***ကဗျာ့ ကဗျာ  ***

 

 

ကာရန် နဲ့  ကာရံ
ထားတဲ့ ကဗျာ
ခံစားချက် ရဲ့ ….
စာမျက်နှာပေါ့…၊

အသံသာချင်သာမယ် …
အကြံပါချင်ပါမယ်
မှန်တာလည်း ရှိမယ်
ဒဏ်ရာလည်း ရှိမယ်…
ထိထိမိမိ … အရှိကို
အသိ နဲ့  ပေါင်းစပ်
ဥာဏ်နက်ရင် လှ
ရသ ပန်းပွင့် …..
ဝတ်ရည်ချိုမြ
ပျားတို့ ရမယ် ….၊

စိတ်ကူးလွန်အတွေး
နိမိတ် ပုံပြေးလမ်း
ဝေးစမ်း ပြေးစမ်း
တွေးစမ်း ရဲရဲ
လူထဲ က ကဗျာ
ဇွန်းပမာ သို့ 
ဟင်းလျာ အရသာ
မသိ ပါဘဲ …
ငါသိ ငါတတ်
စာတတ် ပုဂ္ဂိုလ်
ပညာ အရသာ
မသိရှာ တဲ့ ….
ကင်းကွာ လူထု
သူထုဆစ် ရာ
ကဗျာ ၊ စာပေ
ရှာလေ အနှစ်
အသစ် အဟောင်း
အပြောင်းအလဲ
တစ်ကြောင်းထဲ ခြစ်
ကျစ်လျစ် ပုံဖော်
ခေတ်ကို ကျော်လွှား
မော်မကြွား နှင့်
ပညာရင့် ကျက်
အများတွက် မျှော်
ကလောင်ပျော် တို့ 
အမှောင် ကို လင်း
ဝေဖန်ခြင်း ဟာ
ငြင်းစရာမဟုတ်
ရှင်းရာ က ရှုပ်
ရှုပ်ရင် ပြန်ရှင်း
စာပေ စီးချင်း
ဘောင်အတွင်းမှာ
အမှောင် ကို လည်း
ခွင်းစေသော် …။။။

About maung khinmin

maung khinmin has written 85 post in this Website..

   Send article as PDF