စွဲလမ်းမိတဲ့ ဝေဒနာ

etoneAugust 3, 20121min27332

စိတ်ထဲမှာ တစ်ခုခုခံစားမှု ဖြစ်လာတိုင်း ရွာထဲဝင်ပြီးရေးဖြစ်တဲ့ အကျင့်လေးရှိတာမို့ ဒီတစ်ခါလည်း စိတ်ထဲမှာ ပြင်းပြင်းပြပြဝေဒနာစွဲကပ်နေတာကြောင့် မျက်နှာပူပူနဲ့ပဲ ရွာထဲမှာ ရင်ဖွင့်ခဲ့ပါတယ် ။ ကျွန်မလက်တလောခံစားနေရတဲ့ ဝေဒနာက စွဲလမ်းမှုဝေဒနာပါ ။

ဒီလိုဝေဒနာမျိုး စိတ်ထဲ ပြင်းပြင်းပြပြခံစားနေရတာကြောင့် ကိုယ့်ကိုယ်ကိုတောင် အံ့ဩမိပါတယ် ။ စွဲလမ်းစိတ်နဲ့ ရူးချင်ချင်တောင်ဖြစ်နေမိတာ ပွင့်လင်းစွာနဲ့ ဝန်ခံပါတယ် ။

ပြောလျှင်တောင် ယုံကြမယ်မထင်ဘူး … ကျွန်မသူ့ကို တကြိမ်တစ်ခါမှ မမြင်ဖူးပဲနဲ့ အသံကြားရုံနဲ့ စွဲလမ်းမိပါတယ် ။ သူ့ကိုစွဲလမ်းတယ်လို့ ပြောရမှာထက် … သူ့အသံကို စွဲလမ်းမိတယ်လို့ ပြောလျှင ်ပိုမှန်ပါလိမ့်မယ် ။ ကြားလိုက်တာနဲ့ ကျွန်မအတွက်တော့ …. လန်းဆန်းပျော်ရွှင်စိတ်ကို ဖြစ်စေနိုင်တဲ့ အသံမျိုးပါ ။

သူ့အသံကြားရလျှင်ပဲ ရင်ခုန်နှုန်းတွေမြန်သွားပြီး ပျော်လာသလိုလို တဆက်တည်းခံစားမိပြန်တယ် …. ။ စိတ်ထဲကနေ လှိုက်လှိုက်လှဲလှဲစကားပြန်ပြောချင်စိတ်ဖြစ်မိပေမယ့် ….. အသိစိတ်က ပြန်ထိန်းချုပ်ခဲ့တာကြောင့် …. စကားပြန်မပြောဖြစ်ခဲ့ပါဘူး ။ စိတ်ထဲရှိတဲ့ အတိုင်းသာလုပ်ရလျှင် ၊ သူ့ကိုစကားပြောပြီး ကျွန်မသူ့ဆီက မျှော်လင့်နေတာကိုရယူမိမှာပါပဲ ။ သူ့ရဲ ့ရုပ်ရည် နဲ့ အသက်က ဘယ်လိုပဲဖြစ်ဖြစ် အဓိကမကျပါဘူး ။ လောလောဆယ်တွယ်ငြိမိနေတာ သူ့အသံကြောင့်ပါ ။

သူကလည်း အိမ်ရှေ့ကဖြတ်တိုင်း ၊ ကျွန်မကို အသံပေးသွားတတ်တော့ ၊ ကြားနေကြသူ့အသံ မကြားရလျှင်ပဲ ရင်ထဲဟာတာတာနဲ့ပေါ့ ။ ကျွန်မကလည်း အိမ်မှာ အချိန်ပြည့်မနေနိုင်တော့ သူ့အသံမကြားရတဲ့နေ့ဆို ၊ စိတ်ထဲတစ်ခုခုလိုနေသလိုပါပဲ ၊ ဘာမှလည်း မလုပ်ချင် ၊ ဘာမှလည်း စားချင်စိတ်မရှိပဲ …….. ပျော့ခွေပြီးသာ နေချင်ပါတော့တယ် ။ အိမ်ရှေ့ကဖြတ်တိုင်း အသံပေးသွားတာ ကျွန်မသူ့ကိုများ  လှမ်းစကားပြောမလားလို့ မျှော်လင့်နေပုံတော့ရတယ် …. ။ သူ့အသံကြားရုံနဲ့ နားလည်ပါတယ် …. ကျွန်မလိုချင်တာကိုသာ ပြောလျှင် သူလည်းလိုသလောက်ပေးနိုင်မှာပါ ။

ကျွန်မကို ရူးတယ်ပဲပြောပြော ၊ ကြောင်တယ်ပဲ ပြောပြော ဒီနေ့တော့ သူ့အသံကြားရလျှင် အသိစိတ်တွေအားလုံးကိုခဏမေ့ပြီး ကျွန်မစိတ်ထဲရှိတဲ့အတိုင်း ၊ သူ့ကို စကားပြောလိုက်တော့မယ် ….. ။

%%%%%%%%%%%%%%

ရင်တွေကွဲထွက်တော့မတတ် နှလုံးတွေတဆတ်ဆတ်ခုန်နေတယ် ….. စိတ်လှုပ်ရှားလွန်းလို့ လက်ဖျား၊ ခြေဖျားလေးတွေတောင် အေးစက်ကုန်တဲ့ အထိပါပဲ …. ။ ဒီအချိန်ဆို သူလာတော့မယ် …….။

ဟော………. မျှော်လင့်ထားသလိုပဲ …… သူလာပါပြီ .. အဝေးကတည်းက သူ့အသံကြားရတယ် … တဖြည်းဖြည်း အိမ်နားရောက်တော့မှ … အချိန်ကိုက်ထွက်ပြီး အသံပေးပြီး လိုချင်တာ တောင်းလိုက်ပါတော့မယ် …

အိမ်ရှေ့က သူ့အသံကို ကျွန်မကြားပါပြီ  ။ …. ပြတင်းပေါက်ကို ခြေဖျားထောက်ပြီး …. အားရဝမ်းသာ အော်လိုက်မိပါတယ် …… ။

” ဗျို့…..ကုလား ….  နွားနို့ တစ်ပိသာလောက်” 😛  😛 😛 😛 😛

%%%%%%%%%%%%%%

(ဒီရက်ပိုင်း အဆီတက်စေမယ့် အစားသောက်တွေ ရှောင်ဖြစ်နေတာကြောင့် နွားနို့နဲ့ ကြက်ဥရောပြီး ပူတင်းလုပ်စားချင်စိတ်ကို …. ချုပ်ထိန်းထားရလို့ပါ …. ။ နွားနို့ပို့တဲ့ ကုလား အသံကြားတိုင်း …. အဆီတက်မယ် .. အဆီတက်မယ်ဆိုတဲ့ စိတ်နဲ့ ..စားချင်စိတ်ကို မြိုသိပ်လာရာက …. ဖြစ်လာတဲ့ အဖြစ်ပျက်ကို … ရွာသူားတွေ အပျင်းပြေရယ်မောရအောင် … ရေးမိသွားပါတယ် .. မှားတာချိယင် ဝံဒါမိဘာ… ခွိခိ

32 comments

  • ပင်လယ် ပျော်

    August 3, 2012 at 7:19 pm

    ဟင်…feel တွေတတ်လာပြီးမှ ဘယ်လိ်ုဖြစ်ဒွါးရတာလဲ…ရင်ထဲအီစိမ့်စိမ့်ကြီးဖြစ်ပြီးကျန်ခဲ့တယ်…..

  • ko khin kha

    August 3, 2012 at 7:23 pm

    မအိတုံလေး ပူတင်းလုပ်စားတဲ့နေ့ ဧည့်သည်အဖြစ်လာလည်လို့ရလားဟင်။

  • etone

    August 3, 2012 at 7:50 pm

    ပင်လယ်ပျော်ရေ …. ရဟတ်စီးရတဲ့ ဖီလင်မျိုးလေး …စာဖတ်သူကို ဖြစ်စေချင်လို့ပါ …. ။
    ဒီလိုပုံစံတူမျိုးလေး တစ်ခါရေးဖူးတယ် …. အဲ့တုန်းကလည်း ….. ပျော်စေချင်လို့ ရေးလိုက်တာပါပဲ …. ။
    http://myanmargazette.net/49627/society-lifestyle/aha-jokes အပျိုကြီးရဲ့ အရွယ်လွန်အချစ်… ဆိုတဲ့ ပို့စ်လေးပါ ….

    ကိုခင်ခရေ …. အဟီး … ကျွေးတော့ကျွေးချင်ပါတယ် …. ။ ဒါပေမယ့် … မနက်ဆို …. ခြောက်နာရီခွဲ အိမ်ကထွက်ပြီး …ညဆို ဆယ်နာရီခွဲပတ်ဝန်းကျင်မှအိမ်ပြန်တတ်တာမို့ ….. ဧည့်သည်ဖိတ်ရင်တောင် .. အားနာနေရမယ့် အချိန်ဆိုတော့ … ဟီး …. ဓါတ်ပုံရိုက်ပြီး အီးမေးလ်ကကျွေးပါမယ်နော် …ဟိဟိ 😛

    • pooch

      August 4, 2012 at 10:53 pm

      ရွာဝင်စက မှတ်မှတ်ရရဖြစ်နေတဲ့ပိုစ့်လေးမို့ မှတ်မိတယ် ။ နောက်ရေခဲရေဘူးကို မရမကဖွင့်ရာကနေ အကိုနဲ့ အလွဲလေးဖြစ်သွားတဲ့ပိုစ့် နောက်တခုက စင်ဂဲမားသား အဲ့ဒီ ၃ ပုဒ်အကြိုက်ဆုံးပဲ ။
      ရွာထဲရောက်ခါစက ဆူးတို့ တုန်တုန်တို့ စာလေးတွေ တော်တော်ဖတ်ရတယ်။ မှတ်မှတ်ရရပါပဲ။

  • အတိသဌ္ဇနာဂရ

    August 3, 2012 at 8:01 pm

    မမအိတုံရေ သွယ်ဝိုက်ပြီး ဟဿရသမြောက်အရေးအဖွဲ ့အတွက် ပထမဆုံးလက်မလေးထောင်သွား
    ပါတယ်ဗျာ။အားရပါးရလဲ ရယ်မောသွားပါတယ် အမရေ။

    • etone

      August 3, 2012 at 8:15 pm

      ကိုသန်းထွဋ်ဦးရေ … ရယ်စေချင်လို့ ပျော်စေချင်လို့ ရေးတာ … ရယ်ရတယ်ဆိုလို့ … ဝမ်းသာပါတယ်နော် … ။

  • မောင်ပေ

    August 3, 2012 at 8:27 pm

    ညလေးအိတုန်ရေ အဆီတက်တာများကွယ်… ဒေါက်တာကိုကို တစ်ယောက်လုုံးရှိနေတဲ့ဟာပဲဟာ
    နွားနို ့သောက်တာ ကိုယ်ခန္ဓာကို ဖွံ ့ဖြိုးကြီးထွားသန်မာစေလို ့ အခု ကျောင်းတွေမှာ နွားနို ့တိုက်မယ့် အစီအစဉ်တွေ ဆွဲနေပြီဆိုလားဘဲ
    ဆိုတော့ ညလေးအိတုန်လဲ ဆွဲသာဆွဲ

  • မဟာရာဇာ အံစာတုံး

    August 3, 2012 at 8:44 pm

    အမလေး ဂျီးဒေါ်ရယ် …
    ရင်တွေ တဒိန်းဒိန်းနဲ့ ဖတ်လိုက်ရတာ ..
    နောက်ဆုံးတော့ ..
    တခွီးခွီးနဲ့ပဲ ရယ်လိုက်ရတော့တယ် ..
    တော်တော် နောက်တဲ့ ဂျီးဒေါ် ..
    လူဇိုး … 😀

  • ကြောင်ဝတုတ်

    August 3, 2012 at 10:16 pm

    ပြတင်းပေါက်ကို ခြေဖျားထောက်ပြီး …. အားရဝမ်းသာ အော်လိုက်မိပါတယ် …… ။
    ” ဗျို့…..ကုလား …. နွားနို့ တစ်ပိသာလောက်”

    ပြူတင်းပေါက်နားမှာခြေဖျားထောက်ပြီး အားရဝမ်းသာအော်လိုက်တဲ့ပုံစံကို…
    အရင်တုန်းက မင်းသမီးကြီးမမို့ (မို့မို့မြင့်အောင်) ဆပ်စလူးစိန်လုပ်တုန်းကစတိုင်…
    မင်းသားအလာ… “ကိုကို” ဆိုပြီး အားရဝမ်းသာလှမ်းအော်ပုံနှင့်မြင်ယောင်ကြည့်လိုက်ရာဝယ်…

    ဒါရိုက်တာ
    ကြောင်ဝတုတ်

  • uncle gyi

    August 3, 2012 at 10:59 pm

    ှမအိတို့ဆီမှာခုထိကုလားနွားနို့်ပို့တုန်းလားမန်းလေးမှာရွာတွေကမိန်းကလေးတွေလိုက်ပို့နေတာ
    နွားနို့ပို့တဲ့ကုလားအတော်နဲသွားပြီ

  • YE YINT HLAING

    August 3, 2012 at 11:06 pm

    သူ့ရဲ ့ရုပ်ရည် နဲ့ အသက်က ဘယ်လိုပဲဖြစ်ဖြစ် အဓိကမကျပါဘူး ။ လောလောဆယ်တွယ်ငြိမိနေတာ သူ့အသံကြောင့်ပါ ။ ဆိုတော့ တော်တော် ကို စွဲလန်းနေပီ ပေါ့လေ တွေးလိုက်တာ ဟဲဟဲ- ပီးတော့ ဗျို့ကုလားတဲ့ ! ဟဲဟဲ- နောက်တာနော် !

  • ရဲစည်

    August 4, 2012 at 12:15 am

    ရသပို့စ်ပါဗျို့ ဘရာကြော် ပါပလာကြော်ပါ
    ဒါကို အနက်ဖွင့်ရင် အောင့်အီးသည်းခံရာမှ မမျိုသိပ်နိူင်သော အရာအားဖွင့်ထွက်ခြင်း
    သို့ဂလိုကြောင့်
    ဖလန်း ဖလန်းထ ရသမြောက်ပါပေတယ် :mrgreen:
    ဟိ ဟိ
    အတည်ပြောမယ်ဗျ နောက်ထပ် လေး ငါး ကြောင်းလောက် အထိ tempo ထပ်တင်လိုက်ပီးမှ ဒိထက်နည်းနည်းကောင်းတဲ့ ဟာသ အချိုးလေးများ ရေးချလိုက်ရင်ဖြင့်
    အဒေါ်အီးတုံးရေ ၅၀၀ဝဗျ ၅၀၀ဝ ဟိဟိ ပွိုင့်လည်းပါတယ်နော် …..
    ဃိန် ဂိန် ကိန်

  • ကြောင်ကြီး

    August 4, 2012 at 8:40 am

    မီ……ညောင်…
    အဲဒီအသံရော ဘယ်လိုခံစားရပါသလဲ ဒေါ်အီးဒုံး……။
    နို့နွား
    စို့ကျား
    ဒို့များ
    မြို့သား
    ပျို့ပါး
    ကိုယ့်အား
    သို့လား
    ညှို့ထား 😀

  • surmi

    August 4, 2012 at 8:54 am

    ဟရေး းးးး ကန်းမလေးနော်
    ဒီကုလားနွားနို ့ကအလွယ်မရဘူးနော
    ပိ်ုက်ဆံပေးလဲမရောင်းဘူး
    ခင်မှရောင်းဒါ
    ကြံကြံဖန်ဖန် စိတ်ကူးလေးကို သဘောကျနှစ်ချိုက်မိပါကြောင်း
    နောက်နောင်လည်း ယခုကဲ ့သို ့ မူကွဲလေးများ ဖန်တီးစေလိုပါကြောင်း

  • ရွာစားကျော်

    August 4, 2012 at 8:54 am

    မထိတ်သာ မလန့်သာရှိလိုက်တာ ဒေါ်အိတုံရယ်…
    ပူတင်းကယ်ပေလို့သာပေါ့ ဒေါက်တာရယ်လို့ ဆိုရတော့မည်ပေါ့..:)

  • ဦးဦးပါလေရာ

    August 4, 2012 at 9:20 am

    တခုခုတော့ လှည့်ကွက်လေးလုပ်ပြီးရေးတော့မယ်လို့ မှန်းထားရဲ့သားနဲ့ကို
    မထင်မှတ်တဲ့ဘက်က ဆွဲချသွားတယ်… 🙂

  • mamanoyar

    August 4, 2012 at 9:35 am

    မမအိတုန်နော် လူကိုလှည့်စားသွားတယ်
    တွားးးးးးးးးးးး ခေါ်တော့ဝူးးးးးးးးးးးးးးးးး

  • Foreign Resident

    August 4, 2012 at 1:12 pm

    E Tone ရေ ။
    နွားနို့ နဲ့ ကြက်ဥရောပြီး ပူတင်းလုပ်ပုံလေး ရေးပေးပါလားကွယ် ။
    အဘ အရင်ကလုပ်ဖူးတယ် ၊ မေ့သွားလို့ ။

    ပွချင်ရင် ပေါင်မုန့် ချေထည့် ။
    အောက်ခြေမှာ ညိုချင်ရင် သကြားရည်ထည့် တာတော့ မှတ်မိတယ် ။

  • we R one

    August 4, 2012 at 1:53 pm

    ဟင် …လူနောက်… တူများက တဂယ် မှတ်လို့.. မုအပြည့်နဲ ဖတ်နေတာ…
    နောက်ဆုံဂျတော့…
    😀

  • kyeemite

    August 4, 2012 at 3:12 pm

    ဒေါ်အီးတုံးက စာအရေးကောင်းတယ်ဗျာ…
    ဦးပါလေရာ ပြောသလိုကျုပ်လည်းစဖတ်ကတည်းကသိပါတယ်..
    လှည့်တော့မယ်လို့…ဒါပေမဲ့ ..ရိုဟင်ဂျာနဲ့ အဆုံးသတ်မယ်တော့မထင်မိဘူး…
    ကောင်းပါလေ့…ဖတ်လို့..

  • R Ga

    August 4, 2012 at 3:48 pm

    လူနောက်ကြီး…. အပေါ်ပိုင်းလိုက် ဖတ်တုံးက ဖီလင်တွေတက်နေတာ.. ဗျုုံးဆို…ပုတ်ချလိုက်တယ်။ ဟွန့်…..လူဆိုး..။

  • နွေဦး

    August 4, 2012 at 4:16 pm

    ကုလားလို့ မရေးနဲ့လေ…
    တော်ကြာ ပြောကြအုံးမယ်..
    ကုလားရောင်းတဲ့ နွားနို့ဆို မသောက်တော့ဘူး..
    ငွေစင် ပုလဲ ကရောင်းတဲ့ ဗမာ နွားနို့ဘဲသောက်တော့တယ်…

  • Phaung Phaung

    August 4, 2012 at 4:39 pm

    ဇာတ်လမ်းအစကနေ စိတ်ဝင်တစားနဲ့ တက်လာလိုက်တဲ့ဖီလင်က နောက်ဆုံးကျမှ နင်သွားတာပဲ…..
    အမလေး… နွားနို့သီးလိုက်တာ… ဖလူး ခွီး ……..

  • အရီးခင်လတ်

    August 4, 2012 at 5:14 pm

    စာဖတ်ပြီး နောက်ဆုံး ဘာဖြစ်မလဲလို့ တွေးရင်း အရသာ ရှိတာ ဖြစ်သွားတာကိုး။

    ကိုပါ ရဲ့ ချဉ်ပေါင် ဟင်း ကို စွဲလမ်းမှု က လက်တွေ့မကျဘူး။
    တုန်တုန် ရဲ့ ပူတင်း ကို စွဲလမ်းမှု က လက်တွေ့ကျတယ်။
    လုပ်စားမယ်။ 🙂

  • weiwei

    August 4, 2012 at 6:24 pm

    ဖတ်နေရင်းနဲ့ ဈေးသည်တစ်ခုခုဖြစ်လိမ့်မယ်လို့ ထင်ခဲ့ပေမယ့် နွားနို့သည်လို့ မခန့်မှန်းလိုက်မိဘူး … 😛
    အရေးအသား ဆွဲဆောင်မှုရှိတယ် …

  • Ko Khin Lwin

    August 4, 2012 at 9:17 pm

    နောက်နေ့ကော အသံလာရာကို နားစွင့်နေတုံးဘဲလား ကောင်းမလေး။

  • P chogyi

    August 5, 2012 at 9:15 am

    မအိတုံရေ အကြံပေးတာပါ( အကျန်မဟုတ်ပါ)
    ”ဗျို့…..ကုလား …. နွားနို့ တစ်ပိသာလောက်”
    လို့မရေးနဲ့လေ၊ ကုလားကို ကုလားလို့မခေါ်ရဘူးတဲ့

  • marblecommet

    August 5, 2012 at 12:59 pm

    တစ်ပိသာကြီးများတောင်လား
    မအိတုန်ရယ်….
    အင်းလေ တစ်ပိသာဆိုပေမဲ့
    ဝါးတားကို ဖယ်ထုတ်လိုက်ရင်
    ခြောက်ဆယ်သားလောက်တော့ ရလောက်ရဲ့
    နွားနို့ထဲ ငါးသလဲထိုး ပါမပါလည်း ကြည့်ဦးနော့….
    အာဟိ…

  • snow white

    August 5, 2012 at 4:27 pm

    very very good အရမ်းကြိုက်တယ် စကတော့အချစ်ကြောင်းများဖွင့်ဟနေသလားမှတ်ရတယ ် နောက်ကျတော့ရယ်နေရတယ် တကယ်ကောင်းတယ် ခုဖတ်နေတဲ့အချိန်ကတော်တော်လေးပျင်းနေတာ ခုဖတ်ပြီးရယ်လိုက်ရမှ ပဲအပျင်းပြေသွားတော့တယ် ကျေးဇူးပါမမအိရယ်။။

  • kotun winlatt

    August 5, 2012 at 4:44 pm

    အဟီးးးးးး မအိတုံ..တကယ်မှတ်ပီးးးဖတ်နေတာ..
    နောက်ဆုံးတော့..ဟရေးးကမ်းးးမလေးးးနော်…
    ကမ်းးးမလေးးးးးရယ်ရတာ….မောလိုက်တာ..ဟရေးးး

Leave a Reply