မယ်ဆိုင်ချောင်းရေမြင့်တက်နေ

aye.kkAugust 4, 20122min7410

ယခုရက်ပိုင်းမိုးရွာသွန်းမှုကြောင့်၊ထိုင်း-မြန်မာ၊နှစ်နိုင်ငံနယ်စပ်ဖြစ်သည့်မယ်ဆိုင်ချောင်းရေမြင့်တက်ခဲ့သဖြင့်၊ယနေ ့
တာချီလိတ်မြို ့၏နယ်စပ်အခြေအနေမြင်ကွင်းဓါတ်ပုံများဖြစ်ပါသည်။

ယနေ ့မနက်ပိုင်း၊မယ်ဆိုင်ချောင်းအတွင်းရေမြင့်တက်လာသည့်အခြေအနေ။

မယ်ဆိုင်ချောင်းအနီး၊မြန်မာဖက်ခြမ်းရှိ၊ကုန်တိုက်တခုအတွင်းနှိုက်ကားတစီးရေမြုပ်။

မယ်ဆိုင်ချောင်းအတွင်းရေများမြင့်တက်လာနေမှုအားတွေ ့မြင်ရစဉ်။

ရေတက်နေတာစိတ်ဝင်စားပြီးဓါတ်ပုံရိုက်နေသည့်နိုင်ငံခြားသားတစ်ဦး။

တာလော့ဈေးသို ့လာလည်သည့်ခရီးသည်များအမှတ်(၁)တံတားဖြတ်သန်းစဉ်စိတ်ဝင်စား။

တာလော့ဈေးတန်းအတွင်းရေများဝင်။

အမှတ်(၁)ချစ်ကြည်ရေးတံတားပေါ်မှလှမ်းမြင်ရ။

ကုန်တိုက်အောက်ထပ်သို ့ရေများဝင်ရောက်။

အမှတ်(၁)ချစ်ကြည်ရေးတံတားကူးလက်မှတ်လုပ်သည့်အနီးရှိTAXIဂိတ်။

တာလော့ဈေးတန်းလမ်းအတွင်းရေများဝင်။

10 comments

  • aye.kk

    August 4, 2012 at 3:17 pm

    ယနေ ့မယ်ဆိုင်ချောင်းရေမြင့်
    တက်လာမှုအခြေအနေပါ။။

    • စိန်ဗိုက်ဗိုက်

      August 4, 2012 at 3:35 pm

      အခုထိ တက်နေတုန်းလားဗျ
      ကျသွားပြီလား..
      အဲဒီဘက်က ခဏခဏ ရေကြီးတယ်ထင်တယ်နော.

  • မဟာရာဇာ အံစာတုံး

    August 4, 2012 at 4:00 pm

    အမလေးဗျာ .
    ရေတက်တာက တော်တော်ဆိုးပါလား
    အပေါ်က ပုံမှာဆို ကားတောင် မြုပ်တယ် ..

  • ko khin kha

    August 4, 2012 at 4:42 pm

    ရေတက်တာလား ချောင်းလားဟင်။

  • မောင်ပေ

    August 4, 2012 at 7:02 pm

    ချောင်းကရေကြီးတော့ မယ်ဆိုင်ထဲ ရေတွေဝင်ကုန်တာပေါ့ ၊ အဲဒီလိုဟုတ်လား အန်တီအေး

  • aye.kk

    August 4, 2012 at 7:20 pm

    မြန်မာ-ထိုင်းနှစ်နိုင်ငံနယ်စပ်ဖြစ်သော
    မြန်မာနိုင်ငံ၊ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ၊တာချီလိတ်မြို့နှင့်ထိုင်းနိုင်ငံ
    ၊မယ်ဆိုင်မြို့ကချောင်းတခုသာခြားပါသည်။
    ထိုချောင်းပေါ်တွင်နှစ်နိုင်ငံဖြတ်သန်းသွားလာနိုင်ရန်အတွက်
    တံတားတည်ဆောက်ထားပြီး၊တာချီလိတ်မြို ့၏
    အမှတ်(၁)ချစ်ကြည်ရေးတံတားဟုခေါ်ဆိုပါသည်။
    ထိုချောင်းကိုတာချီလိတ်ဒေသခံများကမယ်ဆိုင်ချောင်းဟု
    ခေါ်ဆိုပါသည်။မယ်ဆိုင်ချောင်းရေမြင့်တက်မှုအခြေအနေနှင့်တာချီလိတ်မြို့ရှိ
    ရေတက်နေသည့်မြင်ကွင်းများအား၊သိရှိနိုင်စေရန်ဓါတ်ပုံနှင့်တကွတင်ပြခြင်းသာဖြစ်ပါသည်။။

  • pooch

    August 4, 2012 at 10:59 pm

    ကျိုင်းတုံဘက်လည်း ရေကြီးနေတယ် ပြောတယ် အန်တီအေး။ မီးတွေဘာတွေရောလာရဲ့လား မသိဘူး။
    မနှစ်က မန်းလေးလည်း အဲ့လိုကို ကြီးတာ။ ဒီနှစ်ကတော့ မိုးကရွာခဲလွန်းလို့ မျှော်ရတာကိုမောနေပြီ။

  • ရဲစည်

    August 5, 2012 at 9:07 am

    ဟိ ဟိ
    အနဲတို့ကတော့
    ရေကြီးလို့ ကားတွေ ရေမြုပ်လေ
    ၁၃၀ဝစီစီတို့ ၂၀၀ရနဲ့ အထက်တို့များများပါလေ
    အနဲတို့ ဂွင်တဲ့လေဘဲ 🙂

    စဂါးမစပ် ပွားရရင်
    ဂျပန်ဆူနာမီနဲ့ ယိုးဒယားရေကြီးမှုမှာ
    မြန်မာပြည်က တော်တော်လှူထားတယ်နော် 😀

    အားပေးသွားပါတယ်ခင်ဗျ
    အင်…
    ဒါဆို သူများရေကြီးတာ ဝမ်းသာသလိုဖြစ်နေဘီ 🙁

    သတင်းတပုဒ် အဖြစ် ဖတ်မှတ်သွားပါတယ် အန်တီaye.kk ခင်ဗျ

  • snow white

    August 5, 2012 at 1:59 pm

    ပျော်ဖို့တော့ကောင်းမယ်ထင်တယ် ကလေးအတွေးနဲ့တွေးရင်ပေါ့လေ လူကြီးတွေအတွက်တော့ စိတ်ညစ်ရမယ်နော် စီးပွားရေးသွားရေးလာရေးတော်တော်လေးဒုက္ခရောက်ကျမှာ ဘဲနော်။။

Leave a Reply