– လူတွေဟာ အတိတ်ကိုတွေး မဆွေးနဲ့.. မလွမ်းနဲ့..အတိတ်ဆိုတာ..ပြန်မလာနိုင်ဘူး…
ဒါကြောင့် အတိတ်ဆိုတာ မတွေးနဲ့တဲ့…

– အနာဂတ်ကိုလည်း မကြံနဲ့ ဘာဖြစ်လာမယ်ဆိုတာ မသေချာဘူးတဲ့ ..ဒါကြောင့် အနာဂတ် ကိုလည်း မကြံနဲ့တဲ့…

– ဒါကြောင့် ပစ္စုပန် မှာ..လုပ်သင့်တာ..လုပ်စရာရှိတာလုပ်ပါ..ဆိုတာ ပြောကြပါတယ်…
ပြောတော့သာ လွယ်ပါတယ်..သို့သော် ဘုရားဟောတဲ့ အတိတ်၊ပစ္စုပ္ဖန်၊ အနာဂတ် မဟုတ်ဘဲ အရကောက်လွှဲနေတဲ့… အတိတ်၊ပစ္စုပ္ဖန်၊ အနာဂတ်ဖြစ်နေရင်..မငြိမ်းချမ်းနိုင်ဘူးလို့ မြင်ပါတယ်…

တကယ်တော့… မွေးသေအတွင်းက အတိတ်၊ ပစ္စုပန်၊ အနာဂတ်ဆိုတာ ကတော့
တွေးရမယ်…ကြံရမယ်ဗျာ..

အတိတ်ဆိုတဲ့..အကောင်းအဆိုး ဆိုတာ သင်ခန်းစာယူဖို့ ..သမိုင်းဆိုတဲ့ ပညာရပ်ဆိုတာ
ရှိတာဘဲ…အတိတ်ဆိုတာမကြံနဲ့ ဘာမှ ဖြစ်မလာနိုင်တော့ဘူး..ဘယ်ဟုတ်မလဲ.. ဘာမှ မဖြစ်တော့
ပေမဲ့..နောက်ထပ် ဒီလိုမဖြစ်အောင် သင်ခန်းစာယူတတ်ရင်တော့… အကျိုးရှိတာပေါ့…
ဒီလို မဖြစ်အောင်…အတိတ်က ဒီလိုရှိခဲ့တယ်ဆိုတာ သိရတော့..
သမိုင်းထဲက…ကောင်းတာဆိုရင်..ဆောင်ဖို့၊ အတုယူအားကျဖို့ပေါ့…မကောင်းတာဆိုရင်ရှောင်ဖို့ပေါ့..

ဒါကြောင့်မြတ်စွာ ဘုရားက…

မကောင်းမှုရှောင်…
ကောင်းမှုဆောင်…
ဖြူအောင် စိတ်ကိုထား ဆိုတာ…အတိတ်၊ ပစ္စုပန်၊ အနာဂတ် ကိုပြောတာဘဲ…

အတိတ်က သင်ခန်းစာယူစရာ မရှိဘဲ …
ပစ္စုပန်မှာ..ကောင်းမှုအဖြစ်ဘာကိုဆောင်မလဲ?…အခုလက်ရှိ ဆောင်စရာဆိုတာမရှိရင်
အနာဂတ်ဆိုတာလည်း ပျောက်ပြီ…မသေမချာ ဖြစ်ပြီပေါ့…
အနာဂတ်ဆိုတာ..မတွေးနဲ့..မကြံနဲ့ မသေချာဘူးလို့ပြောတာ အတိတ်ကို သင်ခန်စားအဖြစ် မယူတတ်လို့ပါ…

ယူတတ်တဲ့ ပုဂ္ဂိုလ်များဖြစ်တဲ့ ဘုရား၊ရဟန္တာ တွေဆိုရင်..အမှားတွေမရှိကြတော့ဘဲ..သင်ခန်းစာ
ပြီးဆုံးသူ..အဖြစ်ရောက်ကြတယ်မဟုတ်လား…

ဒါကြောင့်ပြောချင်တာ…

ဘုရားသိတဲ့ ပု၊ ဒိ၊ အာ ဥာဏ်သုံးပါး ဆိုတာလည်း. အတိတ်၊ ပစ္စုပန်၊ အနာဂတ်ဆိုတဲ့ ” ကံ ” တွေ ကိုသိလိုက်ခြင်းဘဲ.. ဒီဥာဏ်တွေကို..ဘုရားက..အထပ်ထပ် အခါခါ အပြန်ပြန် အလှန်လှန်ဝင်စား
လိုက်တာ.. ညဦးယံ(ပု)၊ သန်းခေါင်ယံ(ဒိ)၊ မိုးသောက်ယံ (အာ)စသည်ဖြင့် ဆင်ခြင်လိုက်တာ ဥာဏ်တွေရင့်ကျက်ပြီး…အမှားမရှိတော့တဲ့ သင်ခန်းစာ ပြီးဆုံးသူ..
ဘုရား အဖြစ်ရောက်သွားတယ်ဆိုတာ..သူ့အတိတ်သမိုင်းကို သူပြန်တွေးရာကနေ ဥာဏ်တွေ
အဆင့်ဆင့် ဖြစ်လာတာဘဲ မဟုတ်လား?…

ဒါကြောင့်ဘုရားသိတဲ့ ဥာဏ်(၃)ပါးက…ဒီလိုပါ…

– ပုဗ္မေနိဝါတာနုဿတိဥာဏ်ဆိုတာ..ကိုယ်လုပ်ခဲ့ပြီးတဲ့…အတိတ် “ကံ “တွေကို သိနေတဲ့ ဥာဏ်ဘဲ…(၂၉)နှစ်မင်းသားဘ၀ အဖြစ်..ကာမ အစွန်း…နဲ့ (၆)နှစ် ရူပါရူပ အစွန်း..
စသည့် သင်ခန်းစာ…

– ဒိဗ္မစက္ခုဥာဏ်ဆိုတာ…လက်ရှိပစ္စုပန်မှာ “၀ိပါက် ” ရှိသူ(မိမိရဲ့အဖြစ်သူများ)တွေရဲ့ အဖြစ်ကို မြင်တာဟာ..ဒိဗစက္ခုဥာဏ်ဘဲ…

– အာသ၀က္ခယဥာဏ်ဆိုတာ…နောက်ထပ် အနာဂတ်မှာ ..အာသာဝဆိုတဲ့ ယိုစီးမှု လိုချင်မှု
တဏှာ “ကိလေသာ” တွေထပ်ဖြစ်စရာ.. မရှိတော့တဲ့အဖြစ်ကို..သိတာဟာ…
အာသာဝက္ခယဥာဏ်ဘဲ…

ဒါပေမဲ့…လူတွေဟာ “သဒါ(ယုံကြည်မှု)လွန်တော့ တဏှာကျွန်” ဆိုသလို.. မွေးသေအတွင်းက…အတိတ်၊ ပစ္စုပန်၊ အနာဂတ် ကိုသိဖို့ကျတော့ မကြိုးစားကြဘဲ…

လူတကိုယ်..ဘ၀သုံးပိုင်းဖြစ်တဲ့..(အရင်ဘ၀၊ ယခုဘ၀၊ နောင်ဘ၀ ) ဆိုတဲ့
.အတိတ်၊ ပစ္စုပန်၊ အနာဂတ်ကို ..သိအောင် ကြိုးစားနေတာတွေဟာ…
တဏှာရဲ့ ကျေးကျွန်ဖြစ်နေတာ ..မသိဘဲ၊ သတိမရဘဲ ဖြစ်နေကြတယ်…ဒါတွေဟာ
စိတ္တဇတဏှာကျေးကျွန်တွေက စွဲဆန့်လိုက်တဲ့…အတိတ်၊ ပစ္စုပန်၊ အနာဂတ် တွေဘဲ..

တကယ်တော့.. အနာဂတ်ကို မကြံနဲ့ဆိုတာ…သေပြီးဘာဖြစ်မယ် မဖြစ်ဘူးဆိုတာ မကြံစည်ကြ
ဖို့ဘုရားပြောတာပါ….ပြောချင်တာ ဘုရားတရားဟာ တခုနဲ့ တခု မငြိရပါဘူး…ဟိုနေရာမှာ တမျိုး ဒီနေရာမှာ တဖုံအဲလို မဖြစ်ရပါဘူး..ချိတ်ဆက်မိနေပါတယ်..ပြောတဲ့ စကားကွက်ပေါင်းဘယ်လောက်များပေမဲ့…တကွက်ကို
သဘောပေါက်သွားရင်လည်း…တရားသိနိုင်တယ်…

ဒါကြောင့်ကျွန်တော့ အနေနဲ့…ဘုရားမပြောသောစကားဖြစ်တဲ့…အဗျာကတ တရားဟာ…
ဘုရားကမပြောသော..အတိတ်၊ ပစ္စုပန်၊ အနာဂတ်နဲ့ အတူတူပါဘဲလို့.. နားလည်သဘောပေါက်မိပါကြောင်း….

About Ko out of...

Ko out of... has written 91 post in this Website..

   Send article as PDF