ကျောင်း ပိတ် ရက် လေး များ

aye.kkAugust 6, 20121min21930

ကျောင်း ပိတ် ရက် လေး များ ၊ နား ဖို ့တော့ မ စဉ်း နဲ ့ဟု ဆို ရ လောက် အောင် ပါ ။
ဘယ် တော့ မှ လည်း မ နား ရ သည့် အ ပြင် ။ မ အား ရ ပါ ဘူး ။ အ မေ က တော့ စား စ ရာ မျိုး စုံ လုပ် ကျွေး ရင်း နဲ ့ သာ အ ချိန် ကုန် စေ ခဲ့ တာ ပါ ။
အ မေ က တော့………………..။
ကျ မ တို ့မောင် နှ မ များ ရဲ ့ကျောင်း ပိတ် ရက် လေး များ မှာ ။ ရာ သီ အ လိုက် မ ရိုး နိုင် အောင် စား စ ရာ အ မျိုး စုံ လုပ် ကျွေး တတ် ပါ တယ် ။
အိမ် နောက် ခြံ ထဲ မှာ စိုက် ထား တဲ့ အုန်း ပင် က အ ပင် နှစ် ဆယ် ကျော် မျှ ရှိ ပါ တယ် ။ ခြံ ထဲ က အ ညှာ ခြောက် ပြီး ကြွေ ကျ လာ တဲ့ အုန်း သီး တွေ ၊ အ မြဲ လို လို ကောက် ကောက် ထား တာ ။ တ ပါတ် ကို လေး ငါး ခြောက် လုံး ခွန် နှစ် လုံး ခန် ့ အ မြဲ ရှိ တတ် ပါ တယ် ၊ အ လုံး လှ လှ တွေ ကို တော့ မျိုး ဖောက် ဘို ့ထား ပါ တယ် ။ အုန်း အ ပင် ပေါက် ဖောက် ပြီး ပြန် ရောင်း စား ပါ တယ် ။
ကျန် တဲ့ အုန်း သီး အ ခြောက် တွေ ကို တော့ ၊ အ ပတ် စဉ် ကျောင်း ပိတ် ရက် ၊ အ ဖေ့ ရုံး ပိတ် ရက် များ မှာ
အ မေ က မိ သား စု တွေ အား လုံး ပါ ဝင် တဲ့ ၊ စား စ ရာ အ စုံ အ လင် လုပ် ကျွေး တတ် ခြင်း ပါ ဘဲ ။

မိုး ရာ သီ ကျောင်း ပိတ် ရက် လေး တွေ မှာ တော ့…
အုန်း ထ မင်း ၊ အုန်း နို ့ခေါက် ဆွဲ လုပ် ကျွေး တတ် ပါ တယ် ။
မိ သား စု ဝင် များ တဲ့ အ တွက် ၊ ဆန် နို ့ဆီ ဖူး (၈) လုံး ချက် ပါ တယ် ။ အုန်း သီး ခြောက် အ လုံး ရင့် ရင့် ။ သ ဂျူ ့ သွေး ထွက် စ ပြု နေ တဲ့ ။ အုန်း သီး ကို အုန်း ထ မင်း ချက် ဖို ့ ရာ အ မေ က ရွေး ပါ တယ် ။ အ ဖေ က တော့ အုန်း သီး ခွဲ ပေး ပါ တယ် ။ အ ခွံ သန် ့စင် အောင် နွှာ ထား ပြီး သား ။ ချော မွတ် နေ တဲ့ အုန်း သီး အ လုံး ကို လက် ထဲ ထည့် ပြီး ။ အ ညှာ နဲ ့ခေါင်း ကို လက် မ ၊ လက် ချောင်း များ နဲ ့အ သာ အ ယာ ဖိ ထား ပြီး မှ သာ အ လယ် တည့် တည့် ကို ချိန် ဆ ပြီး ဒါး နဲ ့ တ ချက် ထဲ ခွဲ ချ လိုက် တာ ပါ ။ အုန်း သီး က လည်း အ လယ် တည့် တည့် က နေ ဘဲ ။ တိ တိ ရိ ရိ ပြတ် ပြီး ညီ ညီ ညာ ညာ နဲ ့ပဲ ထက် ခြမ်း (နှစ် ခြမ်း) ကွဲ သွား တာ ။ အ ရမ်း ကြည့် လို ့ကောင်း ပါ တယ် ။ အုန်း သီး ထဲ က သ ဂျူ ့ သွေး ကို တော့ ။ ကျ မ တို ့မောင် နှ မ ထဲ က ကြိုက် တဲ့ သူ ပဲ စား ကြ ပါ တယ် ။

အုန်း သီး ခွဲ တဲ့ အ ခါ ၊ ထက် ခြမ်း မ ညီ ရင် အုန်း သီး ခြစ် တဲ့ အ ခါ ၊ အ ခက် ခဲ တွေ ့ရ တတ် တယ် ။ စိတ် ဒု က္ခ တွေ ့ရ တယ် လို ့ အ ဖေ က ပြော ပြ ပါ တယ် ။ အ မေ က တော့ ပြုံး ပြီး ။ ဖေ ကြီး ပြော တာ မှန် မှ မှန် ဆို ပြီး ထောက် ခံ ပါ တယ်။ အုန်း ထ မင်း ချက် ရာ မှာ အ မေ က တော့ တောင် ပျံ ( စ ပါး နက် ) ဆန် နဲ ့သာ အ မြဲ ချက် ပါ တယ် ။ ပု သိမ် ပေါ် ဆန်း မွှေး ကို မ သုံး ပါ ဘူး ။
ဆန် နို့ ဆီ ဖူး (၈) လုံး အ တွက် ။ အုန်း နို ့ညှစ် ထား တဲ့ အ ရည် ကို နို ့ဆီ ဖူး (၈) လုံး ကိုက် ကွက် တိ ချိန် ထဲ့ ပါ တယ် ။ ဆား အ နည်း ငယ် ထဲ့ ပါ တယ် ။ မြေ ပဲ ဆီ သန် ့သန် ့ကို စ တီး ဇွန်း (ဟင်း သောက် ဇွန်း) နဲ့ လေး ငါး ဇွန်း မျှ ထည့် ပါ တယ် ။ သ ကြား က တော့ (၅) ကျပ် သား ထည့် ပါ တယ် ။ အ ဖေ က ချို ချို အီ အီ ကို အ ရမ်း ကြိုက် လို ့ ပါ ။ ကြက် သွန် နီ ဥ (အ နေ တော်) အ ရွယ် အ လုံး လေး တွေ ကို တော့ ဆယ့် ငါး ကျပ် သား လောက် ထည့် ပါ တယ် ။ အ နည်း ဆုံး ကြက် သွန် နီ ဥ အ လုံး တွေ ဆယ် လုံး ကျော် လောက် ရ တဲ့ အ ရွယ် အ နေ ထား တွေ ပါ ။ ကြက် သွန် နီ က တော့ အုန်း နို ့ ပါ တဲ့ အ တွက် ။ သွေး မ တိုး စေ ဘူး လို ့ အ ဖေ က ပြော ပြ တော့ ။ အ မေ က များ များ ထဲ့ သုံး ပါ တယ် ။

တ ပြည် ဝင် အိုး ထဲ မှာ ၊ အား လုံး စုံ လင် အောင် ထည့် ပြီး ။ မီး ပြင်း ပြင်း ( ထင်း မီး) နဲ ့ ချက် ပါ တယ် ။ ဆန် ပွက် ပွက် ဆူ လာ တဲ့ ချိန် မှာ ယောက် မ နဲ ့ မွှေ ပြီး ။ ပြစ် ခဲ လာ တဲ့ အ ချိန် ။ ဆန် အ နေ အ ထား ကို ကြည့် ပြီး မှ မီး အ ရှိန် ကို လျော့ ချ လိုက် ပါ တယ် ။ ထင်း မီး က ထွက် လာ တဲ့ မီး ခဲ ပြင်း ပြင်း နဲ ့ဆယ် ငါး မိ နစ် ခန် ့ မျှ ထား ပါ တယ် ။ အုန်း ထ မင်း ရ နံ ့သင်း ကြိုင် ။ မွှေး လာ မှ သာ ။ အောက် က ထင်း မီး ခဲ တွေ ကို အိုး အ ဖုံး ပေါ်ကို ပြန် ပြောင်း ပြီး တင် ပါ တယ် ။ ထင်း မီး ခဲ လည်း အ ကျ ။ အုန်း ထ မင်း အိုး လည်း နပ် ပြီး ကျက် သွား ပါ တော့ တယ် ။

အုန်း ထ မင်း နဲ ့စား တဲ့ ဟင်း လျှာ တွေ အ ဖြစ် ၊ ကြက် သား ဟင်း (အိမ် ကြက် )၊ ဘဲ သား ဟင်း ( အိမ် ဘဲ) ၊ မာန် ဒါ လီ သား ဟင်း တွေ နဲ ့တွဲ ဖက် ပြီး ချက် ကျွေး ပါ တယ် ။ ဒီ တ ပါတ် မှာ ကြက် သား နဲ ့ချက် ကျွေး ရင် နောက် အ ပါတ် တွေ မှာ ဘဲ သား နဲ ့ချက် ကြွေး တတ် ပါ တယ် ။

အုန်း ထ မင်း ရိုး အီ သွား တဲ့ ခါ ၊ အုန်း နို ့ခေါက် ဆွဲ ကို တ လှည် ့လုပ် ကျွေး တတ် ပြန် ပါ တယ် ။ မိုး အေး တဲ့ ရာ သီ ဥ တု ကာ လ တွေ မှာ ၊ အ ပူ ကန် တတ် တဲ့ အ စား စာ မျိုး က ၊ အ ပူ ကန် တာ ကို ပြေ လျော့ စေ တယ် ။ လိုက် ဖက် တယ် ဆို ပြီး ။ အ ဖေ က အ မေ့ ကို ပြော ပြီး လုပ် ကျွေး ခိုင်း တာ ပါ ။
အုန်း နို ့ခေါက် ဆွဲ က တ အိမ် သား လုံး ကြိုက် နှစ် သက် ကြ တာ ပါ ။ မောင် နှ မ တွေ အား လုံး ပျော် ကြ ရ ပါ တယ် ။ အိမ် မှာ လုပ် စား တဲ့ အ ခါ တိုင်း ။ ဘေး က အိမ် တွေ အ တွက် ပါ ပေး နိုင် အောင် ပို ပို သာ သာ လေး လုပ် စား ပါ တယ် ။ အ မေ ချက် တဲ့ အုန်း နို ့ခေါက် ဆွဲ က တော့ စ ပါယ် ရှယ် ပါ ဘဲ ။ ကြက် ဥ ခေါက် ဆွဲ အ စီး ကြီး (၃) စီး လောက် ပြုတ် ပါ တယ် ။
ကု လား ပဲ (၃) ဖူး ၊ အုန်း သီး (၁) လုံး နဲ ့တ ခြမ်း ၊ ကြက် သား (၇၅) ကျပ် သား အ နေ ရွယ် (၁) ကောင် ၊ နို ့ဆီ (၁) လုံး ၊ နို ့စိမ်း ဘူး (၁) ဗူး ၊ ပဲ စိမ်း မှုန် ့(၅) ကျပ် သား ၊ ကြက် သွန် နီ ဥ (၂၅) ကျပ် သား ၊ ဘဲ ဥ (၅) လုံး ၊ သ ကြား (၁ဝ ) ကျပ် သား တို ့ ၊ ပါ ဝင် ထည့် သုံး ပါ တယ် ။

ကု လား ပဲ ပြုတ် ထား စဉ် ၊ ပဲ များ မ ဝေ ကျ အောင် ( ဆား ၊ ဆ နွင်း ၊ မြေပဲဆီ နှစ် ကျပ် ခွဲ သား ခန် ့) ထဲ့ ပြီး ပြုတ် ပါ တယ် ။ ကု လား ပဲ ကို နှူး အိ နေ အောင် ပြုတ် ပြီး ၊ ပဲ စစ် ဇ ကာ နဲ ့စစ် ပြီး ဆယ် တင် ပါ တယ် ။ နှူး အိ နေ တဲ့ ကု လား ပဲ တွေ ကို ချေ ပြီး ၊ သစ် သား ဆုံ မှာ သစ် သား ကျည် ပွေ ့နဲ ့ညက် နေ အောင် ၊ စီး ပိုင် နေ သည် အ ထိ ပြန် ထောင်း ပါ တယ် ။ ကြက် သား ရင် ပုံ အ သား တွေ ကို နေ တော် အ တုံး လေး တွေ တုံး ပြီး ၊ ညှီ နံ ့မ ရ အောင် ၊ ရေ နွေး ပွက် ပွက် ဆူ နေ တဲ့ အ ချိန် မှာ ။ ခ ဏ မျှ နစ် ပြီး ချက် ချင်း ပြန် ဆယ် တင် ယူ လိုက် ပါ တယ် ။ ဂျင်း ၊ ကြက် သွန် ဖြူ ၊ ကြက် သွန် နီ ၊ တို ့ကို ညက် အောင် ထောင်း ထား ပြီး ၊ င ရုပ် အ စိမ်း မှုန် ့( အ ရောင် တင် မှုန် ့) နဲ ့ဒ ယ် အိုး ထဲ မှာ မွှေး နေ အောင် ဆီ သပ် ပါ တယ် ။ မွှေး လာ ပြီ ဆို မှ ဆယ် တင် ထား တဲ့ ကြက် သား ရင် ပုံ အ သား တွေ ပါ ထဲ့ ပြီး နှူး လာ သည် အ ထိ ဒယ် အိုး ထဲ မှာ ပဲ ၊ ကြော် ပြီး နှပ် ထား လိုက် ပါ တယ် ။ (အ ပေါ့ အ ငံ အ ရ သာ ကို တော့ လို သ လို ထဲ့ ပါ တယ် )

အ ရိုး တောင် ပံ ၊ လည် ချောင်း ရိုး ၊ ခေါင်း ၊ ခြေ ထောက် ။ ပေါင် သား တွေ ကို တော့ ဆား ၊ ဟင်း ချို နှုန် ့အ နည်း ငယ် ထဲ့ ပြီး ၊ စ ပ လင် နဲ ့မွှေး ကြိုင် နေ အောင် နှူး သည် အ ထိ ပြုတ် ထား ပါ တယ် ။
ကြက် သွန် နီ (၂၅) ကျပ် သား ၊ အ နေ တော် အ ရွယ် ဥ အ လုံး လေး တွေ ကို ၊ အ ခွံ သင် ပြီး တော့ ရေ စင် အောင် ဆေး ထား ပါ တယ် ။

ဟင်း ရည် ချက် မယ့် အိုး ထဲ မှာ ။ ညက် နေ အောင် ထောင်း ထား တဲ့ ကု လား ပဲ တွေ ကို ၊ ကု လား ပဲ ပြုတ် ထား တဲ့ အ ရည် ၊ ကြက် သား အ ရိုး ပြုတ် ထား သည့် အ ရည် ၊ ရေ သန် ့အ နေ တော် အ လော တော် ခန် ့ထပ် ထည့် ပြီး ။ ပွက် ပွက် ဆူ သည် အ ထိ တည် ထား ပါ တယ် ။ ဆူ နေ တဲ့ အ ချိန် မှာ ပဲ ။ ငါး ငံ ပြာ ရည် ကို ဟင်း သောက် ဇွန်း နဲ ့အ နေ တော် မှန်း ပြီး ထဲ့ ပါ တယ် ။ ပဲ စိမ်း မှုန် ့ကို ရေ နဲ ့ဖျော် ပြီး မ ပြစ် မ ကျဲ အ နေ တော် ကို ထဲ့ ပြီး ။ ယောက် မ နဲ ့သ မ အောင် မွှေ ပါ တယ် ၊ ပြီး ရင် တော့ နို ့ဆီ ဖောက် ထဲ့ ပါ တယ် ၊ နို ့စိမ်း ရည် ဖောက် ထဲ့ ပါ တယ် ။ သ ကြား ထဲ့ ပါ တယ် ။ အုန်း နို ့ညှစ် ထား တဲ့ အ ရည် တွေ ထဲ့ ပါ တယ် ။ အ နံ ့မွှေး လှိုင် ပြီး ။ တည် သား ရ လာ တဲ့ အ ချိန် မှာ တော့ ။ ဆီ သပ် ပြီး နှပ် ထား တဲ့ ကြက် သား ရင် ပုံ အ သား တွေ ၊ တောင် ပံ နဲ ့ အရိုး တွေ ကို ထဲ့ ပါ တယ် ။ အ ခွံ သင် ပြီး ရေ ဆေး ထား တဲ့ ၊ ကြက် သွန် နီ ဥ အ လုံး တွေ ကို ပါ ၊ ထပ် ပြီး ထဲ့ လိုက် ပါ တယ် ။

ဘဲ ဥ (၅) လုံး ခန် ့ ကို တော့ ဖောက် ပြီး ဇွန်း နဲ ့နာ နာ ခေါက် ပြီး မွှေ ထား လိုက် ပါ တယ် ။
ကြက် သွန် နီ ဥ အ လုံး လေး များ နှူး လာ တဲ့ အ ချိန် ။ အ နံ ့အ ရ သာ ပြည့် စုံ ပြီး မွှေး လာ တဲ့ အ ချိန် ။ ဟင်း အိုး က လည်း မီး ဖို ပေါ် မှာ ။ ပွက် ပွက် ဆူ နေ ပြီး ။ ဟင်း အိုး ချ ခါ နီး လေး မှာ တော့ ။ ဟင်း ရည် အိုး အ ပေါ် က နေ ၊ ဘဲ ဥ ခေါက် ထား တဲ့ အ ရည် တွေ ကို ဝေ့ ပြီး ထည့် ချ လိုက် ပါ တယ် ။ ဘဲ ဥ အ ရည် များ လည်း ကျက် ။ ဟင်း အိုး လည်း ရ ။ အ မေ လည်း မီး ဖို ပေါ် က ချ ပါ တော့ တယ် ။

အ နံ ့အ ရ သာ ပြည့် စုံ တဲ့ အုန်း နို ့ခေါက် ဆွဲ ကို တော့ ၊ မောင် နှ မ တွေ အား လုံး က ကြိုက် နှစ် သက် လှ ကြ ပါ တယ် ။ အုန်း နို ့ခေါက် ဆွဲ နဲ ့တွဲ ဖက် စား သုံး မဲ့ ကြက် သွန် နီ ဥ အ စိမ်း တွေ ကို ရေ စင် အောင် ဆေး ပြီး ။ မ ထူ မ ပါး ခပ် များ များ လေး လှီး ထား ပါ တယ် ။ မွှန် တဲ့ အ နံ ့ နဲ ့စား သုံး ရ တာ ကို နှစ် သက် လို ့၊ ရေ စင် အောင် မ ဆေး တော့ ဘဲ ရေ ထဲ မှာ ခပ် ဖွ ဖွ လေး ဆေး ပြီး ဆယ် ယူ စစ် ထား လိုက် ပါ တယ် ။

အုန်း နို ့ခေါက် ဆွဲ နဲ ့လိုက် ဖက် တဲ့ ၊ ဆန် နဲ ့လုပ် ထား တဲ့ မုန် ့ကြွပ် ကြော် ၊ သံ ပု ရာ သီး ၊ ရှောက် သီး ၊ င ရုပ် ကျက် မှုန် ့ ၊ ကြက် သွန် စိမ်း တို ့နဲ ့တွဲ ဖက် ပြီး စား သုံး ပါ တယ် ။ ဘေး က အိမ် ကို လည်း ဝေ ပေး ပါ တယ် ။ ကျောင်း ပိတ် ရက် အ ပတ် တိုင်း ၊ ဝ တ္တ ရား မ ပျက် မ ကွက် လုပ် ကျွေး တတ် တာ အ မေ ပါ ဘဲ ။ အ မေ က တော့ စား စ ရာ မျိုး စုံ လုပ် ကျွေး တတ် ပါ တယ် ။

နွေ ရာ သီ ကာ လ ကျောင်း ပိတ် ရက် ရှည် တွေ ရောက် ရင် လည်း ။ အ ဖေ ရုံး ပိတ် ရက် ဖြစ် တဲ့ စ နေ ၊ တ န င်္ဂ နွေ ရက် တွေ မှာ ။ မုန် ့ လုပ် စား ဖြစ် တာ က တော့ အ မြဲ ပုံ မှန် ပါ ဘဲ ။
ပူ အိုက် တဲ့ နွေ ဦး ရာ သီ ကာ လ ရဲ ့ကျောင်း ပိတ် ရက် တွေ မှာ ၊ အ မေ လုပ် ကျွေး သည့် မုန် ့ပဲ သွား ရေ စာ များ က ၊ မုန် ့ လက် ဆောင်း လို ့ခေါ် တဲ့ ရွှေ ရင် အေး ၊ ပေါင် မုန် ့အုန်း နို ့ဆမ်း ၊ သာ ကူ ပြင် ၊ မုန် ့ပိ န္နဲ စိ ၊ ရွှေ ကြည် ဟာ လ ဝါ များ ပါ ဘဲ ။ လုပ် စား ရ တာ လည်း အ လွန် လွယ် ကူ ပြီး ဝမ်း အေး တဲ့ မုန် ့ပဲ သွား ရည် စာ တွေ ဖြစ် လို ့။ အ မေ လုပ် ကျွေး တတ် ပါ တယ် ။ မုန် ့ပိ န္နဲ စိ တ မျိုူး နဲ ့ရွှေ ကြည် ဟာ လ ဝါ က တော့ ။ လုပ် ရ တာ လက် ဝင် ပါ တယ် ။

ရွှေ ရင် အေး လုပ် ကျွေး တဲ့ နေ ့ဆို ဈေး ထဲ က မုန် ့လက် ဆောင်း ဖတ် တွေ အ မေ ဝယ် လာ ပါ တယ် ။ ထ ညက် ရည် ကျဲ ကျဲ ကျို ၊ အုန်း နို ့ရည် ကျို ပြီး နှစ် မျိုး လုပ် ပေး ပါ တယ် ။ သ ကြား ရည် ကို လည်း သပ် သပ် ကျို ထား ပါ တယ် ။ အုန်း သီး အ သား တွေ ကို ဖန် စီ ခွက် အ ဖုံး ကို ကိုင်း တတ် ပြီး ခြစ် ထား ။ ပြီး ရင် တော့ ထ ညက် ရည် နဲ ့ ကြိုက် တတ် ရင် တော့ ။ မုန် ့လက် ဆောင်း ဖတ် ကို ၊အုန်း သီး အ သား ဖတ် နဲ ့တွဲ ပြီး သောက် ကြ ပါ တယ် ။ အုန်း နို ့ရည် နဲ ့ကြိုက် တတ် တဲ့ သူ က တော့ ၊ အုန်း သီး အ သား ဖတ် ထဲ့ ပြီး စား စ ရာ မ လို တဲ့ အ တွက် ။ မုန် ့လက် ဆောင်း အ ဖတ် ကို ၊ အုန်း နို ့အ ရည် ၊သ ကြား အ ချို ရည် တွေ နဲ ့။ လို သ လို ထဲ့ ပြီး သောက် ကြ ပါ တယ် ။

သာ ကူ ပြင် က တော့ အ လွယ် ဆုံး ပါ ဘဲ ။ ရေ နွေး ကျို ပြီး ဆူ လာ ရင် သာ ကူ စေ့ တွေ ဖောက် ထဲ့ ၊ မျက် စေ့ ပျောက် လာ ခါ နီး အ ထိ ယောင်း မ နဲ ့တ ရ စပ် မွှေ ။ ပြီး ရင် လင် ပန်း ထဲ လက် နှစ် လုံး ခန် ့ အ ထူ အ ပြား လိုက် လောင်း ထည့် သွား ပြီး မှ ။ အေး ခဲ သွား အောင် ။ အ အေး ခံ ထား လိုက် ပါ တယ် ။ သာ ကူ ပြင် အေး ပြီ ဆို ရင် တော့ ။ အ မေ က သာ ကူ ပြင် အ ခဲ အ ပြား တွေ ကို လင် ပန်း ထဲ မှာ ဒါး ပါး ပြား နဲ ့ ဆ နွှင်း မ ကင်း တုံး လေး တွေ လို မျိုး ၊ အ တုံး တုံး လေး တွေ လှီး ထား လိုက် ပါ တယ် ၊ အုန်း နို ့ကျို ချက် ထား တဲ့ အ ရည် ၊ သ ကြား ကျို ချက် ထား တဲ့ အ ရည် နဲ ့တွဲ ဖက် ပြီး ။ အ မေ က ကျွေး ပါ တယ် ။

မုန် ့ပိ န္နဲ စိ လုပ် စား ကြ ရင် တော့ ။ မောင် နှ မ တွေ အား လုံး လက် တွေ ကို ပြောင် စင် အောင် ဆပ် ပြာ နဲ ့အ သေ အ ချာ ဆေး ကြော ပြီး ၊ မုန် ့ပိ န္နဲ စိ အ လုံး တွေ ကို လင် ပန်း တွေ ထဲ မှာ ထည့် ပြီး လုံး ပေး ကြ ရ ပါ တယ် ။ အ လုံး ငယ် တွေ လုံး ပေး ရ တာ က အ တော် လက် ဝင် လှ ပါ တယ် ။ အဲ ဒီ နေ ့ မုန် ့ကြိတ် ဆုံ ကို သွား ပြီး ၊ ကောက် ညှင်း ဆန် ကို မုန် ့နှစ် ရည် ရ အောင် သွား ကြိတ် ပေး ရ ပါ တယ် ။ မုန် ့နှစ် ရည် စစ် သွား ရင် ခဲ နေ တဲ့ မုန် ့ နှစ် တွေ ကို ကြေ သွား အောင် လက် နဲ ့ဝိုင်း ချေ ကြ ပါ တယ် ။ လက် ထဲ မှာ ချေ လို ့စီး ပိုင် လာ ပြီ ဆို ရင် တော့ ၊ မုန် ့လက် ညိုး တွေ လို ရှည် ရှည် အ ချောင်း တွေ ရ အောင် လက် ဝါး နှစ် ဖက် ကြား မှာ ကြာ ကြာ လေး လိတ် ပြီး ယူ ပါ တယ် ။ ပြီး မှ သာ လက် တ ဆစ် ခန် ့မျှ ဖြတ် ဖြတ် ပြီး ။ အ လုံး ငယ် လေး တွေ လုံး ပေး ကြ ရ ပါ တယ် ။

အ မေ က တော့ ဆူ နေ တဲ့ ရေ နွေး အိုး ထဲ ကို ၊ လုံး ပြီး သား မုန် ့တွေ ကို ပစ် ပစ် ထဲ့ ပြီး ။ ကျက် ပြီး အိုး ပေါ် ၊ ပေါ် လာ တဲ့ မုန် ့ပိ န္နဲ စိ အ လုံး တွေ ကို ဆယ် ယူ ပြီး ရေ အေး နဲ ့ပြန် စိမ် ။ ဇ ကာ နဲ ့စစ် ထား ပါ တော့ တယ် ။
ထ ညက် ရည် ကျို တဲ့ အ ခါ တိုင်း ။ အ မြဲ လို လို နှစ် ခါ ကျို ချက် ပါ တယ် ။ ပ ထ မ ကျို တဲ့ အ ချိန် မှာ ၊ ထ ညက် ကြေ သွား ရင် ၊ ကြေ ပြီး တဲ့ ထ ညက် အ ရည် တွေ ကို ၊ ပိတ် စစ် ဇ ကာ နဲ ့စစ် ပါ တယ် ။ စစ် ပြီး သား ထ ညက် ရည် ကို မှ မ ပြစ် မ ကျဲ အ နေ တော် ပြန် ပြီး ထပ် မံ ကျို ချက် ပါ တယ် ။ ထ ညက် ရည် ရ လာ ချိန် မှာ ၊ ကျက် ထား ပြီး သား မုန် ့ပိ န္နဲ စိ တွေ ကို ထဲ့ ပါ တယ် ။ ပြီး ရင် တော့ မီး ဖို ပေါ် က ချ လိုက် ပါ တယ် ။ အ ဖေ က တော့ ပူ ပူ လေး ပဲ ကြိုက် လို ့။ မီး ဖို ပေါ် က ချ တာ နဲ ့သုံး ဆောင် ပါ တယ် ။ အုန်း သီး ခြစ် ထား တဲ့ အ ဖတ် တွေ များ များ ထဲ့ ပြီး စား ကြ ပါ တယ် ။ သ င်္ကြန် ကာ လ တွေ မှာ တော့ ၊ သ င်္ကြန် ထ မင်း ၊ မုန် ့လုံး ရေ ပေါ် များ လုပ် စား ကြ ပါ တယ် ။

ကျ မ တို ့ကျောင်း တက် ခဲ့ တုံး အ ရွယ် ။ ကျောင်း ပိတ် ရက် လေး များ ။ မှတ် မှတ် ရ ရ များ နဲ ့ကုန် ဆုံး ခဲ့ ပါ တယ် ။။

30 comments

  • marblecommet

    August 6, 2012 at 2:09 am

    အန်တီအေးတို့ ကျောင်းပိတ်ရက်က
    ပျော်စရာကြီးပါလား …..
    ကျနော်တို့ ကျောင်းပိတ်ရက်များ
    တစ်နေကုန် တစ်နေခမ်းဘောလုံးသွားကန်
    အိမ်အလုုပ် ဝင်မကူတော့…..အဖေက
    မင်းတို့တွေ ဘောပဲသွားစားဆိုပြီး ရိက္ခာဖြတ်လိုက်လို့
    ငတ်ရတာလည်း အခါခါ ဟင့်…
    အန်တီအေးတို့ မေမေက
    သိပ်စည်းကမ်းရှိတာပဲနော့..
    ငါးပိကောင်လုပ်နည်းတုန်းကလည်းဖတ်ခဲ့ပါရဲ့
    အလုပ်လုပ်တာလည်း သိပ်ပြီးတိကျသပ်ရပ်တာပဲဗျား….
    လေးစားအားကျပါတယ် အန်တီအေးခင်ဗျား…..

    • aye.kk

      August 7, 2012 at 10:00 am

      marblecomment,ရေ..
      လေးစားတယ်ဆိုတာသိရလို ့ဝမ်းသာပြီးကျေးဇူးတင်မိရပါတယ်။
      နွေရာသီနေ ့လည်ခင်းကျောင်းပိတ်ရက်ရှည်တွေမှာ..ငှားထားတဲ့ခြံထဲကလဲမှို ့သီးတွေရင့်အက်ပြီဆိုရင်တော့…
      လဲမှို ့သီးရဲ ့အခွံတွေနွှာပြီး၊အစေ့ချွေလှေ ့ပေးရတယ်၊ပြီးရင်အမေကိုယ်တိုင်ချုပ်ထားတဲ့..
      တအိမ်သားလုံးအတွက်အိပ်တဲ့၊ခေါင်းအုံး၊မွေ ့ရာ၊ဖက်ခေါင်းလုံးတွေထဲလဲမှို ့သွတ်ပေးကြရတယ်။
      ငါးပိလုပ်ရင်လည်းဝိုင်းကူရ၊အဖေ့ရိုးရာအတွက်လည်းမအားရ၊ကစားချိန်ကနာရီဝက်ပေးတာ။
      ဆော့ချိန်မရလို ့၊အဖေစိုက်ထားတဲ့ပန်းမျိုးစုံတဲ့၊အိမ်ရှေ့ပန်းခြံထဲက
      ပုစဉ်းထိုးတွေဖမ်းပြီးစိတ်ပြေပျောက်ခဲ့ရတာလည်းအမြဲပါဘဲ။
      အိမ်ရှေ့အိမ်က၊ဘကြီးကပုစဉ်းထိုးတွေဖမ်းနေတာအမြဲတွေ ့ပြန်တော့ခေါ်ပြီးဆုံးမပြန်ပါတယ်။
      အမေစည်းကမ်းရှိတာ၊စည်းကမ်းကြီးတာတွေက..
      ဂုဏ်သတင်းပြန် ့နှံ ့ကာမွှေးလွန်းလှပါတယ်။မိသားစုအတွက်စံနမူနာတင်မက…
      အားလုံးကပါချီးကျူးထောပနာပြုခြင်းခံခဲ့ရပါတယ်။ခုလိုဝါတွင်းမှာအလှူရေစက်က
      လက်နဲ ့မကွာဆိုသလို၊ဥပုသ်သကာအာရုံဆွမ်း၊အချိုပွဲတွေလောင်းလှူဘို ့အတွက်လည်း
      အဖေခြံနောက်ဖေးမှာစိုက်ထားတဲ့ဇောင်းယားပင်နှစ်ပင်ကသီးတဲ့အသီးများ၊အကုန်အစင်ခူးချပြီး
      ယိုထိုးဘို ့အတွက်ဝိုင်းကူပေးကြရနဲ ့။တစက်လေးမှမအားရ။မနားခဲ့ရပါဘူး။
      အချိန်ကိုတန်ဘိုးထားတဲ့အမေ့ကို။အချိန်နဲ ့အမျှရင်ထဲသတိရနေမိပါတယ်။

      • marblecommet

        August 7, 2012 at 10:26 am

        အန်တီအေးရေ့…..
        ကျွန်တော်တို့လည်း ကျောင်းဆရာ သားသမီးဘဝမှာ
        ကြီးပြင်းလာရတာဆိုတော့ ငယ်ဘဝကတည်းက
        ဘယ်လောက်အဆော့သန်သန် အလုပ်နဲ့လက်နဲ့ကျောင်းနဲ့
        မပြတ်လုံးချာလည် လိုက်ခဲ့ရတာပါပဲဗျား….
        အသီးအရွက်ဆိုလည်း
        ဘာတစ်ခုမှ ဝယ်စားခဲ့ရတယ်မရှိဘူးလေ
        ဟင်းခတ်အမွှေးအကြိုင်အဆုံးပေါ့
        ကျွန်တော့်အဖေနဲ့ အမေကလည်း အနားကို မနေတတ်ဘူးဗျ
        ဒါပေမဲ့ ကျနော်လေးစားတာက
        အန်တီအေးအမေက စုံကို စုံလွန်းပါတယ်
        အစုံတတ် အစုံစနစ်ကျလွန်းလို့…..
        တကယ်ကိုလေးစားမိပါရဲ့..
        ……

  • မောင်ပေ

    August 6, 2012 at 9:26 am

    အန်တီအေးရဲ့နွေကျောင်းပိတ်ရက်တွေကို မိသားစုနဲ့အတူ မုန့်မျိုးစုံ လုပ်စားခဲ့တာကို ဖတ်ရတော့ ကျွန်တော့်ငယ်ဘဝကို ပြန်တွေးမိတယ်
    အဖေနဲ့အမေက ဈေးသည်တွေဆိုတော့ မျက်စိနောက်မှာစိုးလို့ မုန့်ဖိုးပေးပြီး ဂိမ်းဆိုင်ကိုလွှတ်ခဲ့တာပါပဲ ဂိမ်းဆော့ပြီးရင် အားကစားသင်တန်းတွေလှည့်သင်
    ညကြမှပဲ မိသားစုပြန်ဆုံခဲ့ရတယ်ဗျို့
    မုန့်လုပ်နည်းတွေကို တစ်မျိုးချင်းစီ လုပ်နည်းလေးတွေကိုလဲ ပြောပေးပါဦးခင်ဗျ

  • P chogyi

    August 6, 2012 at 9:37 am

    အုန်းထမင်းကို အရမ်းကြိုက်တယ်။ မုန့်လက်ဆောင်းလည်းကြိုက်တယ်။
    ငယ်ငယ်ကဆို အုန်ပင်ပေါ်ကိုယ်တိုင်တက်ခူးတဲ့အထိပဲ။
    အခုစားရင် သွေးတိုးလို့ မစားနိုင်တော့ဘူး။ (အခုဖတ်ရင်းနဲ့ သွေးတိုးသွားပြီ)
    မုန်းလက်ဆောင်းကတော့ အခုထိတွေ့တဲ့နေရာ စားတာပဲ။

  • ဦးဦးပါလေရာ

    August 6, 2012 at 11:10 am

    မအေးတို့ချက်တဲ့ အုန်းနို့ခေါက်ဆွဲက တမျိုုးထူးခြားတာပဲ..
    စိတ်ထဲမှာပုံဖေါ်ကြည့်တာ – ချို၊ဆိမ့်၊မွှေး နေမှာပဲ… လို့ထင်မိတယ်..။

  • Ma Ei

    August 6, 2012 at 11:24 am

    မုန့်ပိန္နဲစိ ပူပူချိုချိုလေး
    အုန်းသီးနိုင်နိုင်လေးဖြူးလို့
    စားကောင်းမယ့် ဖြစ်ချင်းနော်…

  • က်eipu

    August 6, 2012 at 11:35 am

    ပျော်စရာကျောင်းပိတ်ရက်လေးပါလား။
    စားချင်လိုက်တာ။

  • ko khin kha

    August 6, 2012 at 2:48 pm

    အုန်းနို့ခေါက်ဆွဲတို့၊ အုန်းထမင်းတို့၊ အုန်းနို့နဲ့ရွှေရင်အေးတို့ ကျွန်တော်အရမ်းကြိုက်တာပါ။
    အခုတော့ ဒါတွေ ဒါတွေ ပြီးခဲ့ပါပြီ ပြီးခဲ့ပါပြီ ဆိုသလို့ပါဘဲ မအေးရယ်။
    သွေးတိုးမှာကြောက်လို့ပါ။

    • aye.kk

      August 7, 2012 at 6:26 pm

      မောင်ပေ,….
      ကျေးဇူးပါ။
      မုန် ့လုပ်တဲ့နည်းတမျိုးစီကို၊အချိန်ရရင်။အလျှင်းသင့်သလိုတင်ပေးပါ့မယ်ကွယ်။
      ——————————————————————————————————
      ့P chogyi…ရေ
      ကျေးဇူးပါ။
      အန်တီလည်း၊အသက်ရလာတော့…
      အုန်းထမင်းကိုသိတ်မစားရဲတော့ဘူးကွယ်။
      —————————————————————————————————-
      ဦးဦးပါလေရာ…။
      ကျေးဇူးပါရှင်။
      ဒီတခါလုပ်စားဖြစ်ရင်ဓါတ်ပုံလေးနဲ ့တင်ပေးလိုက်ပါ့မယ်။
      အုန်းနို ့၊နို ့ဆီ၊နို ့စိမ်းထဲ့တဲ့အတွက်ချိုဆိမ့်ပြီးမွှေးပါတယ်။။
      —————————————————————————————————-
      ်Ma Ei,…ရေ။
      ကျေးဇူးပါ။
      အမေကအချိန်ရတဲ့အခါမျိုးဆို၊မုန် ့ပိန္နဲစိထဲကို
      အာလူးလေးတွေပါထဲ့ပြီးလုပ်ကျွေးတတ်ပါသေးတယ်။
      မုန် ့ပိန္နဲစိအလုံးလေးတွေပြုတ်တဲ့အိုးထဲမှာပဲ။
      အာလူးကိုအစိတ်သေးသေးအတုံးလေးတွေလှီးပြီးထဲ့ပြုတ်လိုက်ပါတယ်။
      မုန် ့ပိန္နဲစိအလုံးလေးတွေရယ်၊အားလူးအစိတ်သေးသေးအတုံးလေးတွေ
      ကျက်ပြီးသားတွေရယ်ကို၊
      ထညက်ရည်အိုးရလာတဲ့အချိန်မှာတော့အတူတူပဲထဲ့လိုက်တယ်။
      ခဏလေးထားပြီးတာနဲ ့မီးဖိုပေါ်ကနေချတာ။
      မုန် ့ပိန္နဲစိထဲ၊အာလူးထဲ့သောက်တဲ့အရသာကလည်းတမျိုးသောက်လို ့ပိုကောင်းတယ်။
      ပူပူလေးတုံးမှာသာက်ရတာကတော့အရမ်းကောင်းတာပါဘဲ။
      အုန်းသီးဖတ်များများထဲ့သောက်ရတာကလည်းအလိုက်ဖက်ဆုံးပါဘဲ။
      —————————————————————————————————-
      က်Eipu,ရေ..
      ကျွေးချင်မိပါ၏။။
      —————————————————————————————————-
      ကိုခင်ခရေ…
      ကျေးဇူးပါနော်။
      သွေးတိုးရှိရင်တော့မစားသင့်ပါဘူး။
      စားချင်ပေမယ့်၊အသက်အရစကားပြောလာတတ်ပါတယ်။
      အမလည်းကြိုက်လွန်းလို ့လုပ်စားပြီး၊ရှိနေတဲ့သွေးထပ်တိုးလို ့
      ဆေးခန်းပြေးရတာလည်းမကြာခဏပါဘဲကွယ်။

  • etone

    August 6, 2012 at 4:51 pm

    အန်တီအေးရေ .. မိသားစုတွေနဲ့ တစုတစည်းတည်း ထိုင်စားကြရတာကလည်း မိသားစုဘဝရဲ့ ပျော်ရွှင်ခြင်းအနှစ်သာရ တမျိုးပါပဲ … ။
    အုန်းသီးတွေနဲ့ ပျော်နေခဲ့တဲ့ အန်တီအေးတို့ကလေးဘဝက အရမ်းအားကျစရာကောင်းတာပါပဲ …. ။
    ကျွန်မတို့ဆို ….. ရှိတာမှ မောင်နှမ နှစ်ယောက် ၊ မျက်နှာချင်းဆိုင်တာနဲ့ …. လက်ဦးတဲ့ လူက .. ဆော်တော့တာပဲ … ။ ကလေးတုန်းကဆို လူကြီးတွေရှေ ့သာ အစ်ကို နဲ့ ညီမ အရမ်းချစ်ပြပေမယ့် … လူကြီးတွေ လစ်လျှင် ခဏခဏ … သတ်ကြတယ် … ။ ကျွန်မက .. အနိုင်ကျင့်တတ်သလို .. အစ်ကိုက … အရမ်း အစသန်တာကြောင့်ပါ … ။ နောက်ပိုင်းတော့ .. မောင်နှမဝမ်းကွဲတွေနဲ့ ….ယှဉ်တဲ့အခါ .. အရင်း ချာ ဖြစ်သူတွေကပဲ .. အရေးကြီးလျှင် သွေးစည်းကြတာပါပဲဆိုတာ သိလိုက်ရတယ် … ။

  • ဆူး

    August 6, 2012 at 5:17 pm

    ငယ်ငယ်ကတော့ ဦးပလာတာ ရောင်းတဲ့ အုန်းရေ ကို သွားဝယ်သောက်ပါတယ် တခွက် ၁ကျပ် တဲ့.. အသက်ကြီးလို့ လက်တုန်နေတော့ လာဝယ်သောက်တဲ့ ကလေးတွေကို သူ့ ခွက်ကလေးနဲ့ ခပ်လိုက်ရင် ခါရမ်း ခါရမ်းနဲ့ နည်းနည်း လျော့လျော့ နေလို့ သိပ်သဘောမကျချင်ဘူး။ ပျော်ဖို့တော့ အတော် ကောင်းတယ်။ အမှန်တော့ အုန်းသီး ခြစ်တဲ့ ညှစ်တဲ့ ဆိုင်တွေက အဲဒီလို အုန်းရေ မရောင်းစားကြပဲ သွန်ပလိုက်တယ်။ အဲဒီ ဆိုင်က ပရိတ်သတ် အားကောင်းလို့ ထင်တာပဲ.. အုန်းရေတွေကို ဒန်အိုးလေးနဲ့ ထည့်ပြီး ရောင်းတယ်။ နောက်ထပ် အုန်းသီးမှာ သဂျူ့သွေး စားရတာလည်း သဘောကျတယ်။ အုန်းသီး အစိတ်လေးတွေ ကတော့ အဖတ်တွေ ဝါးရတာ သိပ်သဘောမကျလှဘူး။
    ကျောင်းတက်တုန်းက အုန်းနို့ခေါက်ဆွဲ တပွဲ ၁ဝ နဲ့ မနက်တိုင်း ဘဲသွေး တခုနဲ့ စားဖြစ်တယ်။ အဲဒီ တုန်းက အချိန်လေးတွေကို သတိရလာမိတာတော့ အမှန်ပဲ။

  • mocho

    August 6, 2012 at 6:30 pm

    အန်တီ အေးတို့ မေမေ ရဲ့ စည်းစနစ် ကျပုံ တွေ က ကျမ အပါဝင်ခုခေတ် အိမ်ရှင် မတွေ အတု ယူ စရာပါ။
    စည်းကမ်း တကျနဲ့ ပျော် ရွှင်စရာ ငယ်ဘဝ လေးတွေ ကိုဖန်တီး ပေးနိုင် တဲ့ မိဘ တွေရဲ့ သားသမီး ဖြစ် ခွင့် ရတဲ့ အတွက် ဝမ်းသာ ဂုဏ်ယူ စရာပါ။

    • pooch

      August 8, 2012 at 10:55 pm

      ဟုတ်တယ်ဒေါ်ဒေါ် ညကြီးမင်းကြီး ခေါက်ဆွဲပြုတ်ရင်ကောင်းမလား တွေးနေတာ 😀

  • Hnin Hnin

    August 7, 2012 at 2:02 am

    အန်တီကေ ရေးထားတာတွေက စားချင်စရာလေးတွေနော်…ကွက်ကွက်ကွင်းကွင်းပဲ…ဒီထဲက မုန့်ကြာစိ၊ရွှေရင်အေး၊အုန်းထမင်းတို့ကို အရင်တုန်းက လုပ်ကျွေးဖြစ်ခဲ့တာမို့ တမ်းတမိသွားတယ်….
    မှတ်မှတ်ရရ ၆တန်းတုန်းက အိမ်ကလူတွေကို စာအုပ်ကြည့်ပြီး ဒူးရင်းသီးသာကူ စပြီး စပါယ်ရှယ် ကျိုတိုက်
    တာ၊နို့ဆီတွေရောထည့်တော့ ပျစ်နှစ်ပြီးတော့အီနေတာပဲ။ ညီမလေး သာကူကျိုကကောင်းလိုက်တာ
    ဆိုတာနဲ့ သဘောကျပြီး နောက်တော့ မေမေရန်ကုန်သွားနေတုန်း သူ့နို့ဆီ၊သကြားတွေနဲ့ စာအုပ်ကြည့်ပြီး မုန့်တွေတစ်မျိုးပြီးတစ်မျိုးစမ်းလုပ်ကျွးတာ..ညာစားကြတဲ့သူတွေကလည်း စားကြပေါ့။
    မေမေလည်း ပြန်လာရော အမလေး..ငါ့နို့ဆီတွေ၊သကြားတွေ ကုန်လိုက်တာလို့ ပြောပြီးနောက်ပိုင်း ရန်ကုန်သွားရင် နို့ဆီတွေကို မတွေ့ရတော့ဘူး..း)..။ အခုနောက်ပိုင်းတော့ မုန့်ဆိုလို့ သာကူကျိုတောင်
    လုပ်မစားဖြစ်သလောက်ပါပဲ။ ကော်ရည်၊ဝက်သားထမင်း၊ငါးထမင်း၊အသုပ်စုံ၊ခေါက်ဆွဲ/ကြာဇံကြော်၊
    ကြာဇံချက်၊အာလူးကတ်တလိပ်…ဒါတွေတော့လုပ်စားဖြစ်နေသေးတယ်။ အဲဒီအထဲမှာမှ အမယ် ၁၁ မျိုး
    ပါတဲ့ အိမ်အသုပ်စုံကတော့ အပြင်ဘယ်အသုပ်နဲ့မှ မလဲနိုင်တဲ့ အရာပါ။
    အစားအသောက်ပြင်ဆင်ချက်ပြုတ်ကျွေးမွေးတယ်ဆိုတာ ချက်သူရဲ့ စေတနာအပြင် စိတ်ရှည်သည်းခံမှုပါပါမှ ဟင်းကောင်းတစ်ခွက်ရတာပါ။
    အန်တီကေရဲ့ မေမေက အဲဒီအချက်တွေနဲ့ အတော်ပြည့်စုံခဲ့တာပဲနော်။ အပင်ပန်းလည်း အတော်ခံနိုင်
    ခဲ့တယ်။ လက်ရာလည်း ကောင်းပုံရတယ်။ နှင်းနှင်းအတိုင်းပဲ..ကြော်ငြာအတည်ဝင်တာပါ.. း)..
    နှင်းနှင်းဆို မုန့်တစ်ခုခုများ တစ်ယောက်ထဲစဆုံးလုပ်ပြီးရင် အမြဲလူကိုဟိုက်သွားတာပဲ။
    ခြေကုန်လက်ပန်းကျသွားတယ်။ ချက်ပြီးရင် လုပ်ထားတာတစ်အိုးကြီးကြည့်ပြီး
    အီနေပြီး နည်းနည်းပဲ စားနိုင်တော့တယ်။ ဒါကြောင့် တခါတလေသူများပို့ပေးတဲ့မုန့်လေးများစားရရင် ကိုယ့်အကြိုက်နဲ့ တွေ့တွေ့၊မတွေ့တွေ့သက်တောင့်သက်သာလေးရှိလှသမို့ ကျေးဇူးတွေတင်ပြီး
    (သူများချက်တာ စားချင်လို့ ကျေးဇူးတင်ရတာ)ကိုယ်ချက်တာမဟုတ်လို့လား မသိ၊ အရမ်းကောင်းတာပဲလို့ပြောပြီး အမြဲပဲ စားရတာအရသာကို ရှိနေတော့တာပဲ။

  • weiwei

    August 7, 2012 at 9:34 am

    ကျွန်မငယ်ဘဝတုန်းကတော့ အမေက အိမ်မှာ မုန့်လုပ်ကျွေးလေ့မရှိခဲ့ဘူး … မုန့်ဟင်းခါး အုန်းနို့ခေါက်ဆွဲ အုန်းထမင်း ထောပတ်ထမင်းတွေလောက်ပဲ လုပ်ကျွေးခဲ့ဖူးတယ် … အမေကိုယ်တိုင်က မုန့်မလုပ်တတ်ခဲ့တာလဲ တစ်ကြောင်းပေါ့ … ကျွန်မဆယ်တန်းရောက်ပြီး အရေးအခင်းဖြစ် ကျောင်းတွေအကြာကြီးပိတ်တော့မှ ဦးကြီးပု စာအုပ်တစ်အုပ်နဲ့ တစ်မျိုးပြီးတစ်မျိုး စမ်းလုပ်ခဲ့တာ … ရေမုန့်တို့ မုန့်လင်မယားတို့တောင် လုပ်ဖြစ်ခဲ့ဖူးတယ် … အိမ်မှာ အကူလုပ်ပေးတဲ့အမျိုးသမီးက ကုလားလူမျိုးဖြစ်နေလို့ တိုရှည်နဲ့ စမိုင်က ကျွန်မတို့အကြိုက်ဆုံးနဲ့ မကြာခဏလုပ်စားတဲ့အစားအစာတွေဖြစ်ခဲ့တယ် ..
    အခုတော့ လွယ်တာပဲချက်စားဖြစ်နေလို့ ဘယ်လိုလွယ်အောင်လုပ်ရမလဲလို့သာ အမြဲတမ်း အကြံထုတ်မိနေတော့တာပဲ … 😛

  • Shwe Ei

    August 7, 2012 at 12:35 pm

    အားကျလိုက်တာ အန်တီအေးရယ်။ မိသားစုဘဝရဲ့ အနှစ်သာရပြည့်ဝမှုကို ကွက်ကွက်ကွင်းကွင်း မြင်ခွင့်ရလိုက်တာပါဘဲ။ ကျမတို့ ကလေးတုန်းက အမေလုပ်ကျွေးတဲ့ မုန့်တွေကို အားရပါးရစားကြတာကလွဲလို့ တခါမှကူမလုပ်ဖူးပါဘူး။ အခု ကိုယ့်အလှည့်ကျ အမေ့ကို ready made အစားအစာတွေဝယ်ကျွေးနိုင်တာကလွဲလို့ တခါမှချက်ကျွေးတဲ့အဆင့်မရောက်နိုင်သေးဘူး။ 🙂

  • amatmin

    August 7, 2012 at 12:53 pm

    အန်တီအေး ပို့စ်လေးဖတ်ပီး ကျနော့အမေကို တောင်သတိရမိသေး..
    အခါကြီးရက်ကြီးတွေဆို အမြဲမုန့်လုပ်ကျွေးတတ်ပ..
    ကျနော်ဆိုတဲ့ကောင်ကလည်း လုပ်ကျွေးတိုင်း မှတ်မှတ်ရရအကောင်းမပြောတတ်. 🙂
    ဆိုတော့ အိမ်မှာဆို မုန့်လုပ်စားတိုင်းပြသာနာကောင်စစ်စစ်.
    အင်း အခုလိုရေးထားတာလေးဖတ်မိရမှ..
    ကျေးဇူးတင်ရကောင်းမှန်းသိလာသလိုလို.. 🙁
    အန်တီအေးရဲ့ မှတ်မှတ်ရရစာတွေကိုဖတ်ပီး..မှတ်မှတ်ထင်ထင်လေးတွေ
    ပြန်တွေးမိစေတဲ့အတွက် .ကျေးကျေးပါဗျ..

  • aye.kk

    August 7, 2012 at 7:08 pm

    etone,…ရေ။
    အုန်းသီးတွေနဲ ့ပျော်နေခဲ့တဲ့၊အန်တီတို ့ရဲ ့ကလေးဘဝကိုအားကျမိတယ်ဆိုလို ့
    အန်တီအတိုင်းထက်အလွန်ဝမ်းသာမိရပါတယ်ကွယ်။
    အမေကတော့ပြောပြပါတယ်။
    ငါတို ့လင်မယားနှစ်ယောက်က…
    အိမ်ယာထူထောင်တဲ့ချိန်မှာ၊အုန်းတွေချထားခဲ့တယ်ပေါ့နော်။
    အုန်းကျေးဇူးကကြီးမားလှကြောင်း၊အမေကတဖွဖွပြောပြတတ်ပါတယ်။
    အုန်းသီးတွေရောင်းချရတဲ့ပိုက်ဆံနဲ ့ကျောင်းစရိတ်တွေဖူလုံခဲ့တယ်။
    အုန်းပင်ဖောက်ရောင်းတဲပိုက်ဆံကဟင်းလျှာဘိုးအတွက်ကာမိတယ်။
    ရိုးရာမုန် ့လုပ်ပွဲအတွက်လည်း၊အုန်းသီးဆိုနိုင်နိုင်သုံးနိုင်တယ်။
    စနေ၊တနင်္ဂနွေမှာလည်း၊အုန်းသီးနဲ ့လုပ်စားတဲ့မုန် ့မျိုးစုံလုပ်ကျွေးနိုင်လို ့..
    အဖေနဲ ့အမေကအုန်းရဲ ့အကျိုးပြု။ကျေးဇူးရှိတာတွေကိုဂုဏ်ယူမဆုံးနိုင်ခဲ့ပါဘူး။။
    အန်တီအခုတိုင်အထိ။အုန်းကိုမြင်ရင်ကျေးဇူးရှိတဲ့အပင်လို ့ပဲမြင်တယ်။
    အုန်းပင်ကိုလည်းအန်တီအရမ်းကိုတန်ဘိုးထားမြတ်နိုးလှပါတယ်။။
    —————————————————————–
    ဆူးရေ…
    အုန်းရေသွားဝယ်သောက်တယ်ပြောတော့။
    အန်တီသတိရ၊အမှတ်ရနေတာကိုပြောပြချင်မိပါတယ်။
    အန်တီအဖေက။
    နိုင်င်ငံခြားကလာတဲ့သုံးနှစ်နဲ ့သီးတဲ့အပင်ပုမျိုး(၁)ပင်ကိုရေတွင်းနဲ ့
    အနီးဆုံးနေရာလေးမှာစိုက်ထားတယ်။ဝက်အရပ်နဲ ့တောင်မလွတ်လို ့
    ဝက်မလွတ်အုန်းဆိုပြီးအဖေကနာမည်ပေးထားတာ။
    အုန်းရေကအရသာအင်မတန်ကိုကောင်းမွန်ပြီးအချိုလေးပင်လှပါတယ်။
    အဖေကအုန်းရေသောက်နဲ ့ဇွန်းချစ်စားဘို ့အတွက်စိုက်ခဲ့တာပါ။
    အဲဒီတုံးကတော့တမြို့လုံးမှာမှတပင်ထဲရှိလို ့၊သူ ့မိတ်ဆွေများကိုအဖေကပြောမဆုံးဂုဏ်ယူမဆုံးပါဘဲ။
    အုန်းကတနှစ်မှာအပင်ရဲ ့အမြင့်တဆစ်နှုံးကိုအရှည်ထွက်တယ်
    ဆိုပေမယ့်လို ့။
    အုန်းကအပင်ပုမျိုးဆိုတော့လူရဲ ့အရပ်အမြင့်လောက်ထိကအစွမ်းကုန်အမြင့်ဆုံးပါဘဲ။
    လူတရပ်စာအမြင့်ကနေဆက်မတက်နိုင်တော့ပါဘူး။
    သုံးနှစ်သားအရွယ်မှာဝက်အရပ်အမြင့်လောက်နီးပါးရှိတဲ့အချိန်မှာအသီးစတင်သီးတာပါ။
    အပင်လည်းအို။ကျသွားတဲ့အချိန်ထိပါဘဲ။အပင်အိုတဲ့ချိန်အသီးထွက်နှုံးကတော့
    နည်းသွားပါတယ်။
    အန်တီသားကြီးကိုယ်ဝန်ဆောင်ထားတဲ့အချိန်၊အုန်းရေသောက်ရင်
    မွေးဖွားရလွယ်ကူတယ်ဆိုလို ့၊ အုန်းကလည်းအန်တီအရပ်သာသာရယ်ဆိုတော့
    နေ ့တိုင်းခူးပြီး၊အုန်းရေသောက်ဇွန်းချစ်စားဖြစ်ခဲ့တာပေါ့နော်။
    မွေးလာတော့သားကဂေါင်းမှာဆံပင်တောင်ပါမလာတော့ဘူး၊အုန်းရည်ကပူတယ်ပေါ့နော်။
    အမျိုးသားရဲ ့အဒေါ်(နာ့စ်မက)အန်တီကိုဆူတာမှအရမ်းပါဘဲ။
    သတိရ၊အမှတ်ရသွားလို ့ပါကွယ်။
    —————————————————————–
    mocho,ရေ…
    ကွန်မန်းလေးဖတ်ရတာ..
    ဝမ်းသာကျေးဇူးတင်မိရပါတယ်ကွယ်။
    အန်တီတို ့ရဲ ့မြို ့မှာအမေရဲ ့ဂုဏ်သတင်းကကျန်ရစ်ဆဲပါဘဲကွယ်။။
    —————————————————————–
    Dr.padonmar.
    ကွန်မန်းလေးချီးမြှင့်အားပေးသွားတဲ့အတွက်ကျေးဇူးပါပဲ။
    —————————————————————–
    Hnin Hnin,..ရေ
    ကျေးဇူးပါ။
    အသုတ်စုံ၊အကြောင်းပြောလို ့ပြောပြချင်မိပါတယ်။
    အန်တီတို ့မောင်နှမတွေအတွက်ညနေစာဟင်းလျာတွေမှာ၊လျှာရင်းမြက်စေဘို ့အမေက
    အသုတ်တမျိုးမျိုးကို၊အမြဲတန်းထဲ့သုတ်ကျွေးမွေးစီမံဆောင်ရွက်ပေးခဲ့ပါတယ်။
    ပင်လယ်ကျောက်ပွင့်သုတ်၊သင်္ဘောသီးသုတ်၊သရက်သီးသုတ်၊
    မရမ်းသီးသုတ်တွေကစားကောင်းနှုတ်မြိန်ဟင်းလျာတွေပါဘဲကွယ်။
    ခုလိုမိုးရာသီ၊မိုးဦးကျလေဦးကျချိန်၊မိုးရွာလိုက်နေပူလိုက်ဖြစ်တဲ့အချိန်ဆို..
    အိမ်နောက်ဖေးခြံ၊ဂိုဒေါင်နဲ ့ကပ်ရက်မှာမှိုကျင်းကြီးထဲမှာမောင်နှမတွေမှိုလုနှုတ်ကြတာ
    ပျော်စရာကြီးပါဘဲကွယ်။သူ ့ထက်ငါရအောင်လုနှုတ်ကြလို ့အမေဆူတာခံကြရသေးတယ်။
    အမြစ်တွေပြတ်ထွက်အောင်နှုတ်ရင်လည်းအမေဆူတတ်ပါတယ်။
    နောင်နှစ်မှိုအထွက်နည်းမှာကြောက်လို ့လေ။ခုလိုမိုးရာသီမှာမှိုစင်းကောသုတ်စားပြီး
    မှိုဟင်းချိုကို၊သံပုရာသီးညှစ်၊ကြက်သွန်နီဥစိမ်းမထူးမပါးလှီးထားတာကို
    ရေစင်အောင်ဆေးပြီးထဲ့၊ငရုတ်ကျက်မှုန် ့လေးထဲ့သောက်ရတာ၊မမေ့နိုင်အောင်ပါဘဲကွယ်။
    —————————————————————–
    wei wei,ရေ…
    ကွန်မန်းအတွက်..
    ဝမ်းသာကျေးဇူးတင်မိပါတယ်။
    မဝေဝေရဲ ့ဟင်းလျာလေးတွေတင်ထားပေးတာတွေကိုလည်း
    အရမ်းနှစ်သက်မိပါတယ်။
    ဆန်လှော်ဟင်းချိုလေးကလွယ်ကူပြီးစားကောင်းတဲ့ဟင်းလျာလေးပါဘဲ။
    ကျမတော့အရမ်းနှစ်သက်သဘောကျမိလို ့ချက်စားဖြစ်ပါတယ်။
    —————————————————————–
    ှShwe Ei,ရေ..
    ကျေးဇူးပါ။
    အမေကသူလုပ်ကျွေးတဲ့အချိန်၊သူ ့အနားကမခွါဘဲနေခိုင်းတာ။
    အနားမှာနေပြီးအမေလုပ်နေတာကြည့်ရတော့..
    စိတ်ထဲမှာကျွဲမြီးတိုတာပေါ့နော်။မနှစ်သက်တဲ့အမူအရာကိုလည်းမပြရဲဘူး။
    အမေဆောင်ထားတဲ့ထားဝယ်ကြိမ်အလုံးသေးနဲ ့ရိုက်ခံရမှာကြောက်လို ့လေ။
    ကြီးလာတော့၊နားလည်ပြီးအမေ့ကိုအရမ်းကျေးဇူးတင်မိခဲ့ရပါတယ်။။
    —————————————————————–
    amatmin,ရေ..
    ဝမ်းသာမိရပါတယ်ကွယ်။
    ခုလိုဝါဝင်တဲ့အချိန်မျိုးမှာ…
    ထညက်အုန်းန္နဲယိုထိုးပြီး။
    အထဲမှာ(ဌာပနာ)ထဲ့၊ငှက်ပျောဖက်နဲ ့ထုတ်ပြီး
    ကောက်ညှင်းနဲ ့လုပ်ထားတဲ့မုန် ့ဖက်ထုတ်ကို
    ဘေးအိမ်တွေကလာပေးလို ့စားခဲ့ရတာကိုပြန်သတိရမိခဲ့တယ်။

  • Hnin Hnin

    August 8, 2012 at 3:03 am

    အန်တီကေ ရေးထားတဲ့ အသုပ်တွေအကြောင်း ဖတ်ရင်း တကယ့်ကို သွားရေတွေတောင် ထွက်လာတယ်..း)..တကယ်တော်တဲ့ အမေနော်….မေမေကတော့ သာကူကျိုပဲ တတ်တယ်..း).
    ဖေဖေကတော့ နှင်းနှင်းပေါက်စတုန်းက အိမ်ကိုတောင်ကုလားခေါ်သင်ခိုင်းပြီးကုလားမုန့်လုပ်နည်းတွေ သင်ပြီး ပိတ်ရက် ကိုယ်တိုင်လုပ်ကျွေးတယ်ပြောတယ်။ နှစ်တန်းတုန်းကတော့ အိမ်မှာ ချာပါတီနဲ့ တူတယ်..ဖေဖေလုပ်ကျွေးတာ စားရတာမှတ်မိနေသေးတယ်။ ဒိတ်ဒိတ်ကြဲ ဆနွင်းမကင်းလည်း အပင်ပန်းခံထိုးကျွေးခဲ့တာပဲ။ လျှာပေါ်ပျော် ဝက်သားတုတ်ထိုးလည်း သေချာလူခေါ်သင်ခဲ့တာပဲ။ ဟိုနာမည်ကြီးဆိုင်က နာမည်ကြီး တုတ်ထိုးထက်တောင် ကောင်းသေးတယ်… း)…
    အန်တီကေ့ အသုပ်တွေထဲက သင်္ဘောသီးသုပ်တော့ အရမ်းကြိုက်…
    မြန်မာသုပ်..ရခိုင်သုပ်..ယိုဒယားသုပ်…၃မျိုးလုံးကြိုက်..လုပ်စားဖြစ်တယ်…မြင်းခွာရွက်သုပ်
    လည်းကြိုက်…ပြောရင်းနဲ့ သွားရေယို…ကျောက်ပွင့်(သုပ်)က အသုပ်စုံထဲမှာကြိုက်ပေမယ့် သူ့ချည်း
    ကျတော့ အချဉ်ညှစ်ထားလည်း ကျောက်ပွင့်နံ့က ညှီသလိုခံစားရလို့ မကြိုက်ဘူး… ကျန်တဲ့ အချဉ်စူးတဲ့အသုပ်တွေတော့ ထမင်းမြိန်ပေမယ့် သွားတွေချဉ်လို့ မစားနိုင်ဘူး။
    ပျော်စရာကြီးနော်..မောင်နှမတွေ တရုန်းရုန်းနဲ့ဆိုတော့ လုပ်အားလည်းကောင်းတယ်။ စားအားလည်း ကောင်းတယ်။ အန်တီကေရေးထားတာ ဖတ်ပြီး နယ်မှာနေခဲ့ဖူးတော့ နှင်းနှင်းလည်း
    ၁ဝ တန်းကျောင်းပိတ်ရက်မှာ အိမ်ဘေးနားက ဝါးရုံနားက ဝါးပိုးမျှစ်လို့ပြောတဲ့ ဖြူဖြူဖွေးဖွေး မျှစ်တွေနဲ့ ခေါင်းရွက်ငါးစိမ်းသည်ဆီက လတ်လတ်ဆတ်ဆတ် ပုဇွန်ထုပ်စိမ်းစိမ်းလေးတွေနဲ့ ချက်ပြီး အိမ်သားတွေ လက်စွမ်းပြ ချက်ကျွေးတာ သွားသတိရမိတယ်။ ချက်ချင်းခူးချက်တော့ ဟင်းက မျှစ်အချိုဓာတ်နဲ့ ပုဇွန်အချိုဓာတ်ရယ်ပေါင်းပြီးတော့ အရမ်းကိုကောင်းတဲ့ ဟင်းတစ်ခွက်ပါပဲ
    ( အဟဲ..MRTV-4 က ကောင်းထက်ဇော် စကားလေး ယူသုံးထားတာ)။ အန်တီကေ ရေးထားတဲ့ မှိုဟင်းချိုလည်း ကြိုက်တယ်။ အရမ်းကောင်း….နယ်မှာတုန်းကတော့ တောင်ပို့မှိုတွေ ခဏခဏ စားရတယ်။ ဒီမှာ(ရန်ကုန်)တော့ မြင်တောင်မမြင်းဖူးတာ အတော်ကြာပါပြီ။ ကောက်ရိုးမှိုု အလုံးတွေနဲ့ ပဲ ညားနေရတာ။ ထုပ်ထုပ်..ထုပ်ထုပ်နဲ့ စားကောင်းသလိုတော့ ရှိပေမယ့် သိပ်မချိုသလိုပဲ။
    အန်တီကေ…အဲဒီ မှိုအလုံးတွေနဲ့ရော မှိုဟင်းချို လုပ်သောက်ရင် ကောင်းပါ့မလားဟင်?????
    နှင်းနှင်းက တစ်ပတ် ၃ရက် မိဘ၊နှင်းနှင်းမွေးရက်တွေ သက်သတ်လွတ် စားဖြစ်တယ်။
    ကန်စွန်းရွက်ကြော်၊မုန်လာထုပ်ကြော်၊ပဲသီးကြော်၊ဂေါ်ရခါးသီးကြော် စတဲ့ အသီးအရွက်တွေကိုပဲ အပ်ကြောင်းထပ် စားဖြစ်တယ်။ ကုသိုလ်ယူချင်လို့ စားတာဆိုတော့ ဗိုက်ပြည့်ပြီးရောဆိုပြီး ကရိကထခံပြီးတော့ ဖွယ်ဖွယ်ရာရာ လုပ်မစားဖြစ်ဘူး။ တခါတလေ အချို အရည်သောက် ဘူးသီး၊ဂေါ်ရခါးသီး၊ရွှေဖရုံသီးတစ်မျိုးမျိုး တခွက်ချက်လိုက်တယ်။ အဲဒီအရည်သောက်ကို သင်္ကြန်ထမင်းလိုမျိုး(ကိုရီးယားတွေ စားသလိုမျိုးလည်း ပြောလို့ရမယ်ထင်တယ်)ထမင်းကို
    ရေမြုပ်နေအောင် ဆမ်းလိုက်ပြီးတော့ သရက်သီးသနပ်လေး နည်းနည်းတို့ အစိမ်းကြော် တစ်လုတ်ချင်း ယူပြီးတော့ စားလို်က်ရရင် အသားတွေနဲ့ စားတာထက်ကို ပိုလို့အရသာရှိရော။ ကုသိုလ်လည်းရ ဝမ်းလည်းဝ။ အဲလိုစားတာ အစာလည်း ပိုကြေလွယ်သလိုပဲ။ တခါတလေ သရက်သီးသနပ်အစား ကြက်သွန်ဖြူငရုတ်သီးဆားထောင်းလေးနဲ့လည်း စားဖြစ်တယ်။ ဆီကိုလည်း အနည်းဆုံးသုံးပြီး
    ကြော်ချက်ပါတယ်။ သက်သတ်လွတ်စားရင် ဆီနဲ့ကြော်ရ၊ချက်ရတာပိုများတော့ ပိုဝတယ်ဆိုတာ မဟုတ်ပါဘူး။ကိုယ့်ဆီစားနှုန်းအပေါ်ပဲ မူတည်ပါတယ်။ နိုင်ငံခြားက စိတ်ချရတယ် ထင်ရတဲ့နိုင်ငံက
    နေကြာဆီ၊ပဲပိစပ်ဆီ၊ပြောင်းဖူးဆီ တို့ကိုသုံးပါ။ သံလွင်ဆီ သုံးချင်ပေမယ့် ဈေးကြီးတယ်ထင်လို့ မသုံးပါ။
    ခံတွင်းကလည်း သက်သတ်လွတ်စားတဲ့နေ့ဆို အရမ်းကိုရှင်းပြီး နေလို့ကောင်းပါတယ်။
    အနည်းဆုံး ကိုယ့်မွေးရက်လေးပဲ ဖြစ်ဖြစ် စားကြည့်ကြပါ။
    အဲဒီနေ့မှာ တကယ့်ကိုလူသန့်၊စိတ်သန့်၊ခံတွင်းသန့်ပါတယ်။
    ဒါကြောင့် အသီးအရွက်တွေနဲ့ သက်သတ်လွတ် အလွယ်စားနည်းလေးတွေ ရှိရင်လည်း သိသူများရှိရင် မျှပေးပါဦးနော်..အန်တီကေရောနော်…

  • aye.kk

    August 8, 2012 at 7:04 am

    Hnin Hnin,….ရေ
    အရင်တုံးကတော့..
    အန်တီတို ့ကျိုက်ထို-မော်လမြိုင်ဖက်ကမုတ္တမပင်လယ်ကမ်းခြေ
    ပင်လယ်ကြမ်းပြင်အောက်မှာထွက်ရှိတဲ့ကျောက်ပွင့်ကအညိုရောင်ရှိတဲ့အရွက်
    အခက်အလက်တွေပါ။သူကသံဓါတ်ကိုအားပေးတယ်။
    အခြားကျောက်ပွင့်တွေနဲ ့မတူညီတဲ့အချက်ကအညှီနံ ့မရှိတာပါဘဲ။
    သူ ့ကိုနေပူလှမ်းပြီးအခြောက်ခံထားတဲ့ဟာကိုဈေးကြီးပေးပြီးဝယ်စားရတာပါ။
    သူ ့ကိုစားခါနီးမှာရေနွေးဆယ့်ငါးမိနစ်ခန် ့စိမ်ထားရပါတယ်။
    ကျောက်ပွင့်အခက်ရဲ ့အထူကသားရေပင်အလုံးသာသာလောက်ရှိတယ်။
    အဲဒါကိုမှလက်တဆစ်အရှည်လောက်လေးတွေလှီးပြီး၊ဂျုံကြာဇံ၊အာလူး၊ပုဇွန်ခြောက်၊ပဲမှုန် ့၊ကြက်သွန်ဖြူကို
    ဆီသတ်ထားတဲ့ဆီချက်၊ရှောက်သီး၊တို ့ပါဝင်ပြီးသုတ်စားတာပါ။
    အနံ ့မွှေးမွှေးလေးစားချင်ရင်တော့အမေကရှောက်ရွက်ပါးပါးလေးပြီးလှီးထဲ့သုတ်ကျွေးပါတယ်။
    သရက်သီးသနပ်လည်းကိုယ်တိုင်လုပ်စားပါတယ်။
    မနွယ်နွယ်လို ့ခေါ်တဲ့သရက်သီးက၊သရက်သီးသနပ်လုပ်ရာမှာအကောင်းဆုံးပါဘဲ။
    မနွယ်နွယ်သရက်သီးတွေပေါတဲ့အချိန်၊သရက်သီးတွေကိုထက်ခြမ်းခွဲ၊အစေ့ထုတ်၊အသားတွေကို
    အမြောင်းလိုက်လှီး၊တလုံးကိုခြောက်မြောင်းလောက်အနေထား၊ထွက်အောင်လှီးပြီး၊
    ဆားနဲ ့နယ်နေပူလှန်းခြောက်သည်အထိပါပဲ။ခြောက်သွားတော့မှသာစဉ့်အိုးငယ်တွေနဲ ့သိပ်ထားတာ။
    သရက်သီးသနပ်လုပ်စားပြီဆိုရင်တော့၊ဖန်ဘူးငယ်တပုလင်းစာရမဲ့အနေထားလောက်ခန် ့မှန်းပြီး၊
    သရက်သီးခြောက်တွေယူထုတ်ပြီး၊ရေနွေးနဲ့တထပ်ဆေးပါတယ်။ပြီးမှမြေအိုးထဲမှာ
    ထညက်လေးငါးဆယ်ခဲလောက်ပစ်ထဲ့ပြီး၊အချိုဝင်သွားအောင်ရေခမ်းသည်အထိနှူးအောင်ပြုတ်ပါတယ်။
    အန်တီတို ့ကတော့ကြက်သွန်ဖြူဥလုံးတွေကိုလက်ညောင်းလောက်အောင်အခွံသင်ပြီး၊
    အမွှာတွေကိုထက်ခြမ်းခြမ်းပေးကြရပါတယ်။အမေကတော့ဒယ်အိုးထဲမှာ
    မြေပဲဆီများများဆီကိုဆူလာသည်အထိတည်ပြီး၊ဆီဒယ်အိုးကိုအောက်ချ။
    ဆီပူနေတဲ့အချိန်အတွင်းမှာပဲ။ငရုတ်စိမ်းမှုန် ့(အရောင်တင်မှုန် ့)ကိုထဲ့ပြီး၊
    သရက်သီးခြောက်ပြုတ်ထားပြီးအအေးခံထားတာကိုထဲ့လိုက်ပါတယ်။
    သရက်သီးနဲ ့တွဲသုံးတဲ့ဟင်းခပ်မဆလာကိုကုလားတွေရောင်းတဲ့ဆိုင်ကဘဲဝယ်ယူပါတယ်။
    ဟင်းခတ်မဆလာမွှေးအောင်ထဲ့ပြီးသမပါတယ်။ပြီးရင်ကြက်သွန်ဖြူခြမ်းတွေထဲ့ပြီး။
    မုန်ညှင်းစေ့လှော်ထားပြီးသားတွေထဲ့ပါတယ်။မဆလာဝယ်လို ့မရတဲ့အခါမျိုးဆို၊
    ဇီယာ၊နံနံစေ့တွေလှော်ပြီးညက်အောင်ထောင်းရတဲ့ခါမျိုးမှာတော့၊လက်ဝင်ပြီးပိုအလုပ်ရှုတ်စေပါတယ်။
    လုပ်ပြီးသားသရက်သီးသနပ်တွေကိုတော့ဖန်ပုလင်းဗူးထဲထည့်ပါတယ်။
    သုံးထပ်သားဝက်သားဟင်းလျာ(အစပ်ဟင်း)ချက်
    စားတဲ့ခါမျိုးမှာတွဲဖက်သုံးဆောင်ပါတယ်။
    ဝက်အသားကို၊အဆီတထပ်အသားတထပ်(အစပ်ဟင်း)ချက်တဲ့ခါမျိုးမှာ၊
    မနွယ်နွယ်သရက်သီးအခြောက်လှမ်းထားတာတွေကို
    ဆားရေစင်အောင်ရေစိမ်ပြီး၊ရေဆေးပြီးမှဟင်းထဲမှာထဲ့ပြီးချက်လေ့ရှိပါတယ်။
    သရက်သီးသနပ်ကို၊အသက်သတ်လွတ်စားချင်တဲ့ခါထမင်းနဲ ့သုံးဆောင်ပြီးစားသုံးပါတယ်။
    အခုဒီမှာကတောင်ကြီးကထွက်တဲ့နို ့ခဲကသန် ့ပါတယ်။ဝယ်လို ့လည်းလွယ်ကူပါတယ်။
    နို ့ခဲကိုကြက်သွန်ဖြူနီဆီသတ်ပြီး၊ခရမ်းချဉ်သီး၊ငရုတ်သီးစိမ်းနဲ ့တွဲဖက်ချက်စားတာ၊အင်မတန်လွယ်ကူပြီး
    သက်သက်လွတ်ဟင်းလျာအတွက်တကယ်ကိုစားကောင်းတဲ့ဟင်းလျာတခွက်ဖြစ်ပါကြောင်း
    လက်ဆောင်ပါးပါရစေ။။။

    • Hnin Hnin

      August 8, 2012 at 3:45 pm

      အန်တီကေ ပြောတဲ့ ကျောက်ပွင့်အညိုသုပ်က ရှောက်သီး၊ရှောက်ရွက်နဲ့သုပ်တာဆိုတော့ ရှောက်အနံ့ကြောင့် …မွှေးပြီးတော့ စားကောင်းမယ့်ပုံပဲ။ မန်ကျည်းရည်နဲ့ သုပ်တာပဲ စားဖူးတယ်။ မကြိုက်ဘူး။ အဲဒါဆို ရှောက်သီးမရရင် သံပုရာသီးနဲ့လည်း သုပ်စားလို့ ရမယ်ထင်တယ်နော်။
      ဒါဆို..ဒီတခါ ဖေဖေပြန်လာရင် မော်လမြိုင်က ကျောက်ပွင့်အညိုတွေ ဝယ်ခဲ့ပါလို့ မှာလိုက်တော့မယ်..း)..။ ပုဇွန်ခြောက်မပါဘဲ အာလူးများများ၊ ပဲမှုန့်နည်းနည်းပိုထည့်ပြီး သုပ်စားကြည့်မယ်။ သရက်သီးသနပ်ကတော့ ပဲဆီနံ့မွှေးမွှေးလေးနဲ့ ရေခဲသေတ္တာထဲ
      ထည့်ထားရင်လည်း ဆီမခဲတဲ့ သူဇာမြိုင် အထုပ်သေး တစ်ထုပ် ၉၀ဝ ဝယ်ထားလိုက်ရင် အတော်စားရတယ်။အန်တီကေ ရေးထာတာဖတ်ပြီး နွေရောက်ရင် သရက်သီးသနပ် လုပ်စားကြည့်ချင်စိတ်တောင် ပေါက်သွားတယ်။ သရက်သီး နာမည်က မ,နွယ်နွယ် ဆိုပြီး
      ဖတ်လိုက်တာ..လူနာမည်အတိုင်းပဲလို့..ပြီးတော့မှ ဟုတ်သေးပါဘူး..ကြားဖူးသလိုပဲ…
      မနွယ်,နွယ် ထင်တယ်လို့..း)..။ cheese ခဲ ပဲသိတယ်။ တောင်ကြီး နို့ခဲဆိုတာတော့ အခုမှကြားဖူးတာပါ။ ရန်ကုန်မှာ ရှိဖူးထင်တယ်နော်။ တောင်ကြီးတက်ဝယ်ဦးမှပဲ.. း)..။
      cheese ခဲလည်း အဲဒီလိုချက်စားလို့ရမယ်ထင်တယ်နော်။ အီဆိမ့်နေမှာပဲ။
      အခုလို သက်သတ်လွတ်ဟင်းချက်နည်းများ စိတ်ရှည်လက်ရှည်အသေးစိတ်ပြောပြပေးတဲ့
      အတွက် အန်တီကေ့ကို ကျေးဇူးတင်ပါတယ်။

      • aye.kk

        August 8, 2012 at 6:47 pm

        ့Hnin Hnin,ရေ..
        အန်တီကိုမေးထားတာလေး..
        ပြောပြဘို ့ကျန်နေသေးတာသတိရသွားလို ့ပါ..
        ကောက်ရိုးမှိုအလုံးတွေက၊အန်တီတို ့တောင်ပို ့မှိုဟင်းချိုလိုမျိုးချက်သောက်မယ်ဆိုရင်…။
        သောက်လို ့ကောင်းမယ်မထင်ပါဘူးကွယ်။
        ကောက်ရိုးမှိုအလုံးတွေကတော့။
        တရုတ်ရိုးရာဟင်းတမျိုးဖြစ်တဲ့ဆယ့်နှစ်မျိုးဟင်းချိုနဲ ့တော့လိုက်ဖက်မယ်လို ့ထင်မိပါတယ်။

        • Hnin Hnin

          August 9, 2012 at 12:49 am

          ပြောပြဖို့ ကျန်နေသေးပေမယ့် စေ့စပ်သေချာတဲ့ အန်တီမို့ ချက်မကောင်းလို့သာ ထည့်မရေးတာဆိုပြီး မှတ်ထားလိုက်တာပါ… း)

  • MaMa

    August 8, 2012 at 9:11 am

    တိုက်ဆိုင်လိုက်တာ မအေးရေ။
    အုန်းထမင်းက ကျမတို့ မိသားစုဝင်တွေ အားလုံးကြိုက်ကြပြီး မကြာခဏလည်း ချက်စားဖြစ်ကြတယ်။
    ကျမတို့အိမ်မှာ အုန်းထမင်းဆိုရင် အဖေက အမြဲတမ်း သူကိုယ်တိုင်ချက်တယ်။
    အစ်ကိုက အုန်းသီးခွဲ အုန်းနို့ခြစ်ရ၊ ညှစ်ရတယ်။
    အမေက ကြက်သားဟင်းချက်ရတယ်။
    ကျန်တဲ့ မောင်နှမတွေက ငြုပ်သီးထောင်း၊ ရှောက်သီးသုပ်၊ အိုးခွက်ပန်းကန်ဆေး တအိမ်လုံး တစ်ယောက်မကျန် အလုပ်ရှုပ်ရသလို စားရင်လည်း တပြုံကြီး ဝိုင်းစားကြနဲ့ မိသားစုအတွက် ပျော်ရွှင်ဖွယ်ရာ အမှတ်တရပေါင်းများစွာပါပဲ။
    အသက် ၈ဝ နားနီးတဲ့အထိ အဖေဟာ (အဖေမဆုံးခင်) အိမ်မှာ အုန်းထမင်းချက်စားရင် သူကိုယ်တိုင် ချက်ခဲ့တာချည်းပဲ။
    ခုနောက်ပိုင်းတော့ မိသားစုတွေလည်း နည်းသွား၊ သွေးကလည်း တိုးချင်ချင် ဆိုတော့ သိပ်ချက်မစားဖြစ်တော့ဘူး။

    အုန်းထမင်းမှာ ကြက်သွန်နီထည့်ချက်တာ သွေးမတိုးစေဘူးဆိုတာ သိသွားရလို့ ဝမ်းသာသွားတယ်။

    ကျမက မုန့်လုပ်တာ ဝါသနာပါတော့ တိုလီမုတ်စ မုန့်လေးတွေ လုပ်ကြည့်လေ့ရှိတယ်။
    ကောင်းမကောင်းကတော့ အိမ်သားတွေက ဝို်င်းအားပေးကြတယ်။
    မုန့်မလုပ်ရင် ဘယ်လောက်ပေးရမလဲတဲ့။ :mrgreen:

  • aye.kk

    August 8, 2012 at 10:44 am

    Ma Ma,ရေ…
    ကျေးဇူးပါ။
    ခုလိုအသက်ရလာတော့…
    အုန်းထမင်းကလည်းမစားပဲလည်းမနေနိုင်ပေါ့နော်။
    ကြက်သွန်နီဥအလုံးတွေများများထဲ့ချက်ပြီးစားလိုက်တယ်။
    အိမ်သားတွေကအုန်းထမင်းလား၊ကြက်သွန်နီဥဟင်းလားတဲ့။
    သူတို ့ပြောတော့ကျမကရယ်ချင်စိတ်ကိုမနည်းမြိုသိတ်လိုက်ရတယ်။
    ကိုယ်ကတော့သွေးတိုးရန်ကာကွယ်အောင်ဆိုပြီးတော့ပါ။
    ကြက်သားဟင်းထဲမှာအုန်းနို ့ထဲ့ချက်တာလည်းအရမ်းမွှေးပြီးစားလို ့ကောင်းတယ်။

  • ဆူး

    August 8, 2012 at 3:51 pm

    အုန်းရေ သောက်လို့ အန်တီသား ဆံပင် မပါဘူး ဆိုလို့.. ဆူး နဲ့ တိုက်ဆိုင်တာလေး တခု ရှိလာပြန်တယ်။
    ဆူး ကိုယ်ဝန် ကို အမေ လွယ်ထားတုန်းက အဖေ က ခဏခဏ နယ်မှာ တာဝန်ထမ်းဆောင် ရတယ် ၁လ မှာ ရက် ၂ဝ လောက်က နယ်မှာ ရှိနေတယ်။ နယ်က တခေါက်ပြန်လာတိုင်း ဩဇာသီးတွေ အိတ်တလုံး အမြဲပါတယ်။ အိမ်ရောက်လို့ ဖွင့်လိုက်တာနဲ့ ဩဇာသီးတွေ မှဲ့ပြီး ဖွေး နေတာနဲ့ ကြုံတော့ အဖေ က အမေ ကို စားစား ဘာမှ မဖြစ်ဘူး စားစား ဆိုပြီး စားခိုင်းတာနဲ့ အမေ က ဩဇာသီးတော်တော် စားဖြစ်တယ်။ ဆူး ကို မွေးလာတော့ အကောင်းပါပဲ.. မွေးပြီး ၃ရက်လောက် ကြာတော့ အပူတွေ ကန်တာ အသားတွေ အရေခွံတွေ လန်ပြီး နီရဲတွတ်နေတာ.. ကြွက်ပေါက်လေးတွေ နီတာရဲ သလို ဖြစ်နေတယ်လို့ ပြောတယ်.. ဆံပင်လည်း နီကြောင်ကြောင် သိပ်မပါဘူးလို့ ပြောတယ်။ အဖေ ရဲ့ ကျေးဇူးကြောင့် အခုတော့ ဆံပင် တော်တော် များပြီး အုံထူလာတယ်။ တခြားတော့ မဟုတ်ဘူး ခေါင်း ကို ကိုင်လို့ ရတဲ့ အရွယ်လောက်ကတည်းက ကတုံး ပဲ တုံးထားတာ.. သူငယ်တန်း တက်မှ ဆံပင် စ ထားပေးတယ်။ ကတုံး တုံးပေးလွန်းလို့ အမေ နဲ့ ရန်ဖြစ်ရတယ်။ အမေ က ဈေးသွားပြီ ဆိုရင် သမီးရေ လာလာ ဆိုပြီး ကတုံး တုံးပေးထားလိုက်တယ်။ အမေ က ကလေးတခါမှ ဆံပင်နဲ့ ကို မမြင်ရဘူး ဆိုပြီး စကားများလည်း အဖေ ကတော့ ခပ်ပြုံးပြုံးနဲ့ ဆက်ပြီး တုံးပေးတာပဲ.. အခုတော့ သူများနဲ့တန်းတူ ဆံပင် ကို ပိုင်ဆိုင် နိုင်တာ အဖေ ကျေးဇူးကြောင့်ပါပဲ။

  • အတိသဌ္ဇနာဂရ

    August 8, 2012 at 10:24 pm

    ကျနော်လဲ အသက်ငယ်ငယ်နဲ ့သွေးတိုးရှိနေပြီဆိုတော့ မစားနိုင်တော့ပြီ။

  • aye.kk

    August 9, 2012 at 8:32 am

    အတိသဌ္ဖနာဂရ…ရေ။
    သွေးတိုးရှိရင်တော့။
    ဒန် ့ဒလွန်ရွက်ကိုများများကြော်စားပေးပါ။
    ကြက်သွန်နီဥတွေကိုများများလှီးပြီးဆီနည်းနည်းနဲ ့နွမ်းလာသည်အထိကြော်၊
    ငရုတ်ခြောက်သီးအရှည်တောင့်ကိုကွင်းကွင်းလှီးပြီးထည့်။
    ဆား၊အချိုမှုန် ့အနည်းငယ်ထဲ့ပြီးကြော်စားရင်သွေးတိုးကျစေတယ်။
    အန်တီကတော့သွေးတိုးရင်၊ဒန် ့ဒလွန်ရွက်ကြော်စားမှပဲသက်သာတယ်။

Leave a Reply