*** ဧည့်သည် ***

maung khinminAugust 4, 20121min1258

*** ဧည့်သည်  ***

 

 

လူ ့ဘုံလောက … ခဏဧည့်သည်

တဏှာနယ်၌ ….. ရေလိုက်ငါးလိုက်

နေလိုက်သွားလိုက် …. မအားမလပ်

အမှားဘက်ကျွံ ….. အတ္တနွံဝယ်

ကုန်လွန်တိုက်စား…. ဇရာပါးလွှာ

တရားမှန်မေ့ …. တစ်ရွေ့ရွေ့ဖြင့်

သေနေ ့နီးကပ် … နှုတ်ဆက်လူ ့ရွာ

သံသရာထဲ ….  ဘယ်ကိုလဲ ကွယ်

ငါလည်းမထူး … လက်ပစ်ကူးသူ

နင့်လိုလူ ပေါ့ …………………၊

ပေါ့လျော့အသိ …. ကိလေသာ မှာ

သူသူ ငါငါ ….. ဉာဏ်မပါက

အိမ်ယာအမှန် …. တစ်ဖန်ပြန်လှည့်

ခံကွယ့် မလွဲ …. လွှဲဖယ်မရ

အိုဘယ့်လူသား …. ခရီးသွားတို ့

ကိုယ့်ဖို ့တရား …. ချို့တဲ့ငြားက

သူများအိမ်ယာ … မဟုတ်ပါရ

ထာဝရ ကွယ် … အပါယ် ငရဲ

မလွဲဧကန် …. မြဲမြံ ထာဝရ

ပိုင်စားရမည့် … သတ္တလောက

ဓမ္မ တည်း ။။။

္ဓ

8 comments

  • snow white

    August 4, 2012 at 12:06 pm

    နောင်တမရခင် တရားဘာဝနာ အားထုတ်ကျကုန်လော့။။အသေမဉ်ီးခင် ဉာဏ်ဦးရမည် ငါသည်မုချသေရမည် ။

  • Shar Thet Man

    August 4, 2012 at 12:19 pm

    ကောင်းလိုက်သည့်ကဗျာပါတကား……………။

  • snow white

    August 4, 2012 at 12:21 pm

    နောင်တမရခင် တရားဘာဝနာ အားထုတ်ကျကုန်လော့။။အသေမဉ်ီးခင် ဉာဏ်ဦးရမည် ငါသည်မုချသေရမည်

  • မောင်ပေ

    August 4, 2012 at 12:23 pm

    သံသရာမှာ
    ဖန်တစ်ရာမက
    နိမ့်မြင့်ကခုန်
    အလှစုံ
    ဘဝပုံ
    ညအကုန်
    ပြယမုံ

  • we R one

    August 4, 2012 at 1:56 pm

    နဂိုတည်းက သံသရာကို ကြောက်နေပါတယ်ဆို မှ ဒီကဗျာ ဖတ်မိတော့……..
    အသေ အဦးခင် ဉာဏ် ဦးအောင် အရင်လုပ်ရမှာပါလားး…။
    သံသရာ ကို ရပ်တန့်အောင် လုပ်ရမယ်….။
    အော်
    အနိစ္စ ဒုက္ခ အနတ္တ

  • ဇောက် ထိုး

    August 4, 2012 at 2:52 pm

    ဖတ်ရှုသွားပါသည်ခင်ဗျား….

  • မဟာရာဇာ အံစာတုံး

    August 4, 2012 at 4:31 pm

    ကဗျာလေးက
    သံဝေဂ ယူရမယ့် ကဗျာကောင်းလေးပဲဗျ ..
    အားပေးသွားပါတယ် မောင်ခင်မင် ခင်ဗျာ ..

Leave a Reply