နှုတ်ဆက်ခြင်း ( လက်ဆောင် )

snow whiteAugust 5, 20121min21414

သံယောဇဉ်
မိဘ ညီအစ်ကို မောင်နှမ သူငယ်ချင်း မိတ်ဆွေ အပေါင်းသင်း  အားလုံးအားလုံးက တစ်ယောက်နဲ့တစ်ယောက်နေတာ ကြာ
အချိန်တွေကြာခင်မင်မှုတွေကြာတာနဲ့အမျှ  သံယောဇဉ် တွေတွယ်ကာ
တစ်ယောက်နဲ့တစ်ယောက် မခွဲနိုင် မခွာအောင်ဖြစ်တက်ကျပါတယ်  အလုပ်တစ်ခုကနေတစ်ခုပြောင်းဖို့လည်း လူသစ်စိတ်သစ်နဲ့  အလုပ်သစ်ကိုပြောင်းရအုံးမယ်
အဲ့ကျရင်လည်း ဘယ်လိုသံယောဇဉ်တွေတွယ် အုံးမယ်မသိပါဘူး
စိတ်ညစ်တဲ့အချိန် စိတ်အရမ်းညစ်တဲ့အချိန် ဆို အားပေးတဲ့သူငယ်ချင်းတွေ မိတ်ဆွေအပေါင်းသင်းတွေကိုလည်း ကျေးဇူးတင်လျှက်
်  ဒီကဗျာလေးကို ရေးရင်း သူငယ်ချင်းမိတ်ဆွေ အပေါင်းသင်းတွေကို ဒီနေရာလေးကနေ နှုတ်ဆက်ချင်။။။။။
သံယောဇဉ်
မြင်မြင်ချင်းတော   ့မသိချင်
တွေ့ပါများတော့    တို့ကိုခင်

စတွေ့ချင်းက     မကူညီချင်
တို့စိတ်ကို သိမှ ကူညီချင်

အလုပ်စဝင်     နှိပ်ကွက်ချင်
ကြာလာသည့်အမျှ ကိုယ့်လုပ်ရပ်  ကြိုက်နှစ်သက်ကကူညီချင်

ဘေးပတ်ဝန်းကျင်ဘယ်လိုမြင်
ကိုယ့်စိတ်ဓာတ်ကောင်းဖို့ ပင်ပြင်

စိတ်လိုလိုက်ကာ အားနာရင်
မညှာမတန်းပြောကျပင်    (ဆဲဆိုသည့်စကား)

လူတစ်ယောကို အပြင်ပန်းကြည့်
နှိပ်ကွက်တက်သည့်း စိတ်ဓာတ်နှင့်
မည့်သည့်  အလုပ်အောင်မြင်မည်နည်း။

တိုတောင်းလှသည့်အချိန်မှာပင်
ချစ်ချစ်ခင်ခင်မနေ ပါလျှင်
နောင်တချိန် ခါဝယ်  နောင်တရတက်အံ့။

 

 

(ရေးသားမှုညံ့သေးသည်ကိုဝန်ခံလျှက်ပါ   ရေးသားတင်ပြသည့် ကဗျာလေးတွေကိုလာရောက်ဖတ်ပေးသောအစ်ကို အစ်မများကို ကျေးဇူးအထူးတင်လျှက်ပါ   အမှားများပါရှိသည် ရှိသောခွင့်လွှတ်သည်းခံပေးတော် မူပါ )     ရွာသူရွာသားအပေါင်းကို ခင်မင်လျှက်  စနိုး

14 comments

  • marblecommet

    August 5, 2012 at 1:47 pm

    လူဆိုတာက
    ပေါင်းသင်းဆက်ဆံရေး သတ္တဝါဖြစ်တာမို့
    ပို့(စ်)လေးကို ဝင်ရောက်ဖတ်ရှုအားပေးရင်း
    ချစ်သူခင်သူ မိတ်ကောင်းဆွေကောင်းများတဲ့
    ဝန်းကျင်ကို ပိုင်ဆိုင်နိုင်ပါစေလို့
    ဆန္ဒပြုပါတယ်ဗျား……

  • မဟာရာဇာ အံစာတုံး

    August 5, 2012 at 7:00 pm

    သမီး အပျိုခလေးရေ ..

    ဘယ်သူတွေ ဘာဖြစ်ဖြစ်
    ကိုယ့်ဘက်က အမြဲတမ်း မေတ္တာစိတ်လေးနဲ့သာ နေပါကွယ် …
    ဂလိုဆို ..
    ခုလည်းကောင်း နောင်လည်း ကောင်းပေါ့ကွယ် ..
    နာ့ညီမ သမီး အပျိုခလေးက အမြဲတမ်း ကောင်းပြီးသားပါကွယ် ..

    အပေါ်က ဥလေး အဘိုးဂျီး ပြောသလိုပဲ .. 😀
    ချစ်ခင်သူတွေ ပေါများတဲ့ ပတ်ဝန်းကျင်ကို ပိုင်ဆိုင်နိုင်ပါစေလို့ ..
    ကိုကြီးက ထပ်မံကာ ဆုတောင်းပေးလိုက်ပါတယ်ကွယ် ..

    • marblecommet

      August 5, 2012 at 8:37 pm

      ဟိုက်……ရော……ဟိုက်ရော…..
      အပေါ်က ဥလေး အဘိုးဂျီးဒဲ့…..
      …..
      ကွမ်းလေးတမြုံ့မြုံကိုယ်တော်ရယ်….
      နေဝင်ရီတရောချင်း တူတူ
      တူက ပိုပီး လင်းလက်နေချင်သေးဒယ်
      စိတ်နှလုံး ညှိုးနွမ်းရပါပြီ….
      အာဟင့်..

      • မဟာရာဇာ အံစာတုံး

        August 5, 2012 at 8:58 pm

        အဟိ ..
        သူ တွေ့တွားဒယ် ..
        ဆော်တီးဘာ တိုကမ်းဂျီး ခညာ ..
        😀

        • marblecommet

          August 5, 2012 at 11:20 pm

          ကိုအံနော်……
          အနော်က ခင်ညားကို
          ့ဇဘယ် ဂိုးဏ်သားချင်းမို့
          ခွင့်လွှတ်လိုက်မယ်..
          အာဟိ……
          အော် ဇဘယ် ဇဘယ်
          ရန်အပေါင်းကိုတောင်
          အောင်နိုင်ရာ၏ ပါလားကွယ်
          ဒက်ဂလုပ် ဒက်ဂလုပ်….

  • စိန်ဗိုက်ဗိုက်

    August 5, 2012 at 7:25 pm

    လူချစ်လူခင် ပေါလိုလျင်
    ဘီအီး များများ တိုက်ပါရှင်

    များများကျွေးက ချစ်ခင်လှ
    ပါတိတ်လက်ဆောင် ဝယ်ဆပ်သ

    မသိကျွမ်းခင် သူညိုငြင်
    ရင်းနီးကြမှ လွန်ချစ်ကြ

    အနားရှိစဉ် လွန်ခင်မင်
    ထွက်ခွါသွားမှ အတင်းချ

    ဂိန်..ဂိန်..

  • YE YINT HLAING

    August 5, 2012 at 8:35 pm

    ညီမလေး စနိုး ရေ ! စိတ်ထဲ ရှိတဲ့ အတိုင်းလေး ရေးထားတဲ့ ကဗျာလေး ကို အားပေးဖတ်ရှုသွားပါတယ် ။

  • tharli kar

    August 5, 2012 at 9:52 pm

    ကဗျာလေးဖတ်မိပါ၏….
    ခံစားချက်ပြင်းလှသည်….
    စိတ်ညစ်၍မရေးချင်ဘူးလား….
    အားပေးကြမည့် သူလည်းပါသည်…။

  • မောင်ပေ

    August 5, 2012 at 11:45 pm

    snow လေးကို ခင်မင်စွာနဲ့ အကြံပြုချင်တာကတော့
    ပျင်းရင် ဂေဇက်လာပါ
    ပျော်ရင် လဲလာပါ
    ဘာဖြစ်ဖြစ်လာပါ
    စိတ်တော့ လွယ်လွယ်မလျှော့ဖို့ သတိထားပါနော

  • မွန်မွန်

    August 6, 2012 at 10:01 am

    လူဆိုတာ ဒီလိုပါပဲ စနိုးရယ်…
    သည်းခံတဲ့သူဆို ပိုနိုင်ချင်ကြတယ်…
    ကိုယ်လုပ်တာပဲ အဟုတ်ထင်ကြတယ်…
    သူများစိတ်ကိုလိုက်တွေးနေရင် ကိုယ်ပါရူးသွားလိမ့်မယ်… 🙂

  • cherry nwe

    August 6, 2012 at 1:50 pm

    ချယ်ရီတို့ဘာသာမာရှိတယ်လေ သီးခံခြင်းသည်အောင်မြင်ရာ၏ တဲ့

  • ko khin kha

    August 6, 2012 at 1:56 pm

    မစနိုးရဲ့ အတော်ခံစားချက် စာသားတွေလား သို့မဟုတ် မျှဝေခံစားမှု့လား တော့မသိ၊
    ကောင်းပါ၏။

  • etone

    August 6, 2012 at 3:24 pm

    ညီမလေး စနိုးရေ … ပို့စ်ခေါင်းစဉ်ဖတ်ပြီး …… ခေါင်းကြီးသွားတယ် .. စနိုးတစ်ယောက် ဘယ်သွားမှာမို့ .. နှုတ်ဆက်သလဲပေါ့နော် …. ။ 😀

    လူအမျိုးမျိုး စိတ်အထွေထွေရှိပါတယ် ညီမလေးရေ ……. ၊ ကိုယ်နဲ့ တသားတည်းရှိမယ့်လူ ၊ ကိုယ်နဲ့ဆန့် ကျင်ဖက်ဖြစ်မယ့် လူ ၊ အနှောက်ယှက်ပေးမယ်လူ ၊ တိုက်ခိုက်မယ့်လူ … စသဖြင့် မျိုးစုံ ရှိပေမယ့် …… ဘယ်အခြေနေပဲရောက်ရောက် … မတုန်လှုပ်ဖို့သာ အရေးကြီးဆုံးပါ ။ ကလိမ်ကကျစ် အကြံဖန်များတဲ့ လောကကြီးထဲ ရောက်နေရပေမယ့် ….. လူတွေကို လူလို့ပဲ ရိုးရှင်းစွာမြင်ပြီး ၊ စိတ်ရင်းနဲ့ ဆက်ဆံပါ စနိုးလေးရေ ။ ကိုယ့်စေတနာ နားမလည်လျှင်တောင်မှ … ကိုုယ့်စိတ်နဲ့ကိုယ် အေးချမ်းပါလိမ့်မယ် ။ 🙂

  • မဂွတ် ထော်

    August 6, 2012 at 3:25 pm

    စနိုးတင်တဲ့စာသား မမှားပါဘူး
    အရမ်းကောင်းပါတယ်နော်
    အားပေးသွားပါတယ်

Leave a Reply