ပု၊ ဒိ၊ အာ နှင့် အတိတ်၊ ပစ္စုပန်၊ အနာဂတ်…

Ko out of...August 5, 20121min1737

– လူတွေဟာ အတိတ်ကိုတွေး မဆွေးနဲ့.. မလွမ်းနဲ့..အတိတ်ဆိုတာ..ပြန်မလာနိုင်ဘူး…
ဒါကြောင့် အတိတ်ဆိုတာ မတွေးနဲ့တဲ့…

– အနာဂတ်ကိုလည်း မကြံနဲ့ ဘာဖြစ်လာမယ်ဆိုတာ မသေချာဘူးတဲ့ ..ဒါကြောင့် အနာဂတ် ကိုလည်း မကြံနဲ့တဲ့…

– ဒါကြောင့် ပစ္စုပန် မှာ..လုပ်သင့်တာ..လုပ်စရာရှိတာလုပ်ပါ..ဆိုတာ ပြောကြပါတယ်…
ပြောတော့သာ လွယ်ပါတယ်..သို့သော် ဘုရားဟောတဲ့ အတိတ်၊ပစ္စုပ္ဖန်၊ အနာဂတ် မဟုတ်ဘဲ အရကောက်လွှဲနေတဲ့… အတိတ်၊ပစ္စုပ္ဖန်၊ အနာဂတ်ဖြစ်နေရင်..မငြိမ်းချမ်းနိုင်ဘူးလို့ မြင်ပါတယ်…

တကယ်တော့… မွေးသေအတွင်းက အတိတ်၊ ပစ္စုပန်၊ အနာဂတ်ဆိုတာ ကတော့
တွေးရမယ်…ကြံရမယ်ဗျာ..

အတိတ်ဆိုတဲ့..အကောင်းအဆိုး ဆိုတာ သင်ခန်းစာယူဖို့ ..သမိုင်းဆိုတဲ့ ပညာရပ်ဆိုတာ
ရှိတာဘဲ…အတိတ်ဆိုတာမကြံနဲ့ ဘာမှ ဖြစ်မလာနိုင်တော့ဘူး..ဘယ်ဟုတ်မလဲ.. ဘာမှ မဖြစ်တော့
ပေမဲ့..နောက်ထပ် ဒီလိုမဖြစ်အောင် သင်ခန်းစာယူတတ်ရင်တော့… အကျိုးရှိတာပေါ့…
ဒီလို မဖြစ်အောင်…အတိတ်က ဒီလိုရှိခဲ့တယ်ဆိုတာ သိရတော့..
သမိုင်းထဲက…ကောင်းတာဆိုရင်..ဆောင်ဖို့၊ အတုယူအားကျဖို့ပေါ့…မကောင်းတာဆိုရင်ရှောင်ဖို့ပေါ့..

ဒါကြောင့်မြတ်စွာ ဘုရားက…

မကောင်းမှုရှောင်…
ကောင်းမှုဆောင်…
ဖြူအောင် စိတ်ကိုထား ဆိုတာ…အတိတ်၊ ပစ္စုပန်၊ အနာဂတ် ကိုပြောတာဘဲ…

အတိတ်က သင်ခန်းစာယူစရာ မရှိဘဲ …
ပစ္စုပန်မှာ..ကောင်းမှုအဖြစ်ဘာကိုဆောင်မလဲ?…အခုလက်ရှိ ဆောင်စရာဆိုတာမရှိရင်
အနာဂတ်ဆိုတာလည်း ပျောက်ပြီ…မသေမချာ ဖြစ်ပြီပေါ့…
အနာဂတ်ဆိုတာ..မတွေးနဲ့..မကြံနဲ့ မသေချာဘူးလို့ပြောတာ အတိတ်ကို သင်ခန်စားအဖြစ် မယူတတ်လို့ပါ…

ယူတတ်တဲ့ ပုဂိ္ဂုလ်များဖြစ်တဲ့ ဘုရား၊ရဟန္တာ တွေဆိုရင်..အမှားတွေမရှိကြတော့ဘဲ..သင်ခန်းစာ
ပြီးဆုံးသူ..အဖြစ်ရောက်ကြတယ်မဟုတ်လား…

ဒါကြောင့်ပြောချင်တာ…

ဘုရားသိတဲ့ ပု၊ ဒိ၊ အာ ဉာဏ်သုံးပါး ဆိုတာလည်း. အတိတ်၊ ပစ္စုပန်၊ အနာဂတ်ဆိုတဲ့ ” ကံ ” တွေ ကိုသိလိုက်ခြင်းဘဲ.. ဒီဉာဏ်တွေကို..ဘုရားက..အထပ်ထပ် အခါခါ အပြန်ပြန် အလှန်လှန်ဝင်စား
လိုက်တာ.. ညဦးယံ(ပု)၊ သန်းခေါင်ယံ(ဒိ)၊ မိုးသောက်ယံ (အာ)စသည်ဖြင့် ဆင်ခြင်လိုက်တာ ဉာဏ်တွေရင့်ကျက်ပြီး…အမှားမရှိတော့တဲ့ သင်ခန်းစာ ပြီးဆုံးသူ..
ဘုရား အဖြစ်ရောက်သွားတယ်ဆိုတာ..သူ့အတိတ်သမိုင်းကို သူပြန်တွေးရာကနေ ဉာဏ်တွေ
အဆင့်ဆင့် ဖြစ်လာတာဘဲ မဟုတ်လား?…

ဒါကြောင့်ဘုရားသိတဲ့ ဉာဏ်(၃)ပါးက…ဒီလိုပါ…

– ပုဗ္မေနိဝါတာနုဿတိဉာဏ်ဆိုတာ..ကိုယ်လုပ်ခဲ့ပြီးတဲ့…အတိတ် “ကံ “တွေကို သိနေတဲ့ ဉာဏ်ဘဲ…(၂၉)နှစ်မင်းသားဘဝ အဖြစ်..ကာမ အစွန်း…နဲ့ (၆)နှစ် ရူပါရူပ အစွန်း..
စသည့် သင်ခန်းစာ…

– ဒိဗ္မစက္ခုဉာဏ်ဆိုတာ…လက်ရှိပစ္စုပန်မှာ “ဝိပါက် ” ရှိသူ(မိမိရဲ့အဖြစ်သူများ)တွေရဲ့ အဖြစ်ကို မြင်တာဟာ..ဒိဗစက္ခုဉာဏ်ဘဲ…

– အာသဝက္ခယဉာဏ်ဆိုတာ…နောက်ထပ် အနာဂတ်မှာ ..အာသာဝဆိုတဲ့ ယိုစီးမှု လိုချင်မှု
တဏှာ “ကိလေသာ” တွေထပ်ဖြစ်စရာ.. မရှိတော့တဲ့အဖြစ်ကို..သိတာဟာ…
အာသာဝက္ခယဉာဏ်ဘဲ…

ဒါပေမဲ့…လူတွေဟာ “သဒါ(ယုံကြည်မှု)လွန်တော့ တဏှာကျွန်” ဆိုသလို.. မွေးသေအတွင်းက…အတိတ်၊ ပစ္စုပန်၊ အနာဂတ် ကိုသိဖို့ကျတော့ မကြိုးစားကြဘဲ…

လူတကိုယ်..ဘဝသုံးပိုင်းဖြစ်တဲ့..(အရင်ဘဝ၊ ယခုဘဝ၊ နောင်ဘဝ ) ဆိုတဲ့
.အတိတ်၊ ပစ္စုပန်၊ အနာဂတ်ကို ..သိအောင် ကြိုးစားနေတာတွေဟာ…
တဏှာရဲ့ ကျေးကျွန်ဖြစ်နေတာ ..မသိဘဲ၊ သတိမရဘဲ ဖြစ်နေကြတယ်…ဒါတွေဟာ
စိတ္တဇတဏှာကျေးကျွန်တွေက စွဲဆန့်လိုက်တဲ့…အတိတ်၊ ပစ္စုပန်၊ အနာဂတ် တွေဘဲ..

တကယ်တော့.. အနာဂတ်ကို မကြံနဲ့ဆိုတာ…သေပြီးဘာဖြစ်မယ် မဖြစ်ဘူးဆိုတာ မကြံစည်ကြ
ဖို့ဘုရားပြောတာပါ….ပြောချင်တာ ဘုရားတရားဟာ တခုနဲ့ တခု မငြိရပါဘူး…ဟိုနေရာမှာ တမျိုး ဒီနေရာမှာ တဖုံအဲလို မဖြစ်ရပါဘူး..ချိတ်ဆက်မိနေပါတယ်..ပြောတဲ့ စကားကွက်ပေါင်းဘယ်လောက်များပေမဲ့…တကွက်ကို
သဘောပေါက်သွားရင်လည်း…တရားသိနိုင်တယ်…

ဒါကြောင့်ကျွန်တော့ အနေနဲ့…ဘုရားမပြောသောစကားဖြစ်တဲ့…အဗျာကတ တရားဟာ…
ဘုရားကမပြောသော..အတိတ်၊ ပစ္စုပန်၊ အနာဂတ်နဲ့ အတူတူပါဘဲလို့.. နားလည်သဘောပေါက်မိပါကြောင်း….

7 comments

  • ဆူး

    August 5, 2012 at 4:28 pm

    ရှည်ခြင်း သုံးမျိုး
    ဒီဃာ ဇာဂရတော ရတ္တိ၊
    ဒီဃံ သန္တဿ ယောဇနံ။
    ဒီဃော ဗာလာနံ သံသာရော၊
    သဒ္ဓမ္မံ အဝိဇာနတံ

    အိပ်မပျော်သော သူ အတွက် တစ်ညတာသည် ရှည်လျားလှ၏
    ခရီးပန်းနေသော သူ အတွက် တစ်ယူဇနာသည် ရှည်လျားလှ၏
    လူမိုက် တို့၏ သံသရာ ခရီးသည် ရှည်လျားလှ၏

  • realman

    August 5, 2012 at 7:44 pm

    အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ရဲ့ ကံတွေရဲ့ အကြောင်းအကျိုးနိယာမတွေကို
    ဗုဒ္ဓမြတ်စွာနဲ့ ဗုဒ္ဓနဲ့ခေတ်ပြိုင် ဂျိန်းဘုရားတို့က ပဋိစ္စသမုပ္ပါဒ်ဆိုပြီး
    အသီးသီး ဟောကြားခဲ့တာကို တွေ့ရပါတယ်။

    ဒါတွေက ကံတွေရဲ့ အတိတ်သမိုင်း၊ ယခုပစ္စုပ္ပန်နဲ့
    နောင်လာမယ့် အနာဂတ်ကို အလေးထားဖို့ပါပဲ။

    ဒါပေမယ့် ဒီနေရာမှာ အတိတ်နဲ့ အနာဂတ်ကာလ သတ်မှတ်မှုမှာတော့
    ဗုဒ္ဓမြတ်စွာနဲ့ ဂျိန်းဘုရားတို့ရဲ့ သတ်မှတ်မှုကိုတော့ နှိုင်းယှဉ်မိဖို့ လိုမယ်ထင်ပါတယ်။

    သက်သေပြလို့မရတဲ့ စိတ်ကူးကြံဆပြီးမှ သိနေကြရတဲ့ မမွေးခင် အတိတ်ကာလနဲ့ သေပြီးနောက် အနာဂတ်ကာလတွေနဲ့ ကံတွေရဲ့ အကြောင်းအကျိုးပဋိစ္စသမုပ္ပါဒ် နားလည်မိနေရင်တော့ အဲဒါ ဂျိန်းဘုရားရဲ့ သဘောတရားပဲဖြစ်ပါလိ်မ့်မယ်။

    ဗုဒ္ဓမြတ်စွာလမ်းညွှန်ဟောကြားတဲ့ ကံတွေရဲ့ အကြောင်းအကျိုးပဋိစ္စသမုပ္ပါဒ်ကတော့
    မမွေးခင်နဲ့ သေပြီးနောက်ကြံဆပြီးမှ သိရမှာ မဟုတ်ပါဘူး။

    မည်သူမဆို ကိုယ်တိုင်သိနိုင်တဲ့
    လူရဲ့ အတိတ်နဲ့ အနာဂတ်ကာလတွေနဲ့ ကံတွေရဲ့ အကြောင်းအကျိုးပဋိစ္စသမုပ္ပါဒ်ကို နားလည်မှသာလျှင် ဗုဒ္ဓမြတ်စွာရဲ့ တရားဂုဏ်ရည် ၆-ချက်နဲ့ ကိုက်ညီမှာဖြစ်ပါတယ်။

    • ashinariya

      August 6, 2012 at 7:39 am

      ကံအပေါ် ဂျိန်းနဲ့ ဗုဒ္ဓဘုရား ကွဲပြားခြားနားချက်ကို
      http://www.ariyathitsa.org/html/ebooks.html ရှိ
      ၂၃။ ” ဂျိန်းကံ နှင့် ဗုဒ္ဓကံ ” စာအုပ်တွင် နှိုင်းယှဉ်လေ့လာနိုင်ပါသည်။

  • မဟာရာဇာ အံစာတုံး

    August 5, 2012 at 7:50 pm

    ထွင်ပြီး ပြောရရင် –
    ကိုယ့်ကို လာမှန်တဲ့ သေနတ် ဒဏ်ရာကို ဆေးမကုဘဲ ..
    ငါ့ကို ဘယ်သူ ပစ်တာတုံး ..
    ဘယ်လို ကောင်မျိုးတုံး …
    အဲ့ဒီကောင် ဟုတ်သလား … ဆိုပြီး မေးမြန်း စုံစမ်း နေတာထက်စာရင်
    သေနတ်ဒဏ်ကို မြန်မြန် ကုစားလိုက်တာက ကောင်းပါတယ် …

    ပြီးတော့ ဘုရားဟောတာတွေက ဟိုလိုရှိတယ်၊ ဒီလိုရှိတယ်
    ဆိုတာတွေ ပြောနေတာထက် စာရင်
    ကိုယ်တော် ပြေသလိုပဲ ဘုရားဟော တရားတော်တွေထဲက တစ်ကွက်လေးကို
    အပီအပြင် ရှုလိုက်တာက ကောင်းပါတယ် ..
    ကျုပ်ကတော့ မရှုနိုင်သေးဘူး ..
    ဟိုကိစ္စ၊ ဒီကိစ္စတွေနဲ့ မိုက်လုံး ကြီးနေတုန်း … 🙁

    • နွေဦး

      August 6, 2012 at 4:53 pm

      ဟုတ်လိုက်လေဗျာ….
      ခေတ်နဲ့အမှီ တရားကို ပြောဆိုနိုင်တယ် ..ဒီခေတ်က လေးနဲ့မြှား ခေတ်မှမဟုတ်တော့ဘဲ ။
      ဒါပေမဲ့ တရားထဲက စာကို ပြင်ရင် ထေရဝါဒ တော့မဟုတ်ဘူးနော်..ဟိ ။

  • အတိသဌ္ဇနာဂရ

    August 5, 2012 at 8:29 pm

    ကိုကြီးအံရေ လျှော့ပေါ့ပါတော့ဗျာ။သေရင် ကုသိုလ်ကောင်းမှုလေးဘဲ ပါမှာနော့။

Leave a Reply