ဘယ်လိုသောက်ကြမလဲ ဆီးကျောက်မတည်အောင်

ခင္ခAugust 4, 20121min23713

ဘယ်လိုသောက်ကြမလဲ ဆီးကျောက်မတည်အောင်

ဆီးကျောက်တည်ရောဂါမဖြစ်ရအောင် ရေများများသောက်ဖို့လိုပါတယ်၊ ရေများများသောက်ရင် ဆီးများများသွားပြီး ဆီးအနည်ကျတာ မဖြစ်တော့တဲ့အတွက် ကျောက်တည်ဖို့အလား အလာအလွန်နည်းမှာဖြစ်ပါတယ်၊ ရေသောက်နည်းသူတွေမှာ ဆီးကျောက်တည်ရောဂါ ဖြစ်တတ်တာတွေ့ရပါတယ်၊ သောက်ရေဆိုတာ ရေသန့်ဘဲဖြစ်ဖြစ် ကျိုချက်ထား တဲ့ရေဘဲဖြစ်စေ ကောင်းပါတယ်၊ ဒါပေမယ့် တစ်ချို့တွင်းရေတွေမှာ ထုံးဓာတ်ပါဝင်မှု့များတာကြောင့် ကျိုချက်လိုက်ရင် ပျော်ဝင်နေတဲ့ ထုံးဓာတ်တွေဟာ အောက်ကိုအနည်ကျ လာပါမယ် ဒါကိုအအေးခံပြီးရင် ရေစစ်နဲ့ဖြေးဖြေးချင်းလောင်းထဲ့စစ်ပြီးသောက်သင့်ပါတယ်၊ များသောအားဖြင့် တောင်ပေါ်နဲ့ အထက်ဖက်တွေကတွင်းရေတွေမှာ ထုံးဓာတ် များတာတွေ့ရပါတယ်။

နောက်တစ်ခုက ဖျော်ရည်တွေဖြစ်တဲ့ သံပရာရည်တို့၊ နာနတ်ရည်တို့ သဘောင်္သီးဖျော်ရည် စတဲ့ဖျော်ရေတွေဟာ သဘာဝဖျော်ရေတွေမို့ အင်မတန် ကောင်းပါတယ်၊ တစ်ခုတော့ရှိတယ် သကြားမထည့်ဘဲ သောက်နိုင်လေပိုကောင်းလေပါ၊ မတတ်သာလို့ထည့်ရင်တောင် အတတ်နိုင်ဆုံး အနည်းဆုံးထည့်သင့်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သကြားဟာ များများစားရင် ဆီးချိုရောဂါဖြစ်နိုင်တဲ့အပြင် ဆီးကျောက်တည်ခြင်းကိုပါ ဖြစ်စေနိုင်လို့ပါ။ သကြားတင်မကပါဘူး ကျန်တဲ့ Refined sugar တွေ ဖြစ်တဲ့ Glucose တို့ ထန်းလျက်၊ ကြံသကာ၊ မလိုင်အချိုမုန့် စတာတွေပါ တတ်နိုင်သလောက် လျော့စားသင့်ပါတယ်၊

နောက်တစ်ခုက သဘာဝအတိုင်းနည်းနဲ့မဟုတ်တဲ့ အချိုရည်တွေဖြစ်ပါတယ်၊ အချိုရည်အများစုဟာ Glucose တို့၊ Sucrose တို့ နဲ့ ရေဖျော်ထားတာဖြစ်ပြီး အရောင်အနံကိုတော့ Chemical တွေနဲ့ပြုလုပ်ထားလေ့ရှိပါတယ်၊ ပြီးတော့ NaHCO3 လို့ခေါ်တဲ့ ဆိုဒါတွေပါမယ်၊ ကြာကြာခံအောင် Preservative တွေထည့်ထားမယ်။ အဆိုးဆုံးကတော့ Phosphoric acid တွေဖြစ်ပြီး ဒါတွေအားလုံးက ဆီးကျောက်တည်ခြင်းကို အားပေးပါတယ်၊ အချိုရည်သောက်တိုင်း သောက်တိုင်း ဆီးထဲမှာပါတဲ့ calcium တွေ၊ Oxalate တွေ စွန့်ထုတ်မှုများလာတဲ့ အတွက် ဆီးကျောက်တည်ဖို့ အခွင့်အလမ်းများပါတယ်၊ ဒါကြောင့်ဆီးကျောက်မတည်အောင် အချိုရည်ကို တစ်ခါတရံမှသာ သောက်သင့်ပါတယ် တတ်နိုင်သမျှရှောင်ခြင်းဖြင့် ဆီးကျောက်တည်ခြင်း အပြင်ဆီးချိုရောဂါပါ ကာကွယ်ရာရောက်ပါတယ်၊

နောက်တစ်ခုက ကော်ဖီ၊ လက်ဖက်ရည် သောက်ခြင်းကို တစ်နေ့လျှင်အများဆုံး သုံးခွက်ထက်ပိုမသောက်သင့်ပါဘူး၊ ကော်ဖီကပိုဆိုးပါတယ်၊ ကော်ဖီစေ့ကိုဓာတ်ခွဲကြည့်ရင် Purine alkaloid တွေ များစွာပါဝင်ပါတယ်၊ ဒီ alkaloid တွေကြောင့်ခါးတဲ့အရသာဖြစ်စေတာပါ၊ Purine အုပ်စုမှာပါတဲ့ Caffeine ဓာတ်ဟာ အနည်းငယ်သောက်ရင် စိတ်ကိုကြည်လင် လန်းဆန်းစေပါတယ်၊ ဒါပေမဲ့ များများသောက်ရင် ဆီးကျောက်တည်ခြင်းကို အားပေးပါတယ်၊ လက်ဖက်ရည်လည်းများများသောက်ရင် အဲဒီလိုပါဘဲ။

နောက်တစ်ခုက နွားနို့သောက်တာပါ၊ နွားနို့မှာ Calcium လို့ခေါ်တဲ့ ထုံးဓာတ်တွေ ပါဝင်တယ်ဆိုတာမှန်ပါတယ်၊ ဒါပေမဲ့ နွားနို့မှာပါတဲ့ ကယ်စီယမ်က Organic Calcium တွေဖြစ်လို့ လူကိုဒုက္ခမဖြစ်စေပါဘူး၊ ဆီးကျောက်ရောဂါရှိရင် နွားနို့မသောက်ရဘူးဆိုတာ အယူအဆမှားတာပါ၊ နွားနို့ဟာဆီးကျောက်မဖြစ်စေနိုင်တဲ့အပြင် ကျောက်ကပ်ကနေ Oxalate excretion ကိုပါ လျော့နည်းစေနိုင်တဲ့ အတွက် ဆီးကျောက်တည်ခြင်းကို ကာကွယ်ပေးရာ ရောက်ပါတယ်၊ ဆီးကျောက်တည်ရောဂါဖြစ်ရင်တောင် နွားနို့သောက်လို့ ရပါတယ်၊ တစ်နေ့ တစ်ခွက်၊ နှစ်ခွက်ပုံမှန်သောက်ခြင်းဟာ ဘယ်လိုမှ အန္တရာယ်မရှိနိုင်ပါ သို့သော် တစ်ချို့လက်ဖက်ရည်ဆိုင်တွေက နွားနို့မှာရင် နို့ဆီကိုရေနွေးဖျော်ပေးတာကတော့ အန္တရာယ်များပါတယ်၊ သူကအချိုဓာတ်ကနေ ပြန်ပြုပြင်ထားလို့ပါ။

အများပြောနေကြတဲ့ ကွမ်းစားခြင်းဟာ ဆီးကျောက်တည်နိုင်တယ်ဆိုတာဖြစ်နိုင်ပါတယ်၊ ကွမ်းယာထဲမှာပါတဲ့ ထုံးဟာ Inorganic calcium တွေဖြစ်လို့ ကျန်းမာရေးကိုထိခိုက် စေနိုင်ပါတယ်၊ မြန်မာပြည်မှာ ဆီးကျောက်တည်ခြင်းဟာ ကွမ်းယာစားတဲ့ ဓလေ့ကြောင့်ဖြစ်ရတာတွေ့ရပေမယ့် ကွမ်းစားတဲ့သူတွေဘဲ ဆီးကျောက်တည်လိမ့်မယ် ကွမ်းမစားနဲ့ဆိုသူများ ကွမ်းမစားပေမယ့်လည်း ရေကျိုမသောက်တာတို့၊ အချိုရည်အသောက်များတာတို့၊ ကော်ဖီ လဖက်ရည် အလွန်သောက်တာတို့၊ အချိုပါတဲ့အစာ  အစားများတာတွေကလည်း ဆီးကျောက်တည်ခြင်းကိုဖြစ်စေနိုင်ကြောင်း ကျွန်တော့်ရဲ့ တိုလီမိုလီစင်က စာပေစုထဲမှ ကောက်နုတ်တင်ပြပေးလိုက်ပါသည်။

ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။

13 comments

  • snow white

    August 4, 2012 at 11:42 am

    ဆီးကျောက်မတည်ချင်ဘူးဆိုရင်ကြိုတင်ကာကွယ်လို့ရတယ် လို့မြန်မာတိုင်းရင်းဆေးဆရာတစ်ဦးပြောပြထားလို့ စနိုးတို့ အိမ်မှာဆို တစ်ပတ် တစ်ခါစနိုးအဖေကိုအမြဲကျွေး တာ မုန်လာဥအနီကို တစ်ပတ်တစ်ရက်လောက် သုံးဥလောက်စားပေးခြင်းဖြင့် မည့်သည့်ဆီးကျောက်မှမတည်ဘူးလို့ ပြောပြ ထားပါတယ်။။

  • snow white

    August 4, 2012 at 11:44 am

    နောက်တစ်ခုကကျတော့ မရဲသီး စားတဲ့အခါမှာ အခွံမှာကျန်ခဲ့ တဲ့ အဖြူသားကိုစားပေးခြင်းဖြင့်လည်း ကျောက်ကြွေစေတယ်လို့ပြောပါတယ် ကွမ်းစားသမားများဖရဲသီး ရဲ့ အခွံက အဖြူဖပ်လေးကို စားပေးချင်းဖြင့် ဆီးသွားတဲ့ အခါ ဝမ်းသွားတဲ့အခါမှာ ပါသွားပါတယ်လို့ ကြားဖူးသလို တကယ်လက်တွေ့လုပ်ကြည့်ချက်အရလည်းသက်သာပါတယ် ။။

  • မောင်ပေ

    August 4, 2012 at 12:31 pm

    “ကွမ်းမစားပေမယ့်လည်း ရေကျိုမသောက်တာတို့၊ အချိုရည်အသောက်များတာတို့၊ ကော်ဖီ လဖက်ရည် အလွန်သောက်တာတို့၊ အချိုပါတဲ့အစာ အစားများတာတွေကလည်း ဆီးကျောက်တည်ခြင်းကိုဖြစ်စေနိုင်ကြောင်း ”
    စိတ်ရှည်ရှည် နဲ ့ကျန်းမာရေး ပညာပေးတွေ ကို ပြန်လည်ဝေမျှပေးလို ့ရှဲရှဲဘာ ခင်ကော

  • ko khin kha

    August 4, 2012 at 1:32 pm

    မုန်လာဥနီ – မှန်မှန်စားရင် အအေးမိတာကာကွယ်ပေးပြီး မျက်စိ ညောင်းညာတာ၊ ကြက်မျက်သင့်(ညမမြင်)ရောဂါ၊မျက်ဆက်မြှေးရောဂါ ကာကွယ်ပေးတယ်၊ အရည်ပြားကြမ်းတာ ခြောက့်တာ ရင့်ထော်တာတွေ သက်သာပျောက်ကင်း ကောင်းမွန်စေတယ်၊ မျက်နှာအရစ်အကြောင်းများ ဖြစ်ပေါ်ခြင်းသက်သာ စေတယ်၊ သွေးလွှတ်ကြောမာတာ ကာကွယ်ပေးပြီး သွေးချို ကိုလက်စထရော နဲ့ သွေးတိုးတွေကို ကျစေတယ်၊ ခေါင်းဗောက်ထခြင်း သက်သာစေပြီး ဆံပင်သန်စွမ်း ပြောက်လက်စေတယ်၊ ရောဂါခုခံအား တိုးစေတယ် သွေးအား ကောင်းစေပါတယ်။
    ဖရဲသီး – ဆီးရွှင်စေတဲ့ စွမ်းအားကောင်းပါတယ်၊ကျောက်ကပ်ရောဂါ နှလုံးရောဂါ ကိုယ်ဝန်ဆောင်မှုနဲ့ သွေးတိုးရောဂါတွေကြောင့်ဖြစ်တတ်တဲ့ ရေဖောဖော တာကို သက်သာပျောက်စေတယ်၊ အရက်နာကျတာပြေစေတယ်၊ အမျိုးသမီးများ ဆီးလမ်းကြောင်းရောင်ရမ်းနာနဲ့ ဆီးအိတ်ရောင်ရမ်းနာတွေဖြစ်ရင် ဖရဲသီးစားပါက သက်သာနိုင်ပါသည်၊ နွေရာသီပူပြင်းလို့ ရေငတ်တဲ့အခါ ဖရဲသီးစားရင်ကိုယ်တွင်းက အရည်ဓာတ်ကိုတိုးပွားပြီး ရေငတ်ပြေစေပါတယ်၊(အရင်တင်ခဲ့တဲ့ အသီးအချို့ပိုစ့် နဲ့ ဟင်းသီးဟင်ရွက်အချို့ ပိုစ့်ထဲက ပြန်ဖတ်ရအောင်ပါ။)နောက်ပြီး ဒီကြားထဲ ဖတ်ရတဲ့ တိုလီမိုလီစာစုအရ ဖရဲသီးဟာ ဗီတာမင်စီပါဝင်လို့ မျက်စိအားကောင်းသလို၊အဝါရောင် ဖရဲသီးမှာ Betacarotene ဓာတ်ပါတာကြောင့် ကင်ဆာရောဂါကို တားဆီးနိုင်စွမ်းရှိတယ်ဆိုပါ၏။ ဒါကြောင့် ဖရဲသီးက အခုဆို ပေါများပြီး ရာသီတိုင်းရနေတော့ စားသင့်ပါတယ်နော်။

  • မွန်မွန်

    August 4, 2012 at 2:18 pm

    ကျန်းမာရေးအသိတွေ ဝေမျှပေးတာ ကျေးဇူးတင်ပါတယ်ရှင်…
    အခုဆို တော်တော်များများက ကိုယ်လက်လှုပ်ရှားမှုကနည်း၊ အလုပ်လုပ်ရင်း ကော်ဖီတွေသောက်၊ ရေသောက်ဖို့ကျ မေ့နေတတ်ကြ နဲ့ဆိုတော့ ဒီလိုရောဂါမျိုးတွေဝင်ဖို့ အခွင့်အလမ်းများနေတတ်ပါတယ်…
    ခုလိုသိရတော့ ဆင်ခြင်လို့ရတဲ့အတွက် အကျိုးရှိတဲ့ ပို့စ်တစ်ခုပါ…

  • aye.kk

    August 4, 2012 at 2:44 pm

    ကိုခင်ခရေ…
    ကျမ္မာရေးအသိသတိရှိဘို ့ပြောပြပေးတဲ့အတွက်ကျေးဇူးတင်ပါသည်။
    အနာသိဆေးရှိဆိုသလို၊ဆီးကျောက်တည်သည့်သူများမခွဲစိတ်လိုပါက….
    ငါးပုတ်သင်ငါးမျက်စိအားပြာချပြီး၊၎င်းအမှုန် ့အား…
    လဖက်ရည်စတီးဇွန်းငယ်တခွက်စာအားရေနွေးဖြင့်ဖျော်ပြီးသောက်ပါက..
    ဆီးကျောက်ပျော်ကျခါ၊မုချအလျှင်းပျောက်ကင်းပါကြောင်းပြောပြလိုက်ပါရစေ။။။

  • ဇောက် ထိုး

    August 4, 2012 at 2:59 pm

    ငါးပုတ်သင် ငါးမျက်စိ ပြာချသောက်ဆိုတာ ကူးယူပြီးသွားပါတယ်ခင်ဗျာ…
    ကျွန်တော် အဒေါ်တစ်ဦးဆိုရင် ကျောက်တည်လို့ခွဲရတာ သုံးခါတောင်ရှိနေပြီမို့ပါခင်ဗျာ။ ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။

  • ko khin kha

    August 4, 2012 at 3:00 pm

    မအေးရေ မန်း မှာက မအေးပြောတဲ့ ငါးရှားမယ်ထင်တယ်၊ ဘာဘဲဖြစ်ဖြစ် ဝေဌပါမယ်။

  • kyeemite

    August 4, 2012 at 3:26 pm

    နာနတ်သီး အပေါ်က လှီးထုတ်လိုက်တဲ့
    ဦးစွန်းပုတ်ကို ပြုတ်သောက်ရင်..ဆီးကျောက်မတည်ဘူး
    ကျောက်ရှိရင်လဲပျော်ကျတယ်ပြောလို့..လမ်းထိပ်က တွန်းလှည်းနဲ့
    ရောင်းတဲ့နာနတ်သီးဆိုင်က သွားသွားတောင်းပီး
    တစ်လလောက်သောက်ကြည့်လိုက်သေးတယ်…

  • ko khin kha

    August 4, 2012 at 3:47 pm

    kyeemite ရေ။ တစ်လလောက်သောက်တော့ သက်သာပျောက်ရောလား၊ အလွယ်ဆုံးနဲ့ ထိရောက်တဲ့ ဆေးတမျိုးက Fame က ထုတ်တဲ့ Urocrush (ဆီးကျောက်ပျော်ဆေး) သောက်ကြည့်ပါလား၊ သူ့ထဲမှာ ကသဘာဝကရတဲ့ သံမနိုင်ကျောက်မနိုင်၊ အလိုကျူ ၊ နတ်ဆေးဂမုန်း၊ ကျောက်ကွဲပင်တို့ကို အချိုးကျကျထုတ်ထားလို့ ဆီးကျောက်ရှိသူရော၊ မရှိသူပါကြိုတင်ကာကွယ်တဲ့အနေနဲ့ သောက်သင့်ပါတယ်။ ကျွန်တော်ဆေးစစ်တော့ ကျောက်ကပ်မှာကျောက်မှုန့်လေးတွေတွေ့တယ်ဆိုလို ဆေးပညာစာအုပ်တွေ ဝယ်ဖတ်ပြီး အဲဒီဆေးသောက်တာ ၅ လသောက်ပြီးပြန်စမ်းသပ်တော့ လုံးဝမရှိတော့ကြောင်းပါ။ အခုတော့ ကာကွယ်တဲ့အနေနဲ့ ဆက်သောက်နေပါတယ်။ ( ကြော်ငြာဝင်တာ- Fame က ကော်မရှင်များရမလားလို့)

  • aye.kk

    August 4, 2012 at 5:29 pm

    ငါးပုတ်သင်ငါးရဲ ့ဦးဂေါင်းပိုင်းမှာအပိုပါလာတဲ့ငါးမျက်စိလို ့လည်းခေါ်တဲ့
    ငါးမျက်စိနဲ ့လွန်စွာတူတဲ့ကျောက်ကိုပန်းထိန်ဖိုမီးပြင်းပြင်းမှာပြာအဖြစ်ရအောင်ပြုပြီး
    ရေကျက်အေးနဲ ့ဖျော်သောက်ပါ။။လက်တွေ ့ပျောက်ကင်းပါတယ်။
    ဆေးဝါးဗေဒပါမောက္ခချုပ်ကြီးတဦးကိုယ်တိုင်ကပြောပြခဲ့တာပါ။။

  • အတိသဌ္ဇနာဂရ

    August 4, 2012 at 10:06 pm

    ပြီးခဲ့တဲ့ လကခွဲထုတ်လိုက်နိုင်တဲ့ ဆီးကျောက်က(၇၀)ကျပ်သားရှိသဗျာ။
    ကြောက်စရာနော်။သတင်းစာထဲ မယ်ပါတာပြောတာပါ ကိုခင်ခရေ။

  • nature

    August 4, 2012 at 11:14 pm

    ၂၀၀၈ခုနှစ်က ယိုးဒယားမှားဆေးသွားစစ်တာ သည်ခြေအိတ်ထူလို့ သည်းခြေအိတ်ထုတ်မလို့။ ကြောက်တာနဲ့မထုတ်ပဲပြန်ခဲ့တယ်။ ပြီးခဲ့တဲ့လကစင်္ကာပူမှာ စစ်ကြည့်တော့ သည်းခြေအိတ် မထူတော့ဘူး။

Leave a Reply