင်ပဲရှိတယ် ။ ပင်လယ်ရေမျက်နှာပြင် သုည မှတ်က သန်လျှင် ဘက်မှာရှိတယ် ။ အဲဒီကနေ တပေချင်း အထက်ကိုတက် သွားတာ ရှမ်းကုန်းမြေမြင့်တို့ဘာတို့မှာ ပေထောင်ချီသွားတယ် ။ စကားမစပ် မန်းတလေး – ရန်ကုန် ရထားလမ်းက ဝမ်း စီ ဝမ်းတွမ်တီဖိုက် နဲ့ ( ၁၂၅ ပေ မှာ ၁ ပေ နှုန်း) ဆင်းလာတယ်လို့ မှတ်သားဘူးပါတယ် ။

  • Mလုလင်

    August 4, 2012 at 12:02 am

    စနစ်ကြောင့် မဟုတ် .. စနစ်ကြောင့် မဟုတ် ….. အမှိုက်ကို ကြုံသလို မပစ်သင့်ဘူး ဆိုတဲ့ အသိ တစ်ခု ပြည်သူပြည်သား တိုင်းမှာ ရှိနေသင့်တဲ့အချိန် .. မရှိ .. ရှိအောင် လုပ်ပေးရမယ့် အချိန်ပါ … မီဒီယာ တွေ အားကိုး နဲ့ ပေါ့။ ဩဇာ လွမ်းနိုင်မယ့် ခေါင်းဆောင် တစ်ယောက်ယောက် အားကိုး နဲ့ ပေါ့။ ပစ်ရင် ဖမ်းမယ် ဆီးမယ် ဆိုရင်တော့ ခိုး ပစ်ချင် ပစ်နေကြဦးမှာမို့ …. စိတ်ထဲ .. စွဲ သွားစေမယ့် အသိ ထည့် ပေးထားတာကသာ ရေရှည် အတွက် အဆင်ပြေ သွားနိုင်မှာ မို့ ….. ဒီလိုတွေ မြင်တိုင်း ….. ပြည်သူချစ်တဲ့ .. ခေါင်းဆောင် တွေ …. ဒီအတိုင်း ကြည့်မနေကြပါနဲ့ လို့သာ …..။ အမှိုက်နဲ့ ပတ်သက် တဲ့ မိန့်ခွန်း လေးများ ပြောပေးကြပါလားဗျာ ….။

  • kai

    August 4, 2012 at 12:53 am

    Melting of Greenland ice shelf likely caused by global warming
    World Socialist Web Site-Aug 1, 2012
    If the entire shelf, 2850000 cubic kilometers (683751 cu mi) worth of ice, melted, global sea levels would rise 7.2 m (23.6 ft). More generally …
    http://www.wsws.org/articles/2012/aug2012/warm-a02.shtml

    ဒီအတိုင်းသွားရင်.. နောင်အနှစ်၁၀ဝအတွင်း.. အဲ..ကံဆိုးရင်.. နှစ်၅ဝလောက်အတွင်း..ရန်ကုန်ပျောက်ဖို့ရှိပါတယ်..။
    အနိစ္စ…

    • ဦးဦးပါလေရာ

      August 4, 2012 at 1:17 am

      အဲဒါကြောင့် ရန်ကုန်က ကန်ထရိုက်တိုက်တွေ ခိုင်ခိုင်မဆောက်တာဖြစ်မယ်။
      တိုက်ကြီးက ကြာကြာခံရင်လဲ မြို့ကြီးက ကြာကြာခံမှာမှမဟုတ်ပဲ ….. 😀

      ရန်ကုန်မနစ်မြုတ်ခင်မှာ ကမ္ဘာ့မြို့ကြီး တော်တော်များများနဲ့ နိုင်ငံငယ် လေးငါးခုလောက် ပင်လယ်ရေအောက် မြုတ်သွားလောက်ပါပြီ။ ဘန်ကောက် အပါအဝင်ပေါ့…။

      ဆိုတော့…. အဲဒီအချိန်ဆို ကမ္ဘာပျက်သလောက်ဖြစ်နေရောပေါ့….။

      • kai

        August 4, 2012 at 1:28 am

        ယူအက်စ်အပါအဝင်.. ဖွံ့ဖြိုးပြီးနိုင်ငံတွေတော်တော်များများ.. ဥပဒေအသစ်တွေထုတ်ပြီးကို.. သူတို့မြေတွေမဆုံးရှုံးအောင်.. ကာကွယ်နေကြတယ်..
        ဂျပန်ဆို.. မျက်မြင်ကိုမြင်ရတာ..
        ကွန်ခရစ်တုံးတွေ.. ပင်လယ်ကမ်းနားတလျှောက်မှာချထားပြီး.. လှိုင်းရိုက်တာကာကွယ်ဖို့နဲ့.. ပင်လယ်ရေမြင့်တက်လာရင်. .မြေကြီးတွေပဲ့မပါအောင်လုပ်ထားကြတယ်..

        လူကြံရင် ပုဂံတောင်.. မြို့ဖြစ်ပါတယ်..။ :mrgreen:
        ကြိုတင်ပြင်ဆင်ထားကြဖို့ဖြစ်ကြောင်း….

        Sea-level rise bill becomes law
        By Patrick Gannon
        Patrick.Gannon@StarNewsOnline.com
        Published: Wednesday, August 1, 2012 at 4:49 p.m.

        RALEIGH – Gov. Beverly Perdue on Wednesday declined to sign or veto a controversial bill on sea-level rise, allowing it to become law.
        Instead, the Democratic governor urged the Republican-dominated legislature to reconsider its stand on the issue.

        • P chogyi

          August 5, 2012 at 9:27 am

          ကျွန်တော် မနေ့ကသတင်းတစ်ပုဒ်တွေ့လိုက်တယ်
          သေသေချာချာတော့မှတ်မထားလိုက်မိဘူး
          ရေကြောင်းတကသိုလ်ကို ဂျပန်က လှိုင်းတိုင်းတာစက်လှူလိုက်တယ်
          လှိုင်းကာတံတိုင်းတွေတည်ဆောက်ဖို့အတွက်လို့ပြောတယ်။

    • YE YINT HLAING

      August 4, 2012 at 6:44 am

      ဟုတ်ပါတယ် သူကြီး! လွန်ခဲ့တဲ့ နှစ်အနည်းငယ်က လာသွားတဲ့ နိုင်ငံခြားသား သုတေသန ပညာရှင်တွေက နောင်လာမဲ့ နှစ် ( ၁၀ဝ ) ဝန်းကျင် လောက်ရောက်ရင် ရန်ကုန် မြို့ဟာ ရေအောက်ရောက်သွားပီး ပြည်မြို့ ဟာ မြန်မာပြည်ရဲ့ဆိပ်ကမ်းမြို့ ဖြစ်လာမယ်လို့ ပြောသွားတဲ့ အကြောင်းလေးမှတ်သားဘူးပါတယ် ။

  • htoosan

    August 4, 2012 at 8:12 am

    ကျွန်တော်တို ့ဘိုတထောင်ဘက်မှာ အရင်နှစ်တွေက ထက်စာရင် အများကြီးတိုးတက်လာခဲ့ပါတယ်။ ရေတက်လဲ ခဏဘဲ ။ မြောင်းတွေကို ပြီးခဲ့တဲ့ နှစ်မတိုင်ခင်က တော်တော်လေးချဲ့ပေးခဲ့တယ် ။
    ချဲ့တဲ့မြောင်း နဲ့လိုက်အောင် လူတွေက ဆက်လက်ပြီး အမှိုက်ပြန်ဖြည့်ပေးတယ် ။ စည်ပင်က လည်းရှင်းလိုက် ပြန်ဖြည့်ပေးလိုက်ကြနဲ့ဘဲ… 😀 😀

  • manawphyulay

    August 4, 2012 at 9:50 am

    အမှန်တော့ မိုးတွင်းမရောက်ခင်မှာ… ရေမြောင်းတွေ တိုးချဲ့တန် တိုးချဲ့ရမယ်။ နောက် အမှိုက်ပစ်သူများကို စည်းကမ်းတည်းကျပ်စွာ ဒဏ်ရိုက်ရမယ်။ အမှိုက်ကို ညမှ စွန့်ဆိုတော့ အမှိုက်များတဲ့အိမ်တွေက လူလစ်ရင် လစ်သလို နောက်ဖေးလမ်းကြားထဲ ခိုးပစ်ကြတာတွေ တားဆီးရမယ်။ မြစ်နဲ့နီးတဲ့နေရာ မြစ်ရေကြီးလို့ ရေလျှံတယ်ဆိုတာ ကြားကောင်းဦးမယ်။ ခုတော့ တစ်မြို့လုံးကို ဖြစ်နေတာဆိုတော့ ဘယ်လိုစီမံကိန်းတွေပြုလုပ်ကြမလဲ။ ဒီလိုပုံဆို သူကြီးပြောသလို နောင် အနှစ် ၁၀၀၊ ၅ဝ မပြောနဲ့ နောင်၁ဝနှစ်အတွင်းတောင် ဘယ်လိုဖြစ်မှာပါလိမ့်လို့ ရင်တမမနဲ့ နေရတော့မယ့်အခြေအနေ ဖြစ်နေပြီ။

  • snow white

    August 5, 2012 at 5:40 pm

    ရေဆော့ရတာပေါ့ ရန်ကုန်မြို့လယ်ရေဆော့မယ် ဘယ်လောက်ပျော်ဖို့ကောင်းလည်း ပျော်စရာလေးလည်းဖန်တီးပေးရသေးတယ် ရေကြီးတာကို မမမနောက ပို့စ်တင်စရာလား မကျေနပ်ဘူး။ဒီလိုပို့စ်တွေတင်တော့ တို့ရန်ကုန်ကိုအထင်သေးတာပေါ့လို့မြို့လယ်ခေါင်တောင် ရေကြီးနေရင် ကျန်နေရာတော့ပြောမနေနဲ့တော့ပေါ့ ။။

Leave a Reply