*** မုဆိုးမ …. ကျိန်စာ ***

maung khinminAugust 3, 20121min1017

*** ဖန်မီးအိမ်ရဲ့အလင်းရှင်ကြီးဆရာမောင်စွမ်းရည်ရဲ့ကဗျာ့စွမ်းရည်ကို ကဗျာချစ်သူ
တို ့တွေ့မြင်ကြရမှာပါ .. ဖတ်ရင်းနှင့်ပင်ကဗျာရှုသူ၏ စိတ်အစဉ်ကို ရယ်မောပျော်ရွှင်စေပါလိမ့်မယ်။
ကိုယ်တိုင်ခံစားကြည့်ကြပါကုန် …. .***

လေးစားလျက်….မောင်ခင်မင်( ကျွန်းချောင်း )
………………………………………………………………………………………………………………………..

သားအကြီးက  စာရေးကြီး
သမီးအကြီးက စာရေးမ
သားအလတ်က  ကျောင်းဆရာ
သားငယ်နှစ်ယောက်မှာ  ဘွဲ ့ရ
အလုပ်ကတော့  ရှာဆဲပေါ့တော် ….။

အမေတောမှာ   စိတ်အေးချမ်းသာ
နေသဟာကို ၊ မြို ့မှာနေဖို ့ သင်းတို ့ကခေါ်
ဘုရားဖူးရင်း  လာပါနော် တဲ့ …။

သားအကြီးက  အိမ်ထောင်ကျတော့
ကလေး ၅ ယောက် ၊ နှစ်ယောက် အမေခေါ်
ထိန်းရပါ သတော် …။

သမီးအကြီးက  အိမ်ထောင်ကျတော့
ကလေးက ၄ ယောက် ၊
တစ်ယောက်မှ  အထိန်းမခေါ်
အမေကူကာ  ထိန်းရပါသတော် ..။

သားအလတ်က  အိမ်ထောင်ကျတော့
ကလေးက ၃ ယောက် ၊ နှစ်ယောက် ယောက္ခမယူ
တစ်ယောက်က အမေကူ ၊
အတူနေကာ  ထိန်းရပါ သတော်…။

သားငယ်နှစ်ကောင် ၊ အိမ်ထောင်ပြုမှ
သင်းတို ့ကျရင်   အမြုံမနဲ ့  ၊
ညားကြပါစေတော် …။။။။

မောင်စွမ်းရည်

၁၆..ဩဂုတ် .. ၁၉၈၅

ကဗျာချစ်သူများ …. ကဗျာလှံသွား …. ရင်ထဲထုတ်ခတ် …. ခံစားတတ်ပါစေ..

7 comments

  • မဟာရာဇာ အံစာတုံး

    August 3, 2012 at 4:56 pm


    သားငယ်နှစ်ကောင် ၊ အိမ်ထောင်ပြုမှ
    သင်းတို ့ကျရင် အမြုံမနဲ ့ ၊
    ညားကြပါစေတော် …။။။။

    ဒီကဗျာက တကယ် ရီရသဗျ .. 😀
    အားပေးသွားတယ်ဗျို့ …

  • ဝေးလွင့်တိမ်

    August 3, 2012 at 7:29 pm

    ဘဝလေးတစ်ခုစာ ကွက်ကွက်ကွင်းကွင်းမြင်ရတဲ့ကဗျာလေးပါ။ ကောင်းပါတယ်ဗျို့။

  • မောင်ပေ

    August 3, 2012 at 9:00 pm

    ကျိန်စာ
    ပိန်မသာ
    လိမ်ကွာ
    တိမ်ပြာ
    အိမ်မှာ
    ချိန်ပါ

  • အတိသဌ္ဇနာဂရ

    August 3, 2012 at 9:06 pm

    အကိုရေ တသက်လုံးကျွေးမွေးပညာတွေသင်ပြီးလဲ ကလေးပါထိန်းပေးနေရတဲ့
    အမိအို၊အဖအိုတွေ အဖြစ်ကိုမြင်ရပါသဗျာ။သို ့သော် ကျိန်စာဆိုတဲ့ lay a curse
    ကိုကြောက်ပါ၏။

  • မွန်မွန်

    August 3, 2012 at 9:32 pm

    မလုပ်ပါနဲ့..နောင်ဘဝကျရင် ဝဋ်ပြန်လည်ပါဦးမယ်…. 🙂

  • YE YINT HLAING

    August 3, 2012 at 11:17 pm

    အဖွား ထိန်းရတဲ့ ကလေးတွေ က မျောက်လောင်းလေး တွေလို ထိန်းရခက်လို့ စိတ်ကုန်သွားပုံရပါတယ် ။

  • koyo

    August 4, 2012 at 8:58 pm

    မိဘ ကထိက သိကြစေသော်…
    အသိ အ မချိလှ အထိန်းတော်…
    သားသမီးသော်မှ ကြီမ်စာဆော်..
    အော်..အော်..အော်…

Leave a Reply