*** ကဗျာ့ … ကဗျာ ***

maung khinminAugust 4, 20121min631

***ကဗျာ့ ကဗျာ  ***

 

 

ကာရန် နဲ ့ ကာရံ
ထားတဲ့ ကဗျာ
ခံစားချက် ရဲ့ ….
စာမျက်နှာပေါ့…၊

အသံသာချင်သာမယ် …
အကြံပါချင်ပါမယ်
မှန်တာလည်း ရှိမယ်
ဒဏ်ရာလည်း ရှိမယ်…
ထိထိမိမိ … အရှိကို
အသိ နဲ ့ ပေါင်းစပ်
ဉာဏ်နက်ရင် လှ
ရသ ပန်းပွင့် …..
ဝတ်ရည်ချိုမြ
ပျားတို ့ရမယ် ….၊

စိတ်ကူးလွန်အတွေး
နိမိတ် ပုံပြေးလမ်း
ဝေးစမ်း ပြေးစမ်း
တွေးစမ်း ရဲရဲ
လူထဲ က ကဗျာ
ဇွန်းပမာ သို ့
ဟင်းလျာ အရသာ
မသိ ပါဘဲ …
ငါသိ ငါတတ်
စာတတ် ပုဂ္ဂိုလ်
ပညာ အရသာ
မသိရှာ တဲ့ ….
ကင်းကွာ လူထု
သူထုဆစ် ရာ
ကဗျာ ၊ စာပေ
ရှာလေ အနှစ်
အသစ် အဟောင်း
အပြောင်းအလဲ
တစ်ကြောင်းထဲ ခြစ်
ကျစ်လျစ် ပုံဖော်
ခေတ်ကို ကျော်လွှား
မော်မကြွား နှင့်
ပညာရင့် ကျက်
အများတွက် မျှော်
ကလောင်ပျော် တို ့
အမှောင် ကို လင်း
ဝေဖန်ခြင်း ဟာ
ငြင်းစရာမဟုတ်
ရှင်းရာ က ရှုပ်
ရှုပ်ရင် ပြန်ရှင်း
စာပေ စီးချင်း
ဘောင်အတွင်းမှာ
အမှောင် ကို လည်း
ခွင်းစေသော် …။။။

One comment

  • snow white

    August 4, 2012 at 1:14 pm

    စာသားအသွားလေးက မိုက်တယ် တစ်ခုနဲ့တစ်ခုချိတ်ဆက်မိတယ် ဖတ်လို့ကောင်းတယ် နောက်လည်းဆက်လည်းရေးသားနိုင်ပါစေ။။

Leave a Reply