ဗိုလ်တစ်ထောင်ဘုရားသို့ တစ်ခေါက်

Phaung PhaungAugust 3, 20121min31524

ဝါဆိုလပြည့်နေ့မှာ ဗိုလ်တစ်ထောင်ဘုရားကို သွားဖူးခဲ့ပါတယ်။ ကျွန်မမှတ်မိသလောက် ရန်ကုန်မှာမွေး ရန်ကုန်မှာကြီးပြီး ဗိုလ်တစ်ထောင်ဘုရားကို တစ်ခါမှမရောက်ဖူးပါဘူး..အဟိ
ကြွားတာ… 😀
နေ့ထူးနေ့မြတ်မို့ လူတွေကြိတ်ကြိတ်တိုးစည်ကားနေတာပါပဲ။ ဘုရားဖူးတွေနဲ့ ရင်ပြင်တော် ပေါ်မှာပြည့်နေတာပါပဲ။ မရောက်ဖူးလို့ အေးအေးဆေးဆေးလည်း မဖူးခဲ့ရပါဘူး… လူတွေများနေတာနဲ့။ မိုးကလည်းရွာထားသေးတော့ စိုစိုစွတ်စွတ်နဲ့ မချော်လဲအောင်တောင် မနည်းလျှောက်ခဲ့ရပါတယ်။
တခုတော့ ဘယ်ဘုရားမှာမှမတွေ့ရတဲ့ ဌာပနာတွင်းကိုတော့ ဖူးခဲ့ရပါတယ်။ လူများတဲ့နေ့မို့ တော်တော်လေးတန်းစီလိုက်ရပါတယ်။ အထဲမှာ ရွှေစင်ရွှေသား အတိနဲ့ ဘေးနံရံတွေရော/အမိုးအထိပါ ပူဇော်ထားပါတယ်။ ဌာပနာတွင်းမှာ လည်း ဘုရားဖူးပြည်သူတွေရဲ့လှူဒါန်းငွေတွေနဲ့ပြည့်နေတာကို တွေ့ခဲ့ရပါတယ်။
ဒီကြားထဲ အမျိုးသမီးကြီးတစ်ယောက်က လူအများလိုတန်းမစီပဲ ထွက်ပေါက်ဖက်ကနေဝင်လာပြီး ထိပ်ဆုံးကနေတိုးကြိတ်ပြီး ဖူးသွားပါတယ်။ ဘုရားအစောင့်ကလည်း ဒီဘက်ကနေဝင်လို့မရပါဘူး ပြောနေတဲ့ကြားထဲကကို အတင်းကိုဝင်တာပါပဲ။ အော်…….. အသက်ကြီးပေမယ့် ……..။
လိပ်ကန်မှာလည်း လိပ်စာကန်စွန်းရွက်တွေ ရေမျက်နှာပြင်မှာအပြည့်ပါပဲ….။လိပ်တွေကလည်း အများကြီးပဲ။ နှစ်ကောင်လောက်တော့ သေနေတယ်ထင်တယ်..။ရေပေါ်မှာ ဘောလောပေါ်နေတယ်…။

ဘုရားရင်ပြင်တော်ရဲ့ညာဘက် အသိ/သတိရုပ်ပွားတော်ကြီးကို ဖူးဖို့အသွားမှာတော့ စတွေ့တော့တာပါပဲ။ ရင်ပြင်တော်ရဲ့ စောင်းတန်းဘေးကအဖြတ် ရေသွားမြောင်းလေးပေါ်မှာ အမှိုက်တွေပုံထားပြီး ကွမ်းတံတွေးတွေပါထွေးထားကြပါတယ်။ ပြီးတော့ လူတွေထိုင်ဖို့ အပင်တွေကို ဝိုင်းထားတဲ့အဝိုင်းပေါ်မှာလည်း အမှိုက်တွေပြန့်ကျဲလို့ပါပဲ။ အသိ/သတိ ဘုရားကြီးရဲ့ အလှူခံမဏ္ဍာပ်ဘေးမှာလည်း အမှိုက်ပုံတွေ့ပြန်ပါပြီ။ ကွမ်းတံတွေးကတော့ နေရာအနှံ့ပါပဲ။ အလှသစ်ပင်လေးတွေရဲ့ အောက်မှာလည်း အမှိုက်တွေပုံလို့ပါပဲ။

အော်… လူတွေတော်တော်စည်းကမ်းမဲ့နေလိုက်ကြတာလို့။ ကိုယ့်နိုင်ငံရဲ့ အထွဋ်အမြတ်ထား ရာ တန်ခိုးကြီးဘုရားမှာ အခုလိုစည်းကမ်းမဲ့ အမှိုက်တွေပြန့်ကြဲနေတာ နိုင်ငံခြားသားတွေမြင်ရင် ရှက်စရာကောင်းပါတယ်။ အမှိုက်ပုံးထဲကို အမှိုက်ထည့်တတ်တဲ့ အကျင့်တွေရဖို့ ပြုပြင်ကြရမှာပါ ….။ လမ်းဘေးလဲမဟုတ်…. တကယ့်ကို တန်ခိုးကြီးဘုရားပေါ်မှာ အခုလိုစည်းကမ်းမဲ့တာမျိုး မဖြစ်သင့်ပါဘူး…. မြင်ရတာ ရွံ့ဖို့တောင် ကောင်းပါတယ်။ မိုးရွာထားတော့ ပိုဆိုးပါတယ်။ လိပ်ကန်ထဲကို ကွမ်းတံတွေးထွေးချတဲ့လူလည်းရှိပါတယ်။ မြင်သမျှ စိတ်တိုင်းမကျခဲ့ရပါဘူး။
သမီးကလည်းတစ်ဖက်နဲ့ထီးတွေအိတ်တွေနဲ့ဆိုတော့ အမှိုက်တွေကို ဓါတ်ပုံတောင်မရိုက်ခဲ့ရပါဘူး…..။
ပြောချင်တာကတော့ “မြန်မာတွေစည်းကမ်းမဲ့နေကြသည်”…..ဟူရျ်သာ……….။

ဝါဆိုလပြည့်နေ့အမှတ်တရပါ။

24 comments

  • မဟာရာဇာ အံစာတုံး

    August 3, 2012 at 4:20 pm

    အမနဲ့ ကျနော်နဲ့ တူသွားပီ ..
    ကျနော်လည်း ရန်ကုန်မှာနေတာ
    ချိုးကပ်တော့မယ် ..
    ဗိုလ်တထောင် ဘုရားကို တစ်ခါပဲ ရောက်ဖူးသဗျ ..

    • manawphyulay

      August 4, 2012 at 12:08 pm

      ညနေဆို ဗိုလ်တစ်ထောင်ဆိပ်ကမ်းလေးက အတော်စည်သား… ဓာတ်ပုံရိုက်ဖို့ အရမ်းရှုခင်းလှပြီး လေတဖြူးဖြူးနဲ့လေ… ဘုရားလည်းဖူးရင်း သွားကြည့်ပါလား….

  • ပင်လယ် ပျော်

    August 3, 2012 at 4:34 pm

    Phaung Phaung ကတော်သေးတာပေါ့….အနော်အိမ်ကဗိုလ်တစ်ထောင်ဘုရား နားမှာပါ…လက်ဆယ်ချောင်းထောင်ပြီး ချိုးရေကြည့် ရင် မပြည့်ပါဘူး…:) ဒီလိုပါပဲ…စည်ပင်ကမြောင်းတွေဆည်ပြီးရင် ပြီးပြီ…သိမ်းချင်လည်းသိမ်းတယ်…အဲ..ဒါပေမဲ့ “မကြာမီလာမည် ‘မျှော်’ “ဆိုတာပါပဲ….

    • Khaing Khaing

      August 3, 2012 at 4:53 pm

      ဘာပြောတယ် … လက်ဆယ်ချောင်းထောင်ပြီး ချိုးရေကြည့်ရင် မပြည့်ပါဘူး …. ဟုတ်လား
      ကိုပင်လယ်ပျော်ကို ဗိုလ်တစ်ထောင်ဘုရားနားမှာတော့ ကောင်မလေးတစ်ယောက်နဲ့ ခဏခဏတွေ့ဖူးသလားလို့ … လူမှားတာပဲဖြစ်ပါမယ် …. ကောင်မလေးက ဆံပင်ရှည်ရှည်လေးနဲ့လေ ….

      • မဟာရာဇာ အံစာတုံး

        August 3, 2012 at 4:58 pm

        မာမီ က
        သူများ အတွဲကို
        သွားသွား ချောင်းနေဒါလားဟင်င်င် … 😀

      • ပင်လယ် ပျော်

        August 3, 2012 at 5:03 pm

        ဟာ..ပေါ်ကုန်ပြီ…ဗိုလ်တစ်ထောင်ဘုရားကိုကျော်ပြီး ကမ်းနားရောက်ရောက် သွားတာပါ…ဟီးဟီး

  • etone

    August 3, 2012 at 7:21 pm

    မြန်မာတွေ အခါကြီးရက်ကြီးမှာ ကျောင်းသွားဘုရားတက်တာ … အလွန်ကောင်းတဲ့ အပြုမူပါ…. ဒါပေမယ့် … အဲ့ဒီလူအုပ်ကြီးရဲ့ ပြန်သွားတော့ ဘုရားမှာ ဖိနပ်ထည့်တဲ့ ကြွတ်ကြွတ်အိတ်နဲ့ မုန့်ပဲ သွားရည်စာ စားတဲ့ အခွံတွေ ပလဲနေခဲ့တာ ….. လိုက်သိမ်းရတဲ့လူအဖို့ … သာယာကြည်နူးနိုင်မယ် မထင်ဘူး …. ။

    အမှန်တိုင်းပြောရလျှင် ဘုရားမရောက်တာ ကြာပြီအစ်မရေ …. ။
    လူကြပ်တဲ့နေ့လည်း မရောက် … လူရှင်းတဲ့နေ့လည်း မရောက်ဖြစ်ဘူး … ။ ဘုရားသွားဖြစ်လျှင် လူနည်းတဲ့ မနက်ပိုင်းအချိန်မျိုးပဲ သွားဖြစ်ပြီး အခါကြီးရက်ကြီးနေ့တွေကို ….. မသွားဖြစ်ပါဘူး …. ။

  • အတိသဌ္ဇနာဂရ

    August 3, 2012 at 8:58 pm

    မသိ၊သတိ ဆင်းတုတော်ကြီးက ဦးကျော်ဟိန်းကြီးလှုူထားတာမဟုတ်လားဟင်။
    သူလဲ ပျောက်ချက်သားကောင်းပေါ့နော့

  • မောင်ပေ

    August 3, 2012 at 9:43 pm

    ဗမာလူမျိုးတွေ အထွဋ်အထိပ်ထားတဲ့ ဘုရားစေတီတွေမှာတောင် အဲဒီလို ညစ်ပေနေအောင် စည်းကမ်းမဲ့နေကြပြီဆိုရင်တော့ ဂေါပကတွေစည်းကမ်းထိန်းသိမ်းပိုင်းတော်တော်ညံ့တာပဲလို ့မှတ်ချက်ချမိပါတယ်ဗျို ့။ ဘုရားအဝင်မုခ်မှာ ဘုရားဖူးလာတာလား ၊ အပျော်ခရီးထွက်လာတာလား လို ့တောင် ဆိုင်းဘုတ်ထောင်ထားသင့်တယ် ။

    • မွန်မွန်

      August 3, 2012 at 10:37 pm

      ကပေရေ… အပျော်ခရီးထွက်တာလို့ ဖြေကြလိမ့်မယ်… ဘုရားကို ကြည်ညိုစိတ်နဲ့ သေချာဖူးဖို့တောင် အချိန်နဲ့ အခြေအနေက ပေးပါရဲ့လား မသိ.. (သွားတဲ့သူတွေ ဝိုင်းဆဲလည်း ခံလိုက်တော့မယ်…) မွန်မွန်ကတော့ အဲဒီလို အခါကြီးရက်ကြီးဆို လုံးဝဘုရားမသွားဘူး… သွားချင်ရင် ညနေဘက် ရုံးဆင်းချိန် အေးအေးဆေးဆေး သွားလိုက်တယ်.. အဲဒီလိုရက်တွေဆိုရင် အတွဲတွေ၊ သူငယ်ချင်းတွေ အဖွဲ့လိုက် ဘုရားလာကြတာများတယ်… ဘုရားကို ဒီရက်မှာ သွားရိုးသွားစဉ်တစ်ခုအနေနဲ့ လာကြတာလု့ိပဲ မြင်မိပါတယ်…

  • Phaung Phaung

    August 4, 2012 at 11:03 am

    တော်သေးတာပေါ့…. ပင်လယ်ပျော်နဲ့အံစာတုံး အဖော်ရှိသေးလို့နော်……. 🙂
    ဝါဆိုလပြည့်နေ့က ထွက်လာတုန်းကတော့ ဘုရားသွားဖို့အစီအစဉ်မရှိပါဘူး… မြို့ထဲလသာကို လာရင်းနဲ့ ကားလမ်းကြောသင့်တာနဲ့ မရောက်ဖူးသေးလို့သွားဖြစ်သွားတာ….
    အမလည်း အဲဒီလိုလူတွေကြပ်ကြပ်ဆို ဘယ်မှမသွားတာ…. လူတောမတိုးဘူးပေါ့ ….. အဟီး 😀
    ငယ်ငယ်က 4 နှစ်လောက်ပေါ့…ရွှေတိဂုံဘုရားကို မေမေရယ်/အဒေါ်ရယ်..အမရယ်သွားတာ… ဒီလိုပဲ နေ့ထူးနေ့မြတ်ပေါ့… လူတွေများလွန်းလို့နဲနဲချင်းတိုးရတယ်… အမက မေ့မေ့လက်ကိုကိုင်ထားရင်းကနေ လူကွဲပြီး ကိုယ် ကိုင်ထားတဲ့လက်က တခြားအဒေါ်ကြီးလက်ဖြစ်နေရော… “ဟင်..မေမေလည်းမဟုတ်ဘူး” ဆိုတော့
    အဒေါ်ကြီးက ကလေးလေးလူကွဲလာတယ်ဆိုတော့ ပန်းရောင်းတဲ့အဘွားကြီးတစ်ယောက်က ဘုရားဂေါပကရုံး ကိုခေါ်သွားပေးတယ်… အဲဒီမှာ ဘုရားလူကြီးက အမကို ဘယ်သူနဲ့လာတယ်။ နာမည်ဘယ်သူလဲ။ အဖေ-အမေ ဘယ်သူလဲ။ နေရပ်လိပ်စာအကုန်မေးပြီး …. မိုက်ကြီးနဲ့အော်ပါလေရော။ တော်သေးတာပေါ့… အမကလည်းအကုန်ပြောတတ်လို့ (ကြုံကြွား….ဟီး )
    မေမေနဲ့အဒေါ်လည်း အမပျောက်သွားတော့ ယောက်ယက်ခတ်နေရာက လော်စပီကာအော်သံကြားတော့
    ဂေါပကရုံးဘယ်နားလဲမေးပြီး အဲဒီရောက်ဖို့မနည်းကိုတိုးကြိတ်လာရတယ်တဲ့…။
    အမလည်း အဲဒီတည်းကတော်တော်ကြောက်သွားတာ… ငိုလိုက်ရတာ.. ဂေါပကလူကြီးကပြောသေးတယ်
    “ သမီးစိတ်မပူနဲ့…ဦးမှာလည်း သမီးနှစ်ယောက်ရှိတယ်… သမီးကိုဦးမွေးစားမယ်တဲ့ ” …. အခုတွေးကြည့်
    ရင်တော့ ရယ်ချင်တယ်။ မေ့လည်းမမေ့ဘူး…။
    ဒါကြောင့် လူစည်ကားပြီး တိုးကြိတ်နေရတဲ့ နေရာမျိုးဆို ရှောင်ဖြစ်တာများပါတယ်…..။

    • ကြောင်ကြီး

      August 4, 2012 at 11:27 am

      ဆယ်ကျော်သက်အရွယ်တုန်းက တောင်ဥက္ကလာပဖက်လား ရန်ကင်းဖက်လား မမှတ်မိတော့ဘူး ကိစ္စရှိလို ဘတ်စ်ကားစီးတယ်။ လမ်းမတလျောက် တဖြောင့်ကြီးသွားပေမဲ့ မြို့ထဲမှာလို မှတ်တိုင်မစိတ်ဘူး။ တခုနဲ့တခု နည်းနည်းစီလှမ်းတယ် သို့ပေမဲ့ တမျှော်တခေါ်ကြီးလည်း မဟုတ်ဘူး။ နယ်ကဖြစ်ပုံရတဲ့ မိန်းမတသိုက် ဘတ်စ်ကားတက်စီးတယ်၊ အဲဒီမှာ ဘယ်လိုဖြစ်ပြီး မိန်းခလေးတယောက် (သိပ်မငယ်ပါ) ကျန်ခဲ့လည်းမသိဘူး၊ အလန့်တကြား ကားရပ်ခိုင်ပေမဲ့ ကားစပယ်ယာက ရပ်မပေးဘူး။ ရှေ့မှတ်တိုင်ကျမှ ပြန်ဆင်းပါ။ လှမ်းမြင်နေရပါတယ် ပြောပေမဲ့မရဘူး၊ ကားပေါ်ဆူညံပွက်နေတာပဲ။ သူတို့ကိုကြည့်ပြီး ကျန်ခရီးသည်များ ပြုံးစိစိဖြစ်ကုန်တယ်..။ အဆုံးသတ် ပြောချင်တာတောင် ဖောင်းဖောင်းလေးဂို ဦးကြောင်ခြစ်မိနေပြီ…။ မြန်မြန်ဖိတ်စာရိုက်ပြီး လူဂျီးဆုံရာနဲ့ သဂျီးဆီမှာ လာတောင်းလှည့်ပါတော့…။ နို့မို့ရင် အဲဒီလူဂျီးကို ယောက္ခမတော်ရတော့မယ်…။

  • ko khin kha

    August 4, 2012 at 11:19 am

    ကျွန်တော်ရန်ကုန်မှာ ဆိပ်ကမ်းရှင်းလင်းရေးလုပ်တုံးကတော့ နေ့ခင်းဆိုထမင်းသွားစားရင်း ဘုရားဖူးလို့ နားတဲ့ နေရာလေးပါ။ ဒီပိုစ့်လေးဖတ်ရတော့ ပြန်လွမ်းမိသွားတယ်ဗျာ။

  • Phaung Phaung

    August 4, 2012 at 11:39 am

    တိန်…ဘာ..ဘာ …ဘာမှဆိုင်ဘူး……..

    • မောင်ပေ

      August 4, 2012 at 12:06 pm

      ဟုတ်ပ
      ပြောပစ်လိုက်
      ကိုမောင်ပေ ကိုပဲ ဂျစ်မှာရို ့
      ဟီဟိ

  • snow white

    August 4, 2012 at 11:52 am

    ဗိုလ်တထောင်ဘုရားကို ခဏခဏရောက်ပါတယ် စနိုးရောက်တိုင်းတော့ အဲ့လောက်မဆိုးဘူး Phaung Phaung ပြောမှ ဘုရားပေါ်မှာစည်းကမ်းမဲ့တဲ့သူတွေကြောင့် တော်တော်လေးစိတ်ပျက်စရာပါလား ကုသိုလ်မယူခဲ့ဘူးလား အမှိုက်တွေကို ရှင်းလင်းပေးခဲ့လိုက်တာမဟုတ်ဘူး ကုသိုလ်တောင်ရသေးတယ် နော် ။။။ ကွမ်းတံတွေးကတော့ ထွေးကိုမထွေးသင့်တဲ့ကိစ္စပါ တော်တော် ဆိုးတဲ့လူတွေပါလားနော် နောင်ဘဝ တိရစာ္ဆန်တောင်ဖြစ်မယ့်သူတွေမဟုတ်ဘူး ဘုရားအရိပ်မှာတောင် ညစ်ပတ်အောင်လုပ်တဲ့ သူတွေ တော်ပါပြီ ရေးရင်းနဲ့ဒေါသထွက်တယ် Phaung Phaung ကခုမှဘုရားရောက်ဖူးပါတယ် ဆိုတော့ တော်တော်လေးစိတ်ညစ်သွားမှာဘဲ နော်။။

  • Phaung Phaung

    August 4, 2012 at 12:22 pm

    မမနောရေ… ဘုရားကိုမဝင်ဘဲ ဗိုလ်တစ်ထောင်ဆိပ်ကမ်းဘောတံတားကိုတော့ 2ခါရောက်ဖူးတယ်….
    အဟီး.. တော်တော်တော်တယ်နော်…
    စနိုးရေ… ကုသိုလ်ယူဖို့မဖြစ်ဘူးကွယ့်… အမှိုက်တွေကရေတွေစို/ကွမ်းတံတွေးတွေပေနေတာ… ပြီးတော့ လက်နဲ့မဆံ့အောင်ကို အပုံလိုက်ဖြစ်နေတာ …. လူတွေကလည်းများပြီး အေးအေးမရှိလို့ပါ…။

  • we R one

    August 4, 2012 at 2:19 pm

    ဗိုလ်တစ်ထောင် ဘုရားကို တော့ ရောက်ဖူးတယ်..။ အဒေါ် နဲ တူတူ သွားဖူးတာ…။ ဘုရားကို အရင် မဖူးပဲ မြနန်းနွယ် ကို အရင် သွား ဦးချနေလို့….။နောက်ဘယ်တော့မှ သူခေါ်ရင်မလိုက်ဖြစ်ဘူး..။

  • P chogyi

    August 5, 2012 at 8:50 am

    ဘုရားလည်းဖူး၊ လိပ်ဥလည်းတူးဆိုတာ
    ဗိုလ်တထောင်ဘုရားနဲ့၊ ဗိုလ်တထောင်းကမ်းနားဖြစ်နေပြီ။

  • marblecommet

    August 6, 2012 at 12:19 am

    ရန်ကုန်နေတာ ဒီတစ်သက်ပဲ
    တစ်ခါလားပဲ ရောက်ဖူးတယ်
    မှတ်မိတော့ဘူး
    ဆရာမင်းလူ ဝတ္ထုတွေထဲမတော့ ခဏခဏဖတ်ရလို့
    ရင်းနှီးနေတာ
    သွားကြည့်မှ သွားကြည့်မှ
    ဘုရားရယ် ကမ်းနားရယ်…
    နောဧကနောရယ်ပါ……အာဟင့်.

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 6, 2012 at 1:20 am

    အံမယ် အံမယ်
    ဘုရားက ပြန်လာပြီး အတင်းတုန်တယ်ပေါ့လေ
    မြေမျိုလိမ့်မယ် ကျပ်ကျပ်သတိထား

  • ကျနော်ကတော့ဗိုလ်တစ်ထောင်ဘုရားက ရွှေရောင်တွေဝင်းလက်နေတဲ့ အခန်းဖွဲ့တည်ပုံကို အရမ်းသဘောကျတာဘဲ။
    ပထမတစ်ခေါက်တုံးက ဓါတ်ပုံတွေရိုက်ပြီးတောင်တင်သေးတယ်။

  • ko khin kha

    August 6, 2012 at 3:43 pm

    ကျွန်တော်ရန်ကုန်မှာ ဆိပ်ကမ်းရှင်းလင်းရေးလုပ်တုံးကတော့ နေ့ခင်းဆိုထမင်းသွားစားရင်း ဘုရားဖူးလို့ နားတဲ့ နေရာလေးပါ။ ဒီပိုစ့်လေးဖတ်ရတော့ ပြန်လွမ်းမိသွားတယ်ဗျာ။

    တိန်…ဘာ..ဘာ …ဘာမှဆိုင်ဘူး……..

    ကိုယ်ကျင်လည်နေခဲ့တဲ့ဝန်းကျင်ကို သတိရသွားလို့ပါဗျာ၊ ပိုစ့်နဲ့မဆိုင်သလိုဖြစ်သွားတယ်ဆိုရင်တော့ သည်းခံပါလို့၊ နောက်သတိထားရေးပါမယ် Phaung Phaung ရေ။

  • Phaung Phaung

    August 7, 2012 at 10:48 am

    ko khin kha ကိုပြောတာမဟုတ်ပါဘူး …. ဟို လက်သည်းနဲ့ဂျစ်မယ်ဆိုတဲ့ ဥကြောင်ဂျီးကို ပြောတာပါချင့်

Leave a Reply