နားစည်ကိုထွင်း နှလုံးသားအတွင်းဝင် သွေးကြောထဲမှာလှည့်ပါတ် ဦးနှောက်တွင် ရပ်တန့်နေသော ….အပိုင်း 9

မြန်မာ့သီချင်းလောကမှာ ကော်ပီတေးတွေ ဘိုသံတွေ ဒစ္စကိုတွေ ခေတ်စားနေတာကနေ မြန်မာသံစဉ်လေးတွေကို
နားထောင်လာအောင် နှစ်သက်လာအောင် ခေတ်ပြောင်းပေးလိုက်သူကတော့
ဧရာဝတီတို်င်းသားလေး “မင်းအောင် “ပါ။
” ရဝေ ရဝေ ဟိုမြိုင်စောင်းမှာလ “ဆိုတဲ့ တောဘွဲ့သီချင်းလေးစထွက်လာတော့ စနားထောင်ထောင်ခြင်းမှာတေ့ာဘာတွေလဲပေါ့။
နောက်မှနားထောင်ရင်း ကြိုက်သွားကြတယ်။
သူဆိုတဲ့မြန်မာသံလေးတွေထဲမှာ ” နိုင်တော်မူ “၊” အနိုင်မယူသူမို့ရှုံးပြန်ပြီ ”
” သူများနဲ့ညားတဲ့ငါ့ရည်းစား “၊” အချစ်ရှေ့နေ “၊”ဇီးသီးဇယ်မဗျိုင်း”၊” မလွမ်းပိုမငိုနဲ့ “၊
စတဲ့သီချင်းတွေက လူကြိုက်အရမ်းများခဲ့ပါတယ်
နောက်ဂီတစာဆိုစိန်မောင်မြင့်နဲ့တွက်ဘက်လို့ (ပန်းတံတား)ဆိုတဲ့ဆီးရီ်းစ်ကလဲ အတော်လေးကို
အောင်မြင်တဲ့သီချင်းခွေလေးလို့ပြောနိုင်ပါတယ်။

သူ့စဖွင့်လိုက်တဲ့လမ်းကလေးကိုလိုက်လျှောက်သူများပါတယ်။
သူတို့ဧရာဝတီတိုင်းသား သီချင်းသမားလေးဒင်္ဂါးပေါ်လာပါတယ်။
သူ့သီချင်း”လထွက်ကလေးရယ် တဲ့မြင်းပေါ်တင် “ကလဲလူကြိုက်များခဲ့ပါတယ်။
နောက်မင်းအောင်နဲ့အသံလုံးဆင်တူတဲ့ ” အနိုင်”ပေါ်လာပါတယ်။
” စလယ်ဝင်အိုးလေး “တို့ “ရွှေပိတောက်နဲ့အကြိုထောက် “တို့ “မောင့်အချစ်က ပိုပါတယ် “ကဟစ်ဖြစ်ပါတယ်။
သူနောက်မှာက “မိုးတွေရွာတိုင်းမျက်ရည်ဝိုင်း”တဲ့ အောင်သူ ”
မကွေးမြသလွန်ကနေ”ရွှေညာသူရယ် ကိုယ်လာရင်ကြိုမှာလားလို့မေးလိုက်တဲ့ ” နိင်ဦး ”
တို့က မြန်မာသံမှာအောင်မြင်ခဲ့ဘူးပါတယ်။
နောက်ထူးခြားတဲ့ တစ်ယောက်က ရှမ်းအမျိုးသား” စိုင်းခမ်းခုံး ”
” စိမ် စိမ် စိမ်ခေါ်လို့ပြေးတဲ့ သူရေ မိအောင်လိုက်ပါ့မယ် အချစ်ရေ “ဆိုတဲ့သီချင်းလေးက အရမ်းကိုကောင်းပါတယ်။
နောက် စိုင်းဆို်င်မောဝ်နဲ့သီချင်းစာသားခြင်းလာတူတဲ့ ” စိမ်းဆိုမှစိမ်းရက်သူကြီးရယ် “လို့လွမ်းပြတဲ့ ရှမ်းအဆိုတော်လေး “စိုင်းနေဝန်း ”
နောက် “အညာ ငါ့ကိုအမြဲတမ်းသူညာ……… “လို့ဆိုခဲ့တဲ့ ” သုခ ”
” ရန်ကုန်ကိုရောက်လာခဲ့တယ် မျက်လုံးလေးကလယ် ကလယ် “နဲ့ အညာမိတဲ့အညာသားလေး ” မင်းယျာ ”
နောက် “မလွမ်းပို “သီချင်းများနဲ့ကျော်ကြားခဲ့တဲ့ “ရတနာမိုင် “ရဲ့မေမေ ” မိုင် ”
အဲဒီအချိန်မှာ မြန်မာပြည်က လူကြမ်းနေရာမှာပါတဲ့ အကယ်ဒမီမင်းသမီး”အေးအေးသင်း”တောင်
မြန်မာသံစဉ်ပွဲတော်ကြီးထဲဝင်လို့ဆင်နွဲလိုက်ပါသေးတယ်။
မြန်မာပြည်ထုံးစံအတိုင်းငါးပွက်ရာငါးစာချတော့မြန်မာသံစဉ်ရောင်းကောင်းရင် ဝိုင်းဝင်လိုက်ကြတာပါဘဲ။

ဒီအထဲမှာ ထူးခြားသူကတော့ မြန်မာပြည်သိန်းတန်ပါဘဲ။
“သောကတောင်တန်း “၊” လယ်လယ်သွားမယ် “၊” မနောအလှပန်း “၊” စတိတ် ရှိုးနဲ့တိတ်တစ်ခိုး ”
“အမုန်းကမ္ဘာမကြေ ” ၊ ” ရွှေမြိုင်မှာပင်နေတော့မယ် “၊ “ကလောမြို့နဲ့တူတဲ့အချစ် “စတဲ့သီချင်းအေးအေးလေး
ပေါင်းများစွာကိုသီဆိုခဲ့ပြီး ပရိတ်သတ်ရင်ကို ကိုင်လှုပ်ထားဘူးသူပါ။
သူက အစကတော့ တံတားဦးဆိုတဲ့မြို့လေးက နေ ရန်ကုန်မြို့ကြီးတက်လာပြီး
ဂစ်တာသမား အဆိုသမားဘဝနဲ့ ပလေးဘွိုင်အဖွဲ့မှာ သီချင်းဆိုပါတယ်။
ဇနီးဖြစ်သူ “ဇာခြည်လင်း “(ခ) “အေပရယ်ချစ်ခင် “နဲ့တွဲဖက်လို့ “ကြာတယ်ကွာမြန်မြန်လာ”ဆိုတဲ့သီချင်းလေးကလည်းလူကြိုက်များခဲ့ပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် ပလေးဘွိုင်အဖွဲနဲ့လမ်းခွဲပြီး အယ်ပီဂျေ(LPJ= LOVE PEACE @JOY)ဆိုတဲ့အဖွဲ့လေးကို
တည်ထောင်အောင်မြင်ခဲ့သူပါ။
သူလဲဂစ်တာကြိုးအကြီးတွေကို အသုံးပြုပြီး မြန်မာသီချင်းကြီးတွေကို ဂစ်တာနဲ့ထွင်ပြီးတီးခတ်ခဲ့တဲ့သူရဲကောင်းတစ်ယောက်ပေါ့။
” မြမန်းဂီရိ “၊ ” တောနဲ့တောင်စွယ် “၊” စုံတောမြိုင် “၊စတဲ့သီချင်းကြီးတွေအပြင်
” ကမ်းရိပ်ညို “၊” ယောသူတိုရွာ “၊”မင်းကတော် “၊ “မွေးရပ်မြေ “စတဲ့သီချင်းတွေနဲ့စတာကနေ
(ရွှေသုန္ဒရီ ။ရတနာပုံ၊ငါသာစော်ဘွားဖြစ်ချင်တယ်) လိုမြန်မာသံသီချင်းတွေအပြင်
” သမင်မျက်လုံး”လို ဆီးရီးစ်တို့မေဆွဲနဲ့တွဲဖက်လို့ (ငယ်ကျွမ်းဆွေ)လို(ရန်ကုန်သားနဲ့မန်းလေးသူ)လိုုရုပ်ရှင်ဇာတ်ဝင်ခန်းစုံတွဲတေးတွေကိုလည်း
ရွှေရုပ်ရှင်စုံတွဲတေးများ ကလဲ ခေတ်စားအောင်မြင်ဘူးပါတယ်။
မြန်မာသံသီချင်းတွေနဲ့အောင်မြင်နေရာကနေ နိုင်ငံခြားကို အပြီးထွက်သွားလိုက်တာ ခုထိကိုပြန်မလာတော့ပါဘူး။

နောက်သည်မြန်မာသံနဲ့အောင်မြင်သူ သည်ဘက်ခေတ်မှာဆိုရင် မကြာခင်ကမှ ကွယ်လွန်သွားသူ
စာအရေးလဲကောင်းရုပ်ရှင်မှာလဲ အကယ်ဒမီတောင်ရဘူး မျိုးလိုက်ရို်းလိုက်တော်ပေမဲ့
သူ့အဖေ ဦးသာဓုမကြိုက်တဲ့ အရက်ကိုမှခင်တွယ်ခဲ့တဲ့သူ “သုမောင်” ပါ။
” လယ်တောကအပြန် ……ပန်ချင်တယ်ခရေဖူးဆိုလို့…. “ဆိုတဲ့ (ပန်းဦးပန်တဲ့သူ)ဆိုသောရုပ်ရှင်သီချင်းလေးကနေ
(ပန်းတွေနဲ့ဝေ)၊(ချစ်မိုးကြီး)ရုပ်ရှင်ဇာတ်ဝင်တေးတွေကအစပြုလို့
(အချစ်လားဟေ့ ဝင်ခဲ့လေကွယ်)ဆိုတဲ့စတီရီယိုသီချင်းမှာမအောင်မြင်ခဲ့ပေမဲ့
မြန်မာသံစစ်စစ် သီချင်းတွေကို ဟင်္သာတေးသံသွင်းနဲ့တွဲလို့
(အောင်ပင်လယ်။စိန်မြရံချယ်အောင်ပင်လယ်၊ရွှေဘိုသနပ်ခါး၊စစ်ကိုင်းတံတား၊ရွှေမိုးညို၊
သူဌေးဝါဒ၊ခေတ်သစ်သူဌေးဝါဒ၊)စတဲ့နန်းတာ်ရှေ့ဆရာတင်ရေးခဲ့တဲ့သီချင်းတွေ၊
ဥဩဘသောင်အောင်မြင်ခဲ့တဲ့သီချင်းတွေနဲ့ ဂုဏ်တင့် ဂုဏ်မြင့်ခဲ့ပါတယ်။
နောက် (နဂါးနီ )တို့(တောင်တော်ရွှေပုပ္ပါး)တို့၊(ဖုန်းမောင့်သက်လည်)တို့ကို
ဂစ်တာနဲ့တွဲဖက်သီဆိုအောင်မြင်ပေမဲ့ သူ့အကိုဖြစ်သူ ဒါရိုက်တာကြီးကတော့
သူ့သီချင်းနားထောင်ရတာ နောက်ကကျားလိုက်လာသလိုခပ်သုတ်သုတ်လေးလွမ်းရတယ်လို့ ဝေဖန်ဘူးပါတယ်။
နောက် မောင်ကြေးမုံရေးတဲ့ (ကျောက်ဆစ်ရုပ်ရဲ့ချစ်ပန်းမျက်နှာ………အခုတော့လဲတစိမ်းတွေလိုပါဘဲလား……….)ဆိုတဲ့မြန်မာသံသီချင်းတွေမှာ
အောင်မြင်သေးတဲ့အပြင် ဂီတစာဆိုစိန်မောင်မြင့်နဲ့တွက်ဘက်လို့ (လွမ်းငွေ့ကိုစေ)စီးရီးထဲက သီချင်းများကလဲအောင်မြင်သောသီချင်းများပါ။
နောက်မြို့မအဖွဲ့နဲ့တွဲဖက်လို့ (တစ်ကြိုက်ထဲကြိုက်)တို့ (ပြည်တော်ဝင်)တို့ကလဲအောင်မြင်သော သီချင်းဖြစ်ပါတယ်။
မန္တလေးသားတစ်ယောက်ဖြစ်တဲ့ကျနော် သုမောင်သီချင်းထဲမှာ မန္တလေးမြို့ကို စက်ဘီးလေးနဲ့လယ်ထားတာကို
ဖွဲ့ဆိုထားတဲ့(မန္တလေး အလွမ်း)ဆိုတဲ့ သီချင်းကတော့လူသိနည်းပေမဲ့ ကျနော်အကြိုက်ဆုံးသီချင်းလေးပါ။
(ပန်းဦးပန်မဲ့သူ) ဆီးရီးစ်ထဲမှာပါ တာပါ။
နောက် ဆက်ပြောရမယ်ဆိုရင် မြန်မာသံတေးအကြောင်းပြောရင် မချိုရယ် ခင်ညွန့်ရည် ခင်အုန်းမြင့်ကနေ နာမယ်ပြောင်းလိုက်တဲ့ မြတ်ဝတ်ရည်ရယ်
ကိုတော့မေ့ထားချန်ထားလို့မရပါ။

မချို စတီရီယိုတေးတွေဘယ်လိုအောင်မြင်တယ်ဆိုတဲ့မချိုအကြောင်းကိုတော့ပြောပြီးပါပြီ။
သည်ဘက်ခေတ်ထဲမှာ ထူးခြားတယ်လို့ပြောနိုင်တဲ့ သီချင်းကတော့ (တိမ်ပလီနွေနှောင်း)ဆိုတဲ့သီချင်းပါ။
သည်နာမယ်လေးကို သုံးလို့ စန္ဒယားချစ်ဆွေ စန္ဒယားမောင်လှအေး အလွမ်းသီချင်းရေးတဲ့မောင်ကျော်ဇောတို့ ပညာအပြိုင်ကျဲခဲ့ကျပါတယ်။
(အကြွေးရတောင်မလွမ်းတော့ဘူး)(ဒဿဂီရိမျက်နှာငှားကြည့်ပါ)(တိမ်ပလီနွေနှောင်း)(ပန်းအိနှင်းဆီ)တို့နဲ့သည်ဘက်ခေတ်မှာ
အောင်မြင်တဲ့အပြင် ဝင်းဦးအလွမ်းပြေ သီချင်းထဲက နာမယ်ကျော် (တေလေငှက်)နဲ့(ကိုယ်ပြန်လာပြီ)သီချင်းအပါအဝင်တစ်ခွေစာကလဲအောင်မြင်ပါတယ်။
ဒါကတော့ထူးခြားတဲ့မချို ဘိုင်စကုပ်မင်းသမီးမချို အန်တီချို အမေချို ဘယ်လိုခေါ်ခေါ် ပါးချိုင့်လေးခွက်နေအောင်ပြုံးပြနေမယ့်သူပေါ့ဗျာ။

နောက်တစ်ယောက်ကတော့ (ချစ်အရိပ်)ဆိုတဲ့သီချင်းလေးနဲ့အောင်မြင်ခဲ့တဲ့(ခင်ညွန့်ရည်)ကတော့ အလွမ်းသီချင်းရေးတဲ့မောင်ကျော်ဇော
နဲ့တွဲလို့ (ခွေးမလေးမကိုက်တော့ဘူး)တို့ (တိမ်ပလီနွေနှောင်း)တို့ကိုသီဆိုခဲ့ပေမဲ့
ပိုလူကြိုက်များတဲ့သီချင်းတွေကတော့ (မေလှမြိုင်)သီချင်းတွေကိုပြန်ဆိုတဲ့ သီချင်းတွေထဲက
(ဆောင်းအမှီ၊ဗိုလ်ရူ့သဘင်)ကတော့ အတော်လေးကောင်းသလို (သစ္စာပွင့်ပန်းလန်းရာမြေ)ဆိုတဲ့သီချင်းတို့(လွမ်းအိမ်မက်သံသရာရှည်)တို့
(စက္ကန့်လေးတွေစိန်စီထားမယ်)တို့ ကလဲကောင်းမှကောင်းလို့ဆိုရမှာပါ။
ပြန်ဆိုတေးဆိုရင် နားထဲမစွဲတဲ့ကျနော်တောင်ခင်ညွန့်ရည်ဆိုလုံးဆိုပေါက်ကို အတော်လေးကြိုက်မိပါတယ်။
အဲဒါ ရင်ထဲက ပေါ်လာတဲ့ခံစားမူ့အစစ်နဲ့ဆိုခဲ့တာမို့လို့ကောင်းတာလို့ထင်မိပါတယ်။
နောက်တစ်ယောက်ကတော့ မန်းလေး မြို့မ အဖွဲ့က ပင်တိုင်အဆိုတော်ဖြစ်သူ ခင်အုန်းမြင့်ပါ။
သူထူးခြားတာကတော့ သူ့ရဲ့ကြည်မြတဲ့အသံလေးပါ။
မြန်မာအမျိုးသမီးအဆိုတော်တွေထဲမှာ မက်စွဲတယ်လို့ပြောကြတဲ့ အသံပိုင်ရှင်သုံးယောက်ကတော့
(တင်တင်မြရယ် ရီရီခင်ရယ် ခင်အုံးမြင့်(ခ)မြတ်ဝတ်ရည်ရယ်ပါ)။
သူက အစကမြို့မသီချင်းတွေ ဆိုနေရာကနေ မြတ်ဝတ်ရည်အမည်ပြောင်းလို့
နာမယ်ကျော် ညိုညိုဆန်းရဲ့(ထန်းလက်ပုတီး)တို့ (ကမ္ဘောဇ)တို့နဲ့အောင်မြင်ရုံမကဘူး
(ရွှေနဲ့ယိုးမှားပန်းစကား )စီးရီးစ်ထဲမှာမြန်မာသီချင်းတွေကို ခေတ်ပေါ်တူရိယာ ဒရမ်တွေ ဂစ်တာတွေနဲ့တခေတ်ဆန်းခဲ့သူပါ။
အခုတော့လူလောကကြီးကို စွန့်ခွာသွားပါပြီ၊
ဒီမြန်မာသံသီချင်းတွေပြောနေရင်း ဟိုစစချင်းတုံးက ကျနော် သီချင်းတွေအကြောင်းပြောစဉ်တုံးက ကျနော်ကျန်ခဲ့တာလေးတွေကို ဖြည့်စွက်ပြောချင်ပါတယ်။
အဲဒါကတော့ မြန်မာပြည်မှာ နာမယ်အကြီးဆုံးဇာတ်မင်းသားဖြစ်တဲ့ (ရွှေမန်းတင်မောင် )ဆိုခဲ့တဲ့
(အောင်ပါစေ) (ရွှေကြေးစည်) သီချင်းများဖြစ်ပြီး သူ့သားကြီး ရုပ်ရုင်မင်းသား အကယ်ဒမီညွန့်ဝင်း
(ချစ်ရေးမြူချော့ မောင်ချော့မည် မေ့မရတဲ့သိဂီမောင့်သိဂီ)ဆိုတဲ့သီချင်း
(ရွှင်လန်းနိုင်ကြပါစေ ချစ်သောမိတ်ဆွေ အပေါင်းအသင်းများတို့ရယ်…………အစချီတဲ့ မင်္ဂလာရှိတဲ့သီချင်းလေးကိုဆိုခဲ့ဘူးသလို
သူ့ညီဖြစ်သူ ဆန်းဝင်းကတော့ (အို ဒေဝစ္ဆရာ ……လှဟန်ရေးရေးလှရေးကြွယ်ကာ )ဆိုတဲ့သီချင်းလေးက ရေပန်းစားခဲ့ဘူးပါတယ်။
နောက် ကျနော်ရင်ထဲကျန်ခဲ့တဲ့သီချင်းလေးက တော့ (မြင်းခြံဦးဘသောင်းရဲ့)
(နဂါးပွင့်ဂမုန်းရယ် အများဖြင့်သုံးတယ် .ပုပ္ပါးတောင်မြတ် တောင်ကလပ်ဝယ်………………ကျောက်နားသိုးကိုးကောင်ရှိပါတယ်)ဆိုတဲ့
သုမောင်ပြန်လည်ဆန်းသစ်ခဲ့တဲ့သီချင်းလေးပါ။
နောက် ကိုမျိုးဆက်ရက် (အပျိုကြီးမမ ရယ် ဂွကျလှတယ်)ဆိုတဲ့ဟာသသီချင်း၊
သန်းသန်းဆင့်ရဲ့ (ရွှေဘုံပေါ်မှာစံချင်သူပါကွယ်)
ကျော်ဇောလေးရဲ့(ချစ်၍ချစ်ခါလာသည်မှာကွယ်)
လှမြင့်ဝင်းရဲ့(ရွှေတိဂုံကိုမြင်လျှင်)
ကိုမင်းနောင်နဲ့အဖွဲ့ရဲ့ (ပျော်ရွှင်စရာ ဒို့ရှာဖွေ သွားကြစို့လေ ကလေးတို့ရေ …………………..မိုမိုရေ ဝူးလို့…………ဆိုတဲ့မိသားစုတနင်္ဂနွေ)
ကိုမြကြီးရဲ့(မြန်မာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့လို့ ဂျပန်ပြည်မှာကွယ်……………………သူရဲကောင်းတဲ့ ဗိုလ်အောင်ဆန်းတဲ့အာဇာနည်တွေရယ်)ဆိုတဲ့သီချင်း
နောက်ကျနော်အဆိုတော်အမည်မသေချာသေချာချာမမှတ်မိပေမဲ့ အဲဒီအချိန်က အလွန်နာမယ်ကြီးခဲ့တဲ့
(ပွဲလန့်တုန်းဖျာခင်းမလု့ိ ကြံရွယ်နောက်မှရောက်လာတဲ့ကိုလူလယ်……………………
ကျမမှာချစ်သူရှိတယ်ရှင်ငရဲကြီးလိမ့်မယ် အယ်ဟယ် အယ်ဟယ်)ဆိုတဲ့သီချင်း
(စာရေးကြီးနဲ့ စာရေးကြီးကတော်)လိုဟာသ သီချင်းတွေဆိုတဲ့ (ဓနုဖြူစိုးသိန်း)ရဲ့ အချစ်သီချင်း(မေတ္တာစကား)
(လေပြေလေးတဖြူးဖြူး………………….ဧရာဝတီမြစ်ရေသင်ဖျုးလှေကလေးလှော်ကာကြည်နုူး )ဆိုတဲ့
(ချစ်ခရီးဧရာ) စုံတွသီချင်း
တွေကိုထပ်ဖြည့်ချင်တဲ့အပြင်
သံသရာတစ်ကွေ့ဝယ်ပိုင် ရှင်( ကိုတင်ထွတ် )ကို(ကိုတင်လတ)်လို့ရေးမိတာလေးကိုပြင်ဖတ်ပေးစေလိုပါတယ်။

ကျနော်တို့မန်းတက္ကသိုလ်ကျောင်းသားဘဝက အဆောင်ရှေ့မှာ အိုးနင်းခွက်နင်းအော်ခဲ့
ဘယ်သူဆိုမှန်းမသိတဲ့ အကြီးတစ်လုံးအသေးတစ်လုံးတို့
အချစ်ရဲ့ဖော်ကောင်လေးတွေပါ တို့
အိပ်မက်ထဲက မိန်းမလှလေးရယ်တို့
ကျနော်သွားတော့မယ် လမ်းရဲ့သယ်ဆောင်ရာ ဟိုအဝေးကိုတို့
အိမ်မက်ထဲက မိန်းမလှလေးရယ်တို့ကို ပြန်တွေးမိတော့ မြန်မာ ဂီတလောက မှာ
တွေအကြောင်းကိုပြောကြမယ်ဆိုရင် ချန်ထားမရတဲ့
အောင်မြင်တဲ့ကိုယ်ပိုင်သံစဉ်တွေကို ကိုပွေ့ပိုက်ထားတဲ့ ပန်းချီဆရာလည်းဖြစ်တဲ့ ……………………………………….

3 comments

  • Mr. MarGa

    January 13, 2013 at 4:23 pm

    လေးပေါက်ရေ
    အခု သီချင်းတွေတင်နေတာဆိုတော့
    ” မြမန်းဂီရိ “၊ ” တောနဲ့တောင်စွယ် “၊” စုံတောမြိုင် “
    စတာလေးတွေ တင်ပေးစေလိုပါကြောင်း
    အရှေ့ကို တူးလို့ မန့်လို်က်ပါတယ်နော်
    :hee:

  • နောက်တော့လာပါမယ် ဖြည်းဖြည်းပေါ့
    မြန်မာပြည်သိန်းတန်ရဲ့စတီရီယိုသီချင်းဟောင်းတွေကို ပိုစိတ်ဝင်စားတယ်ကွဲ့
    2010က ရေးခဲ့တဲ့ ပိုစ် 2013 မှာ မှ ကော်မင်းတစ်ခုရတယ်
    အဲလောက်ထိကို အားပေးခံခဲ့ရတာနော်

  • aye.kk

    January 13, 2013 at 4:53 pm

    ကိုပေါက်ရေ။
    မြန်မာသံသီချင်းစစ်စစ်တွေကိုနှစ်သက်တယ်။
    ပြန်လည်နားဆင်ခွင့်ရလို ့ကျေးဇူးလည်းတင်မိတယ်။
    ပတ္တမြားမှန်ရင်နွံမနစ်ပါဘူး။မှတ်ကျောက်အတင်ခံပြီးသားမို ့
    အားပေးနေလျှက်ဆိုတာ။သိအောင်ပြောပြလိုက်ပါရစေ။

Leave a Reply