Thu Rain Zaw Say: (သူရိန်ဇော်ပြော)
ဈေးသစ်ဘယ်လိုတည်ဆာက်မလဲ ၊
ဒွါရာဝတီချောင်းရဲ့ တစ်ဖက်ကမ်းအနီးရှိ ၊ ဒွါရာဝတီမြို့သစ်တွင် “အခွန်လွှတ်ဈေး”   တစ်ခုတည်ဆောက်ပေး
ဒီဘက်ကမ်းဘေးဈေး မီးလောင်တဲ့နေရာ ကွန်ဒိုအဆင့်မြင့် PLAZA ဈေးသစ်၁ခုတည်ဆောက်ပေး
ဈေးတစ်ခု နဲ့ တစ်ခု ချောင်းဟိုဘက်ဒီဘက် ကိုက် (၁၈၀) သာဝေးပါတယ် ခြေလျင်လျောက်ရင် (၁၅) မိနစ်သာဝေး
Chitee  Say – (ချစ်တီးပြော)
ဘယ်လိုငွေရှာမလဲ !
ရန်ကုန်က ကန်ထရိုက် တွေခေါ် ၊ အကျိုးတူဆောက်လေ ၊ ကွန်ဒိုတစ်ခြမ်းပေး ၊ တစ်ခြမ်းယူ – မြေတစ်ခြမ်းပေး တစ်ခြမ်းယူ စနစ်
လုပ်ကြည့်စမ်းပါ -ရန်ကုန် နဲ့ ရခိုင် ၀န်ကြီးချုပ်ချင်းညှိ – ရန်ကုန်စည်ပင်ကိုအကူအညီတောင်း -စည်ပင်နဲ့ ဆောက်လုကပ်ရေးလင်မယားလေ
Wei Thu Chone Natthar Say  -(၀ိသုကြုံနတ်သားပြော)
Easy going ပေါ့ -မလုပ်ချင်ရင်ဘာမှဖြစ်မလာဘူး-တပ်ရောင်ကားမလုပ်နဲ့
ဒို့ အိမ်လေးကိုဆေးခြယ်ဖို့ ၊ ၀ိုင်းဝန်းကြိုးစားကြ-ဘယ်သူပြောခဲ့လဲ! နေရဲမာန်ပေါ့။
ကွန်ဒိုအထပ့်မြင့်ဆောက်လေ- ၁၂ ထပ် ၁၅ ထပ်ဆောက်ပေါ့ အပေါ်ကနေ ပတ်ဝန်းကျင်ရှခင်းကြည့် -ပင်လယ်တွေ ဘုရားတွေ ရှုမျှော်ခင်းပေါင်းစုံ ၊ မြန်မာပြည်ကို Tourism ၁ သန်းခန့် လာမည်ပြော၊တည်းခိုခန်းဌား၊ PLAZA ဈေးဖွင့်ရောင်း ၊ ကျန်းမာရေး Center ဖွင့်၊ Fashion ဆိုင်တွေဖွင့် ၊ one stop shopping လုပ် 3D ရုပ်ရှင်ပြစားကြ
အဲဒီကရတဲ့ငွေနဲ့ -
သုံးထပ်လား ဆောက်ပေးပြီး မီးလောင်ခံရတဲ့ဈေးသူ ဈေးသားတွေကို အခန်းအလကားပေး အခမဲ့ပေါ့ နတ်လူသာဓု ခေါ်မှာ ဧကန်မုချ………..
ဈေးကောက်ကော်မတီလဲဝင်မရှုပ်နဲ့ -မီးလောင်တုန်းကပါသွားပြီ !
ရခိုင်ပြည်တိုးတက် ဘို့ စီမံသူတွေ လုပ်ကြပေါ့ – မလုပ်မရှုပ်မပြုတ်မဲ့သူတွေ လက်ရှောင် !                       
                                                                   “ဖိုးရာဇာ”
About သံတွဲ သူ
သံတွဲ သူ has written 1 post in this Website..
   Send article as PDF