N+ 010812 အဘိဓမ္မာနှင့် သင်္ဂ ါယနာ အဆက်ဆက်

natureAugust 4, 20121min34425

N+ 010812 အဘိဓမ္မာနှင့် သင်္ဂ ါယနာ အဆက်ဆက်

ပထမသင်္ဂ ါယနာ
မြတ်စွာဘုရားပရိနိဗ္ဗာန်စံတော်မူပြီး သုံးလနှင့်လေးရက်မြောက်သော မဟာသက္ကရာဇ် ၁၄၈ (ဘီစီ ၅၄၄)တွင် အဇာတသတ် မင်းကိုအမှီပြု၍ ရာဇဂြိုလ်ပြည် ဝေဘာရတောင် သတ္တပိဏ္ဏိလိုဏ်ဂူ၌ ရှင်မဟာကဿပ အမှုးရှိသော ရဟန္တာအရှင်မြတ် ၅၀ဝ တို့သည် မြတ်စွာဘုရား၏ တရားတော်များကို ရ လ တိုင်တိုင် မုခါရုဠှ (ခေါ်)နှုတ်ဖြင့်စုပေါင်းရွတ်ဆို သင်္ဂ ါယနာ တင်ခဲ့ကြသည်။
ဒုတိယ သင်္ဂ ါယနာ
သာသနာနှစ် ၁၀ဝ (ဘီစီ ၄၄၄) ၌ ဝေသာလီပြည်ဝေဠုကာရုံ ကျောင်းတိုက်တွင် ဝဇ္ဇီတိုင်း ကာလာသောကမင်းကို အမှီပြု၍ အရှင်မဟာယဿအမှုးရှိသော ရဟန္တာ ၇၀ဝ တို့က ၈လကြာအောင် မုခရုဠှသင်္ဂ ါယနာ တင်ခဲ့ကြပေသည်။

တတိယသင်္ဂ ါယနာ
ဒုတိယသင်္ဂ ါယနာမှစ၍ တဖြေးဖြေးခွဲထွက်လာသောဂိုဏ်ကွဲများသည် တတိယသင်္ဂါယနာခေတ် သီရိဓမ္မာသောကမင်းလက်ထက်တွင် ဂိုဏ်းပေါင်း ၁၈ဂိုဏ်းခန့်ရှိပြီး အယူဝါဒများရှုပ်ထွေးနေခဲ့သည်။ သီရိဓမ္မာသောကမင်းသည် ထေရဝါဒသာသနာတော်ကြီးကို အကြီးအကျယ် ပူဇော်ချီးမြှောက်မှုကြောင့် ဂိုဏ်းခွဲများအနေဖြင့် စားဝတ်နေရေးကြပ်တည်းလာပြီး ထေရဝါဒရဟန်းအသွင် ဝတ်ဆင်ကာ ရဟန်းကောင်းများနှင့် ရောနှောနေထိုင်လာခဲ့လေသည်။ ၎င်းတို့၏ အယူဝါဒ အကျင့်များကိုလည်း ဘုရားဟောသယောင်ယောင် ပြောဟောကြပြီး ဝါဒရေးရာ ရောထွေးမှုများ ပြုခဲ့သည်။ တဖြည်းဖြည်းရှုပ်ထွေးလာပြီး အယူဝါဒမတူမျှသည့်အတွက် ဥပုသ် ပဝါရဏာ မပြုနိုင်သည်မှာ ရနှစ်မျှ ကြာခဲ့သည်။

ဤသတင်းကိုကြားသိသော အာသောကမင်းကြီးက အသောကာရုံကျောင်းကြီးသို့ အမတ်တယောက်ကိုစေလွှတ်၍ ညီညွတ်စေရာ စေလွှတ်သောအမတ်၏ မလိမ္မာမှုကြောင့် ရဟန်းကောင်းများအား သတ်ပစ်ခဲ့သည်။ ထို့ကြောင့်အာသောကမင်းကြီးသည် လွန်စွာစိတ်မကောင်းဖြစ်၍ သာသနာပြုနို်င်မည့်ပုဂိုလ်ကိုရှာဖွေခဲ့သည်။ သံဃာများ၏ ညွှန်ကြားချက်အရ ဗြဟ္မာကြီးဘဝမှစုတေလာ၍ သာသနာ့တာဝန်များထမ်းဆောင်ရန် အဟောဂင်္ဂ ါတောင်၌ သီတင်းသုံးနေသော အရှင်မဟာကဿပမောဂ္ဂလိပုတ္တတိဿမထေရ်အား တွေ့ရာပင့်ကြပြီး ဩဝါဒခံယူခဲ့ကြသည်။ အယူဝါဒအမျိုးမျိုးကို ရ ရက်ပတ်လုံး သင်ယူခဲ့ကြသည်။ ထို့နောက်ရဟန်းတပါးခြင်းစိစစ်လေသည်။ ဝါဒအမှန်မပြောနိုင်လျှင် လူဝတ်လဲစေခဲ့သည်။ပြောနိုင်လျှင် အသေးစိတ်စိစစ်ရန် အရှင်မဟာကဿပမောဂလိပုတ္တမထေရ်ထံ လွှတ်လေသည်။ ဤသို့ဖြင့် သာသနာတော်သန့်ရှင်းရေးကို ဓမ္မစက် အာဏာစက်ဖြင့်ဆောင်ရွက်တော်မူရာ သန့်စင်သော ထေရဝါဒရဟန်းပေါင်း ၆သန်းကျော်ပေါ်ထွက်လာလေသည်။ ဤသို့ဖြင့်ရှေးမင်းများသည် ဗုဒ္ဓသာသနာတော်ကြီးကို အာဏာစက်အသုံးပြု၍ ဓမ္မစက်ကို ကာကွယ်စောင့်ရှောက်ခဲ့ကြပါသည်။

၆သန်းသောရဟန်းတော်များအလယ်၌ အရှင်မဟာမောဂလိပုတ္တမထေရ်သည် ထေရဝါဒအယူဝါဒကိုပြသည့် သကဝါဒ -၅၀ဝ ၊ ဂိုဏ်ကွဲများ၏ အယူအဆကိုပြသည့် ပရဝါဒ ၅၀ဝ ၊ အားလုံးပေါင်းဝါဒ ၁၀၀ဝကို အမှားအမှန် ခွဲခြားဝေဖန်နိုင်ရန် ဟောကြားတော်မူခဲ့သည်။ ထိုအချိန်မှစ၍ ကထာဝတ္ထုကျမ်းပါဝင်လာပြီး အဘိ်ဓမ္မာ ရကျမ်း ပြည့်စုံလာခဲ့သည်။ သာသနာနှစ် ၂၃၅(ဘီစီ ၃၀၈ )တွင် ပါဋလိပုတ္တပြည် အာသောကာရုံကျောင်း၌ သီရိဓမ္မာသောကမင်းကိုအမှီပြု၍ အရှင်မဟာမောဂ္ဂလိပုတ္တမထေရ် အမှုးပြုသော ရဟန္တာ ၁၀၀ဝ တို့က ၉လကြာအောင် မုခါရုဠှ (ခေါ်) နှုတ်ဖြင့်ရွတ်ဆို၍ သင်္ဂါယနာတင်ခဲ့ကြပေသည်။

အရှင်မဟာမောဂလိပုတ္တနှင့် အာသောကမင်းမြတ်တို့သည် ကိုးတိုင်းကိုးဌာနသို့ သာသနာပြုရဟန်းများ စေလွှတ်ခဲ့သည်။ ထို့ကြောင့် အဘိဓမ္မာပိဋကသည် မဇျ္ဇိမဒေ၏ အပြင်ဖက်ဖြစ်သော ထိုထိုတိုင်းနိုင်ငံများသို့ ပေါက်ရောက်ပျံ့နှံ့ခဲ့ပေသည်။

25 comments

  • ကြောင်ကြီး

    August 4, 2012 at 11:59 pm

    သဂျီးလည်း ဗျံမှာဂျီးဘဝက လာတာတဲ့…။ အဲဒီ့အစွဲနဲ့ အချိန်ရတိုင်း ဘိန်းရှုတယ်ဒဲ့၊ ဗြဟ္မာ့စည်းစိမ်နဲ့ နင်လားငါလား ဆိုဘဲ ဆိုဘဲ ဘွတ်အဲ ဘွတ်အဲ….

  • ဇောက် ထိုး

    August 5, 2012 at 8:43 am

    ခုလိုတင်ပြလို့ ဖတ်ရှုရတာ ကျေးကျေးပါ….
    ကျွန်တော်မရှင်းတာလေးက… အဘိဓမ္မာ ၇=ကျမ်းကို ဘုရားက နတ်ပြည်မှာဟောတယ်။ မနာတမ်းကိုဟောတယ်။ ဆွမ်းခံတော့ မြောက်ကျွန်းကိုဆွမ်းခံတယ်။ အဲဒီဆွမ်းခံတုန်းအချိန်လေးမှာကို နတ်ပြည်မှာ …ကိုယ်ပွားထားခဲ့ပြီးတရားဟောစေခဲ့တယ်။ အဲဒီလောက်ကို အချိန်ပြည့်လောက်ဟောတယ်။ အဲဒီမှာ အဘိဓမ္မာ ၇=ကျမ်းကို ဘယ်ကျမ်းက ဘယ်နှစ်ရက်ဆိုပြီး စာရင်းတွေနဲ့ကို ပြကြပါတယ်။ သုံးလ..ရက်ကိုးဆယ်..နဲ့ ပဋ္ဌာန်း ၇=ကျမ်း အကိုက်ပါပဲ။
    ဒါပေမယ့် အဲဒီ ပဋ္ဌာန်း ၇=ကျမ်းထဲမှာ… ကထာဝတ္ထုကျမ်းကတော့ တတိယသင်္ဂါယနာတင်မှ ပေါ်လာတာဆိုပြီး အတိအကျလဲမှတ်တမ်းက ရှိနေပါတယ်။ ဘုရားနတ်ပြည်တက်ဟောတဲ့… အဘိဓမ္မာ ၇=ကျမ်းထဲမှာလဲ ပါနေပါတယ်။ ဘုရားမရှိတဲ့ နှစ်ပေါင်းသုံးရာဝန်းကျင်လောက်မှ ရေးတဲ့ကျမ်းလဲဖြစ်နေပါတယ်။ ကျွန်တော် မရှင်းသလိုပါပဲ။ ဖြစ်နိုင်ရင် ရှင်းပြစေချင်ပါတယ်။
    နောက် သိသူရှိရင်လဲ.. မိလိန္ဒ ကျမ်းရဲ့ သမိုင်း…ရေးသူ…များကိုလဲ သိချင်ပါတယ်။တချို့ကလဲ စာရေးဆရာတွေ အများကြီးရေးခဲ့တာ… ဘာညာစသဖြင့် အမျိုးမျိုးသိနေရပါတယ်။

    နောက်ကျနော် ကြားသိထားတာလေးကိုလဲ မေးကြည့်ချင်ပါတယ်။ ဘုရားက ရဟန်းတွေ စန္ဒကူးသပိတ်နဲ့ ပတ်သက်ပြီး တန်ခိုးမပြရ..လို့အမိန့်ထုတ်လိုက်ပါတယ်။
    ဒီတော့ တိတ္ထိတွေက ဘုရားတပည့်တွေ တန်ခိုးမပြရဘူးတော့ဘူးဆိုပြီး တန်ခိုးပြိုင်ရအောင်ဆိုပြီးကျော်ညာ ပါသတဲ့။ ဒီတော့ ဘုရားက သူနဲ့ပြိုင်မယ်ဆိုပြီးကျေညာလိုက်ပါတယ်။ အဲဒီမှာ ဆွမ်းခံပြန်..လမ်းမှာ ဥယျာဉ်စောင့်က သရက်သီးတစ်လုံးလှူလိုက်ပါတယ်။ အဲဒီသရက်သီးကို ဘုရားကခွဲပြီး ဘုဉ်းပေး…. ပြီးတော့ အစေ့ကို ဥယျာဉ်စောင့်ကိုပဲ အစိုက်ခိုင်း။ လက်ဆေးရေကိုလောင်း။ တခါထဲ အပင်ကြီးချက်ခြင်းဖြစ်။ အသီးတွေချက်ခြင်းသီး။။ ရဟန်းတွေချက်ခြင်းစားကြ။ လူတွေအံ့မခန်းဖြစ်။ အဲဒီမှာ ဘုရားက ကောင်းကင်ပေါ်ပျံကြွ။ အဲဒီမှာ ကောင်းကင်ပေါ်ကနေ တရားဟော.. အဲဒီကနေ တခါထဲ နတ်ပြည်ကြွသွား….. နတ်ပြည်မှာတင် ဒီအဘိဓမ္မာတရားကို ဟောခဲ့တာလို့ကြားဖူးပါတယ်။ အဲဒီမှာလူတွေက လူ့ပြည်ကနေ သုံးလလောက်ကြာ အောင် ဘုရားကိုစောင့်နေခဲ့ကြပါတယ်။ အဲဒီမှာ ရှင်မောဂ္ဂလာန်နဲ့ သူဋ္ဌေးတစ်ဦးကို ဒီလူတွေကြွေးမွေးစောက်ရှောက်ထားဖို့ကိုလဲ ဘုရားက မှာခဲ့တယ်လို့ ကြားနာဖူးပါတယ်။ ကျွန်တော်သိတာလေး မှားနေရင်ပြင်ပေးကြပါကုန်…. မသိတာလေးကိုလဲ ဖြည့်စွက်ပေးကြပါကုန်….

    • KyawThein

      August 5, 2012 at 11:11 am

      မိုးပြာက်ိ်ုယ်တော်ကြီး ဘုန်းဘုန်းဇောက်ရဲ ့
      သိပါလျက်နဲ ့ ဘာတွေလာမေးနေသဒုံး
      ကိုနေးချားရေ
      အခုနောက်ပိုင်းမိုးပြာကိုယ်တော်တွေက ဗျူဟာပြောင်းပြီးဝင်လာကြသနော်
      တချို ့ကလည်း မိုးပြာမဟုတ်ဘူးငြင်းလားငြင်းရဲ ့
      ကြည် ့နေတာကြာပြီ ကိုယ်တော်ဇောက်ကကြာက်ဖို ့အကောင်းဆုံး
      တခြားမိ်ုးပြာတွေလို ထင်ထင်ရှားရှားဝင်မလာဘူး
      ပူးပြီးမှသတ်တာ
      ကျုပ်တို ့တွေ မအဖို ့လိုတယ်နော

    • mggwa

      August 5, 2012 at 10:40 pm

      အင်း လက်ရှိ အာဏာရ ထေရဝါဒပါတီရဲ့ အယူနဲ့ မတူတိုင်းသာ
      မိုးပြာလို့ သမုတ်နေကြရင်တော့ ခက်ပြီကော။
      ဗုဒ္ဓတောင် ဒီခေတ်မှာ ပြန်ပွင့်လာပြီး တရားဟောလို့
      ထေရဝါဒနဲ့ မတူရင်တောင် မိုးပြာလို့ သမုတ်မလားမသိ။

      မိုးပြာကို ဂလောက်တောင်ကြောက်နေကြတယ်ဆိုတော့
      ဘယ်တူက မှန်ပြီး၊ ဘယ်တူက မွှားနေ အဲလေ မှားနေကြလဲလို့
      မောင်ဂွစဉ်းစားနေမိလေ၏။

    • padonmar

      August 6, 2012 at 9:54 pm

      အဘိဓမ္မာတရားတော်ကို မြတ်စွာဘုရားက တာဝတိန်သာ နတ်ပြည်မှာဟောခဲ့ရာမှာ ကထာဝတ္ထုကလွဲရင် ကျန် ၆ ကျမ်းကို အစအဆုံး အကုန်အစင်ဟောပါတယ်။
      ၅ ကျမ်းမြောက် ကထာဝတ္ထုကျမ်းကိုတော့ ဘုရားမရှိတော့တဲ့ နောက် နှစ်ပေါင်း၂၀ဝ ကျော် ရောက်ရင် ဘုရားရှင်အာဘော်ကျ အကျယ်ချဲ့ဟောပေးနိုင်တဲ့ အရှင် မဟာမောဂ္ဂလိပုတ္တတိဿ
      ရဲ့ စွမ်းရည်ကို မြင်တော်မူတာဖြစ်လို့ နည်းပေးရုံ မာတိကာခေါင်းစဉ်ထားပေးရုံ အကျဉ်းချုပ်ဟောတော်မူပါတယ်။

      (ကထာဝတ္ထု=ဓမ္မ၊ဓာတု၊ပုဂ္ဂလ တို့၌ ယုံမှားသံသယများကို ဖြေရှင်းဟောထားသောကျမ်း)
      ……….
      ဒီစာလေးကို တိပိဋက ယောဆရာတော်ကြီးရဲ့ အဘိဓမ္မာလက်ဆောင် အသံလွှင့်တရားတော် မှာတွေ့လို့ ကူးတင်ပေးပါတယ်။
      ကျမတို့ ဉာဏ် တစ်ထွာတစ်မိုက်ထက် များစွာအသိပိုတဲ့ အကျင့်မှာလည်းစံထားရတဲ့ ယောဆရာတော်ကြီးလို ပုဂ္ဂိုလ်မျိုးဟောကြားချက်ကိုတော့ မှန်တယ်လို့ ယူဆပါတယ်။

  • ဆူး

    August 5, 2012 at 10:46 am

    အရှင်မဟာမောဂလိပုတ္တနှင့် အာသောကမင်းကြီးတို့ရဲ့ ကျေးဇူးကလည်း တော်တော်ကြီးမားပါပေတယ်။

    မြတ်စွာဘုရား တန်ခိုးမပြရဘူး တားမြစ်ခဲ့ပါသည်။ သို့သော် ချွင်းချက် အနေနဲ့ ရှိပါသည်။ မလိုအပ်ပဲ တန်ခိုးမပြရတာပါ။ တိတ္တိတွေက တန်ခိုးမပြရဘူးဆိုတဲ့ အတွက် အခွင့်အလန်းသာပြီ ဆိုပြီး ကြွားဝါ ပြောဆို စောင်းချိတ်နေမှုများ ရှိနေသည့်အတွက် ရဟန်း နဲ့ လူပရိတ်သတ်များက မြတ်စွာဘုရားကို အကြိမ်ကြိမ် တောင်းပန်လျှောက်ထားလာကြပါတယ်။
    ထိုသို့ အကြိမ်ကြိမ် တောင်းပန်လျှောက်ထားတဲ့ အတွက် သရက်ဥယျာဉ် မှာ ဆုံကြမယ် ဆိုပြီး ပြောလိုက်တဲ့ အတွက် တိတ္တိတွေက အဲဒီ သရက်ဥယျာဉ်မှာ ရှိတဲ့ သရက်ပင်တွေ အကုန် ခုတ်ကြပါတယ်။ လူပရိတ်သတ်များက သရက်ဥယျာဉ်မှာ သရက်ပင်များ မရှိတော့သည့် အတွက် စိတ်ပူပန်နေကြပါတယ်။ တိုက်ဆိုင်စွာ မြတ်စွာဘုရား ကြွလာတဲ့ အခါမှာတော့ ဥယျာဉ်စောင့်က သရက်သီး တလုံး ကို ကပ်လှူ လိုက်တဲ့ အတွက် သရက်သီး ကို ဘုန်းပေး အပြီး အစိ ကို မြေကြီးပေါ် ချ လိုက်သော အခါ ချက်ချင်း ဆိုသလိုပင် အပင်ကြီး ချက်ချင်းဖြစ်ပြီး အသီးဝေဖြာစွာ ဖြစ်သွားပါတယ်။

    ရှင်မဟာ မောဂ္ဂလန် ကိုယ်တော်မြတ်ပြီး ပရိနိဗ္ဗာန်စံဝင်ခါနီးမှာလည်း မြတ်စွာဘုရား မိန့်ကြားချက်အရ တန်ခိုးပြပြီးမှ ပရိနိဗ္ဗာန်စံဝင်တော် မူသွားပါတယ်။

  • ကြောင်ကြီး

    August 5, 2012 at 11:37 am

    ကိုဇောက်ထိုးနဲ့ အန်တီဆူးရေးတာ ကြည့်ပြီး ဒီလိုပြောမယ်။ ပစ်စုတ်ပံဝါဒီ ဘက်ဒန်တဇောက်ထိုးက စာမှာပြောထားတဲ့ ဖြစ်စဉ်ပုံရိပ်ကို ဖျောက်ရေးတယ်။ အန်တီဆူးက ကျမ်းလာအတိုင်းရေးတယ်။ စာနှစ်ခုရဲ့ တာသွားပုံ၊ လားရာ မတူညီတာ တွေ့နိုင်တယ်။ အဲလိုပဲ မိုးပြားဂိုဏ်း၊ ပစ်စုတ်ပံရုပ်ဝါဒီများရဲ့ ဝါဒဖြန့်ချီမှုများမှာ ကျမ်းစာ၊ ဖြစ်ရပ်တွေကို လိုသလို ဖြတ်ညှပ်ကပ်လုပ်တာ တွေ့နေရတယ်။ စာယုံသူများကြတော့လည်း ကျမ်းကိုးကျမ်းကားလုပ်တယ်။ ဘယ်သူပိုတယ် လိုတယ် ပြောဖို့မလွယ်ပါ။ ရိုးသားမှု သိပ်အရေးကြီးတယ်…။ ပရိယာယ် ပိုလွန်းရင် လှည့်ဖျားမှုဖြစ်သလို သဒ္ဓါကြတော့လည်း အသိညဏ်မပါ တုံးအသွားတတ်တယ်။

  • မောင်ပေ

    August 5, 2012 at 12:09 pm

    အောင်မငှီး
    ကျုပ်ဖြင့် အူးဘဇင်းဇောက်ကို မိုးပြာမှန်း မသိခဲ့တာ အမှန်ပါဗျာ အခုမှပဲသိရတော့တယ်
    ဦးနေချားနဲ ့ကိုကျော်သိန်း တို ့ကို အရမ်းကျေးဇူးတင်ပါတယ်

    • KyawThein

      August 5, 2012 at 12:50 pm

      မောင်ပေ မြင်အောင်ကြည် ့နော်
      တခြားရွာသားတွေလဲ မြင်တတ်ဖို ့လိုတယ်
      တဖြည်းဖြည်းနဲ ့ ကျုပ်တို ့ကို ဘရိန်းဝပ်ရှ် လုပ်နေဒါ သူတို ့နည်းဗျူဟာအလွန်ကောင်းတယ်
      ဒါကိ်ု တချို ့ကဘုမသိ ဘမသိ ပို ့စ်လဲသေချာမဖတ်ဘဲထောက်ခံကြသေးတယ်

    • Ko out of...

      August 5, 2012 at 7:45 pm

      မောင်ပေရေ…

      စဉ်းစားလို့ ရအောင်ပါနော်..

      ဘုရားက ငါမရှိတဲ့ နောက်ပိုင်းမှာ..ဝိနိယနဲ့ ဓမ္မ ဟာမင်းတို့ဆရာဘဲလို့ပြောခဲ့တယ်..

      ဒါပေမဲ့ ပိဋကတ်ကျတော့ သုံးပုံဖြစ်နေတယ်..သုတ်၊ဝိနည်း၊ အဘိဓမ္မာ တဲ့..သုတ်ထဲမှ တရားရှိလား?..အဘိဓမ္မာထဲမှာလား? လို့မေးစရာရှိတယ်..

      ကျွန်တော်ထင်တာ အဘိဆိုတာ….လွန်လွန်ကဲကဲ ဆိုတဲ့ အဓိပါယ်ရှိတယ်..ဓမ္မ ကတော့ တရားပေါ့…ဒါကြောင့် လွန်လွန်ကဲကဲ တရားလို့ဘာသာပြန်ရမယ်ထင်တယ်..
      ဘယ်လောက်အထိလွန်ကဲလည်းဆိုတော့…ခြေသုံးလှမ်းနဲ့ နတ်ပြည်ကြွတယ်…တန်းခိုးအမျိုးမျိုး
      ပြတယ်စသည်ဖြင့်ပေါ့..
      အဘိဓမ္မာဟာ လူတွေရဲ့ ခနာဗေဒအကြောင်းကိုတောင် ကောင်းကောင်းသိပုံမပေါ်ဘူး…
      သားအိမ်နဲ့ အစာအိမ်တောင် ကွဲကွဲပြားပြား မသိဘူး…
      – အဘိဓမ္မာအရ..စတုမဟာရာဇ်နတ်ဘုံကို…လ နှင့်ဂြိုလ်အပါ…လို့ပြောထားတယ်..ဒါပေမဲ့
      ယနေ့လပေါ်ကို လူတွေရောက်နေပြီ..စတုမဟာရာဇ်နတ်တွေ လုံးဝမတွေ့ရဘူး..

      ယခင်တုံးက လူတွေ လပေါ်မရောက်ခင် လိမ်လို့ရကေပမဲ့…ယခုခေတ်က မရတော့ဘူး..ဒါမောင်ပေ ဒို့လို ပညာတတ်တွေ သိထားဖို့လိုတယ်…

      ဘုရားလည်းဒါတွေ မဟောခဲ့ဘူး…အခုလို မောင်ပေကို ဒီလိုရေးပြတာ..ကိုယ်ဖက်ပါအောင် သိမ်းသွင်းနေတာ မဟုတ်ဘူး…စဉ်းစားလို့ရအောင်ပါ…ကိုယ်ကြိုက်သလို ဆုံးဖြတ်ပါ..

  • kai

    August 5, 2012 at 12:38 pm

    ကျုပ်ကတော့.. မိုးပြာတွေ.. မိုးဝါတွေဘေးချိပ်ပြီး.. လော့ဂျစ်နဲ့ကြည့်မယ်..

    အဘိဓမ္မာကျမ်းတွေဟာ.. ပထမ-ဒုတိယသံဃာယနာစာတင်တာမှာမပါခဲ့တာမို့..
    ပိဋိကတ်၃ပုံမှာ.. ၁ပုံဖြစ်တဲ့.. အဘိဓမ္မာပိဋကတ်အပြည့်အစုံဟာ.. ဂေါတမဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီးနောက်..သာသနာနှစ် ၂၃၅(ဘီစီ ၃၀၈ )မှပေါ်လာတာလို့.. အချက်အလက်ကိုင်ပြောနိုင်ပါလိမ့်မယ်..
    ဒါကို.. အနောက်နိုင်ငံကျမ်းပြုတွေရဲ့.. အချက်အလက်တွေထဲမှာလည်း… ပြဆိုပါတယ်..

    ဒီတော့….
    ဒီလောက်ပဲ..။ :mrgreen:

  • ဇောက် ထိုး

    August 5, 2012 at 1:31 pm

    ကျွန်တော် လွန်စွာစိတ်မကောင်းပါဘူး…. အမှန်တကယ် ကျွန်တော်မိုးပြာမဟုတ်ပါဘူး… ကျွန်တော်သိတာက အင်တာနက်ဆွေးနွေးဝိုင်းတွေဟာ အဆင့်မြင့်တဲ့ အသိညာဏ်အသိုင်းအဝိုင်းမှာ ဆွေးနွေးကြတာ… မသိတာကိုမေးလို့ရသလို… သိတာကိုလဲ ချပြလို့ရတယ်ဆိုပြီး တင်ပြခြင်း…ဆွေးနွေးခြင်းတွေလုပ်မိတာပါ။
    တင်ပြတဲ့ အကြောင်းအရာကို မှန်ရင်မှန်တယ်။ မှားရင်လဲ မှားတယ်။ ဘာကြောင့်စသဖြင့် အမှားနဲ့အမှန်ကို ဆွေးနွေးကြဖို့တင်ပြမိတာပါ။ ကျွန်တော်တင်ပြခဲ့သမျှ စာတွေအားလုံးနီးပါးဟာ လူနဲ့ကိလေသာခွဲမြင်ဖို့ကိုပဲ အဓိကထားတင်ပြခဲ့တာပါ…
    အမှားနဲ့အမှန်ကို ရှင်းပြတာ..ထောက်ပြတာ.. ဝေဘန်ပြတာ မလုပ်ဘဲ… မိုးပြာလုပ်တော့ တဖက်လူမှာရော..ကိုယ့်မှာရော ဘာအသိညာဏ်တိုးပွားမှုဖြစ်မှာလဲ….
    ဘယ်ဝါဒ…ဘယ်ဘာသာ…ဘယ်လူမျိုးက…ဘယ်လိုပြဿနာပဲဖြစ်ဖြစ်… အမှန်ရှုဒေါင့်တစ်ခုကနေ ဆွေးနွေးတာမျိုး…. အမြင်အမျိုးမျိုးကို ဝေဘန်တာမျိုးပဲဖြစ်သင့်တယ်လို့ ကျွန်တော် ယူဆပါတယ်။
    ကျွန်တော်စိတ်မကောင်းပါဘူး…. ကျွန်တော်အတတ်နိုင်ဆုံး ကျိုးစားပြီးရှောင်ကြဉ်နိုင်အောင်ကျိုးစားပါမယ်ခင်ဗျာ…….
    အမှန်ကို ဆွေးနွေးဖို့…တင်ပြဖို့မဟုတ်ကြပဲ…. ငါနဲ့မတူ ငါ့ရန်သူအဖြစ်နဲ့ တိုက်ခိုက်တဲ့အစုဆိုရင် …ကျွန်တော် ရှောင်ပါမယ်…. ကျွန်တော်လွန်တာရှိရင်….ခွတ်လွတ်ကြပါ….

    • kai

      August 5, 2012 at 2:01 pm

      ဒီဝက်ဘ်ဆိုက်ကို.. ကြီးကြပ်သူတယောက်အနေနဲ့ပြောရပါရင်..
      ကိုယ်တော်ဇောက်ထိုးအနေနဲ့.. ရှောင်စရာဘာအကြောင်းမှမရှိပါဘူးလို့ပြောချင်ပါတယ်..

      မဟာယာန.. မိုးပြာသာမက..ဟိန္ဒူ..ဂျူး.. အစ္စလမ်..ခရစ်ယန်မက…. မည်သည့်ဘာသာ..သာသနာမဆို.. လွတ်လပ်စွာ(ဒီမိုကရေစီနည်းလမ်းကျကျ).. သာသနာပြုနိုင်ကြောင်း…
      အပြန်အလှန်ငြင်းခုန်ဆွေးနွေးနိုင်ကြောင်း..
      မတူတာတွေရှိရင်.. လွတ်လပ်စွာ..သဘောကွဲလွဲနိုင်ပါကြောင်း..

      အယူအဆ.. အတွေးအခေါ်မတူညီတဲ့အကြောင်းပြချက်နဲ့.. မည်သူ..မည်သည့်ရွာသူားကိုမှ.. ထုတ်ပယ်ခြင်း.. တားမြစ်ခြင်းပြုမှာမဟုတ်ပါကြောင်း.. ထပ်ဆင့်ကတိပေးပါတယ်..

      မန္တလေးဂေဇက်ဟာ.. အမေရိကအခြေစိုက်တဲ့.. မီဒီယာဖြစ်ပါကြောင်း..
      ဒီမိုကရေစီနည်းကျ.. ပွင့်လင်းမြင်သာတဲ့.. ခေတ်မှီတဲ့.. ယဉ်ကျေးမှုကိုအပြည့်အဝလိုက်နာမှာဖြစ်ပါကြောင်း… :mrgreen:

      ကျုပ်ကိုတော့.. ရွာသူားများ.. ဆဲချင်လည်း.. ဆဲနိုင်ကြောင်း.. 🙂

      • မောင်ပေ

        August 5, 2012 at 2:13 pm

        အူးဘဇင်းဇောက်ရေ စိတ်မကောင်းမဖြစ်ပါနဲ့ဗျ
        သဂျီးပြောသလိုပါပဲ
        ဂေဇက်မှာ ဘာသာပေါင်းစုံ အယူပေါင်းစုံက ကိုယ်သိထား တတ်ထား စဉ်းစားထားသမျှကို အချိန်ကုန်ခံပြီး လာရေးနေကြတာပါပဲ

    • စိန်ဗိုက်ဗိုက်

      August 5, 2012 at 2:21 pm

      သဂျီးပြောတဲ့ အတိုင်းပါပဲ အူးဘဇင်း ကိုကိုဇောက်ရေ..
      ကျနော့်အမြင် ထပ်ပြောရရင် ပြာတာတွေ ဝါတာတွေ ကျနော် စိတ်မဝင်စားပါဘူး..
      အူးဘဇင်းစာကို အတော်များများ ဖတ်ဖြစ်ခဲ့ပါတယ်။
      ဘာသာတရားကို ပုတ်ခတ်စော်ကားတာကလွဲပြီး အူးဘဇင်းအမြင်ကို ကြိုက်သလို တင်ပြလို ့ရပါတယ်ဗျား..။
      မိုးပြာဝါဒတွေ အနည်းငယ်ဖတ်ဖူးခဲ့ပါတယ်။သူတို ့ကတော့ ပေါ်တင်ပဲ ဗုဒ္ဓဝါဒကို မိုးပြာလောက် မမှန်ကန်ဘူးဆိုပြီး
      ရေးသားထားကြတာပါ…။
      အူးဘဇင်းက အဲလောက် မဆိုးသေးပါဘူး..
      ဆက်ရေးပါဗျာ..လေ့လာလို ့ရတာပေါ့..

      ဦးနေချားရေ..ဝင်ရှုပ်မိရင် တောင်းပန်ပါတယ်ခင်ဗျ။

  • surmi

    August 5, 2012 at 3:44 pm

    ဗျို ့ဦးဇောက်
    သဂျီးခေါ်နေတယ်
    ရောက်ရာအရပ်ကအမြန်ပြန်လာပါ
    ရွာသူားတွေလည်းခွင် ့လွှတ်တယ် တဲ ့

  • ဦးဦးပါလေရာ

    August 5, 2012 at 6:13 pm

    မိုးပြာဆိုတော့ကော ဘာဖြစ်သလဲ
    အဲဒါ အတွေးအခေါ်ပါတဲ့ အတွေးအခေါ်ကိုအခြေခံတဲ့ အယူဝါဒတခုပါပဲ…။
    မိုးပြာဝါဒကို တင်ပြတဲ့အခါမယ် ဖတ်ချင်ရင်ဖတ် မဖတ်ချင်ရင် နေရုံပါပဲ…။

    တစ်ခုတော့ရှိတယ်-
    ဝါဒတခုကိုဖြန့်ချီဖို့ အခြားဘာသာအယူဝါဒတခုကို နင်းနယ်တိုက်ခိုက်ပြီး ပြောဆိုရင်တော့ တိုက်ခိုက်ခံရတဲ့အယူဝါဒရှိသူက ပြန်လည်တုန့်ပြန်မှာ ဖြစ်ပါတယ်။
    မိုးပြာက ထေရဝါဒကို တိုက်ခိုက်တဲ့အခါ ကျုပ်အပါအဝင် လူတချို့က တုန့်ပြန်တာ အဲဒီသဘောပါပဲ..။
    မိုးပြာက အစ္စလာမ်ဘာသာကိုတိုက်ခိုက်ကြည့်ပါလား..။ သူတို့လဲ အဲဒီလိုတုန့်ပြန်မှာပဲ….။

    တကယ်တော့ ကိုယ်ကြိုက်တဲ့အယူယူပြီး ငြိမ်းငြိမ်းချမ်းချမ်း နေသွားကြတာက အကောင်းဆုံးပဲ…။

    မိုးပြာဝါဒ ဖြန့်ချီရာမှာ ပရိယါယ်တွေသုံးတယ်ဆိုတာ မှန်ပါတယ်။
    အဲဒီပရိယါယ်တွေ သိပ်ကောင်းတယ်..။
    ကျုပ်တို့ဗုဒ္ဓဘာသာဖြန့်ချီဘို့ ဘာပရိယါယ်တွေသုံးသလဲ…။ အဲဒါစဉ်းစားစရာ။ သူတို့ဆီကတောင် ပြန်သင်ဘို့ကောင်းတယ်။

    ကျုပ်တို့ထေရဝါဒဗုဒ္ဓဘာသာရဲ့ ဝန်ဆောင်သူတွေ ညံ့လို့ ၊ မစည်းလုံးလို့၊ အမြင်မကျယ်လို့၊ လက်တွေ့မကျလို့၊ အတ္တကြီးလို့ ၊ ကိုယ့်ကိုယ်ကို အလွန်အမင်းအထင်ကြီးနေကြလို့ – နှစ်ပေါင်း ခြောက်ဆယ်လောက်အတွင်းမှာ ပြည်သူအများစု ဘာသာရေးကိုယ်ခံအား နည်းလာတယ်။
    ဘာသာရေး ကိုယ်ခံအားနည်းရင်တော့ နီးတဲ့ဘာသာက ဝင်ပြီးသာသနာပြုသွားမှာပဲ..။
    အားနည်းတဲ့ဘာသာဟာ ကျဆုံးမှာပဲ…။

  • ဇောက် ထိုး

    August 5, 2012 at 7:55 pm

    အားလုံးကျွန်တော်ကြောင့် စိတ်ဆင်းရဲကြရင် နားလည်ပေးစေချင်ပါတယ်။
    ကျွန်တော် ဦးဦးပါလေရာရဲ့စကားကိုစဖြေချင်ပါတယ်။ မိုးပြာဆိုရင် ဒီနေ့မြန်မာ နိုင်ငံမှာ အန္တရာယ်များပါတယ်။ အဆင်မသင့်ရင် ထောင်ချခံရနိုင်တဲ့အထိပါပဲ…. ဒါကြောင့် တစ်ဦးတစ်ယောက်ကို မိုးပြာဆိုပြီး စွပ်စွဲတိုက်ခိုက်လိုက်တာဟာ… တဖက်လူကို ဒုက္ခရောက်အောင်လုပ်သလိုပါပဲ…

    နောက်ကျွန်တော် တစ်ခုပြောချင်ပါတယ်…ကျွန်တော်ရေးတဲ့စာတွေကို ဖတ်ပြီးဝေဘန်ကြပါ…. ထောက်ပြကြပါ…. လူ့လောကအတွက် အန္တရာယ်ဖြစ်နိုင်ရင်…ဆုံးမကြပါ… …လူသားတွေ မငြိမ်းချမ်းစေနိုင်ဘူး…. ဆိုရင် ပြုပြင်ပေးပါ…. ကျွန်တော်ကိုယ်တိုင် ပြုပြင်မှုခံချင်ပါတယ်။

    နောက်ကျွန်တော်ဟာ စာတွေကို ဖြတ်ညပ်ကပ်မျိုးနဲ့ မတင်ပြပါဘူး… ယူဆပုံချင်း မတူကွဲပြားမှုကိုသာ တင်ပြတာပါ… ဥပမာ…. ““သဒ္ဓါ.””.ဆိုတာ ကိုယ်က သူများကိုယုံရမှာလား…. ကိုယ့်ကိုသူများယုံကြည်အောင် ကျင့်ဆောင်ပြရမှာလား…. ဘုရား တရားကို ယုံကြည်ရမှာလား… သိမြင်အောင် ကျိုးစားကြရမှာလား… အဲဒီလို တွေးခေါ်ပြပါတယ်။ အဲဒီလို တွေးခေါ်တဲ့အခါမှာလဲ ဒေါင့်ပေါင်းစုံက ကိုက်ညီအောင်… လက်တွေ့လူ့ဘဝ.. လူ့ရပ်တည်မှုနဲ့လဲ ကိုက်ညီအောင် ကျိုးစားပါတယ်။

    နောက် ကျွန်တော်အမှန်ပြောရရင်… ခရစ်ယာန်တွေ အစ္စလာမ်တွေကနေပြီး ကျွန်တော်တို့ ထေရဝါဒ ဗုဒ္ဓဘာသာကို ထောက်ပြတာ ဝေဘန်တာတွေ သိပ်ခံချင် တွေ့ချင်ပါတယ်။ (အကြောင်းမဲ့ဆဲတာမျိုးဆိုရင်တော့ မလိုလားပါဘူး… ကျွန်တော်လဲ မကျင့်သုံးပါဘူး)
    အဲဒီလို ခရစ်ယာန် အစ္စလာမ်တွေက ထောက်ပြရင် ကျွန်တော်တို့ မဟုတ်ရင် မဟုတ်တဲ့အကြောင်း ရှင်းပြနိုင်ရမယ်။ ဗုဒ္ဓဘာသာရဲ့ ကောင်းပုံတွေကို တင်ပြနိုင်ရမယ်။ ကျွန်တော်အဲဒီလို ဗုဒ္ဓဘာသာဘက်က အလွန်တတ်နိုင်သမျှ ရှင်းပြချင်ပါတယ်။ အဲဒါမျိုးကို တိုက်ခိုက်တယ်လို့ မမြင်ပါဘူး။

    ဦးဦးပါလေရာပြောတဲ့အတိုင်း….ဗုဒ္ဓဘာသာရဲ့ ဝန်ဆောင်မှုတွေညံ့လို့… မစည်းလုံးလို့… အမြင်မကျယ်လို့.. “““““““လက်တွေ့မကျလို့”””””””… အတ္တကြီးလို့.. ကိုယ့်ကိုယ်ကို အလွန်အမင်းအထင်ကြီးနေလို့ ဆိုတဲ့အချက်တွေဟာ ကျွန်တော့်ရင်ထဲမှာ ခံစားနေရတဲ့ အချက်တွေပါပဲ… ကျွန်တော်ကိုယ်တိုင်က ဗုဒ္ဓဘာသာမှာ မူကွဲတာတွေ… မကွဲတာတွေ စိတ်မဝင်စားပါဘူး… ဗုဒ္ဓဘာသာဟာ လူသားတွေကို ငြိမ်းချမ်းစေတဲ့… လူစဉ်မှီစေတဲ့… ဘယ်သူမှငြင်းမရတဲ့… အကောင်းဆုံးလူသားလမ်းညွှန်မှုဆိုတာ မှန်ကန်ကြောင်း ပြချင်မှု သက်သက်ပါ။

    ကျွန်တော်ကိုယ်တိုင်လဲ ဗုဒ္ဓရဲ့လမ်းညွန်မှုကို အပြောနဲ့လမ်းပေါ်မှာရပ်နေသူမဟုတ်ပဲ.. လက်တွေ့ငြိမ်းချမ်းအောင်ကျင့်ကြံနေထိုင်သူပါ… ကျွန်တော့်ဘဝမှာ အထိုက်အလျှောက် အားလုံးပြည့်စုံနေတယ်လို့ ခံစားရပါတယ်။ အများတကာတွေထက်တော့ ဒေါသမထွက်ဖြစ်အောင်နေနိုင်တယ်လို့လဲ ယုံကြည်နေပါတယ်။ ကျွန်တော်ဟာ အပြောနဲ့လမ်းဆုံးနေသူမဟုတ်ဘူးလို့လဲ ကိုယ့်ကိုယ်ကိုတော့ ခံစားမိပါတယ်။ ကျွန်တော့်ဘဝမှာ အဲဒီလိုခံစားနေရတာဟာ ဗုဒ္ဓလမ်းညွှန်မှုကြောင့်လို့ခံယူပြီး လွန်စွာမှလဲ ဗုဒ္ဓကို ““ယုံကြည်မှုမျိုး””နဲ့မဟုတ်ပဲ မြင်နေရတယ်လို့ ကျွန်တော်ခံစားမိပါတယ်။
    ကျွန်တော်စာပေတွေကို ဖျက်ဆီးတယ်ဆိုရင် .. ဘယ်စာ ဘယ်လိုဖျက်ဆီးတယ်ဆိုတာ ထောက်ပြနိုင်ပါတယ်။ ဆွေးနွေးနိုင်ပါတယ်။
    ကျွန်တော်ဟာ ဘယ်အကြောင်းကြောင့်မှ မိုးပြာသာသနာပြုစရာအကြောင်းမဟုတ်ပါဘူး… ကျွန်တော်ဘဝ ငြိမ်းချမ်းမှုကို ရစေတဲ့ ကျွန်တော့်အသိကို တင်ပြဆွေးနွေးမှုပြုတာမျိုးမှ တပါး ဘယ်ဝါဒကိုမှ ..ဘယ်ဝါဒအတွက်မှ … လုပ်တာမျိုးမလုပ်ပါဘူး…

    နောက်ကျွန်တော် စဉ်းစားမိတာလေးတစ်ခု… အံ့ဩမိတာလေးတစ်ခုကိုလဲ ပြောချင်ပါတယ်။ ကျွန်တော်ရေးတဲ့စာတွေကို မငြင်းကြပဲနဲ့ အားလုံးလက်ခံခဲ့ကြတယ်။ သဘောကျခဲ့ကြတာတွေလဲ ရှိခဲ့တယ်။ ငြင်းခုံခဲ့တာတွေလဲ ရှိခဲ့တယ်။ အဲဒီလို လက်ခံခဲ့တဲ့.. သဘောကျခဲ့တဲ့ သဘောတရားတွေကို ““မိုးပြာ””ဆိုတာနဲ့ လက်မခံတော့ဘူးဆိုတော့..
    ကျွန်တော်တို့ဟာ .. အမှန်တရားကို ရှာဖွေတာမဟုတ်ပဲ… ကိုယ့်သဘောတရားကို အသေဆုပ်ကိုင်ဖို့ ကျိုးစားတာနဲ့ ဘာမှ မထူးသလိုဖြစ်မနေဘူးလား… ကျွန်တော်အံ့ဩမိပါတယ်။

    မိုးပြာကို မုန်းနေကြတာလဲ မိုးပြာရဲ့သဘောတရားတွေကို တကယ်သိလို့မဟုတ်ဘူးလို့ ယူဆမိပါတယ်။ တကယ်သိရင် .. အဲဒီမိုးပြာအယူရဲ့ မှားယွင်းချက်တွေကို ထောက်ပြပြီး တခုခြင်းရှင်းပြလိုက်စမ်းပါ… သူတို့ဘက်က မှားနေရင်…. ကိုယ်ဘက်က မှန်နေရင်….ဘယ်သူမှလက်ခံမှာ မဟုတ်ပါဘူး…

    ဥပမာ တစ်ခုပြောမယ်… မိုးပြာဆရာတော်စပ်ထားတာဆိုတဲ့ ကဗျာတစ်ပုဒ်ရှိတယ်။ ““လူကကောင်းတော့ လူကောင်းဖြစ်မှာ လူကဆိုး လူဆိုးဖြစ်မည်သာ””ဆိုတဲ့ စာပိုဒ်ကလေးကို ကျွန်တော် လက်ခံနိုင်တဲ့အဆင့် မရောက်ပါဘူး… မှားတယ်လို့ ခံစားမိပါတယ်။
    ဘာကြောင့်လဲဆိုရင်.. လူက ဆိုးတယ်လို့ မဖြစ်နိုင်ပါဘူး… ဆိုးတာက ကိလေသာကလို့ ကျွန်တော်သိထားလို့ပါ…
    လူမှာ ဒေါသမဝင်ရင် သတ်မရဘူး… လူမှာ လောဘမဝင်ရင်.. ခိုးမရဘူး… ဒီလိုဆို ..ခိုးတာ သတ်တာဟာ ဆိုးတာဟာ လူလား..ကိလေသာလား…
    လူကဆိုးတယ်ဆိုတာ မရှိဘူး… လူမှာ ကိလေသာဝင်လို့သာ ဆိုးတာ… လူဆိုးတယ်လို့ထင်နေတာလို့ ကျွန်တော်မြင်ပါတယ်။ အဲဒီယူဆချက် မှားတယ်လို့ထင်ပါတယ်ဆိုရင်…..
    ဘယ်လိုလဲ… အဲဒီလိုထောက်ပြနိုင်အောင် ကျိုးစားသင့်ပါတယ်။
    မိုးပြာမှားတယ်မှားတယ်ဆိုတာတွေဟာ မိမိရရ တစ်ခုမှ ထောက်ပြနိုင်တာမရှိပါဘူး… ထောက်ပြပြန်ရင်လဲ စာတွေရွတ်ပြီးပဲ ဒီစာနဲ့မကိုက်လို့ဆိုပြီး လုပ်ကြတာပါ….
    ကျွန်တော်စာရှေသွားရင် ခွတ်လွတ်ပါ… ကျွန်တော် ဘယ်သူ့ကိုမှ စိတ်ထဲမှာထားနေမှာမဟုတ်ပါဘူး…
    ကျွန်တော်စိတ်မကောင်းလိုက်တာကလွဲလို့… မုန်းတီးမှုမျိုးမဖြစ်ဘူးဆိုတာ မှန်တဲ့ဝန်ခံစကားပါ…
    ကျွန်တော်သိထားတာက.. ကျွန်တော်ဒေါသထွက်မုန်းတီးနေရင် ကျွန်တော်ပဲ ဆင်းရဲနေမှာဆိုတာပါပဲ…

    ကျွန်တော်အတွက် ဦးခိုင်ခုလို ထောက်ပြ ညွှန်ပြပေးတာကို အထူးကျေးဇူးတင်ပါတယ်။
    ဦးဦးပါလေရာတို့ ဦးဗိုက်တို့ ဦးပေတို့ကိုလဲ ကျွန်တော့် အင်အားကိုထောက်ခံပေးလိုက်လို့ ကျေးဇူးပါ…
    ဒါပေမယ့် ကျွန်တော်က ဘက်စုံ အများကြီးသိတာ မဟုတ်သလို… အများကြီးလဲ ပြောစရာမရှိတော့ပါဘူး… ကျွန်တော်တင်ပြခဲ့တဲ့ စာစုပေါင်းချုပ်လေးကိုတော့ အတိုချုံးပြီးတင်ပြချင်ပါသေးတယ်။
    အခုတော့ ကျွန်တော်စဉ်းစားမိထားတဲ့ လောကီနဲ့လောကုတ်ဆိုတဲ့ စာစုလေးကိုတင်ပြပါဦးမယ်….

    • KyawThein

      August 5, 2012 at 11:46 pm

      ကိုယ်တော်ကြီးဇောက်ထိုးဘုရား
      မဟုတ်ဘူးဆိုရင်လည်း ဆောရီးဗျာ မိုးပြာဆိုရင် အဖမ်းခံရတတ်တယ်ဆိုတာ
      အခုမှသိတယ် ။ဒါကြောင့်လည်း တချို ့ကငြင်းကြတာကိုး ။
      မိုးပြာအသံကြားတိုင်း ရှောင်ကြတာကတော့ ဦးဦးပါလေယာတို့ စိန်ဗိုက်ဗိုက် တို့ပြောခဲ့သလို
      ထေရဝါဒကိုတိုက်ခိုက်ခဲ့လို့ပေါ့ ။ခင်ဗျားအပါအဝင်မိုးပြာဆရာတွေက အလွန်တော်ကြပါတယ် ။
      ပိတကဋ်ကို မွှေနှောက်ချောက်ခြားထားတဲ့သူတွေဆိုတော့ တော်ရုံလူမပြိုင်နိုင်ပါဘူး ။
      ပြိုင်ပြောနိုင်တဲ ့သူတွေလည်း ဒီထဲမှာလာမပြောကြဘူး ၊ အေး တခုတော့ပြောလိုက်ဦးမယ်
      ဒီလောက်ဘာသာရေးပဋိပက္ခ များနေချိန်မှာ တခြားဘာသာတွေကို စိန်မခေါ်ပါနဲ့ဦး။
      အပေါ်မှာမောင်ဂွ ပြောနေတာကြည့်ပေါ ့ ။ ထေရဝါဒကို လှောင်ပြောင်နေတာ

      • ashinariya

        August 6, 2012 at 7:26 am

        ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာဝင် (အများအခေါ် မိုးပြာ)များက ဗုဒ္ဓမြတ်စွာဘုရားရဲ့ အရိယသစ္စာတရားတော်တွေကို ဖော်ထုတ်တင်ပြကြတဲ့အခါမှာ
        ပရမတ္တသစ္စာကို အလေးထားတဲ့ ယနေ့ထေရဝါဒကို မထိခိုက်စေလိုပေမယ့်လည်း
        ထိခိုက်ကောင်း ထိခိုက်သွားနိုင်ပါတယ်။
        ဒါကလည်း ဓမ္မသဘောမျိုးပြောဆိုကြရလို့ မတူညီမှုကြောင့်ဖြစ်လာရတဲ့ အခြေအနေပါ။
        တမင်ကို ထေရဝါဒကို ထိခိုက်အောင် လုပ်နေကြခြင်း မဟုတ်ပါ။
        ဥပမာအားဖြင့်
        ထေရဝါဒတွေက အနတ္တတရားကို ပြောဆို ဟောပြောကြတဲ့ အခါမှာ မရည်ရွယ်ပေမယ့်
        ဖန်ဆင်းရှင်ဘာသာများကို ထိခိုက်သလိုမျိုးတော့ ဖြစ်သွားသလို
        ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာကလည်း အရိယသစ္စာကို ဖော်ထုတ်ပြတဲ့အခါမှာ မရည်ရွယ်ပေမယ့် ပရမတ္တသစ္စာတရားကို ထိခိုက်သွားနိုင်ပါတယ်။

        ဒါက ထေရဝါဒကို တိုက်ခိုက်တာမဟုတ်ပဲ တရားကိုသာ ဝေဖန်ခြင်းလို့ နားလည်ပေးစေလိုပါတယ်။

        အပေါ်မှာမောင်ဂွ၏ ပြောကြားချက်များသည် မောင်ဂွ၏ ပြောကြားမှုသာဖြစ်ပါသည်။
        ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာကို ကိုယ်စားမပြုတယ်လို့ မဆိုနိုင်ပါ။

        • ashinariya

          August 6, 2012 at 8:05 am

          (အပေါ်မှာမောင်ဂွ၏ ပြောကြားချက်များသည် မောင်ဂွ၏ ပြောကြားမှုသာဖြစ်ပါသည်။
          ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာကို ကိုယ်စားမပြုတယ်လို့ မဆိုနိုင်ပါ။) မှာ
          “မ” တစ်လုံး ပိုသွားပါသဖြင့်
          ” ကိုယ်စားပြုတယ်လို့ မဆိုနိုင်ပါ ” ဟု ပြင်ဆင်ဖတ်ရှုပေးပါရန်
          မေတ္တာရပ်ပါသည်။

      • San Hla Gyi

        August 6, 2012 at 10:29 pm

        ကိုကျော်သိန်းရေ
        ကျနော် လောလောဆယ် ဒီလူတွေနဲ့ ပြောလိုစိတ် မရှိသေးပေမယ့် ခင်ဗျားပြောနေတာကို ပြတ်သားမှုရှိလို့ သဘောကျတဲ့အတွက် ဝင်အားပေးလိုက်ပါတယ်။ သူတို့က ပိဋကတ်စာသား အကြီးကြီးတွေကို ရွတ်ပြီးကိုးကားတတ်တယ်ဗျ။ ဒါပေမယ့် သူတို့တကယ်ဖြစ်နေတာက စာပေပြဿနာ မဟုတ်ပါဘူး။ Clear thinking မလုပ်တတ်တာလို့ ထင်ပါတယ်။ ဒီအတိုင်းဆို တချိန်ချိန်မှာ ထပ်တွေ့ရအုံးမှာပဲ။ ခင်ဗျား ပြတ်ပြတ်သားသား ပြောတာလေးတွေ ကောင်းပါတယ်။ လိုအပ်လာရင် ဝင်ပြောပါ။

  • ဇောက် ထိုး

    August 6, 2012 at 7:34 am

    ဦးကျော်သိန်း… ဘာကြောင့် လူနဲ့နာမည်ကိုခွဲခြားပြီးပြောရတာလဲ… ကျွန်တော်တို့ဒီမှာလာပြီး ဆွေးနွေးနေ ကြတာက အသိဗဟုသုတ ရှာဖို့ဆွေးနွေးကြဖို့မဟုတ်ဘူးလား…
    အထက်မှာ ဦးခိုင်က အဘိဓမ္မာ ပေါ်ပေါက်လာတဲ့ခုနှစ်တွေ.. ပေါ်ပေါက်လာပုံတွေကို အထောက်အထားခိုင်ခိုင်လုံလုံနဲ့ ပြောနိုင်ပါတယ်လို့ သူလဲပြောနေပါတယ်။
    ကျွန်တော်တို့ဖြစ်သင့်တာက.. ဖြစ်နိုင်ရင် သိချင်ပါတယ်… ဖတ်လိုဝေဘန်လိုပါတယ်ဆိုပြီး… လေ့လာရင် အသိမတိုးနိုင်ဘူးလား.. သူ့ကိုကော တိုက်ခိုက်သူလုပ်မှာလား…
    ဘုရားနတ်ပြည်တက်ခြင်း မတက်ခြင်းဟာ လူ့ငြိမ်းချမ်းမှုကို ဘယ်လောက်တောင် အရေးကြီးပြီး အကျိုးပြုနေလဲ….
    ကျွန်တော် အမျှော်လင့်ဆုံးက ငြင်းဖို့မဟုတ်ပါဘူး… ဆွေနွေးလေ့လာဖို့ပါ..
    မဆွေးနွေး မလေ့လာပဲနဲ့ … ဟာ မရဘူး.. ဒါမှ ဒါပဲ… ဘာမှလာပြောမနေနဲ့.. မတူ ကွဲသွားတာနဲ့ ရန်သူပဲဆိုရင်… ကျွန်တော်တို့ ဘယ်လိုလူတော်တွေဖြစ်မှာလဲ… စီးပွားရေး တံခါးပိတ်ကျင့်သုံးသလို.. ဘာသာရေး အသိတံခါးပိတ်ကျင့်သုံးသလိုဖြစ်မနေပေဘူးလား….

    ဟိုတုန်းက ဘုရင်တွေဟာ လူစွမ်းကောင်းတွေကို အသုံးချဖို့မကြိုးစားပဲ ငါရန်သူဖြစ်လိမ့်မယ်ဆိုပြီး သုတ်သင်ကွပ်မျက်ခဲ့တာတွေဟာ တိုင်းပြည်ကို ကောင်းကျိုးမရခဲ့ဘူးလို့ မြင်မိပါတယ်။

    အခုမောင်ဂွပြောတာကို တိုက်ခိုက်တယ်ဆိုပြီး ရန်သူလိုဆက်ဆံတယ်ဆိုပါစို့… ကျွန်တော်တို့ ဘာတွေ အကျိုးအမြတ်ရလာမှာလဲ…
    ဘာသာကြီးလေးခုမှာ ဦးရေးအနည်းဆုံးဖြစ်တဲ့ ကျွန်တော်တို့လူနည်းစုလေးကတောင် နတ်ပြည်မြင်းမိုရ်တောင် စတာတွေကို လူတိုင်းလက်မခံဘူးဆိုရင်… သန်းပေါင်းများစွာရှိတဲ့ အခြားဘာသာဝင်တွေ က ပိုးဆိုးမှာပေါ့… အဲဒီလိုဆိုရင်..ကမ္ဘာ့ဘာသာဖြစ်ဖို့ကျိုးစားကြမယ်ဆိုရင်.. ကမ္ဘာ့လူသားတိုင်း ငြင်းမရအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ ပြင်ဆင်မှုတွေ.. လေ့လာမှုတွေလုပ်ရမှာ မဟုတ်လား..

    ရှေ့နားမှာဆိုရင် အဲလိုမျိုးတွေ အများကြီးမေးလာကြလိမ့်မယ်… ကျွန်တော်တို့ငယ်ငယ်က ဘုန်းကြီးကျောင်းမှာနေခဲ့ရပါတယ်။ ကျောင်းသား ၈၀=ကျော်လောက်ရှိခဲ့တယ်။ အခု အဲဒီဘုန်းကြီးကျောင်းတွေမှာ ကျောင်းသားလုံးဝမရှိကြတော့ဘူး ဦးကျော်သိန်း.. အဲဒီတန်းကျောင်းသား တွေက ကြီးလာတဲ့အခါ ဝေဘန်ကြလိမ့်မယ်.. ဆန်းစစ်ကြလိမ့်မယ်…
    ကျွန်တော်တို့က ဝေဘန်သူကို သေဒဏ်ပဲ ပေးဖို့ပြင်ထားကြမလား…
    ကျွန်တော်စဉ်းစားမိတာတွေကို တင်ပြမိတာပါ…
    တောင်ဂရောက် မြောက်ဂရောက်ဆိုရင်လဲ ခွတ်လွတ်ပါဗျာ…

  • nature

    August 13, 2012 at 6:38 pm

    ….ထေရဝါဒ ဗုဒ္ဓဘာသာဟာ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၂၀၀ဝ လောက် ရှင်သန်ခဲ့တယ်ဆိုရာမှာ ပဒေသရာဇ်မင်းတွေရဲ့ အာဏာစက် အကာအကွယ်နဲ့ ရှင်သန်ခဲ့တာ ဖြစ်တယ်။
    ဗဟိုဦးစီးမှု နိုင်ငံရေးစံနစ်တွေရဲ့ ပံ့ပိုးမှု နဲ့ ရှင်သန်ခဲ့တာဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှု ပြည့်ပြည့်ဝဝ ဖြစ်သွားခဲ့ရင် အာဏာစက်ဟာ ဘာသာရေးအရ ဘက်လိုက်လို့ မရတော့တဲ့ အနေအထားမှာ ရောက်ရှိလာမှာဖြစ်တယ်။…..ကိုပါကြီး…..
    reply လုပ်ဖို့အတွက် ဒါတွေကိုရှင်းဖို့အတွက် မရေးတော့ဘူးလို့ရည်ရွယ်ထားပေမဲ့အာဏာစက်နဲ့ဓမ္မစက်ဆိုတဲ့ပိုစ့်တခုအားလပ်ချိန်တွင်ထပ်တင်မည့်အကြောင်း အသိပေးအပ်ပါတယ်။

    • မိုးတိမ်

      August 14, 2012 at 11:09 am

      စောင့်ဖတ်ပြီးအားပေးပါ့မယ်ဗျာ။
      ကိုနေချားလို လူတွေများများပေါ်ပါစေလို့ဆုတောင်းပါတယ်…
      စာဖတ်ကြည့်ရင်ဘယ်သူက ဘယ်လိုအတွေးအခေါ်ရှိတယ်ဆိုတာသိသာပါတယ်ဗျာ။
      ရည်ရွယ်ချက်ကိုလဲ ရိပ်မိပါတယ်။ကာကွယ်နေသူတွေကိုလဲလေးစားပါတယ်ခင်ဗျာ။

      ခင်မင်လေးစားလျှက်…………..

Leave a Reply