ပန်းခူးပြီးကြပြီလား

““ဝါဆို၊ဝါခေါင်ရေ ဖောင်ဖောင်”” ဆိုသလိုပင် မိုးကလဲအထူးကောင်းလှပေသည်။

သံတွဲမြို  ့မြေနိမ့်ပိုင်းရပ်ကွက်များ ရေမြုပ်နေကြလေပြီ။မိုးတွင်းရောက်လာပါလျှင်
 မြစ်ရေကြီးမှာကို အထူးစိုးရိမ်ကြရပါသည်။
    ယနေ ့အတွက် အထူးထွေထွေထူးပြောစရာလိုမည်မထင်ပေ။Gregorian Calendar
အရ ဩဂုတ်လ(၂)ရက်၊ဝါဆို လပြည့်နေ ့အခါသမပင်ဖြစ်ပါသည်။မြန်မာနိုင်ငံသား
ဗုဒ္ဓဘာသာဝင်တို ့အဖို ့ဝယ် ““သန္ဓေတောထွက်၊ဓမ္မစက်၊တစ်ချက်ပြာဋိကာ”ဆိုသည့်
အတိုင်း ဂေါတမဘုရားသည်
-ပဋိသန္ဓေယူတော်မူခြင်း
-တောထွက်ခြင်း
-ပဉ္စဝဂ္ဂီ(၅)ဦးအား ဓမ္မစကြာတရားဦး မြွက်ကြားခြင်း
-တိတ္တိတို ့အား တန်ခိုးပြာဋိကာ ပြတော်မူခြင်း. စသည်တိုကိုပြုမူခဲ့သောအခါသမယ
လဲဖြစ်သည်။
   ဝါတွင်းကာလရောက်ပြီဆိုလျှင် ဆွမ်းလောင်းအသင်းများ တက်ကြွစွာ အလုပ်လုပ်
ကြပုံ၊ဝါဆို သင်္ကန်းဆပ်ကပ်လှူဒါန်းကြတာ ကိုနေရာအနှံအားရဖွယ် တွေ ့မြင်နေရပါ
တယ်။
   ဝါဆိုလ၏ ထူးခြားချက်မှာ ယနေ ့ချိန်ခါတွင် ကျနော်တို ့မြို  ့ပေါ်တွင်မကြားဖူးသော
ဝါဆိုပန်းခူးခြင်းဖြစ်ပါသည်။ရိုးရာဓလေ့ အဖြစ် မော်လမြိုင်ဖက်တို ့၊ကျနော်တို ့မြို  ့က
အတော့်သင့်သွားရသော ဂွမြို. ့နယ်အပိုင် ကျေးရွာတို ့တွင် အထူးစည်ကား ပျော်ရွှင်
ဖွယ်ဖြစ်သည်ကို အကိုmyanmarcitizen ကိုသက်သေထားပါ၏။
   နှစ်စဉ် ဝါဆို လပြည့်ကျော် (၁)ရက်နေ ့တွင် ဝါဆိုပန်းခူးထွက်လေ့ရှိကြသည်။ရပ်ရွာ
အသီးသီး၊တောကြို၊အုံကြားပါမကျန် မိန်းမပျိုလေးများ၊ကာလသား လူပျိုသိုးများ
လပြည့်ကျော်(၁)ရက်တွင် အဖွဲ ့လိုက်စု၍ ရေတံခွန်းများ အသီးသီးရှိကြရာ တောစပ်၊
တောင်စပ်သို ့သွား၍ ရေချိုးကြ၊တောပန်း၊တောင်ပန်းလေးများ ခူးကြသည်။ဝါဆိုပန်း
များကို ဝါကပ်ရာတွင် လှူဒါန်းနိုင်ရန် သို ့မဟုတ် စေတီပုထိုးများတွင် ကပ်လှူရန်ဖြစ်စေ
ယူဆောင်လာကြပါသည်။နေရာ၊ဒေသအလိုက် ကွဲလွဲနိုင်သော်လည်း ဗုဒ္ဓဘာသာဝင်
တို ့အဖို ့တန်ဖိုးထား ထူးမြတ်သော လတစ်ခုပင်ဖြစ်ပါသည်။
P.S. 
ယနေ ့လို နေ ့ထူးနေ ့မြတ်တွင် အများသူငါ ဥပုပ်သီတင်းသီလ ဆောက်တည်၍ အေး
ချမ်းစွာ နေထိုင်သူများရှိကြသလို၊လူငယ်ပီပီ အပျော်အပါးကို အသောက်အစားနဲ ့တွဲ
၍ လည်ပတ်နေသူများကို တွေ. ့နေရပါတယ်။သူတို ့၏ပျော်ရွှင်မှုကို အပြစ်မမြင်ပါ
သော်လည်း တခဏတာ ပျော်ရွှင်မှုသာဖြစ်ပါစေ၊အမြဲတမ်း ခုလိုသာ သွားနေကြမယ်
ဆိုရင် ဖြင့် အနာဂတ်လူငယ်တွေနဲ ့တိုင်းပြည်အဖြစ်က မတွေးဝံ့စရာပါ။

22 comments

  • mamanoyar

    August 3, 2012 at 12:51 pm

    ဝါဆိုပန်းခူးထွက်တဲ့ဓလေ့လေး မကြားဖူးပါဘူး အခုကြားဖူးတော့ ပျော်စရာကောင်းမယ်လို့ထင်ပါတယ်
    ဝါဆိုပန်းတွေခူးပြီး ဘုရားကပ်တာ ကုသိုလ်တစ်မျိုးပဲလေ
    ” ယနေ ့လို နေ ့ထူးနေ ့မြတ်တွင် အများသူငါ ဥပုပ်သီတင်းသီလ ဆောက်တည်၍ အေး
    ချမ်းစွာ နေထိုင်သူများရှိကြသလို၊လူငယ်ပီပီ အပျော်အပါးကို အသောက်အစားနဲ ့တွဲ
    ၍ လည်ပတ်နေသူများကို တွေ. ့နေရပါတယ်။”
    လူတွေပျော်ပွဲစားထွက်ဖို့ အချိန်တွေအများကြီးရှိကြပါတယ်
    အားလပ်ရက်တွေပေါ့ တရားနာ၊ဥပုပ်စောင့်ဖို့ကျ အချိန်မရှိဘူးလားမေးတော့ ရှိပါတယ်
    ဒါပေမယ့် လူ့စိတ်ဆိုတာ ကောင်းတဲ့ဘက်ကိုပါဖို့ ခဲရင်းလို့ပါ
    အခုလိုဝါဆိုလပြည့်နေ့ကိုတော့ တရားနာ၊ ဥပုပ်စောင့်တာ ကိုပိုသဘောကျပါတယ်

    • အတိသဌ္ဇနာဂရ

      August 3, 2012 at 1:50 pm

      @mamanoyarရေ ဥပုပ်သီလယူသူတွေနဲ ့လဲစည်ကားပေမယ့် လူငယ်တွေတလွဲအသုံးချနေတာ
      ကိုမြင်ရင်း အားငယ်မိလို ့ပါ။
      @မမခိုင်ခိုင်ရေ-
      @ကိုပေက မေးနေပြီနော့်။
      @မမအိတုံရေ ပန်းခူးပြီး လိပ်ဥတူးတာတော့ ကျနော်လဲ စိတ်ဝင်စားသဗျာ။သို ့သော် လူငယ်တွေ
      ပန်းခူးတာကိုအကြောင်းပြ အသောက်အစားဖက်လိုက်နေတာကို အားမရလို ့ပါ။
      @မမအေးရေ မော်လမြိုင်က ပန်းခူးကြတာတွေကို သူငယ်ချင်းတွေပြောပြလို ့နည်းနည်းကြား
      ဖူးထားရုံပါ။ဖြစ်နိုင်ရင် ပုံလေးတွေတင်ပေးစေလိုပါ၏။
      @မအိရေ အလျော်ပေးရအောင်တော့ မလုပ်စေချင်ပါဗျာ။

  • Khaing Khaing

    August 3, 2012 at 12:55 pm

    အရင်ကဆို မေမေကပြောဖူးတယ် ဝါဆိုပန်းခူးထွက်ကြရင်းနဲ့ ချစ်ချစ်နောက်လိုက်ပြေးကြတဲ့လူတွေရှိတယ်တဲ့ … ဝါဆိုလဟာ ပျော်စရာကောင်းတဲ့လတစ်လဖြစ်ပါတယ် … ဒီလတွေကစပြီး ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေက ဝါတွင်းမှာ ဥပုဒ်သီလတွေကို အထူးသဖြင့်ဆောက်တည်ကြ ပါတယ် ……

    • မောင်ပေ

      August 3, 2012 at 1:36 pm

      မခိုင်ကရော
      ချစ်ချစ်နောက်ကို
      ဘယ်လို လိုက်ခဲ့တာရဲဟင်… ဟီဟိ
      ကိုသန်းထွတ်ဦးရေ သတိပေးပိုစ့်အတွက် ကျေးကျေးပါဗျာ

      • Khaing Khaing

        August 3, 2012 at 1:55 pm

        ဒီလိုပါပဲ ကပေရေ ကတိုက်ကရိုက် မှီရာဆွဲပြီးပြေးလိုက်တာပဲ …. နို့မဟုတ် သူများတွေက အပျိုကြီးဆိုပီး ဝိုင်းနှိမ်မှာစိုးလို့ပါ ……. အိပ်မက်ထဲကအကြောင်းများ …. 😉

  • etone

    August 3, 2012 at 1:11 pm

    ဒီနေ့က ဝါဆို ပန်းခူးထွက်တဲ့နေ့လို့ … မေ့နေရာက ၊ သူများပြောမှပဲ သတိရတော့တယ် ….. ။
    ရုပ်ရှင်ထဲမှာတော့ တောက ပန်းခူးထွက်တဲ့ ဓလေ့လေးမြင်ခဲ့ဖူးတယ်…. ။ ဝါဆိုပန်းခူးပြီး ဘုရားတင်ကြတယ် .. ပန်းခူးရင်း လိပ်ဥတူးတဲ့ ဇာတ်လမ်းလေးမျိုးပေါ့ … ဟီးဟီး 😀

  • aye.kk

    August 3, 2012 at 1:20 pm

    အတိသဉ္စနာဂရရေ….
    အန်တီတို ့မွန်ပြည်နယ်ဖက်မှာတော့..
    အထူးသဖြင့်အန်တီနေထိုင်ခဲ့တဲ့မြို ့မှာ…
    ဝါဆိုပန်းချိုး၊ပျော်ပွဲစားထွက်လေ့ရှိတာဒီနေ ့ပါဘဲ။
    မိသားစုတွေအုပ်စုအလိုက်ပေါ့နော်။
    ရေအားအဆင်းကောင်းတဲ့စမ်းချောင်းရှိတဲ့နေရာတွေမှာရေချိုးရေကူးကြပြီးတောပန်းတွေခူးကြတယ်။
    ညနေခင်းပြန်လာတဲ့အခါဘုရားကျောင်းဇရပ်တွေဝင်ပြီး၊ကိုယ်တိုင်ချိုးပြီးခူးလာတဲ့ပန်းတွေဘုရားမှာ
    ဝင်ပြီးကပ်လှူပူဇော်ကြတယ်။။
    ဒီလို ့နေ ့မျိုးကဘဝမှာပျော်ရွှင်ကြည်နှူးစရာကောင်းလှတဲ့နေ ့များအဖြစ်ရပ်တည်နေခဲ့တာ
    အမှတ်ပြန်ရနေမိခဲ့ပါတယ်။။။

  • Ma Ei

    August 3, 2012 at 1:26 pm

    ဒီနေ့ ရုံးတက်နေရတော့
    ဝါဆိုပန်းခူး ဆိုပြီး
    အလှစိုက်ထားတဲ့
    ပန်းတွေ ခူးလိုက်ရင်ဖြင့်
    လျော်ရဘို့ သေချာနေပြီ…

  • may flowers

    August 3, 2012 at 1:46 pm

    ဝါဆိုပန်းခူးထွက်တဲ့ဓလေ့ကို ကြားသာကြားဖူးခဲ့ပေမဲ့ တစ်ခါမှ မကြုံဖူးခဲ့ဘူး ပျော်စရာကောင်းမှာ လို့တော့

    ထင်ပါတယ်။

  • ပင်လယ် ပျော်

    August 3, 2012 at 1:47 pm

    ရန်ကုန်ကအပျိုဒွေ ဝါဆိုလပြည့် ပန်း”ဝယ်” ထွက်ရ အောင်ဟေ့…

  • အတိသဌ္ဇနာဂရ

    August 3, 2012 at 2:07 pm

    @မေဖလားဝါးလေးရေ အားပေးဖတ်ရှုလို ့ကျောဇူးနော်။
    @ကိုပင်လယ်ပျော်ရေ ပန်းခူးမှာလဲ။ပန်းမဝယ်ရပါဘူး။
    ဟီးးးးးနောက်တာပါဗျာ။
    @အကို၊အမများ အားလုံးကို ဤပို ့စ်သည် မနေ ့ကရေးထားပြီး
    ယနေ ့မှတင်ရလို ့ဒိတ်မှားနေသည်ကို နားလည်ပေးပါဗျားးးး

  • မွန်မွန်

    August 3, 2012 at 3:03 pm

    မွန်မွန်တို့ဘက်မှာတော့ ကွမ်းခြံကုန်းမြို့နယ်အပိုင်ဘက်က တောင်ပါ်ကျောင်းကို သွားကြတယ်။ တော်တော်များများသွားကြပေမယ့် မွန်မွန်ကတော့ အခုထိ တစ်ခါမှကို မရောက်ဖူးဘူး။ အတွဲတွေ၊ သူငယ်ချင်းအဖွဲ့လိုက်တွေသွားပြီး ဝါဆိုပန်းခူးတယ်ပြောတာပဲ…

  • နှင်းဆီ ငုံ

    August 3, 2012 at 3:52 pm

    အင်း တစ်ကျောင်း တစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်းဆိုသလိုပေါ့
    ငုံတို့ ကချင်ပြည်နယ်ဘက်မှာတော့ ဝါဆိုပန်းခူးရုံပါပဲ
    ရေတွေ ဘာတွေတော့မချိုးကြဘူး
    ဝါဆိုပန်းဆိုတာသီးသန့်ရှိပါတယ် တောစပ်တွေမှာပေါက်တာပါ ဒီဝါဆိုလပဲပွင့်တာ
    အပွင့်လေးက အဖြူနဲ့အဝါကြားထဲကအရောင်ပေါ့ (ဘာပန်းနဲ့ဆင်လည်းစဉ်းစားကြည့်တာ ရှာမတွေ့ဘူး)
    ဝါဆိုလပြည့်နေ့လည်ကို မိန်းကလေးတွေချည်း ဝါဆိုပန်းခူးထွက်ကြပြီးရင် ညနေမှ ဘုန်းကြီးကျောင်းတွေ ဘုရားတွေမှာ ဗုံနဲ့မောင်းနဲ့ သွားလှူရတာပါ ပျော်စရာတော့ အလွန်ကောင်းပါတယ် …

  • မဟာရာဇာ အံစာတုံး

    August 3, 2012 at 4:07 pm

    ကိုနာဂရေ ..
    ဖတ်ရှုသွားပါတယ်ဗျာ ..
    ဝါဆို ပန်းခူးထွက်ရတာ ..
    တော်တော်တော့ ပျော်စရာ ကောင်းမယ်ဗျနော့ ..

  • natthamee

    August 3, 2012 at 4:18 pm

    ငယ်ငယ်တုန်းက ရုပ်ရှင်တွေထဲမှာ ကြည့်ဖူးတယ်။ အရမ်းပျော်ဖို့ကောင်းတယ်နော်။

  • myanmarcitizen

    August 3, 2012 at 5:51 pm

    တစ်ရက်လုံး ကိုးနတ်ရှင်ကဒုက္ခပေးနေတာနဲ့ ကိုယ့်ကို သက်သေထဲ့ထားတာခုမှတွေ့တယ်ဗျာ။ late reply ပေါ့
    ဟုတ်တယ်ဗျို့။ ကြီးကြီးငယ်ငယ်အကုန်လုံး ပန်းလဲခူး ပျော်ပွဲစားသဘောမျိုးပေါ့ အိမ်ကနေချက်ပြုတ်ပြီး မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ထွက်တော့တာပဲ။ အများဆုံးသွားကြတဲ့နေရာကတော့ နီးစပ်တဲ့ ပင်လယ်ကမ်းခြေပေါ့ဗျာ။ ဆော့လိုက်ကြ တစ်ယောက်နဲ့တစ်ယောက် ပင်လဲထဲ တစ်ယောက်ကို နှစ်ယောက် သုံးယောက်လောက်က တုတ်ပြီးပစ်ချလိုက်ကြ။ နောက်ပါလာတာလေး ဝါးလိုက်ကြနဲ့တော်တော်ကိုပျော် ဖို့ကောင်းတယ်ဗျို့။ (ဒါကဂွဘက်ကအထာလေးပေါ့) ခုချိန်ဆို ငါ့ကောင်တွေ အူမြူးနေကြတော့မယ်။
    မနှစ်တုန်းက ဒီလိုနေမတိုင်ခင် ၁ဝ ရက်လောက်အလိုကနေ ရန်ကုန်ကိုပြန်လစ်လာခဲ့တယ်။ အမကတော့ တားပါသေးတယ် နင်ဝါဆိုလပြည့်နေ့အထိနေပါအုန်းတဲ့ ကိုယ်ကမှမနေနိုင်တာပြန်လာခဲ့ရတယ်။ ရေတံခွန်ကို သွားမယ်ဆိုပဲ သူပြောတာ ဘယ်နားကလဲတော့မသိ။ ကိုကအမြဲမနေတော့ အဲ့ရောက်ရင်သူတို့ကိုပဲအား ကိုးနေရတယ် အဲ့လို အဲ့လို
    ဝါဆိုနဲ့အတူနားထောင်ဖြစ်တဲ့သီချင်းရှိတယ်ဗျကျွန်တော့မှာ။ “ဝါဆို” ရယ်သိပ်သတိရမိတယ် တကယ်ပဲကွယ် …ဆိုတာလေ။ ခုတောင် သတိရသွားပြန်ပြီိ နားထောင်လိုက်အုန်းမယ်ဗျို့…

    http://www.youtube.com/watch?v=GOyRyGSpxHE

  • အတိသဌ္ဇနာဂရ

    August 3, 2012 at 7:55 pm

    @မွန်မွန်@နှင်းဆီငုံ@နတ်သမီး@အကိုတောင်ဖက်သားလေးရေ
    ခုလိုဝင်ရောက်ပြီးဆွေးနွေးတဲ့ နွေးထွေးပြူငှာမှုအတွက်အထူး
    ကျေးဇူးပါဗျာ။

    • မဟာရာဇာ အံစာတုံး

      August 3, 2012 at 8:36 pm

      သားသားလည်း ပါဘူးနော် ..
      သားဂို
      ကျော်ခွတွားဒါလားဟင်င်င်လို့ .. 😀 😀
      နောက်ဒါဘာ …

  • အတိသဌ္ဇနာဂရ

    August 3, 2012 at 8:44 pm

    မဟုတ်ပါ ဘူးဗျာ တကယ်မေ့၊အဲလေ မေ့ချင်ယောင်ဆောင် ရော မဟုတ်ရပါဘူးဗျာ။
    ကိုကြီးအံအတွက် ပန်းခူးမယ့် ကောင်မလေးရှာပေးနေလို ့ပါဗျာ။ဟီးးးးးး

  • ကြောင်ကြီး

    August 4, 2012 at 9:50 am

    ပန်းခူး
    ဆန်းဦး
    ရှမ်းမူး
    လှမ်းထူး
    နမ်းဘူး
    မန်းရူး
    ဝမ်းတူး
    ငန်းပြူး..။

  • အတိသဌ္ဇနာဂရ

    August 4, 2012 at 5:57 pm

    ဦးကြောင်ကြီးရေ ဘယ်လို ငန်းပြီးပြူးသွားပါလိမ့်ဗျာ။ကဗျာလေးအတွက်
    ကျေးဇူးပါခင်ညာ့။

  • အတိသဌ္ဇနာဂရ

    August 10, 2012 at 9:20 pm

    ပန်းခူး
    ဆန်းဦး
    ရှမ်းမူး
    လှမ်းထူး
    နမ်းဘူး
    မန်းရူး
    ဝမ်းတူး
    ငန်းပြူး..။
    ဒီကဗျာလေးကိုကြိုက်လို ့ဘယ်လို ငန်းပြူး
    တာလဲ မေးနေတာကို ဦးကြောင်မဖြေသေးဘူးနော့။

Leave a Reply