*** ချစ်ခြင်းရဲ့ … ကောင်းကင် ***

maung khinminAugust 3, 20121min1053

တိတ်တဆိတ် ခြေသံဖော့ဖော့ နဲ ့ …
နှလုံးသားသော့ ကို ရိုက်ချိုး
နတ်ဆိုးတစ်ကာင်လို … ရင်ခုန်သံကို
ခိုးယူ သွားပေါ့ ….၊

အိပ်မက်ထဲကို … ကျူးကျော် နယ်ချဲ ့
စိတ်ကူးပုံရိပ်တိုင်း မှာ …. ကိုယ်ထင်ပြ
အဲဒီက  ……..  စပြီး
ငါ့ … အချိန် ဇယားမှာ  ….
မင်း …. အာဏာရ လာခဲ့တာလေ ….၊

ကျောက်ချထားတဲ ့ …. ကြိုးကိုမှ
တည့်တည့် ကြီး ဝင်တိုးခဲ့တော့ ….
ယိမ်းထိုး ခါရမ်း လို ့နေ ……………..ပေါ့
သံယောဇဉ် ရဲ့ ..  ရေအလျင် မှာ
ပဲ့ကိုင်ရှင် ဟာ …. …………
ချစ်ခြင်း ရဲ့ရာဇဝင် ကို  …. မှတ်တမ်းတင်ဖို ့
ခရီးစဉ် … ရေးဆွဲနေ ပေါ့ ….၊

မုန်တိုင်းအရိုင်းအစိုင်း တွေ ရဲ့ …
ငါ့ အလွမ်းတွေကို  ….. သယ် သွားစမ်းပါ
နှလုံးခုန်သံ  …. စည်းချက်မြန်မြန် နဲ ့ …
မာယာ ပင်လယ်ကို …. ကျော်ဖြတ်ပြီးရင်
သာယာ ယစ်မူးချင်စရာ …
ချစ်သူ ့မျက်နှာလေး …  လို
ကြည်လင် ကောင်းကင်မှာ …
ရင်ခုန်သံ ကို ….ဖြိုချ လိုက်ချင်ရဲ့ …။။။။

3 comments

  • မဟာရာဇာ အံစာတုံး

    August 3, 2012 at 4:15 pm

    ကဗျာ စာသားတွေက
    ကောင်းတယ်ဗျာ …
    အစအဆုံး အကုန်လုံးပဲ ..
    အားပေးသွားတယ်ဗျို့ …

    • maung khinmin

      August 3, 2012 at 4:34 pm

      ကျေးဇူးအထူးပါ ….

      ဆြာ …. အံစာ

Leave a Reply