” မန်းဂဇက် ရံပုံငွေ ပဒေသာကပွဲကြီး”

ေမာင္ရိုးSeptember 4, 20124min727121

 

ဂဇက်ရွာကြီးကား အထူးပင်စည်ကားလှသည် ။ ရွာသူရွာသားများ၏ မိတ်ဆုံစားပွဲများ ၊ စာပေဆုပေးပွဲများ

နှင် ့ အလှူအတန်းများမှာပြတ်သည်မရှိ  ……ထို ့ကြောင်.့ ….မကြာခဏဆိုသလိုပင် အလှူခံခြင်းများ ပြုရပေ

တော ့သည် ၊။ ….တစ်ခါကနှစ်ခါ …..နှစ်ခါကသုံးခါ …ရှိသောအခါတွင် အလှူခံရသောတာဝန်ရှိသူများမှာ

မျက်နှာပူလေပြီ ….။ ဤသို့ဖြင့် ….ရံပုံငွေလေးများထားရှိလျှင်ကောင်းလေစွဟု ကြံစည်ကြ၍

မန်းဂဇက်ရံပုံငွေ ပဒေသာကပွဲကြီး ကိုစီစဉ်ကြလေတော့သည် ……။

သူကြီးမှဦးဆောင်ပြီး ရွာသူူားများစည်းဝေးကြလျက် ဇတ်ဆရာဦးနေးချားအား တာဝန်ပေး၍ ရွာသူားများမှလည်း ကျရာဇတ်ရုပ်မှ

ကူညီသရုပ်ဆောင်ကြမည်ဖြစ်လေတော့သည် ……။သို ့ .နှင် ့ ……..ဦးနေးချားမှာ ရွာသူား (၁၀၀) ခန့်ပါဝင်ဖျော်

ဖြေမည် ့ အစီစဉ်ကိုစတင်ရေးဆွဲလေတော့၏..……။

ဇတ်ရူး ရူးနေသော မောင်ဆာမိမှာ ကျိတ်၍ပျော်လေပြီ ။ ငယ်စဉ်က ဇတ်ထဲမလိုက်ရ၍ (၇)ရက်ခန် ့ ထမင်း

မစားဘဲ ဆန္ဒပြခဲ ့သူမို့  ဒီတခါဖြင့် စင်ပေါ်တက်ရမည် ့အရေး တွေး၍ပင် အိပ်မပျော် ……….ဦးနေးချားထံ

ကပ်ဖား ရပ်ဖားလုပ်လေတော.သည်  ။ သို့သော် …….မောင်ဆာမိ၏ရုပ်သွင်မှာ သရဲမကြာက်တတ်သူတို့သာ

ကြည် ့၍ ဖြစ်နိုင်သည်မို ့ ဦးနေးချားမှာ သူ၏ ကိုယ်ရေးလက်ထောက် (တောက်တို ၊ ပြာတာ ) အဖြစ်

တာဝန်ပေးလိုက်ရ၏ ။။။ ထို ့ကြေင့်ပင် မောင်ဆာမိတစ်ယောက် ဤဇတ်လမ်းကို အစမှ အဆုံးတိုင် မှတ်

တမ်းတင်နိုင်ခဲ့လေတော့သည် ……………။

============================================

ရွာသူရွာသားများသာပါဝင်သော ခေတ်ပေါ်ဇတ်သဘင်ကဲ့သို့ ဖျော်ဖြေမည်ဖြစ်သဖြင့်  ….စတိတ်ရှိုးအတွက်

အဆိုအတီးများလေ ့ကျင့်ရခြင်း  ၊ ယိမ်းအဖွဲ ့များအတွက် အဝတ်အစားများစီစဉ်၍ အက တိုက်ရခြင်း ၊

Dangerous  အကအဖွဲ ့ကို လျှို့ ့ဝှက်စွာ  ပါဖေါမန် ့ အကများ တိုက်ရခြင်း စသည်တို.့ကို ရှေးဦးစွာ

ပြုလုပ်ရလေသည် ၊။ ခေတ်ပေါ်တီးဝိုင်းအတွက်  ဂီတမှုး လိဒ်ဂစ်တာ မောင်မောင်ဂီ …..ဘေ့စ် ဂစ်တာ

ရွှေတိုက်စိုး ……ကီးဘုတ်  စန္ဒယားမောင်ကမ်း နှင့်  …..ဒရမ်မာ ကြောင်ဝတုတ် တို.့ကတာဝန်ယူတီးခတ်

မည်ဖြစ်သည် ။ မြန်မာ ့ရိုးရာဆိုင်းဝိုင်းအတွက် ရွှေတံဆိပ်ဆုရ နေပြည်တော်မှ စိန်လက်ညှိုး ရွာစားကျော်

မှဦးဆောင်မည်ဖြစ်လေတော့သည်……..။

အဆိုရှင်များနှင့် ယိမ်းအဖွဲ့များ ရွေးချယ် ပြီးနောက်တွင် ……တစ်ခန်းရပ် ပြဇတ်နှင့် ပြဇတ်ကြီးတို့အတွက် စီစဉ်

ရပြန်သည် ။ အလင်းဆက်မှ ဇတ်ညွှန်းရေးသား၍ အာဂ ၊ နွယ်ပင်နှင့် ကိုထူးဆန်းတို့ သရုပ်ဆောင်ကြမည် ့

“ဘယ်သူမြင်မြင် …နွယ်ပင်တို့က အေးဆေး ”ဟူသော တခန်းရပ်ပြဇတ်ကို တင်ဆက်၍ လည်းကောင်း………

“အရိန္ဒမာ၏ ဒုတိယမြောက်သစ္စာ”ဟူသော ပြဇတ်ကြီးကိုလည်းကောင်း တင်ဆက်မည်ဖြစ်သည် ။

ထိုပြဇတ်ကြီးအတွက် သမိုင်းဆိုင်ရာအကြံပေးအဖြစ် ဆရာမကြီး TTNU ၊ ကိုစံလှကြီးနှင့် နန်းမတော်

မယ်ပုချ်တို့က ပံ့ပိုးကြမည် ။ စကားလုံးဖွဲ ့စည်းမှုနှင့် ဇတ်ညွှန်းကိုတော ့ ဘဘဘလက်ချောက ဖန်တီး

မည် ဆို၏ ။

အဟာရပညာရှင်အဖြစ် ကိုခင်ခ မှတာဝန်ယူဆောင်ရွက်၍ အနုပညာအကြံပေးအဖြစ် အရင် ့ရောင်
ရှုံးလူ နှင် ့မောင်ခင်မင်တို ့မှ ပံ ့ပိုးကြမည်ဖြစ်သည်။

အကနည်းပြ အဖြစ် အဆီတုန်း (si tone) မှ တာဝန်ယူပေလိမ် ့မည် ။

ထိုပြဇတ်၏ အဓိကဇတ်ဆောင်များထဲမှ အချို ့ကိုမိတ်ဆက်ရသော် …………

အနော်ရထာ အဖြစ် ………..ကြောင်ကြီး ………….

ကျန်စစ်သား အဖြစ် …………….မိုက်ကယ်ဂျော်နီ အောင်ပု ……………..

ပုဂံသူရဲကောင်း ငထွေရူး  အဖြစ် …………….စိန်ဗိုက်ဗိုက် …………….

ပုဂံသူရဲကောင်း ညောင်ဦးဖီးအဖြစ် …………..ကြီးမိုက် ……………..

ပုဂံသူရဲကောင်း  ငလုံးလဖယ် အဖြစ် …………….အံဇာတုံးးးးး …………………

ရွာသူ  အိုမိသင်  အဖြစ် ………………etone ……………….

ရွာသား …..စက္က အဖြစ် …………………..AKKO……………….

အခြား ပါဝင်ကပြမည့် ့သူများကို  စင်ပေါ်တွင်တွေ ့ရမည်ဖြစ်၍ ကြိုတင်မိတ်မဆက်တော ့……….

ကန် ့လန့်ကာအဖွင့်တွင်  ရှုစားကြပါကုန်စို ့ ……………………….။

 

ဤသို့ဖြင့် …ပြဇတ်ကြီးအတွက် (၁)လခန့် ့အချိန်ယူ၍ ဇတ်တိုက်လေရာ………….

ဇတ်ဝင်ခန်းအတွက် ထန်းရည် (၁၂)အိုး ကိုတထိုင်တည်း သောက်ပြရမည်ဟုဆိုသဖြင် ့ ဗိုက်ကလေးမှာ

ဘီအီး (၆) လုံးကိုနေ ့တိုင်းသောက်ရလေတော့သည် ……ကိုကြီးမိုက်မှာလည်း အဖြစ်ဆိုးသည် ..။

ညောင်ဦးဖီးမှာ လောကနန္ဒာရေဆိပ်မှ တစ်ဖက်ကမ်းသို ့ ခေါက်တုန့် ခေါက်ပြန် ဧရာဝတီမြစ်ထဲ

လက်ပစ်ကူးသည်ဆိုသဖြင် ့ မကြာခဏ ရန်ကုန်မြစ်အတွင်းသို့ ရေဆင်းစိမ်ရလေ၏ ။

ငလုံးလဖယ် အဖြစ်သရုပ်ဆောင်မည် ့ အံဇာတုံးကား ….လယ်ထွန်သည် ့အသွင်ဖြင် ့ ဘတ်စ်ကား

စီးတိုင်း ခြေထောက်တစ်ဖက် ထောက်၍ စီးရလေတော ့သည် ……..။ ဇတ်လမ်းသဘောအရ ….

လှံရေးပြခြင်းများ ပါဝင်မည်ဖြစ်ရာ …..အနော်ရထာနှင့်  ကျန်စစ်သားအဖြစ် သရုပ်ဆောင်ကြမည် ့

ကြောင်ကြီးနှင့် အောင်ပု တို ့မှာ ညစဉ် ညစဉ် လှန်ပစ်၊ လှန်ထိုး (လှံ) ခြင်းများလေ ့ကျင့်ကြလေသည် ။

 

++++++++                 ++++++++++           +++++++++++

ယနေ့ည ပြဇတ်ကတော ့မည် ……။

အမျိုးသားကဇတ်ရုံတဝိုက်တွင် နံနက်ကတည်းက ရွာသူားများ အလုပ်ရှုပ်လျက်ရှိသည် ။

ဇတ်ခုံမန်နေဂျာ ကိုနိုဇိုမိနှင် ့  မီးဆရာ မောင်ပေတို ့မှာ လက်ညှိုး တထိုးထိုး ဖြင် ့ မှာကြားနေ၏ ။

ဆက်တင် အခန်းအနားမှုး ရဲစည်နှင် ့ ဂျစ်ပစီ ၊ ဒုတ်ထိုး ၊ တေလေ ၊ဘရားသားတို ့မှာလည်း

ပိတ်ကားများ ဇတ်ဝင်ခန်း အသုံးအဆောင်များကိုနေရာချလျက်ရှိသည် ။ အပြင်ဘက်တွင်ကား…….

လုံခြုံရေးမှုး ဦးကြောင်လေးနှင့် မိုင်းရှင်းအဖွဲ ့တာဝန်ခံ မောင်သန်းထွဋ်ဦးမှာ စောစော စီးစီး

ချွေးထွက်နေလေပြီ ……………..။အဘယ်ကြောင် ့နည်း ……။ မိုင်းစပယ်ရှယ်လစ် မောင်သန်းထွဋ်မှာ

အမျိုးသားကဇတ်ရုံတဝိုက်တွင် မိုင်းရှင်းသည် ့အနေဖြင် ့ နေရာမလပ် ခြေထောက်ဖြင် ့ နင်းခြင်း ….

ဖနောင့် ဖြင် ့ပေါက်ခြင်း များပြုလုပ်နေသောကြောင် ့ ဖြစ်လေတော ့သည် ………………။

မကြာပါ ..ရိုက်ကူးရေးအဖွဲ ့လည်း ရောက်လာပြီ ။ အဖွဲ ့ခေါင်းဆောင် ကိုပေါက်မှ ကင်မရာများနေရာ

ချ၍ ကိုစိန်သော ့ ၊ ရွှေမင်းသား ၊မှော်ဆရာ ၊ M လုလင် ၊ ရွှေထီး ၊ ချစ်ရင်ထူး ၂ ၊ ပန်ချာပီ ဆရာအုပ်

တို ့ကလည်း ဓတ်သေ ဓတ်ရှင်များရိုက်ကူးရန်  ထလော်ရီပြေးလမ်းများ  ကရိန်းများကိုတတ်ဆင်နေကြ

သည် ။ မိတ်ကပ် တာဝန်ခံ Wow ၊ ဖေါင်းဖေါင်းနှင် ့ မာမီကျော် တို ့ ကလည်း အဝတ်လဲခန်းတွင်

နေရာယူလေပြီ  …………………။ဇတ်ညွှန်းဆရာဦးဘလက်မှာ အိပ်ယာထသေးဟန်မတူ ….။

အဘဖေါ ပါလာသော ချီးဗတ်စ် (၃) လုံးမှာ အစအနပင်ရှာမတွေ ့  ……။ ဤသို ့ဖြင် ့ ….

မောင်ဆာမိလည်း ညနေမှသာ ပြန်လာတော ့မည်ဟု ……….

 

ညနေစောင်းတွင် ဇတ်ရုံရှေ ့၌ အတော်ကြီး စည်နေပြီ …..။ ပွဲဈေးရောင်းသည် ့သူများမှ စတင်ရောင်းချ

နေပြီဖြစ်ရာ ကြိတ်ကြိတ်တိုးလျက် ရှိချေတော ့သည် ….။ ဈေးတန်းထဲသို ့ဝင်ဝင်ခြင်း  လက္ခဏာ

ဗေဒင်ဆိုင်းဘုတ်ကြီး ကိုတွေ ့ရသည်  ။  ……အလို ……ဘယ်သူပါလိမ် ့ ……..

“ဧကံသ ဗျာကဏ ဝေဒကဝိကြီး ကိုရင်စည်သူ” တဲ ့ …………

အောက်မှာလည်းရေးထားသေး…….

“မမှန်လျျှင် ငွေပြန်မပေးပါ ” ဆိုပဲ ……ဟုတ်ပြီ ….ဟုတ်ပြီ ……..ဟော…………..

ငံပြာရည်နံ ့လေး ခတ်သင်းသင်း မွှေးလာသည် ။ ဘယ်ညာ လှည် ့ကြည် ့တော ့  အန်တီ အေးKK

ကိုတွေ ့ရသည် ….။ 3 years over  ငဇင်ရိုင်း ငပိနဲ ့ ငံပြာရည်

ဝယ်ထားဦးမှ ……………ဝယ်ထားဦးမှ …………….

တညင်သားကလည်း  ငပုတ်ခြောက် ဆိုလား …. ….

ရှေ ့နားရှိ ရွှေဘိုသား၏ သနပ်ခါးဆိုင်တွင်လည်း ရွာသူများကြိတ်ကြိတ် တိုးနေသည် ။ ဘေးဘက်ကပ်လျှက်

တွင်တော. မန္တလာသူရောင်းတဲ ့ ထိုးမုန် ့ ကရေကရာ …….မျက်နှာချင်းဆိုင်တွင် အပြိုင်ရောင်းချနေသည်ကား

စေထွဋ်ပိုင်နှင် ့ ပုသိမ်သူတို ့၏  တကယ်အကြောတင်းသည် ့ နတ်မြင်းပျံ ပုသိမ်ဟာလဝါ …..

ဘေးဘက်သို ့ကွေ ့လိုက်သည်နှင် ့ ထားဝယ်သားဟိန်ဝင်း ၏ ဘိတ်ကလာတဲ ့ငံပြာရည်ကို တွေ ့ရမည် ။

မမအညာသူ ရောင်းသော အညာလက်ဆောင် ပဲရေပွကြော် များကလည်း  မွမွလေးနဲ ့ ရွရွလေးးးးးးး ……

ရွာသူားများ၏ အရာင်းဆိုင်များကလည်း စုံလှသည် …..။ ဟော…………ဝက်သားဒုတ်ထိုး နံ ့လေးရသည် ။။

…………………ဆက်လျှောက် ……………….ဆက်လျှောက်………..

တွေ ့ပါပြီ  ………မထူမပါးအရွယ်တော်လှီးထားသောဝက်သားဒုတ်ထိုးများ ……………..။

ရောင်းနေသူက … ရွာသားမိုးတိမ် …..ဘေးမှ ဝက်သားဆန်ပြုတ်ဆိုင်ကို ကြည် ့လိုက်တော ့  ….

အိုး …….ဦးဦး  ဖြစ်နေပါလား …………………………………..   ထိုစဉ် …….

ဒိုင်း ”ကနဲ “ဒိုင်း” ကနဲ အသံကိုကြား၍   အလန် ့တကြား လှည် ့ အကြည် ့  ……..

တစ်တောင် ပတ်လည်ဝက်ခေါက်ကင် နီနီကြွတ်ကြွတ် ကြီးကို တရုတ်ဓားမကြီးနှင် ့ အားပါးတရခုတ်နေသူ

ကိုရင်မောင် ……ဆိုင်ထဲတွင် ဆီချက်ခေါက်ဆွဲ ပြင်ဆင်ပေးနေသူက ဘဲဥ ………

တယ်ဟုတ်ပါလား ……….ဗိုက်ထဲကတောင်  ဂွီ ကနဲ  မည်သွားပြီ …..။

အနံ့လေးတမျိုးရသည် ။  ရှေ ့ မျက်စောင်းထိုးနေရာလောက်တွင် မီးရောင်များ လင်းနေသည် ။

ဘာဆိုင်ပါလိမ် ့ ………. ….ဪ ………….သူတို ့ကိုး းးးးးးးးးးးးး….

အေးဝတီကြီး ဦးဆောင်၍ ကုလားကြီး၊ ကုလားလတ် ၊ ဘင်္ဂလီတစ်ဦး နှင် ့ ရဲခေါင် တို ့ ရောင်းသော

“ အဟောင်းကြိုက် ဒန်ပေါက်နှင် ့ အအေး ” တဲ ့  ……………..သူတို့ဆိုင်တွင်တော ့ အနောက်တိုင်းသားများ

နှင် ့ ဥရောပသားများ သာတွေ ့ရသည် ။

မနီးမဝေးတွင်တော ့ အဘဆွေ၏ နိုင်ငံစုံ ကော်ဖီများ …….ဟုတ်ပြီ … အားပေးလိုက်ဦးမှ ……

ဘေးကပ်လျှက်ရှိ အလှကုန်ရောင်းသောဆိုင်များသို့ ခြေဦးလှည် ့မိပြန်သည် ။

……အလို ……..မမနိုရာ တယောက် ဂျိုင်းချွေးနံ ့ပျောက်ဆေး ပရိုမိုးရှင်း လုပ်နေပါလား ……..။ မြင်မြင်သမျှ

ချွေးနံ့ပျောက်ဆေးတောင် ့ ဖြင် ့ ပွတ်ပေးနေသဖြင် ့ ယားတတ်သူများမှာ ဝေးဝေးရှောင်လေပြီ ……။

…………..ရှောင်ထားမှ …………….ရှောင်ထားမှ ……………….

မနီးမဝေးတွင် စနိုးဝှိုက်မှ ဝက်ခြံပျောက်ဆေးကြော်ငြာနေသည် ………..ဘာတဲ ့ ………

“ဆေးစွမ်းထက်မြက် ….ဘုထပ်ထွက် ”  ဆိုပဲ ……

……………ဆက်လျှောက် ………………….ဆက်လျှောက်………………………

ဟောဗျာ ……………….. အမတ်မင်းတစ်ယောက် အလှကုန်တန်း မှာဘာရောင်းနေပါလိမ် ့ ……

မျက်နှာပွင် ့ချက် ………. အမျိုးသမီးတွေလည်း ဝိုင်းနေတာပဲ ………..မနာလိုချင်စရာ ……

ဟုတ်ပါပြီ ……အိပ်လှလှလေးတွေနဲ ့ တစ်ခုချင်းစီ ပါကင်ထုပ်လို ့ ………J ဒိုးနတ်က ဘာတာကိတ်

ပဲနေမှာပေါ ့ ………အဆာပြေ ဒါလေးတော ့ ဝယ်သွားဦးမှ ………..

……………..အလိုလေး ………………….လား …….လား ………………..

အမျိုးသမီးလစဉ်သုံး ပေါင်မုန် ့တွေပါလား…………….နိုး ….နိုး …….လစ်ပြီ ………..

…………….ဆက်လျှောက် ……………………….ဆက်လျှောက်………………..

လျောက်ရင်းဖြင် ့ ….ဇတ်ရုံဘေးသို ့ လှမ်းကြည် ့မိသည် ။ Dr မိုးသီတာစိုး ….ဆရာထက်ဝေး နှင် ့

မောင်ဝိုင်းတို ့ ဦးစီးသော အရေးပေါ်ဆေးခန်းတွင် လူနာများတန်းစီနေသည် …။

ဒန်ပေါက်စားပြီး အစာအဆိပ်သင် ့လို ့  တဲ ့ .။

++++++++                      +++++++++++++++++            +++++++++++++

ရုံထဲရောက်တော ့တီးဝိုင်းများသံစဉ် ညှိနေကြလေပြီ ။ ရွာစားကျော်မှာလည်း ပတ်မကြီး ကို ပတ်စာကပ်နေ၏ ။

မကြာပါ ……….မြန်မာဆိုင်းဝိုင်းကြီးဘက်မှ ဆူဆူညံညံ ကြားရသည် ။ ဇတ်ဆရာလည်းရောက်နေသည် ။

ဘာများဖြစ်မလဲဟု မောင်ဆာမိ စပ်စုလေတာ ့သည် ။ ဪ……… ဗုံတစ်လုံး ပျောက်နေလို ့  တဲ ့  ။

ဖြစ်မှ ဖြစ်ရလေ ………မြန်မာ ့ဆိုင်းဝိုင်းကြီး ဘုံ (ဗုံ) ပျောက်နေပါပေါ ့လား……….။ ကဲ  ကဲ …..

ရွှေတိဂုံဘုရားတန်ဆောင်းက ဗုံ တစ်လုံးသာဝယ်ထည် ့ လိုက်ပါတော ့  …..။

ဒီလိုနှင် ့ ……….ကပွဲစလေပြီ ။ ကတ္တီပါ ကန် ့လန် ့ကာအနီကြီး တရွေ ့ရွေ ့ နှင် ့တက်သွားသည် …….။

 

မြန်မာဇတ်သဘင်တို.၏ ထုံးစံအတိုင်း အဖွင် ့တွင် နတ်ကတော်က ,က ၍ လမိုင်းတိုက်ရသည် ။ သို ့တွက် …

နတ်ဒိုးသံများစတင်ထွက်ပေါ်လာလေပြီ ။ စိန်လက်ညှိုးရွာစားကျော်မှ လက်စွမ်းပြပြီထင်၏ ။ မီးရောင်များ

မှိန်နေရာမှ လင်းလာပြီဖြစ်ရာ  ရွာသူကြီး အရီးလတ်ကို နတ်ဝတ် နတ်စားဖြင် ့ ကန်တော ့ပွဲကြီးကိုင်လျက်

တွေ ့ရတော ့သည် ။  နတ်ဒိုးသံနှင် ့အတူ စတင်၍ နတ်ပင် ့လေတော ့သည် ……။

နတ်ကတော်အက ဆိုသည်မှာ ဇတ်ထဲတွင် ပညာကုန် သမ္ဘာရင် ့သောသူများသာ က နိုင်သည်မို ့

အရီးလတ်မှာ ဇတ်သဘင်တွင် ဆရာတစ်ဆူ ဖြစ်ဟန်ရှိသည် ။

နတ်ဒိုးသံများသွက်လာပြီ …….။ က ကွက်များကလည်း ရင်သပ်ရှုမော ……………

ထိုစဉ် ……………မြန်မာ ့ဆိုင်းဝိုင်းမှ နတ်ဒိုးသံများ ရုတ်တရက် ရပ်ဆိုင်းသွားလေသည် …….။

တပြိုင်နက် …..DJ တီးလုံးများထွက်ပေါ်လာ၏ ။  အလို ……..ဘယ်လိုပါလိမ် ့ ……။

လက်စသပ်တော ့ ….DJဖရဲသီးလက်စွမ်းပြနေသည်ကိုးးးး……….. DJ ဖရဲမ၏ DJ နတ်ဒိုးဖြင် ့

အရီးလတ်မှာDJ နတ်ကတော်ကဖြင် ့ ဆက်လက်၍ ကပြရလေတော ့သည် ။ သွက်လက်မြူးကြွသော

DJ သံစဉ်များဖြင် ့ ကန်တော ့ပွဲကြီးမြှောက်လျှက် …….

ဘယ်ခြေထိုးလိုက် ………..ညာခြေထိုးလိုက် …….ဘယ်ခြေထိုးလိုက် …….ညာခြေထိုးလိုက် ……

ဘယ်ထိုး …..ညာထိုး …..ဘယ်ထိုး ….ညာထိုး……

ဘယ်……ညာ    ……ဘယ်……..ညာ………………….

…………………………… …………………………………..။

+++++++++

အရီးလတ်၏ DJ နတ်ကတော်အက အပြီးတွင် အစီစဉ်ကြေငြာသူ ရွှေအိ မှာဂါဝန်အဝါလေးဖြင် ့ထွက်လာ၍

ပွဲအစီ အစဉ်များကိုမိတ်ဆက်လေတော့သည် ။ပထမအစီအစဉ်အဖြစ် ယိမ်းအဖွဲ့တင်ဆက်မည် ။

မီးဆရာမောင်ပေမှ မီးများရုတ်တရက်မှိန်ချလိုက်သည်………မီးဒုတ်ရောင်များလင်းလာသည်…..

ရွာသူ ပန်ပန် ဦးဆောင်သော မီးဒုတ်ယိမ်းအဖွဲ ့ထွက်လာလေပြီ ။

ပန်ပန် ၊ မွန်မွန် ၊ ညလေး ၊ ကြည်ဆောင်း ၊ လင်းလင်း ၊ မိုချို ၊ မေဖလားဝါး ၊ ပုမ ၊ မေဂျူလိုင် ၊ ချယ်ရီနွယ်

ဂျူဂျူးမ ၊ အိပုသကြားလုံးကြော် ၊မွန်ကစ်၊ GreenRose ၊ စီတုန်း မိုက်ကလေး ၊

ပန်းစံပယ် ၊ နှင်းဆီငုံ ၊ စုံစုံ မမလေး ၊ ဇာလေး …………..  တို့ အသီးသီး

မီးဒုတ်များဝှေ့ယမ်းလျက် …………… ကိုအညာတမာ မှ “ မီးလင်းတော ့မည်  မြန်မာပြည် ”သီချင်း

သီဆိုပေးသည် ။ မီးဒုတ်ရောင်တဝင်းဝင်းဖြင် ့ ရွာသူလေးတွေလှပနေသည်မို ့ ပရိတ်သပ်များ

ပွဲဆူကြသည် ………….မောင်ဂီတို့ အဖွဲ ့လည်း လက်စွမ်းပြလေပြီ …………..။

 

မီးဒုတ်ယိမ်းအပြီးတွင် တိုင်းရင်းသားရိုးရာအကများဖြင့် ဖျော်ဖြေလေသည် ။

အဘနီ(နေဝန်းနီ) မှ မြနန္ဒာသီချင်းကိုုသီဆို၍ ……..အစ်မ ပဒုမ္မာ မှ ……….

တပင်တိုင် အကဖြင် ့လည်းကောင်း ………………….

စော်ဘွားလေးမိုင်ဆွန်ခမှ ရှမ်းရိုးမကအိုးစည်သံ သီချင်းကိုသီဆို၍ ……ရင်ငြိမ်းနွေး (နွေးသီး) မှ

ရှမ်းရိုးရာအကဖြင် ့ လည်းကောင်း ………………

ပင်လယ်ပျော်မှ မွန်တို ့ဌာနေ သီချင်းကိုသီဆို၍ မွန်မလေး ခိုင်ခိုင် မှ

မွန်ရိုးရာအကဖြင် ့လည်းကောင်း ……………………….

77တပ်မမှုးကြီး နိဂိမိ မှ ရခိုင်ရိုးရာ သားချော့တေးကိုသီဆို၍ ရွှေပုံ့ ၊ We R One ၊ Crystalline တို ့မှ

ရခိုင်ရိုးရာ ဝေသာလီအကတို ့ဖြင် ့ တင်ဆက်ကြလေသည် ……..။

ထိုစဉ် ……………မောင်ဆာမိမှာ မင်းသမီးများအတွက် ပွဲခင်းထဲသွား၍ မုန် ့ဝယ်ပေးရသေးသဖြင် ့

အချို ့သောအကများလွတ်သွားခဲ ့လေသည် ……မောင်ဆာမိပြန်ရောက်တော ့ ခေတ်ပေါ်စတိတ်ရှိုး

စနေပြီ …………….မည်သည် ့အချိန်ကစနေသည်မသိ …….နောက်ဆုံးသီဆိုမည် ့တေးသံရှင်

မိုးZ  အလှည် ့သို ့ပင်ရောက်နေပြီဖြစ်သည်  ။

မီးရောင်စုံများ တဖိတ်ဖိတ်အောက်သို့ မိုးစက်ရောက်လာသည် ။ ဝတ်ထားသော စကဒ်မှာပေါင်အလယ်

အထက် လက်နှစ်လုံးခန် ့တက်နေသဖြင် ့အရှက်အကြောက်ကြီးသော မန္တလေးသူ မိုးစက်မှာ …..

အတော်လေး နေရခက်နေဟန်ရှိသည် …………..။ စိတ်ထဲတွင်တော ့ ကိုယ်တိုင်းမှား၍ချုပ်ပေးလိုက်

သော ဗိုလ်ချုပ်ဈေးမှ စက်ချုပ်ဆိုင်ကို မေတ္တာအကြိမ်ကြိမ် ပို့နေမိသည် ။ ပရိတ်သပ်များ ကိုလည်း

ယဉ်ကျေးမှုအရ ခါးညွှတ်၍ အရိုအသေ ပေးရဦးမည် ။

ဒုက္ခ………………ဒုက္ခ …………..ဘယ်လိုလုပ်ရပါ ့ ……..

နောက်တည် ့တည် ့ကန် ့လန် ့ကာအကွယ်တွင် ဦးနေးချားနှင် ့ ဦးဘလက်တို ့ကြည် ့နေကြသည်  ။့

ရှေ ့သို ့ခါးညွှတ်၍ အရိုအသေပေးလေသော် ………နောက်နားဆီမှ လူကြီးမင်းတို ့အား ဆဲ သကဲ ့သို ့

ရှိချေတော ့မည်  ။ ရွှေမန်းသူမိုးစက် ခမျာအရိုအသေပေးချင်စိတ်ကို မနဲပင်ထိန်းချုပ်ထားရလေတော ့သည် ။

+++++++++++++++++++++++++++++++++

 

စတိတ်ရှိုးအစီအစဉ်အပြီးတွင် တစ်ခန်းရပ်ပြဇတ်စတော ့မည်မို ့ ပွဲခဏရပ်ထားလေသည် ။

မီးဆရာမောင်ပေမှာ မီးစမ်းသလိုလိုနှင် ့ မကြာခဏ ပရိတ်သပ်ထဲသို ့မီးမောင်းထိုး၏ ။

ပရိတ်သပ်ထဲတွင် ချောကရက် ပြားကြီးကိုက်နေသော ကိုဘုန်းကျော် လဲတွေ ့ရသလို ကိုအောင်၊

ကိုဝင်း ၊ သာလိကာ ၊ဝူးဝါး ၊ ကိုသင်း၊ ငပွကြီး ၊ နွေဦး၊ ဝေအောင် …………တို ့နှင် ့ ရွာသူားများ စုံစုံညီညီ ရောက်နေကြသည် ။

တစ်ကြိမ်တွင်မူ ကိုပေ၏ မီးမောင်းဆလိုက်ကြီးမှာ ရုံထောင် ့ခတ်မှောင်မှာင်တွင် ရှူရှူး ပေါက်နေသော

အဒေါ်ကြီးတစ်ဦးထံသို ့ ရောက်ရှိသွားသဖြင် ့ အော်ဟစ်သံများ ဆူညံသွားလေ၏ ……

 

မကြာပါ ……..တစ်ခန်းရပ်ပြဇတ်စလေပြီ …………….။

ကန် ့လန့်ကာအနီကြီး တရွေ ့ရွေ ့ဖြင် ့တက်သွားပြီးနောက် အင်းယားကန်ပေါင်နောက်ခံရှုခင်းကိုမြင်နေရပြီ ..

ကန်ပေါင်ဘေး ခုံတန်းလေးတွင် ချစ်သူနှစ်ဦးဖြစ်ဟန်ရှိသော ကိုအာဂနှင် ့ မနွယ်ပင်တို ့ ပူးပူးကပ်ကပ်

တွေ့ရသည် ။

ခေါင်းခြင်း ပူးလိုက် ခွာလိုက် ………ရယ်လိုက်မောလိုက် …..

အတော်လေးပျော်နေဟန်ရှိနေစဉ်……………..ခြုံအကွယ်၌ ဓတ်ပုံခိုးရိုက်နေသူတစ်ဦး …..

မီးဆလိုက် ထိုးလိုက်သည်မို့ ထင်ထင်ရှားရှားမြင်ရပေပြီ ……CJ ကထူးဆန်း ….

ရှာထိုးဦးထုပ်ကိုနောက်ပြန်ဆောင်ပြီး ကင်မရာတစ်လုံးဖြင့် ရှုထောင် ့ပေါင်းစုံမှ ရိုက်နေတော ့သည် …….

စိတ်ကြိုက် ရိုက်အပြီး၌ အာဂတို ့ ရှေ ့သွားပြီးလျှင် …………….

“ ဒီမယ် ….ဒီမယ် ….ခင်ဗျားတို ့ ဓတ်ပုံတွေ ကျုပ်ဆီမှာရထားပြီဗျ …… ကဲ ..ဘာဆက်လုပ်ချင်လဲ ”

အာဂမှာ အံ့ဩသဏ္ဍန်ပြု၍  …ဆတ်ကနဲ မတ်တပ်ထလေသည်

“ဘာဗျ ”

“ ဒီလိုလေ……ကျုပ်ဆီက ဓတ်ပုံတွေကို ဘယ်လောက်နဲ ့ ပြန်ရွေးမှာလဲလို ့မေးတာ ”

“ မရွေးရင်ရောဗျာ”

“ မရွေးရင်တော ့ ………အင်း……အင်တာနက်ပေါ်တင်ရင်ကောင်းမလား….လို ့”

အာဂမှာ စိတ်တိုဟန်ပြု၍ လက်သီးလက်မောင်းတန်းနေစဉ် ………တစ်ချိန်လုံးငြိမ်နေခဲ ့သော နွယ်ပင်မှ

မတ်တပ်ထပြီးလျှင် …..အာဂကိုပြုံးပြုံးလေးကြည် ့၍ …….

“ ကိုဂရယ် …..ထားလိုက်စမ်းပါ …..ဒါလေးများ …….ဒီမယ်  ဒီမယ် ….

…ဘယ်သူမြင်မြင် သဇင် အဲလေ မှားလို ့ ……နွယ်ပင်တို ့က အေးဆေး ”

ပရိတ်သပ်များ၏ လက်ခုတ်သံများ ဆူညံသွားလေ၏ ။

တီးလုံးသံများနှင် ့အတူ ကန့်လန့်ကာ အနီကြီး ကျလာလေတော ့သည် …………။

++++++++++++++++

 

လက်ခုတ်သံများဆုံးသည်နှင် ့ အစီစဉ်ကြေငြာသူရွှေအိမှာ ကန် ့လန် ့ကာရှေ ့သို ့ထွက်လာ၍ …..

“ ရွှေပွဲလာပရိတ်သပ်များရှင် …..အခုတင်ဆက်မဲ ့ အစီစဉ်ကတော ့ MG ရဲ ့သမီးပျိုလေးများနဲ ့

ဖွဲ ့စည်းထားတဲ ့  Dangerous Dancer အဖွဲ ့ရဲ ့ ရင်သပ်ရှုမော အံ ့ဩရမဲ ့

ကကြိုးစုံတဲ ့ အလင်္ကာည   အစီအစဉ်ဘဲဖြစ်ပါတယ်ရှင် ့ …..ရှုစားကြပါကုန်စို့ ရှင်  ” ……

ကြေငြာသံအဆုံး၌ ကန် ့လန် ့ကာအနီကြီးတက်သွား၍ ….မီးများလင်းလက်လာသည် ။

မီးရောင်အောက်သို.့တန်းစီ၍ ထွက်လာသူများကား ………………

ရွာတော်ရှင်ဆူး ၊ သပ်ပုံ မမ ၊ easycook ဝေဝေ ၊ နန်းမတော် မယ်ပုချ် ၊ သဲနုအေး ၊ ချာတူးလန် ၊

နိုဗွီ ၊ ရွှေကြည် ၊ ရို ့စ်မင်း ၊ မနောဖြူလေး ၊မေလကဗျာ ၊ မကောင်းစံ၊ ပျိုပျိုမေ ၊ မအိ …………..။

လက်ခုတ်သံများဆူညံသွားလေသည် ၊၊

မတ်တတ်ရပ်သည် ့ သူကရပ် …..လက်ပြသည် ့သူက ပြ နှင် ့ အုံးအုံး ကျွက်ကျွက် ဆူပွက်

သွားလေပြီ ….။  ……ဘယ်သို ့ဖြစ်ပါလိမ် ့ ……ဪ ……………..

နာမည်ကျော်ရွာသူများပေမို ့ ပရိတ်သပ်များအားပေးလေရော ့သလား ………….။

အက အဖွဲ ့၏ အဝတ်အစားများမှာ အထူးလုံခြုံလှသည် ….။ အနက်ရောင် ကိုယ်ကျပ်အကျင်္ီ

အနက်ရောင် စတော်ကင် ဖြင် ့ လုံခြုံစွာဝတ်ထားသော်ငြား…..

လှချင်တိုင်း လှနေပေတော ့၏ ……..။

ရုပ်တရက် …………..မီးများအားလုံးမှိတ်သွားသည် …. ။မှောင် မှောင်နှင် ့ မဲမဲ  ….ဘာမှမမြင်ရ …….

ထိုစဉ် ………ပရိတ်သပ်များထံမှ…. “ဟာ”  ကနဲ  “ဟင်” ကနဲ  အသံများထွက်ပေါ်လာသည် ..

ဘာများဖြစ်ပါလိမ် ့………………ဪ …………ဒီလိုကိုး းးးးးးးးးး

မီးဆရာမောင်ပေ၏ အထူးပြုလုပ်ထားသော နီယွန်မီးဆလိုက်ရောင်တွင် စောစော ကတွေ ့ခဲ ့ရသော

အနက်ရောင် ကိုယ်ကျပ်ဝတ်စုံများမှာ အသွင်ပြောင်းသွားလေပြီ …..။ တစ်ချို ့က အရိုးစုအသွင်

တစ်ချို ့က …..ဘီကီနီဝတ်စုံအသွင် …………..

အမှန်တွင် အနက်ရောင်ကိုယ်ကျပ်ဝတ်စုံများအပေါ်၌ သာမန်မီးရောင်တွင်မမြင်ရသော

မာကျူရီဆေးများဖြင် ့ ….အရိုးစုအသွင် ….ဘီကီနီ ဝတ်စုံအသွင်များ ချယ်သထားခြင်းဖြစ်လေသည် ။

မီးများမှိတ်ပြီး နီယွန်မီးဆလိုက်ဖြင် ့ ထိုးမှသာ ထိုမာကျူရီဆေးများ အစွမ်းပြ၍ ….

အရိုးစုများ ကခုန်နေသလိုလို …….ဘီကီနီဝတ်စုံဖြင် ့ ကနေသလို ထင်ရခြင်းပေတည်း ……။

(….ကောင်းလေစွ ……ကောင်းလေစွ ……)

နောက်ဆုံးမှပရိတ်သပ်များ မတ်တတ်ရပ်ကြသည် …..။ ထို ့နောက်အလယ် ………ပြီးတော ့ …

ရှေ ့ဆုံး …….ပရိတ်သပ်များ ပွက်ပွက်ဆူလေပြီ  …….။မီးခြစ် ခြစ်သည် ့သူ …လက်မြှောက်သည် ့သူ

လက်ခေါက်မှုတ်သည် ့သူ များနှင် ့ဆူညံလျှက် …………ရွာ၏ဓတ်ပုံဆရာများပင်  တယ်လီဇွန်းဖြင် ့

ဆွဲကြည် ့သည် ့သူကကြည် ့ …….ကလို ့စ်အပ် ဆွဲရိုက်သည် ့သူကရိုက် နှင် ့ အလုပ်ရှုပ်လျှက် ……

အဖွဲ ့ခေါင်းဆောင် ကိုကြီးပေါက် သည်ပင် ကင်မရာကြီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်

ပြီး …ပါးစပ်အဟောင်းသား …………။

ကကွက်များလည်းကြမ်းလေပြီ ……..။ဆံပင်ဖျားမှ …ခြေမ အထိလှုပ်၍ကကြသည် ။

စင်အောက်မှ တီးဝိုင်းမှာလည်း အစွမ်းကုန်ပေါက်ကွဲနေလေပြီ ………..။

လိဒ် ဂစ်တာ မောင်ဂီ၏ တောင်ပံမဲ ့စွာ ပျံသန်းနေသောလက်ချောင်းလေးမျာ းးးးးးးးးးး

ရွှေတိုက်စိုး ၏ ပဲ ့တင်ဟတ်သည် ့  ဘေ ့စ် ဂစ်တာသံ ……………

ကြောင်ဝကြီး၏ ဒေါသတကြီးခုန်ပေါက်နေသော ဒရမ်စတစ် နှစ်ချောင်း းးးးးးးးးးးး

ကီးဘုတ် မောင်ကမ်း၏ သန်းကောင်ယံည တစ္ဆေ အော်သံ ……………..

ကကွက်တွေကလည်းကြမ်း ……တီးလုံးသံစဉ်တွေကလည်း စွမ်း ….

ရွှေပွဲလာများ ပရမ်းပတာ ဖြစ်လေပြီ ။။။။။။ ဆိုင်းဆရာ ရွာစားကျော်သည်ပင် ယောင်ယမ်း၍

ပတ်မကြီးကို ထုမိသဖြင် ့ ဇတ်ဆရာ၏ မျက်စောင်းဒဏ် ခံလိုက်ရသေး၏ ။

ကကွက်အဆုံးတွင် မီးများပြန်လင်းလာလေသည် ။ အရိုးစုများ …….ဘီကီနီ ဝတ်စုံများပျောက်ကွယ်သွားပြီး

အနက်ရောင် ကိုယ်ကျပ်ဝမ်းဆက်များဖြင် ့ သမီးပျိုလေးများမှ ဂါရဝပြုကြသည် ။

ပရိတ်သပ်များမှာ ……..မချင် ့ မရဲ …………….။

ဤသို့ …အောင်မြင်မှုများကို  သဘောကျနေသူနှစ်ဦးကား…..ထုတ်လုပ်ရေးမှုးများဖြစ်သည့်

ဆရာသစ်မင်း ….နှင် ့ ကိုလင်းဝေ……

=============              =====================

Dangerous အကအဖွဲ ့၏ ပါဖေါမန် ့ အကများအပြီး၌ နောက်ဆုံး ပြဇတ် ကရန်အစီအစဉ်ကို ကြေငြာလေပြီ

“ ရွှေပွဲလာပရိတ်သပ်များရှင် …….. အရိန္ဒမာလှံဟာ စုက္ကတေးမင်းကိုသုတ်သင်စဉ်က ပထမဆုံး

သစ္စာစောင့်သိခဲ့ပါတယ် ……မဏိစန္ဒာကို အကြောင်းပြုပြီး ကျန်စစ်မင်းကို ထိုးခဲ့စဉ်ကလည်း….

ကြိုး ကိုသာထိခြင်းဖြင့် တတိယအကြိမ် သစ္စာစောင့်သိခဲ့ပါတယ် ……ဒုတိယအကြိမ်အရိန္ဒမာလှံက ဘယ်လိုများသစ္စာစောင် ့သိမလဲဆိုတာ ….ရှုစားကြပါစို ့လားရှင်….. ”

ရွှေအိ စကားသံဆုံးသည်နှင် ့ ကတ္တီပါကားလိပ်ကြီးပွင့်သွား၍ ……

 

ပြန် ့ကျဲနေသော လူသေအလောင်းများ ……..ဒဏ်ရာ ရနေသော ပုဂံစစ်သည်တော်များနှင် ့

စစ်ပွဲပြီးစ အနိဋ္ဌာရုံ မြင်ကွင်း ……..

ထနောင်းပင်ငုတ်တိုကြီးကိုမှီ၍ အသက်ပျောက်နေသော အရီးကြီးတစ်ဦး ……ရင်ဝမှလည်း သွေးများစီးလျှက်…

ထို အရီးကြီး၏အနီးတွင် မားမားမတ်မတ်ရပ်လျှက် အရိန္ဒမာလှံတော်မြတ်ကို ခတ်တင်းတင်း ကိုင်ထားသည် ့

အနော်ရထာ (ကြောင်ကြီး) ……..

အနော်ရထာ၏ ရှေ ့ ဘက်ခတ်စောင်းစောင်းတွင် ဒူးထောက်၍နေသော သံဗျင်ကြီး(အဘဖော)……

သံဗျင်ကြီးအနီး တွင် ကပ်လျှက် သံဗျင်လေး (ဦးဦးပါလေယာ ) ……

ပြီးနောက် …….ကျန်စစ်သား(မိုက်ကယ်ဂျော်နီအောင်ပု)……ငထွေရူး (စိန်ဗိုက်ဗိုက်)…….

ညောင်ဦးဖီး(ကြီးမိုက်) ……..ငလုံးလဖယ်( အံစာတုံး) ……နှင် ့ ပုဂံသူရဲကောင်းများဖြစ်သည် ့  …

ရာဇဝင်လူဆိုး ၊ ဖိုးထောင် ၊ ရဲရင့်လှိုင် ၊ ကပ္ပတိန်အမေရိက ၊ Davit ၊ မိုးမင်းသား ၊ သုရှင် ……..

ထိုစဉ်…….အနော်ရထာ(ကြောင်ကြီး)ထံမှ …..အောင်မြင်ခန် ့ငြားသောစကားပြောသံ ထွက်ပေါ်လာလေသည်

“မဟုတ်သေးဘူး သားတော် ….ဒီလိုမဟုတ်သေးဘူး …..ဒီလှံချက်က သားတော်ရဲ ့အသက်ကို

ကယ်လိုက်တာမဟုတ်ဘူး …….ကျုပ်တို့ အရိမဒ္ဒနာပူရ် ရဲ ့ အနာဂါတ် ….ကျုပ်တို ့ ပြည်သူတွေရဲ ့

အသက်အိုးအိမ် စည်းစိမ် …..ကျုပ်တို ့ ပြည်သူတွေရဲ ့ သံသရာအရေး ……ကျုပ်တို ့ပြည်သူတွေရဲ ့

အမျိုးဘာသာ သာသနာ …..ဒါတွေ….ဒါတွေအတွက် ……ပစ်လွှတ်လိုက်တဲ ့ လှံချက်ပဲ သားတော်….

ဒါကြောင် ့….သားတော်ရဲ ့ နှလုံးသဲပွတ်မှာ ကမ္မည်းအက္ခရာတင်ထားလိုက်စမ်းပါ ……

ဒါဟာ ……….အရိန္ဒမာ ရဲ ့ ဒုတိယမြောက်သစ္စာ …..လို ့……..”

မီးများ မှိန်ကျသွားသည် ….။ ကန် ့လန် ့ကာအနီကြီး ကျလာပြန်၏ ။

……….နောက်တစ်ခန်း ……………..

================           ===============              =============

 

ကန် ့လန်ကာပြန်အဖွင် ့တွင် ထန်းတောကိုမြင်ရသည် ။ ထန်းရည်ဖြင် ့ ဝိုင်းဖွဲ ့နေကြသော

ငထွေရူး (စိန်ဗိုက်) ….ညောင်ဦးဖီး (ကြီးမိုက်) ….နှင် ့ ငလုံးလဖယ် (အံစာတုံး) ……။

ငလုံးလဖယ် မှ ထန်းရည်ခွက်ကိုချရင်း ………….

“ ဗျို ့ ဦးဖီးရေ ….ကျုပ်တို ့ ဒီအရည်းကြီးတွေကိုဘယ်လိုလုပ်ကြမလဲဗျ …..ကျုပ်ကတော ့တယ်သဘော

မကျချင်တော ့ဘူး .”   …..

“ ပြောရရင်တော ့  ကျုပ်လဲဒီသဘောပါဘဲလေ …သို ့သော်လည်း ..နောင်တော်ကျန်စစ်ဆီက

ဘာမှမသိသေးဘူးမဟုတ်လား ….ထီးဘုရားအမိန် ့ကိုစောင့်ကြတာပေါ ့ဗျာ …..”

ငြိမ်နေသော ငထွေရူး(စိန်ဗိုက်) သည် ထန်းရည်အိုးကိုလှမ်းယူရင်း …….

“ ဒီမယ် …ရောင်းရင်းတို ့ …ဘာတွေ လော နေကြတာလဲ ဗျ …. သောက်မှာသာ သောက်စမ်းပါဗျာ

ငှက်ခါးတောင် ထန်းရည်ဆိုတာ ရခဲဘိခြင်း……အချိန်တန်ရင် ဖြစ်လာပါလိမ် ့မယ် …….သောက်စရာရှိ

သောက်လိုက် ……တိုက်စရာရှိရင်လည်း …သေသေကြေကြေတိုက်ကြတာပေါ ့ ……. ”

ပြောပြော ဆိုဆိုဖြင် ့ ငထွေရူးမှာ တန်းရည်အိုးကို မော ့ချလိုက်လေတော ့၏ ……..

ငလုံးနှင် ့ ဦးဖီး တို့ လည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည် ့ ၍ ပြိုင်တူမော ့လေတော ့သည် ။။

===============        ==================     ==============

နောက်တခန်းတွင် မြင်ကွင်းပြောင်းသွားလေပြီ ။ လှပခန်းနားသော ခန်းမဆောင်ထဲတွင်

အရည်းကြီးများ စုပေါင်းဆွေးနွေး နေကြသည် ………….။  ခေါင်းဆောင်အရည်းကြီးဖြစ်သာ

ရှင်ကြီးအဂိ္ဂ (မောင်မိုးပြာ) မှာ ခတ်မြင် ့မြင့် နေရာတွင်ထိုင်နေ၍ ……အရည်းငယ် ခန္ဒ (ဦးခိုင်) မှာ

ရှင်ကြီး အဂ္ဂိ ၏ ရှေ ့တွင်နေရာယူပြီးလျှင် ………ကျန်သော အရည်းကြီးများဖြစ်သည် ့ ……

ဗာလ ( ရီရဲမန်း )……ဗြိစ္စာ (လိုင်းယွန်းကင်း) ……ပါပ (မောင်ဂွ) …….ဗျဂ္ဂ (ဉာဏကျော် ) ….

သက္ကလ(ကိုအောက်အော့ဖ်) ……တို ့မှာ ဝန်းရံလျှက် ………………..

တိတ်ဆိတ်ခြင်းကို အရည်းငယ် ခန္ဒ(ဦးခိုင်) မှ ဖြိုခွဲလိုက်သည် ….

“ ဒီမယ် ရှင်ကြီးအဂ္ဂိရဲ ့ …..ကျုပ်မေးပါဦးမယ် …တိုက်တာခိုက်တာတွေ…သတ်တာဖြတ်တာတွေက

အပြစ်မဖြစ်ဘူးလား….”  ရှင်ကြီးအဂ္ဂိ(မောင်မိုးပြာ) မှာ သောက်လက်စ သေရည်ခွက်ကို အပြောင်ရှင်းပြီး

“ ဒီလိုရှိတယ် အရည်းငယ်ရဲ ့ …..ကိုယ့်အသက်အတွက် ကာကွယ်တာဖြစ်စေ ….မသတ်ရင်

မဖြစ်သမို ့

သတ်ရ ရင်ဖြစ်စေ ……အပြစ် မရှိပေဘူး ….” အရည်းငယ်မှာ ကျေနပ်စွာ ခေါင်းညိတ်လျှက် ..

“ ဒါဆို ခိုးတာကရောဗျ …”

“ ရော် …..အတော်ခက်ပါလား ……ခိုးတာလို ့ မပြောရဘူးကွဲ ့ ……အသုံးလိုလို့ယူတာ …ဒီလိုပြော…

ဒါကြောင် ့ ……အသုံးလိုလို ့ဖြစ်စေ ….မယူရင်မဖြစ်လို ့ ယူရတာဖြစ်စေ ….အပြစ်မရှိပေဘူး ကွဲ ့ ….”

“ ဪ ….ဟုတ်ပါပြီ ….ကဲ လိမ်ပြောတာကရောဗျာ ”

“ လိမ်ပြောတာလို ့ မပြောရဘူး ….အဲဒါ မာယာလို ့ခေါ်တယ်ကွဲ ့ ….အဌာရဿ တစ်ဆယ် ့ရှစ်ရပ်မှာ

ပါတယ်လေ …….မညာရင်မဖြစ်သမို့ ့ ညာပြောရင်….အပြစ်ဖြစ်ပါဘူး   ”

“ကဲ ကဲ ….အခုသောက်နေတဲ ့ သေရည်ကရောဗျာ ….အပြစ်မရှိဘူးလား ”

“ ဒါ ဆေးကွဲ ့ … .မကြားဖူးဘူးလား …..သေရည်အရက်… အရည်းအတွက်  တဲ ့ ……..ဒါကြောင့်

မသောက်ရင် မဖြစ်သမို ့ သောက်ရတာ အပြစ်မရှိပေဘူး ……ကွဲ ့…”

“ ကဲ  နောက်ဆုံးမေးမယ်ဗျာ …….မိန်းမတွေနဲ ့ ပန်းဦးလွှတ်ပွဲဆိုပြီး  လူ ့တော်သလင်း ခင်းကျင်း

တာတွေကရောဗျ ……”

“ သေချာမှတ်ထားကွဲ ့ အရည်းငယ်ရဲ ့ …….အမောင်လည်း အရည်းဖြစ်ပြီး ညံ ့လိုက်တာ လွန်ရော ….

မိန်းမ ဆိုတာ  အကုသိုလ်များသကွဲ ့ …..သူတို ့ယောက်ကျားတွေ အကုသိုလ်နဲပါးစေဖို ့ ကျုပ်တို ့

အရည်းတွေက နစ်နာရင် နစ်နာပါစေတော ့ဆိုပြီး  ….ပန်းဦးလွှတ်ပွဲ ကျင်းပပေးရတာ ….အင်းးးးးး

သူတို ့ အလိုဖြည် ့ပေးတယ်လို ့မှတ်ထင်ရင် ကုသိုလ်တောင်ရနိုင်သေး…ဟေးဟေးဟေး..…

ဒါကြောင် ့ ….မလုပ်ရင် မဖြစ်သမို ့ လုပ်ရတာ အပြစ်မရှိပေဘူး ……..ကွဲ ့ ”

အရည်းကြီးများ သံပြိုင် ရွတ်ဆိုကြသည် …………..ကောင်းလှောင် ့တေး …..ကောင်းလှောင် ့တေးးးးးးးးးးးဝေး.ဟေးဟေးးးးးး

ထိုအချိန်မှစ၍ ……..အရည်းငယ် ခန္ဒ(ဦးခိုင်) မှာ ရပ်ရွာအတွင်း လှည် ့လည်ဟောပြောရင်း

စိတ်ဓတ်စစ်ဆင်ရေးနှင် ့ လူထုဆက်သွယ်ရေးမှုး ရာထူးကို ရရှိသွားလေတော ့သည် ……..။

=================       =======================

နောက်တစ်ခန်း

ကန့်လန့်ကာမဖွင့်မှီကပင်  ဓမ္မတီးလုံးသံစဉ်များ ငြိမ့်ညောင်းစွာ ထွက်ပေါ်လာသည် …..။

မြင်ကွင်း ကား …..လှိုင်ဂူတစ်ခု၏အတွင်းပိုင်း ……..။

ခတ်မြင် ့မြင့်နေရာတစ်ခုတွင်  ရဟန်းတော်တစ်ပါးထိုင်နေ၍ ……ထိုရဟန်း၏ရှေ့၌ …

အနော်ရထာ (ကြောင်ကြီး) မှာ ဒူးတုတ်၍ထိုင်နေလျှက် …..နောက်တွင် အစဉ်လိုက်အားဖြင့် …..

သံဗျင်ကြီး(အဘဖော) သံဗျင်လေး(ဦးဦးပါလေယာ) ကျန်စစ်သား(အောင်ပု) ညောင်ဦးဖီး (ကြီးမိုက်)

ငထွေရူး(ဗိုက်ကလေး) ငလုံးလဖယ်(အံဇာတုံး) …….နှင့် ပုဂံစစ်သည်တော်များ ဖြစ်လေသော

မောင်ဘလှိုင် ၊ ရဲရင် ့သူ ၊ အောင်မိုးသူ ၊ မောင်သုည ၊ ရင်နင့်အောင် ၊ ဒီပါကို …..

ရဟန်းတော် ရှင်အရဟံ( ထရူးအမ်းစား) ထံမှ တည်ငြိမ်အေးချမ်း၍ ကြက်သရေရှိသော တရားဟောသံ

ထွက်ပေါ်လာလေပြီ …..

“ မင်းကြီး ….သင့်စိတ်အလျှင်တွင် မေ့လျော့ခြင်း ကင်းလေလော့ …..သတိကိုစွဲစေလျှက် …

ဂစ္ဆ န္တော ဝါ  – သွားသည်ရှိသော်လည်း ……ဂစ္ဆ မီတိ — သွားသည်ဟူ၍ …ပဇာနာတိ –သိ၏ …

ဒုက္ခံ ဝေဒနံ –ဆင်းရဲသော ခံစားမှုကို… ဝေဒနာမာနော ဝါ-ခံစားသည်ရှိသော်လည်း ..ဝါ – ခံစားဆဲ

ခံစားစဉ်လည်း …ဒုက္ခံ ဝေဒနံ – ဆင်းရဲသောခံစားမှုကို ….ဝေဒယာမီတိ – ခံစားသည်ဟူ၍

ပဇာနာတိ – သိ၏ …တဲ့  ….  အပ္ပမာဒ တရားကိုသာ  ပွားများပါလေ …..”

မင်းမြတ် အနော်ရထာ၏ မျက်နှာကား ……အဖြေတစ်ခုရရှိသွားသည် ့နှယ် ….ကြည်လင်ဝင်းပလျှက်

စုရုံး၍သံပြိုင် ရွတ်ဆိုကြလေသည် …..။

ဗုဒ္ဓ ရတနာ …..ကိုးကွယ်ရာ ….ယုံကြည်ဆည်းကပ်ပါ၏ဘုရား ……

ဓမ္မ ရတနာ ….ကိုးကွယ်ရာ ……ယုံကြည်ဆည်းကပ်ပါ၏ဘုရား ………..

သံဃ ရတနာ ….ကိုးကွယ်ရာ …..ယုံကြည်ဆည်းကပ်ပါ၏ဘုရား ……..

 

=================================================

နောက်တစ်ခန်း

 

ကတ္တီပါ ကန့်လန့် ကာပြန်အဖွင့်တွင် မြင်ရသည်ကား ….. ရွာအဝင် မြေနီလမ်းဘေး  သစ်ပင်အောက်ရှိ စုံတွဲ .…

ရွာသား စက္က(AKKO)  မှာ ညှိုးငယ်သောမျက်နှာဖြင့်  ….ခေါင်းငိုက်စိုက်ချလျှက် ……။

ရွာသူ အိုမိသင် (etone)  မှာ ရွာသားစက္က (AKKO) ၏ပခုံးအား ခတ်ကြမ်းကြမ်း ကိုင်လှုပ်ပြီး ……

“ ဒီလိုပဲ ကြည် ့နေတော့မှာလား အမောင် ……မနက်ဖြန်ဆိုရင် အရီးကြီးတွေက  မိသင်ကို လာခေါ်

ကြတော့မယ် …… ပြောပါဦးအမောင် …..မိသင်ကို ပန်းဦးလွှတ်ပွဲအတွက် ဆက်သတော့မှာလား.”

“ အမောင် ဘာလုပ်ရမလဲ  အိုမိသင်ရယ် ……..အမောင်ကြောက်တယ် …..”

“ ဘာ ……. ကြောက်တယ် ..ဟုတ်လား ……အမောင်ဘာမှ မလုပ်တတ်တော့ဘူးလား …….ဒီမှာအမောင်.. …

မိသင်တို့ မိန်းမသားဘဝဟာ အရှက်နဲ့ လူလုပ်ရတာပါ …… ချစ်တဲ့သူအတွက် ဘာမဆိုလိုက်လျောနိုင်ပေမဲ့

ဒီလို ဆံပင်မုတ်ဆိတ် လက်လေးသစ် ၊ ကွမ်းတံထွေးတပျစ်ပျစ် ၊ မဲညစ်ညစ်စီဝရံ (သင်္ကန်း) နဲ ့ အရီးကြီးတွေ

အတွက်ဆိုရင်တော့ ……….အသက်သာ အသေခံလိုက်မယ် အမောင် ”

“ ဒါဆို ….အမောင်ဘာလုပ်ရမလဲ …အိုမိသင် ရယ် …..”

“ အနော်ရထာ ဘုရင်မင်းမြတ်က မှန်ကန်တဲ ့ အယူဝါဒဖြစ်တဲ့ထေရဝါဒဗုဒ္ဓ ဘာသာကို သက်ဝင်ယုံကြည်

ကို ကိုးကွယ်လိုက်ပြ ီတဲ့ ……ဒီတော ့ …ထီးဘုးရားဆီသွားပြီး ….ဒီအရီးကြီး တွေအကြောင်း လျောက်ထား

ရမှာပေါ ့ အမောင်ရယ် …………”

“ ဒါဆိုလဲ ….အမောင် ရွှေနန်းတော်ကိုသွားပြီး …..လျောက်ထားလိုက်ပါ့မယ် အိုမိသင် …..”

 

================        ====================      =============

“ ပြန်ပြောစမ်းပါဦး အမောင် …..ပန်းဦးလွှတ်ပွဲလို့ ပြောလိုက်တာလား …..ဒါဟာ …ပန်းဦးလွှတ်ပွဲတဲ့ လား….. ”

နန်းတော် ညီလာခံသဘင်၌ အပ်ကျသံပင် မကြားရ …..။ အထူးပင်တိတ်ဆိတ် ငြိမ်သက်လျှက် ……..။

အနော်ရထာ(ကြောင်ကြီး) သည် မေးကြောများထောင် ထနေအောင် အံကြိတ် ၍ …..နန်းရင်ပြင်ရှိ

သံဗျင်အမတ်များ ….စစ်သူကြီးများ ကိုစေ့စေ ့ ကြည် ့ ပြီးလျှင် …….

“ ကဲ ….ဒီဘက်က သံဗျင်ကြီး ကျုပ်တို့ ဘာလုပ်သင့်လဲဆိုတာ လျောက်ထားစမ်းပါဦး ”

သံဗျင်ကြီး(အဘဖော) မှာ …..အဝေးသို့တစ်ချက်ငေးလျှက် ……တုံ့ဆိုင်းသော အမူအယာဖြင့် …………

 

“ တင်ပါသည် အရှင် ….. တရားကိုချစ် …၊ ဓားကိုပစ်၍ …၊ စစ်ကိုငါတို့ မုန်းပါသည် ဟု ဆိုစကားလည်း

အထင်အရှားပင်ရှိပါသည် ……. တိုင်းပြည်မှာလည်း စီးပွားရေး ….လူမှုရေး နဲ့ နိုင်ငံရေး ကိစ္စများစွာ ……..

ရှိနေသေးပါသဖြင် ့ …….စဉ်းစားကြ စေလိုပါဒယ် …..အရှင် …..”

 

“ အင်း……..ဟုတ်ပြီလေ …..ကဲ …ဒီဘက်က သံဗျင်လေးရဲ ့ သဘောကရော ….”

သံဗျင်လေး(ဦးဦးပါလေယာ) မှာ …….ခေါင်းကိုမော့ ၍  …..ပြတ်သားသောလေသံဖြင့် ……..

 

“ ဓားကိုပစ်၍ …တရားကိုချစ်သင့်သည် ဆိုသော်လည်း ……ပြည်သူ၏အရေးမှာ ..တိုင်းပြည်၏ အရေးပင်

ဖြစ်ပါသည် …..ပြည်သူရှိမှ …တိုင်းပြည်လည်းရှိမည်ဖြစ်၍ ….

ပြည်သူစိတ်ချမ်းသာမှ …တိုင်းပြည်လည်းသာယာပါလိမ့်မည် …တရားသောစစ်အတွက် …..

ဓားကိုချစ်သင့်လျှင်….ချစ်ရမည်မို့ ……. ယခုပင် စစ်ပြင်စေလိုပါကြောင်း……”

 

“ ကောင်းပြီ နားထောင်ကြ ……….သားတော်ကျန်စစ် …….”

“ ရှိပါတယ်အရှင် …..”

“ စစ်ပြင်တော့ သားတော် ……ကျုပ်ကိုယ်တိုင် ထွက်တိုက်မယ် ………”

စင်အောက် ဆိုင်းဝိုင်းမှ ဗိန်းဗောင်းသံများ ………စစ်ချီတေးသံများထွက်ပေါ်လာလျှက် ….

ကန့်လန့်ကာ အနီကြီး ကျလာလေတော့သည်  ………………….။

 

==================================================

 

ကန့်လန့်ကာ ပြန်အတက်တွင် ထန်းတောကိုတွေ့ရလေသည် ………………။ ကဗျာရွတ်သံသဲ့သဲ့ ……..

 

ပလပ်စတစ်ကောက် …၊ ထန်းရည်သောက်ပြီး …..၊  မြွေဟောက်ချက်စား ….ဗိုက်ကားသွားပြီ …..

ဘာလိုသေးလဲချစ်လေးရယ် …………..”

 

ထန်းပင်ကြားမှ ငထွေရူး (စိန်ဗိုက်) ထွက်လာ၍ …ခါးတွင် ထန်းလှီးဓား ..လက်ထဲတွင် ထန်းရည်အိုး ပိုက်လျှက်

ဟော…………နောက်တစ်သံ …….ညောင်ဦးဖီး (ကြီးမိုက်) သီချင်းအော်နေပါလား ……

 

“…ချစ်ဦးရေ ..x x x ယောက္ခမသေမှ ….အမွေရ …ပွတာဘဲလေ x x x x ….အသဲနှလုံးက ဒီလောက်ချစ်ရ…”

 

ညောင်ဦးဖီး၏ သီချင်းသံအဆုံးတွင် နောက်တစ်သံထွက်လာပြန်သည် ……။ ကြားဖူးနေကျ …မြန်မာသံစဉ် ….

သန်းထွန်းလေးနှင့် ပိုးအိစံ တို့၏ “ မွေးဌာ နီ ” သီချင်း အလိုက်သံစဉ်နှင် ့ ဖြစ်သည် ……………..။

 

“….. မွေးပြန်ဘီ ..ဟီ ..ဟီ..…. ..ဟိုဘက်အိမ်က….x x x x …OG ခေါ်ပြီး နှိုက်လိုက်စမ်းလေ………

.တစ်ယောက် ထွက်လာဘီ …….x x x x …တစ်ယောက်  ထွက်လာဘီ . ……မွေးလမ်းကြောင်း

တလျောက်….ရေလုံးကြီးတွေ …တလိမ့်လိမ့်ဆင်းတာ မြင်ယောင်သေးးးးး တော့သည် …..

လာ  ပါ   ပြီ…x..x…မြန်  မာ စာ မပီ..x x x x…သူတို့ပြောတဲ ့ရိုဟသ်…ဘင်္ဂါ……လီ…x x x”

 

ဆောင်ဓားများ လွယ်ပိုးထားသော်လည်း …….ရီဝေဝေနှင် ့ ………

ထိုအခိုက် …….မြင်းခွာသံများ ကြားရ၍ ….ဖုန်လုံးကြီးများကြားမှ ….ကျန်စစ်သား (အောင်ပု) ……။

မြင်းပေါ်မှ “လွှား” ကနဲ ဆင်း၍ ငထွေရူးလက်မှ ထန်းရည်အိုးကိုဆွဲယူပြီးနောက် …….အားရပါးရမော့ ပြီး ……

“ ဂွမ်း” ကနဲ မြေပေါ်သို့ ပစ်ချရင်း …….

“ ….တိုက်ပွဲစမယ် …..”

“ ဘယ်တော့လဲ ”

“  …..အခု ချက်ချင်း……”

“ တိုက်မယ် ………တိုက်မယ် ………..တိုက်မယ် …..”

===============     ==================     =============

တိုက်ပွဲစလေပြီ ……..။

တိုက်ပွဲ၏အသွင်သဏ္ဍန်ကား……အမှန်နှင့် အမှား းးးး…..အဖြူ နှင့်အမဲ …….အလင်းနှင့် အမှောင် တို့၏

အားပြိုင်မှု …….။ အမှန်တရားဓားကိုစွဲကိုင်ထားသော …..ပုဂါရာမ သားတို့၏ ရဲရဲတောက်သတ္တိ ……

လွတ်မြောက်ခြင်းအဓိပ္ပါယ်အတွက် …..အနှောက်အယှက်မှန်သမျှ ….အတားအဆီးမှန်သမျှကို…..

ရင်ဆိုင်ကျော်လွှားမည် ့ လင်းယုန်ငှက်အလားးးးးးး………

မာန်သွင်းသံများ ……၊ အော် ညည်း သံများ …..၊ မြင်းခွာသံများ ……….၊ အမိန့် ပေးသံများ …..

အရမဒ္ဒနာပူရ် သူရဲကောင်းတို့ကား ……တရားသောစစ်အတွက် အသက်ကို ပဓာန မထားတော့ပြီ ……

အရီးကြီးတို့မှာကား …ပုဂါရာမ သားတို့၏ အမှန်တရားဓားအောက်တွင် …..

ပြားပြား မှောက်၍  ပြိုလဲခဲ့လေပြီ ……..။ သူရဲကောင်း လေးယောက်သည်ကား …..နတ်စစ်သူကြီးများနှယ် ….

ကျန်စစ်သား(အောင်ပု)မှာ …အရီးကြီး ပါပ(မောင်ဂွ) နှင် ့ စီးချင်းထိုးလျှက် ……..

အရီးကြီးပါပ ၏ဓားချက်များမှာ…..တစ်ခါတစ်ခါ တွင် ကျန်စစ်သားအား ဇီဝိန်ချွေမတတ် ………။

ကျန်စစ်သား၏ လှံချက်များသည်လည်း …..အရီးကြီးပါပ ၏လည်မျို နားမှ ပွတ်ကာ သီကာ ……။

လက်ရည်ညီသော ပွဲမို့ အသည်းကောင်းသူများပင်  ရင်သပ်ရှုမောဖွယ် ………..

အချိန်ကြာလာသည်နှင့်အမျှ …..ကျင့်သားရသည် ့ သက်လုံက ကွာဟစပြုလာသည် ….။

အရီးကြီးပါပ(မောင်ဂွ) မှာ ခံစစ်ပင် အနိုင်နို်င်……

ကျန်စစ်သား၏နောက်ဆုံးပွဲသိမ်းလှံချက်ကို ပစ်ထိုးမည်ပြုစဉ် …….ရှင်ကြီးအဂ္ဂိ(မောင်မိုးပြာ) မှာ ….

ကျန်စစ်သား(အောင်ပု) အားနောက်ကျောမှ  ဓားဖြင့် ပိုင်း ချလိုက်လေတော့သည်……..။

 

ရုတ်တရက် ……. အနော်ရထာ(ကြောင်ကြီး) ၏ လက်မှ အရိန္ဒမာလှံသည် လေကိုခွင်း၍ အပြေးနှင်လေပြီ ။

ရှင်ကြီးအဂ္ဂိ (မောင်မိုးပြာ) ၏နှလုံးအိမ်ကို ထွင်းဖေါက်လျှက် ……ရှင်ကြီးအဂ္ဂိ၏ ဓားမှာလည်း ….

ကျန်စစ်သား၏ လည်ဂုတ်အနီး နှစ်လက်မအကွာတွင် ရပ်တန့်၍ ……..ရှင်ကြီးအဂ္ဂိသည်ကား….

ထနောင်းပင်ငုတ်တိုကြီးကိုမှီလျှက် ……ထွက်သက်ဝင်သက်တို့    ချုပ်ငြိမ်းခဲ့လေတော့သည်  …….။

 

တိုက်ပွဲကား ပြီးဆုံးခဲ့  ပေပြီ …………။….အမှန်တရားတို့ …အောင်ပွဲဆက်ခဲ ့ သည် …..။

အရီးကြီးများမှာ သေသည့်သူကသေ ….အဖမ်းခံသည့်သူက အဖမ်းခံ ၍ …….အချို ့ ကား ….

တိုက်ပွဲဖြစ်စကပင် ထွက်ပြေးသွားကြလေသည် ။ ထွက်ပြေးလွတ်မြောက်သွားသူများတွင်

အရီးငယ်ခန္ဒ(ဦးခိုင်) တစ်ယာက်လည်းပါ၍ နယ်စပ်ဖြတ်ကျော် ပြီး တိုင်းတပါးတွင်ခိုလှုံသွားလေတော့သည် ။

 

ပြန် ့ကျဲနေသော လူသေအလောင်းများ ……..ဒဏ်ရာ ရနေသော ပုဂံစစ်သည်တော်များနှင် ့

စစ်ပွဲပြီးစ အနိဋ္ဌာရုံ မြင်ကွင်း ……..

ထနောင်းပင်ငုတ်တိုကြီးကိုမှီ၍ အသက်ပျောက်နေသော အရီးကြီးအဂ္ဂိ(မောင်မိုးပြာ) ………..

ရင်ဝမှလည်း သွေးများစီးလျှက်…….ထို အရီးကြီး၏အနီးတွင် မားမားမတ်မတ်ရပ်လျှက်

အရိန္ဒမာလှံတော်မြတ်ကို ခတ်တင်းတင်း ကိုင်ထားသည် ့ …..အနော်ရထာ (ကြောင်ကြီး) ……..

အနော်ရထာ၏ ရှေ ့ ဘက်ခတ်စောင်းစောင်းတွင် ဒူးထောက်၍နေသော သံဗျင်ကြီး(အဘဖော)……

သံဗျင်ကြီးအနီး တွင် ကပ်လျှက် သံဗျင်လေး (ဦးဦးပါလေယာ ) ……

ပြီးနောက် …….ကျန်စစ်သား(မိုက်ကယ်ဂျော်နီအောင်ပု)……ငထွေရူး (စိန်ဗိုက်ဗိုက်)…….

ညောင်ဦးဖီး(ကြီးမိုက်) ……..ငလုံးလဖယ်( အံစာတုံး) ……နှင် ့ ပုဂံသူရဲကောင်းများဖြစ်လေသော

ဘီလူးကြီး ၊ အန်ကယ်ကြီး ၊ အန်ကယ်လေး ၊ သူရဇော် ၊ ကျော်သိန်း ၊ တာတေ ၊ …….

ထိုစဉ်…….အနော်ရထာ(ကြောင်ကြီး)ထံမှ …..အောင်မြင်ခန် ့ငြားသောစကားပြောသံ ထွက်ပေါ်လာလေသည်..

 

“မဟုတ်သေးဘူး သားတော် ….ဒီလိုမဟုတ်သေးဘူး …..ဒီလှံချက်က သားတော်ရဲ ့အသက်ကို

ကယ်လိုက်တာမဟုတ်ဘူး …….ကျုပ်တို့ အရိမဒ္ဒနာပူရ် ရဲ ့ အနာဂါတ် ….ကျုပ်တို ့ ပြည်သူတွေရဲ ့

အသက်အိုးအိမ် စည်းစိမ် …..ကျုပ်တို ့ ပြည်သူတွေရဲ ့ သံသရာအရေး ……ကျုပ်တို ့ပြည်သူတွေရဲ ့

အမျိုးဘာသာ သာသနာ…..ဒါတွေ….ဒါတွေအတွက် ……ပစ်လွှတ်လိုက်တဲ ့ လှံချက်ပဲ သားတော်….

ဒါကြောင် ့….သားတော်ရဲ ့ နှလုံးသဲပွတ်မှာ ကမ္မည်းအက္ခရာတင်ထားလိုက်စမ်းပါ ………..

ဒါဟာ ……… ဒါဟာ……….အရိန္ဒမာ ရဲ ့ ဒုတိယမြောက်သစ္စာ ….……..

        ………………………………အရိန္ဒမာ ရဲ့  ဒုတိယမြောက်သစ္စာ…………..

                   ………………………………အရိန္ဒမာ ရဲ ့ ဒုတိယမြောက် သစ္စာ…………………”

 

နှုတ်ဆက် တေးသွားများနှင့်အတူ ကန့်လန့်က အနီကြီးမှာ လက်ပြ နေသည် ့အလား …………..

 

 

 

 

 

( ဤဇတ်လမ်းဖြစ်မြောက်ရေးအတွက် ကူညီ သရုပ်ဆောင်ပေးကြသော ရွာသူားတို့အားအထူးကျေး

ဇူးတင်ရှိပါကြောင်း နှင် ့ နာမည်စာရင်း ကျန်ရစ်ခဲ့သူများမှာလည်း ပရိတ်သပ်ထဲတွင် အပါအဝင်

ဟု မှတ်ယူပေးပါရန် ……။ အထူးသဖြင် ့ အရီးကြီးများအဖြစ်ပါဝင်သရုပ်ဆောင်ပေးလေကုန်သော

နောင်တော် ရွာသားကြီးများအားလည်း အထူးကျေးဇူးတင်ရှိပါကြောင်း ….၊ အကြောင်း ကြောင်း

ကြောင့် ကြိုတင်မပန်ကြားနိုင်ခဲ ့သည်ကိုလည်း မေတ္တာရှေ ့ထား ခွင် ့လွှတ်စေလိုပါကြောင်း……..)

 

 

 

 

 

 

 

 

121 comments

  • ပစ်ပစ်ချန်

    September 6, 2012 at 11:41 am

    သများတို့မီးဒုတ်ယိမ်းကတာက အားကောင်းမောင်းသန်ထွားထွားကျိုင်းကျိုင်းကြီးတွေမို့ပါ
    ဆီမီးခွက်ယိမ်းလောက်နဲ့တော့ ဒီအပျိုတော်တွေနဲ့ မလိုက်ဖက်နိုင်ဘူးဆိုတာ အူးလေးဆာမိသိသွားပုံရတယ် 😀
    မီးဒုတ်တွေတရမ်းရမ်းနဲ့ ဇာတ်စင်ကြီးမီးမလောင်တာတော်သေး
    တော်တော်ကြာ အော်ပရာတို့၊ ဒန့်ဆာတို့ ကသောင်းကနင်းဖြစ်ကုန်မှာမြင်ယောင်သေး ဟေးဟေး 😛
    သများက ရှပ်တီးရှပ်ပျာနဲ့ဆိုတော့ မီးဒုတ်များဘယ်ချိန်လွတ်ကျမလဲဆိုတာ
    ကိုယ့်ဘာကိုယ်တောင် ယုံကြည့်မှုမရှိပုံများ :mrgreen:

    နောက်ပိုင်းဇာတ်ထုတ်ကြီးမလာခင် စတိတ်ရှိုးလေးပါရင် သများလည်းဆိုမလို့ဟာ
    စိတ်မကောင်းလိုက်လေခြင်း………… 🙁
    နောက်ပိုင်းဇာတ်ပြီးသည်ထိ မိုးလင်းပေါက်ကြည့်ရှုသွားပါကြောင်း… 🙂 😀

  • ရွှေ ကြည်

    September 6, 2012 at 11:51 am

    ကိုရင်ဆာမိ မိရွှေကြည်ကတော့ အရိုးခြောက်ဝတ်စုံနဲ့ပဲဖြစ်ရမယ် 😀
    ရေးလည်းရေးတတ်ပါပေ့တော်။ စုံနေတာပဲ။ ဖတ်တာတောင်မနည်းဖတ်ယူရတယ်။
    လက်မလေးတချောင်းထောင်ခဲ့ပါကြောင်း။

  • surmi

    September 6, 2012 at 1:17 pm

    ဒေါ်ပန်ပန်ဗလကောင်းတာသိပါ ့
    ဒါကြောင် ့ မီးဒုတ်နဲ ့ ယိမ်းလိုက်ရတာ ။စတိတ်ရှိုးက ဆိုသွားပါတယ်
    မိုးဇက်ကိုတောင် ပရိတ်သပ်ကို အလေးမပြုလို ့ပြောနေကြသေးး

    ကဲကဲ မရွှေကြည် အဲဒီဝတ်စုံကတော့ မဲနှိုက်ရတော ့မယ်
    အကြိုက်များလို ့လေ ။ဘာဘဲဖြစ်ဖြစ် အားပေးသွားတာကျေးဇူးးးးးးးးး

  • Mon Kit

    September 6, 2012 at 1:39 pm

    ကိုရင်ဆာမိ လက်ရာကလဲ အံ့မခန်းပါဘဲလား……
    ဇာတ်ပွဲ စ.. လည်.. ဆုံး ကို သဘောတော်ကျ သွားပါဒယ်…. 😛
    Dangerous Dancer အဖွဲ ့ရဲ ့ ကကြိုးစုံတဲ ့ အလင်္ကာည ကို အကြိုက်ဆုံးပါ…
    🙂 😛 😀

  • Mon Kit

    September 6, 2012 at 1:52 pm

    တစ်ဆယ့်လေးချောင်းမြောက် က မွန်ကစ်နော်……
    လက်မထောင်ခဲ့ပါဒယ်……

  • surmi

    September 6, 2012 at 2:12 pm

    မမွန်ကစ်ရေ
    အဲဒီကကွက် ကအပြင်မှာတကယ်ရှိဖူးတယ်ဗျ
    လွန်ခဲ ့တဲ ့ အနှစ်နှစ်ဆယ်လောက်ကပါ ။ဇတ်မင်းသား မိုးမင်းခေတ်ကောင်းစဉ်ကပေါ ့
    Dangerous ဆိုတဲ့နာမည်နဲ ့ပါပဲ ။သဲသဲလှုပ်အားပေးကြတာပေါ ့ဗျာ

  • ကြည်ဆောင်း

    September 6, 2012 at 2:38 pm

    ဒီရက်ပိုင်းရွာထဲဝင်ရခက်လွန်းလို့ နောက်ကျမှဘဲဖတ်ရတော့တယ်..
    မီးဒုတ်ယိမ်းကတဲ့သူတွေ ကရင်းနဲ့ ” မီးဒုတ် မီးဒုတ် ရှို့ရှို့” လို့ရောအော်ရသေးလား 🙄

  • pooch

    September 6, 2012 at 3:25 pm

    အော် အငြိမ့်ပွဲလာကြည့်တာ နောက်တောင်ကျနေပါရော့လား။ လတ်စသတ်တော့ သူကြီးက အရည်းငယ်ကိုး ဒါကြောင့် ဒီလိုဖြစ်နေတာ နေမှာ :mrgreen:

    • surmi

      September 6, 2012 at 3:43 pm

      ဒေါ်ကြည်ဆောင်းရေ
      မီးဒုတ်တော ့မရှို ့တော ့ပါဘူး ဗျာ ခုတောင်တော်တော်လောင်နေပြီ

      ဒေါ်ပုချ်
      ဘယ်ကလာနောက်ကျရမှာလဲ ၃ ရက်ကြီးတောင်ကနေရတာ
      သဂျီးကိစ္စ ကျနော်မပြောဘူးနော် ပြဇတ် ပြဇတ် ဟဲဟဲ

  • ko win

    September 6, 2012 at 5:13 pm

    ပွဲဇာတ်အား ကြည့်ရှုအားပေးသွားပါကြောင်း။

  • nozomi

    September 6, 2012 at 5:16 pm

    ကျုပ် ဇာတ်ခုံမန်နေဂျာ လုပ်လာတဲ့ တစ်သက်
    ဒီ ပွဲတော့ မမေ့ဘူး ဗျို့

    ရွာမှာ အလှူအတန်းလုပ်ဘို့ ငွေလိုရင် ကိုဆာမိ အကြံအတိုင်း ဇာတ်ကရင် မဆိုးဘူးနော့

  • surmi

    September 7, 2012 at 5:37 am

    ကိုဝင်းခင်ဗျ
    စိတ်ရှည်ရှည်နဲ ့အားပေးသွားတာကျေးဇူးပဲဗျ။
    နောက်ပွဲရှိရင်လည်းဖိတ်ပါဦးမယ်

    ကိုနိုဇိုမိရေ
    ကပွဲကတော့သူပုန်ဝင်တာနဲ ့ဘဲ တုန် ့ဆိုင်းတုန် ့ဆိုင်းဖြစ်နေတယ်
    အပြင်မှာကချင်ရင် တွေ ့ဆုံပွဲမှာလုပ်လိုက်လေ ဟဲဟဲ
    ဒါပေမဲ ့ တကယ်သူပုန်ဝင်ရင် ဘယ်လိုလုပ်မလဲ နော
    ဒီကွန်မန် ့ကိုရေးနေတာ ၁၂ နာရီကျော်နေပြီ ။ခုမှဖွင် ့လို ့ပြန်ရတာ
    ဒီလိုသာဖြစ်နေရင် တော ့ …….?

  • ညလေး

    September 7, 2012 at 9:38 am

    ်အူးဆာရီး….`.ညလေး´ကိုများမေ.နေမလားဆိုပြီး…..ရင်တထိတ်ထိတ်နဲ.ဖတ်လိုက် ရီလိုက်နဲ….အဟိဟိ…
    တော်တော်စီတဲ့ပွဲလေး အောင်မြင်စွာပြီးဆုံးသွားပါဂျောင်း…..

  • amatmin

    September 7, 2012 at 10:05 am

    ကိုဆာမိရေ..
    အားပေးသွားသဗျို့…
    ရွာထဲက ဒိုးနတ်ပေါင်မုန့် ဂယ်ရောင်းတဲ့လူကြီးတယောက်တော့ သိထားသဗျ..
    ရွာ့ဓါတ်ပုံဆြာ တယောက်ပဲ..
    ရွာသူတွေဆိုရင်.တပါကင်ဝယ်ရင် တပါကင်အလကားဆိုလားပဲ.. 😛

  • ကြောင်ကြီး

    September 7, 2012 at 10:42 am

    အနော်ရထာကြောင်
    ကျော်စွာမောင်
    ကတော်လာမှောင်
    ဆော်ရှာပြောင်
    လျော်ပါတကောင်
    သော်တာချောင်
    အော်ကွာညောင်
    ဘော်ဒါဆောင်..။ :mrgreen:

    • surmi

      September 7, 2012 at 11:26 am

      ကျေးဇူးပဲ ညလေးရေ
      တော်တော်များများကျန်ရစ်ခဲ ့ရတာ စိတ်မကောင်းပါဘူးဗျာ
      ရွာထဲပြဿနာဖြစ်နေချိန်ဆိုတော ့ ကမန်းကတန်းနဲ ့မို ့ပါ။

      ကိုမတ်ရေ
      မအားတဲ ့ကြားကရောက်လာတာကျေးကျေးနော်
      ဒါနဲ ့ ဟိုပေါင်မုန်ေ့ရာင်းတာ ဘယ်သူလဲဗျ လက်တိုဘ့ဦး
      အဆာပြေ ဝယ်ထားရင်ကောင်း မလားလို ့ အဲ အဲ မှားလို ့ဘွာတေး ဟဲဟဲ

      ဦးကြောင်ရေ
      ကိုပု ကတော ့ လှန်ပစ်ဝဇ္ဇာဆိုပဲ ။
      ဦးကြောင်ကရော ……?

  • kotun winlatt

    September 7, 2012 at 11:35 am

    တော်သေး၏..ဒီပွဲမှာ အလှူခံ ဖလားကြီးကိုင်ပီး အလှူမခံရတာ…ဟီဟိ…
    ကိုဆာမိရေ…အစ်ကိုတော်ရဲ့ စာကို နှစ်ရက်ခွဲပီး ဖတ်လိုက်ရသဗျို့…
    ကျုပ်တို့ ရွာမှာလည်း ဂေဇက်အဖွဲ့နဲ့ ရံပုံငွေပွဲလေး လုပ်ချင်သဗျ…
    လာနိုင်မလားးးခင်ဗျားးးးးဟဲ..ဟဲ…

    • MaMa

      September 10, 2012 at 5:49 pm

      ဇာတ်ဆရာက တော်လွန်းလို့ မနားရအောင် ပွဲရက်တွေ များနေလို့ ….
      (တစ်နှစ်လုံးမှာ တစ်ရက်ဆိုတော့ :mrgreen: ) …..
      တိုက်ဆောက်ခါနီး အုတ်ကျိုးခဲကျိုးလိုတဲ့အချိန်ရောက်ရင် ကြိုးစားကပြပါမည့်အကြောင်းးးးးးး 😛

      • surmi

        September 11, 2012 at 8:30 am

        ဇတ်ဆရာတော်တာထက် အန်တီမမတို ့ Dangerous ကိုပိုကြိုက်
        ကြပါသတဲ ့ ဟဲ ဟဲ

        • MaMa

          September 11, 2012 at 11:04 pm

          အဲဒီလို လူကြိုက်များတဲ့ Dangerous အက က လည်း ဇာတ်ဆရာရဲ့ တီထွင်ဆန်းသစ်ထားတဲ့ ထူးရှယ်အနက်ရောင် ကိုယ်ကျပ်ဝမ်းဆက်ဝတ်စုံက အမြင်စားသွားလို့ပေ့ါ။
          အဲသဟာကြောင့်……..
          ရွာကစာပေဆုပေးပွဲကျရင် သူများထက်ထူးဖြားဆန်းပြားအောင် ပွဲတက်ဝတ်စုံကို မဒမ်ဆာမိဆီအပ်ဖို့ ခုကတည်းက ကြိုတင်ဘွတ်ကင် လုပ်သွားပါတယ်ဗျို့………… 😀

        • surmi

          September 11, 2012 at 11:26 pm

          ဒီအကွက်တွေမြင်လို့ ဒီဝတ်စုံကိုထွင်ထားတာ ဟဲ ဟဲ
          ရွာသူတွေ အားလုံးအတွက်ဆိုရင်တော ့ ထောပြီဗျို ့ …..ဒါထက် ……
          လောလောဆယ် စရံလေး သပ်ခဲ့ပါလား …ခင်ဗျ……

  • surmi

    September 7, 2012 at 1:27 pm

    ကိုထွန်းဝင်းလတ်ရေ
    နှစ်ရက်လုံး အပင်ပန်းခံအားပေးသွားတာ ကျေးကျေးပါ ။ စာတွေရှည်တာ
    အားလည်းနာပါတယ် ။အစ်ကိုတို ့ဖိတ်ရင် လိုက်ပြီးသားပဲ ။

  • Green Rose

    September 7, 2012 at 2:19 pm

    မန်းဂေဇက်ရန်ပုံငွေပဒေသာကပွဲကြီးမှာ ပါဝင်ခွင့်ရလို့ အထူးဂုဏ်ယူပါတယ်ရှင့်။
    အဲဒီ့ မီးဒုတ်ကို အပိုင်သိမ်းထားလို့ရမလားဟင်?… မန်းဂေဇက် Logo လေးနဲ့ဆိုတော့ သွားလေရာ လာလေရာ ဆောင်ထားပြီး ရှို့စရာလေးတွေတွေ့ရင် ရှို့ချင်လို့ပါ.. နော်.. နော်..

  • TNA

    September 7, 2012 at 8:40 pm

    ကိုဆာမိရေ ရွာထဲဝင်လို့မရလို့ကြိုးစားဝင်ရတာလဲဖတ်ဖတ်မော။ ကရတာလဲဖတ်ဖတ်မော။ အန်တီကြာရော ကိုဆာမိကရော လှလှလေးဝတ်ပေးလို့ဂုဏ်ယူရတာလဲဖတ်ဖတ်မော။ ဖတ်ရတာလဲဖတ်ဖတ်မော။ ရီရတာလဲ ဖတ်ဖတ်မောသွားကြောင်းပါ။ ကျေးကျေးပါ ရန်ပုံငွေပွဲမှာပါဝင်ဖျော်ဖြေခွင့်ရလို့။

  • surmi

    September 7, 2012 at 9:33 pm

    IGreen Rose ရေ
    မီးဒုတ်ကတော ့ ကြိုက်သလိုသုံးပါလေ။ အပိုင်ပေးတာပါဗျာ
    ကပြပေးတာဘဲကျေးဇူးပါ။

    ဗျို ့မသဲနုအေး
    ပျောက်နေတာကြာပေါ ့နော် ။ ခုလိုလာရောက် အားပေးတာကျေးဇူးးးးးးး
    ရွာလဲ ပစ်မထားပါနဲ ့ဦးဗျ ။ စာတွေလည်းရေးပါဦး
    ကျနော်တို ့က ဖတ်တာအားသန်တာပါ
    တခါတလေမှသာ ရေးဖြစ်တာပါ ။

  • မိုးတိမ်

    September 10, 2012 at 10:38 pm

    အာဟား ကျွန်တော် ပေးထားတဲ့ ကွန်မန့် ထူးထူးခြားခြားပျောက်နေပါကလားဟရို ့။
    ကိုဆာမိရေ နောက်ကျွန်တော့ကို ဒုတ်ထိုးမရောင်းခိုင်းပါနဲ့တော့။ကိုဘေးနွားကင်သာရောင်းခိုင်းပါတော့လေ။
    ဒီနေ့ ဘင်္ဂလားက ခွေးမသားမျိုးမစစ်တွေ လုပ်တာကြ ဒီမိုဩူကီးက လက်ခံသပေါ့။သူကြီးအမျိုးက သူကြီးကို
    လုပ်တာနော်။ဘာတဲ့ ဘင်္ဂလားဆိုင်ဘာစစ်တပ်တဲ့ ဟဟ။သူကြီးက လက်ခံသပေါ့လေ ကောင်းပါ့။စောင့်လေ
    မျိုးနွယ်ဆိုတာကို သတိရပါစေ…………………..

    • အရီးခင်လတ်

      September 11, 2012 at 2:15 am

      မောင်မိုးတိမ်
      မင်း မှတ်ချက် တစ်ခုထဲမှ မဟုတ်ပါဘူး။
      ပြီးခဲ့တဲ့ ၂ရက် က Backup ကို ပြန်ပြီး Restore လုပ်ထားတာမို့ အဲဒီနောက်ပိုင်း တင်တဲ့ Post တွေ၊ မှတ်ချက် တွေ အားလုံး မပါတော့တာပါ။
      မျက်မှန်စိမ်းလေး ကို ချွတ်လိုက်ပါလား။ 🙂

    • surmi

      September 11, 2012 at 8:42 am

      ဒုတိယမိ လာအားပေးတာကျေးဇူးပဲကိုမိုးတိမ်ရေ
      ပို ့စ်တွေ မန် ့ထားတာတွေက အရီးလတ်ပြောသလိုပါပဲ
      ဂဇက်ရွာမှာသာတဲ ့ လ ဆိုပြီး ကျနော်ရှင်းပြထားတာလေးရှိပါတယ်
      လာအားပေးဖတ်ရှုပါဦး ။ ပိုရှင်းသွားမှာပါ

      အရီးကိုလည်း ကူညီရှင်းပြပေးတာ ကျေးဇူးးးးးးးးး

  • weiwei

    September 11, 2012 at 11:02 am

    ခြိမ့်ခြိမ့်သဲသဲ စည်ကားတဲ့ ပွဲကြီးမှာ ကပြပြီးကထဲက နေမကောင်းဖြစ်သွားလို့ ဒီနေ့မှ ပြန်ဝင်နိုင်တော့တယ် …. အန်တီ မမ ပြောသလို တစ်နှစ်တစ်ခါလောက်ပဲ ကရပေလို့ပေါ့ … တစ်လ တစ်ခါများ ကရရင်တော့ မလွယ်ကြောပဲ ….

  • surmi

    September 11, 2012 at 11:34 am

    အားတင်းထား မဝေရေ
    နယ်က ကန်ထရိုက်တွေ တဖွဲဖွဲရောက်နေတယ်ဗျ
    ဘာတဲ ့ Dancer အဖွဲ ့ကိုဘဲ သီးသန် ့ငှားမတဲ ့ ဟဲဟဲ

  • မိုးသောက်ချိန်

    September 12, 2012 at 7:39 pm

    အသိပေးကြေညာချက်
    မန်းဂေဇက် ရန်ပုံငွေ ဇာတ်ပွဲကြီး ကျွန်ုပ်၏အမှုသည် KING ENTERTAINMENT မှ တစ်ဦးတည်း မူပိုင် ထုတ်လုပ်ပြသခွင့် ရယူထားသဖြင့် …. တစ်စိတ်တစ်ပိုင်းသော်လည်းကောင်း တစ်ခုလုံးသော်လည်းကောင်း ကူးယူပြသခြင်း မပြုရန် တားမြစ်ပါသည် …. တားမြစ်ချက်ကို ဖောက်ဖျက်ပါက တည်ဆဲ ဥပဒေများအရ အရီးယူ အဲလေ အရေးယူသွားမည် ဖြစ်ပါကြောင်း ကြေညာအပ်ပါသည် ….
    Family …. လွှဲပြန်သဟ ….. 😛

    မိဘပြည်သူများသို့ အသိပေးကြေညာချက် …
    ထုတ်လွှင့်နေကြ ဂြိုလ်တု ပြောင်းလဲထုတ်လွှင့်မည်ဖြစ်၍ မိဘပြည်သူများအနေဖြင့် ထိပ်ဖူးပြောင်းလဲ တပ်ဆင်ရန်လိုအပ်ပါကြောင်း …. Sky N….. ဟိုက် ရောကုန်ပီ ………. 😛 🙂 😀 😆

    • ဒဿ ဖွတ်ကျား

      September 12, 2012 at 7:46 pm

      ဘယ်သူများလည်းလို့
      ကိုကင်း ကိုး

      ဝဲလ်ခမ်းဘက်ခ်ထူဂေဇက်

      ဒက်ဂလောက် ဒက်ဂလောက်

    • surmi

      September 13, 2012 at 12:25 am

      ပုလင်းမထောင်တဲ့ ကိုမင်းကောင်ကြီး
      ပြန်လာတာဝမ်းသာတယ်ဗျာ ။ရောက်ရောက်ချင်းလာအားပေးတာလည်း
      ကျေးဇူးတင်သဗျ။ ကဲ စာတွေစရေးတော ့ မျှော်နေမယ် ။

      မောင်ဂီ့ နာမည်တွေလည်းမှတ်ရတာမူးနေပြီ ဟေ ့
      မနက်ကဘဲ ညိပြာညက်ဆိုလား

  • kyeemite

    September 13, 2012 at 11:24 am

    . 😛 🙂 😀 :lol:….အရေးနဲ့အတွေးကတော့ရှယ်ပဲဗျာ…
    “စဉ်းစားကြ စေလိုပါဒယ် ” ဆိုတာတောင်ပါအောင်သုံးသွားပုံလေးမိသဗျာ…
    ရွာသူားတွေရဲ့စရိုက်နဲ့ကိုက်အောင် ဇတ်ဆောင်ရွေးပုံကတော့ လက်ဖျားခါလောက်ပါရဲ့…
    ဇတ်ပွဲကြည့်ရင်းဖီးတက်လာပီဗျာ..သီချင်းလေးဟဲလိုက်အုံးမယ်..အို..ဘာတဲ့…
    “…ချစ်ဦးရေ ..x x x ယောက္ခမသေမှ ….အမွေရ …ပွတာဘဲလေ x x x x ….အသဲနှလုံးက ဒီလောက်ချစ်ရ…”
    ဟီး ဟီး ဟီး..ရွှတ်..ဖတ်..( ယောက္ခမ ဆီကအမွေရစရာမရှိလို့ ဝမ်းနည်းပူဆွေးငိုကြွေးသံ..)

  • surmi

    September 13, 2012 at 11:36 am

    အစ်ကိုမိုက်
    ရွာထဲ ပြန်ဝင်လာနိုင်တာဝမ်းသာတယ်။ပြဿနာတွေကင်းပြီး
    ပျော်ပျော်ပါးပါး ပြန်ရေးကြပါဦး ။ ဖတ်ရွေးဖြစ်ပြီးကတည်းက စာရေး
    ချိန်တွေ နဲသွားကြသလိုပဲ ။ ကိုယ်ချင်းလဲစာပါတယ်ဗျာ
    လာအားပေးတာကျေးဇူးပဲဗျို ့ ။

  • surmi

    September 13, 2012 at 11:36 am

    အစ်ကိုမိုက်
    ရွာထဲ ပြန်ဝင်လာနိုင်တာဝမ်းသာတယ်။ပြဿနာတွေကင်းပြီး
    ပျော်ပျော်ပါးပါး ပြန်ရေးကြပါဦး ။ ဖတ်ရွေးဖြစ်ပြီးကတည်းက စာရေး
    ချိန်တွေ နဲသွားကြသလိုပဲ ။ ကိုယ်ချင်းလဲစာပါတယ်ဗျာ
    လာအားပေးတာကျေးဇူးပဲဗျို ့ ။

  • အရီးခင်လတ်

    October 9, 2012 at 7:11 pm

    “ဖတ်ရွေး အဖွဲ့ ကိုယ်စား”

    ဖတ်လို့ကောင်းပါသည်။ ရွာလုံးကျွတ်ပဒေသာကပွဲကြီးဖြစ်လို့ စာဖတ်သူအားလုံးကို ပျော်ရွှင်ကြည်နူး စေပါသည်။

  • ကိုရင်မောင်

    October 10, 2012 at 3:05 am

    ကိုဆာမိရေ ဟိုရက်ကအင်တာနက်လိုင်းပျက်နေတာနဲ့
    ကိုဆာမိရဲ့ ..မန်းဂဇက် ရံပုံငွေ ပဒေသာကပွဲကြီး..ပို့စ်ကို
    မဖတ်လိုက်ရဘဲလွတ်သွားတယ်..
    ဒါလောက်ရွာသူရွာသားအများကြီးကို
    အားလုံးသူ့နေရာနဲ့သူ ပြုံးပျော်နိုင်အောင်ထားပေးနိုင်ပါပေ့ကိုဆာမိရေ…
    စားသောက်ဆိုင်တန်းဘက်ကိုရောက်လာလို့ကတော့
    ဝက်ခေါက်ကင်နဲ့ဧည့်ခံလိုက်မယ်……

  • padonmar

    October 10, 2012 at 4:20 am

    မှန်ရာကို ဝန်ခံရရင် ဒီလက အားနည်းနေတဲ့ ဖတ်ရွေးအဖွဲ့ကြီးကို ခွင့်တင်ရမှာလည်း အားနာတော့ ၃ဝရက်နေ့ စာမေးပွဲဖြေပြီးမှ ၅ရက်နဲ့ ဖုတ်ပူမီးတိုက်ဖတ်လိုက်ရပါတယ်။
    ဆိုတော့ ရွာကို သူပုန်မစီးခင်က ကျမကြိုက်တာလေးတွေကို မေ့သွားပြီး နောက်ထပ်နောက်ထပ် အသစ်တွေနောက်လိုက်သွားမိတော့တာပါပဲ( ကျမတစ်ယောက်တည်းရဲ့ အားနည်းချက်ပါ)
    ကဆာမိရဲ့ ကပွဲကြီးကို ဆန်ကာတင်မှာ တွေ့မိတော့ အရင်လကပို့စ်ကြီးပါနေတယ်တောင်ထင်မိသေးတယ်။
    ကဆာမိ အားထုတ်ထားတဲ့ ဒီ ကပွဲကြီးကိုလည်း အခု ကျမရွေးခဲ့တဲ့ ပို့စ်တွေလိုပဲ အလွန်နှစ်ရာလောက်နှစ်သက်ပါတယ်လို့ ပြောပါရစေ။
    (ဒါကြောင့် ဖတ်ရွေးထဲ စေတနာ့ဝန်ထမ်းတွေ များများပါစေချင်တာပါပဲ၊များလေ ဒေါင့်စေ့လေပါ)

  • MaMa

    October 10, 2012 at 7:08 am

    ကျမလည်း ကိုဆာမိပိုစ့်ကို ရွေးတာတွေ့တော့ ရှေ့လက တင်ထားတာ အောက်မေ့လို့ ရက်စွဲတောင် ပြန်ကြည့်မိသေးတယ်။
    ကွန်မန့်တွေကို ကြည့်တာနဲ့တင် နှယ်နှယ်ရရ ပိုစ့်မဟုတ်ဘူးဆိုတာ သိသာပါတယ်။ :hee:

    • surmi

      October 10, 2012 at 9:12 am

      အစ်ကိုကိုရင်မောင်ရေ
      ခေါက်ကင်က ကျနော်တကယ်ကြိုက်တာဗျ
      ကြိုက်တာတွေထည် ့ရေးမိတာ ဟဲဟဲ

      အရီးလတ် အစ်မပဒုမ္မာ နဲ ့အန်တီမမရေ
      ခုမှကြုံလို ့ပြောရဦးမယ်ဗျ ။ ဒီပို ့ကိုရေးမိတဲ ့ စိတ်ကူးက အစ်မပဒုမ္မာရဲ ့ အငြိမ် ့သဘင်ရယ်
      ပြီးတော ့ မောင်ဂီရဲ ့ ပို ့စ်မော်ဒန်ပုဂံသူရဲကောင်း ရယ်ဖတ်ပြီး စိတ်ကူရတာဗျို ့
      ခုမှ ကျေးဇူးတင်စကားပြောရတာ
      :hee: :hee:

  • ဇီဇီ

    July 4, 2014 at 10:03 pm

    ဒီလိုုလေး နောက် တစ်ခေါက် လောက် ထပ်ရေးးးပေးး ပါ….
    :mrgreenn:

    • surmi

      July 5, 2014 at 11:20 am

      အလိုလေး !!!!

      ဒါကြီးဘယ်နားက ပြန်ဆွဲထုတ်လာတာလဲဗျ 🙂

      အင်းးး ပြန်ဖတ်ကြည့်တော့လည်း အဲဒီထဲက လူတွေကို လွမ်းမိသားဗျာ ။
      တချို့ရှိသေးတယ် ၊ တချို့ပြန်လာတယ် ၊ တချ်ု့ကိုတော့ မတွေ့တော့ဘူး ။
      အခုချိန်မှာ အင်းအားသစ်တွေဖြည့်ဆည်းပြီး ဆက်သွားနေကြတာဘဲလေ ။
      နောက်တခါရေးဖို့တော့ သတ္တိမကောင်းတော့ဘူးထင်တာဘဲ :kwi:
      တော်သေးတယ်ဗျာ
      ဟို မိုးဗြား ဆြာတွေ ရင်ဝကို ကကြောင်နဲ့ ကအောင်ပု လှံနဲ့ထိုးကြတာ ……
      ကျုပ်ဖြင့် လာဆဲတော့မှာဘဲဆိုပြီး လန့်နေသေးတာ ……

      ဒီတခါရေးရင်တော့
      သရုပ်ဆောင်သစ်တွေ အများကြီးနဲ့ ပျော်စရာကြီးဖြစ်မှာ :mrgreen:

  • kyeemite

    July 5, 2014 at 12:44 pm

    အခု ပြန်ဖတ်ကြည့်တော့လည်း အသစ်ဖြစ်နေပြန်ရောဗျာ…ဟုတ်တယ်ကိုရင်ဆာမိရေ
    အဲ့တုန်းကလူတွေစုံချက်နော်…ပြန်လွမ်းမိသေးတော့…
    ကဆာမိ အရေးအသားက လက်ဖျားခါလောက်ပါရဲ့…

  • Ma Ma

    July 5, 2014 at 8:17 pm

    ရွာထဲမှာ လူတွေစုံစုံ ပိုစ့်တွေသွက်သွက်နဲ့ ခေတ်ကောင်းခဲ့ချိန်ကို ပြန်သတိရမိပါရဲ့။ 🙂

    • surmi

      July 7, 2014 at 10:10 am

      ပြန်ပြောရင် သံယောဇဉ်လေးတွေပေါ့ အန်တီမမရယ် 🙂
      အဲဒီပို့စ်ထဲပါသူ အကုန်နီးပါးရှိနေခဲ့တဲ့အချိန်ပေါ့
      .
      .
      နောက်များ ဒီလိုပြန်စည်လာဖို့မလွယ် 🙁

      • surmi

        July 7, 2014 at 2:59 pm

        မပူပါနဲ့ဗျာ မီးဆရာလက်စွမ်းနဲ့ ပုံတွေပြောင်းကုန်မှာပါ :kwi:

        ဒါနဲ့ စကားမစပ်
        မျက်နှာဖုံးကြီးစွပ်ထားတော့ မနဲကြည့်ယူရတယ် ။
        အခုလို လာရောက်ပြီ်း စိတ်ရှည်လက်ရှည်အားပေးတာ
        ကျေးကျေး ဗျာ :mrgreen:

  • Choo

    July 7, 2014 at 1:52 pm

    သများအတားမဲဘာဒယ်ဆိုမှ အနက်ရောင်စတော်ကင်နဲ့ အနက်ရောင်ကိုယ်ကျပ်အင်းဂျီဆိုဘဲ 🙁
    ကတ္တရာပုံးယီးလိမ့်လာတယ်ထင်နေပါအုံးမယ်အူးဆြာမိရယ်… 😛

    • အရီးခင်

      July 7, 2014 at 3:11 pm

      ဒါ ချာတူး လား ????

      အတိတ်မြို့ဟောင်းတူးဖော်ချက် ကို လက်ရှိ အခြေအနေ နဲ့ ယှဉ်ပေးပါ ကဆာမိ။
      ဘောကန်ပွဲ လဲ ရှိဘူးတယ် မဟုတ်လား။
      ဒီတစ်ခါ တစ်မျိုး ထွင်ပေးပါ။ :-))))

  • Choo

    July 7, 2014 at 3:42 pm

    ယက်စား, မိုင် ဒီး ယား အ ရီး ခင်စ်
    အိုင် အမ် ချာ တူး လန်စ် 😛

    • အရီးခင်

      July 7, 2014 at 3:46 pm

      ဝမ်းသာလယ်စ်
      ဝမ်းသာလယ်စ်
      အသံလေး ပန်မြင် ရတာစ်
      :-)))

      • surmi

        July 7, 2014 at 4:11 pm

        ချာတူးကိုပြန်တဲကွန်မန့်က အပေါ်ရောက်စ်သွားတယ်
        ဆောဆောဒီးးးး :kwi:

        အရီးရေ
        ဒီတခါ လက်ဝှေ့ပွဲဖြစ်မယ်ထင်တယ်ဗျို့ :mrgreen:

  • Mr. MarGa

    July 7, 2014 at 4:35 pm

    ဗျို့ ဦးဆာ
    နောက်တစ်ခါ ရေးလို့ ကျနော် မပါရင်
    ဦးဆာကို အဆက်အသွယ်ဖြတ်မယ်ဗျာ
    ဒါဗျဲ :mrgreenn:

Leave a Reply