ရွာထဲက ကြောင်များ

ဟိုုတလောက Batman ရုုပ်ရှင် The Dark Knight Rises ကြည့်ပြီးကတည်းက Anne Hathaway ကိုုအားကျလိုု့  သူ့လိုု နှုုတ်ခမ်းနီ နီနီလေးဆိုုးတဲ့ ကြောင်မလေးဖြစ်ချင်တဲ့ ရောဂါထနေတာကြောင့်  သကြားလုုံးကြော် ကနေ  ကြောင်မလေး လိုု့နာမည်ပြောင်းမယ်စိတ်ကူးမိတယ်။

နောက်မှ ရွာထဲမှာ ကြောင်တော်တော်များရှိမှန်း သတိရသွားတော့ ကြောင်မလေး များရှိနေပြီးပြီလားမသိဘူး။  ကြောင်တွေက အဖေ ဦကြောင် အမေ ဒေါ်ကြောင် ဆိုုပြီး အမျိုးစပ်ရခက်လေတော့  နာမည်တူနေရင် လူတွေလိုု အဖနာမည်နဲ့ ခွဲလိုု့မရတော့ တူနေရင် မဖြစ်ဘူး ။

၁ဝနှစ်တခါလူဦးရေကောက်သလိုု ရွာထဲက ကြောင်ဦးရေ ကောက်ထားတာများရှိရင် သိပ်ကောင်း။

ကြောင်ကလေးတွေ တန်းစီ (အိမ်ထောင်စုု သန်းခေါင်စာရင်းကောက်မယ်)

(မျက်စိလျှင်မလျှင်ကစားခိုုင်းတဲ့ မဂ္ဂဇင်းထဲက ပဟေဋိ တွေလိုု ၊ အပေါ်က ပုုံထဲမှာ ကြောင်ဘယ်နှစ်ကောင်တွေ့ပါသလဲ)

 

ရွာထဲဝင်တာမကြာသေးတဲ့သူဆိုုတော့  ရွာထဲကသွားရာလမ်းလွဲ မြင်မိတဲ့  ဦးကြောင်ကြီး ၊ ကြောင်ဝတုုတ်၊ ကြောင်လတ်၊ ကြောင်လေး ……  စသည်ဖြင့် ကြောင်ပေါင်းများစွာက ရွာထဲမှာတမင်ဖွဲ့ထားတာလား  ၊ အပြင်မှာ တကယ်ပဲ အမျိုးတော် လိုု့လား ၊ သူတိုု့ရောဘယ်လိုုကြောင်ဖြစ်လာကြတာလည်း စိတ်ဝင်စားသွားတယ်။  ရွာထဲကကြောင်တွေအကြောင်း ကလည်း သေချာမသိတော့ ဘုုမသိ ဘမသိ ကြောင်ဂိုုဏ်းထဲဝင်လိုုက်မိပြီးမှ ဒုုက္ခဖြစ်နေမှာစိုုးရသေးတယ်။

စိတ်ထဲမှာ မြင်မိတဲ့ ရွာထဲက ကြောင်ဂိုုဏ်း က ဒီလိုုလားမသိ။  ဦးကြောင်ကြီးဆိုုတာ ညာဖက်ကကြောင်လိုု ဂိုုဏ်းချုုပ် များလား။


Qualification အတွက် အစွယ်တွေထုုတ်ပြရမလား

 

သူကြီးက ရွာလူဦးရေတက်အောင် မင်ဘာအသစ်တွေကိုု ပိုုက်ဆံပိုုပေးနေတယ်ဆိုုတော့ သူကြီးကိုု ကူညီတဲ့အနေနဲ့ ရွာထဲက ကြောင်ဦးရေ ပါတိုုး အောင် စုုမိထားတဲ့ ကြောင်တွေကိုုပါ ရွာထဲပိုု့ လိုုက်ပါတယ်။

 

 

 

Chopper

 သူ့နာမည်က Chopper တဲ့။  သူ့ကိုု ထိရုုံနဲ့ မော်တော်ဆိုုင်ကယ်တွေလိုု အသံအလွန်ကျယ်လိုု့  Chopper.  (One Piece ကာတွန်းထဲက reindeer  Chopper မဟုုတ်ပါ။ ) သူက ၁၅ ပေါင်လေးပါတယ်။ အချိန်မရွေး အမြဲ ဗိုုက်ဆာနေတတ်တယ်။

အစကတော့ဖြင့်ပိန်ပိန်  ….   ဝသွားပြီ ၊အခုုတော့ ဝသွားပြီ  …..( ရွာထဲကကြောင်ဝတုုတ်ဆိုုတာ ဒီလိုုများလားမသိ)

 

 

 

 

ဆောင်းတွင်းမှာ မာဖလာကလေးပတ်၊ စောင်ကလေးခြုံ

အလွန် လျှာရှည် စပ်စုု တဲ့ မီဆာ (Death Note ထဲက အသံစာစာ  Misa Misa ကိုုအစွဲပြုလိုု့) ။  မှတ်မှတ်ရရ စားပွဲပေါ်က ကင်မလာကိုု ဝုုန်းကနဲ ကြမ်းပေါ်ကျအောင် ဆွဲသွားလိုု့  အစေးမကပ်ဖြစ်လိုုက်သေးတယ်။  အခုုတော့လည်း သားသမီးကိုု ခွင့်မလွှတ်တဲ့ မိဘမရှိသလိုုပဲ သနားစရာ မီဆာလေးကိုု ခွင့်လွှတ်ထားပါတယ်။ ပုုံတွေမကောင်းရင်တော့ သူ့ကိုုအပြစ်တင်ပါ။  🙂

 

 

 

ပေါင်မုုန့်

ဒီကြောင်မလေးနာမည်က ပေါင်မုုန့် ။  ဆော့လိုု့ ဘယ်တော့မှမဝဘူး။ Ragdoll လိုု့ခေါ်တဲ့ အမျိုးနဲ့ Siamese အမျိုးစပ် ဆိုုတော့ လှလည်းလှသလိုု အရမ်း ဉာဏ်ရှိပါတယ်။ သုူက ငါးနဲ့ ကြက်သားနဲ့ မတည့်ဘူး ။ စားမိတာနဲ့ Allergic ဖြစ်ရော။  ငါးမတဲ့ တဲ့ကြောင်ဆိုုလိုု့ အဲဒီတော့မှတွေ့ဖူးတယ်။ နားရွက်အမြဲယားနေတတ်လိုု့ နားရွက်ကိုု ဆရာဝန်ပေးတဲ့ ဆေးမှန်မှန်ဖျန်းပေးရတယ်။ ထွက်ပြေးသလားမမေးနဲ့။

စက္ကူ ဖျက်စက်

ကိုုက်မယ် ၊ဖျက်မယ် ၊ တရွက်မကျန် လွှာပစ်မယ်။  စက္ကူဖျက်စက် အကျော်အမော်ရဲ့ သွားအနုုပညာ showcase.

 

 

နာမ

ဘုုန်းကြီးကျောင်းမှာတွေ့ခဲ့တဲ့ ကြောင်နှစ်ကောင်နာမည်က ရူပ နဲ့ နာမ တဲ့။  ရုုပ်နဲ့နာမ် ပေါ့။ ရူပ ကခေါင်မိုုးပေါ်ရောက်နေလိုု့ အိပ်နေတဲ့ နာမ ကိုုပဲ ရွာထဲပိုု့လိုုက်တယ်။

 

စောင့်စားလျက်

 ဒါကတော့ ဆေးခန်းမှာ တွေ့ခဲ့တဲ့ ၊ သူ့ကိုု မွေးစားမဲ့သူတွေကိုု စောင့်နေတဲ့ ကြောင်ငယ်ငယ်လေး။

ဒီလိုုသနားစရာကြောင်လေးတွေကနောက်ဆုုံး မွေးစားမဲ့သူ မရှိရင်  အဆိပ်ငွေ့ပေးတဲ့ အခန်းထဲမှာပဲ အသတ်ခံရရော။ ဒါ့ကြောင့် ကယ်ဆယ်ရေးအဖွဲ့အစည်းဆီကနေ ကြောင်နှစ်ကောင် မွေးစားထားပါတယ်။

အဖေပြောနေကျ “အားအားယားယား အလုုပ်မရှိအလုုပ်ရှာ ကြောင်ရေချိုးတယ်” ဆိုုတဲ့ တင်စားထားတဲ့ စကားပုုံကိုု တင်စားရုုံမက တကယ်လိုုက်နာပြီး ကျမကြောင်တွေကိုု ဆပ်ပြာတိုုက် ရေမှန်မှန်ချိုးပေးတယ်။  လက်သည်းညှပ်ပေးရတယ်။ အမွှေးဖြီးပေးရတယ်။   “အလုုပ်မရှိအလုုပ်ရှာ ကြောင်ရေချိုးတယ်” ဆိုုတဲ့ စကားပုုံက နည်းတောင်နည်းနေ သေးတယ်ထင်တယ်။

ကြောင်လိုုချင်လိုု့ မွေးတယ်ပဲပြောပြော၊ ကယ်ဆယ်ချင်လိုု့မွေးတယ်ပဲပြောပြော ၊ တိရိစ္ဆာန်မွေးတာ အကုုသိုုလ် ပဲပြောပြော၊  ကျမကြောင်လေးနှစ်ကောင် အိမ်မှာပျော်နေတာ တွေ့ရင် သူတိုု့ကိုုလုုံလုုံခြုံခြုံနေစရာလေးပေးနိုုင်မိတာ ဂုုဏ်ယူမိပါတယ်။ တခါတလေ အစက ဘဝတွေမဆုုံလိုု့များ ကိုုယ်မမွေးလိုုက်လိုု့ သူတိုု့တခြား ဘယ်လိုုအခြေအနေများရောက်နေမလဲ စဉ်းစားမိရင် ရင်လေးသွားပြီး မွေးထားမိတာ ဝမ်းသာမိတယ်။

 

 

ကဲ ကြောင်မလေး လိုု့ပြောင်းပြီး ကြောင်ဂိုုဏ်းဝင်သင့်ပါသလား

 

 

ရွာထဲက ကြောင်ဂိုုဏ်း

 

 

  အပေါ်က ပဟေဋိ ရဲ့ အဖြေကတော့ ဒီမှာပါ

 

 

 

 

 

 

 

 

 

31 comments

  • etone

    August 6, 2012 at 3:30 pm

    သကြားလုံးကြော်ရေ ကျေးဇူးပါနော် …….. အရမ်းချစ်ဖို့ကောင်းတဲ့ ကြောင်လေးတွေကို ပို့စ်ထဲမှာ ထည့်သုံးခဲ့တဲ့အတွက်ရော ၊ ကြောင်ပုံလေးတွေ တစုတစည်းတဲ့ မြင်ခွင့်ရတဲ့အတွက်ပါ ။
    (သတ္တဝါ)ကြောင်ဆိုလျှင် … ရုပ်ပဲဆိုးဆိုး ၊ ဂျိုပဲ ကျိုးကျိုး .. အကုန်ချစ်ပါတယ် …. ။ ကျွန်မက ကြောင်ခရေဇီမို့လို့ပါ …. ။ 😀

    • နွေဦး

      August 6, 2012 at 3:54 pm

      သတ္တဝါကြောင်လို့ပြောတော့ ရွာထဲက ကြောင်တွေ…ရင်ခုန်နေတော့မယ်။
      တိရစာ္ဆန် ကြောင်တွေလို့ ပြောမှ ရွာထဲက ကြောင်တွေ လွတ်မှာ..

    • ကြောင်ဝတုတ်

      August 6, 2012 at 4:11 pm

      အဲဒါဆို ရွာထဲက ဘယ်ကြောင်ကြိုက်တုန်း တစ်လက်စထဲဖြေသွားပါဦးနော်…

      ခင်မင်လျက်-
      ကြောင်ဝဝတုတ်တုတ်

    • သကြားလုုံးကြော်

      August 7, 2012 at 6:08 am

      မအိတုုံရေ ၊ အားပေးသွားတာ ကျေးကျေးပါ။ ကိုုယ့်လိုု့ ကြောင်ခရေဇီးတွေရှိတာသိရလိုု့ဝမ်းသာမိတယ်။ ဒီပိုု့စ်မတင်ခင်က တော်တော်ကြောင်တဲ့ပိုု့စ်ပဲလိုု့ ဝိုုင်းပြောမှာ စိုုးမိသေးတယ်။ နောက်မှ… ကြောင်တယ်ပြောလည်းခံရမှာပဲလေ ၊ ဪ ကြောင်ချစ်မိတဲ့ ဒုုက္ခ

  • R Ga

    August 6, 2012 at 5:22 pm

    ကြောင်ထဲမှာဆိုရင် တော့ ဂါဖီးကို အရမ်းကြိုက်တယ်။ …အပြင်မှာတော့ ဒီလိုကောင်မျိုးဘယ်ရှိပမလဲ…။

    • သကြားလုုံးကြော်

      August 7, 2012 at 6:17 am

      ဂါဖီးလိုုကြောင်ဝါဝါ၀ဝတုုတ်တုုတ်တော့ တွေ့ဖူးပါရဲ့ ၊ ဒါပေမဲ့ ဂါးဖီးနဲ့ အတူဆုုံး ကတော့ အသိတယောက်ဆီက Pomeranian အမျိုုးအစား ၊ ခြေထောက်တိုုတိုု ၊ အမွေးဖွားဖွား ခွေးဝါဝါလေး ဖြစ်နေပါတယ်။ တူမှတူ

    • ကြောင်ဝတုတ်

      August 7, 2012 at 11:02 am

      ရှိတယ်လေ… အာဂရဲ့…
      နင့်ဘေးကသူငယ်ချင်းထဲမှာတင်ရှိတယ်…

      ခင်မင်လျက်-
      ကြောင်ဂါဂါးတုတ်

  • မိုး မင်းသား

    August 6, 2012 at 6:00 pm

    ဝင်သင် ့တာကြာပါပြီ……..ရွာထဲမှာလည်းကိုကြောင်တို ့ကြောင်ကလေးတို ့ရှိနေတာပဲလေ…
    သူတို ့အားရှိသွားတာပေါ ့……

    ကြောင်မလေးဘဝ…သာယာချမ်းမြေ ့နိုင်ပါစေလေ………

    ချစ်ခြင်းမေတ္တာဖြင် ့

    • သကြားလုုံးကြော်

      August 7, 2012 at 6:23 am

      ကျေးဇူးပါရှင့်

  • အလင်းဆက်

    August 6, 2012 at 7:00 pm

    ဒီထဲမှာ…တိူ ့ဦးကြောင်တော့မပါလောက်ပါဘူး။
    ဦးကြောင်က ခုချိန်လောက်ဆို…. မာဆက်ရောက်နေလောက်ပြီ။
    အဟိ

  • Mလုလင်

    August 6, 2012 at 7:06 pm

    ကျွန်တော် က ကြောင်ထက် စာရင် ခွေးကို ပိုချစ်တယ်ဗျာ … ဒါပေမယ့် ကြောင်ပုံ လေးတွေကြည့်ရတော့လဲ ချစ်တာ ပါပဲ … ကျေးဇူးပါဗျာ … ကြောင်ပုံလေးတွေ ကြည့်ရတာ အမော ပြေသွားတယ်။

    • သကြားလုုံးကြော်

      August 7, 2012 at 6:22 am

      အင်း .. ခွေးပုုံလေးတွေရိုုက်ချင်သား ၊ ခွေးကြောက်လိုု့ အနားမကပ်နိုုင်သေးဘူး ဖြစ်နေတယ်။ ကိုုလုုလင်သတိပေးမှပဲ သတ္တိမွေးပြီး ခွေးပုုံလေးတွေစုုထားဦးမှပဲ။ အားပေးသွားတာ ကျေးကျေးပါ။

  • padonmar

    August 6, 2012 at 8:33 pm

    စောင်ခြုံထားတဲ့ မီဆာနဲ့ စက္ကူဖြတ်တဲ့ ချေ့ာ့ပါ ပုံလေးတွေကြိုက်ပါတယ်။
    စောင့်စားလျက် ကြောင်လေးက တကယ့်ကို ချစ်စရာ သနားစရာလေးနော်။
    မွေးမယ့်သူမရှိတဲ့ကြောင်တွေကို အဆိပ်ငွေ့ပေးသတ်တယ်ဆိုတာ ကြားရတာ စိတ်မကောင်းလိုက်တာ။
    တိရစာ္ဆန်ရုံလိုမျိုးမှာ ဘေးမဲ့လွှတ်ပေးလို့ရော မဖြစ်ဘူးလား။
    အနည်းဆုံးတောစပ်သွားလွှတ်ရင်တောင် သူ့ဖာသာရှာဖွေစားမှာပေါ့နော်။
    ဖြစ်လေရာဘဝ အမေဒစ်ကန်မှာ ကြောင်မဖြစ်ပါစေနဲ့လို့ ဆုတောင်းရမလိုဖြစ်နေပြီ။
    ……….
    တိရစာ္ဆန်မွေးတိုင်း အကုသိုလ်လို့မပြောပါဘူး။
    သတ်စားဖို့ရည်ရွယ်ချက်နဲ့ မွေးတာဆိုရင်တော့ မွေးထားတဲ့ တစ်ချိန်လုံး အကုသိုလ်စိတ်တွေ အဖြစ်များနေမှာကို ပြောဟန်တူပါတယ်။
    ခုလို အသတ်မခံရအောင် မွေးတာကတော့ ဇီဝိတဒါနဖြစ်မှာပါ။
    ……………………..
    ရွာထဲမှာ အရင်က ကြေးမလောင်ဆိုတာ ရှိဖူးတယ်။ခုတော့ နာမည်ပြောင်းလိုက်ပြီထင်ရဲ့ မတွေ့တော့ဘူး။

  • မဟာရာဇာ အံစာတုံး

    August 6, 2012 at 8:43 pm

    သကြားလုံးကြော်
    ကြောင်တွေကို သရုပ်ဖော်
    ချစ်စရာလေးတွေပါလားတော် ..
    ဂေါ် .. ဂေါ် .. ဂေါ် ……
    😀

    • သကြားလုုံးကြော်

      August 7, 2012 at 12:26 pm

      အမလေး တော်ပါသေးရဲ့ ။ တယောက်ယောက်က နာမည်နဲ့ ကြောင် စလုုံးနဲ့ တွဲပြီး ကဗျာစပ်တော့မယ်မှန်း သိနေတယ်။ သိပ်မဆိုုးလိုု့တော်ပါသေးရဲ့။ ဟီဟီ

  • ရဲစည်

    August 6, 2012 at 9:17 pm

    ကြောင်ဂိုဏ်းဝင်မယ်ဆိုပါက
    လွန်စွာ သဘောတူ ကြည်ဖြူ
    ရင်ခုန်ဇွာ စောင့်စားမိနေကြောင်း
    အနော်လဲ ကြောင်မျိုးရင်းဝင် ဖြစ်ကြောင်း

    အမည်ရင်း ကြောင်တောင်တောင်ရဲဆီ
    ဆရာရင်း အူးကြောင်
    ကလောင်အမည် ရတနာရဲကြောင်
    ပညာအရည်အချင်း B.Cs ဘက်ချလာအော့ဖ် ကတ်တလော်ဂျီ ဆိုင်းယင့်စ်

    အရမ်းအားကျပါတယ်ဗျို့ ဒါတ်ပုံပညာရပ်တွေ
    ဆိုတော့
    ဇဂါးမစပ်
    ခင်ညားကြီး ပို့စ်တွေ Draft ထဲဘာလို့ ရောက်နေတာလဲ သိချင်ပါ၏……

    • သကြားလုုံးကြော်

      August 7, 2012 at 6:12 am

      ဟင် ဘယ်ပိုု့စ်တွေက Draft ထဲရောက်နေတာလဲဟင်။ နောက်ရေးချင်ရေးဖိုု့ စိတ်ထဲရှိတဲ့ ခေါင်းစဉ်လေးတွေ တိုု့ထားပြီး Save Draft လုုပ်ထားတာကိုုများပြောတာလား။ အဲဒါဆိုုရင်တော့ ဒုုက္ခပဲ။ ဘယ်သူမှမမြင်ဘူးမှတ်လိုု့ ။ ဟီဟီ

  • MaMa

    August 7, 2012 at 7:30 am

    ကြောင်လေးတွေကို မွေးစားမဲ့သူ မရှိရင် အဆိပ်ငွေ့ပေးတဲ့ အခန်းထဲမှာပဲ အသတ်ခံရတယ်ဆိုတာ ခုမှပဲ ကြားဖူးတော့တယ်။
    သူ့ဖာသာ အသက်ရှင်နေတာကို ဘာ့ကြောင့်များ ဒီလို ဥပဒေမျိုး ထားရှိရပါလိမ့်။
    ကယ်ဆယ်ရေးအဖွဲ့အစည်းဆီကနေ ကြောင်နှစ်ကောင် မွေးစားထားတယ်ဆိုတော့ အဲဒါမှ ဇီဝိတဒါန အစစ်ပဲ။
    သာဓုခေါ်ပါတယ်။

    ကြောင်ဂိုဏ်းဝင်မယ်ဆိုရင် …
    ကြောင်ကြီးရဲ့ မြီးတံတို
    အဆီကို စားပါလို့ အသားကိုမြို……. လို့တော့ ကြားဖူးတာပဲ။ :mrgreen:

  • Wow

    August 7, 2012 at 10:33 am

    ကြောင်လေးတွေကချစ်စရာကောင်းလိုက်တာ မွေးစားမဲ့သူမရှိရင်အဆိပ်ငွေ့ပေးပြီးအသတ်ခံရတယ်ဆိုတော့ စိတ်တောင်မကောင်းဘူး… တိရိစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့က တရားမစွဲဘူးလား ???
    အရင်က ရွာထဲ ကြေးမလောင် တော့ရှိတယ်… အခုတော့သိပ်မတွေ့ဖြစ်ဘူး

  • Novy

    August 7, 2012 at 11:17 am

    ကြောင်မလေး နံမည်နဲ့ ကြောင်ဂိုဏ်းထဲ ဝင်မယ်ဆိုရင်တော့
    အူးကြောင်ကို သတိထားတော်ရေ့

    • သကြားလုုံးကြော်

      August 7, 2012 at 11:30 am

      အူးကြောင် ဦးကြောင် ဆိူပြီး အလင်းဆက်ကလည်း အပေါ်မှာပြောသွားသေးတယ်။ သကြားလုုံးကတော့ အခုုမှကြောင်လောကထဲမွေးလာတာမိုု့လိုု့ ဦးကြောင်ကိုု မသိဘူး။ ကြောင်အမျိုးစပ်ရရင် ဘိုုးဘေးဘီဘင်တော်ရင်တော်နေမှာ။

  • သကြားလုုံးကြော်

    August 7, 2012 at 12:22 pm

    အန်တီ ဒုုံဒုုံ ၊ အန်တီမမ နဲ့ ဝါး ရေ၊ ပြောရမှာတော့ခပ်ခက်ခက်ပဲ။

    အဲဒီ Animal Control တွေကပဲ လမ်းပေါ်မှာ ပိုုင်ရှင်မရှိ အိမ်မရှိ ခွေးလေခွေးလွင့် ကြောင်လေကြောင်လွင့်တွေ မရှိအောင်လိုု့ သူတိုု့ကိုု ခဏထိန်းဖိုု့ ခိုုလှုံစရာ shelter တွေကိုုပိုု့ရတယ်။ Shelter တွေက ရောက်လာသမျှ တိရစ္ဆာန်တွေ အားလုုံးအတွက် ဘတ်ဂျက်ရော နေရာရော မရှိတော့ တကောင်ကိုု တပတ် ဆယ်ရက်လောက်ပဲထားနိုုင်တယ်။ ရက်ပြည့်သွားတဲ့ အကောင်တွေကိုုတော့ ကယ်ဆယ်ရေးအဖွဲ့တွေ ပိုုင်ရှင်သစ်တွေ ယူရင်ယူ မယူရင်တော့ အိပ်ဆေးငွေ့ ပေးလိုုက်ရရော။

    ကယ်ဆယ်ရေးအဖွဲ့တွေက ဒီလိုု shelter တွေကနေ လူတွေမွေးနိုုင်လောက်တဲ့ အကောင်လေးတွေကိုု ပြန်ရွေးထုုတ်လာပြီး အိမ်အသစ်ပြန်ရှာပေးဖိုု့ လုုပ်ကြရတယ်။ သူတိုု့တွေ ကိုုယ့်ထမင်းကိုုယ်စား၊ ကိုုယ့်ပိုုက်ဆံ နဲ့ အချိန် ကိုုယ်စိုုက်ပြီး မွေးမဲ့သူအသစ်ပြန်ရှာပေးရတဲ့ တနိုုင်အဖွဲ့အစည်းတွေဆိုုတော့ သူတိုု့လည်း ရှိသမျှအကောင်ထဲကမှ အဖွဲ့ဝင်တွေတအိမ်စီမှာ သူများပြန်မမွေးခင် ထားလိုု့ ဆံ့သလောက်ပဲ ကယ်နိုုင်တယ်။ တယောက် ၁ဝကောင် ၁၅ကောင်ထက် ဘယ်ထိန်းနိုုင်မလဲ။

    ပိုုဆိုုးတာက ပိုုင်ရှင်ရှိပါရက်နဲ့ အိမ်လည်လွန်ပြီး ပြန်မလာတတ်တဲ့ ကြောင်တွေခွေးတွေ shelter ရောက်သွားလိုု့ကတော့ ပိုုင်ရှင်တွေ အမြန်လိုုက်မရှာနိုုင်ရင် သွားရောပဲ။

    ဒါကတော့ လမ်းပေါ်မှာ ပတ်ဝန်းကျင်မှာ သန့်ရှင်းနေဖိုု့ အတွက် ပေးဆပ်ရတဲ့ နောက်က Behind the scene ပေါ့
    ဖတ်ပြီး အားပေးသွားတာကျေးဇူးပါ။

  • nature

    August 7, 2012 at 5:27 pm

    ကိုယ်မမွေးနိုင်မကြွေးနိုင်ပဲ ကယ်တင်ရှင်အမည်ခံပြီး လိုက်ဖမ်းနေသေးတယ်။ မကြွေးနိုင်တော့သတ်ပြစ်တယ်။ တော်တော်သွေးအေးင်္ပြီးရက်စက်တဲ့သူတွေအကုသိုလ်တော်တေ်များတဲ့သူတွေပဲ။ ဒီလို အလုပ်ရှုပ်ခံလိုက်ဖမ်းပြီး မကြွေးနိုင်တော့သတ်ပြစ်တာ သတ္တဝါညှင်းပန်းသတ်ဖြတ်မှုမြောက်ပါတယ်။ ဒီလိုလုပ်ရပ်မျိုးကိုတော့ ရှုပ်ချပါတယ်။
    မကြွေးမမွေးနိုင်ရင် ပြန်လွှတ်ပေးလိုက်ပါ။

    ကြောင်တွေကိုလွှတ်ထားရင်ကြွက်ပိုခုတ်တတ်တာမို့ တဖက်တလမ်းကအကျိုးပြုတယ်လို့ပြောလို့ရပါတယ်။ဆိုးကျိုးကတော့လူနေအိမ်ထဲဝင်ပြီးခိုးစားတတ်တာမျိုး တော့ ရှိတတ်ပါတယ်။

    • သကြားလုုံးကြော်

      August 8, 2012 at 6:58 am

      ဒီတခါတော့ သဂျီးပြောနေကျရဲ့ ပြောင်ပြန်။ လူတွေကြောင့်မဟုုတ် ၊စနစ်ကြောင့် လိုု့ ထင်တာပဲ။

  • kotun winlatt

    August 8, 2012 at 7:07 am

    အဟဲ..ကြောင်ဂိုဏ်းထဲဝင်ဖို့ ကြောင်သုတေသီလုပ်နေတာလားးးး
    ကက်ချုပ်ကြီးဆီမှာ အရင် ဝင်ခွင့်ပုံစံဖြည့်ပါ..
    ပြီးမှ ကြောင်ဝတုတ်ဆီမှာ အင်တာဗျူးဖြေရပါလိမ့်မယ်..
    ထို့နောက် ကြောင်လတ်..ကြောင်သေး..ကြောင်ပိစိကွေးတွေကလည်း
    မေးခွန်းများကို အဆင့်ဆင့်မေးကြမယ်ဖြစ်ကြောင်းပါ…။

    • သကြားလုုံးကြော်

      August 8, 2012 at 10:36 am

      အစွယ်တွေ လက်သည်းတွေပြရုုံနဲ့ မလုုံလောက်ဖူးလားဟင်။ 🙂
      အလုုပ်သင်တွေ ၊ထရိန်နင်တွေ ဆင်းဖိုု့ပါလိုုသေးလားမသိဘူး

  • ကြောင်ကြီး

    August 8, 2012 at 8:52 am

    သကြားလုံးကျော်
    တအားမုန်းဆော်
    အသားတုံးညှော်
    မစားတုန်းပေါ်
    ကုလားကုန်းအော်
    တရားရုံးတော်
    ဇယားသုံးဖော်
    ရထားဂုံးပေါ်..။

  • pooch

    August 9, 2012 at 12:06 am

    ကြောင်မျက်နှာက မှဲ့လေးနဲ့ တူတယ်။ ရုတ်တရက်ကြည့်လိုက်ရင်။
    ခုလိုပုံထဲမှာတော့ ချစ်စရာလေးတွေ ။ အပြင်မှာတော့ အနားကို မကပ်ရဲတာ။ ပွတ်သီးပွတ်သပ် နဲ့ အူယားလို့ ဝေးရာပြေးတာပဲ။

    ပုံတွေ အကုန်ကောင်းတယ်။ ရိုက်တတ်လိုက်တာ။
    ခွေးပုုံလေးတွေ လည်း ရိုက်ပါအုန်း။

    နာမည်ပြောင်းချင်တယ်ဆို kitty candy ဆိုတဲ့ နာမည်ရော မကြိုက်ဖူးလား။

    • သကြားလုုံးကြော်

      August 9, 2012 at 11:59 am

      မမယ်ပုုရေ၊ ခွေးလေးတွေပုုံရိုုက်ချင်တာ ခွေးကြောက်လိုု့ အနားမကပ်ရဲသေးဘူး။ ကိုုလုုလင်ရော မမပုုရောပြောလိုု့ ခွေးလေးတွေ ရှာရိုက်ဦးမှပဲ။
      ကြောင်လေးတွေက အနားကပ်ရမှာကြောက်ဖိုု့မကောင်းပါဘူးရှင့်။ ဖက်လိုု့သိပ်ကောင်း။ ကြောင်လေးတွေပိုုက်ထားတဲ့တွေသာပါရင် ဖက်ချင်သွားမှာ

  • မောင်ပေ

    August 9, 2012 at 9:19 am

    ကြောင်ကြောင်ကြောင်
    ညောင်ညောင်ဝေါင်
    မောင်မောင်ပြောင်
    ယောင်တောင်ပေါင်
    နောင်နောင်ရှောင်

Leave a Reply