“ရာ သီ နံ နက် ခင်း များ ရဲ ့အ လွမ်း”

aye.kkAugust 3, 20121min23626

နွေ မိုး ဆောင်း ဆို သည့် ရာ သီ နံ နက် ခင်း များ က ။ ကျ မ အ တွက် က အ လွမ်း များ ဖြင့် ပြည့် လို ့နေ ပါ တယ် ။

မိုး ရာ သီ နံ နက် ခင်း လေး များ။

ဝ ဿန် ကာ လ ၊ မုတ် သုန် လေ နှင့် အ တူ ပါ လာ သည့် မိုး ဖွဲ လေး များ သဲ သဲ ရွာ သွန်း သည့် အ ချိန် ၊ နံ နက် ခင်း စာ အ ဖြစ် အ မေ စီ မံ ထား ပေး သော ၊ ဆန် ပြုတ် ပူ ပူ ဖြူ ဖြူ မွှေး မွှေး ၊ အ ငွေ ့တ ထောင်း ထောင်း က သောက် ချင် စ ရာ ကောင်း လောက် အောင် ပါ ပင် ။
ဟင်း ရေ သောက် ကြွေ ပန်း ကန် လုံး ထဲ ရှိ ၊ ဆန် ပြုတ် ဖြူ ဖြူ လေး ထဲ တွင် ၊ အ မေ ထဲ့ ပြုတ် ထား သည့် ကန် စွန်း ဥ ၊ ဖြူ ၊ ဝါ ၊ ခ ရမ်း ရောင် လေး ထောင့် ခပ် စိတ် စိတ် အ တုံး လေး များ အား ၊ ကျ မ မှ အ ငမ်း မ ရ ဆယ် ယူ စား တတ် ၍ လျှာ ကျက် ရ ပေါင်း လည်း ခ ဏ ခ ဏ ပါ ။ က ဇွန်း ဥ လေး များ ဆယ် ယူ စား ပြီး ကုန် လျှင် တော့ ။ ကျန် နေ သည့် ဆန် ပြုတ် ဖြူ ဖြူ အား ၊ အ ရံ သင့် ချ ထား ပေး သည့် ငါး က ကက် တစ် ပဲ ပိ စပ် အ ချို ပေါင်း ကြက် သွန် မိတ် များ များ နှင့် စား ရ သည် ကို လည်း ။ အ မေ့ အား အ ထူး ကျေး ဇူး တင် မိ ရ ပါ တယ် ။
ဒီ ရက် က တ မျိုး နောက် ရက် က တ မျိုး မ ရိုး အောင် လုပ် ကျွေး တတ် သူ က တော့ အ မေ ပဲ ဖြစ် ပါ တယ် ။ ဒီ လို မိုး ဥ တု ရာ သီ မှာ ။ ငါး က လည်း လှိုင် လှိုင် ပေါ သ ဖြင့် ၊ ငါး ဆန် ပြုတ် ပြုတ် ပြီး ၊ ကြက် သွန် မိတ် ပါး ပါး လှီး ခါ ၊ ငြုပ် ကောင်း မှုန် ့၊ ကြက် သွန် ကြော် ဖြူး ပြီး ချက် ပြုတ် ကျွေး မွေး တတ် ပါ တယ် ။
ငါး ဆန် ပြုတ် အ မေ လုပ် လျှင် ။ အ နား မှာ ရှိ နေ သည့် အ ခါ မျိုး တွင် အ မေ က ။ ကျ မ အား ပြ ထား ပေး တတ် ပါ တယ် ။
ပြုတ် ထား သည့် ငါး များ အား ။ အိုး ထဲ မှ ဆယ် ယူ ခါ ၊ အ သား ချည်း နွှင် ပြီး ၊ သပ် သပ် ဖယ် ထား ပါ တယ် ။
တောင် ပျံ (စ ပါး နက် ) ဆန် အား ၊ ရေ စင် အောင် ဆေး ပြီး ။ ဇ ကာ နဲ ့စစ် ထား ပါ တယ်။ နွှင် ပြီး သား ငါး အ သား များ ကို ကြက် သွန် ဖြူ မ ညက် တ ညက် ထောင်း ပြီး ဒယ် အိုး နဲ ့ဆီ သတ် ပါ တယ် ။ ကြက် သွန် ဖြူ ဆီ သတ် တာ ၊ မွှေး လာ ပြီ ဆို ရင် တော့ နွှင် ထား ထဲ့ ငါး အ သား များ ကို ထည့် ပြီး ဆယ် မိ နစ် လောက် ကြာ အောင် မွှေး သည် အ ထိ ထပ် မံ ပြု လုပ် ပါ တယ် ။ ပြီး ပြီ ဆို ရင် တော့ စစ် ထား တဲ့ ဆန် ကို ထည့် ပြီး ငါး မိ နစ် လောက် ထပ် ပြီး အိုး ထဲ မှာ ပဲ ယောင်း မ နဲ ့ ထပ် မွှေး အောင် ထပ် မွှေ ပြီး ဒယ် အိုး ကို ခ ဏ ချ ထား လိုက် ပါ တယ် ။ ဆန် ပြုတ် ပြုတ် မယ့် အိုး ထဲ ကို ဆန် ပြုတ် ဖြစ် နိုင် သည် အ ထိ ရေ ကို ချိန် ဆ ထဲ့ ပြီး မှ ရေ ဆူ သည် အ ထိ တည် ထား ပါ တယ် ။ ပြီး တော့ မှ သာ ဒယ် အိုး ထဲ မှာ မွှေး နေ အောင် လုပ် ထား တဲ့ ပစ္စည်း တွေ အား လုံး ကို ရေ ဆူ နေ စဉ် မှာ ပဲ ။ ပြောင်း ထည့် ပြီး ။ ငါး ဆန် ပြုတ် အ ဖြစ် ပြုတ် ပြီး နံ နက် ခင်း စာ အ ဖြစ် အ မေ က ကိုယ် တိုင် အ ပင် ပန်း ခံ ပြီး ။ ချက် ပြုတ် လုပ် ကျွေး တတ် ပါ တယ် ။

အ မေ ချက် တာ ကောင်း ရဲ ့ လား သ္မီး ဟု လဲ အ မေ က အ မြဲ မေး တတ် ပါ တယ် ။
အ ရမ်း ကောင်း သ ဖြင့် ၊ စား ရ တာ ဗိုက် တင်း ကား သည် ဟု ကျ မ မှ ပြော ပြ လျှင် ။ အ မေ့ မျက် နှာ မှာ ပီ တိ ရွှန်း ဝေ လျှက် တွေ ့ ရ တတ် စ မြဲ ပင် ။ အ ဖေ က ကြား လျှင် နှစ် ထောင်း အား ရ ကျေ နပ် ခါ ၊ ငါ ငယ် ငယ် က လည်း မိ ဘ တွေ က ၊ ဒီ လို ပဲ ဒု က္ခ ခံ ။ အ ပင် ပန်း ခံ ။ မ စား ချင် ရင် စား ချင် လာ အောင် ၊ ချက် ပြုတ် ကျွေး မွေး လာ ခဲ့ တာ ။
သ္မီး တို ့ များ များ စား နိုင် မှ သာ ၊ ခ န္ဓာ ကိုယ် က ဖွံ ့ ဖြိုး ထွား ကျိုင်း လာ မှာ ။ အ စား စာ အာ ဟာ ရ ပြည့် ဝ အောင် စား သုံး မှ ရော ဂါ ဘေး ဘ ယာ ကင်း ဝေး ပြီး ၊ ကျန်း မာ သန် စွမ်း စိတ် ရွှင် လန်း တာ ပေါ့ ဟု ၊ အ ဖေ က အား ရ စွာ ပြော ကြား တတ် ပါ တယ် ။ အ မေ က တော့ အ ဖေ့ မျက် နှာ အ ရိပ် အ ကဲ ကြည့် ကာ ဂုဏ် ယူ မ ဆုံး သည့် အ ပြုံး များ က ဖြင့် ။ ဝေ ဝေ ဆာ ဆာ နဲ ့၊ တွေ ့ရ စ မြဲ သာ ဖြစ် ပါ တယ် ။

မိုး ရာ သီ နံ နက် ခင်း များ တွင် ၊ အ မေ က တစ် ခါ ၊ တစ် ခါ ဆန် ပြုတ် စား ရ သည် မှာ ရိုး အီ နေ မည် စိုး ပြီး ၊ ကောက် ညှင်း ထုတ် များ အား အ ထုတ် ကြီး ကြီး ထုပ် ၍ ပျော် ပျော် ပါး ပါး လုပ် ကျွေး တတ် ပါ တယ် ။
ကျောင်း ပိတ် ရက် နံ နက် ခင်း များ နှိုက် ။ ရံ ဖန် ရံ ခါ ဆို သ လို မျိုး ။ အိမ် က ရ ခိုင် ငှက် ပျော ဖီး များ အ ပင် မှာ ဝင်း မှဲ့ တာ တွေ ့ လျှင် ၊ ခူး ချ ပြီး ၊ ပျော် အောင် ထား ခါ ။ ကောက် ညှင်း ဆန် အား ရေ စင် စင် ဆေး ပြီး ။ ဇ ကာ နှင့် စစ် ထား ကာ ။ ငှက် ပျော ဖက် များ ခင်း ပြီး ကောက် ညှင်း ဆန် များ အား ။ ငှက် ပျော ရွက် တ တောင် ဆုပ် ခန် ့မျှ အ ရှည် ထဲ တွင် ၊ ကောက် ညှင်း ဆန် အား လို သ လို ထည့် ပြီး ၊ အ လယ် တည့် တည့် တွင် ရ ခိုင် ငှက် ပျော သီး ပျော် ပျော် မှည့် မှည့် အား ။ အ လုံး အား ပြား သွား အောင် လက် နှင့် အ နည်း ငယ် လိုက် ဖိ ၍ ၊ အ ပေါ် တွင် ကောက် ညှင်း ဆန် အား ထပ် တင် ပြီး ဖုံး လျှက် ။ သင် ကြိုး နှင့် ကြပ် ကြပ် စည်း ကာ တုတ် နှောင် ပြီး ထုတ် ပါ တယ် ။ ကောက် ညှင်း ထုတ် များ ထုတ် ပြီး သွား ပြီ ဆို လျှင် တော့ ။ အိုး ထဲ တွင် ထည့် ခါ ရေ မြုပ် အောင် ထည့် ပြီး ၊ မီး ပြင်း ပြင်း နှင့် အ မေ က ပြုတ် ပေး တတ် ပါ တယ် ။ ကောက် ညှင်း ထုတ် ပြီး ပြုတ် ထား သည့် အ ချိန် မျိုး တွင် ၊ အုန်း သီး ခွဲ သူ က ခွဲ ၊ အုန်း သီး အ သား အား အုန်း ခြစ် နှင့် တ မျိုး ။ ခြစ် သူ က ခြစ် ။ ဖန် စီ ခွက် အ ဖုံး လေး အား ။ လက် ကိုင် ကိုင်း တတ် ပြီး ခြစ် သူ က ခြစ် ။ နှမ်း မဲ ၊ နှမ်း ဖြူ အား ဆ တူ ရော နှော ပြီး ၊ ဆား နည်း နည်း ထဲ့ ခါ မွှေး လာ အောင် အ မေ က အ နံ ့ သင်း သင်း လေး ဖြစ် အောင် လှော် ထား ပေး ပါ တယ် ။ အ အေး ခံ ပြီး ဆုံ ထဲ တွင် လက် ဆ လေး ဖြင့် အ လုံး ကွဲ ယုံ လောက် သာ ။ သာ သာ လေး ထောင်း ပြီး နှမ်း ထောင်း အ ဖြစ် လုပ် ပါ တယ် ။
အ မေ ထုတ် သည့် ကောက် ညှင်း ထုတ် ကြီး က အ တော် လေး ပင် ကြီး ပါ တယ် ။ ကျက် လျှင် တော့ အ အေး ခံ ပြီး လက် နှစ် လုံး မျှ ထူ ထူ လှီး ပြီး ၊ ခြစ် ထား သည့် အုန်း သီး များ ၊ နှမ်း ထောင်း မွှေး မွှေး လေး ဖြူး ပြီး ၊ စား သုံး ရန် ။ အ ပင် ပန်း ခံ ပြီး ။ လုပ် ကျွေး တတ် ပါ တယ် ။
အ မေ ထုတ် ကျွေး သည့် ။ ကောက် ညှင်း ထုတ် လို မျိုး က ၊ ဝယ် စား ၍ မ ရ ။ ကောက် ညှင်း ထုတ် က စ ပါယ် ရှယ် ထုတ် ထား သ ဖြင့် ၊ ကြီး လွန်း လှ ပြီး ဝယ် စား ၍ မ ရ နိုင် မှန်း သိ ကြ ပါ သည် ။
အ မေ က ဝယ် စား တာ ကြိုက် လား ဟု မေး လျှင် ။ အ မေ ထုတ် တာ အ ကြိုက် ဆုံး ဟု ။ မောင် နှ မ များ က ပြိုင် တူ ဝိုင်း ဖြေ မိ ကြ ပါ တယ် ။
မိုး ရာ သီ နံ နက် ခင်း စာ များ အ ဖြစ် ။ မုန် ့ လုံး ကြီး အုန်း နို ့ဆမ်း လည်း မ ကြာ ဆို သ လို ၊ လုပ် ကျွေး တတ် သည့် အ မေ့ အား ။ မိုး ရာ သီ နံ နက် ခင်း လေး များ ရောက် တိုင်း အ ရမ်း လွမ်း မိ ရ ပါ တယ် ။

ဆောင်း ရာ သီ နံ နက် ခင်း လေး များ ။

ဆောင်း လေ တိုက် ခတ် ပြီး ၊ အ အေး ဓတ် လေး ရ သည့် အ ချိန် ။ နံ နက် စော စော စီး စီး အိပ် ရာ မှ အ မြဲ နိုး နေ တတ် ပြီး ။ နေ ပူ ဆာ လှုံ တတ် သည့် ကျ မ တို ့ မောင် နှ မ များ အား ၊ အ ရံ သင့် စား သုံး နိုင် ရန် အ တွက် ၊ အ မေ စီ စဉ် ဆောင် ရွက် ပေး တတ် သည် မှာ ။ နေ ့ စဉ် ဒူ ဝ အ မြဲ ဘဲ ဖြစ် ပါ တယ် ။
ဆောင်း ဥ တု ရောက် တိုင်း ။ ဝက် နံ ရိုး အား နေ ့ စဉ် ဝယ် ပြီး အိုး တစ် လုံး ထဲ တွင် နူး အိ နေ အောင် တစ် နေ ကုန် မီး အေး အေး နဲ ့မီး ဖို ပေါ် မှာ ပြုတ် ထား ပေး ပြီး ။ အ ဖေ့ အ ကြိုက် ရိုး ရာ ဟင်း အ မယ် အ နေ ဖြင့် ။ ဝ တ္တ ရား မ ပျက် နေ ့ စဉ် ချက် ကြွေး ပါ တယ်။
ဆောင်း ရာ သီ ၊ တွင် ရာ သီ စာ အ ဖြစ် ပေါ် သည့် မုန် ညှင်း အ ခါး ။ မုန် ညှင်း အ ဖြူ များ ပေါ် ချိန် တွင် ။ အ မေ့ မှာ နား ရ သည် မ ရှိ။ မုန် ညှင်း ခါး လှိုင် လှိုင် ထွက် လျှင် အ မေ က အ မြောက် အ များ ဝယ် ယူ ပြီး အ ချဉ် တယ် ပါ တယ် ။
နေ ့ ခင်း နေ ့ လည် ဆို လျှင် ။ ကျ မ တို ့ ပါ မ နား ရ ။ ကျောင်း က ထ မင်း စား ချိန် ပြန် လာ လျှင် တော့ ။ အ မေ ဆား ဖြင့် နယ် ထား သည့် မုန် ညှင်း ခါး များ အား အိမ် ရှေ ့နေ ထိုး သည့် ကြိုး တန်း ပေါ် တွင် ဝိုင်း ကူ ၍ လှမ်း ပေး ကြ ရ ပါ တယ်။

ဆောင်း ရာ သီ ၊ သီး နှံ ဖြစ် သည့် ပိန်း ဥ ။ အ ထူး သ ဖြင့် ထော ပတ် ပိန်း ဥ ကို အ ဖေ က ဆန် ပြုတ် ထဲ မှာ အ မြဲ ထည့် ပြုတ် ခိုင်း ပါ တယ် ။
မ နက် စား သုံး ဘို ့ အ တွက် ။ မ နေ ့ ထဲ က တည် ထား တဲ့ ဝက် နံ ရိုး အ ရည် ကို ၊ နံ ရိုး အ သား တွေ သပ် သပ် စီ ဆယ် တင် ပြီး မှ ။ ဝက် နံ ရိုး အ ရည် ကို ဆူ အောင် တည် ပြီး ရေ ဆေး ထား ပြီး စစ် ထား တဲ့ ဆန် ကို ထည့် ပြီး ပြုတ် ပါ တယ် ။ ဆန် ကို ထ မင်း အ နေ ထား ဖြစ် လာ မှ ပဲ ။ ရေ စင် အောင် ဆေး ပြီး ။ လေး ထောင့် အ နေ တော် အ ရွယ် တုံး ထား တဲ့ ၊ ထော ပတ် ပိန်း ဥ နဲ ့အ တူ ။ နှူး အိ ပြီး ကျက် နေ တဲ့ ဝက် နံ ရိုး ပါ အ တူ တူ ရော ထည့် ပါ တယ် ။ ပြီး ရင် ပိန်း ဥ ကျက် လာ ပြီး ဆန် ပြုတ် အ နံ ့လည်း မွှေး မှ သာ ရေ စင် အောင်း ဆေး ပြီး လှီး ထား တဲ့ ။ မုန် ညှင်း ခါး အ ရွက် တွေ ကို စား ခါ နီး မှ ထည့် ပါ တယ် ။
အ ရ သာ က ။ တစ် နေ ကုန် တည် ထား တဲ့ ၊ ဝက် နံ ရိုး တွေ တုံး ပြီး ပြုတ် တဲ့ အ ချိန် မှာ ။ အ ချို ။ အ ငံ ။ ဟင်း ခပ် အ မွှေး အ ကြိုင် တွေ နဲ ့ပြုတ် ထား လို ့။ ကျက် လာ တဲ့ ဆန် ပြုတ် ကို ပူ ပူ လေး ငြပ် ကောင်း ။ ကြက် သွန် ကြော် ထည့် ပြီး အ မေ က ဆောင်း ရာ သီ နံ နက် ခင်း စာ အ ဖြစ် နဲ ့စီ မံ ချက် ပြုတ် ကျွေး မွှေး ပါ တယ် ။ မ ညီး မ ညူ လုပ် ကျွေး တာ က အ မေ ကျန်း မာ နေ တဲ့ အ ရွယ် ထိ တိုင် ပါ ။ ကျ မ တို ့ မောင် နှ မ တွေ ကို ပြု စု လုပ် ကျွေး ခဲ့ တာ ပါ ။
မုန် ညှင်း ခါး ကို အ ချဉ် ထား တဲ့ ။ မုန် ညှင်း ချဉ် ကို အ ဖေ တို ့အ ခေါ် အ ဝေါ် က( ကြမ် မ် ဆိုင် )လို ့ ခေါ် ပါ တယ် ။ မုန် ညှင်း ချဉ် ရ တဲ့ အ ချိန် ဆို ။ ဝက် သား သုံး ထပ် သား ကို ကြမ် မ ဆိုင် နဲ ့ ချက် ကြွေး ပါ တယ်။
တစ် ခါ တစ် ရံ လည်း အ မေ က အ ဖေ့ အ ကြိုက် ဝက် သား လုံး ကြော် ပြီး ။ ကြမ် မ ဆိုင် နဲ့ အ တူ ပဲ ပြား ကို လေး ထောင့် အ တုံး လေး တွေ ကို ဆီ နဲ ့တင်း အောင် ကြော် ပြီး ။ (ဝက် သား လုံး ၊ ပဲ ပြား ၊ ကြမ် မ ဆိုင် ) သုံး မျိုး ပါ ဝင် တဲ့ ဟင်း ပေါင်း လို လုပ် ကြွေး ပြီး ။ ဆန် ပြုတ် အ ဖြူ ထည် နဲ ့ကျွေး မွှေး စီ မံ ဆောင် ရွက် ပေး တတ် ပါ တယ် ။

ဆောင်း နံ နက် ခင်း တွေ တိုင်း ။ အ အေး ဓါတ် လွန် ကဲ ပြီး ဝမ်း မီး ငုပ် တတ် လို ့။ ဝမ်း မ ချုပ် စေ ရ အောင် ။ တ ပါတ် နှစ် ခါ ။ မန် ကျီး ဖျော် ရည် ကို ည က တည်း ထ ညက် နဲ ့ အ ချဉ် ဖောက် ထား ပြီး ။ ဆေး က ရ မက် ။ လိပ် သည်း ကျောက် တွေ နဲ ့၊ ပုံ မှန် မ သောက် မ နေ ရ တိုက် ပါ တယ် ။
ဒီ ကြား ထဲ အ ဖေ့ ရိုး ရာ ကန် တော့ ပွဲ တွေ ကြုံ ရင် ။ အ မေ က အ ရမ်း ပင် ပန်း ပါ တယ် ။ တစ် ခါ မျှ ငြီး ငြူ တယ် ဆို တာ ။ ကျ မ တို ့မ ကြား ခဲ့ ပါ ဘူး ။ အ မေ က အချိန် ဟာ အ ရမ်း တန် ဘိုး ရှိ တယ် ။ အ ချိန် ရှိ သ လောက် ၊ အ ကျိုး ရှိ အောင် အ သုံး ချ ရ မယ် ဆို တာ ကို ပဲ ။ အ မြဲ တ စေ ပြော ပြ တတ် ပါ တယ် ။

နွေ ရာ သီ နံ နက် ခင်း လေး များ ။

ပျော် စ ရာ အ ရမ်း ကောင်း ပါ တယ် ။ ဆန် ပြုတ် လုပ် ကျွေး တာ နား ပြီး ။ မုန် ့ဟင်း ခါး ။ ကြာ ဇံ ကြီး ။ မ နက် တိုင်း ဈေး ထဲ က နေ ၊ သွား ရေ စာ အ ဖြစ် ဝယ် ကျွေး ခဲ့ လို ့ ပါ ဘဲ ။ အ မေ့ အိပ် ကဒ် ထဲ အ ကြွေ စေ့ လေး များ ကုန် အောင် သုံး တဲ့ အ ချိန် ပါ ဘဲ ။ မ နက် စော စော ထ ပြီး ၊ ဘိ်န်း မုန် ့ ၊ မုန် ့စိမ်း ပေါင်း ၊ မုန် ့လက် ကောက် ၊ ကောက် လှိုင်း တီ မုန် ့၊ အ စ ရှိ တဲ့ အ မေ မ လုပ် တတ် တဲ့ မုန် ့များ ကို ဝယ် ကြွေး တတ် ပါ တယ် ။ ကျ မ တို ့ မောင် နှ မ တွေ က တော့ ။ ကိုယ် ကြိုက် နှစ် သက် တဲ့ မုန် ့ ပဲ သွား ရေ စာ များ ကို ။ လက် ညိုး ထိုး ပြ ပြီး ။ အ မေ နဲ ့အ ဖေ ့ကို ပူ ဆာ ဝယ် ကျွေး ခိုင်း တတ် ခြင်း ပါ ဘဲ ။
အ ဖေ့ စီ မံ မှု များ အ ရ ။
နွေ ရာ သီ ည နေ ခင်း တိုင်း မှာ ၊ နေ ့ စဉ် ပုံ မှန် သံ ပု ရာ ဖျော် ရည် ။
ဆောင်း ရာ သီ နေ ့လည် ခင်း တိုင်း မှာ ၊ အိမ် ရှေ ့ မှာ စိုက် ထား တဲ့ ဆန်း ကွတ် သီး ( ဖျော် ရည် သီး ) မှည့် ချိန် ဖျော် ရည် သီး ဖျော် ရည် ။

ဪ…။
အ မေ နှင့် အ ဖေ ။
အ မေ လုပ် ကျွေး ခဲ့ သည့် ရာ သီ နံ နက် ခင်း ပေါင်း များ စွာ ။
အ ချိန် တန် တော့ ….။
ကျ မ တို ့တွေ အ ရွယ် ရောက် ပြီး ။ အိမ် ထောင် ရက် သား အ သီး သီး ကျ ခဲ့ ကြ ပါ တော့ တယ် ။
ကိုယ် ကို တိုင် မိ ဘ နေ ရာ ။အ စား ထိုး ဝင် ရောက် နေ ရာ ယူ ခဲ့ ရ ပြီး ။ သား သ္မီး တွေ မွှေး ဖွား လို ့အ ရွယ် ရောက် လာ ချိန် မှာ တော့ ။ ကိုယ့် ကို ပြု စု လုပ် ကျွေး ။ လူ လား မြောက် လာ ခဲ့ စေ တဲ့ ။ ကျွေး မေ မေ ကျေး ဇူး ရှင် ကို အ ခါ ခါ လွမ်း ရင်း ။ တမ်း တ ရင်း နဲ ့သာ ။ ရာ သီ နံ နက် ခင်း တွေ ကို အ လွမ်း တွေ နဲ ့သာ ။ ဖြတ် သန်း လာ ခဲ့ ရ တဲ့ သူ တစ် ယောက် ၊ ဖြစ် လာ ခဲ့ ရ ပါ တော့ တယ် ။။
( ကျေး ဇူး ရှင် ကျွေး မေ မေ ၏ ဂုဏ် ကျေး ဇူး များ အား သ တိ ယ လွမ်း ဆွတ် လျှက် )

26 comments

  • ပင်လယ် ပျော်

    August 3, 2012 at 7:01 pm

    အားပါးပါး…..သွားရည်တွေတောင်ကျလာပြီ….စားစရာအစုံပဲ..

  • ဦးဦးပါလေရာ

    August 3, 2012 at 7:01 pm

    မအေးကေကေရယ်….
    စားကောင်းသောက်ဖွယ်တွေ တပြုံကြီးရေးပြထားတာ
    ဘယ်ဟာရွေးရမှန်းတောင်မသိအောင်ပဲ…. 😛

    မအေးရဲ့ မိခင်က တော်တော်အချက်အပြုတ်နိုင်နင်းတာပါလား….
    ဒီနောက်ပိုင်းတော့ အဲသလို အချက်အပြုတ်ကောင်းဖို့ တော်တော်ခက်သွားပါပြီ။
    လူနေမှု့ပုံစံတွေပြောင်းကုန်တော့ ….
    အစားတခါစားလေးအတွက်ကို အချိန်ကုန်အလုပ်ရှုပ်မခံကြတော့ဘူး…
    အဲဒီတော့ ဘာဖြစ်သလဲဆိုတော့- ခပ်ညံ့ညံ့အစားအစာတွေပဲ ဝယ်စားကြရတော့တာပေါ့…။
    အစားအသောက်နဲ့ပတ်သက်ရင်တော့ ကျုပ်တော့ အရင်ခေတ်ကိုပဲလွမ်းမိပါတယ် မအေးရေ..။

  • ko khin kha

    August 3, 2012 at 7:32 pm

    မအေး မိခင်က စုံလင်စွာချက်ပြုတ်ကျွေးတယ်နော်။ မအေး သားသမီးတွေလည်း အစားစုံစားရလို့ ကံကောင်းမှာပေါ့နော်။

  • အတိသဌ္ဇနာဂရ

    August 3, 2012 at 8:33 pm

    မမအေးရေ ရခိုင်ငှက်ပျောသီးပါလို ့ဗျ။ကျနော်က အရမ်းကြိုက်တာလေ။
    အစားကမက်ပါ၏။

  • aye.kk

    August 3, 2012 at 8:35 pm

    ပင်လယ်ပျော်..
    အားပေးတာ၊ကျေးကျေးပါနော်။
    ——————————————————————————————————————
    ဦးဦးပါလေရာ….
    ကျေးဇူးတင်မိပါတယ်။
    အမေကတော့အိမ်ရှင်မကောင်းတစ်ဦးဖြစ်ခဲ့တာအမှန်ပါပဲ။
    ——————————————————————————————————————
    ကိုခင်ခရေ..
    ဝန်ထမ်းဘဝဆိုတော့မပိုင်ဝက်မွေးပြောရမလားဘဲ။
    အမေကတော့…
    အိမ်ရှင်မပီပီသသတာဝန်ယူထားတဲ့သူဆိုတော့။
    အိမ်မှာ(၂၄)နာရီလုံးသားသ္မီးတွေအတွက်နဲ ့ပဲအချိန်ကုန်နေခဲ့တာ။
    သေသေချာချာဂရုတစိုက်ချက်ပြုတ်ကျွေးမွေးနိုင်ခဲ့တယ်။
    ကျမကဝန်ထမ်းတဦးဆိုတော့..
    သားသ္မီးတွေကိုယောက္ခမနဲ ့ထားထားရတာပါ။
    အတူတူနေချိန်နည်းပြီး၊တတ်နိုင်သမျှတော့လုပ်ကျွေးမိပါတယ်။
    အမေကတော့အိမ်ရှင်မကောင်းတယောက်ပါဘဲ။
    ကျမကတော့…..
    သားသ္မီးတွေကို၊အမေ့လိုမလုပ်ကျွေးနိုင်ခဲ့တော့…
    ရာသီနံနက်ခင်းတွေကိုအလွမ်းတွေနဲ ့ပဲဖြတ်သန်းအချိန်ကုန်လာခဲ့ရပါတယ်။
    တွေးမိတိုင်းလွမ်း။သတိရမိတိုင်းလွမ်း။ဝန်ထမ်းလုပ်ခဲ့မိတာကိုလည်းနောင်တတွေရနေမိရင်း။
    စိတ်မကောင်းဖြစ်ခဲ့ရတယ်။သားတွေကကျမနေခဲ့တဲ့ဘဝလိုမပြည့်စုံခဲ့ဘူး။။
    —————————————————————–
    အတိသဌ္ဇနာဂရရေ….
    ရခိုင်ငှက်ပျောသီးက၊ကောက်ညှင်းထုတ်ရာမှာအရသာအရှိဆုံးပါဘဲ။
    ကြိုက်တယ်ပြောလို ့ကျွေးချင်မိပါတယ်ကွယ်။
    နီးရင်တော့ကောင်းမယ်နော်။စိတ်မဆိုးပါနဲ ့နော်။။
    ရခိုင်ငှက်ပျောသီးကဘဝမှာမေ့မရတဲ့အသီးပါ။
    ရခိုင်ကိုအသက်ငယ်တုံးကစံပြကြက်ခြေနီပါတုံးကရောက်ဖူးတယ်(တစ်လနီးပါး)။
    ငှက်ပျောသီးတင်မဟုတ်ပါဘူး၊ရခိုင်ရဲ ့ဓလေ့ရိုးရာစားစရာတွေကိုခုထိမမေ့နိုင်ဘူး။
    ရခိုင်ယဉ်ကျေးမှုကိုလည်းအရမ်းမြတ်နိုးတယ်။
    ရခိုင်ယဉ်ကျေးမှုအရ၊မိန်းကလေးတွေကိုလုံမပျိုလို ့ပဲခေါ်ပြီးသုံးနှုံးတာပါ။ဘဝမှာမေ့လို ့မရနိုင်ခဲ့ပါဘူးကွယ်။။

  • အတိသဌ္ဇနာဂရ

    August 3, 2012 at 8:46 pm

    အမအေးက ရခိုင်ငှက်ပျောသီးကြွေးရမှာစိုးလို ့ကျနော်ကြတော့ထည့်တောင်မပြောရှာဘူးနော်။
    အမအေးကို နောက်တာပါဗျာ။

    • aye.kk

      August 3, 2012 at 9:18 pm

      မနောက်ပါနဲ ့မောင်လေးရယ်..
      ရေးရင်းနဲ ့ကျန်ခဲ့မိတာပါကွယ်၊အားနာမှုများစွာနဲ ့တောင်းပန်လိုက်ပါရစေ။
      ရခိုင်ငှက်ပျောသီးလည်းကျွေးပါမယ်။
      ရခိုင်ကိုလည်းအရမ်းချစ်ပါတယ်။။

  • မောင်ပေ

    August 3, 2012 at 8:59 pm

    အခုခေတ် သားသမီးမရသေးတဲ့ အိမ်ထောင်ရှင်တွေလဲ သားတွေ သမီးတွေ ရလာရင်
    ကျွေးမွေးပြုစု လူတစ်လုံးသူတစ်လုံးဖြစ်အောင် စောင့်ရှောက်ကြရတော့မယ်
    အန်တီအေးတို ့ခေတ် ၊ ကျွန်တော်တို ့ကြီးပြင်းလာတဲ့ ခေတ်မှာ ရှေးလူကြီး အဘိုးအဘွားများရဲ ့ကောင်းမှုနဲ ့ သဘာဝအတိုင်း ဆိုးဆေးမပါ ဆီသန် ့သန် ့လေးနဲ ့ အစားအစာ မုန် ့ပဲသွားရေစာတွေနဲ ့အတူ ကြီးပြင်းခဲ့ကြရတယ်
    ဒီနေ ့ခေတ် ကလေးငယ်တွေ ချာတိတ်တွေ စားနေကြရတဲ့ တရုတ်ကနေ ဝင်လာနေတဲ့ ဘာမှန်းမသိညာမှန်းမသိ မုန် ့ထုပ်တွေ ၊ မယ်လမင်းတွေနဲ ့နို ့မှုန် ့တွေ ကို မြင်ရတော့…
    အန်တီအေးလိုပဲ ငယ်ဘဝကို ပြန်လွမ်းမိတယ်
    ကိုယ့်မှာသားသမီးရခဲ့ရင်လဲ ၊ ဒီနေ ့ခေတ် ရှိနေတဲ့ ဘာတစ်ခုမှ စိတ်မချရတဲ့မုန် ့ထုပ်တွေ ကြားမှာ…
    ဟူးးးးးးး
    လွမ်းလဲလွမ်း မောလဲမော ရတယ်ဗျား

  • မဟာရာဇာ အံစာတုံး

    August 3, 2012 at 9:23 pm

    အမအေးရေ ..
    ဒီစာတွေကိုဖတ်ပြီး နောက်ဆုံးမှာ ဟိုသီချင်းလေးကို သတိရလိုက်မိပါတယ် ..
    ဖေဖေရယ် xxx မေမေရယ် xxx ကြင်စတုန်းက xxx စလယ်ဝင်အိုးလေးကို သုံးကာ xxx
    အဲ့ဒီ သီချင်းပေါ့ဗျာ …

    အမအေးရဲ့ အဖေနဲ့ အဖေက
    သားသမီးတွေကို ချစ်လည်းချစ်သလို
    တော်တော် ဂရုစိုက်ကြတယ်ဆိုတာကို ဒီစာတွေကိုဖတ်ရင်း
    သတိထားလိုက်မိပါတယ် ဆိုတဲ့အကြောင်း ……….

    စကားမစပ် ရွာက အဖေနဲ့အမေကို ပြန်လွမ်းမိသွားပါကြောင်း …

    • aye.kk

      August 3, 2012 at 10:48 pm

      မောင်ပေရေ…
      ကျေးဇူးပါကွယ်။
      လွမ်းလဲလွမ်း၊မောလဲမော..တာအမှန်ပါဘဲကွယ်။
      ဒီခေတ်ကြီးထဲမှာဝိသမစီးပွားရေးနဲ ့ဝင်လာတဲ့မုန် ့တွေကြောင့်..
      ကလေးတွေကစားသုံးဘို ့မသင့်လှပါဘူး။တစ်ပိုင်တစ်နိုင်သန် ့သန် ့ရှင်းရှင်းနဲ ့လုပ်ရောင်းတဲ့..
      မြန်မာ့ရိုးရာမုန် ့ပဲသွားရေစာတွေကို၊ကလေးတွေအတွက်၊ကျောင်းတွေမှာလုပ်ရောင်းပေးရင်
      ကောင်းမှာပါဘဲလို ့ထင်မြင်မိပါတယ်ကွယ်။
      —————————————————————————————————-
      မဟာရာဇာအံစာတုံးရေ…
      အဖေနဲ ့အမေကိုပြန်လွမ်းသွားတယ်ဆိုလို ့…
      ကျေးဇူးပါဘဲနော်။

  • MaMa

    August 3, 2012 at 10:34 pm

    ကျမတို့ငယ်ငယ်တုန်းကလည်း အဖေနဲ့ အမေက အိမ်မှာပဲ ချက်ကျွေးတာများတယ်။
    မိသားစုတွေ စုပြီး ချက်ကြပြုတ်ကြ စားကြ သောက်ကြနဲ့ စည်းစည်းလုံးလုံးနဲ့ ပျော်စရာကောင်းတယ်။
    ဝယ်စားတာနဲ့မတူဘူး။
    ကျမတို့မောင်နှမတွေက ရန်ကုန်မှာ ကျောင်းလာတက်တော့ ကျောင်းပိတ်ရက်ပြန်ရင် အဖေက သူကိုယ်တိုင် အထူးစပါယ်ရှယ် စီစဉ်ပြီး ချက်ကျွေးတာ။
    စဉ်းစားရင်း ငိုချင်လာပြီ။ 🙁

  • မမအေးရေ
    ဒီစာကိုဖတ်ပြီး ကျနော့်ကတော့ အမေ့အစား အဖွားကိုဘဲလွမ်းရပါတော့တယ်။
    ငယ်ငယ်က အဖွားလုပ်ပေးတဲ့ မုန့်တွေကို ငြင်းပယ်ခဲ့မိတာ အခုမှ နောင်တတွေရမိတယ်ဗျာ။

  • aye.kk

    August 3, 2012 at 11:04 pm

    မမရေ….
    မမရဲ ့ပျော်စရာမိသားစုဘဝလေးကိုလည်း…
    အားကြမိပါတယ်။မမအဖေချက်တဲ့လက်ရာစားချင်စိတ်ပေါက်မိပါတယ်။
    မမလိုပဲစဉ်းစားမိရင်ငိုချင်မိပါတယ်မမရယ်။။
    —————————————————————–
    ကိုပေါက်ရေ….
    အဖွားဆိုတာမွေးလာကတည်းကမရှိတော့…
    အိမ်ရှေ့အိမ်ကအဖိုးနဲ ့အဖွားတွေကိုပဲ…
    အရင်းတွေလိုအောင်းမေ့ပြီးကြီးပြင်းလာခဲ့တယ်…
    အိမ်ရှေ့ကအဖွားကတော့နေ ့တိုင်းဆိုသလိုမနက်မိုးလင်းလာရင်…
    အတီရေနင့်သ္မီးတွေလွှတ်ပေးပါဦးဆိုရင်…
    အမေကသူရဲ ့အမွှေထိန်းမိဘတွေဆိုတော့…
    ကျမတို့မောင်နှမတွေကိုသွားခိုင်းရင်နေ ့တိုင်းနံနက်မိုးလင်းတာနဲ ့သွားရတယ်…
    ပျော်အောင်ခံထားတဲ့ဖီးကြမ်းငှက်ပျောသီးတွေကိုမီးဖုတ်ပြီးကျွေးတာနံနက်တိုင်းပါဘဲ..
    အဖွားကတော့ဝမ်းအေးတယ်၊အစာကြေညက်စေတယ်၊ခန္ဓာကိုယ်ဖွံ ့ဖြိုးမှုအတွက်
    လိုအပ်တယ်ဆိုပြီး၊မစားပဲပစ်ထုတ်မှာစိုးလို ့အဖွားကသူ ့မျက်စိရှေ့မှာတင်ပဲစားခိုင်းတာ။
    အဲဒီအချိန်ကမစားချင်ပဲစားရလို ့၊ စိတ်ဒုက္ခရောက်ရတာအမြဲလိုလို၊ကြာလာတော့ငြီးငွေ ့လာရော…
    အော်ခေါ်သံကြားရင်မသွားချင်လဲသွားခဲ့ရတာ..။
    တခါတခါကျရင်မတတ်သာတဲ့အဆုံး…
    အကြောင်းပြပြီးအိမ်ပြန်ပြေးလာ။ပြီးမှကိုင်လာတဲ့လက်ထဲကငှက်ပျောသီးမီးဖုတ်ကို
    လွှင့်ပစ်ခဲ့မိတယ်။
    ကြီးလာတဲ့အရွယ်နားလည်လာတဲ့အချိန်၊ပြန်စဉ်းစားတော့…
    အဲဒီအဖွားထားခဲ့တဲ့စေတနာတန်ဘိုးကိုသိမြင်လာပြီးစိတ်ထဲမှာနောင်တရမိတယ်။
    ပြန်စဉ်းစားရင်လွမ်းလာတယ်။။
    ကျမ(၉)နှစ်သ္မီးလောက်မှာအဲဒီအဖိုးအဖွားတွေရှေ့ဆင့်နောက်ဆင့်ဆုံးပါးသွားကြတယ်။။

  • pooch

    August 3, 2012 at 11:36 pm

    ငါးဆန်ပြုတ်လေး ပြုတ်သောက်ကြည့်အုန်း မယ် အန်တီအေးရေ။
    အခုခေတ်တော့ အလွယ်ရတဲ့ မုန့်ကိုပဲ အပြင်ကနေ လွယ်လွယ်ဝယ်စားမိနေတော့တယ်။ ကိုယ်တိုင်လုပ်ရတာ လက်ဝင်တာရယ် အချိန်မပေးနိုင်တာရယ်နဲ့ ကောင်းကောင်းမလုပ်တတ်တာရယ်နဲ့ ။

    အမေကတော့ တောင်ငူမုန့်ဟင်းခါးသုတ်တို့ ငါးထမင်းဆိတ်တို့ ရဲယိုရွက်နဲ့ ထုပ်တဲ့ ဟင်းထုပ်တို့ မကြာမကြာလုပ်ကျွေးဖူးပါတယ်။ ကျမကတော့ ဘာမှ ဟုတ်တိပတ်တိ မလုပ်တတ်သေးဖူး။

  • ကြောင်ကြီး

    August 4, 2012 at 9:25 am

    ငါးဆန်ပြုတ်
    စားရန်လုပ်
    အားမာန်ထုတ်
    ကျားပျံသုတ်
    ယားယံကုတ်
    သားကြံစုပ်
    ပွားညဏ်ဟုတ်
    ဖွားကံကျုပ်..။

  • mamanoyar

    August 4, 2012 at 9:29 am

    ိဝူးးးးးးးးးးးးးးးးးး စားချင်လိုက်တာ
    အမေလုပ်ကျွေးတဲ့အစားအစာလေးတွေတောင်
    သတိရသွားတယ်

  • aye.kk

    August 4, 2012 at 9:39 am

    pooch,…ရေ
    ငါးပြုတ်ထားတဲ့အချိန်။အချိုအငံပြည့်စုံအောင်ထည့်ပြီးပြုတ်နော်..
    ဆန်ပြုတ်ပြုတ်မဲ့ရေဆူအောင်တည်ထားတဲ့အချိန်၊ပါဝင်တဲ့ပစ္စည်းတွေပြောင်းထဲ့မယ့်အချိန်မှာ..
    ငါးပြုတ်ထားတဲ့အချိုရည်တွေကို၊တပါတည်းအတူတူရောထည့်ရမယ်။
    ဆန်ပြုတ်မယ့်အိုးထဲရေကိုထဲ့တဲ့အချိန်မှာ၊ငါးပြုတ်ထားတဲ့အရည်တွေထပ်တဲ့မှာမို ့
    အမြင်နဲ ့မှန်းဆပြီးရေကိုထဲ့ရမယ်။
    အန်တီကတော့အရမ်းကြိုက်လို ့ခဏခဏလုပ်စားဖြစ်ပါတယ်။။
    ရဲယိုရွက်နဲ ့ငါးပေါင်းထုတ်ကအန်တီအကြိုက်ဆုံးဟင်းလျာတခွက်ပါဘဲ။
    ငါးကကက်တစ်အကောင်ကြီးကိုဗိုက်အသားတွေလွှာပြီး၊အနေတော်လက်နှစ်လုံးအတုံးလေးတွေလှီး။
    ပြီးရင်အပေါ့အငံ(ဆား၊ဆနွင်း၊အချိုမှုန့်၊ငံပြာရည်)တစ်ခါတည်းနယ်ပြီးခဏနှပ်ထား။
    ကြက်သွန်နီဥကြီးတွေအကွင်းကွင်းလှီးထား။
    စပါးလင်၊ကြက်သွန်ဖြူ၊ကြက်သွန်နီတွေညက်အောင်ထာင်းထားတာတွေကို၊
    ငါးအသားလွှာရယ်။ဆန်နှစ်မှုန် ့ရယ်။ကြက်သွန်နီးအကွင်းလိုက်လှီးထားတာရယ်။
    ဆီအနည်းငယ်ပါထဲ့ပြီးအားလုံးသမအောင်နယ်။(အပေါ့အငံလိုသလိုထပ်ထဲ့)
    အရသာမြည်းကြည့်ပြီးမှရဲယိုရွက်ကိုအောက်ကခံပြီးငှက်ပျောဖက်နဲ ့ထုတ်ပြီး
    သွားကြားထိုးတံနဲ ့ညှပ်။အထုတ်မပြီထွက်အောင်ထုတ်ပြီးပေါင်းတာ။
    အနံ ့လှိုင်လှိုင်မွှေးပြီဆိုမှပေါင်းအိုးကိုချ။
    အအေးခံပြီးထား။ရဲယိုရွက်နဲ ့ငါးပေါင်းထုတ်ကိုထမင်းအလွတ်ပဲစားတာ။
    အန်တီကတော့အရမ်းကြိုက်ပါဘဲ။
    ဒီမှာကဇလားဗီးယားငါးဘဲရှိတော့၊ဇလားဗီးယားငါးနဲ ့ပဲထုတ်စားဖြစ်တယ်။
    အမေသင်ပေးထားတဲ့လက်ရာတွေပါဘဲ။။

  • aye.kk

    August 4, 2012 at 3:05 pm

    ကြောင်ကြီး,..
    ဖွားကံကျုပ်..
    အဟုတ်ကြော်…
    ကြော်တဲ့ငါး…
    စားမှာလား။။
    —————————————————————————————————————-
    နိုရာရေ…
    ကျွေးချင်လိုက်တာ။
    နီးရင်ကောင်းသားနော်။။

  • နွေဦး

    August 4, 2012 at 3:38 pm

    ဆန်ပြုတ်ဆိုတာ
    အသက်ကြီးလာရင်..
    နေထိုင်မကောင်းဖြစ်လာရင် ..
    စားချင်ချင် မစားချင်ချင် ..
    ငြင်းမရဘဲ စားရမဲ့ အစာဖြစ်နေတော့ ..
    ခုထဲက လေ့ကျင့် ပြီး စားထားသင့်သလား…။

  • aye.kk

    August 4, 2012 at 5:15 pm

    နွေဦးရေ…
    ဆန်ပြုတ်ကတော့အသက်ကြီးလာမှ၊နေထိုင်မကောင်းဖြစ်မှ
    သောက်ကြတာ။အန်တီအမြင်လေးပြောရရင်ရှေးရိုးစွန်းအစွဲကြောင့်လို ့ပဲထင်မြင်မိပါတယ်။
    အန်တီလက်ရှိနေထိုင်တာကထိုင်း-မြန်မာနယ်စပ်မှာနေတဲ့သူပေါ့နော်။
    ဒီမှာက၊ဒီကလူတွေအတော်တော်များများဟာ၊ညနေစာအဖြစ်ဆန်ပြုတ်ကို
    သာသောက်တဲ့သူတွေများတယ်။
    ညနေခင်းဖက်ဖွင့်ထားတဲ့၊ဆန်ပြုတ်ဆိုင်တွေဆိုရင်၊အရမ်းကိုရောင်းကောင်းတယ်။
    ဆန်ပြုတ်ကိုဘာဖြစ်လို ့သောက်ကြတာလည်း၊ဒီကဓလေ့အရလားလို ့အန်တီကမေးတော့…
    ဒီကလူတွေပြောကြတာကတော့…
    ဆန်ပြုတ်ကအစာချေရလွယ်ကူပြီးဝိတ်မတက်ဘူးတဲ့။
    ညနေပိုင်းကအိပ်ချိန်နဲ ့နီးကပ်တဲ့အတွက်ဝိတ်ချချင်တဲ့သူတွေအတွက်ဆန်ပြုတ်ကို
    သာအသောက်များကြတာလို ့ပြောပြတယ်။
    ဆန်ပြုတ်ကတော့၊တရုတ်လူမျိုးတွေအတော်များများနှစ်နှစ်သက်သက်သုံးဆောင်ကြတာပဲ။
    အန်တီတို ့ကငယ်ငယ်ထဲကနံနက်မိုးလင်းရင်ဆန်ပြုတ်ကိုပုံစံအမျိုးစုံနဲ ့သောက်ပြီးကြီးပျင်းလာခဲ့လို ့။
    ဆန်ပြုတ်ကိုထမင်းထက်ပိုပြီးနှစ်သက်မိပါတယ်။

  • ဆူး

    August 4, 2012 at 5:25 pm

    အမျိုးကို စုံနေတာပဲ.. နည်းပညာ လိုက် မမှတ်တော့ဘူး နာမည်ပဲ မှတ်ထားတော့မယ်.. လမ်းကြုံရင် အိမ်လည်ပြီး နာမည် မှတ်ပြီး တောင်းစားတော့မယ်နော်။

  • aye.kk

    August 4, 2012 at 8:45 pm

    ဆူး…
    စားချင်တာသာပြောပါနော်ကျွေးပါ့မယ်။

  • အရီးခင်လတ်

    August 4, 2012 at 9:34 pm

    အစ်မအေးရေ
    အစ်မ အမေကတော့ တကဲ့ မိခင်ကောင်း ပါဘဲ။
    အစ်မ အမေ လက်ရာတွေ က စားချင်စရာ ကောင်းသလို ကျန်းမာရေးနဲ့ လဲ ညီမဲ့ ပုံဘဲ။
    စားစရာ တွေကို ရသပါအောင် ဖွဲ့ပြ ခဲ့တဲ့ အစ်မ ကိုလဲ ကျေးဇူးတင်ပါတယ်။
    စိတ်နဲ့ မှန်းပြီး လဲ အားလုံးကို စားသွားပါတယ်။ 🙂

  • aye.kk

    August 5, 2012 at 4:36 pm

    အရီးရေ…
    ကွန်မန်းလေးအတွက်ဝမ်းသာမိပါတယ်။
    အမေ့လက်ရာတွေကိုသတိရတိုင်း၊လုပ်စားဖြစ်ပါတယ်။
    ဝက်နံရိုး၊ထောပတ်ပိန်း၊မုန်ညှင်းခါးနဲ ့ပြုတ်တဲ့ဆန်ပြုတ်ရယ်..
    ငါးဆန်ပြုတ်ရယ်ကတော့မကြာခဏလုပ်စားဖြစ်ပါတယ်။
    အချိန်ရတဲ့ခါဓါတ်ပုံနဲ ့တကွတင်ပေးပါဦးမယ်။

  • kotun winlatt

    August 5, 2012 at 4:41 pm

    ဝိုးးးးးးး
    ရာသီအလိုက် အစားအသောက်လေးတွေက ကောင်းလိုက်တာ…
    အေးကေကေ က ကံကောင်းတာပေါ့နော်…..ဟင်းချက်ကောင်းတဲ့သူရဲ့ သမီးဖြစ်ရတာ..။

  • aye.kk

    August 5, 2012 at 4:59 pm

    ကိုထွန်းဝင်းလတ်ရေ….
    ကျေးဇူးပါ…..
    အမေကဟင်းချက်နည်းတွေပါသင်ပေးခဲ့လို ့
    ကံကောင်းတယ်လို ့ပဲဆိုရမှာပါ။။

Leave a Reply