အသိ-သတိ တရားရှိသလား.

နွေဦးAugust 4, 20121min22914
အသိ-သတိ ရှိပါစေ..
အသိ-သတိ ရှိပါစေ..

ဒီနေ့ သူငယ်ချင်း လင်မယား က နယ်ကနေ ရောက်လာတော့ ဘုရားဖူးရအောင် လိုက်ပို့ ခဲ့တယ် ။
ဗိုလ်တထောင် ဘုရားဖူးရင်းနဲ့ မင်းသား ကျော်ဟိန်း ရဲ့ အသိ သတိ ဘုရားဘက် ရောက်တာပေါ့ ။
ဒီမှာတင် သူငယ်ချင်းက ဆင်ခြင်စရာ စကားပြောလာတယ် ။ ဒီဘုရားဆင်းတုနဲ့ ပတ်သက်လို့ကော
ကျော်ဟိန်းရဲ့ အတွေးအခေါ်တွေနဲ့ပတ်သက်လို့ကော ငြင်းခုံ ပြောဆိုမှုတွေ အမျိုးမျိုးကြားနေကြ တယ် ။
တချို့က ကြိုက်တယ် တချို့က မကြိုက်ကြဘူး ။ဒါတွေကို အငြင်းပွါး နေကြပေမဲ့ မတွေးမိတာလေးတခု ကို
သူငယ်ချင်းက လေးလေးနက်နက် တွေးပြီးပြောပြသွားတယ် ။
“ကြိုက်တာ မကြိုက်တာ မှန်တာ မမှန်တာက ကိုယ့် အယူအဆနဲ့ ကိုယ် ကိုယ့်အတိုင်းအတာနဲ့ ကိုယ်မို့ ဘယ်လောက်ငြင်းနေငြင်းနေ မဆုံးနိုင်သလို အမှန်ကိုလဲ မတွေ့နိုင်ဘူး ။ ဘယ်သူမှန်တယ် ဘယ်သူမှားတယ် ဆိုတာထက် ဘယ်သူလုပ်နိုင်တယ် ဘယ်သူမလုပ်နိုင်ဘူး ဆိုတာ ကြည့်သင့်တယ် ။ သူ့လို အောင်မြင်နေတဲ့သူ ပြည့်စုံနေတဲ့ အချိန်မှာ ဒီလိုလုပ်နိုင်ပါ့မလားဆိုတာပါ ။”
သူ့ရဲ့ ယုံကြည်ချက်က အရာအားလုံးကို စွန့်ပြီး ဘုန်းကြီးဝတ်သွားနိုင်လောက်အောင် ပြင်းထန် နေတာဘဲ ။
သူယုံကြည်တာ ဟာ မှန်တယ် မှားတယ် ဆိုတာထက် ယုံကြည်ချက်အပေါ် ခိုင်ခိုင်မာမာလုပ်နိုင်တာကိုတော့ အသိအမှတ် ပြုပေးသင့်တယ်ပေါ့ ။

တကယ်လို့ သူ့ကို မှားတယ် မှန်တယ် လို့ ဝေဖန်မိရင်တောင်
သူ့လို ယုံကြည်ချက်အပေါ် ခိုင်ခိုင်မာမာ လုပ်ရဲတဲ့ သတ္တိ
သူ့လောက် မများတဲ့ ကိုယ့်ရဲ ပိုင်ဆိုင်မှု ကို မစွန့်ရဲတဲ့ အတ္တ စွဲ
ဒါတွေ…..။

နွေဦး အတွေးအတိုင်း ရေးပါသည် ။

14 comments

  • နွေဦး

    August 4, 2012 at 2:15 pm

    ပုံ တင်လိုက်တာ ကြီးသွားပါတယ် ။
    ဒါပေမဲ့ လက်ဖဝါးပေါ်က အသိ သတိ ဆိုတဲ့ စာကိုတော့ လွယ်လွယ် မြင်ရမှာပါ..။

    ဒါထက် စာဖတ်တဲ့ မိတ်ဆွေကကော ကိုယ့်ယုံကြည်ချက်အပေါ်..ဘယ်လောက်ထိ လုပ်ဖြစ်မယ်လို့ ရည်ရွယ်ထားလဲ…။

  • ဇောက် ထိုး

    August 4, 2012 at 2:44 pm

    ဦးကျော်ဟိန်းရဲ့ ယူဆချက် မှန်တယ်။ မမှန်ဘူး မဝေဘန်လိုပါဘူး။ ဒါပေမယ့် နွေးဦးပြောသလို ကျော်ဟိန်းရဲ့ ဘာသာရေး ယုံကြည်ချက်နဲ့ လုပ်ဆောင်ချက် ကိုတော့ အသိအမှတ်ပြုမိပါတယ်။

    • နွေဦး

      August 4, 2012 at 2:50 pm

      ဟုတ်ပါတယ် ဦးဇောက်ထိုးရယ်..
      သူသိတဲ့ တရားအပေါ် သူ ယုံကြည်တဲ့စိတ် ..
      စွန့်လွှတ်နိုင်တဲ့ စိတ်.ဒါလေးကိုဘဲ အလေးထားတာပါ..။
      ကျွန်တော်လဲ ကျွန်တော်ရဲ့ ယုံကြည်မှုအပေါ် အဲလို သတ္တိ ရှိချင်ပါတယ် ။

  • Phaung Phaung

    August 4, 2012 at 3:03 pm

    ကိုယ်ယုံကြည်တာကိုလုပ်ရဲတဲ့သတိ္တကလည်း အစွန်းမရောက်ဖို့အရေးကြီးပါတယ်….
    ကျော်ဟိန်းကတော့ နဲနဲအစွန်းရောက်သွားသလားလို့…ဒါကြောင့်သူသွားချင်တဲ့လမ်းကြောင်း/သူ့ရဲ့ယုံကြည်
    ချက်တွေက လမ်းလွဲသွားခဲ့ပါတယ်….
    အခုလည်း သူထောင်ကျနေတယ်လို့ကြားတယ်…သေချာတော့မသိဘူးနော်

    • နွေဦး

      August 4, 2012 at 3:25 pm

      ယုံကြည်တာကို လုပ်ရဲ တဲ့သတ္တိ ကအစွန်းရောက်လေ ကောင်းလေပါ ။
      ဆိုလိုတာက သတ္တိ ရှိလေလေ ကောင်းလေလေပါ ။သွေးရဲမှ လို့တောင်ပြောကြတာဘဲ ။
      အဲ ယုံကြည်ထားချက်အပေါ်, မိမိယုံကြည်ချက် အပေါ် ,မှာသာ အစွန်းရောက်တဲ့ အထိ မျက်ကန်းယုံ ကြည်ချက်မျိုး မဖြစ်သင့်ဘူးထင်ပါတယ်.. ။
      ကျွန်တော်ပြောချင်တဲ့ အဓိက က ယုံကြည်ချက်အပေါ် လုပ်ရဲတဲ့ သတ္တိကိုပါ..။
      သူ့ယုံကြည်ချက် မှန်တာ မမှန်တာ ယုံကြည်ချက်ပေါ် အစွန်းရောက်တာ မရောက်တာက သူ့ရဲ့ ပုဂ္ဂလိက ဆုံးဖြတ်ချက်ဖြစ်သဖြင့် ကျွန်တော့် အနေနဲ့ ဝေဖန်ပြောဆိုရန် မရှိကြောင်းပါခင်ဗျား ။

  • မဟာရာဇာ အံစာတုံး

    August 4, 2012 at 3:56 pm

    ဂေါတမဗုဒ္ဓဟာ ဘုရားအဖြစ်ကို မရောက်မီ
    ခြောက်နှစ်ပတ်လုံး ဒုက္ခစရိယ ကျင့်ခဲ့ပါတယ် ..
    အဲ့ဒီ အကျင့်က အကျင့်မှားကြီးပဲ ..
    ဒါပေမယ့် အရေခမ်းလောက်အောင်ကို ကျင့်ခဲ့ပါတယ် ..
    အကျင့်မှန်လို့ ထင်ခဲ့တာကိုးဗျ …

    ပြီးတော့ တော်ရုံ ကျင့်တာမဟုတ်ပါဘူး ..
    သူ့ရဲ့ အကျင့်အပေါ်ကို ယုံကြည်ချက် အပြည့်၊ ဇွဲလုံ့လ အပြည့်နဲ့ကို ကျင့်ကြံခဲ့တာပါ …
    နောက်ဆုံး လမ်းမှန် မဟုတ်ဘူးဆိုတာကို သိပြီး
    လက်ရှိ အကျင့်ကို စွန့်လွှတ်၊ အလယ်အလတ် လမ်းစဉ်ကို ကျင့်သုံးတော့မှပဲ
    ဘုရားအဖြစ်ကို ရောက်တော်မူခဲ့တာလို့ ဆိုပါတယ် …

    မှားသည် မှန်သည်မဟူ ယုံကြည်ချက်အပေါ်ကို
    ခိုင်ခိုင်မာမာ လုပ်ရဲတယ်ဆိုတာနဲ့ ပတ်သက်ပြီး ပြောကြည့်လိုက်တာပါ။
    ဆိုင်လားတော့ မသိဘူး … 😀

    • နွေဦး

      August 4, 2012 at 4:29 pm

      ဟုတ်ကဲ့ ဆိုလိုရင်းပါဘဲ..။
      သိပြီးမလုပ်ရဲသေးတဲ့ ကိုယ့်ကိုယ်ကို အားမရဖြစ်တာလဲပါတာပေါ့ဗျာ…။

  • မောင်ပေ

    August 4, 2012 at 6:52 pm

    ကျွန်တော်ကတော့ မှားတယ် မှန်တယ် ဆိုတာထက်
    ပြည်သူားတွေ ကြည်ညိုစရာ ဆင်းတုတစ်ဆူ လှူပေးခဲ့တာကိုပဲ သာဓုခေါ်မိတယ်ဗျို ့

    • နွေဦး

      August 4, 2012 at 10:19 pm

      ဟုတ်ပါတယ်ဗျာ…
      ဘုရားတစ်ဆူ ဆင်းတုတစ်ဆူ ဖြစ်ဖို့က တော်ရုံ ပါရမီ တော်ရုံလုံ့လနဲ့ မရတာအမှန်ပါ။
      သာဓုခေါ်ထိုက်ပါသည် ။

  • koyo

    August 4, 2012 at 8:42 pm

    ကိုယ့်ရဲ့ယုံကြည်ချက်ပေါ်မှာ ရဲရဲရပ် ရဲသူကို လေးစားကြေးဆိုရင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေကိုလည်း လေးစား
    သင့်ပါတယ်။ အယာတိုလာခိုမေနီတို့ ဘင်လာဒင်တို့ အသေခံဘုန်းခွဲသူတို့ သူတို့ကိုလည်း လေးစားရမလို
    ဖြစ်နေပြီ။ ကိုယ်လုပ်ရပ်က လူသားတွေအတွက် ဘယ်လောက်ကောင်းအကျိုးဖြစ်စေမှာ ဆိုးကျိုးဖြစ်စေမှာ
    ဆိုတာတော့ မေ့နေကြတယ်နော်

    • နွေဦး

      August 4, 2012 at 10:14 pm

      ကိုယ့်ရဲ့ အောင်မြင်မှု ပိုင်ဆိုင်မှုတွေကိုကိုယ့် ယုံကြည်ချက် အတွက် စွန့်ရဲတဲ့ သတ္တိအကြောင်းပြောနေကြတာပါ ။
      အတ္တကြီးသူတွေ မိုက်ရူးရဲတွေအတွက်တော့ ကျွန်တော့်မှာ ပြောစရာမရှိပါခင်ဗျား ။

      • ဇောက် ထိုး

        August 5, 2012 at 9:19 am

        ထောက်ပြသူရော….ပြန်လည်ဖြေရှင်းတဲ့ ကိုနွေဦးကိုရော..လေးစားတယ်ဗျာ….
        ကိုနွေဦးရှင်းလိုက်တာ… တခါထဲပြေသွားတယ်ဗျာ…. တချို့စကားလုံးလေးတွေက အဓိပါယ်ကွဲပေမယ့် ….ပူးနေတယ်ဗျ….

  • အတိသဌ္ဇနာဂရ

    August 4, 2012 at 10:30 pm

    သူတကယ်ဘဲ ဘုန်းကြီးဝတ်နဲ ့ဘဲလား သိချင်ပါတယ်ဗျာ။
    သူ ့ကိုတော့ dialogueတွေပေးလို ့အားကျခဲ့ပါတယ်။

    • P chogyi

      August 5, 2012 at 9:01 am

      ရွာသာကြီးမှာ သူ့ရဲ့အသိ၊ သတိတွေ ဖမ်းနေတယ်လို့တော့
      သတင်းသဲ့သဲ့ကြားတာပဲ

Leave a Reply