သံယောဇဉ်
မိဘ ညီအစ်ကို မောင်နှမ သူငယ်ချင်း မိတ်ဆွေ အပေါင်းသင်း  အားလုံးအားလုံးက တစ်ယောက်နဲ့တစ်ယောက်နေတာ ကြာ
အချိန်တွေကြာခင်မင်မှုတွေကြာတာနဲ့အမျှ  သံယောဇဉ် တွေတွယ်ကာ
တစ်ယောက်နဲ့တစ်ယောက် မခွဲနိုင် မခွာအောင်ဖြစ်တက်ကျပါတယ်  အလုပ်တစ်ခုကနေတစ်ခုပြောင်းဖို့လည်း လူသစ်စိတ်သစ်နဲ့  အလုပ်သစ်ကိုပြောင်းရအုံးမယ်
အဲ့ကျရင်လည်း ဘယ်လိုသံယောဇဉ်တွေတွယ် အုံးမယ်မသိပါဘူး
စိတ်ညစ်တဲ့အချိန် စိတ်အရမ်းညစ်တဲ့အချိန် ဆို အားပေးတဲ့သူငယ်ချင်းတွေ မိတ်ဆွေအပေါင်းသင်းတွေကိုလည်း ကျေးဇူးတင်လျှက်
်  ဒီကဗျာလေးကို ရေးရင်း သူငယ်ချင်းမိတ်ဆွေ အပေါင်းသင်းတွေကို ဒီနေရာလေးကနေ နှုတ်ဆက်ချင်။။။။။
သံယောဇဉ်
တွေ့ပါများတော့    တို့ကိုခင်
စတွေ့ချင်းက     မကူညီချင်
တို့စိတ်ကို သိမှ ကူညီချင်
အလုပ်စ၀င်     နှိပ်ကွက်ချင်
ကြာလာသည့်အမျှ ကိုယ့်လုပ်ရပ်  ကြိုက်နှစ်သက်ကကူညီချင်
ဘေးပတ်ဝန်းကျင်ဘယ်လိုမြင်
ကိုယ့်စိတ်ဓာတ်ကောင်းဖို့ ပင်ပြင်
စိတ်လိုလိုက်ကာ အားနာရင်
မညှာမတန်းပြောကျပင်    (ဆဲဆိုသည့်စကား)
လူတစ်ယောကို အပြင်ပန်းကြည့်
နှိပ်ကွက်တက်သည့်း စိတ်ဓာတ်နှင့်
မည့်သည့်  အလုပ်အောင်မြင်မည်နည်း။
တိုတောင်းလှသည့်အချိန်မှာပင်
ချစ်ချစ်ခင်ခင်မနေ ပါလျှင်
နောင်တချိန် ခါဝယ်  နောင်တရတက်အံ့။
(ရေးသားမှုညံ့သေးသည်ကိုဝန်ခံလျှက်ပါ   ရေးသားတင်ပြသည့် ကဗျာလေးတွေကိုလာရောက်ဖတ်ပေးသောအစ်ကို အစ်မများကို ကျေးဇူးအထူးတင်လျှက်ပါ   အမှားများပါရှိသည် ရှိသောခွင့်လွှတ်သည်းခံပေးတော် မူပါ )     ရွာသူရွာသားအပေါင်းကို ခင်မင်လျှက်  စနိုး
About snow white
snow white has written 37 post in this Website..
   Send article as PDF