ကုသိုလ်ခြင်းတူတူပါဘဲ…..(ကောင်းမှုလုပ်တာခြင်း တူတူပါဘဲ )

snow whiteAugust 4, 20121min29019

ကောင်းမှုလုပ်တာခြင်းတူတူ ပါဘဲ ဘယ်မှာဘဲကောင်းမှုလုပ်လုပ် ယူတက်ရင်ကုသိုလ်မယူတက်ရင် အားကုသိုလ် ။။    ဘုရားမှာကျတော့ ပိုပြီးစိတ် ကြည်လင်ပြီး  တရားအားထုတ်မှုပိုမိုကောင်းတယ် လို့စနိုးထင်မြင်ချက်လေးပေါ့နော်  အိ်မ်မှာတရားအားထုတ်ကြည့်စိတ်ကမငြိ်မ်ဘူး   ဆူညံသံတွေ   တရားကောင်းကောင်းမှတ်လို့မရဘူး ပေါ့နော်

ဘုရားမှာကျတော့ ဘုရားအရိ်ပ်တရားအရိပ်မှာ  ဆယ်မိနစ် ဆယ့်ငါးမိနစ်လောက်နေရလည်း စိတ်ကိုအေးမြစေတယ်လို့စနိုး ထင်တယ် ။။

ခုရေးတင်လိုက်ရတဲ့ပို့စ်လေးကတော့  စနိုးတို့ သင်တန်း့မှာ ကြားခဲ့ရတဲ့အစ်ကို တစ်ယောက်ရဲ့သူအတွေးပေါ့

သူပြောနေတဲ့စကားလေးတွေကို စနိုးရေးသားတင်ပြလိုက်တာ ပါ သူပြောမှ ကိုယ်တောင်နည်းနည်း စဉ်းစားသွားရတယ် ဘုရားခြင်းမတူဘူးလားပေါ့ သူပြောတာလေးက အိမ်ဘုရားနဲ့   အပြင်ဘုရားစေတီတွေနဲ့မတူဘူးလားပေါ့ နည်းနည်းတော့ စဉ်းစားရခက်သွားတယ်။ ဆရာတော်တစ်ပါးတရားဟောဖူးတယ်  ဘယ်ဘုရားမှာဘဲဖြစ်ဖြစ်  ကိုယ့်လုပ်သည့်ကိုယ်ပြုမူသည့် ကိုယ့်တရားကျင့်ကြံသည့်  ကိုယ့်စိတ်သည်သာလျှင်အဓိကပါ လို့ တရားနာတုန်း က မှတ်မိသမျှလေးပါ။

 

ခုသင်တန်းက အစ်ကိုတစ်ယောက်အကြောင်းလေးပြောပြပါ့မယ်။သင်တန်းက အစ်ကိုတစ်ယောက်ပြောတာ နားထဲမှာကြားခဲ့ရလို့ပါ  တို့မြန်မာတွေစဉ်းစားစရာဘဲလို့ သူကသင်တန်းခန်းမအဝကနေ
စနိုးတို့သင်တန်းဆရာကို ပြောပြနေတယ်  စနိုးတို့
ဆရာကမေးတယ် ဘာဖြစ်လို့တုန်း မြန်မာတွေစဉ်းစားစရာဘဲဆိုတာ
ကျန်တဲ့ရက်ဆိုဘုရားကိုမသွားကျဘူးလား  ဝါဆိုလပြည့်နေ့မှ
အခါကြီးရက်ကြီးမှ ဘုရားကို တိုးဝှေ့ ပြီး သွားနေကျတာ ဘယ်လိုဖြစ်ကျတာလည်း မသိပါဘူး ကျန်တဲ့ရက်ဆိုဘုရားတိုင်းလိုလို  လူကိုရှင်းနေတာဘဲ
ဒီလိုရက်မျိုးဆိုရင်   လူလည်းစည်တယ်လူလည်းအရမ်းများတယ်တဲ့လေ   စဉ်းစားစရာဘဲနော် ကျန်တဲ့ရက်ဆို   ဘုရားသွားဖို့
သတိတောင်မရကျဘူးလားမသိဘူးတဲ့လေ  စနိုးတို့သင်တန်းဆရာက
ပြန်ပြောလေတယ်  အခါကြီးရက်ကြီးတွေဆိုရုံးတွေပိတ်တယ် ကျောင်းတွေပိတ်တယ်  အလုပ်တော်တော်များများပိတ်တယ်
ဒါကြောင့်မိသားစုစုံတော့ သွားကျလာကျ  ဘုရားဖူးကျပေါ့ လို့ ဆရာကပြောတယ် ။။
ဒါပေမယ့် စနိုးတို့ ဆရာပြောတဲ့စကားကိုလည်းသူကပြန်ပြောလိုက်သေးတယ်   သူတို့ အိ်မ်နားက
မိန်းမက သူဆီက ပိုက်ဆံလာချေးတယ်တဲ့
သူကလည်းမေးလိုက်တယ် ဘာလုပ်မလို့ပိုက်ဆံချေးတာလည်းလို့ မေးတော့ မနက်ဖြန်ဝါဆိုလပြည့်နေ့မို့
သူသားသမီးတွေကို ဘုရားလိုုက်ပို့မလို့ပါလို့ပြောတယ်
အော်ပိုက်ဆံရှိမှဘုရားသွားလို့ရမှာလားလို့မေးတော့  ဟုတ်တယ်လေ ပို်က်ဆံရှိမှဘုရားသွားလို့ရမှာလေ လို့ အန်တီကြီးကပြန်ဖြေတယ် တဲ့လေ
အဲ့အစ်ကိုက ထက်မေးတယ် ဘယ်ဘုရားသွားကျမှာလည်းလို့မေးတော့  ရွှေတိဂုံစေတီတော်
ဆူးလေစေတီတော်   တို့ကို လိုက်ပို့ပေးမလို့ ပြောတယ်။
အိမ်ဘုရားမှာကော ကန်တော့လို့မရဘူးလားလို့ မေးတော့  အန်တီကြီးက   မတူဘူးလို့ပြောတယ်လေ  ။
စနိုးလည်းစဥ်းစားမိသွားတယ် အိမ်ဘုရားလည်း  ဘုရားဘဲ  ဘုရားသွားဖူးတာလည်း ဘုရားဘဲ
ဘာကွာလည်းတော့မသိဘူး  အဲ့အစ်ကိုပြောတော့ စဉ်းစားရကျပ်သွားတယ် သူကတော့လူတိုးမခံနိုင်ဘူး ကိုယ့်အိမ်ဘုရားမှာဘဲ
ကိုယ့်ဘာသာငါးပါးသီလယူ  တစ်နေ့တာ ကောင်းရာကောင်းမွန်ရာ
တရားစာအုပ်လေးဖတ်   ဆရာတော်တရားနာစိတ်ကိုကြည်လင်အောင် နေပြီး  ဝါဆိုလပြည့်နေ့လေးကို
အဲ့လိုမျိုးနေခဲ့တယ်လို့ ဒီမနက် စနိုးတို့သင်တန်းမှာသူပြောပြနေတာပါ။။
စနိုးလည်း  အိမ်ဘုရားမှာ ပန်းဆီမီးရေချမ်းတော့မကပ်လှူခဲ့ရပေမယ့် သစ်သီးဆွမ်းလေးဘဲ လှူခဲ့ပြီး
အလုပ်ရောက်မှ ဘုရားစာလေးထိုင်ဖတ်  စိတ်ကိုကြည်လင်အောင်ထားပြီး   ဝါဆိုလပြည့်နေ့လေးကို ဖြတ်သန်းခဲ့ပါတယ်  ။

ဘုရားတွေမှာတော့ လူများတယ် လူကျပ်တယ်  ဆိုတာ သတင်းမှာကြည့်လိုက်ရလို့ ဘုရားဖူးများသားဘဲလို့ သိလိုက်ရပါတယ်။။

(ကိုယ့်အတွေးနဲ့ကိုယ်ပေါ့နော်  စနိုးလည်းဘာသာရေးကို ငှာန် ကရိုဏ်းကျကျတော့မပြောတက် မဆွေးနွေးတက်ပါဘူး   မနက်က သင်တန်းကအစ်ကိုပြောတဲ့စကားနဲ့ နည်းနည်းလေးစဉ်းစားမိသွားတာ ပါ )   သိသောသူများ ဘာသာရေးနားလည်သူများ ပြောပြပေးကျပါ  ဖြေကြားပေးကြပါပေါ့နော်အမှားပါသွားတယ်

ဆိုရင်လည်းသည်းခံပေးကျပါ မသိသေးလို့ မေးမိတယ်  နားမလည်သေးလို့ ပို့စ်လေးရေးတင်လိုက်တာပါ ။။

19 comments

  • ပင်လယ် ပျော်

    August 4, 2012 at 12:07 pm

    စိတ်ထားတတ်ဖို ့ကသာ ပဓာနပါ…ဘယ်အချိန် ဘယ်ပုံစံ ဘယ်နေရာ မှာပဲဖြစ်ဖြစ် ဘုရားဂုဏ်တော်ပွားများတာ မေတ္တာပွားတာ စသည်ဖြင့်ကုသိုလ်ရပါတယ်…

  • မွန်မွန်

    August 4, 2012 at 1:10 pm

    ဟုတ်ပါတယ်… စိတ်သာ အဓိကလို့ ထင်ပါတယ်…
    ဒါပေမယ့် တစ်ခါတစ်လေကျတော့ ဘာမတူတာလဲဆိုရင်..(မွန်မွန့်အမြင်ပေါ့နော်) ရွှေတိဂုံဘုရားကိုဖူးရင် စိတ်ထဲမှာ အော်..ဒီစေတီတော်မှာ ရှေးဘုရားလေးဆူတို့ သက်တော်ထင်ရှားရှိတုန်းက သုံးခဲ့တဲ့အသုံးအဆောင်တွေ၊ ဆံတော်တွေကို ဌာပနာထားတာပါလား… ဆိုပြီး တကယ့်သက်တော်ထင်ရှားမြတ်စွာလို ရည်မှန်းဖြစ်လိုက်တယ်…
    အိမ်က ဘုရားကိုလည်း သက်တော်ထင်ရှားဘုရားလို ရည်မှန်းဖြစ်ပေမယ့် ရွှေတိဂုံသွားရင်တော့ ပိုထူးခြားတယ်…
    ဒါကလည်း တစ်ဖက်ကကြည့်ရင် ဒဏ္ဍာရီပါပဲ… ဆရာတစ်ယောက် ပြောဖူးသလို ဘယ်သူတွေက သက်သေပြခဲ့လဲပေါ့.. တကယ်က ဘုရားတစ်ဆူပွင့်ဖို့ဆိုတာ ရှေးဘုရားရဲ့ သာသနာကွယ်ပျောက်ပြီးမှ ဖြစ်တာ..သာသနာကွယ်ပျောက်ပြီဆိုတာနဲ့ အဲဒီဘုရားနဲ့ပတ်သက်တဲ့ ဘယ်အရာမှ ကမ္ဘာမှာ မကျန်ခဲ့တော့ဘူး.. ကမ္ဘာပျက်တာနဲ့ အားလုံးပျက်တာ… အဲဒီတော့ ဒီပစ္စည်းတွေရှိတယ်ဆိုတာလည်း တကယ်တမ်းတော့ စဉ်းစားစရာပဲပေါ့…

    ဘာပဲဖြစ်ဖြစ် သံသရာပြတ်ကြောင်းတရားတွေကို ဟောပြောညွှန်ပြခဲ့တဲ့ မြတ်စွာဘုရားရဲ့ ကျေးဇူးတော်ကို ဆင်ခြင်ပွားများတယ်ဆိုတာ အိမ်မှာလည်းလုုပ်လို့ ဖြစ်တယ်လို့ ထင်ပါတယ်….

    • ပင်လယ် ပျော်

      August 4, 2012 at 3:19 pm

      “ဆရာတစ်ယောက် ပြောဖူးသလို ဘယ်သူတွေက သက်သေပြခဲ့လဲပေါ့.. တကယ်က ဘုရားတစ်ဆူပွင့်ဖို့ဆိုတာ ရှေးဘုရားရဲ့ သာသနာကွယ်ပျောက်ပြီးမှ ဖြစ်တာ..သာသနာကွယ်ပျောက်ပြီဆိုတာနဲ့ အဲဒီဘုရားနဲ့ပတ်သက်တဲ့ ဘယ်အရာမှ ကမ္ဘာမှာ မကျန်ခဲ့တော့ဘူး.. ကမ္ဘာပျက်တာနဲ့ အားလုံးပျက်တာ… အဲဒီတော့ ဒီပစ္စည်းတွေရှိတယ်ဆိုတာလည်း တကယ်တမ်းတော့ စဉ်းစားစရာပဲပေါ့…” ဒါ ညီမလေး ရေးထားတဲ့ comment လေးပါ…ဒါလေးနဲနဲလေးပြောချင်လို ့ပါ…အတိုလေးချုံပြီးတော့ပဲပြောတော့မယ်…သည် ကမာ္ဘကို “ဘဒ္ဓ” ကမာ္ဘလို ့ခေါ်ပါတယ်…ဒီကမာ္ဘမတိုင်ခင် ကမာ္ဘပေါင်းများစွာနဲ ့အတူဘုရားရှင်ပေါင်း များစွာ ပွင့်တော်မူခဲ့ပြီးပါပြီ…သည် “ဘဒ္ဓ” ကမာ္ဘကြီးမှာလဲ ဘုရား(၅)ဆူ ပွင့်တော်မူပါမယ်…အားလုံးသိပြီးထားတဲ့အတိုင်း ဘုရား(၄)ဆူ ပွင့်တော်မူပြီးပါပြီ…ဘုရား(၁)ဆူပဲပွင့်ဖို ့ကျန်ပါတော့တယ်…ဘုရား(၅)ဆူ လုံးပွင့်တော်မူပြီးမှ ကမာ္ဘပျက်မှာပါ…ဒီတော့ အရင်ဘုရား(၄)ဆူရဲ ့ဌာပနာပစ္စည်းတွေကျန်နေသေးခြင်းဖြစ်ပါတယ်…ဒါလေးပြောချင်လို ့ပါ…အယုံအကြည်အမှားလည်းမဖြစ်စေချင်လို ့ပါ…

      • မွန်မွန်

        August 6, 2012 at 9:50 am

        ကျေးဇူးပါ ကိုပင်လယ်ပျော်…
        မွန်မွန်လည်း တစ်ခါတစ်လေ မတင်မကျစိတ်တွေ ဝင်လာတတ်လို့ ကုသိုလ်အပြည့်မဖြစ်ခဲ့ပါဘူး…
        အခုလိုသိလိုက်ရလို့ စိတ်ရှင်းသွားပါတယ်…

  • we R one

    August 4, 2012 at 1:42 pm

    ကျွန်မ ဆိုရင် အခါကြီး ရက်ကြီးတွေ ဆို ဘယ်တော့မှ ဘုရားမသွားဖြစ်ဘူး..။ ကုသို်လ်ထက် အကုသိုလ်ပိုများမှာစိုးလို့..။ အဓိက က တော့ စိတ်ပါပဲ..။ ဒီလောက်လူတွေ တိုးဝှေ့ ကြိတ်ကြိတ်တိုး သွားနေရတာ.. ဘယ်မှ ကုသိုလ်ရနိုင်ပါမလဲ..။ အကုသိုလ်သာ အတုံးလိုက်အတစ်လိုက်ရနိုင်တယ်..။ ဒီတော့ ဂါ.. ဘုရားသွားချင်သပ ဆိုရင်ဖြင့် ကြားရက်ကို သွားရောက်ဖူးမျှော်တာ က ပိုပြီး စိတ်ချမ်းသာရနိုင်ပါတယ်..

  • ko khin kha

    August 4, 2012 at 2:23 pm

    ဘုရားကတော့ အတူတူပါဘဲ ဘယ်ဘုရာဖြစ်ဖြစ် မြတ်စွာဘုရားကို ရည်ဆူးပူဇော်တာပါဘဲ၊ တရားကျင့်ပုံချင်းကြတော့မတူပြန်ဘူး မိမိစိတ်ကြည်းနူးမှု့ရှိရာအရပ်၊ မိမိနှစ်သက်ရာအရပ် ကိုရွေးချယ်ကျင့်ခြင်းက ပိုပြီးသဒ္ဒါစိတ်ကိုဖြစ်စေလို့ တရားရလွယ်ပါတယ်။ ဒါကြောင့်လည်း မြတ်စွာဘုရားက ချစ်သားတို့ စိတ်ငြိမ်ရာအရပ်၌ တရားကိုမွေ့လျော်ကြ၊ တောကိုမှီကြဟု ဟောတော်မူခဲ့ကြောင်း ဖတ်ဖူးပါတယ်။
    စနိုးလည်း အိမ်ဘုရားမှာ ပန်းဆီမီးရေချမ်းတော့မကပ်လှူခဲ့ရပေမယ့် သစ်သီးဆွမ်းလေးဘဲ လှူခဲ့ပြီး
    အလုပ်ရောက်မှ ဘုရားစာလေးထိုင်ဖတ် စိတ်ကိုကြည်လင်အောင်ထားပြီး ဝါဆိုလပြည့်နေ့လေးကို ဖြတ်သန်းခဲ့ပါတယ် ။

    သာဓု၊ သာဓု၊ သာဓု ခေါ်ပါ၏

  • ဇောက် ထိုး

    August 4, 2012 at 2:50 pm

    စနိုးရေ… ဘုရားကို ဆင်းတုကွယ်တယ်ဆိုတာ သဘောပေါက်သွားရင် ရှင်းသွားမှာပါ။

    ဘုရားကို ဆင်းတုကွယ်တယ်။ တရားကို ပိဋက ကွယ်တယ်။ သံဃာကို ဘုန်းကြီးကွယ်တယ်တဲ့။ အဲဒီစကားလေးတွေရဲ့ အဓိပ္ပါယ်တွေကို နားလည်သွားရင် အားလုံးရှင်းသွားမှာပါ။

    • snow white

      August 4, 2012 at 3:07 pm

      အဲ့ဒါလေးကို ရှင်းပြပေးလေ ကိုဇောက်ထိုးကလည်း မရှင်းပြပေးပဲနဲ့ဘယ်လိုလုပ်သိမှာလည်းလို့ ပြန်လည်ရှင်းပြပေးနော် ။။

    • mggwa

      August 4, 2012 at 11:23 pm

      ဘုရားကို ဆင်းတုကွယ်တယ်၊
      ဆင်းတုကို ပန်းအိုးကွယ်တဲ့။
      တရားကို ပိဋက ကွယ်တယ်၊
      ပိဋကကို အဌကထာကွယ်တယ်တဲ့၊
      သံဃာကို ဘုန်းကြီးကွယ်တယ်၊
      ဘုန်းကြီးကို မဟနကွယ်ထားသည်ဟု မောင်ဂွ ဖွင့်ဆိုကြည့်လိုက်ပေ၏။

      မစ္စတာဂွ 😛

      • KyawThein

        August 5, 2012 at 10:48 am

        မောင်ဂွရေ
        ထေရဝါဒဗုဒ္ဓဘာသာကို မိုးပြာကွယ်တယ်လို ့လဲထည် ့ပြောဦး

  • မဟာရာဇာ အံစာတုံး

    August 4, 2012 at 4:15 pm

    ဘုရားကို ဂုဏ်တော်တွေကို သိအောင် အရင်လုပ်ဗျာ ..
    ဘုရား ဂုဏ်တော်ဆိုတာ ကျနော်တို့ သိထားတာ ကိုးပါးပေါ့ဗျာ ..
    အမှန်တော့ ဒီထက်မက အများကြီး အများကြီးပါပဲ ..

    ထားပါတော့ ..
    ဂုဏ်တော် ကိုးပါးထဲက သုံးပါးဖြစ်တဲ့ ..

    ၁။ လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါအားလုံးတို ့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သောမြတ်စွာဘုရား။
    ၂။ ကောင်းသောစကားကို ဆိုတော်မူသောမြတ်စွာဘုရား။
    ၃။ ဆုံးမထိုက်သော သတ္တဝါတို ့ကို အတုမရှိဆုံးမတော် မူတတ်သော မြတ်စွာဘုရား။

    ဒီသုံးပါးကို ရည်မှတ်ပြီး ဦးသုံးကြိမ်ချလိုက်ရင် ဘယ်ဘုရားမှာဖြစ်ဖြစ် တကယ့်ဘုရားကို ဖူးလိုက်ရသလို ကုသိုလ်တွေ ရပါတယ်ဗျာ ..
    ကိုယ့်ဟာကိုယ် နေတုန်း ဒီဂုဏ်တော်တွေကို ပွားနေမယ်ဆိုရင်လည်း နှလုံးသားထဲမှာ ဘုရားတည်နေတာပါပဲ …

    ကျနော် သိသလောက်ကတော့ ဒီလောက်ပါပဲလို့ … 😀

  • ko khin kha

    August 4, 2012 at 4:59 pm

    စနိုးရေ အရိမတ္တေယျ မြတ်စွာဘုရား ပွင့်တော်မူတဲ့အကြောင်း တရားခွေထွက်ထားတာရှိတယ်။ အဲဒီတရားခွေမှာ ဘုရားပွင်ခြင်း သာသနာကွယ်ခြင်းတွေ အဘေကာင်းဟောထားတာအတော် နာကြားလို့ကောင်းတယ်၊ မန္တလေးမှာဆို ဆိုင်ကယ်လေးနဲ့အိမ်အရောက်ပို့ပေးလို့ရတယ်၊ ရန်ကုန်မှာ ဆိုတော့ဘယ်လိုပို့ရမလဲ ဒီလိုလုပ်လေ အခွေဆိုင်တွေမှာရှာကြည့်ပေါ့။

  • ဇောက် ထိုး

    August 4, 2012 at 7:34 pm

    တကယ်တော့… ဘုရားကိုကိုးကွယ်တယ်…ဆည်းကယ်တယ်ဆိုတာ… ဘုရားကို ဆရာတင်လိုက်တာပါ။ ဘုရားကို ဆရာတင်ရင်… ဘုရားပြောတဲ့အတိုင်းနေဖို့ပါပဲ။ ဘုရားပြောတဲ့အတိုင်းနေဖို့ က… ဘုရားဘာတွေပြောသွားသလဲ… ဘုရားဘယ်လိုတွေ နေထိုင်သွားသလဲ.. ဘုရားလယ်လိုတွေကျင့်ကြံသွားသလဲဆိုတာတွေ သိဖို့အရေးကြီးပါတယ်။
    ဘုရားကို ဆင်းတုကွယ်တယ်ဆိုတာ… ဒီနေ့လူတွေက ဆင်းတုရှေ့မှာ ဦးလေးချ…ရသမျှလေးရွတ်ဆို.. ဒါကို ကုသိုလ်ဆိုပြီး ဆင်းတုမှာတင်လမ်းဆုံးနေကြတယ်။ အဲဒီဆင်းတုတော်ရဲ့ ရွှေ..သပါယ်မှု..စတာတွေ လောက် နဲ့ ပြီးနေကြပါတယ်။
    တကယ်က…ဗုဒ္ဓဘာသာအစစ်ဟာ ဆင်းတုကိုးကွယ်တဲ့ဘာသာမဟုတ်ပါဘူး။ အဲဒီဆင်းတုကနေ.. တကယ့်ဘုရားအစစ်ကိုမြင်အောင်ကြည့်တတ်ရမှာ…
    တကယ်ဘုရားအစစ်ကိုမြင်အောင်ကြည့်တဲ့နေရာမှာလဲ… ဘုရားရဲ့ကောင်းကင်ပျံနေပုံတွေ…ရေမီးအစုံနဲ့ တန်ခိုးပြနေပုံတွေ….
    နတ်ပြည်က ဆင်းသက်လာတဲ့ ပုံတွေကို အာရုံပြုနေဖို့မဟုတ်ပါဘူး။
    ဘုရားကို..ဒေဝဒတ်ကြီးက ကျောက်တုံးနဲ့ချတော့…ဘုရားရဲ့စိတ်ထား..လှုပ်ရှားပုံ…
    ရဟန်းတွေ ရန်ဖြစ်ကြလို့ ပြောမရတော့ ဘုရားလှုပ်ရှားသွားပုံ…
    တခါက ဝါတွင်းမှာ ဆွမ်းမရတော့ ဘုရားမြင်းစားတွေကို ဘုဉ်းပေးပြီး ကျင့်ကြံသွားပုံ…စတဲ့..
    ဘုရားရဲ့ အရည်အခြင်းတွေ…လုပ်ဆောင်ချက်တွေ…လမ်းညွှန်ပုံတွေကို မြင်အောင်ကြည့်…. သိအောင်လေ့ လာပြီး …ကိုယ်လဲ ဘုရားလို အရည်အချင်းတွေ ကူးလာအောင် ဘုရားကိုဆည်းကပ်ရတာပါ။

    သူဋ္ဌေးတစ်ဦးရဲ့ အကြောင်းကိုသေသေချာချာလေ့လာပြီး အကြိမ်ကြိမ်အခါခါ စဉ်းစားလာတဲ့အခါ ကိုယ်ပါ သူဋ္ဌေးဖြစ်ချင်စိတ်တွေဖြစ်ပြီး အဲဒီသူဋ္ဌေးရဲ့ စိတ်ဓာတ်..လုပ်ဆောင်မှု…ကျိုးစားချက်တွေ..ကိုယ့်မှာကူးလာ အောင် လုပ်ရသလိုပါပဲ။။
    ဒီနေ့တော့ ဗုဒ္ဓဘာသာတွေက အိမ်က ဆင်းတုပဲဖြစ်ဖြစ်… အဝေးက ဆင်းတုပဲဖြစ်ဖြစ်…အဲဒီဆင်းတုကို မော်ကြည့်ပြီး စိတ်ထဲမှာ ကျေနပ်မှုဖြစ်ရင်..အဲဒီကျေနပ်မှုလောက်နဲ့ပဲ လမ်းဆုံးနေမှာပါ။ အဲဒီဆင်းတုကို ပန်းကပ် ဆွမ်းကပ်လောက်တင်နဲ့ကုသိုလ်တွေကလဲ ရနေတယ်လို့ ညွန်ပြနေကြတော့…
    တကယ့်ဘုရားအစစ်ရဲ့ အရည်အချင်းတွေ.. စကားတွေ… လမ်းညွန်မှုတွေအထိမရောက်ကြတော့ပဲ..
    ဘုရားကို ဆင်းတုကွယ်တော့တာပဲ………

    နားလည်အောင်ရှင်းရရင်က တော်တော်ပြောမှရှင်းရတာဆိုတော့ စာရှေတာ စနိုးခွင့်လွတ်နော်…

    တရားကို ပိဋကတ်ကွယ်တယ်…ဆိုတာကို အတိုဆုံးလေးပြောရရင်….
    ဘာသာရေးတွေက သိပ်မတိုးတက်ဘူး… ဘာသာရပ်တွေက သိပ်တိုးတက်ပါတယ်။
    ကျွန်တော်အမြင်တော့…
    ဘာသာရေးတွေက စာအုပ်တွေကိုအခြေခံပါတယ်။ ကျမ်းစာအုပ်တွေကို သက်သေပြုကြပါတယ်။
    ကျမ်းစာအုပ်တွေကို အခိုင်အမာပြုကြပါတယ်။ ကျမ်းစာအုပ်နဲ့မကိုက်ရင်… ဘာကိုမှ လက်မခံချင်ကြပါဘူး။ ကောင်းကင်ဘုံရှိတယ်။ နတ်ပြည်ရှိတယ်။ ငရဲရှိတယ်ဆိုတာတွေကို ငြင်းကြခုန်ကြတယ်။ သက်သေပြပါဆိုရင်….. ကျမ်းစာအုပ်တွေက သက်သေဖြစ်နေပါတယ်။
    ဘာသာရပ်သိပ္ပံတွေကတော့ လက်တွေ့ကို အခြေခံပါတယ်။ လက်တွေ့ကိုအားပြုပါတယ်။ အမြဲတမ်းပြောင်းလဲရှာဖွေနေပါတယ်။ ဒီတော့ သိပ်ပြီးလဲ တိုးတက်ပါတယ်။
    ဒီနေ့ ဘာသာတရားတိုင်းရဲ့ တရားဆိုတာတွေဟာ…. ကျမ်းစာတွေက ကွယ်ထားပါတယ်။ ရှင်းပြရင် သိပ်ရှေနေမှာစိုးမှာပါတယ်။ ဒီလောက်ရှိရင် အနည်းငယ်တော့ စဉ်းစားနိုင်လောက်ပါတယ်။
    ဆရာဦးအောင်သင်းရှင်းပြထားတဲ့ စာပေဟောပြောပွဲခွေရှိပါတယ်။ ဆင်ဆာဖြတ်ထားတာတွေတော့ ရှိနေပါတယ်။…
    ကျွန်တော့်ပြဿနာလေးကို ဒီလောက်နဲ့ပဲ ကျေနပ်ပေးပါနော် စနိုး…..

  • Ko Khin Lwin

    August 4, 2012 at 9:03 pm

    အလုပ်ရောက်မှ ဘုရားစာလေးထိုင်ဖတ် စိတ်ကိုကြည်လင်အောင်ထားတယ်ဆိုတာလေးတော့ သဘောကျမိပါတယ်။

  • ကြောင်ကြီး

    August 5, 2012 at 12:30 am

    လူဂျင်းမတူတော့ စိတ်ခြင်းလည်း တူဘူးလေ။ ရိပ်သာမှာ တရားထိုင်တာနဲ့ အိမ်မှာတယောက်ထဲထိုင်တာ အမှတ်ခြင်းမတူဘူး။ အများနဲ့ထိုင်ရတော့ ဝီရိယအားတင်ပြီးသား ဖြစ်သွားတယ်။ ကိုယ့်စိတ်ကိုယ်ပိုင်ရင်တော့ အိုကေပေါ့ဗျာ၊ ကိုယ်စိတ်ကိုယ်ပြန်စစ်ကြည့်ပေါ့၊ ပြောသလို လုပ်နိုင်လို့လားလို့ နို့မို့လို့ကတော့ ဖင်မနိုင်ဘဲ ပဲကြီးဟင်းသောက်သလို ဖြစ်နေမယ်။ ဖင်သိပ်နိုင်ပြန်တော့လည်း ဝမ်းချုပ်သွားတတ်တယ် အဲဒါလည်း သတိထားအုံး…။ 😎

  • ရဲစည်

    August 5, 2012 at 8:21 am

    တွေးတတ်တာလေးတော့ အားကျသဗျို
    ကျုပ်တော့ ပြန်ရောက်တိုင်း ရွှေတိဂုံဘုရားတော့ ရောက်အောင်သွားဖြစ်တယ်
    ဒီတော့ ကျန်တဲ့ဘုရားတွေ မရောက်ဘူးပေါ့။
    အဲဒီတော့ စိတ်ထဲ ရွှေတိဂုံဘုရားမှ ဘုရားလို့ ထင်နေလား စိတ်ထဲပြန်မေးရတော့မယ် 🙁

    ဒါနဲ့ ဇဂါးမစပ် ဝါဆိုလပြည့်နေ့ အလုပ်သွားရတယ်ဆိုတော့ …. ;( ????
    ဝါဆိုလပြည့်နေ့က အစိုးရရဲ့ တရားဝင်သတ်မှတ်ထားတဲ့ ရုံးပိတ်ရက်လေ
    မွတ်စလင်ပိုင် အလုပ်မှာတောင် အဲနေ့ ပိတ်ပေးတယ်လို့ ကြားသဗျ
    ဆိုတော့
    ဒါစနိူးအခွင့်ရေးချိုးဖောက်မှုဘဲ
    အလုပ်က လူကြီးတွေ နည်းနည်းပါးပါး မှတ်သားလောက်အောင်
    အိုင်အယ်လ်အိုလောက်တော့ တိုင်သင့်တယ် ထင်ကြောင်း :mrgreen:

    မှတ်ချက် အလုပ်က ကျုပ်လို ဂိတ်ပေါက်စောင့် လုံခြုံရေး ဆိုရင်တော့ မပြောတတ်ပေဘူး

  • မောင်ပေ

    August 5, 2012 at 11:56 am

    This is မောင်ပေ
    ရန်ကုန်မြို ့မှာ ဆိုရင် မြတ်စွာဘုရားရှင်ရဲ ့ဆံတော်တွေကို ဌာပနာထားတဲ့ ရွှေတိဂုံဘုရားရှိတယ်
    မန်းတလေးမြို ့မှာဆိုရင် ကုသိုလ်ရှင်တွေ ရွှေသင်္ကန်းဘယ်လောက်အများကြီးကပ်ကပ် မျက်နှာတော်နဲ ့ကိုယ်တော် နဲ ့အမြဲလိုက်လျောမှုရှိနေတဲ့ မဟာမြတ်မုနိဘုရား ရှိတယ်
    ပုဂံမှာဆိုရင်လဲ ဘုရားတွေ အများကြီးရှိပါတယ်
    ကျိုက်ထို မှာဆိုရင် ကျိုက်ထီးရိုးစေတီ ရှိတယ်
    မြန်မာနိုင်ငံက မြို ့ရွာတွေတိုင်းမှာ ဖူးစရာ ဘုရားပုထိုးစေတီတွေ ရှိတယ်
    ကျွန်တော်ကတော့ ဘယ်ဘုရားတန်ခိုးကြီးလဲ ဘာဖြစ်လဲ သိပ်မစဉ်းစားဖြစ်ဘူး ၊ စဉ်းလဲမစဉ်းစားချင်ဘူး
    ခရီးသွားလို ့ရောက်ဖြစ်ရင် ဝင်ဖြစ်ရင် စိတ်ချမ်းသာစွာနဲ ့ရှိခိုးဖူးမျှော်ခဲ့တာပဲ
    ဘယ်ဘုန်းကြီးတန်ခိုးကြီးလဲ မစဉ်းစားဘူး အကျင့်သီလသိက္ခာနဲ ့ပြည့်စုံရင် ကြည်ညိုစွာကန်တော့လိုက်တာပဲ
    စေတနာသဒ္ဒါရှိသလို လှူဒါန်းခဲ့တာပဲ

    • မဟာရာဇာ အံစာတုံး

      August 5, 2012 at 12:05 pm

      ဒဂါဂျီး ..
      ကံဒေါ့ဘာ .. ကံဒေါ့ဘာ ..
      ပီးရင် ..
      ရှိတာ အကုန်လှူခံဒေါ့ …..

    • snow white

      August 5, 2012 at 12:42 pm

      လေးလေးပေ သာဓုသာဓုသာဓု ပါ စေတနာသဒ္ဒါရှိသလို လှူဒါန်းတဲ့စိတ်ဓာတ်လေးကို သဘောကျမိပါတယ် ။။

Leave a Reply