ကျော်ကြားနေ တဲ. ကျောက်ပန်းတောင်းဘက်က စိတ္တဇလူသတ်သ္မား သတင်း

Knowledge SeekerAugust 3, 20121min15912

ဒီပုဂံညောင်ဦး ဘက်မှာ ဒီရက် ပိုင်း လူတွေ အထူးသဖြင်. မိန်းမတွေ ထိတ်လန်.တကြား ဖြစ်နေကြပါတယ် ။ ကျောက်ပန်းတောင်းတဝိုက် က ရွာတွေမှာ ဈေးရောင်း ဘို.သွားပြီး အပြန်မှာ စိတ္တဇ လူသတ်သ္မားတစ် ရောက် က မိန်းမကြီး တွေ အသက် ၅ဝ ကျော် တွေကို ဦးစွာ ရင်သားကို လှိီးဖြတ်ပြီး မှ သတ်တာ ၄ ယောက်လောက် ရှိပြီလို. ကျောက်ပန်းတောင်း နား က ရွာတစ်ရွာ က သူ အမျိုး ရှိတဲ. ညောင်ဦး ကို အကြောင်းကြား ရာ က နေ ဒီ သတင်း ပြန်.ပွား ခဲ.တာပါ။

မနေ. က ရဲတွေဟာ ဒီ စိတ္တဇ လူသတ်သ္မား ညောင်ဦး ကို ရောက် မယ် ဆိုလို. သတိနဲ. ရှာဖွေ ပေမဲ. မတွေ. ဘူး လို. သိရပါတယ်။

12 comments

  • မဟာရာဇာ အံစာတုံး

    August 3, 2012 at 3:30 pm

    ဒီလူသတ်သမားကလည်း
    အသက် (၅၀) ကျော် မိန်းမကြီးတွေကို
    လိုက်သတ်နေတာဆိုတော့ …
    သူ့စိတ်ထဲ အဲ့ဒီလို အမျိုးသမီးကြီးတွေနဲ့ ပတ်သက်တဲ့
    စိတ်ဒဏ်ရာ ကို ခံစားနေရလို့ ထင်ပါရဲ့ …

    ဘာပဲဖြစ်ဖြစ် ..
    အဲ့ဒီ လူသတ်သမားကို မြန်မြန် ဖမ်းမိမှ တော်ပေမယ်ဗျို့ ..
    နို့မဟုတ်ရင် လွယ်ဘူးရယ် …

  • မွန်မွန်

    August 3, 2012 at 3:38 pm

    သတင်းဖော်ပြပေးတာ ကျေးဇူးပါ။
    လူသတ်သမား တစ်ယောက် လို့ရေးရင် အဆင်ပြေမယ် ထင်မိပါတယ်။

  • ho leo

    August 3, 2012 at 4:06 pm

    ရဲတွေကဖမ်းမိမှာသေချာလို့လား?
    မြန်မြန်ဖမ်းမိပါစေလို့ ဆုတောင်းပါတယ်။

  • eipu

    August 3, 2012 at 4:07 pm

    ဘာနာကြည်းချက်ရှိနေလဲမှ မသိတာ။
    ဒါပေမယ့် ဒီလိုနည်းလမ်းနဲ့ မဖြေရှင်းသင့်ပါဘူး။

  • အတိသဌ္ဇနာဂရ

    August 3, 2012 at 8:07 pm

    အင် ရက်စက်လှတဲ့ ပုံစံပါလား။ဖြစ်နိုင်ရင် ဖမ်းဆီးထိန်းသိမ်းရမှာပါ။
    ပြည်သူတွေ လုံခြုံမှုပေးနိုင်ပါစေဗျာ

  • etone

    August 3, 2012 at 8:18 pm

    ရဲဖမ်းမိတာ မဖမ်းမိသေးတာ အပထား … ကိုယ့်လုံခြုံရေးအတွက် … ဓါးဆောင်ထားသင့်တယ် …. ။
    အဲ …ကျွန်မက လက်နက်ကိုင်ဆောင်ပါလို့ လှုံ့ဆော်တာမဟုတ်ပါဘူး …. ။ မိမိကိုယ်ကို ကာကွယ်ဖို့ တယောက်တည်း သွားရတဲ့ လူတွေအတွက် … တွေးမိလို့ပါ …. ။

  • မောင်ပေ

    August 3, 2012 at 9:12 pm

    လူသတ်သမားကို ဖမ်းမိပြီးရင်တော့
    ဘာကြောင့်သတ်တာလဲ ဆိုတာကို သေချာစစ်ဆေးပြီး
    လူသတ်ဖို ့အကြောင်းဖြစ်ရခြင်း ကို ပြည်သူတွေကို အသိပေးအကြောင်းကြားသင့်တယ် လို ့ထင်ပါတယ်

  • snow white

    August 4, 2012 at 10:30 am

    ကြောက်စရာကြီးပါလား လူသတ်မသမားကလည်း အမြန်မိဖို့အရေးကြီးပါတယ် ခုတောင် ၄ယောက် သေနေပြီ မြန်မြန် လေးလူသတ်သမားကို ရှာတွေ့နိုင်ပါစေ။

  • mamanoyar

    August 4, 2012 at 10:43 am

    အမြန်ဖမ်းမိပါစေလို့ဆုတောင်းပါတယ်

  • နွေဦး

    August 4, 2012 at 1:49 pm

    သေချာတဲ့ သတင်းမို့လို့လား…
    လူလေးယောက်သတ်ထားပြီးပြီ ဆို တနေရာရာက သတင်းဖေါ်ပြကြမှာပါ..။
    ကောလဟာလ ဖြစ်ဖို့ များတဲ့ သတင်း ပါ ။
    ဒါကို မတွေးဘဲ ဆုတောင်းတဲ့သူနဲ့..လက်နက်ဆောင်မဲ့သူနဲ့
    ဘာကြောင့်သတ်တာလဲလို့သိချင်သူနဲ့ ..အညှိုးအတေး ကြောင့်လားလို့ ထင်ကြေးပေးနေကြတာ…။
    ဟားဟား ရီရတယ်..။

  • ဇောက် ထိုး

    August 4, 2012 at 3:28 pm

    ပါဏာတိ ပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။

    လူလူချင်းသတ်တာကြတော့
    ကြွက်ကြွက်ကို ညံနေတာပဲ။

    နယ်စုံရပ်စုံ နိုင်ငံစုံမှာ ကြက်များကိုလည်လှီးပြီးသတ်နေသည်ဟု သတင်းရရှိပါသည်ခင်ဗျာ….
    ဘာသံမှ မကြားဘူး…

    ပါဏာတိ ပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
    အဲဒါ…အဲဒါ…. အဲဒါ…. ပါဏာတိ ပါတာ……………………..

  • P chogyi

    August 5, 2012 at 9:23 am

    သူငယ်ငယ်က၊ သူ့အမေသူကို ချိုချိုမတိုက်ဘဲ
    ရပ်ကွက်ထဲမှာ အတင်းသွားပြောပြောနေလို့
    စိတ်နာပြီး လုပ်တာတဲ့။

Leave a Reply