ခေါင်တုန့်စည်ကျေးရွာ ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်းအတွက် အလှူပစ္စည်းများပေးအပ်ပွဲ

Foreign ResidentAugust 4, 20121min39011

အခုလေးတင်ပဲ

CJ Myanmar ရဲ့ သတင်းမှာ

ရွာ့အလှူကြောင်း

တက်လာတာတွေရလို့

ပီတိတွေကို

မျှဝေပေးလိုက်ပါတယ် ။

https://www.facebook.com/notes/cjmyanmar/

 

ကိုယ့်ရွာ အလှူသတင်းကို ပြန်တင်တာဖြစ်လို့

မူပိုင်ခွင့်တော့ သိပ်ပြဿနာ မရှိလောက်ပါဘူး ။

CJ Myanmar ကို ကျေးဇူးတင်ပါတယ် ။

 

ခေါင်တုန့်စည်ကျေးရွာ ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်းအတွက် အလှူပစ္စည်းများပေးအပ်ပွဲ

by CJMyanmar on Friday, August 3, 2012 at 6:55pm

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ နမီးအုပ်စု၊

ခေါင်တုန့်စည်ကျေးရွာတွင် ဆောက်လုပ်ဆဲ

ကိုယ့်အားကိုယ်ကိုး အခြေခံပညာ မူလတန်းကျောင်း အတွက်

အလှူပစ္စည်းများ ပေးအပ်ပွဲကို (၃၀.၇.၂၀၁၂)နေ့တွင်

မော်လူးဒေသ ကူးဆိပ်ဘုန်းတော်ကြီးကျောင်းဝင်း အတွင်း ကျင်းပပြုလုပ်ခဲ့သည်။

 

ဆောက်လုပ်ဆဲ စာသင်ဆောင်လေးအတွက်

မန္တလေးဂေဇက် (mandalay gazette) အွန်လိုင်းသုံးစွဲသူ အဖွဲဝင်များမှ လှူဒါန်းသော

သွပ်(၂၆၅) ချပ် ၊ ပြောင်သွပ်(၁၀)ချပ်၊ သွပ်မှို နှင့် ဝါရှာ(၁၁)ပိဿာ

(ကာလတန်ဘိုး-၉၈၁၀၀ဝကျပ်) တန်ဘိုးရှိသော ပစ္စည်းများနှင့်

မော်လူးမှ one candle စေတနာရှင်လူငယ်များ အဖွဲ့မှ

ဝါဆိုသင်္ကန်းတစ်စုံ၊သင်ပုန်း(၄)ချပ်၊ သောက်ရေပုံး(၅)ပုံး၊

သောက်ရေခွက် (၁၀)ခွက်၊ ရေစစ်၊ တံမြက်စည်း၊ အိမ်သာခွက် (၃)ခု၊

အိမ်သာဆေးဘရပ်စ် (ကာလတန်ဘိုး၅၆၀၀ဝ ကျပ်)

အစရှိသော ပစ္စည်းများကို ကျောင်းဖြစ်မြောက်ရေးကော်မတီ နာယက

ကူးဆိပ်ကျောင်းဆရာတော် ဦးကာလိန္ဒမှတဆင့်

ခေါင်တုန့်စည်ရွာ ရပ်မိရပ်ဖများသို့ လွှဲပြောင်း ပေးအပ်ကြသည်။

 

ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး

one candle စေတနာရှင်လူငယ်များ အဖွဲ့မှ ကိုထွန်းဝင်းလတ်က

အလှူဖြစ်ပေါ်လာပုံအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

ခေါင်တုံစည်ရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးဦးတင်အေးမှ

ဝမ်းမြောက်ကြောင်းစားပြန်လည်ပြောကြားပြီး

အလှူရှင်များအတွက် ဂုဏ်ပြုမှတ်တမ်းလွှာကိုပေးအပ်သည်။

ထို့နောက်ဆရာတော်အား ဝါဆိုသင်္ကန်းကပ်ပြီးနောက်

ဆရာတော်မှလည်း ခေါင်တုန့်စည်ရွာလေး၏ ရာဇဝင်များနှင့်

အလှူအတွက် ဝမ်းမြောက်ကြောင်း စကားမိန့်ကြားပြီးနောက်

ရေစက်ချ အမျှဝေကာ သာဓုခေါ်ဆိုခဲ့ကြသည်။

 

အလှူပစ္စည်း လွဲပြောင်းပေးအပ်ပွဲသို့ လာရောက်ကြသူများအား

ဆရာတော် ဦးကာလိန္ဒမှ ထမင်းဖြင့်ကျွေးမွေးဧည့်ခံသည်..။

ဆောက်လုပ်ဆဲ ခေါင်တုန့်စည်ရွာ စာသင်ဆောင်လေး အတွက်

နောက်ထပ်လိုအပ်သော ပစ္စည်းလေးများကိုလည်း

မန္တလေးဂေဇက်အဖွဲ့မှ ထပ်မံလှူဒါန်းမည်ဖြစ်ကြောင်း

CJMyanmar မှသတင်းရရှိသည်။

 

သတင်းနှင့်ဓါတ်ပုံ : မာန်ဟုန်ငယ် (မော်လူး)

 

 

 

 

 

 

 

11 comments

  • စိန်ဗိုက်ဗိုက်

    August 4, 2012 at 3:29 pm

    သာဓုပါ အလှု ့ရှင်အပေါင်းနဲ ့ ကိုထွန်းဝင်းလတ်ရေ ့..
    ဒါ သတင်းကောင်းလေးပါ..
    အဟမ်း..
    သဒင်းမကောင်းတာကတော့
    http://www.adaderana.lk/news.php?nid=19073 နဲ ့ မလေးမှာ မနေ ့က ရိုဟင်ဂျာ ငါးဆယ်လောက်က မြန်မာဆိုင်တွေကို ဖျက်ဆီးသွားတဲ့ သတင်းပါပဲ. အဘရေ
    အဲဒလိုစိတယ် အဘရေ့..အဲဒလိုစိတယ်..

    • အတိသဌ္ဇနာဂရ

      August 4, 2012 at 10:35 pm

      အာရဝမ်းသာဂုဏ်ပြုပါ၏ဗျားးးးး။အူးဗိုက်ရေ လင့်ခ်အတွက် ကျေးဇူးပါဗျာ

  • htoosan

    August 4, 2012 at 3:45 pm

    စိဗိုက် ပေးလိုက်တဲ့ လင့်က ဘိနပ်မှာ ဗုဒ္ဓပုံ နိုပ်ထားတာ ဆီရောက်သွားတယ် ..

    • စိန်ဗိုက်ဗိုက်

      August 4, 2012 at 3:59 pm

      http://www.thithtoolwin.com/2012/08/blog-post_8602.html မှာ ဖတ်ရတာဘာဗျား..
      အဲမှာ သွားကြည့်ပါနော်..ဖွသလိုဖြစ်မှာဆိုးလို ့..လင့်ခ်ပဲ ပေးလိုက်ပါဒယ်..

  • ဦးဦးပါလေရာ

    August 5, 2012 at 1:35 am

    နောက်ထပ်လိုအပ်သော ပစ္စည်းလေးများကိုလည်း
    မန္တလေးဂေဇက်အဖွဲ့မှ ထပ်မံလှူဒါန်းမည်ဖြစ်ကြောင်း
    CJMyanmar မှသတင်းရရှိသည်။

    ကြားကြတယ်နော် သပ္ပူရိသအပေါင်း သူတော်ကောင်းတို့ရေ…. 😀 😀

    အခုလိုဆိုတော့လဲ သူကြီးဆိုက်က အာပလာဖေါရှော ဆိုက်မျိုးမဟုတ်တာ
    သက်သေဖြစ်သွားတာပေါ့…..။

    ဒီအလှူနှစ်ခုကိုဖြစ်မြောက်စေရာမှာ-
    အော်ဖါစပေးတဲ့ ကိုဖေါရင်း၊
    တကယ်လုပ်ဖို့စကားခေါ်တဲ့ စီဂျေကြီးကိုထူးဆန်း၊
    ညကြီးသန်းခေါင် ကျုပ်ကိုဖုံးဆက်ပြီးအဖေါ်စပ်တဲ့ ကိုဘလက်ချော၊
    ဒိုင်ခံအပင်ပန်းခံပေးတဲ့ အိပ်စိုက်လူစိုက် ကိုအမတ်မင်းနဲ့၊ ရွှေတိုက်စိုး၊
    မန္တလေးအလှူငွေတွေကို ဒိုင်ခံကောက်ပေးပြီး၊ ငွေလွှဲခပါစိုက်ပေးတဲ့ ကိုပေါက်(မန္တလေး)၊
    နေပြည်တော်အလှူရှင်တွေဆီက ကောက်ခံပေးတဲ့ ရွာစားကျော်၊
    ခေါင်တုန့်စည်ကျေးရွာ ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်းအတွက်
    မန္တလေးလိုအပ်တဲ့အကူအညီတွေကိုပေးတဲ့ ကိုပေ၊
    အလျှင်းသင့်သလိုကူညီအားပေးပြီး စိတ်ဓါတ်ရေးရာအရလဲ ထောက်ခံမှု့ပေးတဲ့
    မပဒုမ္မာ၊ မမ၊ ဆူး၊ အိတုန် နဲ့
    အခြားရွာသူရွာသားများကို ကျေးဇူးတင်စရာပါ။
    သူတို့ကြောင့် ဒီအလှူနှစ်ခု ဖြစ်မြောက်တာပါ။

    (PS. MG Leak- ခေါင်တုန့်စည်ကျေးရွာအတွက် လှူဖြစ်ရာမှာတော့ တကယ်အဆုံးအဖြတ်ပြုတဲ့ အကြောင်းအရင်းတခု ရှိသတဲ့… ဘာမှန်းတော့ ဦးပါလဲ သိပ်မသိသလိုပါပဲ 😀 😀 )

    • htoosan

      August 5, 2012 at 8:13 am

      (၁) တကယ် လိုတဲ့နေရာ
      တကယ် လက်ထဲရောက်ပြီး
      တကယ် အကောင်အထည်ပေါ်လာတာ မြင်ရမယ်လေ ..
      (၂) သွေးချင်းတို့ဆိုတာလည်း ဝိဝါဒ မကွဲတော့ဘူးလေ…………….. :mrgreen:

  • Foreign Resident

    August 5, 2012 at 3:10 am

    ” နောက်ထပ်လိုအပ်သော ပစ္စည်းလေးများကိုလည်း
    မန္တလေးဂေဇက်အဖွဲ့မှ ထပ်မံလှူဒါန်းမည်ဖြစ်ကြောင်း
    CJMyanmar မှသတင်းရရှိသည်
    ကြားကြတယ်နော် သပ္ပူရိသအပေါင်း သူတော်ကောင်းတို့ရေ ”

    ဟုတ်ပါ့ ၊ အဘ လည်းတွေ့တယ် ။
    ဘယ်သူ ဂတိ ပေးခဲ့လဲမသိ ၊ ဟီဟိ ။
    It’s OK ပါ ၊ အဆင်ပြေပါတယ် ။ 😛

    ” ဒီအလှူနှစ်ခုကိုဖြစ်မြောက်စေရာမှာ-
    အော်ဖါစပေးတဲ့ ကိုဖေါရင်း၊
    တကယ်လုပ်ဖို့စကားခေါ်တဲ့ စီဂျေကြီးကိုထူးဆန်း၊
    ညကြီးသန်းခေါင် ကျုပ်ကိုဖုံးဆက်ပြီးအဖေါ်စပ်တဲ့ ကိုဘလက်ချော၊
    ဒိုင်ခံအပင်ပန်းခံပေးတဲ့ အိပ်စိုက်လူစိုက် ကိုအမတ်မင်းနဲ့၊ ရွှေတိုက်စိုး၊
    မန္တလေးအလှူငွေတွေကို ဒိုင်ခံကောက်ပေးပြီး၊ ငွေလွှဲခပါစိုက်ပေးတဲ့ ကိုပေါက်(မန္တလေး)၊
    နေပြည်တော်အလှူရှင်တွေဆီက ကောက်ခံပေးတဲ့ ရွာစားကျော်၊
    ခေါင်တုန့်စည်ကျေးရွာ ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်းအတွက်
    မန္တလေးလိုအပ်တဲ့အကူအညီတွေကိုပေးတဲ့ ကိုပေ၊
    အလျှင်းသင့်သလိုကူညီအားပေးပြီး စိတ်ဓါတ်ရေးရာအရလဲ ထောက်ခံမှု့ပေးတဲ့
    မပဒုမ္မာ၊ မမ၊ ဆူး၊ အိတုန် နဲ့
    အခြားရွာသူရွာသားများကို ကျေးဇူးတင်စရာပါ။
    သူတို့ကြောင့် ဒီအလှူနှစ်ခု ဖြစ်မြောက်တာပါ ”

    အဘ ကလည်း ဦးပါ လိုပဲ ၊
    ဝိုင်းဝန်းခဲ့ကြတဲ့ ရွာသူသား အားလုံးကို ကျေးဇူးတင်ပါတယ် ။

  • htoosan

    August 5, 2012 at 8:08 am

    ” နောက်ထပ်လိုအပ်သော ပစ္စည်းလေးများကိုလည်း
    မန္တလေးဂေဇက်အဖွဲ့မှ ထပ်မံလှူဒါန်းမည်ဖြစ်ကြောင်း
    CJMyanmar မှသတင်းရရှိသည်
    ကြားကြတယ်နော် သပ္ပူရိသအပေါင်း သူတော်ကောင်းတို့ရေ ”

    ဟုတ်ပါ့ ၊ အဘ လည်းတွေ့တယ် ။
    ဘယ်သူ ဂတိ ပေးခဲ့လဲမသိ ၊ ဟီဟိ ။
    It’s OK ပါ ၊ အဆင်ပြေပါတယ် ။ 😛

    မကြာမီလာမည် ။ မျှော် ….. :mrgreen:

  • ကိုထူးဆန်းက လိုအပ်သောငွေ ကျပ်နှစ်သိန်းနှစ်သောင်းကို ကျနော်ဆီလွှဲပေးပါတယ်။
    ကျနော်က တစ်ဆင့် ကိုထွန်းဝင်းလတ်ကို ပြန်ပို့ပေးပါတယ်။
    ဒီလိုလုပ်နေတဲ့ကြားထဲမှာ ဘိလပ်မြေက တစ်အိတ် 1000ကျပ်ဈေးတက်သွားတော့
    လိုငွေနှစ်သောင်းကို ကိုထွန်းဝင်းလတ်က ထပ်မံလှူဒါန်းကြောင်းဖုန်းသတင်းရရှိပါသည်။

  • kotun winlatt

    August 5, 2012 at 1:32 pm

    ဟုတ်ကဲ့ပါခင်ဗျာ…
    ဘိလပ်မြေ အိတ်နှစ်ဆယ် ဝယ်ထားပြီးပါပြီခင်ဗျာ..
    လေးပေါက်ပို့ပေးတဲ့ ခုံဆယ်လုံးလည်းရောက်နေပါပြီ…
    ဗီရိုကတော့ အသားခြောက်အောင်စောင့်ရဦးမှာမို့ ဒီလကုန်လောက်မှ ပစ္စည်းလေးတွေ လွဲအပ်ပေးနိုင်မှာ ဖြစ်ကြောင်းပါ ခင်ဗျား..ဗီရိုက အသားမခြောက်ပဲလုပ်ရင် အသားခြောက်သွားတဲ့အခါ ပျဉ်တွေကြားမှာ ဟ, နေမှာစိုးလို့ အသားခြောက်အောင် လုပ်ခိုင်းထားရခြင်း ဖြစ်ပါတယ်…
    ကိုထူးဆန်းနဲ့ ဖုန်းပြောတုန်းက ဘိလပ်မြေကို ခန့်မှန်းနဲ့ ၇၀၀ဝ ကျပ်လို့ပြောလိုက်မိပါတယ်..
    တကယ်သွားမေးတော့ ၈၀၀ဝ ကျပ်ဖြစ်နေတယ်ခင်ဗျ..
    ဒါကြောင့် ကျနော်မှ လိုသော ငွေ ၂၀၀၀ဝ ကျပ်နှင့် မော်လူးမှ ကူးဆိပ်ဘုန်းတော်ကြီးသို့ ရောက်အောင်ပို့ခများကို တာဝန်ယူကြောင်းပါခင်ဗျာ… သွပ်တွေပို့တုန်းကလည်း ဘူတာ အလုပ်သမားချခနှင့် ပို့ခ ၈၀၀ဝ ကျပ်ပိုသွားသောကြောင့် သွပ်တွေရဲ့ တန်ဖိုး ၉၈၁၀၀ဝကျပ်လို့ ဂုဏ်ပြုလွှာမှာ ရေးလိုက်ပါတယ်ခင်ဗျာ..ဒုတိယ အလှူပစ္စည်းပေးအပ်ပွဲပုံတွေကိုလည်း ကျနော်တင်ပေးပါမည့်အကြောင်း သတင်းကောင်းပါးအပ်ပါသည်။
    အားလုံး ပျော်ရွှင်ကြပါစေ….
    T.W.L

  • snow white

    August 5, 2012 at 4:14 pm

    လှူနိုင်တဲ့သူတွေရဲ့အလှူကို အားကျပါတယ် သာဓုသုံးကြိမ်လည်းခေါ်ပါတယ်။

Leave a Reply