**ဗိုလ်ချုပ်အောင်ဆန်း အကြောင်း (၁)**

အမှာ။ ။ကျွန်တော့်တွင် ၁၉၆၆ ခုနှစ် ဇူလိုင်လထုတ်( လွန်ခဲ့သည့်နှစ်ပေါင်း ၄၆ နှစ်က) ကျုံပျော်စာပေက ထုတ်သော ဗိုလ်ချုပ်အကြောင်းစာအုပ်လေးကို ဖတ်ကောင်းလွန်းလှသဖြင့် မိတ်ဆွေထံမှ အပိုင်တောင်းရုု် သိမ်းထားကာ သုံးလေးခေါက် ဖတ်ပြီးပေပြီ။ ဖတ်လို့မဝသေးသကဲ့သို့ ဖတ်တိုင်း ဗိုလ်ချုပ်ကို လေးစားအားကျခြင်းများလဲ အစဉ်တိုးနေတတ်သည်။နောက်ပြီး မြန်မာပြည်လွတ်လပ်ရေးကို အသက် သွေး ချွေး ဇွဲ ဝီရိယ လုံလ စိတ်ဓါတ်တို့ဖြင့် ရွတ်ရွတ်ချွံချွံ ပေးဆပ် ယူထားရသဖြင့် ဗိုလ်ချုပ်အောင်ဆန်းသာမက အားလုံးသော ထင်ရှားသူရော မထင်ရှားခဲ့ပဲ ပေးဆပ်ခဲ့သူတွေရော အစဉ်လေးစား ဦးခိုက်မိသည်။ ထို့ကြောင့် ကျွန်တော်သည် အားလပ်ချိန်ကလေးများ ရတိုင်း ကွန်ပြူတာရှေ့ထိုင်ရုု် စာအုပ်မှ စာများကို ရိုက်ကာ မိတ်ဆွေများကို ဝေငှချင်သည့် စေတနာများပေါက်လာကာ ကိုယ်တိုင်ရိုက်ပြီး ဝေငှပါသည်။ အကယ်ရုု် ကှု်စာအုပ်သည် ပြင်ပတွင် လွယ်ကူစွာ ဖတ်ရှုနိုင်သော ( သို့မဟုတ်) အများစုဖတ်ပြီးသားများဖြစ်နေပါက ကျွန်တော့ကို အကြောင်းပြန်ပေးပါရန်နှင့် ကှု်စာအုပ်သည် ရှားပါးစာအုပ်ထင်ရုု်သာ အပင်ပန်းခံ ပြီး မျှဝေမိကြောင်း ရိုးသားစွာ မဏာမတင်ပြအပ်ပါသည်။

ရွှင်လန်းချမ်းမြေ့ကြပါစေ
ကိုစိုးနိုင်

………………………..
**ဗိုလ်ချုပ်နှင့် ကျွန်တော်**

(ဗိုလ်တာရာ)
ဘဝ၏အစ။

ကျောင်းခန်းတစ်ခန်းလုံး တိတ်ဆိတ်နေ၏။ ကျောင်းအုပ်ကြီး ဦးလှမောင်၏ ထက်မြက်ပိုင်နိုင်လှသော စကားပြေ ရှင်းလင်းချက် အသံသာလျှင် လွှမ်းမိုးနေတော့၏ ။ ကျွန်တော်တို့ ပျဉ်းမနားမြို့ရှိ ကေ-ဘီ- အမ် အထက်တန်း ကျောင်းကြီး၏ ရှစ်တန်းသင်တန်းကျောင်း ခန်းတွင် ညနေပိုင်းနောက်ဆုံး အင်္ဂလိပ်ဘာသာ သင်တန်း ပေးနေခိုက် ဖြစ်တော့သည်။

ဆရာကြီး ဦးလှမောင် (ဗိုလ်စင်္ကြာ ၏ဦးလေး မစ္စတာ ဂလူ့စမင်း )က ကမ္ဘာကျော် ရှိတ်စပီးယား ကဗျာဆရာကြီး ရေးသားသည့် ယိုမီယိုနှင့် ဂျူးလိယက် ပြဇာတ်ကို စကားပြေ အဓိပ္ပါယ်ရှင်းပြရုု် ကောင်းနေခို်က် ဖြစ်ပါသည်။
ကျွန်တော်၏ စိတ်ထဲဝယ် တစ်ချီတစ်ချီ ရှိတ်စပီးယား၏ ကဗျာဂုဏ်နက်နဲမှု လှိုင်းဂယက်ထဲတွင် မြောကာ နစ်ကာ ပြဇာတ်၏ အရသာကို ခံစားရင်း တစ်ခါတစ်ခါ ကျောင်းခန်းထိပ်ရှိ နာရီကြီးကို ကြည့်မိ မြင်မိသည် တွင် ညနေ လေးနာရီထိုးရန် နာရီဝက်သာ လိုတော့သည်ကြောင့် ကျောင်းဆင်းလျှင် ကျွန်တော်၏ အလွန်ဝါသနာ ကြီးသည့် အလေးမ လက်ဝှေ့ထိုးလေ့ကျင့်မှု တို့ကို ပြေးရုု်စိတ်စောပြီး ပညာနှင့် ကစားခုံစား မှုတို့ လွန်ဆွဲမှုအကြားတို့ဋ္ဌ် လူးလားတုန့်ပြန် ပါရှိနေလေသည်။

ယိုမီယို၏ ကြေကွဲဝမ်းနည်းဖွယ်ရာ မမှာတမ်းတစ်ပုဒ်ကို စိတ်ဝင်စားစွာလေ့လာရုု် အလွမ်း၏ အရသာလေးကို ခံစားနေခိုက်တွင် မမြှော်လင့်သော ခြေသံပြင်းပြင်းကြောင့် စာအုပ်မှ မျက်နှာကို အသာခွာရုု် ကြည့်လိုက်မိသည်။
အရပ် ၅ ပေ ၃ လက္မခန့်မြင့်ရုု် ဘိုကေတိုတိုတွင် ဖိုးရိုးဖားရားဖြင့် ဖီးလိမ်းပြုပြင်မှု ကင်းဝေးခဲ့ကြောင်းကို နီကြောင်ကြောင်အရောင်နှင့် ထိုးထိုးထောင်ထောင် ဖြစ်ပျက်နေသည့် အဖြစ်က အတိုင်းသား ဝန်ခံရုု်နေသော အသားနီစပ်စပ် လူတစ်ယောက်ကို စာသင်ခန်းဝတွင် မပြုံးတပြုံးနှင့် တွေ့ရပါတော့သည်။

ပင်နီကြမ်း အပေါ်ဖုံးအကျင်္ ီကို ကဘိုကရိုဝတ်ရုု် အောက်ခံ ပေါ်ပလင် အဖြူအကျင်္ ီမှာလည်း အရောင် သိတ်မပေါ်ပါ။ အောက်ပိုင်းမှ ယောလုံချည်အနက် သာလျှင် အနက်ရောင်မပျက်ကောင်းရုု် တော်တော်ဟောင်း နေသည့်အဖြစ်နှင့် ခြေဖဝါးနှစ်ဖက်တွင် လေယဉ်ပျံဖိနပ်ကို စီးထားသည့် ဧည့်သည်တစ်ယောက်ကို ခပ်ကြောင်ကြောင်နှင့် တွေ့ရတော့၏။ ထိုဧည့်သည်၏ ညာဘက်လက်တွင် ရှမ်းလွယ်အိ်တ်တစ်ခုကို ဆွဲကိုထားသည်ကို တွေ့ရပြီး ၎င်း၏ မျက်နှာမှာ ကရင်လိုလို ချင်းလိုလိုနှင့် သူကလွဲလျှင် အခြားလူများကို ဂရုမစိုက်သည့် မျက်နှာပေါက်မျိုးကို အကဲခတ်ရုု် ဧကန်တ ဒီလူဟာ လယ်တီစံကျောင်း (ကျွန်တော်တို့ကျောင်း အနောက်ဘက်ဋ္ဌ် ကပ်လျှက်တည်ရှိသည်)ကို လာဖူးရင်း ဒို့ကျောင်းသားတွေကို စာသင်ပုံမမြင်ဘူးရုု် ခေတ္တဝင်ကြည့်သည့် တောနယ်က ဧည့်သည်တစ်ယောက်ပဲ“ ဟုမှတ်ချက်ချကာ ခပ်အေးအေး နေလိုက်ပါသည်။

ကျောင်းအုပ်ကြီး ဦးလှမောင်က စိတ်ပါလက်ပါ သင်ကြားနေသော အင်္ဂလိပ်ဘာသာကို ခေတ္တရပ်နားလိုက်ပြီး မျက်မှန်ကို နေသားတစ်ကျပြန်လည်ရု် နှာခေါင်းရိုးပေါ်သို့တင်ကာ အခန်းဝသို့ ခြေသံပြင်းပြင်းနှင့် ရဲရဲဝန့်ဝန့် လာရပ်ဝံ့သည့် ထိုဧည့်သည်လူထူးကို စူးစူးစိုက်စိုက် လှည့်ကြည့်လိုက်တော့သည်။

ဆယ်စက္ကန့်လောက်ကြာမှ ကျောင်းအုပ်ကြီးက ဗြုန်းကနဲ သတိရဟန် ဖြင့် အားရပါးရ ပြုံးလိုက်ပြီး အခန်းဝဆီသို့ ခပ်သွက်သွက်လှမ်းသွားကာ ထိုဧည့်သည်၏ ပုခုံးကို ခပ်ဆတ်ဆတ်လေး ပုတ်လျှက် —

“မင်း ဘယ်တုန်းက ရောက်နေသလဲဟေ့—- အမယ်လေးကွာ — ဘာသံမကြား ညာသံမကြားနဲ့“

“ခုဘဲ“

မျက်နှာ နီစပ်စပ်နှင့် အခန်းဝရှိ ဧည့်သည်က ခပ်တိုတို မပွင့်တပွင့်နှင့် ဖြေဆိုလိုက်သည်။

ကှု်တွင် ဆရာကြီး ဦးလှမောင်က “အေး အေး –နေဦး မင်းကို ငါ့တပည့်တွေနဲ့ မိတ်ဆက်ပေးရဦးမယ် ကိုင်း အထဲ လာစမ်း—“

သူ၏ဝါသနာ အတိုင်း ကျောင်းအုပ်ကြီးက ဝမ်းသာအားရနှင့် ထိုဧည့်သည်၏ ဘယ်ဘက်လက်ကို ဆွဲကိုက်ရုု် အခန်း၏ အလယ်သို့ ဆွဲခေါ်ခဲ့ပြီး –

“ ဟေ့ ငါ့တပည့်တို့ ဒီဟာပေါ့ကွ— သေသေချာချာ မှတ်ထား မင်းတို့ ကျောင်းသားတွေရဲ့ ခေါင်းဆောင် သခင်အောင်ဆန်းဆိုတာ ပေါ့ကွာ — ဟဲ ဟဲ ဟဲ“
ထိုအခါကျမှ ဟိုကရင်လိုလို ချင်းလိုလို မျက်နှာ နီစပ်စပ် တောကျကျ ဧည့်သည်မှာ ကျွန်တော်တို့ ခေါင်းဆောင် ကိုအောင်ဆန်းမှန်းသိလိုက်ရတော့သည်။

သခင်အောင်ဆန်းကလည်း ကျွန်တော်တို့ကျောင်းသားတစ်သိုက် ဘယ်ပြန်ညာပြန်ကြည့်ရုု် မပြုံးတပြုံးနှင့် တဟဲဟဲ အရယ်ကလေးရယ်လိုက်တော့ သည်။ ကျောင်းသားတွေကလည်း ဘာသဘောမှန်းမသိ တဟဲဟဲ နှင့် ပြန်ရုု်ရယ်သူရယ် တခွီးခွီးနှင့် ပါးစပ်ပိတ်ရုု် ရယ်သံများ၏ အသံများပါ ထွက်ပေါ်လာတော့သည်။ အနားရှိ ကျောင်းသားတစ်ယောက်က “ဒါလားကွ ကျောင်းသား ခေါင်းဆောင် လူကြည့်ရတာ ဘယ့်နှာကြီးမှန်း မသိဘူး အချိုးအစားမကျ ဂွကျကျကြီး“ ဟုမှတ်ချက်ချလိုက်သည်။

ကျွန်တော့ အဘို့မှာတော့သခင်အောင်ဆန်းအား လူထဲမှလူတစ်ယောက်အနေနှင့် တွေ့ရပြီး ဆက်ဆံပုံ ဝတ်ပုံစားပုံ ထူးခြားချက် ဂွကျကျ အမူအရာ ကိုလက်ဦးဆုံး ပထမ မှတ်သားမိလိုက်ရုု် “ဪ နိုင်ငံရေးသမားခေါင်းဆောင် ဆိုတာ ဒီလိုပါလား “ဟူရုု် မှတ်ချက်ချမိလိုက်ပါတော့သည်။

**နိုင်ငံရေးသံသရာ ၏ လမ်းကူး**

ကျွန်တော်ကား နိုင်ငံရေး ရောဂါ ရခဲ့ပေပြီ————–။

ကျောင်းသားခေါင်းဆောင်တစ်ယောက်လည်း ဖြစ်ခဲ့လေပြီ————–။

ထိုမှ တစ်ဆင့် ခရိုင်ဒို့ဗမာအစည်းအရုံးဋ္ဌ်လည်း အမှုဆောင်တစ်ဦးအဖြစ် နိုင်ငံရေးဇာတ်ခုံသို့ တတ်ရောက်မိတော့သည်။ ဗမာ့တပ်ရုံးတပ် ခရိုင်ရဲ စည်းအုပ် တာဝန်ကိုလည်း သဘောတွေ့တွေ့ မနောခွေ့ ရုု် ကျောင်းစာတွေမေ့ခမန်း တာဝန်တွေယူမိပြန်သည်။

ထို့ကြောင့် ယခုအခါဋ္ဌ် ရန်ကုန်ဗဟိုလ် ဒို့ဗမာအစည်းအရုံးသို့ သာယာဝတီမြို့တွင် ကျင်းပမည့် ညီလာခံကျင်းပရေး စီစဉ်မှု အစည်းအဝေးသို့ တတ်ရောက်ရန် ပျဉ်းမနားအပိုင်မှ ကိုယ်စားလှယ်အဖြစ်နှင့် သခင်သိန်းမောင် (ဖြုတ်ခွဲ)နှင့် ကျွန်တော် ရန်ကုန်ဘူတာကြီးသို့ ဆိုက်ရောက်ခဲ့ပြန်သည်။

မီးရထားကကျပ် ခရီးကလည်းရှည်ရုု် ကျွန်တော်တို့ နှစ်ယောက်စလုံး ပင်ပန်းနွမ်းနယ်နေကြးသည်—။ ရေကျော်ဘက်သို့ ကျွန်တော်တို့နှစ်ယောက်ကို ဆွဲပြေးနေသော လန်ခြားကုလားကား ခြေကုန်နေပုံရအောင် နှေးသည့်အတွက် ထမင်းဆာနေသည်ကြောင့် ဒေါသထွက်နေသူ သခင်သိန်းမောင်က“ဂျာလတီး ဂျာလတီး“ဟု အတင်းနှင်နေသည်။ ဘေးမှ ကျွန်တော်က “ဗျို့ဆရာ သိတ်ဂျာလတီးမနေနဲ့ ဘေးက ကားတွေကိုလည်းကြည့်ဦး“ ဟုဝင်ရောက်ဖျောင်းဖျရင်း ရေကျော်ရှိ ဒို့ဗမာအစည်းအရုံးသို့ ဟောဟော ဒိုင်းဒိုင်းဆိုက်ရောက်ခဲ့သည်။ ရုံးကြီးပေါ်တွင် ပုပုကွကွ၊ ရှည်ရှည် မဲမဲ ဖြူဖြူ ပုံသဏ္ဍန် အမျိုးမျိုးဖြင့် ဗမာတစ်ပြည်လုံးရှိ သခင်ကိုယ်စားလှယ်တွေ ဆင်းချီ တတ်ချီနှင့် ခြေရှုတ်နေကြလေသည်။

ကျွန်တော်တို့နှစ်ယောက်က ကိုယ့်သားရေအိတ် ကိုယ်ဆွဲရုု် ရုံးကြီးပေါ် သို့ တတ်ရောက်ခဲ့ပြီး စုံစမ်းရေးဋ္ဌာန ဧည့်ခံကော်မတီဟူသော ဆိုင်းဘုတ်များရှိရာသို့ ခပ်သွက်သွက် ခြေလှမ်းခဲ့ပြီး ကျွန်တောတို့၏ သက်ဆိုင်ရာလက်မှတ်နှင့် အစီရင်ခံစာများကို တင်ပြလေသည်။ မျက်မှန်တဝင့်ဝင့်နှင့် အသက်သုံးဆယ်အတွင်း ရှိ ဆံပင်တိုတိုညှပ်ထားသော စုံစမ်းရေးဋ္ဌာန တာဝန်ခံက ကျွန်တော်တို့ လက်မှတ်များကိုစစ်ဆေးပြီး ဧည့်ခံရေး ဋ္ဌာနသို့ ပို့လေသည်။ ထိုဋ္ဌာန တာဝန်ခံက ကျွန်တော်တို့ကို ကြည့်ရုု် “ကောင်းပြီလေ—“ဟု ပါးစပ်မှ တစ်ခွန်းတည်း မှတ်ချက်ချလိုက်လေသည်။ ကျွန်တော်တို့က နေရာထိုင်ခင်း ချပေးလိမ့်မည်ဟူသော တွေးလုံးနှင့် အသာစောင့်နေသည်။ သို့ရာတွင် နောက်ထပ်ဘာမှ နောက်ဆက်တွဲ မှတ်ချက်မပေါ်လာ။

ဆယ်မိနစ်ခန့်တိုင် သားရေအိတ်ကိုယ်စီကိုင်ကာ စောင့်နေရသော်လည်း ဘာမှစကားပြန်မရသည့် အဆုံးတွင် ကျွန်တော်က ဧည့်ခံကော်မတီရဲဘော်ထံသို့ “ဘယ့်နှယ့်လဲဗျို့ လုပ်စမ်းပါဦး — ကျွန်တော်တို့ ဘယ်မှာတည်းရမလဲ–“

ကှု်တွင် ဧည့်ခံရဲဘော်ကြီးက ဘိုရှုးတိုတိုကလေးကို အသာကုတ်ကာ စုံစမ်းရေးရဲဘော်ထံသို့ “ဟောဒီမှာ သခင်လေးမောင် —ပျဉ်းမနားရဲဘော်တွေက မေးနေပြန်ပြီဗျ –။ ဟဲဟဲ သူတို့ သခင်ဆိုတဲ့အဓိပ္ပါယ် မသိကြသေးဘူးထင်တယ် –ပြောရမှာ ခက်တယ်ဗျာ“ဟုညီးညီညူညူ ရယ်မောရင်း လှမ်းပြောလိုက်ပြီး “ဟော ဟိုဘက်ခန်းမှာ ကံကောင်းရင် နေရာလွတ်ကလေး ရှိပါလိမ့်မယ် ဒီလိုပေါ့ဗျာ –ကြည့်ပြီးနေကြပေါ့“ဟု တစ်ဖက်ခန်းသို့ လက်ညှိုးထိုးပြသောကြောင့် ကျွန်တော်တို့က ထွက်ခွာရန် ချေလှမ်း ပြင်လိုက်စဉ် — သခင်လေးမောင်က “ခင်ဗျားတို့ပစ္စည်းတွေ နေရာချထားပြီးရင် –အထွေထွေ အတွင်းရေးမှုး ဆီသွားပြီး တစ်ဆိတ် အစီရင်ခံလိုက်ကြဦးဗျို့“ဟု လှမ်းပြောလိုက်သေး၏။

ကျွန်တော်တို့ နှစ်ယောက် စိတ်တိုတိုနှင့် အလုပ်အမှုဆောင်များ အလုပ်လုပ်နေရာ ခန်းမကြီးသို့ ခပ်တင်းတင်း ဝင်ရောက်ခဲ့သည်–။ ဒေါင့် တစ်ဒေါင့်ရှိ စားပွဲရှည်ကြီးတွင် မျက်မှန်ဝိုင်းကြီးဖြင့် သခင်စိုး။ စာကုန်းရေးနေသော သခင်သန်းထွန်း ။ သခင်စံထွန်းလှစသည့် ဧရာမခေါင်းဆောင်ကြီးများကို တွေ့ရပြီး စားပွဲတစ်လုံးတွင် ရေးမှတ်နေသည့် သခင်အောင်ဆန်းနှင့် အခြားရဲဘော်နှစ်ယောက်ကို တွေ့ရကာ –အထွေထွေ အတွင်းရေးမှုး ဟူသော စာတမ်းကြောင့် သူတို့ စားပွဲရှိရာသို့ ချဉ်းကပ်မိခဲ့သည်။ ပြီးလျှင် ကျွန်တော်တို့က အစီရင်ခံစာများကိုထုတ်ရုု် သခင်အောင်ဆန်းရှေ့မှောက် တင်ပြလိုက်သည်။ တခဏတွင် သူက စာကုန်းရေးနေရာမှ ဖျပ်ကနဲ မော့ကာ ကြည့်လိုက်ပြီး —-
“ခင်ဗျားတို့ ဘယ်ကလဲ ဆိုစမ်း“

“ကျွန်တော်က ပျဉ်းမနားခရိုင်ကလေဗျာ၊ ကဲ အစီရင်ခံစာ ဖတ်ကြည့်ပေတော့။

“ခင်ဗျားတို့ ရုံးဆင်းခါနီးမှ ဘာလို့လာသလဲ၊ သိပ်ဂွကျတဲ့ လူတွေ“

မဆီမဆိုင် သခင်အောင်ဆန်းက စရျ်ဆူပါတော့သည်။ သခင်သိန်းမောင်ကလည်း နဂိုကပင် ကျွဲမြီးတိုနေရာ ပိုမိုဒေါပွလာပြီး “ခုမှ မီးရထားဆိုက်တယ်၊ ခု ခင်ဗျားတို့ဆီရောက်တယ်၊ ခုလို—ခင်ဗျားက အချောက်တိုက် နောက်ကျတယ်လို့ဆူနေတာ ဘာကောင်းးသလဲဗျ“ဟု မခံမရပ်နိုင် ပြန်ပက်လေတော့၏။ သခင်အောင်ဆန်းကလည်း ရှူးရှူးရှဲရှဲ ဖြစ်လာပြီး—

“ဘာဖြစ်လို့ ခင်ဗျားတို့ ရက်စောစောကြိုမလာတာလဲ၊ ဒီမှာ ကျုပ်တို့တတွေ ဘယ်လောက် ခင်ဗျားတို့အတွက် ခေါင်းရှုပ်နေရသလဲဆိုတာသိရဲ့လား“ဟု ခုနှစ်မောင်းတင်လာပြန်တော့သည်—။ ကျွန်တော့်တွင် “ဘယ်လိုလူစားတွေနဲ့ တွေ့ရပြန်ပြီလဲ“ ဟု နိုင်ငံရေးသမားမဟုတ်ဘဲ လူမိုက်ကန်းကန်းတွေလို လူစားဟူသောအတွေးနှင့် ရှေ့စခန်းကို စဉ်းစားနေခိုက်တွင် စားပွဲကြီးမှ သခင်စိုးက ကြားဝင်ရျ် “ဒီမှာ—သခင်အောင်ဆန်း ဖြေးဖြေးမှ စကားပြောပါ၊ ဒီလူတွေ ခရီးပန်းလာကြတယ်ထင်တယ်၊ ရဲဘော်တို့ ထမင်းသွားစားကြအုန်း၊ ပြီးမှ အေးအေးဆေးဆေးပြောကြပေါ့ဗျာ“ဟု ဖြန်ဖြေလိုက်သည်တွင် အားလုံးသဘောတူပြေအေးသွားတော့၏။ ကျွန်တော်တို့နှစ်ယောက်လည်း ကိုယ့်ပစ္စည်းများကို စနစ်တကျ ပြန်လည်ထားရှိရန်—တည်းခိုခန်းလုပ်ထားသော အခန်းထဲသို့ စိတ်ဆိုးဆိုးနှင့် ပြန်ဝင်ခဲ့သည်။

ကျွန်တော်တို့နှစ်ယောက်က ရေမိုးချိုးပြီး အဝတ်အစားလဲကာ — ရေကျော်ရပ်ရှိ အစည်းအရုံးနှင့် ခပ်နီးနီး ဗမာထမင်းဆိုင်တစ်ဆိုင်ရှိရာသို့ ခပ်သွက်သွက်ချေလှမ်းတင်ခဲ့၏။ သပ်သပ်းယပ်ယပ် ခင်းကျင်းထားသော လေးယောက်စား စားပွဲများဖြင့် သန့်ရှင်းပုံရသည့် ရုပ်ချောချော မိန်းမသုံးဦးတို့ ရောင်းချနေသော ထမင်းဆိုင်ဝသို့ ချေစုံရပ်ကာ နေရာထိုင်ခင်းရှာမိသည်။ သို့ရာတွင် နေရာကွက်လပ် မရှိသလောက် ထမင်းစားချိန်ဖြစ်ရုု် — လူကျပ်နေသည့်အတွက် နောက်ပိုင်းသို့ ပြန်လှည့်မည်အလုပ်တွင် —

“ဟေ့လူတွေ လာကြ ဒီမှာ နှစ်ယောက်စာ နေရာရှိတယ်“

ထမင်းပလုပ်ပလောင်းစားနေသည့် လူအုပ်ထဲမှ အသံတစ်သံကြောင့် ခြေလှမ်းတွန့်သွားရာမှ ဂရုတစိုက်ဖိတ်ခေါ်ရာသို့ ပြန်ကြည့်မိသည်တွင် ကျွန်တော်တို့နှစ်ယောက်ကို တမင်ကလာ ခေါ်နေသူမှာ ဗဟိုလ်ဒို့ဗမာ အစည်းအရုံးကြီးမှ အထွေထွေအတွင်းရေးမှု ဘောက်ဆရာကြီး သခင်အောင်ဆန်းဖြစ်နေတော့ သည်။ သူက ပါးစပ်က ခေါ်ရုံတွင်မကသေး သူနှင့်ထမင်းလွေးနေသော သခင်စိုး ကပါ ကမန်းကတန်းထလာကာ အခန်းဒေါင့်ကျကျ သူတို့ထိုင် နေရာတွင် ကုလားထိုင်နှစ်ခု ပြင်ဆင်ပေးနေမှုကြောင့် ကျွန်တော်တို့နှစ်ယောက်မှာ အားနာစွာနှင့်ပင် ထမင်းဆိုင်ထဲသို့ စွတ်ဝင်ခဲ့မိသည်။ သခင်အောင်ဆန်းက ထမင်းရောင်းသူ မိန်းမငယ်တစ်ဦးကို ထမင်းနှစ်ပွဲ ဝက်သားဟင်း စသည်တို့ကို လှမ်းမှာရင် ရယ်ရယ်မောမောနှင့် ကျွန်တော်တို့ နှစ်ဦးအား နှုတ်ဆက်ရုု် အလ္လာပ သလ္လာပ စကားပြောတော့၏။

ထိုအခါကျမှ သခင်သိန်းမောင် ပြုံးလာဘော်ရ၏။ ကျွန်တော့အဘို့ ယခင် သခင်အောင်ဆန်းကို တွေ့စက တော်တော် အပေါက်ဆိုးသောလူ တစ်ယောက်ဟု သဘောထားခဲ့သည့်နောက် ယခုထမင်းဆိုင် တွင် တော်တော်ဖော်ဖော်ရွေရွေ တွေ့ရပြန်သဖြင့်—အစဉ်းစားရ ကျပ်ရလေ၏။

သခင်အောင်ဆန်းက ကျွန်တော့ကို ဂရုတစိုက်ခြေဆုံးခေါင်းဆုံးကြည့်ကာ “နေပါဦးဗျ ခင်ဗျားကို ကျုပ်ဘယ်တုန်းကလဲမသိဘူး မြင်ဘူးပါတယ်“`

“ခင်ဗျား ကျုပ်တို့ ကေ-တီ-အမ် ကျောင်းလာတုန်းက ဖြစ်မှာပေါ့။ ဆရာကြီးလှမောင်နဲ့ လာတွေ့တုန်းကလေ“ ကျွန်တော်က ကူညီထောက်ပေးမှ—

“ဟား ဟား ဟား ဟုတ်တယ် ဟုတ်တယ် အခုမှ အမှတ်ရတယ် ၊ ဒါနဲ့နေပါဦး ၊ ခု ခင်ဗျား ကျောင်းနေတုန်း လား “

“ခု ၁ဝ တန်းမှာပေါ့ဗျ — တဖက်က နိုင်ငံရေးလုပ်ပြီး တဖက်က ကျောင်းနေသေးတယ် –ဆိုစမ်းပါဦး ဘယ်လိုဝေဖန်ဦး မလို့လဲ“

“ကျုပ်က ဒီလိုလူမျိုးတွေ ရှာနေတာ —- နေပါဦး —- ခုခင်ဗျားအသက် ဘယ်လောက်လဲ–လူကောင်က ထွားသလောက် မျက်နှာက နုနေလို့ဘဲ—“

စူးစူး စိုက်စိုက် ဖြင့်ကြည့်ကာ ကျွန်တော့ကို စစ်တမ်းထုတ်ပြန်တော့သည်။

ကျွန်တော်က လက်ဆေးခွက်တွင် လက်ကိုဆေးကာ နှစ်ရင်း “ဆယ့်ရှစ်နှစ် ထဲမှာဘဲ“ဟု ထမင်းဆာနေသည်ကြောင့် ခပ်တိုတိုဖြေလိုက်ပါသည်။

သို့ရာတွင် သခင်အောင်ဆန်း အလိုက်ကန်းဆိုးမသိပါ။ သူကထမင်းစားနေသော ဇွန်း ခရင်းကို ပစ်ချလိုက်ပြီး ဝမ်းသာအားရနှင့်—-

“ဟေ့—- သခင် ခင်မောင်ဦး ခင်ဗျားကျုပ်ကို ကတိပေးရမယ်– မပေးရင်မနေရဘူး သိလား ခင်ဗျားနိုင်ငံရေးကို ကျုပ်နဲ့အတူ မခွဲတမ်းလုပ်ရမယ် ကျုပ်လုပ်သမျှ ခင်ဗျားလိုက်လုပ်ရမယ် ပြောစမ်း“
သူ၏ ညာဘက်လက်ကို ကျွန်တော့်ဆီသို့ ကမ်းပေးရင်း အတင်းကတိတောင်းသည်ကြောင့် ကျွန်တော့်မှာ မတတ်သာသည့်အဆုံးတွင် လက်ဆေးနေသော ကျွန်တော်၏ ညာဘက်လက်ကို ပြန်ရုု် သူ့လက်တွင်းသို့ ပေးလိုက်ပြီး

“ကောင်းပါပြီဗျာ — ခင်ဗျားခင်ဗျားဆန္ဒ အတိုင်း ပြည့်စုံပါစေ့မယ် ကျွန်တော် ကတိပေးအပ်ပါပြီ“

ဘေးမှ ထမင်းလွေးနေသော သခင်စိုး ၊ အလုပ်အမှုဆောင်အချို့နှင့် နယ်မှ သခင်အပေါင်းတို့က ထမင်းစားပွဲများကို ပုတ်ကာ လက်သီးလက်မောင်းတန်းရုု် “ဒို့ဗမာကွ အောင်ရမယ်“ ဟူသော ဆူညံစွာ ကြွေးကြော် ချီးကျူးသံများက ထမင်းဆိုင်ကလေးကို တခဏအတွင်း ဖုံးလွှမ်းလိုက်ပါသည်။

အငွေ့တထောင်းထောင်းနှင့် ကျွန်တော့ရှေ့လာချသော ထမင်းပန်းကန်ကို ကျွန်တော်က ဆာလောင်စွာဖြင့်ကြည့်ရုု် ဟင်းပန်းကန်အလာကို စောင့်မျှော်နေမိသည်။ ဗြုံးကနဲ သခင်အောင်ဆန်းက သူ့ထမင်းပန်းကန်ထဲက ဝက်သားတုံးကြီးတစ်တုံးကို မပြောမဆိုနှင့် ကျွန်တော်၏ထမင်းပန်းကန် ထဲသို့ ထည့်ပေးရင်း —-

“စားဗျာ — စားဗျာ—- ခင်ဗျားဆာနေရော့မယ်–“

သို့ရာတွင် ကျွန်တော် မှန်သည့်အတိုင်းဝန်ခံရလျှင် ထမင်းစားချင်စိတ်ပျောက်သွားပါပြီ။ အကြောင်းမှာ သခင်အောင်ဆန်း အနည်းငယ်ဖဲ့ထားပြီးသား ဝက်သားတုံးကို ကျွန်တော်စားလိုသည့်ဆန္ဒမရှိပါ။ ကျွန်တော်
ငယ်ငယ်ကတည်းက ကြောင်တတ်သောဗီဇ(ဝါ) ရွံတတ်မှုက ကျွန်တော့်ကိုကောင်းကောင်းကြီး ဒုက္ခပေးလေ၏။ ဤကား သခင်အောင်ဆန်း၏ ဒုတိယမြောက် အလိုက်ကန်းဆိုး မသိမှုပင်။ ထို့ကြောင့် ဟင်းပန်းကန်လာချသည်တွင် ကမန်းကတန်း ကျွန်တော်က ဟင်းတုံးတတုံးကိုဆယ်ကာ သူပေးထားသော ဟင်းတုံးလိုလို အမှတ်တမဲ့စတင် စားသောက်ရင်း သခင်အောင်ဆန်း၏ ထမင်းစားရင်း နားမညည်းတမ်းပြောနေသော ဗမာ့နိုင်ငံရေး သဘောတရားကို နားစွင့်မိပါတော့သည်။

(ဆက်လက်ဖော်ပြပါမည်)
**ကိုစိုးနိုင်**

………………………………….

**ဗိုလ်ချုပ်အောင်ဆန်း အကြောင်း (၂)**

**သခင်ဝါဒလှိုင်းယဉ်သာမှာ**

“ဗမာပြည်သည် ဒို့ပြည်၊ ဗမာစာသည် ဒို့စာ၊ ဗမာစကားသည် ဒို့စကား၊ ဒို့ပြည်ကို ချစ်ပါ၊ ဒို့စာကို လေးစားပါ၊ ဒို့စကားကို လေးစားပါ။“
ဒို့ဗမာအစည်းအရုံး ဆောင်ပုဒ်ကြွေးကြော်သံကား ဗမာပြည်တစ်ဝှမ်းလုံးလိုလိုပြန့်နှံ့မြူးကွန့်လျက် နိုင်ငံရေးတက်ကြွနေခိုက် ဖြစ်တော့သည်။ ထိုလှိုင်းယဉ်သာဌ် ကျွန်တော်လည်း ဗမာ့လွတ်လပ်ရေးကို လိုချင်ရမက်အားကြီးသူပြီပြီ၊ သခင်တစ်ယောက်အနေဖြင့်၎င်း၊ ဗမာ့လက်ရုံးတပ်သားတစ်ယောက်အနေဖြင့်၎င်း၊ ကျောင်းသားသမဂဂရဲဘော်တစ်ယောက်အနေဖြင့်တဖုံ ကူးသန်းကာ မြူးတူးရင်း အထက်ပါဒို့ဗမာဆောင်ပုဒ်ကို အနုလုံပဋိလုံ နှလုံးသွင်းလျက် သာယာဝတီညီလာခံကြီးသို့ သခင်အောင်ဆန်းတို့နောက်မှ တတ်ရောက်ခဲ့လေ သည်။
ဒို့ဗမာသီချင်းကို ဝိုင်- အမ်- ဘီ သခင်တင်က တရားစင်ထိတ်မှ အာဘောင်အာရင်းသန်သန်ဖြင့် တိုင်ကာပေးလျှက် တရားစင်ရှေ့ဋ္ဌ် ပင်နီအကျင်္ ီအုံးခွန်ရောင် နီဝါဝါနှင့် ပါးစပ်တွင် ကွမ်းသွေးကြောင်းများနှင့် အလွန်ထင်ရှားသော သခင်စိုးက ဒေါပါ မာန်ပါနှင့် လက်သီးလက်မောင်းတန်းကာ လိုက်ဆိုလျှက် သခင်အောင်ဆန်းက ခပ်မှန်မှန် မျက်လုံးမှေးကာ စာရွတ်သလို သီချင်းလိုက်ဆိုနေသည်ကို မှတ်သားလိုက်မိပါ၏။ သူတို့နောက်တွင် ကျွဲကော်ကိုင်း မျက်မှန်ဖြင့် သခင်လှဖေ (ဗိုလ်လကျင်္ာ) ပင်နီအကျင်္ ီ ခပ်နုနုဖြင့် သခင်အောင်သန်း (ဗိုလ်စင်္ကြာ) တို့အပြင် သခင်သန်းဖေ သခင်ဗသိန်းကြီးတို့တစ်သိုက် သီချင်း သံပြိုင်လိုက်နေသည်ကို ကြည့်ရင်း ကျွန်တော်သည် ဗမာပြည်ကြီး လွတ်လပ်ရေးကို မရနေ လုပ်တော့မည် ဟူသော အဓိဋ္ဌာန် ဆုံးဖြတ်ချက် ချလိုက်မိတော့သည်။
ညီလာခံဒုတိယနေ့တွင် ဟောဟော ဒိုင်းဒိုင်း မိုးကြီးက ရွာချလိုက်သည်ကြောင့် မဏ္ဍပ်တွေမလုံဘဲ မိုးယိုရုု် တရားပွဲကို ခေတ္တရပ်နားလျှက် ဒို့ဗမာ ဗဟိုလ်အမှုဆောင် ရဲဘော်ကြီးများမှာ ပြင်းထန်လှသော မိုးပေါက်ကြီးများ၏ ဒဏ်ကို အမြန်ဆုံးသင်ဖြူးဖျာများဖြင့် ခေါင်းပေါ်တင်ကာ ကာကွယ်ရင်း ဒုက္ခစရိယာ ကျင့်နေသည်။
ထိုအခိုက်တွင် ခပ်နောက်နောက်သခင်တစ်ဦးက “ကဲ ကဲ ရဲဘော်တို့ မိုးတိတ်အောင် ဒို့ဗမာ ကမ္မဝါ ဖတ်ကြစို့“ ဟုသတိပေးကာ သူကိုယ်တိုင်က ဒို့ဗမာသီချင်းကို ကမ္မဝါစာဖတ်သလို ဋ္ဌာန် ကရိုဏ်းကျကျ “တကောင်း အဘိရာဇာ အစချီရုု် “ဒို့ဗမာ ကမ္မဝါဖတ်သည်တွင် သခင်အပေါင်းတို့လည်း ခေါင်းမြီးခြုံ သင်ဖျာများအောက်မှ တညီတညွတ်တည်း ဒို့ဗမာ ကမ္မဝါကို မာန်ပါပါ ဋ္ဌာန်ကရိုဏ်းကျကျ ဝိုင်းဖတ်ကြသည်ကို မဏ္ဍပ်တစ်ခုလုံး တဟားဟား ပွဲကျနေတော့၏.။
တစ်ညဉ့် ဆွေးနွေးပွဲတွင် ကျွန်တော်ဝင်ရောက်ဆွေးနွေးရန် အလှည့်ကျလေ၏.။ လက်ရုံးတပ်သားတွေ အစောင့်ချထားသော ဆွေးနွေးခန်းထဲတွင် ကိစ္စတစ်ခုကို အကြောက်အကန် ညင်းနေကြသော အမှုဆောင်လူကြီးများနှင့် နယ်ကိုယ်စားလှယ်တစ်သိုက်ကို တွေ့ရသည်။ ကျွန်တော်က သူတို့အုပ်စုထဲသို့ ဝင်ရောက်ထိုင်မိသောအခါ ဆွေးနွေးပွဲအလယ်ကောင်တွင် မှောက်လျှက်အိပ်ကာ တစ်စုံတစ်ခု စဉ်းစားလွန်နေသော သခင်အောင်ဆန်းကို တွေ့ရပါတော့သည်။
အမှုဆောင်တစ်ဦးက သခင်လှဖေဘက်သို့လှမ်းရုု်“ ဘယ့်နှယ့်လဲ သခင်လှဖေ — သခင်အောင်ဆန်းရဲ့ —-အကြမ်းဖက်မှု လုပ်ငန်းစဉ်ကို လက်ခံနိုင်ပါ့မလား “ဟုတွေဝေ စဉ်းစားနေသော သခင်လှဖေသို့ စကားစပေးလိုက်ပါသည်။
သခင်လှဖေက မျက်လုံးကလေးနှစ်ခု အသာပင့်ကာ ကျွန်တော့အားကြည့်လိုက်ပြီး “ဒီမှာ သခင် ခင်မောင်ဦး ကျုပ်တို့ အတွင်းရေးမှုးလုပ်သူ သခင်အောင်ဆန်းက ဗမာ့လွတ်လပ်မှုမှာ လက်နက်ကိုင် တော်လှန်ရေးဟာ အဓိကဖြစ်လို့ သခင်မှန်သမျှ လက်နက်ကိုင်တပ် သဘောမျိုးဖြစ်အောင် ကြိုးပမ်းကြဘို့ အဆိုကို သူကိုယ်တိုင်သွင်းမယ်လို့တဲ့။ သခင်ခင်မောင်ဦးသဘောကော ဘယ်လိုရသလဲ—–“
“ဒီနည်းဟာ ဗမာ့လွတ်လပ်ရေးရဘို့ သေချာတယ်ဗျို့ —လက်နက်ကို လက်နက်ချင်းယှဉ်ပြိုင်ဘို့ရှိတယ်—— ဗမာ့လွတ်လပ်ရေးမှာ အကြမ်းမဖက်ဘဲ အောင်မြင်ဘို့ စိတ်မကူးလေနဲ့“
ကျွန်တော်က ဖြေလိုက်သည်တွင် ဘေးကအမှုဆောင်တသိုက်က ဩဘာပေးလိုက်သည်။
“လုပ်ကွာ—ဘိုးအောင်ဆန်းလူတစ်ယောက် လာပြန်ပြီဟေ့“

သို့ရာတွင် ဝမ်းလျားမှောက်နေသော သခင်အောင်ဆန်းက မတုန်မလှုပ်၊ ဘေးကပရိသတ်ကို သူ့စိတ်ထဲဌ် ရှိသည်ဟူ၍ပင် ထင်ဟန်မတူ။
မနေနိုင်သော သခင်ပုကြီးက သခင်အောင်ဆန်း၏ လက်မောင်းကိုတို့ကာ “ဟေ့—ရဲဘော်ရဲ့ မင်းရဲ့အဆိုကို ထပြီးတခါ ရှင်းပြစမ်းပါအုန်းကွ“
မျက်လုံးပေကလပ်ပေကလပ်နှင့်စဉ်းစားနေသော သခင်အောင်ဆန်းကား နမက္ပတိအရေးမစိုက်၊
သူ့ဘာသာ စဉ်းစား၍ကောင်းတုန်းပင်။ ဘေးက အမှုဆောင်တသိုက်ကသာ သူ့အဆိုကိုဝေဘန်ကာ ကုလားတိုက်ကျားကိုက်ခမန်း အခြေအတင်ဆွေးနွေးနေတော့သည်။
ည ၉ နာရီထိုးသည်အထိ သခင်အောင်ဆန်းကား ဝမ်းလျားမှောက်လျှက် စကား ကားနတ္ထိ။ ဆွေးနွေးပွဲသာ အချိန်ကုန်ရုူ်ရုပ်သိမ်းလိုက်ရသည်။ သခင်အောင်ဆန်းကား မှောက်လျှက် မလှုပ်မရှက်။

တစ်ခါက ဋ္ဌာနချုပ်တွင် သခင်အောင်ဆန်းနှင့် မျက်နှာချင်းဆုံမိပြန်သည်။ ဒီတချီတွင် သူက စကားသွက်လှတော့၏။ သူက ကျွန်တော့ကို တော်တော်ချစ်နေသည်။ သူ့ညီကလေးလိုသဘောထားရုု် သခင် ခင်မောင်ဦးအစား “ဟေ့ ကောင်လေး“ ဟုနာမ်စားတပ်ကာ ကျွန်တော့ကို ခေါ်ဝေါ်နေပြန်သည်။
“တွေ့တွေ့ချင်း —“ဟေ့ ကောင်လေး ငါ့ကို လဘက်ရည်တိုက်စမ်း “ဟု ခပ်တည်တည် အမိန့်ပေးသည်ကြောင့် ကျွန်တော်ကလည်း စေတနာ မတွန့်တိုပဲ “လာလေဗျာ ခင်ဗျား အဝနှိပ်ရမယ် နော် —-အလှမလုပ်နဲ့“
သူက ဟန်ဇားလုံခြည် တစ်ပတ်နွမ်းကလေးကို ကဗျာကရာ ပြင်ဝတ်လိုက်ပြီး တဟီးဟီး ပြုံးပြုံးကြီးနှင့် ကျွန်တော်တို့နှင့်အတူ လဘက်ရည်ဆိုင်သို့ တပြုံကြီးဝင်ရောက်ခဲ့ကြလေသည်။
` ကျွန်တော်လည်း အစားကြီးသူဖြစ်ပါသည်။ ကာယ ဗလတောင့်တင်း လေ့လာသူဖြစ်ရုု် အစားကိုအရှုံးမပေးသလောက် ဒီ့ပြင် ကျွန်တော့်ရဲဘော်များကိုလည်း စားစေလိုလှသည်။ ထို့ကြောင့် သခင်အောင်ဆန်းတို့ကို မုံ့ လဘက်ရည်တို့ကိုု ခွက်ဆင့်ဧည့်ခံလိုက်၏။ကျွန်တော်နှင့် မိတ်ဆွေတစ်ယောက် သခင်အောင်ဆန်းနှင့် ရုံးအမှုဆောင်နှစ်ယောက် ပေါင်း ငါးယောက် မထတမ်း အဝစား အဝသောက်ကြသည်မှာ နောက်ဆုံး ကျွန်တော် ငွေနှစ်ဆယ်ကျော် စာရင်းတွင် ပေးလိုက်ရတော့၏။ ကှု်တွင် ကိုယ်တော်မြတ်က မကျေနပ်သေး သူ့ရုံးခန်းထဲသို့ခေါ်ကာ တော်လှန်ရေးအဘိဓမ္မာကို ကျွန်တော်နှင့် ကျွန်တော့မိတ်ဆွေကို အတင်းနားထောင်စေ၏ ဆွေးနွေးပွဲတုန်းက တေမိလက်သစ် သခင်အောင်ဆန်းနှင့် ယခုလေဖောနေသော အောင်ဆန်းတို့၏ အဖြစ်ဘဝကား ကွာခြားလွန်းလှ၏. သူ၏ တော်လှန်ရေးလမ်းစဉ်ကား မဆုံးတော့ပြီ။ ဗမာပြည်တော်လှန်ရေး အိန္ဒိယတော်လှန်ရေးတို့ကို မူတည်ရုု် ကမ္ဘာ့တော်လှန်ရေးကြီးပါ မကျန် အတင်းနားထောင်စေ၏။ ကျွန်တော်တို့တတွေ လဘက်ရည် ခွက်ဆင့်ချခဲ့သည့် ဒဏ်ကြောင့် ဆီးကြောတွေ တင်းနေရုု် အပြင်တပိုတပါး သွားလိုသဖြင့် –ခေတ္တ မတ်တတ်ရပ်လိုက်သည်ကိုပင် သခင်အောင်ဆန်းက ခွင့်မပေး။ “ ဟေ့ ကောင်လေး ထိုင်စမ်း နားထောင်စမ်းကွ———-ဟိုတိုင်းပြည်က တော်လှန်ရေးခေါင်းဆောင်ဟာ “ ဟုအစချီရုု် တော်လှန်ရေး အဋိကာကြီး ဖွင့်နေပြန်တော့်၏။ ကျွန်တော်၏ မိတ်ဆွေကိုလည်း သူကချမ်းသာမပေး သူ့ခမျာ သခင်အောင်ဆန်းကိုအားနာရုု် အပေါ့အလေးပင် စွန့်ခွင့်မရ။ ကြာတော့ စားပွဲအောက်မှနေရုု် ကျွန်တော့်မိတ်ဆွေက ကျွန်တော့ကို လက်ကုတ်ရု် “ခက်ပြီလကွာ“ဟု အချက်ပေးလေတော့၏ ။မည်မျှကြာအောင် တော်လှန်ရေးတရားတော်— နားဆင်ရသည်မသိ။ တစ်ဖက်ခန်းမှ သခင်တင်မောင်က “ဗျို့သခင်အောင်ဆန်း ဒီ့ပြင်အိပ်နေတဲ့လူတွေကို တဆိတ်အားနာပါဦးဗျ– အိပ်ချိန် လွန်သွားပြီ ဟီးး—-“
မတတ်သာသည့်အဆုံးတွင် ဘေးက အိပ်ချင်နေသော သခင်ဘစုက ထကာ ပွက်တော့မှ သခင်အောင်ဆန်းက မကျေမနပ်ပုံဖြင့် “သိပ်ခက်တဲ့လူတွေ အိပ်ဘို့လောက် အားထားနေတဲ့လူတွေ “ဟု မြည်တွန်ရင်း ကျွန်တော်တို့ကို လူစုခွဲလိုက်ရတော့၏။ သူစကားပြောချိန်သိပ်မကြာ။ ညနေ လဘက်ရည်သောက်ပြီး လေးနာရီမှ ည ၁၁ နာရီ လေးဆယ်မိနစ် အထိသာဖြစ်ပါသည်။
ကျွန်တော်၏ ရဲဘော်မှာ ဆီးစပ်သို့ ရှုံ့မဲ့မဲ့နှင့် နှိပ်ရင်း “သောက်ကျိုးနဲ လူဗျာ– သူ့ဖြင့် မမော မပန်း တခါတလေမှ မထဘဲစကားပြောနိုင်တယ်။ ခု ကျုပ်ဖြင့် ဆီးအောင့်နေပြီ“ ဟု သခင်အောင်ဆန်း၏ ဇွဲကြီးပုံကို ရှုံ့ရှုံ့မဲ့မဲ့နှင့် ချီးကျူးသံထွက်ပေါ်လာပြန်၏။
*****************************************************************************
**ဘဝအလယ်မှ ဟိုင်နန်ကျွန်း**
“ရဲရဲတောက် ဒို့ဗမာပြေ သတ္တိခဲတွေ ရာဇဝင် ထိုးလောက်အောင် စွန့်ပေ——“
ဗမာ့လက်ရုံးတပ် စစ်ချီစစ်တတ် သီချင်းသံကား ဂျပန်တို့၏ စစ်ချီသီချင်း “မိရိုတိုခိုင်နော်“ နှင့် နပမ်းလုံးနေကြတော့၏။ ဟိုင်နန်ကျွန်း “ဆန်းင“စစ်စခန်း တနေရာဠ်ကား ဗမစကား ဂျပန်စကား သဒ္ဒါမမှန်သော အင်္ဂလိပ်စကားသံများဖြင့် မိုးမွှန်နေတော့သည်။
“လူတွေကြည့်တော့ နှုတ်ခမ်းမွှေး မုတ်ဆိတ်ဖားဖား အသားနက်မှောင်ရုု် ကုလားရုပ် ပြောတော့ဗမာစကား ဂျပန်စကားကို အင်္ဂလိပ်ဘာသာစွက်ရုု် ဘယ်လိုလူစားတွေလဲ မသိရအောင် ဝတ်ဆင်ထားတော့ ဂျပန်စစ်ဝတ်စစ်စားတွေမို့ ဒို့ကို မြင်ရတဲ့လူတွေကတော့ လူတစ်မျိုးတွေ လူမျိုးတစ်ရာ့တစ်ပါး မှာ ဒို့ပါ တစ်ရာ့နှစ်ပါး လူမျိုးကွ“
တခါက ကျွန်တော်တို့ အဖြစ်အပျက်ကို လေ့ကျင့်ခန်း ဆင်းရာဋ္ဌ်ဝေဖန်မိကြရင်း ဗိုလ်မြဒင်၏ မှတ်ချက်မှာ ကျွန်တော်တို့၏ ဘဝမှန်ကို မှန်ထဲဋ္ဌ် အကွင်းသားပြနေသည်နှင့် တူတော့၏။
သခင်အောင်ဆန်း ဦးစီးသည့် ဗမာ့လွတ်လပ်ရေး တပ်မတော်ကြီး၏ အမြုတေတို့ စုဝေးပေါက်ဖွားရာ ဟိုင်နန်ကျွန်းစစ်စခန်းတစ်နေရာမှ ရဲဘော်သုံးကျိပ်တို့ကို စိတ်ဓါတ်မကျဆင်းစေရန် သခင်အောင်ဆန်း သခင်အောင်သန်း သခင်လှဖေ တို့က ကွပ်ကဲအားပေးနေခိုက်ပင်။
ကျွဲ နှင့် နွားနှင့် ပြိုင်ကာ စစ်ပညာတတ်မြောက်မှုအတွက် အရွယ်နှင့်မလိုက်အောင် ပင်ပန်းနေကြသည်။ ဒိုင်းအိပန် ဒိုင်းနီဟန် ဒိုင်းစံပန် (အမှတ် ၁ အမှတ်၂ အမှတ် ၃ တပ်ခွဲ)များအနက် သခင်အောင်ဆန်းက ဒိုင်းစံပန် အမှတ် – ၃ တပ်ခွဲဋ္ဌ် စစ်ပညာသင်ယူရင်း တဖက်က ဗမာ့လွတ်လပ်ရေး စီမံကိန်းကို ရေးဆွဲကာ တဖက်က ဂျပန်စစ်ဘက် နိုင်ငံရေးထိတ်တန်းပုဂ္ဂိုလ်ကြီး များနှင့် နိုင်ငံရေး ပရိယာယ် လွန်ပွဲကျင်းပရသေး၏။ တချီတချီ သူက ကှု်ချောင်ကျကျ အညတရ စစ်စခန်းမှ ဂျပန်ပြည် တိုကျိုမြို့ပေါ်သို့ စစ်ရေးဆွေးနွေးပွဲ အတွက် ခရီးထွက်ရသေး၏။ ကျွန်တော်တို့ တတွေသာ ဟိုင်နန်ကျွန်း၏ ငှက်ဖျားတောထဲဠ် ခြင်ကိုက် မှတ်ကိုက်ခံရင်း ရွံ့နွံ ဆူးရစ်ခြုံများမှနေရုု် အမြောက်ကြီး အမြောက်ကလေးတွေကို ကျောပိုးကာ ဗမာ့ လွတ်လပ်မှုဒဏ်ကို မချိတင်ကဲ ခံနေကြရ၏။
(ဗိုလ်စင်္ကြာ) သခင်အောင်သန်း ၊ ဗိုလ်လင်းယုံ၊ ဗိုလ်အောင်ဆန်းနှင့် ကျွန်တော်တို့လေးယောက်မှာ ဂျပန်နှစ်ယောက်နှင့် တခြင်ထောင်ထဲတွင် စုအိပ်ခဲ့ရသည်။ ကျွန်တော်နှင့် ဗိုလ်လင်းယုံသာ ခြင်ထောင်ခင်း အိပ်ရာသိမ်း တာဝန်ယူရရုု် သူတို့လူကြီးနှစ်ယောက်က ကျွန်တော်တို့ကို “ကောင်ကလေးတွေ ဒါတွေလုပ်ဦးကွ“ ဟုအတွင်သာ ခိုင်းလေ့ရှိသည်။ တချီတချီတွင် ကျွန်တော်တို့ ထမင်းချက်အလှည့်တွင် သခင်အောင်ဆန်းမှာ ကန့်လန့်ကန့်လန့် ပါလာသည့်အတွက် ဂျပန်ဆရာတွေကို ကျွန်တော်တို့ခေါင်းဆောင်ကြီးအား ကှု်သို့ထမင်းချက် မခိုင်းရန် သွားရောက်တောင်းဆိုမိသည်။ ဂျပန်ဆရာများ ကရှုးရှုး ရှဲရှဲ ဒေါပွကာ “ခေါင်းဆောင်ကော ဘာကော နားမလည်ဘူး ခုအချိန်ဟာ စစ်သားတွေပဲ စစ်သားမှန်ရင် စစ်တပ်တာဝန်ကိုလုပ်ရမယ်“ ဟုပြတ်တောင်းစွာပြောဆိုသည်တွင် ဗိုလ်ချုပ်အောင်ဆန်းက ကြားဝင်ရုု် “မင်းတို့ ဘာမှမပြောကြနဲ့ ဟုတ်တယ် စစ်သားဟာ စစ်သားဘဲကွ“ဟု အတင်းဖြေရှင်းလိုက်သည်။

ထို့ကြောင့်သူ့ကို ကျွန်တော်တို့တတွေက ထမင်းချက်လုပ်ငန်းတွင် အိန္ဒြေအရဆုံး အသက်သာဆုံးဖြစ်သော ပန်းကန်ဆေး စားပွဲခင်းတာဝန်ကို ပေးအပ်ကာ ကျွန်တော်တို့ လူတစ်စုမှာ ချွေးတလုံးလုံးနှင့် ထင်းပေါက် ရေခပ် ထမင်းအိုးတည်နှင့် အတော်ကလေးပင်ပန်းလိုက်ရ၏။
လူနာတင် ထမ်းစင်လိုလို စင်ကလေးတစ်ခုပေါ်တွင် ဆရာကြီးတွေအတွက် ထမင်းဟင်းများ ပုဂံ တူ လက်သုတ်ပုဝါ အစုံဖြင့် ပြည့်နှက်နေအောင်ဆင်ပြီး အရှေ့မှ လန်ကွတ်တီမှတပါး အခြားမဲ့ကိုယ်တုံးလုံးနှင့် သခင်အောင်ဆန်း နောက်က ဗိုလ်အောင်ဒင်က စင်ကလေးကိုထိမ်းရင်း——— စစ်မြေပြင် လူနာကောက်သလို ဂျပန်ဆရာကြီးတွေ (ဗိုလ်ကြီးတွေ) ရှိရာသို့ ထမင်းပို့သွားသည်ကို သတိရမိ၏။ ဗိုလ်စောအောင်မှာ လေ့ကျင့်ခဏ်းက ပင်ပန်း စိတ်က ဆင်းရဲသည်ကြောင့် ဆရာကြီးတွေထံ ထမင်းသွားပို့သည့် လုပ်ငန်းကို ဗမာပြည် အညာအရပ်က မသာကစားသလို ထမ်းစင်လေးကို မြှင့်လိုုက် ဆွဲလိုက် ကစားပြီး ပါးစပ်က မသာဆိုင်းတီးကာ စိတ်ထင်ရာလုပ်နေသည်ကြောင့် ရှေ့မှ သခင်အောင်ဆန်းခမျာ မှာ အနေရ အသွားရခက်ပြီး “ဟေ့ တော်ပါတော့ကွ တော်တော်ကြာ မှောက်ကျကုန်လို့ သောက်စကားများကုန်မယ်“ ဟု တောင်းပန်သည်ကို ကျွန်တော်တို့တတွေမီးဖိုထဲမှ မြင်ရရုု် အူနှိပ်အောင် ရယ်မိကြပါသည်။
ဂျပန်ဆရာတွေမှစရုု် ဂျပန်စစ်ကျောင်းသားတွေကပါ ကျွန်တော်တို့ရဲဘော်သုံးကျိပ် ဗမာကျောင်းသားတွေကို နည်းအမျိုးမျိုး ပုံအမျိုးမျိုးနှင့် နှိမ့်ချ ညှင်းဆဲကြလေသည်။ အစားအသောက်က ဝက်စာကျွေးသလောက်မှ မဟန်သည့်အထဲတွင် လေ့ကျင့်ခဏ်းက အဆမတန် ပြင်းထန်မှုအဆုံးတွင် ရဲဘော်တိုင်း၏ မျက်နှာမှာ မခံရပ်နိုင် ။တစုံတခု ပြတ်ပြတ်သားသား လုပ်ချင်စိတ်များ အထင်းသား ပေါ်လွင်နေတော့၏။ ကှု်အချိန်တွင် သခင်အောင်ဆန်းက ဗမာရဲဘော်အားလုံးကို အားလပ်ချိန်တွင် စုရုံးစေပြီး “ငါ့ညီတိုက သတိထားကြပါကွာ ဒို့အကြံအစည် အထမြောက်တော့မှာ သိတ်မဝေးတော့ဘူး — သေရင်မြေကြီး ရှင်ရင် ရွှေထီးပေါ့ —သီးခံကြပါ ဒီတချီ ဒို့တတွေ စွမ်းဆောင်မှုသတ္တိ ၊ဂုဏ်ထူးနဲ့ ဗမာ့ရာဇဝင် တခေတ်ပြောင်းလိုက်ကြရအောင် “ ဟုပြုံးပြုံးရွှင်ရွှင်နှင့် ဩဝါဒပေးမှုကြောင့် ကျွန်တော်တို့တတွေ၏ ဒေါသတွေ မကျေနပ်မှုတွေမှာ သခင်အောင်ဆန်း၏ ခေါင်းဆောင်မှုအောက်တွင် အရေပျော်ကုန်တော့သည်။ ဂျပန်ကျောင်းသားတွေက ကျွန်တော်တို့အပေါ် စော်ကားမောက်မာမှု တိုးရုု် တိုးရုု်လာသည်။ ကျွန်တော်တို့ လူငယ်ပိုင်းက သခင်အောင်ဆန်းတို့ လူကြီးပိုင်းတွေ အသိမပေးဘဲ တိတ်တဆိတ်စည်းဝေးကြပြီး ဂျပန်ကျောင်းသားထဲက အစွာဆုံး “နော်ဟာရား ၊ နမ်ဘ “ ကှု်နှစ်ကောင်ကို ဗိုလ်မင်းခေါင် ဗိုလ်ဇင်ယော်တို့နှင့် အစချီ ရန်ဖြစ်စေတော့၏။ ဗလုံးဗထွေး ဖြစ်နေခိုက်တွင် ကျွန်တော်တို့ ဗမာကျောင်းသားတွေက ဘေးမှ ဖျဉ်သလိုလုပ်ပြီး ဂျပန်နှစ်ကောင်ကို ဝိုင်းချုပ် ကိုင်ပေးလိုက်၏။
မကြာမီ ကျောင်းအုပ်ကြီး ကာဝါရှီးမား ရှေ့မှောက် ဂျပန် ၊ ဗမာကျောင်းသားတွေ အတန်းစီရောက်ရလေ၏။ ကျောင်းအုပ်ကြီးက သိတ်အရှည်မပြောပဲ ဗမာ ဂျပန်ကျောင်းသားများ ညီအကိုများ ဖြစ်ကြရုု် တစ်ဦးနှင့်တစ်ဦး သီးခံရန် ဆုံးမကာ သခင်အောင်ဆန်းတို့ကို ချန်လှပ်ခဲ့ပြီး ကျွန်တော်တို့ကို တန်းဖြုတ်ပြန်လွှတ်လိုက်သည်။
တခဏမျှကြာလျှင် ဗမာကျောင်းသားများကို သခင်အောင်ဆန်းကစုပြီး လူငယ်ပိုင်းခေါင်းဆောင် ဗိုလ်အောင် ဗိုလ်ရန်နိုင်နှင့် ကျွန်တော့်ကို မဲတင်းကာ “မင်းတို့ ညံ့လို့ ဒီလိုရန်ဖြစ်ရတာ“ ဟုစွတ်စွဲရုု် သဲသဲမဲမဲ ဖိကြိမ်းပါတော့သည်။ ဗိုလ်အောင်နှင့် ဗိုလ်ရန်နိုင်တို့ကား ခေါင်းကြီးတွေငိုက်ဆိုက်နှင့် ဘာမှပြန်ရှင်းဘော်မ၇။ ကြာသော်မနေနိုင်သည့်အဆုံးတွင် ကျွန်တော်က——“ကျွန်တော်တို့ကို စော်ကားလွန်းလို့ ကျွန်တော်တို့စီစဉ်ပြီး ပြန်ချလွှတ်လိုက်တယ် ခင်ဗျားတို့ လူကြီးတွေမကျေနပ်ရင် ကျွန်တော်တို့ကို ကြိုက်သလိုတီးပေတော့ –“ ဟု သတိအနေနှင့် ရင်ကော့ကာ ခပ်ပြုံးပြုံးဖြေလိုက်မိပါတော့၏။ ကှု်တွင်မှ သခင်အောင်ဆန်းနှင့် သခင်လှဖေတို့က စိတ်ဆိုးရာမှ ဗြုံးကနဲ ပြုံးပြုံးကြီးတွေဖြစ်လာပြီး “မင်းတို့ တော်တော်ရှုတ်တဲ့ အကောင်လေးတွေ — အချိန်မကျသေးဘူးကွ သူတို့ကို မလုပ်နဲ့အုန်း“ ဟု ဂျပန်-ဗမာ ရုံးရင်းဆန်ခတ် မှုကြီး ပလပ်ခဲ့ကြလေသည်။
စစ်လောက တစ်ခုလုံးတွင် ဗိုလ်ချုပ်အောင်ဆန်းကို ကျွန်တော်အမှတ်မိဆုံးအချိန်မှာ ဟိုင်နန်ကျွန်း၏ ကျွန်တော်တို့နောက်ဆုံးဘိတ် စစ်လေ့ကျင့်ခဏ်းဆင်းသည့်နေ့ပင်တည်း။ ဂျပန် ဆရာကြီး ဆရာလေးလုပ်သူများက ဂျပန်-ဗမာကျောင်းသားတို့၏ စိတ်ဓါတ် စစ်ပညာလေ့ကျင့်မှု ဇွဲ ရှိမရှိ စုံစမ်းရန် အထူးတလည်စီစဉ် ကာထားသော ခရီးရှည် တိုက်ပွဲကြီးဖြစ်လေသည်။ နံနက် ၅ နာရီမှ တပ်ခွဲ သုံးခွဲ ခွဲကာ ကျောင်းအုပ်ကြီးကိုယ်တိုင် မြင်းများစီးရုု် ကွပ်ကဲ အုပ်ချုပ်ကြပြီး ဟိုင်နန်ကျွန်း၏ အရှေ့ပိုင်း ရေတပ်စခန်းမှစရုု် တို်က်စစ်ဆင်စေ၏။ ဗိုလ်မင်းခေါင်နှင့် ဗိုလ်ဘုန်းမြင့်တို့က အရှေ့ဖျားကင်းထောက် ။ ကျွန်တော်က ရှေ့ဖျားတပ်ခွဲ တပ်စိပ်မှုးအဖြစ်နှင့် တပ်ခွဲမှုးအဖြစ် သခင်အောင်ဆန်းက အုပ်ချုပ်ရုု် ချီတတ်တိုက်ခိုက်ကြသည်။ ဆရာတွေ ပြောပုံဆိုပုံအရ စစ်ကြောင်းခရီးမှာ မိုင်လေးဆယ်ဟု သိလိုက်ရရုု် ကျွန်တော် မျက်လုံးပြူးသွားပါသည်။
ရှေးဦးဆုံးရန်သူကင်းနှင့် ကျွန်တော်တို့တပ်ဖွဲ့များ စတင်တွေ့ရှိရုု် တိုက်ခိုက်ကြပြီးနောက် -ဗိုလ်မင်းခေါင်နှင့် ရှေ့ဖျားကင်းတပ် ဂျပန်ဆရာတို့ ရန်ဖြစ်ကြတော့၏။ ဂျပန်ဆရာက သူထင်တိုင်းခိုင်းမရရုုု် ဗိုလ်မင်းခေါင်ကို ဆဲသည်။ ဗိုလ်မင်းခေါင်က မောပန်းနေရာတွင် ဆဲရမည်လားဟု ဆရာကို ဆဲရုံမက သေနတ်နှင့်ရိုက်မည် ပြုသည်ကြောင့် ၎င်းကို ကျွန်တော့်နေရာသို့ပို့ပြီး ကျွန်တော့မှာ အချောက်တိုက် အရှေ့ဖျားကင်းနေရာကို ယူလိုက်ရ၏။
ခရီးကာ ၁၅ မိုင်လောက်ပေါက်ခဲ့လေပြီ။ ထုံးစံအတိုင်း ဟိုင်နန်ကျွန်းနေသည် မညှမတာ ပူတော့၏။ တချီတွင်နောက်ပိုင်းတပ်မသို့ ပြန်ရုု် သတင်းပို့ရောက်ခဲ့သည်။ ဗိုလ်လကျင်္ာတစ်ယောက် ၁ဝ မိုင်အလွန်တွင် အမောဆို့ မေ့မြောကျန်ရစ်ကြောင်းသိရသည်။ ဂျပန်လေးယောက်လဲ ထိုနည်းတူစွာပင်။ သခင်အောင်ဆန်းကို မြင်ရသည်မှာ မသက်သာ။ ဟန်သာရှိတော့သည်။ လက်တစ်ဖက်က ဓါးလွတ်ကိုကိုင်ကာ ပါးစပ်မှ အမြှုတ်ထွက်နေအောင် စစ်မိန့်ပေးနေ၏။ ကျွန်တော်လည်းမောနေပါ၏။ သို့ရာတွင် ကျွန်တော်ကား ကာယသမား လူကြမ်းတစ်ယောက်ဖြစ်ရုု် ခံနိုင်စွမ်းရှိ၏။ သခင်အောင်ဆန်းခမျာ ရှေ့သို့တအားလွှားရုု် ကိုက်အစိတ် အတင်းတတ်လိုက်ရာ ခလုပ်တိုက်ကာ ဂျွန်းထိုးမှောက်ခုံနှင့် လဲကျပြီး မထနိုင်တော့ပါ။ ကှု်တွင် ကျွန်တော့မှာ မနေသာဘဲ သူလဲကျနေရာသို့ အပြေးရောက်သွားမိပြီး သူ့ကို ထူမကာယပ်ခပ်ပေးမိ၏။ ကျွန်တော့နောက်ကျောသို့ တစ်စုံတစ်ယောက် ခပ်ဆတ်ဆတ်ကလေး တစ်စုံတစ်ခုနှင့် ရိုက်လိုက်သည်ကြောင့် သခင်အောင်ဆန်းကိုပွေ့ထားရာမှ မော့ကြည့်လိုက်သည်။ မျက်နှာဆိုးဆိုးနှင့် စိတ်မနှံ့တနှံ့ ဂျပန်ဆရာ “နော်ဆေး“ဆိုသူက အပြစ်တင်သည့်အမူအရာဖြင့် “မကောင်းဘူး မင်းဒီကိုလာပြီး ကူညီတာ မကောင်းဘူး ။ရှေ့တတ်ပါ မင်းတာဝန်မဟုတ်ဘူး။ သူသေရင်လဲ ဘာဖြစ်သလဲ — ခုထွက် ခုတတ်—“
ကျွန်တော် ပူထူသွားသည်။ လှံစွတ်တပ်ထားသော ရိုင်ဖယ်ကိုဆုတ်ကိုင်ကာ ဗိုလ်မင်းခေါင်ထက်ဆိုးသော အလုပ်ကို ရှေ့ရှုလိုက်သည်။ တုံရီနေသော လက်တစ်ဖက်က ကျွန်တော့လက်မောင်းကို ဆွဲလိုက်တော့သည်။ မှေးမှိန် ရီဝေနေသော မျက်လုံးဖြင့် သခင်အောင်ဆန်းက ကျွန်တော့်ကို အပြစ်တင် တားဆီးသည့်ဟန်နှင့် ကြည့်ရုု် ခေါင်းခါပြတော့သည်။ ကှု်တွင် ဂျပန်ဆရာကိုရော သူ့ကိုရော ဒီလောက်သီးခံရပါမည်လား ဟုရောနှော အပြစ်တင်ကာ စိတ်ဆိုးလွန်းသဖြင့် ဝုန်းကနဲ ထရုု် ရှေ့သို့ အပြေးတတ်ခဲ့သည်။
ထိုနေ့ ခရီးရှည်တိုက်ပွဲသည် ည ၉ နာရီမှ ပြီဆုံးသည်။ တပ်စခန်းသို့ ပြန်ရောက်နိုင်သူ ဗမာကျောင်းသား ဗိုလ်လင်းယုံ ဗိုလ်ဇင်ယော် ဗိုလ်ရန်နိုင် ဗိုလ်တာရာ ဗိုလ်ဉာဏ ဗိုလ်မြင့်အောင်နှင့် ဂျပန်ကျောင်းသား လေးယောက် ပေါင်း ဆယ်ယောက်သာ ရှိသည်။ ခေတ္တ သတင်းပို့စဉ် သတိအနေမပျက်အောင် မနည်းဒုက္ခခံကာ ချူပ်တီးထားလိုက်ရ၏ ။ ကျန်စစ်ကျောင်းသားများကို ကားနှင့်ပြန်တိုက်ယူရသည်။ လေ့ကျင့်ခဏ်း သုံးရက် အနားပေးယူရသည်။ မပေးရုု်လည်း မဖြစ်ပါ။ ကျောင်းသားအားလုံး ဆေးရုံတတ်ယူရသောကြောင့်တည်း။ သခင်အောင်ဆန်းက ဆေးရုံထဲ ကျွန်တော်ဝင်လာစဉ်—–
“ဟေ့——– ကောင်လေး———-သတိထားနော်—–သီးခံစမ်းပါကွာ “ဟု ခပ်ပြုံးပြုံးကြီး ပြောရင်း သူ့ကို နှိပ်ခိုင်းတော့သည်။
**စစ်လောက ခရီးကြမ်းဝယ်**

ဘန်ကောက်တမြို့လုံး ဂျပန်စစ်တပ်တွေ ဒင်းကြမ်းနှင့် ယိုးဒယားပြည်တစ်ပြည်လုံး နီပွန်အလံများ လွှမ်းမိုးလျှက် ကမ္ဘာ့အရှေ့ပိုင်းတစ်ခုလုံး ဂျပန်စစ်ဘီလူးကြီးက ဝါးမြိုထားခိုက်ဖြစ်တော့သည်။

ဗိုလ်အောင်ဆန်းခေါ် ဗိုလ်တေဇ၊ တချိန်တခါက အညတသခင်အောင်ဆန်းဖြစ်ခဲ့သူ ဦးစီးသည့် ဗမာ့လွတ်လပ်ရေးတပ်မတော် စစ်ဋ္ဌာနကြီးကား —ဘန်ကောက်မြို့အရှေ့တောင်ဒေါင့်ရှိ ဇရပ်နီရပ်ကွက်ခေါ် ဆာလာဒင်ရပ် နိုင်ငံခြားသားများသံရုံးတစ်ခုလုံးဋ္ဌ် ခန့်ညားစွားစခန်းချလျှက် စစ်ရေးပြင်နေတော့သည်။ ဗိုလ်ချုပ်အောင်ဆန်းကား ဒုတိယစစ်သေနာပတိအဖြစ် နှင့် တိုက်ရေးခို်က်ရေးမှစရုု် တပ်မတော် ဖွဲ့စည်းရေးပါမကျန် တာဝန်ခံယူရသည်ဖြစ်သဖြင့် စိတ်ပန်းလူပန်းဖြစ်နေပုံရလေသည်။

ကျွန်တော်စခန်းချသော အမေရိကန် သံအမတ်အိမ်ဋ္ဌ် ကြီးကျယ်လှသည့် စာဖတ်ခန်းမကြီးထဲမှ စစ်နှင့် ပတ်သတ်သောစာအုပ်များကို အားလပ်ခွင့်ရတိုင်း မွှေနှောက် အမြတ်ထုတ်ရုု် ကျွန်တော်က စာဂျပိုးလုပ်နေမိ၏။ တစ်နေ့တွင် အခန်းတစ်ခန်းထဲမှ ကျွန်တော့ခြေထောက်နှင့်တိုင်းချုပ်ထားသလို အံကိုက်နေသော TOP BOOTS ဒူးဆစ်အထိရှည်ရုု် ပထမတန်းသားရေနှင့် ချုပ်ထားသည့်စစ်ဖိနပ်တစ်ရံ ကို ကျွန်တော်တွေ့ရှိရုု် ကျကျနနဆေးတိုက်ပြီး အိပ်ရာထိပ်ဋ္ဌ် စနစ်တကျ ထောင်ထား၏။ ညနေ စစ်လေ့ကျင့်ခဏ်းမှ အပြန်တွင် ကျွန်တော် အလွန်နှစ်သက်လှသော ဘိနပ်အရှည်ကြီး ကြက်ပျောက် ငှက်ပျောက် ပျောက်နေတော့၏။ အိပ်ခန်းစောင့်ရဲဘော်တစ်ဦးကို ခေါ်ယူစစ်ဆေးသည်တွင် —–ဗိုလ်ချုပ်အောင်ဆန်း က အိမ်ခန်းများကို လာရောက်စစ်ဆေးသည်တွင် ကျွန်တော့်ဘိနပ်ကို တွေ့သွားသဖြင့် ဘာမပြော ညာမပြောနှင့် အသင့်စီးထွက်သွားကြောင်း အစစ်ခံလေတော့သည်။

သူ့ဋ္ဌာနချုပ်ရုံးခန်းထဲဋ္ဌ် စမတ်ကျကျ ကျွန်တော့ဘိနပ်ကို အခံ့သားစီးကာ မြေပုံတွေကြည့်နေသော ဗိုလ်ချုပ်အောင်ဆန်းကို တွေ့ရရု် ဒေါသဖြစ်နေသော ကျွန်တော်က အလေးပြုလိုက်ပြီး—–

“ခင်ဗျား — ဒီဘိနပ်ကို — ဘာလို့မပြောဆိုဘဲ ယူသွားသလဲ—“

“ငါ စီးချင်လို့ကွ“ သူကခပ်တည်တည် ၊ခပ်အေးအေး အမှုမထားသလို ပြန်ဖြေသည်တွင်———-

“ခင်ဗျားတို့ လူကြီးတွေ ဘာမှစည်းကမ်းမရှိဘူး ၊ သိပ်ခက်တယ်—“

ဒေါပွပွ နှင့် ကျွန်တော် နင်းဆူပါတော့သည်။

သူက စိတ်ဆိုးသည့်အခါ စီးကရက်ကို အားရပါးရ ဖွာလိုက်ပြီး ပြုံးဖြဲဖြဲကြီးနှင့် ကျွန်တော့်ဆီသို့ ဆေးလိပ်ငွေ့များမှုတ်ထုတ်လျှက်—

“ကွာ—– ငါ့ညီကလည်း— ငါ့ညီဘိနပ်ကို စီးစရာမရှိလို့ ငါယူစီးတယ်၊ မင့်ဘိနပ်ဟာ ငါ့ဘိနပ်ဘဲကွ
၊ ပြီးတော့ ငါနေရတာက စစ်သေနာပတိရာထူးယူထားရတော့ တကယ်လို့ ငပုတွေ(ဂျပန်စစ်ဋ္ဌာနချုပ်)နဲ့ စကားပြောတဲ့အခါမှာ— ငါ့ကို အထင်သေးခံရရင် မင်းတို့ကို အထင်သေးခံရတာနဲ့ အတူတူပဲ –မဟုတ်လား–၊ ပြီးတော့ ငါ့ညီဘိနပ် ပြန်ယူပေါ့ကွာ– စိတ်ချပါ။ ငါပြောလိုတဲ့အဓိပ္ပါယ် ရှင်းရဲ့မဟုတ်လား–လူကြီးစိတ်ထားစမ်းဟေ့— ကောင်ကလေး-“

ကှု်တွင် ကျွန်တော့မှာ သူ၏အဖြစ်ကို ဒေါသဖြစ်ရာမှ သနားလာပြီး သူပြောဆိုသည့် ဗမာ့လွတ်လပ်ရေး တပ်မတော် စစ်သေနာပတိကို ဂျပန်တွေ အထင်သေးမခံစေရမှု ရည်ရွယ်ချက်၊ အကြောင်းပြချက်။ ခိုင်လုံနေသောကြောင့် အဆုံးတွင် “ကောင်းပါပြီဗျား— ခင်ဗျားစီးပြီးတော့ ပြန်ပေးနော်“

“အင်း“

သူက ကျေနပ်စွာ တစ်ခွန်းတည်း ဖြေဆိုလျှက် — ကျွန်တော့ကို သေနင်္ဂဗျူဟာနှင့် နည်းပရိယာယ်အကြောင်း တိုင်ပင်ဆွေးနွေးစေပါသည်။
ဗမာ့လွတ်လပ်ရေးတပ်မတော် စစ်ဋ္ဌာနချုပ်ကြီးတစ်ခုလုံး တိတ်ဆိတ်နေပါသည်။ ထိန်ထိန်သာသာ ယိုးဒယားပြည်၏ ညခင်းက ကျွန်တော်တို့ရဲဘော်သုံးကျိပ်ဝင်တို့ကိုု သာယာမှုရင်ခွင်ဆီသို့ ညို့ယူခေါ်ဆောင်သွားပါသည်။ တိုက်ကြီး၏ အထက်ထပ် အောက်ထပ်တွင် မီးတွေလင်းနေသလောက် ကင်းစောင့်ရဲဘော်များနှင့် ကျွန်တော်သာ ကျန်ရစ်ခဲ့သည်။ စစ်လောကတွင်းက စစ်သားတွေပီပီ မသေမီ ပျော်သလိုသာနေလိုက် ကိုယ့်လူရေ–ဆိုသလို ရဲဘော်သုံးကျိပ်ဝင်တို့သည် ပြင်ပ ယိုးဒယားညနန်းသို့ ခပ်မူးမူးနှင့် ခြေကုန်သုတ်သွားကြသည်။ ကျွန်တော်သာ လက်ရွေးစဉ်ရှာဖွေထားသော စစ်သေနင်္ဂဗျူဟာ အခြေခံစာအုပ်ကို အလွန်စိတ်ဝင်စားစွာ လေ့လာနေခိုက်ဖြစ်လေသည်။

“ဟေ့ ကောင်လေး ဘာတွေဖတ်နေသလဲကွ“

လန့်ဖျန့်သွားအောင် အသံဩကြီးနှင့် ဗိုလ်ချုပ်အောင်ဆန်းကမေးရင်း ကျွန်တော့အနား ဝင်ထိုင်လို်က်သည်။ သို့ရာတွင် ကျွန်တော်က ဖတ်ကောင်းတုန်း မို့စကားပြန် မပေးလိုက်ပါ။

သူက “ပြစမ်းပါဦးကွ — မင့်စာအုပ် ခဏလေး –“ ပြောပြောဆိုဆိုနှင့် ကျွန်တော်ဖတ်နေသောစာအုပ်ကို အတင်းဆွဲယူပါတော့သည်။

ကျွန်တော်က သတိရပြီး “ဟင် အကိုကြီး တစ်ယောက်လဲ ကျန်ရစ်ခဲ့သကိုး —-“

“အေးပေါ့ကွာ— အလကားဟာတွေ—ပိုနေတာဘဲ“

သူက အရေးမကြီးပုံနှင့် ပါးစပ်ကသာ ဖြေရုု် မျက်စေ့က စာမျက်နှာတွေနှင့် ကမန်းကတန်း မိတ်ဖွဲ့နေပါသည်။

“သိပ်ကောင်းတဲ့စာအုပ်ဗျ ကျွန်တော်တော့ ပွတာဘဲ“`

သို့ရာတွင် သူ့ဆီက လုံးဝစကားပြန်မရတော့ချေ။ ဆယ့်ငါးမိနစ်ခန့်ကြာအောင် သူက စာသားများကို ဖတ်နေပြီး —

“ဒီစာအုပ်ကို ငါ့ပေးလိုက်လကွာ— သိတ်ကောင်းတယ်ဟေ့—“

“ဟာဗျာ— ခင်ဗျားကြီးကလဲ တခါလာ ဘိနပ်ယူ ၊စာအုပ်ယူနဲ့ သိတ်ဗိုလ်ကျတာဘဲ–“

“မင်း ဘာနားလည်လို့လဲ –မင်းတို့က ရှေ့ဆုံးချီတတ်ရမယ့် တပ်မှုးတွေကွ စစ်မြေပြင်မှာ ဒီစာအုပ်ဟာ တိုက်ရင်း ခိုက်ရင်းပျောက်သွားရင် ဒို့အဘို့ ဘယ်လောက် နစ်နာမလဲ ။ ငါက စစ်ဋ္ဌာနချုပ်ကို အုပ်စီးပြီးလိုက်ရမှာမို့ ငါယူခဲ့မယ်။ ဗမာပြည်ရောက်တော့ ဆက်ဆက် မင့်စာအုပ်ကို ပြန်ရစေ့မယ်“

ကှု်သို့နှင့်ပင် ဗိုလ်ချုပ်အောင်ဆန်းထံသို့ ကျွန်တော်၏ စစ်ဘိနပ်ရော အလွန်မြတ်နိုးလှသော စစ်ကျမ်းစာအုပ်ရော ပေးလိုက်ရ၏။ ရန်ကုန်တွင်ဆုံမိကြသောအခါ ကျွန်တော်က အကြွေးတောင်းသလို အတင်းပူဆာသည်တွင် သူက—“ငါ ဘယ်နားသိမ်းမိမှန်း မသိဘူးကွ နောက်မှ ငါရှာပေးမယ် စိတ်ချနေ“ ဟုခြေရာဖျောက်ပြောကာ ခေါင်းရှောင်ခဲ့၏။ ယခုထိ ဘိနပ်နှင့် စာအုပ် ဇာတ်ဆုံးခဲ့ရတော့၏။

“လူ နီနီ ဘောင်းဘီဝတ်ပါလို့ ဒါးစလွယ်ငွေကွပ်လို့ ပြေညွတ်အောင် လာချည်သေးခရဲ့ ဘိုးတော်ကြီး မြေး“

ကှု်တဘောင်ကား မှန်မမှန် မပြောတတ်ချေ။ ကျွန်တော်တို့ ဗိုလ်ချုပ်ကြီး ဗိုလ်တေဇနှင့် ဗိုလ်ချုပ် ဗိုလ်မိုးကြိုးတို့ ဦးစီးကာ ဗမာ့လွတ်လပ်ရေးတပ်မတော်ကြီးအား နီပွန်စစ်တပ်များနဲ့အတူ ဗမာပြည်တွင်းသို့ ဗြိတိသျှ နယ်ချဲ့သမားများကို ဒါး လှံစွတ် ကျည်ဆန် ဗုံးဆန် အမြောက်ဆန်တို့ဖြင့် လမ်းရှင်းပြီး ဝင်ရောက်ခဲ့နိုင်၏။ ဘန်ကောက်မြို့တော်ကို ဗြိတိသျှလေကြောင်းမှ တန်ပြန်ထိုးစစ်ဆင်သည့် ပထမညဦးပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းသည် စစ်ဝတ်စစ်စား အပြည့်အစုံဖြင့် ဂျပန်ဓါးရှည်ကို ခါးတွင်ပတ်ကာ ပုန်းရှောင်ရကောင်းမှန်းမသိ သည့်အလား နေရာတပ်ဖွဲ့အနှံ့အပြား ပြေးလွှားရုု် ရဲဘော်များကို ရှောင်းရှားအကာအကွယ်ယူရန် အမိန့်ပေးနေ၏။ ရန်သူ့လေယဉ်ပျံများက ချထားသော မီးကျည်အလင်းရောင် တွင် သူက ဘိုင်စကုတ်အရိုက်ခံရမည့် ဇာတ်လိုက်မင်းသားပမာ ဆလိုက်ထိုးထားသည့် အလင်းရောင်အောက်တွင် မကြောက်မရွံ့ တပ်များကို ကွတ်ကဲ အမိန့်ပေးသည်ကို ဘေးမှမြင်ရသော ဂျပန်အရာရှိများက နေရာမယူရကောင်းလားဟု အပြစ်တင်နေကြသည်။အမှန်မှာ ရန်သူလေယဉ်ပျံများက ဗုံးချရုံသာ မဟုတ်သေး ။စက်သေနတ်နှင့် ထင်ရာမြင်ရာ ပစ်ခတ်နေသောကြောင့်တည်း။

**လောကီဇာတ်ခုံပေါ်က ဗိုလ်ချုပ်**

“ရာဇဝင် အထုပ္ပတ္တိလည်းရှိရမယ်— မော်ကွန်းလဲထိုးလောက်တဲ့–မြင့်မြတ်တဲ့ဗိုလ်အောင်ဆန်းရယ်—–“

ဗမာ့ကာကွယ်ရေး တပ်မတော် ဗိုလ်ချုပ်အောင်ဆန်း၏ မင်္ဂလာ အခမ်းအနားအတွင်းမှ ပဲ့တင်ပေါ်ထွက်လာသော ဗိုလ်ချုပ်အောင်ဆန်းအား ချီးကျူး ထားသည့် သီချင်းသံမှာ ဗမာပြည်တဝှမ်းလုံးသို့ တခဏခြင်းဝဲပျံ လွှမ်းမိုးပြီးသားဖြစ်သွား၏။ တခါက ဗြိတိသျှ နယ်ချဲ့သမား၏ လက်ပါးစေ မျက်နှာဖြူ အရေးပိုင်တစ်ဦး၏ ဆုတော်ငွေ ငါးကျပ်တိတိ ထုတ်ကာ ဖမ်းဆီးသတင်းပေးရန် အရေးကြီးခဲ့သော တရားခံအောင်ဆန်းကား ယခုအခါဋ္ဌ် ဗမာ့ကာကွယ်ရေးတပ်မတော် သို့မဟုတ် ကျွန်ခောတ်မှ သခင်ခေတ်သို့ ပို့ဆောင်နိုင်ခဲ့သူ ၏ဘခင်ကြီးအဖြစ် ကောင်းမြတ်သော ဘိသိတ်မင်္ဂလာ အခါတော်ယူခိုက်ဖြစ်ရုု် လောကီဇာတ်လမ်းတစ်ခုကို ကပြရန် လောကဇာတ်ခုံအပေါ်ဋ္ဌ် သူ၏ချစ်သူ ဒေါ်ခင်ကြည်နှင့် စုလျားရစ်ပတ် လက်ထပ်ချိန်ကြီးပင် ဖြစ်တော့သည်။

ဗိုလ်ချုပ်အောင်ဆန်းက သူမိန်းမယူသည့်ကိစ္စနှင့် ပတ်သတ်ရုု်ကျွန်တော်တို့ထံ ဝေဖန်ချက်များတောင်း၏။ သူက သူ့ညီငယ်များ၏ ဆန္ဒကို အထူးသိလိုသည့်အတွက်ကြိုးစားခဲ့၏။ ကျွန်တော့အလှည့်တွင် “ခင်ဗျား သဘောကျလို့— ခင်ဗျားကြိုက်လို့–ခင်ဗျားယူတယ်–ခင်ဗျားကျေနပ်လျှင်ပြီးတာပဲ“ဟု ဝေဖန်ချက်ပေးပြီး နောက်ပိုင်းတွင် ခပ်နောက်နောက် “ဂွတ်တယ်ထင်ရင် ဒူးသာဒူးပေါ့“ ဟုအဆုံးသတ် အဖြေပေးလိုက်၏။

မိန်းမယူဘို့ အချစ်ကိစ္စလက်ခံဘို့ တခါကမှ စိတ်မကူး– မစဉ်းစားနိုင်ခဲ့သော ကျွန်တော့မှာ ချစ်သူသက်လယ်နှင့် တွေ့မိတော့သည်။ တနေ့တွင် ဗိုလ်မှုးကြီးစင်္ကြာနှင့် စေတနာဝန်ထမ်းသတင်း ပို့ချက်ကြောင့် ကျွန်တော့အချစ်ရေး သတင်းပို့ချက်ကို ဗိုလ်ချုပ်အောင်ဆန်းထံ ပေါက်ရောက်သွားတော့၏။ သူကမဆိုင်းမတွနှင့် ကျွန်တော့်ကိုခေါ်ကာ မေးမြန်းသည်တွင် ဝါသနာအတိုင်း ကျွန်တော်ကလည်း ဘွင်းဘွင်းပင် ဟုတ်မှန်ကြောင်း အစစ်ခံလိုက်၏။

ကျွန်တော့ကို ခြေဆုံးခေါင်းဆုံးကြည့်ကာ “ဟေ့ ကောင်လေး တာရာ— ဒီကိစ္စကို မင့်သဘောအရ အရမ်းလုပ်လို့ ဘယ်ဖြစ်မလဲ —ဒို့နဲ့ တိုင်ပင်မှပေါ့ကွ“

“ဗျာ— လူ့အခွင့်အရေးကို ခင်ဗျားက ဘာလို့ဝင်ပြီး ချုပ်ချယ်ချင်သလဲ—ခင်ဗျားလဲ ဂွတ်တယ်ထင်လို့ ဒူးလိုက်တယ်မဟုတ်လား —-ဗိုလ်ချုပ်“

“အံမာ– မင်းက နိုင်ငံရေးစကားတွေ ဘာတွေနဲ့ ဟုတ်ပေ့ကွာ ။ ဘာပဲဖြစ်ဖြစ် ဒို့လူကြီးတွေခေါ်ပြီး မင့်ဇနီးလောင်းကို စစ်ဆေးအုန်းမယ် — မင်းဒို့စကား နားထောင်ရမယ် ၊ ဒါဟာ ငါ့အမိ်န့်ဘဲ “

ခပ်တင်းတင်းပြောရင်း ကျွန်တော့ဇနီးလောင်း ဗဟိုလ်စစ်ဆေးရုံကြီးမှ ဆရာမစောချစ်ဦးကို စစ်ဦးစီးအဖွဲ့ဝင်ဗိုလ်ချုပ်တို့ ခေါ်ယူရုု် နောက်ပိုင်း ရာဇဝင်နှင့် ကျွန်တော့အပေါ် သဘောထားပုံများကို စစ်ဆေးလျှက် အမျိုးမျိုး ထုတ်လိုက်ပါသေး၏။ နောက်မျ ကျွန်တော်တို့ လက်ထပ်ခွင့် အမိန့်ပြန်တမ်း ကိုတပါတည်း ထုတ်ပေးလိုက်ပြီး သူတို့ကိုယ်တိုင် အိမ်ကိုလာကြရုု် တဟားဟား ပွဲကျအောင် ဟိုကနောက် ဒီကနောက်နှင့် လုပ်ကြတော့၏။

ဆိုင်းသံ ဗုံသံတို့ဆူညံနေသော သီတင်းကျွတ်ပွဲတော်သို့ ဆိုက်ရောက်ခဲ့သည်။ ဗိုလ်ရဲထွဋ် ဗိုလ်ဇင်ယော် ဗိုလ်မင်းရောင် အစချီရုု် ကျွန်တော်ကပါ ကန်တော့စရာ လက်ဆောင်များနှင့် ဗိုလ်ချုပ်အောင်ဆန်း ၏နေအိမ် ယခုပျဉ်းမနားမြို့ ရှမ်းကန်အနောက်မြောက်ဒေါင့် သို့ နံနက်စောစော ဝင်သွားတော့သည်။ သူက ဆိုဖာပေါ်တွင် စာအုပ်တစ်အုပ်ကို အခံ့သားဖတ်နေ၏။

ကျွန်တော်တို့ သူ့ကို တန်းစီအလေးပြုလိုက်ကြသည်။ သူက ဖတ်နေသော စာအုပ်ကို အသာဘေးဖယ်လိုက်ပြီးနောက် ကျွန်တော်တို့ တတွေကို စူးစူးဝါးဝါးကြီး မျက်နှာထားတင်းတင်းနှင့် ကြည့်နေပါတော့၏။ ပြီးမှ—

“ဟေ့ကောင်တွေ မင်းတို့ကိုယ်မင်းတို့ ပြန်ကြည့်စမ်း“ ဟုငေါက်လို်က်သည်။ ကျွန်တော်တို့မှာ ဗမာ့အခါတော်ဖြစ်ရုု် ယူနီဖောင်းအစား ဗမာပြီပြီ —- ပိုးလုံခြည် တိုက်ပုံအကျင်္ ီနှင့် အတော်စတိုင်ထုတ်ပြီး ကန်တော့လာခိုက်ဖြစ်သည်—။ ပြီးမှ “ထွီ“ဟု ဆောင့်ကြီး အောင့်ကြီးနှင့် တံတွေးထွေးလိုက်ပြီး “မင်းတို့ တပ်မှုးကြီးတွေ လုပ်နေတယ် ဘာမှမစဉ်းစားဘူး — ရဲဘော်လေးတွေမှာတော့ ယူနီဖောင်းအစုတ်စုတ် ၊ မင်းတို့ကတော့ ပိုးလုံးခြည်တပြောင်ပြောင် သူတို့စိတ်ထဲ ဘယ်လိုနေကြမလဲ စဉ်းစားကြည့်စမ်း “

ကှု်တွင်မှ ကျွန်တော်တို့မှာ ကိုယ့်ချို့ယွင်းချက် အမှားကို သိရသဖြင့် မျက်နှာမထားတတ်အောင် ဖြစ်သွားကြ၏။

“ခု သွား ငါ့အိမ်ခန်းထဲမှာ -ငါ့ယူနီဖောင်းတွေ သွားဝတ်ပြီးမှ ငါ့ကို လာကန်တော့ ကိုင်း——အခုသွားလဲကြ။ မင်းတိုက လုံခြည် အကျင်္ ီတွေ အကုန်ချွတ်ပြစ်ခဲ့–“

ဗိုလ်ချုပ်အမိန့်ကြောင့် အခန်းထဲသို့ အမြန်လစ်ခဲ့ရတော့၏ သူ၏ ဘီရိုသေတ္တာကို အမြန်ဖွင့်ရုု်နေသော ဗိုလ်မင်းရောင်က နှာခေါင်းတရှုှုံ့ရှုံ့နှင့် ဖြစ်နေပြီး “ဟေ့ ချဉ်စော်ကြီး နံနေတယ်ကွ“

ဘီရိုထဲမှ စုပုံထားသော ဖြစ်ကတတ်ဆန်း ဗိုလ်ချုပ်၏ ယူနီဖောင်းများကို အနံ့ဆိုးစွာဖြင့် ဗိုလ်မင်းရောင်က ဆွဲယူရုုု် ကျွန်တော်တို့ဆီကို ပစ်ပေးလိုက်ပြီးနောက် “ဟီး ဟီး ကြည့်သာ ဝတ်ကြပေတော့ကွာ ချဉ်စော်နံတာ လက်စသတ်တော့ ငမိုးအဝတ်အစားတွေကကိုး–“

ကျွန်တော်တို့ဘာမှမတတ်နိုင် သူ့သဘောအတိုင်း မလျှော်မဖွတ်ဘဲ ဂရုမစိုက်ထားသည့် ချဉ်စော်နံ“ယူနီဖောင်းများကို မတန့်တတန် ဝတ်ကာ ကြာလျှင်နောက်ပိုင်းက မီးတောက်မည့် နိမိတ်လက္ခဏာကြောင့် ဝတ်ဆင့်ပြီး ဗိုလ်ချုပ်ရှေ့သို့ တန်းစီခဲ့သည်။

သူက မျက်မှောင်ကုတ်ရာမှ ခပ်ပြုံးပြုံးကြီးဖြစ်လာပြီး “အေး ကန်တော့ကြ ကန်တော့ကြ ပြီးရင် ဒီအတိုင်းပြန် မင်းတို့သောက်သုံးမကျတဲ့ လုံခြည်တွေ တခုမှပြန်မယူနဲ့ ကြားလား–“

ကန်တော့ ကောင်းလွန်းရုု် ကျွန်တော်တို့ ပိုးလုံခြည် အကျင်္ ီတွေ ဆုံးခဲ့ရတော့၏။ အချိုးမကျ ဂွှတတ မတန့်တတန် ယူနီဖောင်းတွေကြောင့် ဗိုလ်ချုပ်ကားကို ကမန်းကတန်းစီးကာ ကိုယ့်အိမ်အရောက် လေ၏လျှင်မြန်နှုံးနှုင့်အတူ သုတ်ခြေတင်ခဲ့ရလေသည်။

ကျွန်တော့အား အထက်ဗမာပြည်သို့ ဗိုလ်ဇေယျတပ်ရင်းနှင့် ပို့လိုက်သည်။ ယခင်က ကျွန်တော်အလုပ် အထူးကြိုးစားလုပ်ခဲ့သည်နှင့် အမျှ ဗိုလ်ချုပ်က နှုတ်ဖြင့် စာဖြင့် ချီးကျူး၏။ အားပေးခြင်းခံရ၏။ ယခုမှာမူ ခါတိုင်းထက် ကျွန်တော်အလုပ်ကြိုးစားခဲ့သည်။ သို့ရာတွင် သူ့ဆီက “ဟေ့ ကောင်လေး မင်းအလုပ်ဂရုစိုက်စမ်း သိပ်နေရာမကျဘူး–“ဟု တွေ့တိုင်း ဆူနေတော့၏။ တခါလည်းမဟုန် နှစ်ခါလည်းမဟုတ် ခဏခဏဆူလွန်းသည့်အဆုံးတွင် ကျွန်တော်က သူ့ဆီ စာရေးလိုက်၏။ “ခင်ဗျား ဒီလောက်ဆူနေရင် ကျွန်တော် ဘာမှမလုပ်တော့ဘူး ထိုင်နေမယ် “ဟု ဘုကျကျ အစီရင်ခံလိုက်သည်။ စစ်ဋ္ဌာနချုပ်မှုး ဗိုလ်မှုးကြီးလကျာင်္က ကျွန်တော့ကိုခေါ်ပြီး “မင်းစာကို ဗိုလ်ချုပ်ရတယ် လို့ပြောတယ် မင်းသူ့ကို ဘုရေးတယ်လို့ပြောတယ်။ သူက မင့်ကို ခဏခဏဆူတာ မင်းကောင်းဘို့ဘဲကွ။ အရင်တုန်းက မင်းလူပျိုဘဝဆိုတော့ မင့်ကို မြှောက်ပေးတယ်။ မင်းမိန်းမရပြီးတော့ သူက မင့်စိတ်ပေါ့သွားမှာ စိုးလို့ ခဏခဏဆူပေးတာပါတဲ့ –တကယ်ဆိုတော့ မင့်ရဲ့ဆောင်ရွက်မှု တွေဟာ အတော်တိုးတတ်နေတယ် “ဟုဗိုလ်ချုပ်၏ ကျွန်တော့်အပေါ် သံယောဇဉ်ကြီးမှုအမှန်ကို သိရပါတော့၏။

ဗမာပြည်အတွင်းသို့ လက်ဝဲဝါဒမုန်တိုင်း သည် တဟောဟော ကျဆင်းဆိုက်ရောက်လာတော့၏ ကှု်တွင် တပ်မတော်အတွင်းမှ ဗိုလ်များ အကြပ်များ တပ်သားများမှာ ထိုလက်ဝဲမုန်တိုင်းဒဏ်သင့်ကာ မာ့ခ် ဝါဒ မြူမှုံတွေ လူးကပ်လျှက် လက်ဝဲဝါဒ အတွင်းသို့ဝင်ရောက်ခဲ့၏။ကျွန်တော်လည်း ထိုအထဲတွင် တစ်ယောက်အပါအဝင် ဖြစ်လေသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ စကားပြောတိုင်းဋ္ဌ် လက်ဝဲစကားလုံးများ ပါဝင်နေမှုကြောင့် ကျွန်တော်က ဗိုလ်ချုုပ်ကို ကျွန်တော်ကဲ့သို့ လက်ဝဲဝါဒ သမားတစ်ဦး ဖြစ်နေပြီဟု ထင်မိ၏။ ဒါကြောင့်လည်း ကျွန်တော်က သူလုပ်သလို သူယူဆသလို လိုက်နာမိတော့၏။

“စံပြလည်းမသွားနှင့် မံသလည်း မစားနှင့်“ ဟူသောစကားအတိုင်း ကျွန်တော်မှာ စံပြတပ်ရင်းသို့ ခြေလျှင်တပ်ခွဲမှုးတာဝန်ဖြင့် ကူးပြောင်းခဲ့ရ၏။ ဗိုလ်ကျော်ဇောက တပ်ရင်းမှုး ဗိုလ်ဘုန်းမြင့်က စိန်ပြောင်းတပ်ခွဲမှုး ကျွန်တော်က ခြေလျှင်တပ်ခွဲမှုး ဗိုလ်ဗလက အရာရှိသင်တန်း တပ်ခွဲမှုးများ အဖြစ်တာဝန်ယူရင်း ကျွန်တော် လက်ဝဲဝါဒကို အတော်လေ့လာ လိုက်စားရာမှ သက်ဝင်ယုံကြည်ခဲ့၏။ “စံပြသွားလျှင် ဖားတတ်သည်—မံသစားလျှင် ယားတတ်သည် “ဟူသော စကားပုံအဖြေအတိုင်း ကျွန်တော်က စစ်တာဝန်များကို တဖက်က တာဝန်ကျေပြွန်စွာလုပ်ဆောင်ကာ တဖက်က ရဲဘော်များကို တပ်ရင်းမှုး လုပ်သူနှင့် နားလည်မှုယူရုု် ဖက်ဆစ် ဆန့်ကျင်ရေးလုပ်ငန်း လမ်းစဉ်များ ချမှတ် ပေးအပ်ခဲ့ကာ ဖက်ဆစ်တော်လှန်ရေးကြီးဆီသို့ တရိပ်ရိပ် ကူးပြောင်းခဲ့တော့၏။ ဗိုလ်ချုပ်အောင်ဆန်းထံ မကြာခဏသွားတွေ့စဉ် ကျွန်တော့ကို သူ၏လက်ဝဲဝါဒကို အလွန်အကျူးမလိုက်စားရန် နှင့် တဖက်သတ် သက်ဝင်ယုံကြည်မှုမရှိရန် သတိပေးခဲ့၏။

**ဘဝ၏ အဆုံး**

ကျွန်တော်သည် လက်ဝဲဝါဒ ကွန်မြူနစ်တစ်ယောက် ဖြစ်ခဲ့သော်လည်း ကျွန်တော်က ဗိုလ်ချုပ်အောင်ဆန်းအား ကွန်မြူနစ်တစ်ယောက်ဖြစ်လာလိမ့်မည်ဟု ထင်ခဲ့၏။ သည်လို သူ့အနေနှင့် အမျိုးသားတပ်ပေါင်းစု ဖ-ဆ-ပ-လ အဖွဲ့တွင် ကျန်ရစ်ခဲ့၏ ။ ထိုအခိုက်တွင် ဝါဒလှိုင်းဂယက် ပြင်းထန်စွာ ပုတ်ခတ် ဝေဖန်မှုကြောင့် ဖ-ဆ-ပ-လ နှင့် ကွန်မြူနစ်ပါတီတို့ ကွဲခဲ့ရ၏.။ အခါကောင်းယူနေသော ဗြိတိသျှ နယ်ချဲ့သမားများက ကွန်မြူနစ်ပါတီကို ဖိနှိပ်ရုု် နိုင်ငံရေးသမားများကို ရက်ရက်စက်စက် သတ်ဖြတ်ကြလေ၏။ ဖ-ဆ-ပ-လ အဖွဲ့ကြီးသည်လည်း ဗမာပြည်လွတ်လပ်မှုကို အကောင်အထည်ဖော်နိုင်ရန် ရွေးကောက်ပွဲကြီး ကျင်းပဘို့ ကြိုးပမ်းနေကြလေသည်။

တစ်နေ့တွင် ကွန်မြူနစ်တို့၏ အခြေခံစခန်း ပျဉ်းမနားနယ်သို့ ဗိုလ်ချုပ်အောင်ဆန်း မဲတရားဟော လာလိမ့်မည်ဟူသော သတင်းရောက်ရှိခဲ့၏။ ထိုအချိန်က ဗမာပြည်အုပ်ချုပ်ရေးမှာ တောခိုကာ လက်နက်ကိုင်ရုု် နယ်ချဲ့သမား ဗြိတိသျှတပ်များနှင့် တိုက်ခိုက်နေခိုက်ဖြစ်သည်။ ထို ဗိုလ်ချုပ်လာမည့် သတင်းရသည့်အတွက် ကျွန်တော်က တောတွင်းရှိ လက်နက်ကိုင်တပ်များကို မော်တော်ကားလမ်းနှင့် ဝေးသည်ထက်ဝေးအောင် စီမံလျှက် ဗိုလ်ချုပ်လာမည့်လမ်းခရီး သာယာဘေးကင်းမှုကို တာဝန်ယူမိသည်။ သူသည် ဗဟို ဖ-ဆ-ပ-လ ဥက္ကဋ္ဌဖြစ်ရုု် ကျွန်တော်က ကွန်မြူနစ်တစ်ဦးဖြစ်သော်လည်း ကျွန်တော့အနေဖြင့် စိတ်ထားမပြောင်း ဗိုလ်ချုပ်သည် ကျွန်တော့ဗိုလ်ချုပ်။ ကျွန်တော့အကိုကြီးဟု အစဉ်အောက်မေ့ ယုံကြည်ခဲ့၏။

ဗိုလ်ချုပ်တို့ကားများ တောင်ငူမှ ပျဉ်းမနားနယ်စပ်သို့ ကူးလာစဉ် မော်တော်ကားဒရိုင်ဘာလုပ်သူက တောတွင်းဝယ် အန္တရာယ်ကိုကြောက်ရွံ့ရုု် မျက်နှာ ပျက်နေစဉ် နောက်ပိုင်း ကားအတွင်းရှိ ဗိုလ်ချုပ်က ဒရိုင်ဘာရဲဘော်သို့ “ဟေ့ စိတ်ချလက်ချမောင်းပါကွ ဒို့ကို တောထဲကအကောင်တွေ ဘာမှမလုပ်ပါဘူး။ တာရာဟာ ငါ့ကို သစ္စာမဖောက်ပါဘူး“ ဟု ရယ်မောရင်းပြောလိုက် ကြောင်းကို ကားမောင်းသူမှတဆင့် ကျွန်တော်သို့ သတင်းပို့ရုု် ကျွန်တော် ထခုန်ခမန်း ဝမ်းသာသွားတော့၏။

သို့ရာတွင် ပျဉ်းမနားမြို့ မဲတရားပွဲတွင် ဗိုလ်ချုပ်က ပရိတ်သတ်အလယ်တွင် “တာရာဟာ ကျုပ်တပည့် ဒီကောင်ကျပ်မပြည့်ဘူး“ဟု ကျွန်တော့ကို ဆော်ထည့်ပါသည်။ ကျွန်တော့အဘို့ မတုန်လှုပ်တော့ပါ“တဟားဟား သာရယ်ပြီး “အဘက ဆဲလှချည်လားကွ“ ဟုဝေဖန်ချက်ပေးမိ၏။ ဖ-ဆ-ပ-လ အဖွဲ့သို့ အာဏာလွှဲပြောင်းခါနီး စပ်ကူးမပ်ကူးအချိန်တွင် ဗြိတိသျှအစိုးရက ကျွန်တော်တို့ လွတ်လပ်သော ပြင်ပလောကတွင် မနေနိုင်အောင် နိုင်ငံရေးဥပဒေနှင့် ဖမ်းကာ လက်စဆုံးဖျောက်မည့် သတင်းကို ခိုင်လုံစွာရရှိသည်ကြောင့် ကျွန်တော်တို့ တောခိုခဲ့ရတော့၏။

ထိုအချိန်မှစရုု် ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျွန်တော်တို့ကြားဝယ် အကန့်အသက်မရှိသော တံတိုင်းကြီးက တားဆီးခြားနားနေတော့သည်။ သို့ရာတွင် သတင်းစာကို တောတွင်းသို့ကောင်းကောင်း မွန်မွန် ရောက်အောင်ယူစေပြီး သူ့သတင်းတွေကို အာရုံစိုက်၏ လုပ်ငန်းစဉ်ကို ဝေဖန်၏။ ဆွေးနွေး၏ သူ့ဓါတ်ပုံကို အရိုအသေ ခေါင်းရင်းတွင်ချိတ်ထားမှုကြောင့် ကွန်မြူနစ်ဆရာကြီးများနှင့် ကျွန်တော် မကြာခဏ စကားစစ်ထိုးရလေသည်။

တောပြင်ကို ကျောထင်ရုု် အိပ်ခဲ့၏ တောင်လွှာကို ရှောင်ကာ ဖြတ်ကူး ရင်း စစ်ရေးဆင်ခဲ့၏။ ဗြိတိသျှနယ်ချဲ့တပ်များကို အချက်ပိုင်ပိုင် အနိုင်စီးရုု် ကျွန်တော်၏တပ်ဖွဲ့များကို လက်နက်တပ်ဆင်နိုင်ခဲ့၏ သို့ရာတွင် ကျွန်တော်၏ ညီအကို ရဲဘော်များပါသော ဗမာ့တပ်မတော် တပ်ရင်း ၄ နှင့် ရင်ဆိုင်ရမည့်အလှည့်တွင် စစ်ရေးရှောင်ကာ တိုက်ပွဲလွှဲခဲ့၏ တပ်ရင် ၄ ကလည်း ကျွန်တော့အပေါ် သံယောဇဉ်ကြီးလှစွာ ဖြင့် ငြိမ်းချမ်းရေးကို မကြာခဏ လက်ကမ်းနေတော့၏

တစ်နေ့သောအခါ သခင်တင်ထွန်း စခန်းသို့ ရောက်လာ၏။ သူက ရန်ကုန်က ပြန်လာသည်မှာ ၂ ရက် ၃ရက်သာ ရှိသေးရုု် ရန်ကုန်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တွေ့ခဲ့ကြသည်။ ဗိုလ်ချုပ်က ကျွန်တော့အကို သခင်တင်ထွန်းကို ကျွန်တော့အကြောင်းမေးပြီး တောခိုနေမှုမှ ပြန်လည်ရုု် အလင်းသို့ ဝင်ခဲ့ရန် မှာကြားသည်မှာ–

“ကျုပ်တော့ ဒီကောင်လေးကြောင့် ခက်နေတယ်။ တာရာကလည်း ကျုပ်လိုပဲ တယူသန် မို့– အင်းလေ ကျုပ်ကလည်း ကျုပ်ရဲ့ ရဲဘော်ရဲဘက်တွေကို မေ့နေခဲ့တာ သူ့အပြစ်ချည်းလဲမဟုတ်ဘူး ကောင်းပြီ ကွဲပြားနေတဲ့ ကျုပ်ညီရဲဘော်တွေကို အမြန်ဆုံးပြန်စုမယ်။ တာရာကို ဆက်ဆက်ပြောလိုက်ပါတဲ့။ “

အကိုကြီးအောင်ဆန်း၏ မျက်နှာဖြင့် ကျွန်တော့်အပေါ်အလိုလိုခင်ပုံကို ချက်ချင်းလိုလိုမြင်လာပြီး “ဘာဘဲဖြစ်ဖြစ် ငါသွားပြီး အတွေ့ခံမယ် ငါ့ကိုလုပ်ချင်သလိုလုပ် ၊သူ့ရှေ့မှာ ရဲဘော်ပြီးပြီ လည်စင်းပေးလိုက်မယ် သူအဓိပ္ပါယ်ရှင်းတော့မှ သူနဲ့အတူ ဗမာပြည်သစ်တည်ထောင်မယ်“ ဟု အဓိဋ္ဌာန်ပြုလိုက်၏

ဗိုလ်ချုပ်နှင့် ကျွန်တော်တို့နှစ်ဦးစလုံး နောင်တရကြပေပြီ————
ပျဉ်းမနား အနောက်ဘက် ၁ဝ မိုင်ကွာ ကျဉ်းမြောင်းစခန်းကား—–
နေ့၁ဝ နာရီ ခန်ကရှိ နေအတော်ပူပြင်းနေပေပြီ ချိုးကူသံများသည် တစ်စခန်းလုံးဆူညံနေပါသည်။ ထိုအခိုက်တွင် မြို့ချေစခန်းရှိ ဗိုလ်ကြီးလှကြည်က ရဲဘော်တစ်သိုက်နှင့် ကျွန်တော့စခန်းသို့ မျက်နှာပျက်ပျက်ဖြင့် –ရောက်လာကြသည်။ ကျွန်တော်က သူတို့စခန်းဋ္ဌ် ကြီးကျယ်နစ်နာချက်ကြီးတစ်ခု ဖြစ်ပြီဟု တွက်ချက်မိ၏။ ကျွန်တော်နှင့် နှစ်ကိုယ်ချင်းဆုံမိသောအခါ လေသံကလေးမှာ လည်ချောင်းထဲမှ မထွက်နိုင်ရှာပဲ—

“ဗိုလ်ချုပ်တို့ — ဆုံးပြီဗျ –“

ကျွန်တော်က ရုတ်တရက် နားမလည်လိုက်ရုု် “ဘာတုန်းဗျ ကျယ်ကျယ်ပြောစမ်းပါ—-“

“ဗိုလ်ချုပ်တို့ အသတ်ခံရပြီ“

“ဗျာ အမလေး “ ဟုကျွန်တော့မှာ နားရင်းနှစ်ဖက်ကို လက်ဖဝါးများဖြင့်ပိတ်ကာ —နားတွင်းသို့ မိုးကြိုးစက်ကျသည် ထင်လိုက်မိရုု် ကျွန်တော့်လက်ချောင်းတွေမှာလဲ တဆတ်ဆတ်တုန်နေသည်ကို တခဏကြာမှ သတိပြုလိုက်မိ၏။ ကျွန်တော်သတ္တိမကြောင်ပါ။ စစ်ပွဲတိုင်း နွဲခဲ့သော လက်နက်ဘေး ရန်သူ့ဘေးမှ မသေရုု် ယခုစာရေးသည်အထိ အသက်ရှင်နိုင်ခဲ့သော ကျွန်တော့်အဖို့မှာ ပူဆွေးခြင်း ဝမ်းနည်းခြင်း စိုးရိမ်ခြင်းတို့က ချယ်လှယ်နေကြသည်။

ကျွန်တော်က ချက်ချင်းအသေခံရဲသော ဗမာ့တပ်မတော်ဟောင်း ကြီးနှစ်ဦးကို တိတ်တဆိတ်ရန်ကုန်သို့ စုံစမ်းရန်လွှတ်လိုက်၏။

သုံးရက်ကြာသည့်နောက်တွင် မျက်ရည်ပေါက်ကြီးတွေနှင့် ကျွန်တော့်ရဲဘော်နှစ်ယောက် ပြန်ရောက်လာပြီး———

“ဗိုလ်ချုပ်တို့ အသတ်ခံရပြီ ဗိုလ်မှုး —ဗမာပြည်အဘို့တော့ သွားပြီဗျ —“ ဟုသတင်းလည်းပို့ ချုံးချရုု်လည်း ငိုကြွေးလိုက်ပါသည်။ ကျွန်တော်လည်း မရှက်နိုင်တော့ပါ ။ စွဲကိုင်ထားသော ဓါးရှည်ကို မြေပေါ် သို့ပင်ချလိုက်ပြီး ကျွန်တော်တို့၏ ဘခင်ကြီး ၊အကိုကြီးအတွက် အားရပါးရ ငိုကြွေးလိုက်သည်။ မင်္ဂလာဆောင်စဉ်——— သတို့သမီး၏ အဘ အနေနှင့်လည်းကောင်း ၊ အကိုကြီးအနေနှင့် လည်းကောင်း၊ ဦးဆောင်မှုပေးခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းအတွက် ကျွန်တော်၏ဇနီး စောချစ်ဦးလည်း မြေဋ္ဌ် လူးလှိမ့်ကာ ငိုကြွေးနေသည်ကြောင့် သွားရောက် ဖျောင်းဖျလိုက်ရပါသည်။

အလင်းသို့ ထွက်လာခဲ့သော ကျွန်တော့အဘို့ ကျွန်တော်၏အဖေ အသက်ရှင်နေသော ဗိုလ်ချုပ်အောင်ဆန်းအစား သူပြုစုဦးဆောင်ခဲ့သော– လွတ်လပ်ရေးကျောက်တိုင်ကြီးနှင့် သူ၏လွတ်လပ်ရေး ဆုလဒ်ကြီး —- အာဇာနည်ဗိမာန်တို့ကသာ ကျွန်တော့်ကို ဝမ်းနည်းကျေကွဲစွာဖြင့် —ဆီးကြိုနှုတ်ဆက်နေကြသယောင် ရှိတော့၏။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျွန်တော်တို့ နောင်တမှာကား—- အချိန်လွန် ဘဝခြားမှ သေကွဲကွဲရုု် ယခုဘဝတွင် ပြန်လည် မဆုံစည်းနိုင်အောင် ရာဇဝင်ဆောင်စေသည့် နောင်တစ်ခါမှ တမ်းတပူဆွေးစေသည့် နောင်တများသာလျှင် ဖြစ်တော့သတည်။ ။

ရွှန်လန်းချမ်းမြေ့ကြပါစေ။။။
**ဤသို့ လုပ်ကြံခဲ့သည်**

(ဗိုလ်ဥတ္တမကျော်)

။။။။။(အောက်ပါ အကြောင်းအရာများသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံတော် ခေါင်းဆောင်ကြီးများ အား လုပ်ကြံသတ်ဖြတ်မှုတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သော တရားခံ “ရန်ကြီးအောင်“ ခေါ် မောင်လှထွန်း၏ ပြောပြချက်များဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ ထိုစဉ်က မည်သို့ ရေတိမ်တွင် နစ်မွန်း ဆုံးရှုံးခဲ့ရကြောင်း ပြန်ပြောင်း သတိရနိုင်စေရန် ကှု်အချက်ကို ပြန်ပြောင်း ဖော်ပြလိုက်ရခြင်း ဖြစ်ပါကြောင်း)။။။။။

အမည်။ ။ရန်ကြီးအောင်(ခေါ်)မောင်လှထွန်း
အသက်။ ။ ၁၈ နှစ်
လူမျိုး။ ။ မြန်မာ
ကိုးကွယ်သည့်ဘာသာ။ ။ ဗုဒ္ဓဘာသာ
အဘအမည်။ ။ ကိုမောင်ထွန်း

ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများအား လုပ်ကြံသတ်ဖြတ်မှုတွင် ပါဝင်သော ကျွန်တော်သည် ခွေလောက်နီးပါး မိုက်တွင်းနက်မိပါသည်။ ကျွန်တော်တို့ မည်သို့ ကြံစည်ဆောင်ရွက်ခဲ့ သည်ကို သိရှိနိုင်ရန် ကျွန်တော် အဖြစ်အပျက်များကို ပြောပြလိုပါကြောင်း ။

ကျွန်တော်သည် အုတ်ဖိုမြို့ အရှေ့ အလယ်ကုန်းရွာတွင် လွန်ခဲ့သည့် ၉ -နှစ် ၁ဝ -နှစ်လောက်က စပြီး နေထိုင်ပါသည်။ ကျွန်တော် မွေးသည့်အရပ်မှာ အုတ်ဖိုမြို့ဖြစ်ပါသည်။ ငယ်စဉ်က ကျွန်တော်သည် အုတ်ဖိုမြို့ ဦးစံလှ၏ မြန်မာစာသင်ကျောင်းတွင် တတိယအတန်းထိ စာသင်ဖူးပါသည်။ လွန်ခဲ့သော ၄-လလောက်က ဂဠုန်ဦးစော အုတ်ဖိုမြို့သို့ လာသောအခါ မင်းတိုင်ပင် အမတ်ဟောင်း ဦးဘရင်၏ နေအိမ်တွင် တည်းခိုပါသည်။ ဦးစော ၏နှမဝမ်းကွဲတော်သူ မတင်ညိုက ကျွန်တော့အား “နင့်ဦးလေး ဦးစောရောက်နေတယ်– တစ်ခါမှ မင့်ကို မမြင်ဘူးသေးဘူး။ သွားကြည့်အုံး“ ဟု ပြောပါသည်။ ကျွန်တော်လည်း ဦးဘရင်၏နေအိမ်သို့ သွားရာ ဦးစောကို တွေ့ရပါသည်။ ဦးစောက “မင်း ဘယ်ကလဲ“ဟု မေးပါသည်။ ထိုအခါ ကျွန်တော်က “အလယ်ကုန်းက ကိုမောင်ထွန်းသား ဖြစ်သည်“ ဟု ပြောရာ ဦးစောက “မင်း ငါ့ဆီလိုက်နေမလား“ဟု မေးပါသည်။ ကျွန်တော်ကလည်း “လိုက်နေပါမည်“ဟု ပြောလိုက်ပါသည်။

နောက်တစ်နေ့တွင် ဦးစော မင်းလှသို့ တရားဟောရန်သွားပါသည်။ ညနေကြတော့ ဦးစောသည် မော်တော်ကားဖြင့် အုတ်ဖိုမြို့သို့ ပြန်လာပါသည်။ နောက်တစ်နေ့ နံနက် ဝေလီဝေလင်းတွင် အုတ်ဖိုက ကားသုံးစီးနှင့် ဦးစော ရန်ကုန်မြို့သို့ပြန်လာသည်။ ကျွန်တော်လည်း သူနှင့်အတူ ရန်ကုန်လိုက်လာပါသည်။ ကျွန်တော်တို့သည် ဦးစော၏ အေဒီလမ်း ရှိနေအိမ်သို့ ညနေဘက်တွင်ရောက်ရှိပါသည်။ ထိုအိမ်ဋ္ဌ် ကျွန်တော် လည်း ကိုစိန် ကိုမောင် မြအုန်း တင်ရွှေ ကိုစိုး ကိုကြီးငွေ ရင်ဖေ ရင်မောင် ခင်မောင်ရင် တို့ကို တွေ့ရ ပါသည်။ ၎င်းတို့နှင့် အတူ နေရပါသည်။ နောက်တစ်နေ့တွင် ရင်ဖေမှာ သူ့အိမ်သူပြန်သွားပါသည်။ တစ်လ လောက် ဦးစောအိမ်တွင် နေပြီးလျှင် ကျွန်တော်သည် ကျွန်တော်၏ရွာ (အလယ်ကုန်း)သို့ ခေတ္တပြန်ပါသည်။ ရွာတွင် သုံးရက်ခန့်နေပြီး အပြန်တွင် ရန်ကြီးနိုင် ခေါ် မောင်ထွန်းရှိန်အား အတူလိုက်နေရန် ခေါ်လာခဲ့ပါသည်။ နောက်တစ်လခန့် ကြာသောအခါ ကိုသက်နှင်း ကိုသုခ တို့ရောက်လာပါသည်။ ကိုဘညွန့်လည်း လာပါသည်။ ထိုအခါက ကိုဘညွန့်သည် ဦးစော၏ အိမ်တွင် ကြာကြာမနေပါ။ သွားချည် လာလှည့် နေပါသည်။ ကိုသက်နှင်းနှင့် ကိုသုခက ကျိုက်လတ်က ဟုပြောပါသည်။ ကိုဘညွန့်ကတော့ အိုးသည်ကုန်းက ဖြစ်သည်။ ရန်ကြီးနိုင် စိန်မောင်နှင့် ကျွန်တော်တို့သည် ဦးစောအိမ် နောက်ဖေး အဖီကလေးမှာ နေရပါသည်။

ကျွန်တော်တို့ ဦးစောအိမ်ရောက်ပြီး နှစ်လလောက် ကြာသောအခါ ဦးစောက ကျွန်တော်နှင့်တကွ ကိုသက်နှင်း ကိုသုခ ရန်ကြီးနို်င် ကိုစိုး ကိုစိန် ခင်မောင်ရင် တင်ရွှေ စိန်မောင် မောင်မြအုန်းတို့အား ဘုရားကျောင်း ဆောင်သို့ ခေါ်သွားပြီးလျှင် ငါးပါးသီလ ခံယူစေပါသည်။ ၎င်းနောက် ကိုသုခ ဆိုသည့်အတိုင်း လို်က်ဆိုရပါသည်။ အတိုချုပ်ကတော့ တိုင်းပြည် ဘာသာ သာသနာအတွက် သက်စွန့်ကြိုးပမ်း ဆောင်ရွက်ပါ မည်။ သစ္စာဖောက်ပါက ငရဲပြည်ရောက်ပါစေ ဟု ပါပါသည်။ ကိုသုခ ရှေ့မှ ချပေးသည့်အတိုင်း လို်က်ဆိုပြီးလျှင် ကျွန်တော်တို့ အားလုံး သစ္စာရေသောက်ရပါသည်။ ၎င်းနောက် “ကျွန်တော်သစ္စာဖောက်မိသဖြင့် ကျွန်တော်၏ ကိုယ်ကို ကျွန်တော် အဆုံးစီရင်လို်က်ပါသည်“ ဟု ကျွန်တော်ကိုယ်တိုင်ရေးပြီး လက်မှတ်ထိုးရုု် ဦးစောလက်သို့ ပေးအပ်ရပါသည်။ ကှု်ကိစ္စများ ပြီးသည့်နောက် ဦးစောကိုယ်တိုင် ကျွန်တော့အား စတင်းဂန်း နှစ်လုံးပူး ခြောက်လုံးပူး သေနတ်များ အပစ်သင်ပေးပါသည်။ ကိုခင်မောင်ရင်နှင့် အခြား သေနတ်ပစ်တတ်သည့် လူများကိုလည်း ဦးစောက ထပ်မံသင်ကြားပေးပါသည်။ ကျွန်တော်သည် အစမ်းသဘောဖြင့် ဓါတ်ဆီပုံး။ ရေနံဆီပုံး လွတ်တို့ကို ချိန်ပြီး စတင်းဂန်း နှစ်လုံးပူး ခြောက်လုံးပူးတို့ကို အစမ်းအပစ်လေ့ကျင့်ရပါသည်။

။။။။။။။။။ကှု်သို့ အပျော်တမ်းစစ်တပ် တစ်ခုသဖွယ် တဒိုင်းဒိုင်း သေနတ်ပစ်သံများ ကို ထိုအခါက တာဝန်ရှိသူများ မသိရော့သလား ။ သိလျှင် ဘာကြောင့် ထိုကတည်းက အရေးမယူခဲ့သည်မှာ အတွေးရ ခက်လှပါသည်။။။။။။။။။။

လွန်ခဲ့သည့် တစ်လလောက်က နံနက် ၉ -နာရီလောက်တွင် ကိုဘညွန့်၊ မောင်စိန်၊ မောင်နီ၊ ရန်ကြီးနိုင်၊ တင်ရွှေ၊ လှထွန်း နှင့် ထွန်းရှိန်တို့သည် လောလီတစ်စင်းနှင့် အေ-အို-ဒီ သို့သွားရောက်ပြီး ဘရင်းဂန်း အလက်၂၀ဝ လောက်ထုတ်ယူလာသည်ကို တွေ့ရပါသည်။ ထိုအခါက ကိုဘညွန့်သည် ကာကီအကျင်္ ီနှင့် ကာကီဘောင်းဘီများကိုဝတ်ရုု် ပုခုံးတွင် ပုလိပ်တံဆိပ်များ တပ်ထားသည်ကို တွေ့ရပါသည်။ မောင်စိန်ကလည်း ပုလိပ်အဝတ်အစား ဘောင်းဘီအကျင်္ ီများကိုဝတ်ရုု် လက်မောင်းတွင် အရစ်အဖြူ သုံးတန်း တပ်ထားပါသည်။ ကျန်လူများကလည်း ယူနီဖောင်း ဝတ်ထားပါသည်။ ထိုလူများ ယူလာသည့် ဘရင်းဂန်းများ တင်ထားသော လောလီကားကြီးကို ဦးစော အိမ်ရှေ့ သရက်ပင်အောက်တွင် ထားပါသည်။ နောက် ထိုကားမှ ဘရင်းဂန်းများကို ဦးစော ဆင်ဝင်အောက်တွင် ချထားပါသည်။ ၎င်းနောက် ကျွန်တော်တို့သည် ဘရင်းဂန်း သေနတ်များကို အမဲဆီ သုတ်လိမ်းရပါသည်။ အချို့ဘရင်းဂန်း သေနတ်များကို အသင့်ရှိသော သံစည်များ တွင် ထည့်ရုု် ၈ -နာရီလောက်တွင် ဦးစောအိမ်အနီး ရေကန်ထဲသို့ ချထားကြပါသည်။

။။။။။ထိုလက်နက်များကို (Capt. Bivan ) ၏ အကူအညီနှင့် ကိုဘညွန့်က (I.P) ယူနီဖောင်း ဝတ်လျှက် ထုတ်ယူခဲ့သည်။။။။။။

ကျန်ဘရင်းဂန်း သေနတ်များကို စိတ်အထင် ထင်းရှုးသေတ္တာ ၇-လုံးခန့်ထဲတွင် ထည့်သွင်းထားသည် ကိုတွေ့ရပါသည်။ ၎င်းသေတ္တာများကို အိမ်တွင်ထားရှိ ရုု် နောက်ထပ် ကျန်သေးသော ဘရင်းဂန်းသေနတ်များ ကိုလည်း နောက်ထပ်ရောက်ရှိလာသော ထင်းရှုးသေတ္တာများတွင် ထည့်ကြရပါသည်။ ထင်းရှုးသေတ္တာများတွင် ဘရင်းဂန်းသေနတ်များကို ထည့်ပြီးနောက် တစ်နေ့တွင်မောင်စိန်က လောလီကားကြီးကိုမောင်းလျှက် တင်ရွှေ ထွန်းရှိန် မောင်စိုးတို့က ကားပေါ်တွင် စီးလိုက်လျှက် ဘရင်းဂန်းထည့်ထားသော သေတ္တာ ၁၅ လုံးခန့်ကို လော်လီကားကြီးနှင့် တင်ယူသွားပါသည်။ ခင်မောင်ရင်ကလည်း ဖို့ဒ်ဆင်း ကားမောင်းလျှက် ကိုထွန်းရင် နှင့် အတူ လော်လီကားနောက်က လိုက်ပါသွားပါသည်။

၎င်းဘရင်းဂန်းများကို ပြည်လမ်းတစ်လျှောက်ရှိ ဂဠုန်တပ်ခွဲများသို့ သွားရောက်ပို့ဆောင်ထား ကြောင်း နောင်သောအခါတွင် ကျွန်တော် သိရပါသည်။

နောက် ၁၀-ရက်လောက် ကြာသောအခါတွင်လည်း ပြည်လမ်း ၁၆ -မိုင်ရှိ အင်္ဂလိပ်စစ်တပ် ခဲရမ်းမီးကျောက် သိုလှောင်ရေးဋ္ဌာနမှ ယန်းတောင့်သေတ္တာများကို သွားရောက်ထုတ်ယူလာကြပါသည်။ ၎င်း ယမ်းတောင့်သေတ္တာများကို စိန်မောင် ရန်ကြီးနိုင်နှင့် ကျွန်တော်တို့ ဦးစော၏ အမိန့်အရ ရေကန်ထဲသို့ ချထားရပါသည်။ `

ဇူလိုင်လ ၁၈ ရက်နေ့ ညစာထမင်းစားပြီး ရ -နာရီခန့်အကြာတွင် ဦးစောက ကျွန်တော့အား သူ့အိပ်ခန်းသို့ ခေါ်သွားပါသည်။ ၎င်းနောက် ဦးစောက “မင်းကို ကိုစိုး ကိုစိန်တို့နဲ့ ထည့်လိုက်မယ် လိုက်သွားပါ– သူတို့က အပစ်ခိုင်းသည့်အခါ မင်းကပစ်ရမယ်– မင်းလိုက်သွားတဲ့အခါ တော်မီဂန်း တစ်လက် ယူသွား “ဟု ပြောပါသည်။ ကျွန်တော်ကလည်း “ဟုတ်ကဲ့“ ဟုပြောရုု် ကျွန်တော်၏အိပ်ယာသို့ ပြန်ပြီး အိပ်ပါသည်။`

“ဇူလိုင်လ ၁၉ -ရက်နေ့ နံနက် ၉ နာရီလောက်တွင် ဦးစောသည် ကျွန်တော်၏ အိပ်ယာတွင် လာပြီး ကျွန်တော့အား ယူနီဖောင်း ဘောင်းဘီ အကျင်္ ီတို့ကို ဝတ်ခိုင်းပါသည်။ ကျွန်တော်လည်း ရန်ကြီးနိုင်၏ ယူနီဖောင်းအစိမ်း တစ်ခုကို အနီးရှိ ကြိုးတန်းပေါ်မှ အဆင်သင့်ဆွဲပြီး ဝတ်ဆင်ပါသည်။ ထို့နောက် ဦးစောက အိမ်ရှေ့ အင်းယားကန်စပ်သို့ ခေါ်လာပါသည်။ ကန်စပ်တွင်ရှိသော သံစည်ထဲမှ စတင်းဂန်း တစ်လက်ကို ထုတ်ယူခိုင်းရုု် ထုတ်ယူပြီး ဦးစောနှင့်အတူ အိမ်ဘက်သို့တဖန်ပြန်သွားကြပါသည်။

။။။။။။။။ဇူလိုင်လ ၁၉ -ရက်နေ့ နံနက် ၁ဝ နာရီတွင် ဝန်ကြီးအဖွဲ့ အစည်းအဝေး ကျင်းပမည်ကို ဦးစောက ကြိုတင်သတင်းရရှိထားပြီးဖြစ်နေ၏။ ထိုသတင်းမည်သို့ ရရှိပါသည် ဟူရုု်လည်း ဦးစောကဖွင့်ဟ မသွားခဲ့ချေ။။။။။။။

ဦးစော၏ အိမ်ရှေ ့ခန်းတွင် ကိုစိုး ၊ကိုသက်နှင်း ၊ကိုစိန် ၊ကိုသုခ ၊ ကိုဘညွန့် ၊ ကိုနီတို့ကို တွေ့ရပါသည်။ ကိုစိုး ကိုသက်နှင်း ကိုစိန် ကိုသုခ တို့မှာ ကျွန်တော်ကဲ့သို့ ယူနီဖောင်း အစိမ်းဝတ်ထားပါ သည်။ ကိုဘညွန့်နှင့် ကိုနီတို့ကတော့ ရိုးရိုးအရပ်ဝတ် အရပ်စား ဝတ်ဆင်ထားပါသည်။ ကျွန်တော်ဝတ်ဆင် ထားသော ကာကီ အစိမ်းယူနီဖောင်းသည် ယခု တရားသူကြီးရှေ့ရှိ သက်သေခံပစ္စည်း အမှတ် ၄ -နှင့်တူပါသည်။ ကျွန်တော့ကိုယ်ပိုင် ပစ္စည်း မဟုတ်ရုု် သေချာစွာ မပြောနိုင်ပါ။

ထို့နောက် ကိုစိုးက ကျွန်တော့အကျင်္ ီပုခုံး တစ်ဖက်တစ်ချက်တွင် ခြင်္သေ့တံဆိပ် ပါရှိသော အဝတ်စကို တပ်ဆင်ပေးပါသည်။ ကိုစိုး ကိုစိန် ကိုသက်နှင်း တို့၏ အကျင်္ ီ ပုခုံးများဋ္ဌ်လည်း ထိုကဲ့သို့ ခြင်္သေံ့တံဆိပ်တပ်ထားပါသည်။ ကိုသုခ ၏ယူနီဖောင်းတွင် ခြင်္သေ့တံဆိပ် ကိုမတွေ့မိပါ။ ခြင်္သေ့တံဆိပ် တပ်ပြီးနောက် ကိုစိုးက ဦးထုပ်အပျော့ တစ်လုံးကိုဆောင်းပေးပါသည်။ ကျွန်တော့ကို ဆောင်းပေးသော ဦးထုပ်သည် ယခု တရားသူကြီးရှေ့ရှိ သက်သေခံပစ္စည်း အမှတ် ၅ နှင့် ဆင်တူပါသည်။

ထို့နောက် ဦးစော၏ အမိန့်အရ ဦးစော၏ အိပ်ခန်းထဲသို့ဝင်ရုု် ဦးစော၏ အကျင်္ ီချိတ် အောက်က မဂ္ဂဇင်း ဘောက်နှစ်ခုကိုယူလာပြီး အိမ်ရှေ့ ခန်းသို့ပြန်လာပါသည်။ အိမ်ရှေ့ခန်းသို့ ကျွန်တော် ပြန်ရောက်သောအခါ ကိုစိုး ကိုစိန်နှင့် ကိုသက်နှင်းတို့မှာ တော်မီဂန်းတစ်လက်စီ ကိုင်ထားသည်ကို တွေ့ရပါသည်။ ကျွန်တော်က သူတို့အား ဘယ်သွားမလဲဟု မေးရာ ကိုစိုးက “မြို့ထဲ လိုက်ခဲ့ရမယ်– ဟိုကျတော့ ငါပစ်ခိုင်းတဲ့အတိုင်း ပစ်ရမယ်-“ ဟုပြောပါသည်။ နံနက် ၁ဝ နာရီ အချိန်လောက်တွင် ဦးစောက ကျွန်တော်တို့အား“ အချိန်စေ့ပြီ သွားကြ သွားကြ “ ဟုပြောပါသည်။ ထိုအခါ ကိုသုခ ကိုစိုး ကိုစိန် ကိုသက်နှင်း နှင့် ကျွန်တော်တို့သည် ဂျစ်ကားပေါ်သို့ တတ်ပါသည်။ ဂျစ်ကားကို ကိုသုခက မောင်းရုု် ကိုစိုးက ကိုသုခ၏ ဘေးတွင် ထိုင်ပါသည်။ ကိုသက်နှင်း ကိုစိန်နှင့် ကျွန်တော်က နောက်မှ ထိုင်ပါသည်။ ဂျစ်ကားပေါ်သို့ရောက်သောအခါ ကိုစိုး ကိုစိန် ကိုသက်နှင်း တို့ သုံးယောက်က မိုးကာ အကျင်္ ီ ကိုခြုံလိုက်ပါသည်။ ကျွန်တော်က ကိုစိုး ကိုစိန် နှင့် ကိုသက်နှင်းကြားထိုင်နေရုု် မိုးကာအကျင်္ ီမခြုံပါ။ ထိုအချိန်လောက်တွင် ကိုဘညွန့် ကိုမောင်ညို ခင်မောင်ရင်တို့သည် မြို့ထဲသို့ ရောက်ရှိနေကြပြီးလျှင် ဗိုလ်ချုပ်အောင်ဆန်းတို့ အစည်းအဝေး ထိုင်နေကြကြောင်း ဦးစောထံ တယ်လီဖုန်းဖြင့် သတင်းပေးပို့သည်ဟု နောင်သောအခါကျမှ ကျွန်တော် သိရှိရပါသည်။

ကျွန်တော်တို့ ဂျစ်ကားထွက်လာမည် လုပ်သောအခါ ဦးစောက “ဂွတ် လဒ် “ဟု နှုတ်ဆက်ပါသေးသည်။ ကိုစိုးကလည်း ပြန်ရုုု် နှုတ်ဆက်ပါသေးသည်။ ထို့နောက် ဂျစ်ကားကို ကိုသုခက မြို့ဘက်သို့ မောင်းလာပါသည်.။ မြို့ထဲသို့ ဂျစ်ကားရောက်လာသောအခါ ကိုစိုး ကိုစိန် ကိုသက်နှင်း တို့သည် မိုးကာ အကျင်္ ီများကို ချွတ်လိုက်ကြပါသည်။ ကျွန်တော်တို့လည်း သေနတ်ဖြင့် ပစ်ရမည့်ရုံးတွင်းသို့ ဂျစ်ကားဖြင့် ဝင်လာပါသည်။ ရုံးရှေ့လှေကားအနီးတွင် ဂျစ်ကားရပ်ရု် ကိုစိုး ကိုသက်နှင်း ကိုစိန်နှင့် ကျွန်တော်က ကားပေါ်မှဆင်းပါသည်။ထို့နောက် ရုံးပေါ်သို့ ကိုစိုးက ရှေ့ဆောင်ရုု် တတ်ပါသည်။ ကိုစိုးနောက် ကပ်လျှက် ကိုစိန်က လိုက်ပါသည်။ ကိုစိန်၏နောက် တစ်လံလောက်တွင် ကိုသက်နှင်းက လိုက်ရုု် ကိုသက်နှင်း၏ နောက်မှ ကျွန်တော်က လို်က်ပါသည်။

ဝန်ကြီးတွေ စည်းဝေးသော အခန်းသို့ ရောက်သောအခါ ကိုစိုး နှင့် ကိုစိန်တို့ ကရှေ့ဆုံးမှ ဝင်သွားပါသည်။ ကိုစိုးနှင့် ကိုစိန်က အခန်းထဲသို့ဝင်လျှင်ဝင်ချင်း စရုု် ၎င်းတို့တွင် ပါလာသော တော်မီဂန်း များနှင့် ရုံးခန်းထဲရှိ ဝန်ကြီးများကို ပစ်ပါသည်။ ကျွန်တော်နှင့် ကိုသက်နှင်းကလည်း ကျွန်တော်တို့ လက်တွင် ပါလာသော သေနတ်များနှင့် ပစ်ပါသည်။ ကျွန်တော်က ထိုင်ပြီး စတင်းဂန်းနှင့် ဝပ်နေသောသူများကို ပစ်ပါသည်။ ထို့နောက် အခန်းတွင်းမှ ကျွန်တော်တို့ထွက်လာပါသည်။ ဝရံတာတွင် ခြောက်လုံးပူး ဖြင့်ရပ်နေသော လူတစ်ယောက်တွေ့ရ ပါသည်။ ထိုအခါ ကျွန်တော်တို့ ထဲက လူတစ်ယောက်က “ပစ်““ပစ်“ ဟု ပြောရာ ကျွန်တော်က ကျွန်တော်၏ စတင်းဂန်းနှင့် တစ်ချက်ဆွဲလိုက်ပါသည်။ ကျည်ဆန် နှစ်ခုသုံးခု ထွက်ပြီး ထိုလူအား ထိပါသည်။ ထို့နောက် ကျွန်တော်တို့လည်း ရုံးပေါ်က ပြေးဆင်း လာကာ အသင့်ရပ်ထားသော ဂျစ်ကားပေါ်သို့ တတ်စီးပြီး ရုံးဝင်းအတွင်းမှ မောင်းထွက်လာခဲ့ပါသည်။

ဦးစော၏ နေအိမ်သို့ ပြန်ရောက်ကြသောအခါ အိမ်ဝင်းတံခါးကို မောင်တင်ရွှေက ဖွင့်ပေးနေစဉ် ကိုစိုးက “မြန်မြန် ဖွင့် မြန်မြန်ဖွင့်“ဟု ကြိမ်းပါသည်။ အိမ်တွင် ဦးစော အသင့်စောင့်နေသည်ကို တွေ့ရပါသည်။ ဦးစောက “ကိစ္စပြီးပလား “ဟုမေးရာ ကျွန်တော်တို့အားလုံးက “ပြီးပါပြီ“ဟု ပြန်ပြောလို်က်ပါသည်။ ထို့နောက် ကျွန်တော်တို့အားလုံး အဝတ်လဲရန် ကိုယ့်နေရာ အသီးသီးသို့ ပြန်သွားကြပါသည်။ လက်နက်များနှင့် အကျင်္ ီ များကို ဂျစ်ကား ပေါ်တွင် ထားခဲ့ပါသည်။ အကျင်္ ီ များကို မောင်မြအုံး လာယူသွားရုု ် လက်နက်များကို စိန်မောင်က ဘုရားကျောင်းဆောင် သို့ယူသွားပါသည်။ ဦးထုပ်များ တော့ ဘယ်သူယူသွားသည်ဟု မသိပါ။ ကျွန်တော်တို့ အကျင်္ ီ လဲပြီးနောက် ကိုစိန် ကိုစိုး ကိုသက်နှင်း ကိုသုခ တို့က အဖြစ်အပျက်ကို ပြောပြပါသည်။ ကှုု်ကဲ့သို့ ပြောနေစဉ် ကိုခင်မောင်ရင်နှင့် ကိုဘညွန့်တို့လည်း အိမ်သို့ပြန်ရောက် လာပါသည်။ နေ့ခင်းတစ်နာရီ ကျော်တွင် ကျွန်တော်တို့ အားလုံး အဖမ်းခံရပါသည်။ ။

ရေးသူ။ ။ဗိုလ်ဥတ္တမကျော်
ရွှင်လန်းချမ်းမြေ့ပါစေ။
**ကိုစိုးနိုင်**

http://sankyawmyanmar.blogspot.com/p/blog-page_14.html

Credit to Ko Soe Naing at ပြည်သူ.အော်သံ ဖတ်စရာ မှတ်စရာ

About Knowledge Seeker

Knowledge Seeker has written 59 post in this Website..