” မန်းဂဇက် ရံပုံငွေ ပဒေသာကပွဲကြီး”

ေမာင္ရိုးSeptember 4, 20124min845121

 

ဂဇက်ရွာကြီးကား အထူးပင်စည်ကားလှသည် ။ ရွာသူရွာသားများ၏ မိတ်ဆုံစားပွဲများ ၊ စာပေဆုပေးပွဲများ

နှင် ့ အလှူအတန်းများမှာပြတ်သည်မရှိ  ……ထို ့ကြောင်.့ ….မကြာခဏဆိုသလိုပင် အလှူခံခြင်းများ ပြုရပေ

တော ့သည် ၊။ ….တစ်ခါကနှစ်ခါ …..နှစ်ခါကသုံးခါ …ရှိသောအခါတွင် အလှူခံရသောတာဝန်ရှိသူများမှာ

မျက်နှာပူလေပြီ ….။ ဤသို့ဖြင့် ….ရံပုံငွေလေးများထားရှိလျှင်ကောင်းလေစွဟု ကြံစည်ကြ၍

မန်းဂဇက်ရံပုံငွေ ပဒေသာကပွဲကြီး ကိုစီစဉ်ကြလေတော့သည် ……။

သူကြီးမှဦးဆောင်ပြီး ရွာသူူားများစည်းဝေးကြလျက် ဇတ်ဆရာဦးနေးချားအား တာဝန်ပေး၍ ရွာသူားများမှလည်း ကျရာဇတ်ရုပ်မှ

ကူညီသရုပ်ဆောင်ကြမည်ဖြစ်လေတော့သည် ……။သို ့ .နှင် ့ ……..ဦးနေးချားမှာ ရွာသူား (၁၀၀) ခန့်ပါဝင်ဖျော်

ဖြေမည် ့ အစီစဉ်ကိုစတင်ရေးဆွဲလေတော့၏..……။

ဇတ်ရူး ရူးနေသော မောင်ဆာမိမှာ ကျိတ်၍ပျော်လေပြီ ။ ငယ်စဉ်က ဇတ်ထဲမလိုက်ရ၍ (၇)ရက်ခန် ့ ထမင်း

မစားဘဲ ဆန္ဒပြခဲ ့သူမို့  ဒီတခါဖြင့် စင်ပေါ်တက်ရမည် ့အရေး တွေး၍ပင် အိပ်မပျော် ……….ဦးနေးချားထံ

ကပ်ဖား ရပ်ဖားလုပ်လေတော.သည်  ။ သို့သော် …….မောင်ဆာမိ၏ရုပ်သွင်မှာ သရဲမကြာက်တတ်သူတို့သာ

ကြည် ့၍ ဖြစ်နိုင်သည်မို ့ ဦးနေးချားမှာ သူ၏ ကိုယ်ရေးလက်ထောက် (တောက်တို ၊ ပြာတာ ) အဖြစ်

တာဝန်ပေးလိုက်ရ၏ ။။။ ထို ့ကြေင့်ပင် မောင်ဆာမိတစ်ယောက် ဤဇတ်လမ်းကို အစမှ အဆုံးတိုင် မှတ်

တမ်းတင်နိုင်ခဲ့လေတော့သည် ……………။

============================================

ရွာသူရွာသားများသာပါဝင်သော ခေတ်ပေါ်ဇတ်သဘင်ကဲ့သို့ ဖျော်ဖြေမည်ဖြစ်သဖြင့်  ….စတိတ်ရှိုးအတွက်

အဆိုအတီးများလေ ့ကျင့်ရခြင်း  ၊ ယိမ်းအဖွဲ ့များအတွက် အဝတ်အစားများစီစဉ်၍ အက တိုက်ရခြင်း ၊

Dangerous  အကအဖွဲ ့ကို လျှို့ ့ဝှက်စွာ  ပါဖေါမန် ့ အကများ တိုက်ရခြင်း စသည်တို.့ကို ရှေးဦးစွာ

ပြုလုပ်ရလေသည် ၊။ ခေတ်ပေါ်တီးဝိုင်းအတွက်  ဂီတမှုး လိဒ်ဂစ်တာ မောင်မောင်ဂီ …..ဘေ့စ် ဂစ်တာ

ရွှေတိုက်စိုး ……ကီးဘုတ်  စန္ဒယားမောင်ကမ်း နှင့်  …..ဒရမ်မာ ကြောင်ဝတုတ် တို.့ကတာဝန်ယူတီးခတ်

မည်ဖြစ်သည် ။ မြန်မာ ့ရိုးရာဆိုင်းဝိုင်းအတွက် ရွှေတံဆိပ်ဆုရ နေပြည်တော်မှ စိန်လက်ညှိုး ရွာစားကျော်

မှဦးဆောင်မည်ဖြစ်လေတော့သည်……..။

အဆိုရှင်များနှင့် ယိမ်းအဖွဲ့များ ရွေးချယ် ပြီးနောက်တွင် ……တစ်ခန်းရပ် ပြဇတ်နှင့် ပြဇတ်ကြီးတို့အတွက် စီစဉ်

ရပြန်သည် ။ အလင်းဆက်မှ ဇတ်ညွှန်းရေးသား၍ အာဂ ၊ နွယ်ပင်နှင့် ကိုထူးဆန်းတို့ သရုပ်ဆောင်ကြမည် ့

“ဘယ်သူမြင်မြင် …နွယ်ပင်တို့က အေးဆေး ”ဟူသော တခန်းရပ်ပြဇတ်ကို တင်ဆက်၍ လည်းကောင်း………

“အရိန္ဒမာ၏ ဒုတိယမြောက်သစ္စာ”ဟူသော ပြဇတ်ကြီးကိုလည်းကောင်း တင်ဆက်မည်ဖြစ်သည် ။

ထိုပြဇတ်ကြီးအတွက် သမိုင်းဆိုင်ရာအကြံပေးအဖြစ် ဆရာမကြီး TTNU ၊ ကိုစံလှကြီးနှင့် နန်းမတော်

မယ်ပုချ်တို့က ပံ့ပိုးကြမည် ။ စကားလုံးဖွဲ ့စည်းမှုနှင့် ဇတ်ညွှန်းကိုတော ့ ဘဘဘလက်ချောက ဖန်တီး

မည် ဆို၏ ။

အဟာရပညာရှင်အဖြစ် ကိုခင်ခ မှတာဝန်ယူဆောင်ရွက်၍ အနုပညာအကြံပေးအဖြစ် အရင် ့ရောင်
ရှုံးလူ နှင် ့မောင်ခင်မင်တို ့မှ ပံ ့ပိုးကြမည်ဖြစ်သည်။

အကနည်းပြ အဖြစ် အဆီတုန်း (si tone) မှ တာဝန်ယူပေလိမ် ့မည် ။

ထိုပြဇတ်၏ အဓိကဇတ်ဆောင်များထဲမှ အချို ့ကိုမိတ်ဆက်ရသော် …………

အနော်ရထာ အဖြစ် ………..ကြောင်ကြီး ………….

ကျန်စစ်သား အဖြစ် …………….မိုက်ကယ်ဂျော်နီ အောင်ပု ……………..

ပုဂံသူရဲကောင်း ငထွေရူး  အဖြစ် …………….စိန်ဗိုက်ဗိုက် …………….

ပုဂံသူရဲကောင်း ညောင်ဦးဖီးအဖြစ် …………..ကြီးမိုက် ……………..

ပုဂံသူရဲကောင်း  ငလုံးလဖယ် အဖြစ် …………….အံဇာတုံးးးးး …………………

ရွာသူ  အိုမိသင်  အဖြစ် ………………etone ……………….

ရွာသား …..စက္က အဖြစ် …………………..AKKO……………….

အခြား ပါဝင်ကပြမည့် ့သူများကို  စင်ပေါ်တွင်တွေ ့ရမည်ဖြစ်၍ ကြိုတင်မိတ်မဆက်တော ့……….

ကန် ့လန့်ကာအဖွင့်တွင်  ရှုစားကြပါကုန်စို ့ ……………………….။

 

ဤသို့ဖြင့် …ပြဇတ်ကြီးအတွက် (၁)လခန့် ့အချိန်ယူ၍ ဇတ်တိုက်လေရာ………….

ဇတ်ဝင်ခန်းအတွက် ထန်းရည် (၁၂)အိုး ကိုတထိုင်တည်း သောက်ပြရမည်ဟုဆိုသဖြင် ့ ဗိုက်ကလေးမှာ

ဘီအီး (၆) လုံးကိုနေ ့တိုင်းသောက်ရလေတော့သည် ……ကိုကြီးမိုက်မှာလည်း အဖြစ်ဆိုးသည် ..။

ညောင်ဦးဖီးမှာ လောကနန္ဒာရေဆိပ်မှ တစ်ဖက်ကမ်းသို ့ ခေါက်တုန့် ခေါက်ပြန် ဧရာဝတီမြစ်ထဲ

လက်ပစ်ကူးသည်ဆိုသဖြင် ့ မကြာခဏ ရန်ကုန်မြစ်အတွင်းသို့ ရေဆင်းစိမ်ရလေ၏ ။

ငလုံးလဖယ် အဖြစ်သရုပ်ဆောင်မည် ့ အံဇာတုံးကား ….လယ်ထွန်သည် ့အသွင်ဖြင် ့ ဘတ်စ်ကား

စီးတိုင်း ခြေထောက်တစ်ဖက် ထောက်၍ စီးရလေတော ့သည် ……..။ ဇတ်လမ်းသဘောအရ ….

လှံရေးပြခြင်းများ ပါဝင်မည်ဖြစ်ရာ …..အနော်ရထာနှင့်  ကျန်စစ်သားအဖြစ် သရုပ်ဆောင်ကြမည် ့

ကြောင်ကြီးနှင့် အောင်ပု တို ့မှာ ညစဉ် ညစဉ် လှန်ပစ်၊ လှန်ထိုး (လှံ) ခြင်းများလေ ့ကျင့်ကြလေသည် ။

 

++++++++                 ++++++++++           +++++++++++

ယနေ့ည ပြဇတ်ကတော ့မည် ……။

အမျိုးသားကဇတ်ရုံတဝိုက်တွင် နံနက်ကတည်းက ရွာသူားများ အလုပ်ရှုပ်လျက်ရှိသည် ။

ဇတ်ခုံမန်နေဂျာ ကိုနိုဇိုမိနှင် ့  မီးဆရာ မောင်ပေတို ့မှာ လက်ညှိုး တထိုးထိုး ဖြင် ့ မှာကြားနေ၏ ။

ဆက်တင် အခန်းအနားမှုး ရဲစည်နှင် ့ ဂျစ်ပစီ ၊ ဒုတ်ထိုး ၊ တေလေ ၊ဘရားသားတို ့မှာလည်း

ပိတ်ကားများ ဇတ်ဝင်ခန်း အသုံးအဆောင်များကိုနေရာချလျက်ရှိသည် ။ အပြင်ဘက်တွင်ကား…….

လုံခြုံရေးမှုး ဦးကြောင်လေးနှင့် မိုင်းရှင်းအဖွဲ ့တာဝန်ခံ မောင်သန်းထွဋ်ဦးမှာ စောစော စီးစီး

ချွေးထွက်နေလေပြီ ……………..။အဘယ်ကြောင် ့နည်း ……။ မိုင်းစပယ်ရှယ်လစ် မောင်သန်းထွဋ်မှာ

အမျိုးသားကဇတ်ရုံတဝိုက်တွင် မိုင်းရှင်းသည် ့အနေဖြင် ့ နေရာမလပ် ခြေထောက်ဖြင် ့ နင်းခြင်း ….

ဖနောင့် ဖြင် ့ပေါက်ခြင်း များပြုလုပ်နေသောကြောင် ့ ဖြစ်လေတော ့သည် ………………။

မကြာပါ ..ရိုက်ကူးရေးအဖွဲ ့လည်း ရောက်လာပြီ ။ အဖွဲ ့ခေါင်းဆောင် ကိုပေါက်မှ ကင်မရာများနေရာ

ချ၍ ကိုစိန်သော ့ ၊ ရွှေမင်းသား ၊မှော်ဆရာ ၊ M လုလင် ၊ ရွှေထီး ၊ ချစ်ရင်ထူး ၂ ၊ ပန်ချာပီ ဆရာအုပ်

တို ့ကလည်း ဓတ်သေ ဓတ်ရှင်များရိုက်ကူးရန်  ထလော်ရီပြေးလမ်းများ  ကရိန်းများကိုတတ်ဆင်နေကြ

သည် ။ မိတ်ကပ် တာဝန်ခံ Wow ၊ ဖေါင်းဖေါင်းနှင် ့ မာမီကျော် တို ့ ကလည်း အဝတ်လဲခန်းတွင်

နေရာယူလေပြီ  …………………။ဇတ်ညွှန်းဆရာဦးဘလက်မှာ အိပ်ယာထသေးဟန်မတူ ….။

အဘဖေါ ပါလာသော ချီးဗတ်စ် (၃) လုံးမှာ အစအနပင်ရှာမတွေ ့  ……။ ဤသို ့ဖြင် ့ ….

မောင်ဆာမိလည်း ညနေမှသာ ပြန်လာတော ့မည်ဟု ……….

 

ညနေစောင်းတွင် ဇတ်ရုံရှေ ့၌ အတော်ကြီး စည်နေပြီ …..။ ပွဲဈေးရောင်းသည် ့သူများမှ စတင်ရောင်းချ

နေပြီဖြစ်ရာ ကြိတ်ကြိတ်တိုးလျက် ရှိချေတော ့သည် ….။ ဈေးတန်းထဲသို ့ဝင်ဝင်ခြင်း  လက္ခဏာ

ဗေဒင်ဆိုင်းဘုတ်ကြီး ကိုတွေ ့ရသည်  ။  ……အလို ……ဘယ်သူပါလိမ် ့ ……..

“ဧကံသ ဗျာကဏ ဝေဒကဝိကြီး ကိုရင်စည်သူ” တဲ ့ …………

အောက်မှာလည်းရေးထားသေး…….

“မမှန်လျျှင် ငွေပြန်မပေးပါ ” ဆိုပဲ ……ဟုတ်ပြီ ….ဟုတ်ပြီ ……..ဟော…………..

ငံပြာရည်နံ ့လေး ခတ်သင်းသင်း မွှေးလာသည် ။ ဘယ်ညာ လှည် ့ကြည် ့တော ့  အန်တီ အေးKK

ကိုတွေ ့ရသည် ….။ 3 years over  ငဇင်ရိုင်း ငပိနဲ ့ ငံပြာရည်

ဝယ်ထားဦးမှ ……………ဝယ်ထားဦးမှ …………….

တညင်သားကလည်း  ငပုတ်ခြောက် ဆိုလား …. ….

ရှေ ့နားရှိ ရွှေဘိုသား၏ သနပ်ခါးဆိုင်တွင်လည်း ရွာသူများကြိတ်ကြိတ် တိုးနေသည် ။ ဘေးဘက်ကပ်လျှက်

တွင်တော. မန္တလာသူရောင်းတဲ ့ ထိုးမုန် ့ ကရေကရာ …….မျက်နှာချင်းဆိုင်တွင် အပြိုင်ရောင်းချနေသည်ကား

စေထွဋ်ပိုင်နှင် ့ ပုသိမ်သူတို ့၏  တကယ်အကြောတင်းသည် ့ နတ်မြင်းပျံ ပုသိမ်ဟာလဝါ …..

ဘေးဘက်သို ့ကွေ ့လိုက်သည်နှင် ့ ထားဝယ်သားဟိန်ဝင်း ၏ ဘိတ်ကလာတဲ ့ငံပြာရည်ကို တွေ ့ရမည် ။

မမအညာသူ ရောင်းသော အညာလက်ဆောင် ပဲရေပွကြော် များကလည်း  မွမွလေးနဲ ့ ရွရွလေးးးးးးး ……

ရွာသူားများ၏ အရာင်းဆိုင်များကလည်း စုံလှသည် …..။ ဟော…………ဝက်သားဒုတ်ထိုး နံ ့လေးရသည် ။။

…………………ဆက်လျှောက် ……………….ဆက်လျှောက်………..

တွေ ့ပါပြီ  ………မထူမပါးအရွယ်တော်လှီးထားသောဝက်သားဒုတ်ထိုးများ ……………..။

ရောင်းနေသူက … ရွာသားမိုးတိမ် …..ဘေးမှ ဝက်သားဆန်ပြုတ်ဆိုင်ကို ကြည် ့လိုက်တော ့  ….

အိုး …….ဦးဦး  ဖြစ်နေပါလား …………………………………..   ထိုစဉ် …….

ဒိုင်း ”ကနဲ “ဒိုင်း” ကနဲ အသံကိုကြား၍   အလန် ့တကြား လှည် ့ အကြည် ့  ……..

တစ်တောင် ပတ်လည်ဝက်ခေါက်ကင် နီနီကြွတ်ကြွတ် ကြီးကို တရုတ်ဓားမကြီးနှင် ့ အားပါးတရခုတ်နေသူ

ကိုရင်မောင် ……ဆိုင်ထဲတွင် ဆီချက်ခေါက်ဆွဲ ပြင်ဆင်ပေးနေသူက ဘဲဥ ………

တယ်ဟုတ်ပါလား ……….ဗိုက်ထဲကတောင်  ဂွီ ကနဲ  မည်သွားပြီ …..။

အနံ့လေးတမျိုးရသည် ။  ရှေ ့ မျက်စောင်းထိုးနေရာလောက်တွင် မီးရောင်များ လင်းနေသည် ။

ဘာဆိုင်ပါလိမ် ့ ………. ….ဪ ………….သူတို ့ကိုး းးးးးးးးးးးးး….

အေးဝတီကြီး ဦးဆောင်၍ ကုလားကြီး၊ ကုလားလတ် ၊ ဘင်္ဂလီတစ်ဦး နှင် ့ ရဲခေါင် တို ့ ရောင်းသော

“ အဟောင်းကြိုက် ဒန်ပေါက်နှင် ့ အအေး ” တဲ ့  ……………..သူတို့ဆိုင်တွင်တော ့ အနောက်တိုင်းသားများ

နှင် ့ ဥရောပသားများ သာတွေ ့ရသည် ။

မနီးမဝေးတွင်တော ့ အဘဆွေ၏ နိုင်ငံစုံ ကော်ဖီများ …….ဟုတ်ပြီ … အားပေးလိုက်ဦးမှ ……

ဘေးကပ်လျှက်ရှိ အလှကုန်ရောင်းသောဆိုင်များသို့ ခြေဦးလှည် ့မိပြန်သည် ။

……အလို ……..မမနိုရာ တယောက် ဂျိုင်းချွေးနံ ့ပျောက်ဆေး ပရိုမိုးရှင်း လုပ်နေပါလား ……..။ မြင်မြင်သမျှ

ချွေးနံ့ပျောက်ဆေးတောင် ့ ဖြင် ့ ပွတ်ပေးနေသဖြင် ့ ယားတတ်သူများမှာ ဝေးဝေးရှောင်လေပြီ ……။

…………..ရှောင်ထားမှ …………….ရှောင်ထားမှ ……………….

မနီးမဝေးတွင် စနိုးဝှိုက်မှ ဝက်ခြံပျောက်ဆေးကြော်ငြာနေသည် ………..ဘာတဲ ့ ………

“ဆေးစွမ်းထက်မြက် ….ဘုထပ်ထွက် ”  ဆိုပဲ ……

……………ဆက်လျှောက် ………………….ဆက်လျှောက်………………………

ဟောဗျာ ……………….. အမတ်မင်းတစ်ယောက် အလှကုန်တန်း မှာဘာရောင်းနေပါလိမ် ့ ……

မျက်နှာပွင် ့ချက် ………. အမျိုးသမီးတွေလည်း ဝိုင်းနေတာပဲ ………..မနာလိုချင်စရာ ……

ဟုတ်ပါပြီ ……အိပ်လှလှလေးတွေနဲ ့ တစ်ခုချင်းစီ ပါကင်ထုပ်လို ့ ………J ဒိုးနတ်က ဘာတာကိတ်

ပဲနေမှာပေါ ့ ………အဆာပြေ ဒါလေးတော ့ ဝယ်သွားဦးမှ ………..

……………..အလိုလေး ………………….လား …….လား ………………..

အမျိုးသမီးလစဉ်သုံး ပေါင်မုန် ့တွေပါလား…………….နိုး ….နိုး …….လစ်ပြီ ………..

…………….ဆက်လျှောက် ……………………….ဆက်လျှောက်………………..

လျောက်ရင်းဖြင် ့ ….ဇတ်ရုံဘေးသို ့ လှမ်းကြည် ့မိသည် ။ Dr မိုးသီတာစိုး ….ဆရာထက်ဝေး နှင် ့

မောင်ဝိုင်းတို ့ ဦးစီးသော အရေးပေါ်ဆေးခန်းတွင် လူနာများတန်းစီနေသည် …။

ဒန်ပေါက်စားပြီး အစာအဆိပ်သင် ့လို ့  တဲ ့ .။

++++++++                      +++++++++++++++++            +++++++++++++

ရုံထဲရောက်တော ့တီးဝိုင်းများသံစဉ် ညှိနေကြလေပြီ ။ ရွာစားကျော်မှာလည်း ပတ်မကြီး ကို ပတ်စာကပ်နေ၏ ။

မကြာပါ ……….မြန်မာဆိုင်းဝိုင်းကြီးဘက်မှ ဆူဆူညံညံ ကြားရသည် ။ ဇတ်ဆရာလည်းရောက်နေသည် ။

ဘာများဖြစ်မလဲဟု မောင်ဆာမိ စပ်စုလေတာ ့သည် ။ ဪ……… ဗုံတစ်လုံး ပျောက်နေလို ့  တဲ ့  ။

ဖြစ်မှ ဖြစ်ရလေ ………မြန်မာ ့ဆိုင်းဝိုင်းကြီး ဘုံ (ဗုံ) ပျောက်နေပါပေါ ့လား……….။ ကဲ  ကဲ …..

ရွှေတိဂုံဘုရားတန်ဆောင်းက ဗုံ တစ်လုံးသာဝယ်ထည် ့ လိုက်ပါတော ့  …..။

ဒီလိုနှင် ့ ……….ကပွဲစလေပြီ ။ ကတ္တီပါ ကန် ့လန် ့ကာအနီကြီး တရွေ ့ရွေ ့ နှင် ့တက်သွားသည် …….။

 

မြန်မာဇတ်သဘင်တို.၏ ထုံးစံအတိုင်း အဖွင် ့တွင် နတ်ကတော်က ,က ၍ လမိုင်းတိုက်ရသည် ။ သို ့တွက် …

နတ်ဒိုးသံများစတင်ထွက်ပေါ်လာလေပြီ ။ စိန်လက်ညှိုးရွာစားကျော်မှ လက်စွမ်းပြပြီထင်၏ ။ မီးရောင်များ

မှိန်နေရာမှ လင်းလာပြီဖြစ်ရာ  ရွာသူကြီး အရီးလတ်ကို နတ်ဝတ် နတ်စားဖြင် ့ ကန်တော ့ပွဲကြီးကိုင်လျက်

တွေ ့ရတော ့သည် ။  နတ်ဒိုးသံနှင် ့အတူ စတင်၍ နတ်ပင် ့လေတော ့သည် ……။

နတ်ကတော်အက ဆိုသည်မှာ ဇတ်ထဲတွင် ပညာကုန် သမ္ဘာရင် ့သောသူများသာ က နိုင်သည်မို ့

အရီးလတ်မှာ ဇတ်သဘင်တွင် ဆရာတစ်ဆူ ဖြစ်ဟန်ရှိသည် ။

နတ်ဒိုးသံများသွက်လာပြီ …….။ က ကွက်များကလည်း ရင်သပ်ရှုမော ……………

ထိုစဉ် ……………မြန်မာ ့ဆိုင်းဝိုင်းမှ နတ်ဒိုးသံများ ရုတ်တရက် ရပ်ဆိုင်းသွားလေသည် …….။

တပြိုင်နက် …..DJ တီးလုံးများထွက်ပေါ်လာ၏ ။  အလို ……..ဘယ်လိုပါလိမ် ့ ……။

လက်စသပ်တော ့ ….DJဖရဲသီးလက်စွမ်းပြနေသည်ကိုးးးး……….. DJ ဖရဲမ၏ DJ နတ်ဒိုးဖြင် ့

အရီးလတ်မှာDJ နတ်ကတော်ကဖြင် ့ ဆက်လက်၍ ကပြရလေတော ့သည် ။ သွက်လက်မြူးကြွသော

DJ သံစဉ်များဖြင် ့ ကန်တော ့ပွဲကြီးမြှောက်လျှက် …….

ဘယ်ခြေထိုးလိုက် ………..ညာခြေထိုးလိုက် …….ဘယ်ခြေထိုးလိုက် …….ညာခြေထိုးလိုက် ……

ဘယ်ထိုး …..ညာထိုး …..ဘယ်ထိုး ….ညာထိုး……

ဘယ်……ညာ    ……ဘယ်……..ညာ………………….

…………………………… …………………………………..။

+++++++++

အရီးလတ်၏ DJ နတ်ကတော်အက အပြီးတွင် အစီစဉ်ကြေငြာသူ ရွှေအိ မှာဂါဝန်အဝါလေးဖြင် ့ထွက်လာ၍

ပွဲအစီ အစဉ်များကိုမိတ်ဆက်လေတော့သည် ။ပထမအစီအစဉ်အဖြစ် ယိမ်းအဖွဲ့တင်ဆက်မည် ။

မီးဆရာမောင်ပေမှ မီးများရုတ်တရက်မှိန်ချလိုက်သည်………မီးဒုတ်ရောင်များလင်းလာသည်…..

ရွာသူ ပန်ပန် ဦးဆောင်သော မီးဒုတ်ယိမ်းအဖွဲ ့ထွက်လာလေပြီ ။

ပန်ပန် ၊ မွန်မွန် ၊ ညလေး ၊ ကြည်ဆောင်း ၊ လင်းလင်း ၊ မိုချို ၊ မေဖလားဝါး ၊ ပုမ ၊ မေဂျူလိုင် ၊ ချယ်ရီနွယ်

ဂျူဂျူးမ ၊ အိပုသကြားလုံးကြော် ၊မွန်ကစ်၊ GreenRose ၊ စီတုန်း မိုက်ကလေး ၊

ပန်းစံပယ် ၊ နှင်းဆီငုံ ၊ စုံစုံ မမလေး ၊ ဇာလေး …………..  တို့ အသီးသီး

မီးဒုတ်များဝှေ့ယမ်းလျက် …………… ကိုအညာတမာ မှ “ မီးလင်းတော ့မည်  မြန်မာပြည် ”သီချင်း

သီဆိုပေးသည် ။ မီးဒုတ်ရောင်တဝင်းဝင်းဖြင် ့ ရွာသူလေးတွေလှပနေသည်မို ့ ပရိတ်သပ်များ

ပွဲဆူကြသည် ………….မောင်ဂီတို့ အဖွဲ ့လည်း လက်စွမ်းပြလေပြီ …………..။

 

မီးဒုတ်ယိမ်းအပြီးတွင် တိုင်းရင်းသားရိုးရာအကများဖြင့် ဖျော်ဖြေလေသည် ။

အဘနီ(နေဝန်းနီ) မှ မြနန္ဒာသီချင်းကိုုသီဆို၍ ……..အစ်မ ပဒုမ္မာ မှ ……….

တပင်တိုင် အကဖြင် ့လည်းကောင်း ………………….

စော်ဘွားလေးမိုင်ဆွန်ခမှ ရှမ်းရိုးမကအိုးစည်သံ သီချင်းကိုသီဆို၍ ……ရင်ငြိမ်းနွေး (နွေးသီး) မှ

ရှမ်းရိုးရာအကဖြင် ့ လည်းကောင်း ………………

ပင်လယ်ပျော်မှ မွန်တို ့ဌာနေ သီချင်းကိုသီဆို၍ မွန်မလေး ခိုင်ခိုင် မှ

မွန်ရိုးရာအကဖြင် ့လည်းကောင်း ……………………….

77တပ်မမှုးကြီး နိဂိမိ မှ ရခိုင်ရိုးရာ သားချော့တေးကိုသီဆို၍ ရွှေပုံ့ ၊ We R One ၊ Crystalline တို ့မှ

ရခိုင်ရိုးရာ ဝေသာလီအကတို ့ဖြင် ့ တင်ဆက်ကြလေသည် ……..။

ထိုစဉ် ……………မောင်ဆာမိမှာ မင်းသမီးများအတွက် ပွဲခင်းထဲသွား၍ မုန် ့ဝယ်ပေးရသေးသဖြင် ့

အချို ့သောအကများလွတ်သွားခဲ ့လေသည် ……မောင်ဆာမိပြန်ရောက်တော ့ ခေတ်ပေါ်စတိတ်ရှိုး

စနေပြီ …………….မည်သည် ့အချိန်ကစနေသည်မသိ …….နောက်ဆုံးသီဆိုမည် ့တေးသံရှင်

မိုးZ  အလှည် ့သို ့ပင်ရောက်နေပြီဖြစ်သည်  ။

မီးရောင်စုံများ တဖိတ်ဖိတ်အောက်သို့ မိုးစက်ရောက်လာသည် ။ ဝတ်ထားသော စကဒ်မှာပေါင်အလယ်

အထက် လက်နှစ်လုံးခန် ့တက်နေသဖြင် ့အရှက်အကြောက်ကြီးသော မန္တလေးသူ မိုးစက်မှာ …..

အတော်လေး နေရခက်နေဟန်ရှိသည် …………..။ စိတ်ထဲတွင်တော ့ ကိုယ်တိုင်းမှား၍ချုပ်ပေးလိုက်

သော ဗိုလ်ချုပ်ဈေးမှ စက်ချုပ်ဆိုင်ကို မေတ္တာအကြိမ်ကြိမ် ပို့နေမိသည် ။ ပရိတ်သပ်များ ကိုလည်း

ယဉ်ကျေးမှုအရ ခါးညွှတ်၍ အရိုအသေ ပေးရဦးမည် ။

ဒုက္ခ………………ဒုက္ခ …………..ဘယ်လိုလုပ်ရပါ ့ ……..

နောက်တည် ့တည် ့ကန် ့လန် ့ကာအကွယ်တွင် ဦးနေးချားနှင် ့ ဦးဘလက်တို ့ကြည် ့နေကြသည်  ။့

ရှေ ့သို ့ခါးညွှတ်၍ အရိုအသေပေးလေသော် ………နောက်နားဆီမှ လူကြီးမင်းတို ့အား ဆဲ သကဲ ့သို ့

ရှိချေတော ့မည်  ။ ရွှေမန်းသူမိုးစက် ခမျာအရိုအသေပေးချင်စိတ်ကို မနဲပင်ထိန်းချုပ်ထားရလေတော ့သည် ။

+++++++++++++++++++++++++++++++++

 

စတိတ်ရှိုးအစီအစဉ်အပြီးတွင် တစ်ခန်းရပ်ပြဇတ်စတော ့မည်မို ့ ပွဲခဏရပ်ထားလေသည် ။

မီးဆရာမောင်ပေမှာ မီးစမ်းသလိုလိုနှင် ့ မကြာခဏ ပရိတ်သပ်ထဲသို ့မီးမောင်းထိုး၏ ။

ပရိတ်သပ်ထဲတွင် ချောကရက် ပြားကြီးကိုက်နေသော ကိုဘုန်းကျော် လဲတွေ ့ရသလို ကိုအောင်၊

ကိုဝင်း ၊ သာလိကာ ၊ဝူးဝါး ၊ ကိုသင်း၊ ငပွကြီး ၊ နွေဦး၊ ဝေအောင် …………တို ့နှင် ့ ရွာသူားများ စုံစုံညီညီ ရောက်နေကြသည် ။

တစ်ကြိမ်တွင်မူ ကိုပေ၏ မီးမောင်းဆလိုက်ကြီးမှာ ရုံထောင် ့ခတ်မှောင်မှာင်တွင် ရှူရှူး ပေါက်နေသော

အဒေါ်ကြီးတစ်ဦးထံသို ့ ရောက်ရှိသွားသဖြင် ့ အော်ဟစ်သံများ ဆူညံသွားလေ၏ ……

 

မကြာပါ ……..တစ်ခန်းရပ်ပြဇတ်စလေပြီ …………….။

ကန် ့လန့်ကာအနီကြီး တရွေ ့ရွေ ့ဖြင် ့တက်သွားပြီးနောက် အင်းယားကန်ပေါင်နောက်ခံရှုခင်းကိုမြင်နေရပြီ ..

ကန်ပေါင်ဘေး ခုံတန်းလေးတွင် ချစ်သူနှစ်ဦးဖြစ်ဟန်ရှိသော ကိုအာဂနှင် ့ မနွယ်ပင်တို ့ ပူးပူးကပ်ကပ်

တွေ့ရသည် ။

ခေါင်းခြင်း ပူးလိုက် ခွာလိုက် ………ရယ်လိုက်မောလိုက် …..

အတော်လေးပျော်နေဟန်ရှိနေစဉ်……………..ခြုံအကွယ်၌ ဓတ်ပုံခိုးရိုက်နေသူတစ်ဦး …..

မီးဆလိုက် ထိုးလိုက်သည်မို့ ထင်ထင်ရှားရှားမြင်ရပေပြီ ……CJ ကထူးဆန်း ….

ရှာထိုးဦးထုပ်ကိုနောက်ပြန်ဆောင်ပြီး ကင်မရာတစ်လုံးဖြင့် ရှုထောင် ့ပေါင်းစုံမှ ရိုက်နေတော ့သည် …….

စိတ်ကြိုက် ရိုက်အပြီး၌ အာဂတို ့ ရှေ ့သွားပြီးလျှင် …………….

“ ဒီမယ် ….ဒီမယ် ….ခင်ဗျားတို ့ ဓတ်ပုံတွေ ကျုပ်ဆီမှာရထားပြီဗျ …… ကဲ ..ဘာဆက်လုပ်ချင်လဲ ”

အာဂမှာ အံ့ဩသဏ္ဍန်ပြု၍  …ဆတ်ကနဲ မတ်တပ်ထလေသည်

“ဘာဗျ ”

“ ဒီလိုလေ……ကျုပ်ဆီက ဓတ်ပုံတွေကို ဘယ်လောက်နဲ ့ ပြန်ရွေးမှာလဲလို ့မေးတာ ”

“ မရွေးရင်ရောဗျာ”

“ မရွေးရင်တော ့ ………အင်း……အင်တာနက်ပေါ်တင်ရင်ကောင်းမလား….လို ့”

အာဂမှာ စိတ်တိုဟန်ပြု၍ လက်သီးလက်မောင်းတန်းနေစဉ် ………တစ်ချိန်လုံးငြိမ်နေခဲ ့သော နွယ်ပင်မှ

မတ်တပ်ထပြီးလျှင် …..အာဂကိုပြုံးပြုံးလေးကြည် ့၍ …….

“ ကိုဂရယ် …..ထားလိုက်စမ်းပါ …..ဒါလေးများ …….ဒီမယ်  ဒီမယ် ….

…ဘယ်သူမြင်မြင် သဇင် အဲလေ မှားလို ့ ……နွယ်ပင်တို ့က အေးဆေး ”

ပရိတ်သပ်များ၏ လက်ခုတ်သံများ ဆူညံသွားလေ၏ ။

တီးလုံးသံများနှင် ့အတူ ကန့်လန့်ကာ အနီကြီး ကျလာလေတော ့သည် …………။

++++++++++++++++

 

လက်ခုတ်သံများဆုံးသည်နှင် ့ အစီစဉ်ကြေငြာသူရွှေအိမှာ ကန် ့လန် ့ကာရှေ ့သို ့ထွက်လာ၍ …..

“ ရွှေပွဲလာပရိတ်သပ်များရှင် …..အခုတင်ဆက်မဲ ့ အစီစဉ်ကတော ့ MG ရဲ ့သမီးပျိုလေးများနဲ ့

ဖွဲ ့စည်းထားတဲ ့  Dangerous Dancer အဖွဲ ့ရဲ ့ ရင်သပ်ရှုမော အံ ့ဩရမဲ ့

ကကြိုးစုံတဲ ့ အလင်္ကာည   အစီအစဉ်ဘဲဖြစ်ပါတယ်ရှင် ့ …..ရှုစားကြပါကုန်စို့ ရှင်  ” ……

ကြေငြာသံအဆုံး၌ ကန် ့လန် ့ကာအနီကြီးတက်သွား၍ ….မီးများလင်းလက်လာသည် ။

မီးရောင်အောက်သို.့တန်းစီ၍ ထွက်လာသူများကား ………………

ရွာတော်ရှင်ဆူး ၊ သပ်ပုံ မမ ၊ easycook ဝေဝေ ၊ နန်းမတော် မယ်ပုချ် ၊ သဲနုအေး ၊ ချာတူးလန် ၊

နိုဗွီ ၊ ရွှေကြည် ၊ ရို ့စ်မင်း ၊ မနောဖြူလေး ၊မေလကဗျာ ၊ မကောင်းစံ၊ ပျိုပျိုမေ ၊ မအိ …………..။

လက်ခုတ်သံများဆူညံသွားလေသည် ၊၊

မတ်တတ်ရပ်သည် ့ သူကရပ် …..လက်ပြသည် ့သူက ပြ နှင် ့ အုံးအုံး ကျွက်ကျွက် ဆူပွက်

သွားလေပြီ ….။  ……ဘယ်သို ့ဖြစ်ပါလိမ် ့ ……ဪ ……………..

နာမည်ကျော်ရွာသူများပေမို ့ ပရိတ်သပ်များအားပေးလေရော ့သလား ………….။

အက အဖွဲ ့၏ အဝတ်အစားများမှာ အထူးလုံခြုံလှသည် ….။ အနက်ရောင် ကိုယ်ကျပ်အကျင်္ီ

အနက်ရောင် စတော်ကင် ဖြင် ့ လုံခြုံစွာဝတ်ထားသော်ငြား…..

လှချင်တိုင်း လှနေပေတော ့၏ ……..။

ရုပ်တရက် …………..မီးများအားလုံးမှိတ်သွားသည် …. ။မှောင် မှောင်နှင် ့ မဲမဲ  ….ဘာမှမမြင်ရ …….

ထိုစဉ် ………ပရိတ်သပ်များထံမှ…. “ဟာ”  ကနဲ  “ဟင်” ကနဲ  အသံများထွက်ပေါ်လာသည် ..

ဘာများဖြစ်ပါလိမ် ့………………ဪ …………ဒီလိုကိုး းးးးးးးးးး

မီးဆရာမောင်ပေ၏ အထူးပြုလုပ်ထားသော နီယွန်မီးဆလိုက်ရောင်တွင် စောစော ကတွေ ့ခဲ ့ရသော

အနက်ရောင် ကိုယ်ကျပ်ဝတ်စုံများမှာ အသွင်ပြောင်းသွားလေပြီ …..။ တစ်ချို ့က အရိုးစုအသွင်

တစ်ချို ့က …..ဘီကီနီဝတ်စုံအသွင် …………..

အမှန်တွင် အနက်ရောင်ကိုယ်ကျပ်ဝတ်စုံများအပေါ်၌ သာမန်မီးရောင်တွင်မမြင်ရသော

မာကျူရီဆေးများဖြင် ့ ….အရိုးစုအသွင် ….ဘီကီနီ ဝတ်စုံအသွင်များ ချယ်သထားခြင်းဖြစ်လေသည် ။

မီးများမှိတ်ပြီး နီယွန်မီးဆလိုက်ဖြင် ့ ထိုးမှသာ ထိုမာကျူရီဆေးများ အစွမ်းပြ၍ ….

အရိုးစုများ ကခုန်နေသလိုလို …….ဘီကီနီဝတ်စုံဖြင် ့ ကနေသလို ထင်ရခြင်းပေတည်း ……။

(….ကောင်းလေစွ ……ကောင်းလေစွ ……)

နောက်ဆုံးမှပရိတ်သပ်များ မတ်တတ်ရပ်ကြသည် …..။ ထို ့နောက်အလယ် ………ပြီးတော ့ …

ရှေ ့ဆုံး …….ပရိတ်သပ်များ ပွက်ပွက်ဆူလေပြီ  …….။မီးခြစ် ခြစ်သည် ့သူ …လက်မြှောက်သည် ့သူ

လက်ခေါက်မှုတ်သည် ့သူ များနှင် ့ဆူညံလျှက် …………ရွာ၏ဓတ်ပုံဆရာများပင်  တယ်လီဇွန်းဖြင် ့

ဆွဲကြည် ့သည် ့သူကကြည် ့ …….ကလို ့စ်အပ် ဆွဲရိုက်သည် ့သူကရိုက် နှင် ့ အလုပ်ရှုပ်လျှက် ……

အဖွဲ ့ခေါင်းဆောင် ကိုကြီးပေါက် သည်ပင် ကင်မရာကြီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်

ပြီး …ပါးစပ်အဟောင်းသား …………။

ကကွက်များလည်းကြမ်းလေပြီ ……..။ဆံပင်ဖျားမှ …ခြေမ အထိလှုပ်၍ကကြသည် ။

စင်အောက်မှ တီးဝိုင်းမှာလည်း အစွမ်းကုန်ပေါက်ကွဲနေလေပြီ ………..။

လိဒ် ဂစ်တာ မောင်ဂီ၏ တောင်ပံမဲ ့စွာ ပျံသန်းနေသောလက်ချောင်းလေးမျာ းးးးးးးးးးး

ရွှေတိုက်စိုး ၏ ပဲ ့တင်ဟတ်သည် ့  ဘေ ့စ် ဂစ်တာသံ ……………

ကြောင်ဝကြီး၏ ဒေါသတကြီးခုန်ပေါက်နေသော ဒရမ်စတစ် နှစ်ချောင်း းးးးးးးးးးးး

ကီးဘုတ် မောင်ကမ်း၏ သန်းကောင်ယံည တစ္ဆေ အော်သံ ……………..

ကကွက်တွေကလည်းကြမ်း ……တီးလုံးသံစဉ်တွေကလည်း စွမ်း ….

ရွှေပွဲလာများ ပရမ်းပတာ ဖြစ်လေပြီ ။။။။။။ ဆိုင်းဆရာ ရွာစားကျော်သည်ပင် ယောင်ယမ်း၍

ပတ်မကြီးကို ထုမိသဖြင် ့ ဇတ်ဆရာ၏ မျက်စောင်းဒဏ် ခံလိုက်ရသေး၏ ။

ကကွက်အဆုံးတွင် မီးများပြန်လင်းလာလေသည် ။ အရိုးစုများ …….ဘီကီနီ ဝတ်စုံများပျောက်ကွယ်သွားပြီး

အနက်ရောင် ကိုယ်ကျပ်ဝမ်းဆက်များဖြင် ့ သမီးပျိုလေးများမှ ဂါရဝပြုကြသည် ။

ပရိတ်သပ်များမှာ ……..မချင် ့ မရဲ …………….။

ဤသို့ …အောင်မြင်မှုများကို  သဘောကျနေသူနှစ်ဦးကား…..ထုတ်လုပ်ရေးမှုးများဖြစ်သည့်

ဆရာသစ်မင်း ….နှင် ့ ကိုလင်းဝေ……

=============              =====================

Dangerous အကအဖွဲ ့၏ ပါဖေါမန် ့ အကများအပြီး၌ နောက်ဆုံး ပြဇတ် ကရန်အစီအစဉ်ကို ကြေငြာလေပြီ

“ ရွှေပွဲလာပရိတ်သပ်များရှင် …….. အရိန္ဒမာလှံဟာ စုက္ကတေးမင်းကိုသုတ်သင်စဉ်က ပထမဆုံး

သစ္စာစောင့်သိခဲ့ပါတယ် ……မဏိစန္ဒာကို အကြောင်းပြုပြီး ကျန်စစ်မင်းကို ထိုးခဲ့စဉ်ကလည်း….

ကြိုး ကိုသာထိခြင်းဖြင့် တတိယအကြိမ် သစ္စာစောင့်သိခဲ့ပါတယ် ……ဒုတိယအကြိမ်အရိန္ဒမာလှံက ဘယ်လိုများသစ္စာစောင် ့သိမလဲဆိုတာ ….ရှုစားကြပါစို ့လားရှင်….. ”

ရွှေအိ စကားသံဆုံးသည်နှင် ့ ကတ္တီပါကားလိပ်ကြီးပွင့်သွား၍ ……

 

ပြန် ့ကျဲနေသော လူသေအလောင်းများ ……..ဒဏ်ရာ ရနေသော ပုဂံစစ်သည်တော်များနှင် ့

စစ်ပွဲပြီးစ အနိဋ္ဌာရုံ မြင်ကွင်း ……..

ထနောင်းပင်ငုတ်တိုကြီးကိုမှီ၍ အသက်ပျောက်နေသော အရီးကြီးတစ်ဦး ……ရင်ဝမှလည်း သွေးများစီးလျှက်…

ထို အရီးကြီး၏အနီးတွင် မားမားမတ်မတ်ရပ်လျှက် အရိန္ဒမာလှံတော်မြတ်ကို ခတ်တင်းတင်း ကိုင်ထားသည် ့

အနော်ရထာ (ကြောင်ကြီး) ……..

အနော်ရထာ၏ ရှေ ့ ဘက်ခတ်စောင်းစောင်းတွင် ဒူးထောက်၍နေသော သံဗျင်ကြီး(အဘဖော)……

သံဗျင်ကြီးအနီး တွင် ကပ်လျှက် သံဗျင်လေး (ဦးဦးပါလေယာ ) ……

ပြီးနောက် …….ကျန်စစ်သား(မိုက်ကယ်ဂျော်နီအောင်ပု)……ငထွေရူး (စိန်ဗိုက်ဗိုက်)…….

ညောင်ဦးဖီး(ကြီးမိုက်) ……..ငလုံးလဖယ်( အံစာတုံး) ……နှင် ့ ပုဂံသူရဲကောင်းများဖြစ်သည် ့  …

ရာဇဝင်လူဆိုး ၊ ဖိုးထောင် ၊ ရဲရင့်လှိုင် ၊ ကပ္ပတိန်အမေရိက ၊ Davit ၊ မိုးမင်းသား ၊ သုရှင် ……..

ထိုစဉ်…….အနော်ရထာ(ကြောင်ကြီး)ထံမှ …..အောင်မြင်ခန် ့ငြားသောစကားပြောသံ ထွက်ပေါ်လာလေသည်

“မဟုတ်သေးဘူး သားတော် ….ဒီလိုမဟုတ်သေးဘူး …..ဒီလှံချက်က သားတော်ရဲ ့အသက်ကို

ကယ်လိုက်တာမဟုတ်ဘူး …….ကျုပ်တို့ အရိမဒ္ဒနာပူရ် ရဲ ့ အနာဂါတ် ….ကျုပ်တို ့ ပြည်သူတွေရဲ ့

အသက်အိုးအိမ် စည်းစိမ် …..ကျုပ်တို ့ ပြည်သူတွေရဲ ့ သံသရာအရေး ……ကျုပ်တို ့ပြည်သူတွေရဲ ့

အမျိုးဘာသာ သာသနာ …..ဒါတွေ….ဒါတွေအတွက် ……ပစ်လွှတ်လိုက်တဲ ့ လှံချက်ပဲ သားတော်….

ဒါကြောင် ့….သားတော်ရဲ ့ နှလုံးသဲပွတ်မှာ ကမ္မည်းအက္ခရာတင်ထားလိုက်စမ်းပါ ……

ဒါဟာ ……….အရိန္ဒမာ ရဲ ့ ဒုတိယမြောက်သစ္စာ …..လို ့……..”

မီးများ မှိန်ကျသွားသည် ….။ ကန် ့လန် ့ကာအနီကြီး ကျလာပြန်၏ ။

……….နောက်တစ်ခန်း ……………..

================           ===============              =============

 

ကန် ့လန်ကာပြန်အဖွင် ့တွင် ထန်းတောကိုမြင်ရသည် ။ ထန်းရည်ဖြင် ့ ဝိုင်းဖွဲ ့နေကြသော

ငထွေရူး (စိန်ဗိုက်) ….ညောင်ဦးဖီး (ကြီးမိုက်) ….နှင် ့ ငလုံးလဖယ် (အံစာတုံး) ……။

ငလုံးလဖယ် မှ ထန်းရည်ခွက်ကိုချရင်း ………….

“ ဗျို ့ ဦးဖီးရေ ….ကျုပ်တို ့ ဒီအရည်းကြီးတွေကိုဘယ်လိုလုပ်ကြမလဲဗျ …..ကျုပ်ကတော ့တယ်သဘော

မကျချင်တော ့ဘူး .”   …..

“ ပြောရရင်တော ့  ကျုပ်လဲဒီသဘောပါဘဲလေ …သို ့သော်လည်း ..နောင်တော်ကျန်စစ်ဆီက

ဘာမှမသိသေးဘူးမဟုတ်လား ….ထီးဘုရားအမိန် ့ကိုစောင့်ကြတာပေါ ့ဗျာ …..”

ငြိမ်နေသော ငထွေရူး(စိန်ဗိုက်) သည် ထန်းရည်အိုးကိုလှမ်းယူရင်း …….

“ ဒီမယ် …ရောင်းရင်းတို ့ …ဘာတွေ လော နေကြတာလဲ ဗျ …. သောက်မှာသာ သောက်စမ်းပါဗျာ

ငှက်ခါးတောင် ထန်းရည်ဆိုတာ ရခဲဘိခြင်း……အချိန်တန်ရင် ဖြစ်လာပါလိမ် ့မယ် …….သောက်စရာရှိ

သောက်လိုက် ……တိုက်စရာရှိရင်လည်း …သေသေကြေကြေတိုက်ကြတာပေါ ့ ……. ”

ပြောပြော ဆိုဆိုဖြင် ့ ငထွေရူးမှာ တန်းရည်အိုးကို မော ့ချလိုက်လေတော ့၏ ……..

ငလုံးနှင် ့ ဦးဖီး တို့ လည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည် ့ ၍ ပြိုင်တူမော ့လေတော ့သည် ။။

===============        ==================     ==============

နောက်တခန်းတွင် မြင်ကွင်းပြောင်းသွားလေပြီ ။ လှပခန်းနားသော ခန်းမဆောင်ထဲတွင်

အရည်းကြီးများ စုပေါင်းဆွေးနွေး နေကြသည် ………….။  ခေါင်းဆောင်အရည်းကြီးဖြစ်သာ

ရှင်ကြီးအဂိ္ဂ (မောင်မိုးပြာ) မှာ ခတ်မြင် ့မြင့် နေရာတွင်ထိုင်နေ၍ ……အရည်းငယ် ခန္ဒ (ဦးခိုင်) မှာ

ရှင်ကြီး အဂ္ဂိ ၏ ရှေ ့တွင်နေရာယူပြီးလျှင် ………ကျန်သော အရည်းကြီးများဖြစ်သည် ့ ……

ဗာလ ( ရီရဲမန်း )……ဗြိစ္စာ (လိုင်းယွန်းကင်း) ……ပါပ (မောင်ဂွ) …….ဗျဂ္ဂ (ဉာဏကျော် ) ….

သက္ကလ(ကိုအောက်အော့ဖ်) ……တို ့မှာ ဝန်းရံလျှက် ………………..

တိတ်ဆိတ်ခြင်းကို အရည်းငယ် ခန္ဒ(ဦးခိုင်) မှ ဖြိုခွဲလိုက်သည် ….

“ ဒီမယ် ရှင်ကြီးအဂ္ဂိရဲ ့ …..ကျုပ်မေးပါဦးမယ် …တိုက်တာခိုက်တာတွေ…သတ်တာဖြတ်တာတွေက

အပြစ်မဖြစ်ဘူးလား….”  ရှင်ကြီးအဂ္ဂိ(မောင်မိုးပြာ) မှာ သောက်လက်စ သေရည်ခွက်ကို အပြောင်ရှင်းပြီး

“ ဒီလိုရှိတယ် အရည်းငယ်ရဲ ့ …..ကိုယ့်အသက်အတွက် ကာကွယ်တာဖြစ်စေ ….မသတ်ရင်

မဖြစ်သမို ့

သတ်ရ ရင်ဖြစ်စေ ……အပြစ် မရှိပေဘူး ….” အရည်းငယ်မှာ ကျေနပ်စွာ ခေါင်းညိတ်လျှက် ..

“ ဒါဆို ခိုးတာကရောဗျ …”

“ ရော် …..အတော်ခက်ပါလား ……ခိုးတာလို ့ မပြောရဘူးကွဲ ့ ……အသုံးလိုလို့ယူတာ …ဒီလိုပြော…

ဒါကြောင် ့ ……အသုံးလိုလို ့ဖြစ်စေ ….မယူရင်မဖြစ်လို ့ ယူရတာဖြစ်စေ ….အပြစ်မရှိပေဘူး ကွဲ ့ ….”

“ ဪ ….ဟုတ်ပါပြီ ….ကဲ လိမ်ပြောတာကရောဗျာ ”

“ လိမ်ပြောတာလို ့ မပြောရဘူး ….အဲဒါ မာယာလို ့ခေါ်တယ်ကွဲ ့ ….အဌာရဿ တစ်ဆယ် ့ရှစ်ရပ်မှာ

ပါတယ်လေ …….မညာရင်မဖြစ်သမို့ ့ ညာပြောရင်….အပြစ်ဖြစ်ပါဘူး   ”

“ကဲ ကဲ ….အခုသောက်နေတဲ ့ သေရည်ကရောဗျာ ….အပြစ်မရှိဘူးလား ”

“ ဒါ ဆေးကွဲ ့ … .မကြားဖူးဘူးလား …..သေရည်အရက်… အရည်းအတွက်  တဲ ့ ……..ဒါကြောင့်

မသောက်ရင် မဖြစ်သမို ့ သောက်ရတာ အပြစ်မရှိပေဘူး ……ကွဲ ့…”

“ ကဲ  နောက်ဆုံးမေးမယ်ဗျာ …….မိန်းမတွေနဲ ့ ပန်းဦးလွှတ်ပွဲဆိုပြီး  လူ ့တော်သလင်း ခင်းကျင်း

တာတွေကရောဗျ ……”

“ သေချာမှတ်ထားကွဲ ့ အရည်းငယ်ရဲ ့ …….အမောင်လည်း အရည်းဖြစ်ပြီး ညံ ့လိုက်တာ လွန်ရော ….

မိန်းမ ဆိုတာ  အကုသိုလ်များသကွဲ ့ …..သူတို ့ယောက်ကျားတွေ အကုသိုလ်နဲပါးစေဖို ့ ကျုပ်တို ့

အရည်းတွေက နစ်နာရင် နစ်နာပါစေတော ့ဆိုပြီး  ….ပန်းဦးလွှတ်ပွဲ ကျင်းပပေးရတာ ….အင်းးးးးး

သူတို ့ အလိုဖြည် ့ပေးတယ်လို ့မှတ်ထင်ရင် ကုသိုလ်တောင်ရနိုင်သေး…ဟေးဟေးဟေး..…

ဒါကြောင် ့ ….မလုပ်ရင် မဖြစ်သမို ့ လုပ်ရတာ အပြစ်မရှိပေဘူး ……..ကွဲ ့ ”

အရည်းကြီးများ သံပြိုင် ရွတ်ဆိုကြသည် …………..ကောင်းလှောင် ့တေး …..ကောင်းလှောင် ့တေးးးးးးးးးးးဝေး.ဟေးဟေးးးးးး

ထိုအချိန်မှစ၍ ……..အရည်းငယ် ခန္ဒ(ဦးခိုင်) မှာ ရပ်ရွာအတွင်း လှည် ့လည်ဟောပြောရင်း

စိတ်ဓတ်စစ်ဆင်ရေးနှင် ့ လူထုဆက်သွယ်ရေးမှုး ရာထူးကို ရရှိသွားလေတော ့သည် ……..။

=================       =======================

နောက်တစ်ခန်း

ကန့်လန့်ကာမဖွင့်မှီကပင်  ဓမ္မတီးလုံးသံစဉ်များ ငြိမ့်ညောင်းစွာ ထွက်ပေါ်လာသည် …..။

မြင်ကွင်း ကား …..လှိုင်ဂူတစ်ခု၏အတွင်းပိုင်း ……..။

ခတ်မြင် ့မြင့်နေရာတစ်ခုတွင်  ရဟန်းတော်တစ်ပါးထိုင်နေ၍ ……ထိုရဟန်း၏ရှေ့၌ …

အနော်ရထာ (ကြောင်ကြီး) မှာ ဒူးတုတ်၍ထိုင်နေလျှက် …..နောက်တွင် အစဉ်လိုက်အားဖြင့် …..

သံဗျင်ကြီး(အဘဖော) သံဗျင်လေး(ဦးဦးပါလေယာ) ကျန်စစ်သား(အောင်ပု) ညောင်ဦးဖီး (ကြီးမိုက်)

ငထွေရူး(ဗိုက်ကလေး) ငလုံးလဖယ်(အံဇာတုံး) …….နှင့် ပုဂံစစ်သည်တော်များ ဖြစ်လေသော

မောင်ဘလှိုင် ၊ ရဲရင် ့သူ ၊ အောင်မိုးသူ ၊ မောင်သုည ၊ ရင်နင့်အောင် ၊ ဒီပါကို …..

ရဟန်းတော် ရှင်အရဟံ( ထရူးအမ်းစား) ထံမှ တည်ငြိမ်အေးချမ်း၍ ကြက်သရေရှိသော တရားဟောသံ

ထွက်ပေါ်လာလေပြီ …..

“ မင်းကြီး ….သင့်စိတ်အလျှင်တွင် မေ့လျော့ခြင်း ကင်းလေလော့ …..သတိကိုစွဲစေလျှက် …

ဂစ္ဆ န္တော ဝါ  – သွားသည်ရှိသော်လည်း ……ဂစ္ဆ မီတိ — သွားသည်ဟူ၍ …ပဇာနာတိ –သိ၏ …

ဒုက္ခံ ဝေဒနံ –ဆင်းရဲသော ခံစားမှုကို… ဝေဒနာမာနော ဝါ-ခံစားသည်ရှိသော်လည်း ..ဝါ – ခံစားဆဲ

ခံစားစဉ်လည်း …ဒုက္ခံ ဝေဒနံ – ဆင်းရဲသောခံစားမှုကို ….ဝေဒယာမီတိ – ခံစားသည်ဟူ၍

ပဇာနာတိ – သိ၏ …တဲ့  ….  အပ္ပမာဒ တရားကိုသာ  ပွားများပါလေ …..”

မင်းမြတ် အနော်ရထာ၏ မျက်နှာကား ……အဖြေတစ်ခုရရှိသွားသည် ့နှယ် ….ကြည်လင်ဝင်းပလျှက်

စုရုံး၍သံပြိုင် ရွတ်ဆိုကြလေသည် …..။

ဗုဒ္ဓ ရတနာ …..ကိုးကွယ်ရာ ….ယုံကြည်ဆည်းကပ်ပါ၏ဘုရား ……

ဓမ္မ ရတနာ ….ကိုးကွယ်ရာ ……ယုံကြည်ဆည်းကပ်ပါ၏ဘုရား ………..

သံဃ ရတနာ ….ကိုးကွယ်ရာ …..ယုံကြည်ဆည်းကပ်ပါ၏ဘုရား ……..

 

=================================================

နောက်တစ်ခန်း

 

ကတ္တီပါ ကန့်လန့် ကာပြန်အဖွင့်တွင် မြင်ရသည်ကား ….. ရွာအဝင် မြေနီလမ်းဘေး  သစ်ပင်အောက်ရှိ စုံတွဲ .…

ရွာသား စက္က(AKKO)  မှာ ညှိုးငယ်သောမျက်နှာဖြင့်  ….ခေါင်းငိုက်စိုက်ချလျှက် ……။

ရွာသူ အိုမိသင် (etone)  မှာ ရွာသားစက္က (AKKO) ၏ပခုံးအား ခတ်ကြမ်းကြမ်း ကိုင်လှုပ်ပြီး ……

“ ဒီလိုပဲ ကြည် ့နေတော့မှာလား အမောင် ……မနက်ဖြန်ဆိုရင် အရီးကြီးတွေက  မိသင်ကို လာခေါ်

ကြတော့မယ် …… ပြောပါဦးအမောင် …..မိသင်ကို ပန်းဦးလွှတ်ပွဲအတွက် ဆက်သတော့မှာလား.”

“ အမောင် ဘာလုပ်ရမလဲ  အိုမိသင်ရယ် ……..အမောင်ကြောက်တယ် …..”

“ ဘာ ……. ကြောက်တယ် ..ဟုတ်လား ……အမောင်ဘာမှ မလုပ်တတ်တော့ဘူးလား …….ဒီမှာအမောင်.. …

မိသင်တို့ မိန်းမသားဘဝဟာ အရှက်နဲ့ လူလုပ်ရတာပါ …… ချစ်တဲ့သူအတွက် ဘာမဆိုလိုက်လျောနိုင်ပေမဲ့

ဒီလို ဆံပင်မုတ်ဆိတ် လက်လေးသစ် ၊ ကွမ်းတံထွေးတပျစ်ပျစ် ၊ မဲညစ်ညစ်စီဝရံ (သင်္ကန်း) နဲ ့ အရီးကြီးတွေ

အတွက်ဆိုရင်တော့ ……….အသက်သာ အသေခံလိုက်မယ် အမောင် ”

“ ဒါဆို ….အမောင်ဘာလုပ်ရမလဲ …အိုမိသင် ရယ် …..”

“ အနော်ရထာ ဘုရင်မင်းမြတ်က မှန်ကန်တဲ ့ အယူဝါဒဖြစ်တဲ့ထေရဝါဒဗုဒ္ဓ ဘာသာကို သက်ဝင်ယုံကြည်

ကို ကိုးကွယ်လိုက်ပြ ီတဲ့ ……ဒီတော ့ …ထီးဘုးရားဆီသွားပြီး ….ဒီအရီးကြီး တွေအကြောင်း လျောက်ထား

ရမှာပေါ ့ အမောင်ရယ် …………”

“ ဒါဆိုလဲ ….အမောင် ရွှေနန်းတော်ကိုသွားပြီး …..လျောက်ထားလိုက်ပါ့မယ် အိုမိသင် …..”

 

================        ====================      =============

“ ပြန်ပြောစမ်းပါဦး အမောင် …..ပန်းဦးလွှတ်ပွဲလို့ ပြောလိုက်တာလား …..ဒါဟာ …ပန်းဦးလွှတ်ပွဲတဲ့ လား….. ”

နန်းတော် ညီလာခံသဘင်၌ အပ်ကျသံပင် မကြားရ …..။ အထူးပင်တိတ်ဆိတ် ငြိမ်သက်လျှက် ……..။

အနော်ရထာ(ကြောင်ကြီး) သည် မေးကြောများထောင် ထနေအောင် အံကြိတ် ၍ …..နန်းရင်ပြင်ရှိ

သံဗျင်အမတ်များ ….စစ်သူကြီးများ ကိုစေ့စေ ့ ကြည် ့ ပြီးလျှင် …….

“ ကဲ ….ဒီဘက်က သံဗျင်ကြီး ကျုပ်တို့ ဘာလုပ်သင့်လဲဆိုတာ လျောက်ထားစမ်းပါဦး ”

သံဗျင်ကြီး(အဘဖော) မှာ …..အဝေးသို့တစ်ချက်ငေးလျှက် ……တုံ့ဆိုင်းသော အမူအယာဖြင့် …………

 

“ တင်ပါသည် အရှင် ….. တရားကိုချစ် …၊ ဓားကိုပစ်၍ …၊ စစ်ကိုငါတို့ မုန်းပါသည် ဟု ဆိုစကားလည်း

အထင်အရှားပင်ရှိပါသည် ……. တိုင်းပြည်မှာလည်း စီးပွားရေး ….လူမှုရေး နဲ့ နိုင်ငံရေး ကိစ္စများစွာ ……..

ရှိနေသေးပါသဖြင် ့ …….စဉ်းစားကြ စေလိုပါဒယ် …..အရှင် …..”

 

“ အင်း……..ဟုတ်ပြီလေ …..ကဲ …ဒီဘက်က သံဗျင်လေးရဲ ့ သဘောကရော ….”

သံဗျင်လေး(ဦးဦးပါလေယာ) မှာ …….ခေါင်းကိုမော့ ၍  …..ပြတ်သားသောလေသံဖြင့် ……..

 

“ ဓားကိုပစ်၍ …တရားကိုချစ်သင့်သည် ဆိုသော်လည်း ……ပြည်သူ၏အရေးမှာ ..တိုင်းပြည်၏ အရေးပင်

ဖြစ်ပါသည် …..ပြည်သူရှိမှ …တိုင်းပြည်လည်းရှိမည်ဖြစ်၍ ….

ပြည်သူစိတ်ချမ်းသာမှ …တိုင်းပြည်လည်းသာယာပါလိမ့်မည် …တရားသောစစ်အတွက် …..

ဓားကိုချစ်သင့်လျှင်….ချစ်ရမည်မို့ ……. ယခုပင် စစ်ပြင်စေလိုပါကြောင်း……”

 

“ ကောင်းပြီ နားထောင်ကြ ……….သားတော်ကျန်စစ် …….”

“ ရှိပါတယ်အရှင် …..”

“ စစ်ပြင်တော့ သားတော် ……ကျုပ်ကိုယ်တိုင် ထွက်တိုက်မယ် ………”

စင်အောက် ဆိုင်းဝိုင်းမှ ဗိန်းဗောင်းသံများ ………စစ်ချီတေးသံများထွက်ပေါ်လာလျှက် ….

ကန့်လန့်ကာ အနီကြီး ကျလာလေတော့သည်  ………………….။

 

==================================================

 

ကန့်လန့်ကာ ပြန်အတက်တွင် ထန်းတောကိုတွေ့ရလေသည် ………………။ ကဗျာရွတ်သံသဲ့သဲ့ ……..

 

ပလပ်စတစ်ကောက် …၊ ထန်းရည်သောက်ပြီး …..၊  မြွေဟောက်ချက်စား ….ဗိုက်ကားသွားပြီ …..

ဘာလိုသေးလဲချစ်လေးရယ် …………..”

 

ထန်းပင်ကြားမှ ငထွေရူး (စိန်ဗိုက်) ထွက်လာ၍ …ခါးတွင် ထန်းလှီးဓား ..လက်ထဲတွင် ထန်းရည်အိုး ပိုက်လျှက်

ဟော…………နောက်တစ်သံ …….ညောင်ဦးဖီး (ကြီးမိုက်) သီချင်းအော်နေပါလား ……

 

“…ချစ်ဦးရေ ..x x x ယောက္ခမသေမှ ….အမွေရ …ပွတာဘဲလေ x x x x ….အသဲနှလုံးက ဒီလောက်ချစ်ရ…”

 

ညောင်ဦးဖီး၏ သီချင်းသံအဆုံးတွင် နောက်တစ်သံထွက်လာပြန်သည် ……။ ကြားဖူးနေကျ …မြန်မာသံစဉ် ….

သန်းထွန်းလေးနှင့် ပိုးအိစံ တို့၏ “ မွေးဌာ နီ ” သီချင်း အလိုက်သံစဉ်နှင် ့ ဖြစ်သည် ……………..။

 

“….. မွေးပြန်ဘီ ..ဟီ ..ဟီ..…. ..ဟိုဘက်အိမ်က….x x x x …OG ခေါ်ပြီး နှိုက်လိုက်စမ်းလေ………

.တစ်ယောက် ထွက်လာဘီ …….x x x x …တစ်ယောက်  ထွက်လာဘီ . ……မွေးလမ်းကြောင်း

တလျောက်….ရေလုံးကြီးတွေ …တလိမ့်လိမ့်ဆင်းတာ မြင်ယောင်သေးးးးး တော့သည် …..

လာ  ပါ   ပြီ…x..x…မြန်  မာ စာ မပီ..x x x x…သူတို့ပြောတဲ ့ရိုဟသ်…ဘင်္ဂါ……လီ…x x x”

 

ဆောင်ဓားများ လွယ်ပိုးထားသော်လည်း …….ရီဝေဝေနှင် ့ ………

ထိုအခိုက် …….မြင်းခွာသံများ ကြားရ၍ ….ဖုန်လုံးကြီးများကြားမှ ….ကျန်စစ်သား (အောင်ပု) ……။

မြင်းပေါ်မှ “လွှား” ကနဲ ဆင်း၍ ငထွေရူးလက်မှ ထန်းရည်အိုးကိုဆွဲယူပြီးနောက် …….အားရပါးရမော့ ပြီး ……

“ ဂွမ်း” ကနဲ မြေပေါ်သို့ ပစ်ချရင်း …….

“ ….တိုက်ပွဲစမယ် …..”

“ ဘယ်တော့လဲ ”

“  …..အခု ချက်ချင်း……”

“ တိုက်မယ် ………တိုက်မယ် ………..တိုက်မယ် …..”

===============     ==================     =============

တိုက်ပွဲစလေပြီ ……..။

တိုက်ပွဲ၏အသွင်သဏ္ဍန်ကား……အမှန်နှင့် အမှား းးးး…..အဖြူ နှင့်အမဲ …….အလင်းနှင့် အမှောင် တို့၏

အားပြိုင်မှု …….။ အမှန်တရားဓားကိုစွဲကိုင်ထားသော …..ပုဂါရာမ သားတို့၏ ရဲရဲတောက်သတ္တိ ……

လွတ်မြောက်ခြင်းအဓိပ္ပါယ်အတွက် …..အနှောက်အယှက်မှန်သမျှ ….အတားအဆီးမှန်သမျှကို…..

ရင်ဆိုင်ကျော်လွှားမည် ့ လင်းယုန်ငှက်အလားးးးးးး………

မာန်သွင်းသံများ ……၊ အော် ညည်း သံများ …..၊ မြင်းခွာသံများ ……….၊ အမိန့် ပေးသံများ …..

အရမဒ္ဒနာပူရ် သူရဲကောင်းတို့ကား ……တရားသောစစ်အတွက် အသက်ကို ပဓာန မထားတော့ပြီ ……

အရီးကြီးတို့မှာကား …ပုဂါရာမ သားတို့၏ အမှန်တရားဓားအောက်တွင် …..

ပြားပြား မှောက်၍  ပြိုလဲခဲ့လေပြီ ……..။ သူရဲကောင်း လေးယောက်သည်ကား …..နတ်စစ်သူကြီးများနှယ် ….

ကျန်စစ်သား(အောင်ပု)မှာ …အရီးကြီး ပါပ(မောင်ဂွ) နှင် ့ စီးချင်းထိုးလျှက် ……..

အရီးကြီးပါပ ၏ဓားချက်များမှာ…..တစ်ခါတစ်ခါ တွင် ကျန်စစ်သားအား ဇီဝိန်ချွေမတတ် ………။

ကျန်စစ်သား၏ လှံချက်များသည်လည်း …..အရီးကြီးပါပ ၏လည်မျို နားမှ ပွတ်ကာ သီကာ ……။

လက်ရည်ညီသော ပွဲမို့ အသည်းကောင်းသူများပင်  ရင်သပ်ရှုမောဖွယ် ………..

အချိန်ကြာလာသည်နှင့်အမျှ …..ကျင့်သားရသည် ့ သက်လုံက ကွာဟစပြုလာသည် ….။

အရီးကြီးပါပ(မောင်ဂွ) မှာ ခံစစ်ပင် အနိုင်နို်င်……

ကျန်စစ်သား၏နောက်ဆုံးပွဲသိမ်းလှံချက်ကို ပစ်ထိုးမည်ပြုစဉ် …….ရှင်ကြီးအဂ္ဂိ(မောင်မိုးပြာ) မှာ ….

ကျန်စစ်သား(အောင်ပု) အားနောက်ကျောမှ  ဓားဖြင့် ပိုင်း ချလိုက်လေတော့သည်……..။

 

ရုတ်တရက် ……. အနော်ရထာ(ကြောင်ကြီး) ၏ လက်မှ အရိန္ဒမာလှံသည် လေကိုခွင်း၍ အပြေးနှင်လေပြီ ။

ရှင်ကြီးအဂ္ဂိ (မောင်မိုးပြာ) ၏နှလုံးအိမ်ကို ထွင်းဖေါက်လျှက် ……ရှင်ကြီးအဂ္ဂိ၏ ဓားမှာလည်း ….

ကျန်စစ်သား၏ လည်ဂုတ်အနီး နှစ်လက်မအကွာတွင် ရပ်တန့်၍ ……..ရှင်ကြီးအဂ္ဂိသည်ကား….

ထနောင်းပင်ငုတ်တိုကြီးကိုမှီလျှက် ……ထွက်သက်ဝင်သက်တို့    ချုပ်ငြိမ်းခဲ့လေတော့သည်  …….။

 

တိုက်ပွဲကား ပြီးဆုံးခဲ့  ပေပြီ …………။….အမှန်တရားတို့ …အောင်ပွဲဆက်ခဲ ့ သည် …..။

အရီးကြီးများမှာ သေသည့်သူကသေ ….အဖမ်းခံသည့်သူက အဖမ်းခံ ၍ …….အချို ့ ကား ….

တိုက်ပွဲဖြစ်စကပင် ထွက်ပြေးသွားကြလေသည် ။ ထွက်ပြေးလွတ်မြောက်သွားသူများတွင်

အရီးငယ်ခန္ဒ(ဦးခိုင်) တစ်ယာက်လည်းပါ၍ နယ်စပ်ဖြတ်ကျော် ပြီး တိုင်းတပါးတွင်ခိုလှုံသွားလေတော့သည် ။

 

ပြန် ့ကျဲနေသော လူသေအလောင်းများ ……..ဒဏ်ရာ ရနေသော ပုဂံစစ်သည်တော်များနှင် ့

စစ်ပွဲပြီးစ အနိဋ္ဌာရုံ မြင်ကွင်း ……..

ထနောင်းပင်ငုတ်တိုကြီးကိုမှီ၍ အသက်ပျောက်နေသော အရီးကြီးအဂ္ဂိ(မောင်မိုးပြာ) ………..

ရင်ဝမှလည်း သွေးများစီးလျှက်…….ထို အရီးကြီး၏အနီးတွင် မားမားမတ်မတ်ရပ်လျှက်

အရိန္ဒမာလှံတော်မြတ်ကို ခတ်တင်းတင်း ကိုင်ထားသည် ့ …..အနော်ရထာ (ကြောင်ကြီး) ……..

အနော်ရထာ၏ ရှေ ့ ဘက်ခတ်စောင်းစောင်းတွင် ဒူးထောက်၍နေသော သံဗျင်ကြီး(အဘဖော)……

သံဗျင်ကြီးအနီး တွင် ကပ်လျှက် သံဗျင်လေး (ဦးဦးပါလေယာ ) ……

ပြီးနောက် …….ကျန်စစ်သား(မိုက်ကယ်ဂျော်နီအောင်ပု)……ငထွေရူး (စိန်ဗိုက်ဗိုက်)…….

ညောင်ဦးဖီး(ကြီးမိုက်) ……..ငလုံးလဖယ်( အံစာတုံး) ……နှင် ့ ပုဂံသူရဲကောင်းများဖြစ်လေသော

ဘီလူးကြီး ၊ အန်ကယ်ကြီး ၊ အန်ကယ်လေး ၊ သူရဇော် ၊ ကျော်သိန်း ၊ တာတေ ၊ …….

ထိုစဉ်…….အနော်ရထာ(ကြောင်ကြီး)ထံမှ …..အောင်မြင်ခန် ့ငြားသောစကားပြောသံ ထွက်ပေါ်လာလေသည်..

 

“မဟုတ်သေးဘူး သားတော် ….ဒီလိုမဟုတ်သေးဘူး …..ဒီလှံချက်က သားတော်ရဲ ့အသက်ကို

ကယ်လိုက်တာမဟုတ်ဘူး …….ကျုပ်တို့ အရိမဒ္ဒနာပူရ် ရဲ ့ အနာဂါတ် ….ကျုပ်တို ့ ပြည်သူတွေရဲ ့

အသက်အိုးအိမ် စည်းစိမ် …..ကျုပ်တို ့ ပြည်သူတွေရဲ ့ သံသရာအရေး ……ကျုပ်တို ့ပြည်သူတွေရဲ ့

အမျိုးဘာသာ သာသနာ…..ဒါတွေ….ဒါတွေအတွက် ……ပစ်လွှတ်လိုက်တဲ ့ လှံချက်ပဲ သားတော်….

ဒါကြောင် ့….သားတော်ရဲ ့ နှလုံးသဲပွတ်မှာ ကမ္မည်းအက္ခရာတင်ထားလိုက်စမ်းပါ ………..

ဒါဟာ ……… ဒါဟာ……….အရိန္ဒမာ ရဲ ့ ဒုတိယမြောက်သစ္စာ ….……..

        ………………………………အရိန္ဒမာ ရဲ့  ဒုတိယမြောက်သစ္စာ…………..

                   ………………………………အရိန္ဒမာ ရဲ ့ ဒုတိယမြောက် သစ္စာ…………………”

 

နှုတ်ဆက် တေးသွားများနှင့်အတူ ကန့်လန့်က အနီကြီးမှာ လက်ပြ နေသည် ့အလား …………..

 

 

 

 

 

( ဤဇတ်လမ်းဖြစ်မြောက်ရေးအတွက် ကူညီ သရုပ်ဆောင်ပေးကြသော ရွာသူားတို့အားအထူးကျေး

ဇူးတင်ရှိပါကြောင်း နှင် ့ နာမည်စာရင်း ကျန်ရစ်ခဲ့သူများမှာလည်း ပရိတ်သပ်ထဲတွင် အပါအဝင်

ဟု မှတ်ယူပေးပါရန် ……။ အထူးသဖြင် ့ အရီးကြီးများအဖြစ်ပါဝင်သရုပ်ဆောင်ပေးလေကုန်သော

နောင်တော် ရွာသားကြီးများအားလည်း အထူးကျေးဇူးတင်ရှိပါကြောင်း ….၊ အကြောင်း ကြောင်း

ကြောင့် ကြိုတင်မပန်ကြားနိုင်ခဲ ့သည်ကိုလည်း မေတ္တာရှေ ့ထား ခွင် ့လွှတ်စေလိုပါကြောင်း……..)

 

 

 

 

 

 

 

 

121 comments

  • အရီးခင်လတ်

    September 4, 2012 at 7:34 pm

    Yayyy.. I am first. 🙂

    • Inz@ghi

      September 5, 2012 at 2:27 pm

      အရီး …
      ဟိုတခါလည်း ..မောင်စေတန်ဆီက ကောမန့် ဆွဲချလာတယ်..
      အခုလည်း မောင်စေတန်ဆီမှာလို .. ၁-၂-၃-၄ နေရာအူးတဲ့
      ကာလချာကို သယ်လာတယ်…

      အင်း… ….အင်း….

      ဒက်ဂလောက် … ဒက်ဂလောက် …ဒက်ဂလောက်

  • surmi

    September 4, 2012 at 7:37 pm

    အပျင်းပြေ အပျော်ဖတ်လေးပါ
    ရွာသူားတို ့ရွှင်လန်းကြပါစေ

  • ရဲစည်

    September 4, 2012 at 7:42 pm

    နေရာလာဦးတာ
    အရီးလတ် အရင် ဦးသွားဘီ … ။
    ချိတ်ချိူးတယ် .. ဂရား ဂီး ဂူး …။
    :mrgreen:

    ဦးဆာမိ ပီးမှ ပြန်လာမယ်

  • အရီးခင်လတ်

    September 4, 2012 at 7:49 pm

    ဟိဟိ …
    ဘာရမလဲ။
    နတ်ကတော် ဘဲဟာ။
    ပွဲဦးထွက်ဖို့တမင်ကို စောင့်နေရတာ။ 😉
    တော်သေးရဲ့။
    ဘယ်ညာအထိုးကောင်းပြီး ကန်တော့ပွဲကြီးနဲ့ မှောက်ရက်လဲမသွားတာ။

    သို့သော် အနော်ရထာ ကို ကကြောင်ကြီး သရုပ်ဆောင်ခိုင်း တော့ အနော်ရထာ နောက်မှာ အမြီးကြီး တတန်းတန်း နဲ့။
    အားရပါးရ ရီပြီး ဖတ်သွားပါရဲ့ ကဆာမိရေ။ 😆

  • Moe Z

    September 4, 2012 at 7:49 pm

    ဖျား….ဖျား ကပွဲလက်မှတ်မရထားလို့ စောစောနေရာလာရှာထားမလားမှတ်ပါတယ် စင်ပေါ်မှာ ဒုက္ခရောက်နေပါပေါ့လား :mrgreen:
    အဟိ မန္တလေးသူခဏလုပ်လိုက်ဦးမယ် 🙂

    • ရဲစည်

      September 4, 2012 at 8:05 pm

      စကပ်နောက်က ကွဲနေတာ ဆိုတော့
      ခါးညွတ်မရရင် ………. ဟိဟိ …..။
      ကြည့်မကောင်းပါလားကွယ်…… 🙂

      • Moe Z

        September 4, 2012 at 8:17 pm

        ဦးဦးဆာမိရေ thumbs up လုပ်သွားတယ်လို့ပြန်လာပြောတာ

        ဒီလို အူးလေးရေစည်ရဲ့ မိုးစက်ကပရိသတ်ကို ယဉ်ယဉ်ကျေးကျေး လက်အုပ်လေးချီပြီးနှုတ်ဆက်တာ ဘာသိရို့ရဲ :mrgreen:

        • Inz@ghi

          September 5, 2012 at 2:29 pm

          တေးသံရှင်နောက်မှာ တီးဝိုင်း ရှိတယ်နော…
          ဘာမှ အားမငယ်နဲ့ … ဇက်ကလေး …
          ကအင်ဂျီးတို့ …ချိဒယ်..
          အားပါးတရ သာ အရိုအသေပြုလိုက်
          ပိတ်သတ်ကြီးကို

          :mrgreen:

  • အလင်းဆက်

    September 4, 2012 at 7:50 pm

    အလင်းဆက်….
    မှ ဇတ်ညွှန်းရေးသား၍ အာဂ ၊ နွယ်ပင်နှင့် ကိုထူးဆန်းတို့ သရုပ်ဆောင်ကြမည် ့
    “ဘယ်သူမြင်မြင် …နွယ်ပင်တို့က အေးဆေး ”ဟူသော တခန်းရပ်ပြဇတ်ကို…
    ကြည့်ရှုကြသူအပေါင်းခညား……………

    ပြဇာတ်ကြီး..ကောင်းလွန်း… အရသာရှိလွန်း ဟု… ထင်မြင်ကြုန်လျှင်…
    ကျွန်ပ်အလင်းဆက်… တော်ချက်… ဟုတ် မှတ်ပြီး…

    ပြဇာတ်ကြီး..ခွက်ခွက်လန်အောင်… မကောင်း……ဟု ထင်မြင်ကြသော်…
    အနှီ…ပုဂိ္ဂုလ်ကြီး..ဆာမိ အား..ဝိုင်းဝန်း၍ အပြစ်ဆိုကြပါကုန်..လော့……

    ဆာဆာရေ..
    ဆက်ဆက် က.. ချစ်လို ့ စ လိုက်ပြီနော်…
    စိတ်စိတ်..ဆိုးရဘူးနော် ။အဟိ ။ ခွိ ..။
    😀

  • မိုက်တယ် …
    မိုက်တယ် …. တကယ် မိုက်တယ် …
    ဥဆာမိဂျီး ရေးထားတာရော ..
    ဇာတ်ကောင်တွေ သုံးထားတာရော မိုက်သဗျာ …
    ရီလည်း တော်တော် ရီရဒယ် … ခွီ .. ခွိ .. 😀

    ဟိုထိပ်ပြောင်ပြောင်နဲ့ မောင်ပေ ဆိုတဲ့ လူဂျီးကလည်း
    မီးစလိုက်ထိုးတာ ငြိမ်ငြိမ်ထိုးတာ ဟုတ်ဘူးနော့ ..
    ရှူးရှူးပေါက်နေတဲ့ အဒေါ်ကြီးကို သွားထိုးမိရတယ်လို့ .. ခွီခွိ .. 😀

    အနော်ဂဒေါ့ ..
    ငါဟဲ့ ငလုံးလဖယ် …
    လိုင်းကားစီးရင် ခြေတစ်ဖက်ထောက် စီးရမယ် .. 😀

    • အဲ .. ဒါနဲ့ မေ့သွားလို့ ..
      အရီးငယ်ဥကိုင် တစ်ယောက်
      နယ်စပ်ဖြတ်ကျော် လွတ်မြောက်သွားဒါ
      အမေဒစ်ကန်ထိ ရောက်တွားဒါပေါ့နော် .. :mrgreen:

      ရွာရဲ့ နတ်ကဒေါ်ဂျီး သရုပ်ကလည်း ..
      နတ်ဝတ် နတ်စားဂျီးနဲ့ ဆိုဒေါ့ …
      အဟဲ .. ကြောဒေါ့ဘူး .. ခီခိ .. 😀

  • မောင်ပေ

    September 4, 2012 at 7:56 pm

    ရှူရှူးပေါက်နေတဲ့ အဒေါ်ကြီး က ဘူလေးတဲ့လဲ
    အဲဒါလုပ်ဦး

    • အဲ့လာ … ဟိုတစ်ခါတုန်းက ..
      စိန်ဗိုက် ရေးဖူးတဲ့ “မောင်ပေ မြန်မြန်လာခေါ်ပါ” ဆိုတဲ့ထဲက
      အရူးမဂျီး … ဒဲ့ ..
      😀

    • ရဲစည်

      September 4, 2012 at 8:02 pm

      ကပေ မှားထိုးမိတာ …………..။
      မဝင်းပြူံးမြင့် ဖြစ်ဖို့များတယ် ….
      အသည်းကွဲ …. ရှဲရှဲ လုပ်နေတုန်း

      ဟိဟိ
      ကျုပ်လဲ ရွာထဲ လွတ်နေတဲ့ သူတယောက် (အဒေါ်ကြီး) ပြေးမြင်လို့ :mrgreen:

  • surmi

    September 4, 2012 at 8:14 pm

    ကဲ ကဲ နောင်တော်အစ်မတော်များ ညမှပြန်ဝင်လာခဲ ့မယ်
    အိမ်မရောက်သေးလို ့ပါ

  • MaMa

    September 4, 2012 at 8:16 pm

    မမ ကို ဘယ်နားမှာ သပ်သပ်သွားပုံထားသလဲ ကိုဆွာမိရယ်။
    သူများတွေပွဲကနေတာကို သတ်ပုံစစ်နိုင်အောင် ချောင်ထဲမှာ သွားထိုင်ခိုင်းထား ထင်ပ့ါ။ [:))]

    • “…
      ကကြိုးစုံတဲ ့ အလင်္ကာည အစီအစဉ်ဘဲဖြစ်ပါတယ်ရှင် ့ …..ရှုစားကြပါကုန်စို့ ရှင် ” ……
      ကြေငြာသံအဆုံး၌ ကန် ့လန် ့ကာအနီကြီးတက်သွား၍ ….မီးများလင်းလက်လာသည် ။
      မီးရောင်အောက်သို.့တန်းစီ၍ ထွက်လာသူများကား ………………
      ရွာတော်ရှင်ဆူး ၊ သပ်ပုံ မမ ၊ easycook ဝေဝေ ၊ နန်းမတော် မယ်ပုချ် ၊ သဲနုအေး ၊ ချာတူးလန် ၊
      နိုဗွီ ၊ ရွှေကြည် ၊ ရို ့စ်မင်း ၊ မနောဖြူလေး ၊မေလကဗျာ ၊ မကောင်းစံ၊ ပျိုပျိုမေ ၊ မအိ …………..။
      လက်ခုတ်သံများဆူညံသွားလေသည် ၊၊
      …”

    • surmi

      September 6, 2012 at 11:04 am

      အန်တီမမရေ
      ဘယ်ကျန်ပါ ့မလဲဗျာ Dangerous အဖွဲ ့မှာလေ ။ ဟဲ ဟဲ ကြည် ့ပြီးတဲ ့သူတွေကပြော
      ကြပါတယ် အဲဒီအဖွဲ ့ က တာမိုက်တယ်တဲ ့
      ဒါနဲ ့ ဘော်ဘော်တို ့ရေ
      ပျော်ပျော်ကြီးနွဲမလို ့ဟာ အိမ်လဲရောက်ရော ဖွင် ့မရတော ့ဘူး
      မေးထဲက ကွန်မန် ့ လေးတွေကြည် ့ပြီး တစ်ယောက်ထဲရီနေရတာ
      နောက်တစ်ညလည်းဒီလိုဘဲ
      ဒီညတော ့ မဖြစ်လောက်တော ့ဘူးထင်တယ်
      ခက်ခက်ခဲခဲအားပေးကြသူအားလုံးကို ကျေးဇူးလဲတင်တယ် အားလဲနာတယ်
      ဝမ်းလည်းသာတယ်ဗျို ့

  • padonmar

    September 4, 2012 at 8:20 pm

    ချိတ်ချိုးတယ်။ကိုးနာရီမှပွဲစမယ်ဆိုပြီး အစောကြီးစတယ်။
    တော်ပြီ တပင်တိုင်မကပေးတော့ဘူး။
    ချိုမိုင်မိုင်ပဲကတော့မယ်။
    ……….
    ကိုဆာမိ စက်တင်ဘာတွက် မှတ်လိုက်ပြီ။

  • တာတီး

    September 4, 2012 at 8:26 pm

    ပြောင်မြောက်လှပါပေတယ် ကိုရင်ဆာမိ ၊ ထောင့်စိ ဂွင်တိ ရေးနိုင်ပါပေတယ် ။
    တကယ်ကို သဘောကျပါတယ် ။

  • San Hla Gyi

    September 4, 2012 at 8:31 pm

    ဟာ တော့်တော့်ကို ဖတ်လို့ကောင်းပါလားဗျ။ အစက ကျုပ်ထင်ထားတာက မိုးပြာဂိုဏ်းအကြောင်း ပို့စ်တွေ ထဲမှာ ပြောသွားလို့ တရားအကြောင်းများ ရေးမလားလို့။ ဒါပေမယ့် ဖတ်လို့ကတော့ အရမ်းကောင်းတယ်။ အရည်းငယ်က လွတ်သွားတာကိုး။ နာလိုက်တာဗျာ။ ဟဲ ဟဲ အလကား နောက်တာပါဗျာ။ အရည်းကြီးတွေ အကြောင်းရေးတာလဲ ကောင်းပါတယ်။ သူတို့အကြောင်းက အငြင်းပွားတုန်းပဲ ရှိသေးတယ်။ ဒါပေမယ့် ဒီလူတွေက သိုင်းသိပ်တော်တယ်လို့ ဆိုတယ်။

  • မှော်ဆရာ

    September 4, 2012 at 8:53 pm

    အော် …. တို့များတော့ ပရိတ်သတ်အဆင့်ပဲ ရှိပါတော့လားနော် …
    တရာ .. ရပါ၏ ။။
    အားပေးပါတယ် ကိုဆာမိရေ ။။။

    • surmi

      September 5, 2012 at 2:35 pm

      ကမှော်ရေ ့
      ကမှော်ကျန်ခဲ ့လို ့ဘယ်ဖြစ်မလဲ
      ဓတ်ပုံဆရာအဖွဲ ့ထဲမှာလေ

  • nature

    September 4, 2012 at 9:07 pm

    အဟီး…ဆာမိရဲ့ပိုစ်ကလေးမှဖတ်ရပါ့တော့မလားလို့။ 🙂
    ဆာမိနဲ့တွေ့မှ အရီးလတ်လည်း နတ်ကတော်ဖြစ်တော့တယ်။ 🙂
    ဗေဒင်ဆရာကလည်းတော်တယ်နော့်။ အာမခံနဲ့ကိုဟောတာ။ 🙂
    တော်သေးတာပေါ့ရေစိမ်ပြီးကြီးမိုက်မဖျားလို့။ 🙂

  • ကထူးဆန်း

    September 4, 2012 at 9:20 pm

    အဟိ ကန်ဘောင်ပေါ် စောင့်နေတာ ကြာပြီ.. အခုမှ မိတော့တယ် ..

  • ဦးဦးပါလေရာ

    September 4, 2012 at 10:56 pm

    အဲလောက်နာမည်တွေစုံအောင် ဘယ်လိုများစုထားပါလိမ့်နော်…
    ဒီပိုစ့်ဖတ်ရမှပဲ ပျောက်နေတဲ့မန်ဘာတွေကို ပြန်သတိရမိတော့တယ်…။
    ဒါထက် သံဗျင်ဆိုတာ အခုခေတ်လိုဆို ညွှန်မှုးလောက်များရှိမလားဟင်… 😀

    • Foreign Resident

      September 5, 2012 at 12:47 pm

      ” ဒါထက် သံဗျင်ဆိုတာ အခုခေတ်လိုဆို ညွှန်မှုးလောက်များရှိမလားဟင် ”

      ခေတ်အခြေအနေ မကောင်းရတဲ့အထဲ ၊
      သူက ရာထူးမက်နေသေးတယ် ။
      အခုရထားတဲ့ ဥက္ကဋ္ဌ ရာထူးလောက်ဆို တော်ရောပေါ့ ။ 😛

      • ဦးဦးပါလေရာ

        September 5, 2012 at 5:45 pm

        သိဘူးလေဗျာ..
        သမတကြီးကလဲ ဝန်ကြီးတွေလဲထည့်နေလို့ လောဘတက်လာတာ… 😀
        ဒါပေသိ ရပါတယ်..။ သံဗျင်ဆိုတာ ဘာမှန်းမသိလဲ စစ်မတိုက်ရပဲ ညကြေးရတယ်ဆိုရင်အိုကေပါ.. 😀 😀

        • Foreign Resident

          September 6, 2012 at 9:34 am

          ကျန်တဲ့ ရာထူးတွေတော့ မသိဘူး ။
          အခုပေးထားတဲ့ ဥက္ကဋ္ဌရာထူးကတော့ ၊
          ရာသက်ပန်ပဲ ။

        • surmi

          September 6, 2012 at 10:47 am

          အဘတို ့ရေ
          ညကြေးလေးတော ့ သီးခံကြပါ
          ဇတ်က နေတုန်း သူပုန်ဝင်စီးလို ့ရံပုံငွေတွေအားလုံးပါသွားပြီ

        • Foreign Resident

          September 6, 2012 at 10:54 am

          အခုမှပဲ ဇတ်ရည်လည်တော့တယ် ။
          ညကြေး နှင့် ရံပုံငွေ တွေ ဘုံးလို့ရအောင် ၊
          ကို surmi က သူပုန်တွေကို လက်ထောက်ချလိုက်တာဖြစ်မယ် ။ 😛

        • surmi

          September 6, 2012 at 11:11 am

          ရှေးဟောင်းနည်းပေါ ့အဘရယ်
          သမဝါယမသက်သာဆိုင်မှာငွေစာရင်းကွာရင် မန်နေဂျာက
          ဆိုင်ကိုမီးရှို ့သလိုပေါ ့ ဟဲ ဟဲ သိတယ်မဟုတ်လား

  • Novy

    September 5, 2012 at 1:54 pm

    ကိုစာမိရေ. ကိုယ်ကတဲ့ပွဲကို ကိုယ်တောင် အခုမှ
    ဝင်ကြည့်လို့ရတဲ့ အဖြစ်ပါလားတော့

    အရိုးစုဝတ်စုံပဲ ဝတ်မယ်နော်
    ဘီကီနီဝတ်စုံတော့ မဝတ်တော့ဘူး

  • မွန်မွန်

    September 5, 2012 at 2:40 pm

    ဟား..ဟား..ဟား… ဟု အော်ရယ်ပြီး သွားဖြီးနေပါကြောင်း သတင်းပို့အပ်ပါသည်။ အရိဒ္ဒမာရဲ့ဒုတိယသစ္စာက မျက်လုံးထဲတောင် ပေါ်လာပါ့ရှင်… တော်လိုက်တာ…

    မီးဒုတ်ယိမ်း ဆိုပဲ… မီးဒုတ်တော့ မရှိဘူး… ဖယောင်းတိုင်ဝယ်ပြီး အိမ်မှာ ကကြည့်ရင် ကောင်းမလား… 🙄 🙄

  • Shwe Ei

    September 5, 2012 at 2:44 pm

    ကဆာမိ အစီစဉ်ကြေငြာခလေးရှင်းပေးအုံးနော်။ ပွဲပီးရင် အဖွဲ့သားအားလုံးကို အရက်တိုက်မလို့ ဟိ။

  • surmi

    September 5, 2012 at 2:53 pm

    အခက်အခဲအမျိုးမျိုးကြားမှ လရောက်ဖတ်ရှုအားပေးကြသော ပရိတ်သပ်များနှင် ့
    အရီးလတ် ၊ကိုအံဇာ ၊ကိုရဲစည်၊ ကိုပေ ၊ အလင်းဆက် ၊ အမပဒုမ္မာ၊ ကိုထူးဆန်း
    မှော်ဆရာ ၊ တာတီး ၊ ကိုစံလှကြီး ၊ ဦးဦးပါလေယာ ၊ အဘဖေါရိန်း ၊ မနိုဗွီ ၊
    မောင်ဂီ ၊ မိုးဇက် ၊အန်တီမမ ၊ ဦးနေးချား တို ့အားအထူးကျေးဇူးတင်ရှိပါကြောင်း
    ယခုမှရွာထဲဝင်လို ့ရသဖြင် ့ အားနာမိပါကြောင်း…….

  • စိန်ဗိုက်ဗိုက်

    September 5, 2012 at 2:59 pm

    “ ပလပ်စတစ်ကောက် …၊ ထန်းရည်သောက်ပြီး …..၊ မြွေဟောက်ချက်စား ….ဗိုက်ကားသွားပြီ …..

    ဘာလိုသေးလဲချစ်လေးရယ် …………..”

    ကဲ..ကဲ..
    ဇာတ်ကလို ့လဲ ပြီးပြီ ဆိုဒေါ့..
    ဘီအီးဆိုင် သွားခွင့်ပုပါတော့ ခင်ဗျ

  • surmi

    September 5, 2012 at 3:12 pm

    အောင်မလေး စိန်ဗိုက်ရယ် ခုမှဘဲပေါ်လာတော ့တယ်
    ကျုပ်တို ့မှာ မေးလိုက်ရတာ

    မွန်မွန်နဲ ့ရွှေအိရေ ကျေးကျေး ဖယောင်းတိုင်နဲ ့ ကြော်ငြာခကိုအကြွေးမှတ်
    ဇတ်က နှစ်ရက် ကလိုက်ရလို ့ ဟဲ ဟဲ

  • Crystalline

    September 5, 2012 at 3:19 pm

    ကဆာမိရယ် လေးစားသွားပြီး ထောင့်စေ့အောင်ရေးတတ်ပါပေတယ်.. သူများက ရခိုင်အကမကတတ်ဘူးနော့ နောက်တခါပဒေသာကပွဲ လုပ်ရင် တပင်တိုင် ဒုံးယိမ်းကမယ်.

    • surmi

      September 5, 2012 at 4:06 pm

      ဒါဆို ရိုးရာတာလဘော တော ့ချက်တတ်တယ်ပေါ ့ Crystallineရေ

      မေဂျူလိုင်ရေ စာရွက်များ တာ အားနာပါရဲ ့ဗျာ ဟဲဟဲ

      • အမွန်

        September 5, 2012 at 4:34 pm

        တမီးက ရခိုင် ငါးဟင်း ချက်တတ်တယ်.. ဟိဟိ.. ကြုံကြွားပေါ့…

  • mayjuly

    September 5, 2012 at 3:21 pm

    အရမ်းကိုဖတ်ချင်လွန်းလို့ မအားတဲ့ကြားက print ထုတ်သွားပြီး ဖတ်မည်ဖြစ်ပါကြောင်းးးးး 😀

    စာမျက်နှာကလည်း ၁၅ မျက်နှာလောက် ထုတ်ရမယ်ထင်ပါ့ … 😛

  • ကိုခင်ခ

    September 5, 2012 at 4:04 pm

    “ဆိုင်သံ တယောသံ နဝင်အေးတယ် ခင်လေးရယ် နားသောတ သဘောကျစေဖွယ်၊
    အမှန်ပါ့ကွယ် မောင်တီးပြပါ့မယ် နားသောတ သဘောကျစေဖွယ် အရပ်ထဲကပြောကြပါတယ် ဒီပွဲရူးကြောင့် ခက်လှချည်ရဲ့ ခက်လှပေါ့ထင်တယ် ပြောပေမယ့်လည်း ဘယ်ခါမလျော့တယ် အပျော်ဆိုတာရယ်
    ငွေကုန်ခံနိုင်ရင် အကောင်းဆုံးဘဲ ခင်နှမရယ်—–။´´

    ကိုဆာမိရေ နောက်ပြောင်းကမယ့်နေရာအတွက် လိုက်ဖို့အသင့်ပြင်ထားမယ်နော်။

  • surmi

    September 5, 2012 at 4:12 pm

    စိတ်ချ ကိုခင်ခရေ
    ဒီအဖွဲ ့နဲ ့ဆို လိုက်ပြီးသားပဲ

  • etone

    September 5, 2012 at 4:54 pm

    ကိုဆာမိရေ….. မနေ့ညကတည်းက ဒီပို့စ်ဖတ်ပြီး တခွီးခွီးနဲ့ ရယ်နေတာ ……. ။
    ကော့မန့်ရေးပြီး …… ပို့လည်းပို့ရော……. တင်မရတော့ဘူး … ဒါနဲ ့ပဲ နားလည်လိုက်ပါတယ် … ရွာထဲသပုန်ဝင်သွားတယ်ဆိုတာ …. ။ 😛 😛 နှစ်ခါပြန်တော့မရေးတော့ဘူး …….
    တ်ပြီးရယ်လိုက်ရလို့ ခဏတာ အမောတွေပြေသွားပါတယ် ။

    နာ့ဘော်ဒါ အူးမတ်ပျောက်နေတာ … ဒင်းက ခါတော်မှီလုပ်စားနေတာကိုး .. ခွိခွိ 😛

    • အမွန်

      September 5, 2012 at 4:56 pm

      ဟုတ်ပါ့..လွှတ်တော်ထဲများ မလွတ်တမ်းရောက်နေလားလို့… 🙄 🙄

    • surmi

      September 6, 2012 at 9:21 am

      ညက ပြန်ရောက်တော ့ဖွင် ့မရပြန်တော ့ဘူးဒေါ်အိတုန်ရေ
      ပျော်ပျော်ပါးပါး ဇတ်လေးကမယ် လုပ်ပါတယ် သူပုန်တွေကတမှောင် ့
      ညက ၁၂ နာရီလောက်မှာ ခဏပြန်ရသေးတယ် မန် ့လို ့တော ့အရဘူး

      ကိုသန်းထွဋ်ဦးရေ
      နောက်လဲမိုင်းရှင်းရင်ခေါ်မယ်နော

  • ကိုရင်စည်သူ

    September 5, 2012 at 5:19 pm

    အတိုဆာမိ … စိတ်ရှည်ရှည်လေးနဲ့ အတော်စေတနာထားပြီး
    ရွာသူားတိုင်းပါအောင် ဟာသလုပ်ရေးပေးထားတာ ခံစားမိတယ်ဗျာ..
    တိုဆာမိပြောသလို ဆုပေးပွဲရောက်ရင် သွားလုပ်စားရင်ကောင်းမရား တိဖူး… အဟီးး :mrgreen:
    လေလံဆွဲရင် တစ်ခန်းစာလောက် ကြိုဆွဲပေးထားပါနော်.. တိုဆာမိ… 😛 😛

  • may flowers

    September 5, 2012 at 5:24 pm

    အော် ကိုဆာမိပြောပြောနေတဲ့ ကိုးနာရီမှာစမဲ့ပွဲက ဒီပွဲလား…တော်သေးတာပေါ့ မီးဒုတ်ယိမ်းမှာ ကပ်ပါရလို့…မီးလင်းတော့

    မည် မြန်မာပြည်ဆိုတဲ့ သီချင်းခေါင်းစဉ်လေးကိုတော့ ခိုက်သွားတယ်။

  • Wow

    September 5, 2012 at 6:09 pm

    ကဲ… ကဲ ရွာသူဒွေ တန်းစီဂျ မိတ်ကပ်လိမ်းပေးမယ်…. 😀
    သပုန်ရန်ကြောင့် ရွာထဲတော်တော်နဲ့ဝင်လို့မရဘူး

    • surmi

      September 6, 2012 at 9:35 am

      ကိုရင်စည်သူရေo
      လောလောဆယ်ဆယ်တော ့ အရှုံးပေါ်နေသဗျ
      သူပုန်ဝင်နေလို ့ ၃ ရက် ကနေရသဗျာ ဟဲဟဲ

      မေဖလားဝါးရေ
      မီးဒုတ်လေးတော ့သိမ်းထားနော ။နွေရောက်ရင်အသုံးတဲ ့မှာ

      Wow မိတ်ကပ်ကောင်းလို ့ သချင်္ာဝက်ကြော်က လာငှားမလို ့တဲ ့

  • မိုက်ကယ်ဂျော်နီအောင်ပု

    September 5, 2012 at 6:19 pm

    ညှင်းညှင်းညှင်း
    ကျန်စစ်သားအောင်ပုရဲ့ လှန်ထိုးချက်တွေကို အရည်းကြီးအရည်းလေးတွေ
    သတိတစ်ရရှိနေဂျဂုန်ဘီဆိုဒါ သမိုင်းကျန်ခဲ့ဘီမှတ်လား
    ပုံ
    လှန်ထိုးဝိဇ္ဇာဂျီး

    • surmi

      September 6, 2012 at 10:25 am

      ဘာရမလဲ ဘပုတဲ ့ကွ ညှင်းညှင်း
      ဒါမျိုးတွေလာမစမ်းနဲ ့ ကျန်စစ်သား လှန်ပစ်သမား
      ဟုတ်တယ်ဟုတ်

  • padonmar

    September 5, 2012 at 7:32 pm

    ရံပုံငွေကပွဲကြီးကျင်းပနေစဉ် တစ်ဖောင်းဖောင်းပေါက်သံကြားရသဖြင့် ပရိသတ်မှာ ဖိနပ်ခါးကြားထိုးပြီး ထပြေးရမလိုလို၊
    စင်ပေါ်မှ ကနေသော dangerous dancer များမှလည်း “အောင်မယ်လေးတော့ ရွာကိုသူပုန်စီးပါပြီ”အော်ရင်း ဆင်းပြေးရမလိုလို၊
    ဈေးတန်းထဲမှ ဈေးသည်များမှာလည်း သူများဈေးဗန်းဝင်နှိုက်ရမလိုလို
    ဖြစ်သွားကြသည်။
    ဇာတ်ခုံမန်နေဂျာကိုနိုဇိုမီ၊ဆက်တင် ရဲစည်၊လုံခြုံရေး ကြောင်လေး၊ဇာတ်ညွှန်းဆရာကိုဘလက်၊ထုတ်လုပ်ရေးမှူး ကိုသစ်မင်းနှင့် ဇာတ်ဆရာ လင်းမြွေ တို့မှ အခြေအနေအမြန်လေ့လာပြီး
    ဇာတ်စင်ပေါ်တက်၍
    “အားလုံးဘာမှမကြောက်ကြပါနဲ့၊ပွဲခင်းထဲက ကောက်ညှင်းကျည်တောက် မီးဖုတ်ရင်း ဝါးပေါက်တာပါ၊
    ဆက်လက်အားပေးတော်မူကြပါခင်ဗျား”
    ဟုကြေငြာပေးလိုက်ရာ ရံပုံငွေကပွဲကြီး အောင်မြင်စွာပြီးစီးသွားပါကြောင်း။
    ရရှိသောရံပုံငွေမှာ အမေရိကန်ဒေါ်လှ 1million, အော်ဇီဒေါ်လှ 1 သိန်း၊စင်းဒေါ်လှ 1 သောင်း၊ရင်းဂစ် 1 ထောင်၊ပေါင်စတာလင် 1 ရာ၊ ယူရို 1 ဆယ် နှင့် မြန်မာငွေ 1 ကျပ် ဖြစ်ပါကြောင်း။

    • surmi

      September 6, 2012 at 9:52 am

      အစ်မပဒုမ္မာရေ
      အမြတ်စာရင်းတွက်လို ့မရသေးဘူးဗျ ။ဒီညပါထပ်ကရင်တော ့ ဇတ်ရုံငှားခနဲ ့မွဲမယ်ထင်တယ်
      လုပ်ရက်ပါပေ ့ ကိုကိုဟက်ကာတို ့ရေ။ ညကလည်း ကွန်မန် ့တွေကို မေး ကဘဲ ဖတ်လိုက်ရတယ်

      အစ်မပျိုပျိုမေရဲ ့ အားမငယ်ပါနဲ ့ သက်တူရွယ်တူတွေ အများကြီးပါ ပါတယ်ဗျ

      ဗျို ့ဦးလေးဂျစ်ကား
      နောက်မကျပါဘူးဗျ ။ ရာသီဥတုမကောင်းလို ့သုံးလေးရက်လောက် ဆက်ပြီးက ရဦးမှာ ဟဲဟဲ

  • pyopyo may

    September 6, 2012 at 8:42 am

    အမလေးတော် ၊ မပြောချင်ပါဘူး
    ကဆာမိ က ကျုပ်ကို မကြီးမငယ် နဲ့
    Dangerous Dancer အဖွဲ့ထဲ ထည့်ထားတယ်
    မန်းဂဇက် ရံပုံငွေ ပဒေသာကပွဲ ကြီး ဆိုတော့
    ွ ရွာ့ အကျိုး အတွက်မို့သာ ဝင်ပါရတာ
    သိတ် က တတ်ထာ မဟုတ်ဘူး
    အဝတ်အစား ပြင်ရ ၊ အကတိုက်ရ နဲ့ မောထာ
    တော်သေးတာပေါ့ – အောက်ကရွာသား တွေက
    အုံးအုံးကျွက်ကျွက်အား ပေးလို့

  • ဦး ဂျစ်

    September 6, 2012 at 9:28 am

    ကိုရင်ဆာမိရေ…
    အခန်းအနားမူူးလုပ်မလို့ ရွာ ထဲအဝင်မှာ ခလုပ်တိုက်မိပြီး ၃ ရက်လောက်
    မေ့မျောနေလို့ နောက်ကျနေတယ်ဗျို့…။

  • နွယ်ပင်

    September 6, 2012 at 9:43 am

    “ဘယ်သူမြင်မြင် …နွယ်ပင်တို့က အေးဆေး ”ဟူသော တခန်းရပ်ပြဇတ်ကို ကပြဖို့အတွက်
    လေ့ကျင့်ရ တော်တော်ပင်ပန်းသွားတယ် ဟူးးးးးးးးးးးး မောလိုက်တာ 😀

  • Khaing Khaing

    September 6, 2012 at 9:56 am

    အယ် ….. ဦးဦးစာမိက ကိုယ့်နဲ့အမျိုးတော်မယ့်လူကို ဘာလူမျိုးဆိုတာကအစ မှတ်ထားတယ်တော့ …… မွန်မဆိုပေမယ့် မွန်စကားကို ထမင်းစားရေသောက်ပဲရတယ် ……. ဟီးးးးးးး

    • surmi

      September 6, 2012 at 10:14 am

      မှတ်ထားရမှာပေါ ့ ဟဲဟဲ
      အိမ်လာလည်ရင် ငါးသလောက်နဲ ့ သရက်သီး အချဉ်ချက်လေး စားရရင်ဖြင် ့စကားမသင်ပေးလဲရပါ ့ဗျားးးးး

      • နောက်နေ.......

        September 6, 2012 at 11:33 am

        မမခိုင်က မွန်မလေးလား ကျွန်တော်တောင်မသိဘူး ……… ကျွန်တော်အလုပ်တွေများလို့ ရွာထဲ မဝင်ဖြစ်ဘူးဗျာ …… အားလုံးကို စိတ်ထဲကတော့ သတိရနေပါတယ် ……….

      • Khaing Khaing

        September 6, 2012 at 3:08 pm

        ဦးဦးစာမိရေ …… မွန်အိမ်ဆိုတော့ အိမ်မှာတော့ သရက်သီးခြောက်နဲ့ မရမ်းပြားကတော့ အမြဲ အိုးသိပ်ရှိတယ် …. ငါးသလောက်နဲ့တော့ သရက်သီးကိုမချက်စားဖူးသေးဘူး ….. ငါးနှပ်ကို မရမ်းပြားနဲ့ငရုတ်သီးစိမ်းလေးထည့်ချက်စားတယ် …. သရက်သီးခြောက်ကို ဝက်သားနဲ့ချက်တယ် … ဒါမှမဟုတ် ငါးဇင်ရိုင်းတို့ဘာတို့နဲ့ချက်တယ် ….. မရမ်းပြားငပိထောင်းထောင်းစားတယ် ….. မွန်အစားအသောက်တွေက အချဉ်တွေများတယ် ……..

        • surmi

          September 6, 2012 at 3:31 pm

          ကျုပ်ကတခါတုန်းက မော်လမြိုင်မှာစားခဲ ့ဖူးတာ။အဲ ့တုန်းကတံတားကြီးမပြီးသေးဘူး
          ကူးတို ့ဇက်ကိုစောင် ့ရင်းထမင်းငတ်ပါရော ။ မုးိချုပ်မှ မော်လမြိုင်ရောက်တာ
          အဲသည်တော ့မှ မွန်ရိုးရာဟင်းတွေနဲ ့တွေ ့တာဗျို ့
          ခုထိသတိယနေတုန်း

  • surmi

    September 6, 2012 at 10:00 am

    တော်သေးတာပေါ ့ မနွယ်ပင်ရေ
    မောခဲ ့သလောက် က ခွင့်လေးရလို ့
    ကျနော်ဖြင် ့ လက်မှတ်တွေပြန်အမ်းရတော ့မယ်မှတ်တာ ဟူးးးးးးးးးး

Leave a Reply