ကျနော်နှင့် မီးတစ်ပွင့် အရှုပ်တော်ပုံ

ဂ်စ္စူAugust 5, 20121min32842

“သားရေ..သားကို အန်တီပြောစရာလေး ရှိလို ့” ဆိုပြီး ထမင်းဆိုင်က အန်တီကြီးမှ စကား အတင်းစပ်လာသဖြင့် အနည်းငယ်တော့ ကြောင်တောင်တောင်ဖြစ်မိသွားသည်။

အကြွေးယူပြီး ပြန်ဆပ်ဖို ့မေ ့တတ်သော အကျင့်ကြောင့် အားနာပါးနာနှင့် သတိပေး အကြွေးတောင်းမလို ့လေလားပေါ့။

မျက်နှာပူပူနဲ ့ပဲ “ ဟိုနေ ့က အကြွေးစားသွားတာ ပြန်ဆပ်ပြီပြီနော်..ဘယ်အကြွေး ကျန်သေးလို ့လဲ..ဟဲ..ဟဲ..ဟဲ..” ဆိုပြီးမလုံမလဲ ပြန်မေးမိတော့

“ဟုတ်ပါဘူးကွယ်…အန်တီ အကူအညီလေး တောင်းချင်လို ့ပါ” ဆိုပြီး ပြန်ပြောတော့မှ ဟူး..တော်ပါသေးရဲ့ ဆိုပြီး နီနီရဲရဲမျက်နှာမှ ပုံမှန် အရောင် ပြန်ဖြစ်သွားပါတော့တယ်။

အဲဒီ ထမင်းဆိုင်မှာ မကြာခဏ သွားဝယ်စားဖြစ်ပေမဲ့ ရောင်းတဲ့ အဒေါ်ကြီးနာမည်တော့ မသိ၊ ဆိုင်နာမည်လဲ မရှိတဲ့ ခလေး လေးယောက် အမေ လမ်းဘေး ထမင်းဆိုင်ပိုင်ရှင် အန်တီကြီးပေါ့ဗျာ။

 

အိမ်နဲ ့ယာနဲ ့ နေနိုင်သလား မနေနိုင်သလေားတော့ မပြောတတ်ဘူး။ တွေ ့မိတိုင်းတော့ လမ်းဘေးထမင်းဆိုင်မှာပဲ စတည်းချပြီး တစ်မိသားစုလုံး အိမ်လိုသဘောထားပြီး နေနေကြတာပဲ။

ခလေး လေးယောက်ကလဲ အကုန် ကျောင်းတက်တဲ့ အရွယ်တွေ၊ အကြီးဆုံးမ ကတော့ ဆယ်တန်းလို ့သိရတယ်။

ကျန်တဲ့အရွယ်လေးတွေတော့ မပြောတတ်၊ အငယ်ဆုံးရဲ ့ အထက်က ကောင်လေးတော့ ထမင်းရောင်းတဲ့ သားသမီးပီပီ တုတ်တုတ်ခိုင်ခိုင်ပဲ၊ ငယ်ငယ်ရွယ်ရွယ်နဲ ့ ဘယ်လောက်တောင် ဝါးထားသလဲ မသိ၊ ဗိုက်ကလည်း ပူလို ့ 🙂 အဲဒီချာတိတ်ကလွဲပြီး ကျန်တာ မိန်းခလေးတွေချည်ပဲ။

အဲဒီ ချာတိက်တစ်ယောက်ကို တစ်ခါတလေ မုန် ့ဖိုးတော့ မပေးဖြစ်ပေမဲ့ ကစားစရာလေးတွေ ရှာပြီး သူဆော့ဖို ့ပေးဖြစ်ပါတယ်။ အဲဒီလောက်ကလွဲပြီး ထမင်းဆိုင် မိသားစုနဲ ့ ကျန်တဲ့ အရှုပ်အရှင်းမရှိ၊ ကျန်တာမသိ၊ ရောင်းသူဝယ်သူဆက်ဆံရေး ထက်မပိုတဲ့ အနေအထားမှာ

ပြောစရာရှိတယ်ဆိုတော့ မျက်ခုံး ခပ်လှုပ်လှုပ် ဖြစ်ရတာပေါ့လေ။

 

နောက်တော့မှ ပြောစရာရှိတယ်ဆိုတာ အကြွေးတောင်းဖို ့မဟုတ်ပဲ အကူအညီတောင်းဖို ့ဖြစ်နေမှန်းသိရမှ

စိတ်သက်သာရာ ရခဲ့တာပေါ့..ငှဲ.ငှဲ.ငှဲ….။

မဝေ့ပဲ လိုရင်းပြောရရင်တော့ဗျာ..

သူတောင်းတဲ့ အကူအညီက မီးတစ်ပွင့် အကူအညီပဲ ဖြစ်ပါတယ်။..ဟုတ်ပါတယ်.။

ညဘက်တွေ ဘတ်ထရီအိုးနဲ ့ သုံးနေရတာ ညလယ်လောက်ဆို မီးအားကျပြီး ခလေးတွေ စာကျက်လို ့မရတော့ဘူး။

ခလေးတွေကလဲ စာအကြွေးမထားပဲ အိမ်စာမှန်သမျှ အပြီး လုပ်ချင်ကြတယ်လို ့ပြောတယ်။

အရင်က မီးချောင်းတစ်ချောင်းကို ဘေးက ဟိုတယ်ကြီးမှ သွယ်ယူဖူးပေမဲ့ အခု ဖြတ်ထားလို ့ ဘတ်ထရီနဲ ့ သုံးနေရတယ်လို ့လဲ သိရတယ်။

မိန်းမသားတွေပဲ လမ်းဘေး ထမင်းဆိုင်မှာပဲ အခြေချ အိပ်စားသောက် လုပ်နေကြတာမို ့ မီးချောင်းတစ်ချောင်းလောက် လင်းနေဖို ့ လိုတယ်ပေါ့လေ..။

အဲတော့ ငါ့တူအလုပ်ကနေ မီးတစ်ချောင်းလောက် သွယ်လို ့ရရင် သွယ်ပေးစေချင်ပါတယ်။

မီတာဖိုး ပေးပါ့မယ်။ ညဘက်ကလွဲပြီး ကျန်တဲအချိန် ပလပ် ဖြုတ်ထားပါ၊ မီးချောင်းတစ်ချောင်းထဲ ထွန်းမှာပါ။

ဆိုတော့ဗျာ..

ခင်ဗျားတို ့တော့ မသိ၊ ကျနော့်အနေနဲ ့ပြောရရင် မီးတစ်ချောင်းစာ ပလပ်ပေါက်တစ်ခု ပေးဆပ်ကူညီရတာ ဘာအပန်းကြီးတာမှတ်လို ့။

ကိုယ်တွေ ငယ်ငယ်ကလဲ ဒီလိုပဲ ဟိုအထောက်အပံ့ ဒီအထောက်အပံ့တွေနဲ ့ ပညာသင်လာရတာဆိုတော့ ကိုယ်ချင်းစာမိတယ်လေ..။

အဲတော့..ဟုတ်ကဲ့..ရပါတယ်..ကူညီပါ့မယ်ပေါ့လေ..။

နောက်တော့.ပြန်စဉ်းစားပြီးမှ…အဲ..မရဘူး..ဖြစ်ဘူး..ကျနော့် ဘောစိကိုမေးရဦးမယ်..လို ့ အားနာနာနဲ ့ပဲ

ပြန်ပြောခဲ့ရပါတယ်။ ကိုယ်ပိုင်သော လုပ်ငန်းမဟုတ်လေတော့ ပိုင်ရှင် မစ္စတာဘောဇိကို ခွင့်တောင်းကြည့်ရပါဦးမယ်လေ..။

ဘောဇိ ဆိုသူကလဲ ခပ်ရှုပ်ရှုပ်ဇယားတွေ မကြိုက်တတ်ပေမဲ့

မီးတစ်ပွင့် အရှုပ်ကိုတော့ လက်ခံကူညီတန်ကောင်းမယ်လို ့ မျှော်လင့်မိပါတယ်လေး..။

မစ္စတာ ဘောဇိနေရာမှာ ကျော်သာဖြစ်ခဲ့မယ်ဆိုလျင်တော့ စဉ်းစားမနေပဲ

♪……♫………ရော့..ရော့..ကြိုက်သလောက်သာ ယူပေတော့… ♪……..♫.

ဆိုပြီး

ရတနာကြော်ငြာ တစ်ခုထဲက သီချင်းစာသားလေးပဲ ဆိုပြလိုက်ချင်ပါတော့တယ်ခင်ဗျား..။

 

{ ကိုယ့်အတွက်မြူတစ်မှုန်စာလောက် ပေးဆပ်မှုဟာ သူတစ်ပါးအတွက် နေမင်းအလင်းရောင်ပမာ

အဖိုးများ အကျိုးပွါးစေပါတယ်လေ… }

 

မျစ်တာသျှင် အုဗိုက်

ဘီအီး

ခေတ္တ ဖင်လန်သီယိုးပီးဒီးကား

 

 

42 comments

  • pooch

    August 5, 2012 at 4:05 pm

    ကူညီချင်အောင် ဘောစိကို နားလည်အောင်သေချာ ပြောပြပေးလိုက်ပါ ဗိုက်ဗိုက်။
    ငွေကုန် လူပန်းပြီး ပေးတဲ့ အကူအညီမှ ကူညီတာ မဟုတ်ပါဘူး။ တဖက်သား အခက်အခဲတခုကို ပြေလည်အောင် လုပ်ပေးတာလဲ ကူညီတာပါပဲ။ ကုသိုလ်ရပါတယ်။

    လပြည့်နေ့က အိမ်ကညီမတွေ လမ်း ၃ဝ ပေါ်က မိဘမဲ့ဂေဟာတခုကို သူငယ်ချင်းတသိုက်နဲ့ သွားလှူတယ်။ ကလေးပေါင်း ၂၆ ယောက်ရှိတယ်။
    အဲ့ဒီမှာ ၆ လသား ကလေးတယောက်ရှိတယ်။ ကျန်တဲ့ကလေးတွေ အားလုံးပြေးလွှားပြီး ဆော့နေတဲ့အချိန် သူက ငိုလည်းမငိုပဲ ကုတင်ပေါ်မှာ ပက်လက်လေး ယက်ကန်ယက်ကန်နဲ့။ သနားလို့ ကောက်ချီထားတော့ ချီတဲ့လူကို ဖက်ထားလိုက်တာများ လွတ်ထွက်သွားမှာ ကြောက်တဲ့အတိုင်း။

    မွေးပြီးပြီးချင်း ချက်ကြိုးတောင် မဖြတ်ရသေးဘူး ကုတင်ပေါ်မှာပစ်ပြီး မအေက ထွက်ပြေးသွားလို့ ဆေးရုံက တဆင့် ရောက်လာရှာတာ။ ဆရာမတွေကလည်း အလုပ်တွေတဖက်နဲ့ ဆိုတော့ သိပ်ပြီး မိဘလို ချီပိုးမထားနိုင်ဘူးပေါ့။ လာတဲ့လူတွေ ကောက်ချီရင် သူက မလွှတ်တမ်း ဖက်ထားရှာတာ ဗိုက်ဗိုက်ရဲ့ ။ အသားဖြူဖြူ မျက်လုံးဝိုင်းဝိုင်းလေးနဲ့။ တကယ်ကို ချစ်စရာလေး။
    ပြန်မှာမို့ ထားခဲ့တော့ သူက ဖက်ထားတာကို မလွှတ်ချင်ဘူး..

    နောက်တယောက်က မိဘနှစ်ပါးက မီးလောင်ပြီး သေသွားတဲ့အချိန် လသားအရွယ် သူက အိမ်ထဲတယောက်ထဲ ကျန်နေခဲ့တာ။ လက်လေးတဖက်က ဖြတ်ထားရပြီး ခေါင်းမှာမီးလောင်စဉ်က ရခဲ့တဲ့ဒဏ်ရာကြောင့် တစိုစို အခုထိမပျောက်နိုင်ဘူး။ မတတ်နိုင်လို့ သေချာမကုနိုင်တော့ ပိုးဝင်သွားတယ် ထင်တယ်။ ဆံပင်လည်း မပေါက်တော့ဘူး။ သူသွားရာကို ယင်တွေတဝဲဝဲ လိုက်နေတာ။

    အဲ့ဒီ ၂ ယောက်ကလွဲရင် ကျန်တဲ့ကလေးတွေ က ကျန်းကျန်းမာမာပျော်ပျော်ရွှင်ရွှင်ပဲ။ လာလှူတဲ့သူတိုင်းကို ဖေဖေ မေမေ ခေါ်နေရှာတာ ။ စိတ်ကိုမကောင်းဘူး။
    အရင်က အဲ့ဒီကျောင်းကို မရောက်ဖြစ်ဖူး။ မိန်းကလေးကျောင်းတွေပဲ သွားလှူလေ့ရှိတယ်။

    ငါတို့ ပတ်ဝန်းကျင်မှာ ဘဝတွေ အဖုံဖုံ ဒုက္ခတွေ အစုံစုံနဲ့ လူတွေ အများကြီးပဲ ။ သဲတပွင့်ပဲ ဖြစ်ဖြစ် နင်တို့ ငါတို့နိုင်သလောက်ကတော့ ကူကို ကူရမှာ ဗိုက်ဗိုက်ရဲ့။

    အဲ့ဒီနေ့က ပြန်လာတော့ ညကျ တော်တော်နဲ့အိပ်မပျော်ဘူး။ အပြန်လည်း ငိုလာတာ စိတ်မကောင်းလို့။

    • စိန်ဗိုက်ဗိုက်

      August 5, 2012 at 4:15 pm

      အန်တီပူးချ်ရာ
      ကနဦး စာဖတ်သူအဖြစ် ကျေးဇူးတင်ကြောင်း ပြောပါရစေ..စကားမစပ် တီချယ်ကြီး ပျောက်နေပါပကောဗျ
      ကျနော်ကလဲ တစ်ဇောက်ကန်း ဆိုတော့..ကိုယ်လုပ်ပေးနိုင်ရင် တန်းပြီး ကူညီပေးလိုက်ချင်တာပဲ သိတယ်..
      မျှော်လင်ရတဲ့ အလုပ် ကျော် ရေလည်မုန်းတတ်တာကလား…
      ကျော့် မစ္စတာ ဘောဇိ ဆိုတာကလဲ အိုဘားမားထက် အလုပ်ရှုပ်နေသူဆိုတော့..ဆက်သွယ်မှုဧရိယာ ပြင်ပ ဖြစ်ဖြစ်နေတယ်..
      လမ်းဘေးဘဝသား အချင်းချင်း ကိုယ်ချင်းစာသမို ့ …… အင်း..
      ကုန်မနီ ပိုင်ရှင် ဖြစ်အောင် ကျော့်ကို အပိုင်ဝယ်ပေးကြဗျာ..
      ကျော်..မီးတစ်ချောင်းစာ အခမဲ့ သွယ်ပေးလိုက်မယ်..ဂိန်..ဂိန်..
      လဂါးနောက်တာ..အဆင်ပြေမှာပါ…
      🙂

  • kotun winlatt

    August 5, 2012 at 4:14 pm

    အူးးးးးဗိုက်ရဲ့..စာလေးကို ဖတ်ရတော့ စိတ်မကောင်းလိုက်တာ..
    အဲ့လမ်းမှာ လမ်းးမီးးးတိုင် မရှိဘူးလားးးးးဗျ…
    ပီးးးတော့ အူးးးဗိုက်ရဲ့ တထေးးးဂ မီးးချောင်းလေးးးတစ်ခုစာတောင် မပေးးနိုင်ဗူးးလားးး
    အူးးးဗိုက်က တထေးးလို့ ပြောလို့ဘာ…
    တထေးးးးဆိုရင်ဒေါ့ မီးးးတစ်ပွင်စာတော့ ပေးးနိုင်မှာဘာနော်…ဟဲ….
    ပီးးတော့ ..အူးးဗိုက်ရဲ့ လိပ်စာကလည်းးး မိုက်အိ…
    ပျော်ရွှင်ပါစေ….

    • စိန်ဗိုက်ဗိုက်

      August 5, 2012 at 4:21 pm

      တထေးက ဆက်သွယ်မှု ဧရိယာ ပြင်ပဖြစ်နေလို ့ ကျော်တောင် လခ မရသေးပါပကောဗျာ
      လမ်းမီးနဲ ့ ဆိုင်ခေါင်မိုးနဲ ့ မိုးလေထဲ အဆင်မပြေသမို ့ အကူညီတောင်းတယ်ထင်ပါ့ဗျာ..
      ကိုဂျက်လီလဲ ပျော်ရွှင်ပါစေဗျား..
      🙂

  • ဆူး

    August 5, 2012 at 4:17 pm

    ဘောစိ ကတော့ ကူညီမယ် ထင်တယ်။ ဘောစိ ဆိုတဲ့ အမျိုးတွေက သေချာတယ်.. အရှုပ်အရှင်းပြသနာ ဖြစ်မှာ ကြောက်တတ်ကြပါတယ်။ အရှုပ်အရှင်း ပြသနာ မဖြစ်နိုင်ဘူး ဆိုတာ သေချာ အာမခံရင်တော့ ပေးမှာ သေချာပါတယ်။

    • စိန်ဗိုက်ဗိုက်

      August 5, 2012 at 4:24 pm

      ဟုတ်ကဲ့ပါ ဂျီးဒေါ်ခင်ဗျား..
      ဘောဇိတော့ ခလုတ်တိုက်နေလောက်ပြီ…
      ဪ..
      မတက်နိုင်တဲ့ဘွ
      တယ်မနိပ်လှပါတကား..
      🙂

  • Moe Z

    August 5, 2012 at 4:47 pm

    စိတ်မကောင်းစရာပါလားအူးလေးရာ ..
    အဆင်ပြေပါစေဗျာ 🙁

    • စိန်ဗိုက်ဗိုက်

      August 5, 2012 at 4:53 pm

      အဆင်ပြေမှာပါအူးလေးရာ..
      ကျုပ်ကြပ် လိတတ်ပါတယ်..
      ကွိ..ကွိ..

  • snow white

    August 5, 2012 at 4:55 pm

    စိတ်ထားလေးကတော့ကောင်းပါ့ အမြဲပုလင်းကိုင်ထားတာတော့ မကောင်းဘူးနော် ဟိဟိ ချရာလုပ်ကြည့် တာ မကြိုက်ရင်မပြောဘူး ဟိဟိ ပြေးပြီ လစ်မှ ။

    • စိန်ဗိုက်ဗိုက်

      August 5, 2012 at 5:01 pm

      ကျော် ပုလင်းကိုင်ထားပေမဲ့ မသောက်ပဲ ဖြတ်ထားတာ ဆယ့်ငါးနာရီ စိပါပီဗျား..
      စကားမစပ်..
      အမြင်မတော်တာစိရင် ဆုံးမပါဗျား..

  • myanmarcitizen

    August 5, 2012 at 5:02 pm

    ဘောဇိ ကို သေချာတရားချပြလိုက်ဗျာ။ ဗိုက်ဗိုက် တော်ကီနဲ့ဆိုရမှာပါ။ မဟုတ်ရင်လဲ ဘောဇိကို ဘီအီးတစ်လုံးလောက်တိုက်ပြီးပြောလိုက် ဒါဆိုသေချာပြီပဲ 🙂

    • စိန်ဗိုက်ဗိုက်

      August 5, 2012 at 5:09 pm

      အူးလေး ထင်သလို ကျော် တော်ကီမကောင်းဘူးဗျ
      တစ်ခုခုဆို လဒလည်လိမ်သလို ဖစ်ဖစ်နေတာ..
      ဒါပေမဲ့..ကျန်တတ်ဖန်တတ်ပါတယ်..အဟဲ… 🙂

  • ဦးဦးပါလေရာ

    August 5, 2012 at 5:29 pm

    ဘောစိကစဉ်းစားမှာက မီတာတက်မှာကို မဟုတ်ဘူး…။
    မီးတပွင့် မီတာဘယ်လောက်မှမတက်မှန်း သူသိတယ်…
    သူစဉ်းစားမှာက အဲဒီကို ပြင်ပကို မီးပေးတာ တရားမဝင်လို့ အီးပီစီနဲ့ငြိမလားပဲ စဉ်းစားမှာ…
    စိန်ဗိုက်အစွမ်းနဲ့ အဆင်ပြေမယ်ဆိုတာ သေချာပါတယ်…
    အကယ်၍အဆင်မပြေရင် ကျုပ်နည်းလမ်းပေးမယ်… 😛

    • စိန်ဗိုက်ဗိုက်

      August 5, 2012 at 5:38 pm

      အဟဲ..
      ဘတ္ထရီခြောက် အကြီးကြီး ဝယ်ပေးမယ်နဲ ့တူတယ်..
      ဟီး..ဟီး..
      🙂

  • မဟာရာဇာ အံစာတုံး

    August 5, 2012 at 5:46 pm

    ဘောစိကို ပြောမနေနဲ့ ..
    ရှုပ်တယ် ..
    ကိုယ့်ဟာကိုယ်သာ မီးသွယ်ပေးလိုက် …
    ဘောစိသိလို့ ပြောရင် ..
    “ငါ့ဟာငါ သွယ်ပေးလိုက်တာ၊ မင်းက ဘာဖြစ်ချင်လို့တုံး” ဆိုပြီး ..
    လက်ထဲက ဘီအီးပုလင်းနဲ့သာ ကောက်ထုပစ်လိုက် ..
    ရှုပ်တယ် .. ရှင်းတယ် …

    • စိန်ဗိုက်ဗိုက်

      August 5, 2012 at 5:50 pm

      ကြိုက်သွားပီ အံဂျီးရေ
      နင်င့ါကို အလုပ်ပြုတ်ယုံတင်မဟုတ်ဘူး..အချုပ်ထဲရောက်အောင် ပါ လုပ်တယ်..
      နင့်ကို အရင်ကောက်ထုပစ်မယ်..
      လာဂဲ့

      • မဟာရာဇာ အံစာတုံး

        August 5, 2012 at 5:53 pm

        ဂိန် .. ဂိန် .. ဂိန် ..
        ( ပေါက်ဖော် ပုလင်းနဲ့ ထုလိုက်လို့
        ရင်ခေါင်းထဲက ထွက်လာတဲ့ အသံ )

  • marblecommet

    August 5, 2012 at 5:57 pm

    ကိုဗိုက်ရေ့…
    ခင်ဗျား ဘောစိက မီးတစ်ပွင့်ပေးမပေးတော့
    မသိသေးဘူး
    ခင်ဗျားရင်ထဲက
    မေတ္တာ မီးတောက်ကလေး တစ်ပွင့်ကိုတော့
    ထင်ထင်ရှားရှားမြင်တွေ့သွားခဲ့ကြောင်းရယ်ပါ….
    ခင်တဲ့
    ငကမ်း
    စီအက်စ်တူးကေ

    • စိန်ဗိုက်ဗိုက်

      August 5, 2012 at 5:59 pm

      ဘီအီးသမား အချင်းချင်းပဲ
      မြင်မှာပေါ့လို ့
      နောက်ဒါ..
      🙂

  • marblecommet

    August 5, 2012 at 6:42 pm

    မှန်ပါ့ မှန်ပါ့
    ပါးစပ် ဟလိုက်ထှာနဲ့
    ဗိုက်ထဲ ဘီအီး ဘယ်လောက်
    ရောက်နေပြီဆိုတာ အချင်းချင်း
    သိနေသလိုပဲ
    ဘီအီးတယ်လီပသီပေါ့နော်..ကိုဗိုက်
    ….ခင်တဲ့…
    ငကမ်း
    ဘီအီးအကြားအမြင်ပြိုင်ညာယှိ
    ခေတ္တခွက်ပုန်း……

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 5, 2012 at 7:39 pm

    အင် !!!!!!!!!!!!!!!!!!!!!!!!!!
    သေနာကောင် စိန်ဗိုက်ဗိုက်ကတော့ 😀
    လမ်းဘေးဆိုင်ကနေ သူအလွယ်အကြွေးစားဘို့အရေး
    ကျုပ်မီးဒပွင့်ကို အွန်လိုင်းထဲကနေ အလှူခံနေဘီ
    ယူဇေဗျာ
    ယူဇေသတည်း
    ပုံး
    ဘောဂျိ

    • စိန်ဗိုက်ဗိုက်

      August 5, 2012 at 8:00 pm

      တေနာမ
      ငြည်းက ဘန်ဂေါက်မှာ ဖြတ်ဖောက်ချုပ်လုပ်ထားတာ ဘယ်က ဘောက စိမှာတုန်းဟ
      ကွိ..ကွိ

      • မိုက်ကယ်ဂျော်နီအောင်ပု

        August 5, 2012 at 10:44 pm

        အရဂါးနောက်ဒါဘာ
        တေဂျင်းဂျိုး ကာလနာ မွေဘွေး ကိုက်လေးရယ် 😀
        ကြည့်ရတာ
        ဘောဇိကိုယ်တိုင် ဂေဇက်ကိုဖတ်နေပုံရလို့
        ပျင်ညာရှိနီးနဲ့
        ဘောဇိကို အင်ဖောမ်း ( အသိပေး ) နှိုးဆော်လိုက်တယ်လို့ထင်ဘာဒယ်
        အလှူပေးခြင်းသဘောမှာ
        သဒ္ဓါစိတ်ကိန်းခြင်း ( လှူရန်ဆန္ဒ ) သည် ကောင်း၏
        တစ်ပါးသူလှူခြင်း၌ ဝမ်းသာခြင်းကျေနပ်ခြင်းဂုဏ်ယူခြင်း သည်ကောင်း၏
        မိမိအလှူ၌ ပြန်တွေး၍ ကျေနပ်ပိတိဖြစ်ခြင်းသည်ကောင်း၏
        သူတစ်ပါးအား လှူရန်တိုက်တွန်းခြင်းသည် ကောင်း၏
        ကဲ
        ကျေနပ်ဘီလား
        တေဂျင်းဂျိုးကာလနာမွေဗွေးကိုက်လေး 😀

  • YE YINT HLAING

    August 5, 2012 at 7:58 pm

    သားရေ သားကို ဦးဦး ပြောစရာ လေးရှိလို့ ! ၂၅ဝ ကေဗီအေ မီးစက်လေး တလုံးလောက် မင်းကုမ်မဏီ က မခဲ့ ပါလားကွယ် ။ ဦးဦး စက်ရုံ ထောင်ချင်လို့ ။ ဟဲဟဲ ! နောက်တာနော် ! ဦးဗိုက် ကူညီချင်တာလေး ကူညီနိုင်ပါစေဗျာ! မီး တပွင့် ကူညီ လိုက်တာဟာ မိသားစု တခုကို အလင်း ပေးလိုက်သလို ခလေးတွေ ပညာရေး အတွက်လည်း အထောက်အပံ့ တခု ပေးလိုက်တာပါပဲ ။

    • စိန်ဗိုက်ဗိုက်

      August 5, 2012 at 8:04 pm

      ဒီလိုစိတယ် အူးလေးရ
      ည ၁၁ နာရီနောက်ပိုင်း မီးစက် သုံးလို ့ရဘူးလေ..
      အဲတော့…
      အဆင်ပြေလာမှာပါ..ပူပါနဲ ့

      လောလောဆယ်တော့ ထမင်းဆိုင် အဒေါ်ဂျီးကောင်းမှုနဲ ့ ပွိုင့် ခုနယ်ဆယ်လောက် ခိုင်နေပီ..
      အဒေါ်ကြီး ကျက်မာပါစေ..ချက်သာပါစေဗျား..
      ကွိ.ကွိ..

  • အတိသဌ္ဇနာဂရ

    August 5, 2012 at 8:36 pm

    အူးဗိုက် ကအားလုံးကောင်းလာပြီးမှ အောက်ရောက်မှ ဗျာ ဘယ်လိုလုပ်ပြီး
    အကောင်းမရေးတော့တာလဲဗျာ။နောက်တာနော်။

    { ကိုယ့်အတွက်မြူတစ်မှုန်စာလောက် ပေးဆပ်မှုဟာ သူတစ်ပါးအတွက် နေမင်းအလင်းရောင်ပမာ
    အဖိုးများ အကျိုးပွါးစေပါတယ်လေ… }
     
    မျစ်တာသျှင် အုဗိုက်
    ဘီအီး
    ခေတ္တ ဖင်လန်သီယိုးပီးဒီးကား

    • စိန်ဗိုက်ဗိုက်

      August 6, 2012 at 12:10 pm

      အူးလေး ကိုင်စရာရေ
      ကျော့် အကျင့်က အဲလိုဘဲ..
      နောက်ဆုံးဆို မဖောက်ပဲ မနေနိုင်ရို ့ဘာ
      🙂

  • မောင်ပေ

    August 5, 2012 at 9:33 pm

    အဟမ်း..
    အခုလို မေတ္တာစေတနာစိတ်ကောင်း နှလုံးကောင်းပိုင်ရှင်
    အုဖော် တစ်ယောက်
    ယနေ ့မှ စ
    နှစ်တစ်ရာတိုင်
    ကိုယ်သောက်ချင်တဲ့ သူရာတိုင်းကို
    ကိုယ်သောက်ချင်တဲ့ အချိန်
    ကိုယ်သောက်ချင်တဲ့ နေရာတိုင်းမှာ
    မလွဲဧကန် အမြဲအမှန်
    သောက်ရဘာစေဗျား

    • စိန်ဗိုက်ဗိုက်

      August 6, 2012 at 12:39 pm

      ပေးတဲ့ဆုနဲ ့ ပြည့်ချင်တဲ့ အချိန်မှ ပြည့်ပါရစေဗျား..
      ဝါတွင်းနားရင် ဘီအီးတစ်ဖာ လက်ဆောင်ရမယ်ဆိုလို ့ ခဏနားမလား ဆင်းစားနေတာ

  • nozomi

    August 5, 2012 at 11:22 pm

    ကိုဗိုက်တို့ကတော့
    ရုပ်ကလေးက မထင်ရဘူးနော်
    ကူညီချင်စိတ်အပြည့်ရှိတယ်

    အဲအဲ ရုပ်ကလေး လှသလို စိတ်ကောင်းလဲ ရှိတယ် ပြောတာပါ

    အခုလို စိတ်ကောင်း ရှိတဲ့ ကူညီချင်တဲ့ အကျိုးအားကြောင့်
    နောင်ဘဝ အဆက်ဆက် ဒီဘဝ လို မိန်းမ ကိုကြောက်ရချင်း ဒုက္ခမှ ကင်းဝေပါစေ

  • အရီးခင်လတ်

    August 6, 2012 at 6:05 am

    စိတ်စေတနာ ကောင်းတဲ့ မောင်ဗိုက်လေး ကိုယ်တိုင် စိတ်တိုင်းကျ ပေးနိုင် ကမ်းနိုင် လှူနိုင် တန်းနိုင် စေရန် သန်းထီကြီး ပေါက်ပါစေ။
    အလုပ်အကိုင် ကြီးပွါးတိုးတက်ပါစေ။
    အမေရိကန် လော်ထရီ ကြီးလဲ (လိုချင်ရင်) ပေါက်ပါစေ။ 🙂

  • ကြောင်လေး

    August 6, 2012 at 9:02 am

    “ဘောစိကစဉ်းစားမှာက မီတာတက်မှာကို မဟုတ်ဘူး…။
    မီးတပွင့် မီတာဘယ်လောက်မှမတက်မှန်း သူသိတယ်…
    သူစဉ်းစားမှာက အဲဒီကို ပြင်ပကို မီးပေးတာ တရားမဝင်လို့ အီးပီစီနဲ့ငြိမလားပဲ စဉ်းစားမှာ…”

    ဦးပါပြောတာဟုတ်တယ်၊ လျှပ်စစ်ဥပဒေမှာ ခြံဝန်းတစ်ခုတည်းမှာတောင် အမိုး တစ်မိုးအောက်ကနေ အခြားအမိုးအောက်ကို ကြိုးသွယ်ခွင့်မရှိဘူး။
    ကျနော်အိမ်တစ်အိမ်ကို မီးပေးထားဖူးတယ်။ ကိုယ်က အဲဒီအိမ်မှာမနေတော့ ခြံချင်းကပ်လျက်နောက်ဖေးအိမ်ကိုပေးထားတာ။ သူတို့ကတဆင့် နောက်တစ်အိမ်ထပ်ပေးထားလို့ လျှပ်စစ်က လာသတိပေးတာခံရဖူးတယ်။ အချင်းချင်းမို့တော်သေး။ လမ်းဘေးကွမ်းယာဆိုင်ကိုလည်း ပလပ်တစ်ခုပေးဖူးတယ်၊ အစကတော့ညမှ မီးတစ်ပွင့်ထွန်းမယ်ပြောတယ်။ နောက်တော့နေ့ခင်းမှာပါ ဗွီစီဒီစက်နဲ့ တီဗွီ သေးသေးလေးတစ်လုံးနဲ့ ငြိမ့်လို့။
    ကိုပေါက်ဖော် လုပ်ပိုင်ခွင့်နဲ့လုပ်ပေးလို့ရနိုင်တာတစ်ခုတော့အကြံပြုကြည့်ချင်ပါတယ်။ ကလေးတွေစာကြည့်ဖို့ဆိုရင် မီးပွင့်များများနဲ့ rechargable LED မီးအိမ်ကောင်းကောင်းလေးတွေရှိတယ်။ မီးစားလည်းသက်သာတယ်။ တစ်လုံးကို သုံးလေးထောင်လောက်ရှိမယ်။ ထမင်းဆိုင်ဆိုတော့ ကလေးတွေကိုဝယ်ပေးနိုင်လိမ့်မယ်ထင်တယ်။ သုံးလုံးလောက်ဝယ်ခိုင်းလိုက်ပြီးနေ့ဖက်မှာ ကိုပေါက်ဖော်ဆိုင်ကိုယူပြီးအားသွင်းပေးထားလိုက်ရင် အဆင်ပြေနိုင်တယ်။

  • P chogyi

    August 6, 2012 at 9:51 am

    မီးလင်းစေချင်တဲ့ ရင်ထဲကစေတနာကို လေးစားပါတယ်။
    အီးပီစီနဲ့ငြိမှာစိုးလို့ဆိုတာ အမှန်ပါပဲ။
    စေတနာနဲ့ ပေးတာမှန်ပေမဲ့ လျှပ်စစ်ဥပဒေနဲ့အရေးယူရင်
    ရှုပ်ရှုပ်ရှက်ရှက်ဆိုတာကြီးက ဖြစ်လာမှာပါ။
    စဉ်းစားစေချင်ပါတယ်။
    အပေါ်မှာ ကိုကြောင်လေးပြောသလိုပဲ LED ဝယ်သုံးတာ
    အကောင်းဆုံးပါပဲ။

  • lynn lynn

    August 6, 2012 at 10:24 am

    ကိုကြောင်လေးရဲ့ အဆိုကို အပြည့်အဝ ထောက်ခံပါတယ်။

  • Ma Ei

    August 6, 2012 at 12:46 pm

    ဗိုက်ကလေးရေ…
    ဘောဇိကိုညှိပြီး
    EPC နဲ့လဲမညိအောင်
    မီးတစ်ပွင့် အရှုပ်တော်ပုံကို
    ဘယ်လိုရှင်းလိုက်တယ် ဆိုတာလေး
    ဆက်ရေးဦးနော်…

  • ဒီမီးတစ်ပွင့်လေးနဲ့ဆင်တူတာလေးကို ကျနော်ရေးမယ့် ဆာသော်နှင့်ဘောစမက်များမှာ ထည့်ရေးလို့
    ရမရ ကိုဗိုက်ရေ

    • စိန်ဗိုက်ဗိုက်

      August 6, 2012 at 2:03 pm

      ဆာသော်နဲ ့ ဘောစမတ်များ စတင် ရေးနေတယ်ထင်ပါ့
      အူးလေးရေးတော့ အတွေ ့အကြုံများများရသပေါ့ဗျား..
      ရေးပါဗျား..ဖတ်ရတာပေါ့..
      ပုံ၊
      ဘောစဗိုက်

  • cherry nwe

    August 6, 2012 at 1:41 pm

    ဦးလေးစိန်ဗိုက်ဗိုက်ကိုအီးပီစီဝန်ကြီးခန့်လိုက်ရင်ရှယ်ပဲ

  • etone

    August 6, 2012 at 2:30 pm

    မီးတပွင့်လို့သာပြောတာ …… အဲ့ဒီမီးတပွင့်နဲ့ ပတ်သတ်လို့ …… စကားတွေ များများ ပြောခဲ့ရဖူးတယ် … ။
    အခုရှုပ်မှ နောင်ရှင်းပါ ဗိုက်ကလေးရေ ….. ။ တစ်ခါတစ်လေ .. လူတွေက .. သနားတာကို အခွင့်ကောင်းယူပြီး ၊ ရောင့်တက်တတ်ကြတယ် ….. ။ ကျွန်မတို့ ဆေးခန်းနားမှာ အသားမဲတဲ့ လူမျိုး မိသားစု တစုရှိတယ် ။ လူကလည်း ချို့တဲ့ ရှာပါတယ် ။ ကလေးတွေ တပြုံကြီးနဲ့ ရှင်မွှေးလွန်းတို့ မိသားစုပေါ့ ။
    အဲ့ဒီဘက်မှာက …. မီးချောင်းလေးတွေ တရက်ကို ဘယ်လောက် ဘယ်လောက်ဆိုပြီး လာတပ်ပေးတာမျိုး ရှိတယ် … ဒါမျိုးကို ဝယ်မသုံးနိုင်လို့ …… မီးလေး တပွင့်လောက်ပေးပါလို့ ပြောလာခဲ့ဖူးတယ် ….။

    မီးလေးတပွင့်ဆိုတာ ကိုယ့်အတွက် ဘာမှလည်းမဖြစ်သွားဘူးလေ …ကိုယ်တွေလည်း အချိန်ခဏလေး ဒီအခန်းကို သုံးတာမို့ …….. ကျန်တဲ့အချိန်မိန်းချသွားခဲ့ရတာ ၊ ကိုုယ့်အတွက် အသုံးမတည့်ပေမယ့် သူများတွေ အသုံးတည့်တော့လည်း သုံးပါစေဆိုပြီး ၊ ရှည်ကြောစွာနဲ့ .. ရက်ရက်ရောရော သွယ်ခိုင်းခဲ့ပါတယ် … ။

    သိပ်မကြာပါဘူး တပတ်လောက်လည်းနေရော ဝါယာရှော့ဖြစ်ပါလေရော …… ။ လူမရှိတဲ့အချိန်မှာ ဖြစ်တာပါ … ဘေးအခန်းတွေက သိလို့ တံခါး သော့ဖျက်ပြီး ငြိမ်းလိုက် နိုင်ခဲ့ပါတယ် … ဆိုးဆိုးရွားရွား ဘာမှ မလောင်ကျွမ်းခဲ့လို့သာ တော်ပါသေးတယ် … ။ ပေးထားတဲ့ မီးတလိုင်းကို ယူပြီး .. ဆင့်ပွားဆင့်ပွား လုပ်လိုက်တာ … မနည်းမနောပါပဲ … ။ သူများကို သနားမိတာ … မီးလောင်လျှင် ကိုယ်ပါ ထောင်ကျတော့မလို့လေ ……. ။ မီးပြန်ဖြတ်တော့ .. ရုပ်တွေက … ခုနှစ်ခေါက်ချိုး ရှစ်ခေါက်ချိုးနဲ့ပါ … သနားမိတဲ့ စိတ်တွေကိုတောင် နောင်တရမိပါတယ် …. ။ ဒါကြောင့် …….. ချင့်ချိန်ပြီးမှ ကူညီပါလို့ပဲ .. တိုက်တွန်းချင်ပါတယ်နော် … ။ 🙄

  • htoosan

    August 6, 2012 at 6:01 pm

    ခွိခွ်ိ … ကြောင်လေး နဲ့ etone အဖော်နှစ်ယောက်ရမှ ရေးရဲတော့တယ် ..
    သူတို့ နှစ်ယောက်ပြောသလို စဖတ်ပြီး ဘယ်သူမှ မမန့်ခင်ကတည်း က ကြည့်လုပ်နော် လို့ ရေးချင်နေတာ ..
    အဆုံးသတ် ကောင်းလေ့ မရှိဘဲ etone တို့ ပြောသလို ဖြစ်တတ်လွန်းလို့ ..
    အမြဲ အကောင်း မမြင်သူဖြစ်မှာစိုးတာ နဲ့ ငြိမ်နေတာ .. 😀
    သိပ်စေတနာ ရှိခဲ့ရင် ကြောင်လေး အကြံ အကောင်းဆုံးလို့ ထင်ပါသည်။

  • အလင်းဆက်

    August 6, 2012 at 7:04 pm

    အး..ဗိုက်ရေ…
    တားတား လည်း..ဖတ်ရှု..သွားပါဒယ်.။

    တားတား ကို ဂျယ်လီ ဝယ်ကျွေးဦးနော် ။

  • မဟာရာဇာ အံစာတုံး

    August 17, 2012 at 9:10 pm

    ဟဲ့ တောင်မ ..
    နင်ဂလည်း ရွာထဲတောင် မဝင်ဘူး ..
    ဘာတွေများ အလုပ်ရှုပ်နေလို့လဲ …
    ရွာထဲ လာဦး …
    ဒါဘဲ ပြောချင်ဒယ် … 😀

Leave a Reply