ဒီရက်ပိုင်း ရွာနဲ့ အဆက်အသွယ် ပြတ်ပြတ် နေတာလဲ ကိုယ့်ကိုကိုယ် အားမရပါဘူး …။
အလုပ် ကလဲ ကုန်ထမ်း ရတာ ဆိုတော့ ပင်ပန်း တယ် …. ည ည ဆို အင်တာနက် မသုံးနိုင်ဘူး … တန်းအိပ်တော့တာ ..။

အားလပ်ရက် တိုင်း Short Trip ထွက်ပြီး တစ်လ ကို တစ် ပိုစ့် တော့ တင်မယ် လို့ ဆုံးဖြတ်ထားတဲ့ အတိုင်း …
အခု လ အတွက် သာကေတ က မိချောင်းမွေးမြူရေး စခန်းကို သွားပြီး ဓာတ်ပုံ ရိုက်ခဲ့တာလေးတွေ ပြန် ဝေမျှ ပါ့မယ်။

ဒီရက်ပိုင်း သာကေတ မှာ မိုးက ဆက်တိုက် ဆိုသလို ညနေပိုင်း ဆို တော်တော် ၇ွာဖြစ်တာကိုး ..။
လပြည့်ကျော်ရေထရက် နဲ့ တိုက်နေလေတော့ … မိချောင်း ကန်ပေါ်က သစ်သား တံတား လျှောက်လမ်း နဲ့ မိချောင်းကန် ရေပြင်နဲ့ က တစ်ပေ ခွဲလောက်ပဲ လိုတော့တဲ့ အခြေအနေ မှာ မှ မိချောင်းမွေးမြူရေး ကန် ကိုရောက်သွားခဲ့မိပါတယ်။ ရေးထားတဲ့ ဆိုင်းဘုတ် ကလဲ ကိုယ့်လုံခြုံမှု ကိုယ့်ဘာသာကို တာဝန်ယူပါတဲ့ …။ လက်ရန်းပေါ် တက်မထိုင်ပါနဲ့ … (ရိုင်းရိုင်းပြောရရင်တော့—-*င်ယားမှု အာမမခံ) ဆိုတာမျိုးပေါ့ဗျာ …။

မိချောင်းစိမ်း

ရွေ့ လျားခြင်း – ၁

ဝါးစားမယ်။

ရွေ့ လျားခြင်း – ၂

ဟပ်ထိုး

အစာတခွက် ငါးရာ၊ တစ်ထောင်

ဒီလို လုကြတာ။

အစာတခွက် ကို ငါးရာ တန် နဲ့ တစ်ထောင်တန် ဆိုပြီး ရှိပါတယ်။
အဲဒါလေးတွေ ကျွေးပြီး မိသားစု တွေ အေးအေးချမ်းချမ်း အပန်းဖြေ ဖို့ နေရာ လေးတစ်ခုပါလို့ ….။
သွားမယ် ဆိုရင်တော့ သာကေတ ရွှေပုစွန် အကျော် (ကျောက်တိုင် ကားမှတ်တိုင် အကျော်) စက်မှုဇုန် ထဲမှာပါ။ စက်မှုဇုန် ထဲရောက်ရင် မေးမြန်း ပြီးသွားလို့ ရပါပြီ။

လေးစားစွာဖြင့်
Mလုလင်

About Mလုလင်

has written 50 post in this Website..

ဓာတ်ပုံရိုက်ရတာ ကိုကြိုက်တယ်။

   Send article as PDF