ဝါရှောင်မယ့် မောင်ပေနဲ့ ဗုဒ္ဓဘာသာဝင် ရွာသားများအတွက် ဝါဝင်လက်ဆောင်

padonmarAugust 5, 20121min60843

ဗုဒ္ဓဘာသာဝင်တွေအတွက် ဝါတွင်း ၃ လ အစဖြစ်တဲ့ ဝါဆိုလပြည့်ရောက်လာပါပြီ။

ဝါတွင်းကာလမှာ သီလစောင့်ကြမယ့် သူတွေ အတွက် အဓိဋ္ဌာန်ကဒ်လေး လက်ဆောင် ပေးချင်ပါတယ်။

ဝါဆိုလပြည့်ကနေစတဲ့ တစ်လတာ ကုသိုလ်မှတ်တမ်းပါ
ဝါခေါင်လပြည့်မှ တော်သလင်းလပြည့်ထိ တစ်လတာ ကုသိုလ်မှတ်တမ်း(September)
တော်သလင်းလဆန်း ၁ရက်မှ သီတင်းကျွတ်လပြည့်ထိ တစ်လတာ ကုသိုလ်မှတ်တမ်း(October)

ဘုရားအလောင်းသူတော်ကောင်းကြီးတွေ ဖြည့်ကျင့်ကြတဲ့ ပါရမီဆယ်ပါး အပြားသုံးဆယ် ဆိုတာကို မမှီနိုင်ပေမယ့်

ကိုယ့်တစ်နိုင် ပါရမီတွေ ဖြည့်ကျင့်နိုင်မယ့် နည်းလမ်းတွေလည်း ပေးထားပါတယ်။

ဆယ်ပါးလုံး မနိုင်လည်း နိုင်သလောက် ဖြည့်ကြတာပေါ့။

ကိုယ်စွမ်းနိုင်သလောက်ပါရမီဖြည့်နိုင်ကြမယ့်နည်းလမ်းလေးတွေပါ။

ဒီရက်ထဲ ဖတ်မိတဲ့ Post တွေထဲမှာ မန ္တလေးက မောင်ပေ တစ်ယောက် ဝါတွင်းမှာ မသောက်တော့ဘူးလို့

ဖတ်လိုက်ရတော့ တော်တော်ဝမ်းသာမိပါတယ်။

ကျမဟာ အရက်မုန်းတီးရေး အရက်သမားဆန့်ကျင်ရေး ဝါဒသမား မဟုတ်ပါဘူး။ ကျမကြီးပြင်းရခဲ့တဲ့၊ ခုထိလည်း

ကျင်လည်နေရတဲ့ ပတ်ဝန်းကျင်မှာ အရက်ကို ရံခါသောက်တဲ့သူ၊ စွဲစွဲမြဲမြဲ ကြိုက်လို့သောက်တဲ့သူတွေ

တော်တော်များများရှိပါတယ်။ ကျွန်မ အဖေ ၊ ကျွန်မအကို ၊ ကျွန်မဆရာ ၊ ကျွန်မသူငယ်ချင်း ၊

ကျွန်မဝန်ထမ်းတွေထဲမှာ သောက်တတ်တဲ့သူတွေများလို့ အရက်သောက်ရင် လူရမ်းကားတွေချည်းလို့

ကျွန်မဘယ်တုံးကမှ မထင်ခဲ့ပါဘူး။

ဒီလူတွေထဲမှာ သာမန်လူတွေထက် ပိုပြီး အကျင့်စာရိတ္တကောင်းတဲ့သူ ၊ တွေးခေါ်မြော်မြင်တတ်တဲ့သူ ၊

စာနာထောက်ထားတတ်တဲ့သူတွေ အများကြီး ပါပါတယ်။

ဒီလိုဆိုရင် အရက်သောက်တာကို အားပေးသလားဆိုရင်တော့ ဖြစ်နိုင်ရင် ဘယ်သူ့ကိုမှ မသောက်စေချင်ပါဘူး။

အရက်ဆိုတာ ကိုယ့်ရဲ့ ကျန်းမာရေးကို တစ်နေ့မှာ ဆိုးဆိုးဝါးဝါး ထိခိုက်စေမယ်ဆိုတာကို သိသိနဲ့ဘဲ စွဲလန်းမှုကို

မစွန့်နိုင်လို့ သောက်နေကြတာရယ်၊ (Not me) ဆိုတဲ့“ ငါတော့ ဒီအရက်ကြောင့် ဆိုးဆိုးဝါးဝါး ထိခိုက်တဲ့ ထဲပါမှာ

မဟုတ်ပါဘူး။ ငါ့ကို အရက်က မသောက်ခင် ငါက ဖြတ်လိုက် နိုင် မှာပါ”လို့ အထင်နဲ့ သောက်နေကြရယ် ကြောင့်

အရက်ကို ယာယီလေးတောင် မဖြတ်နိုင်ကြပါဘူး။

ဒီလို စွဲလန်းမှုကို ဖြတ်နိုင်ဘို့ ဆိုတာ တကယ့်ကို မလွယ်တဲ့ အလုပ်ပါ ။

အရသာတစ်ခုကို မစားဘူးဘဲနဲ့ မကောင်းပါဘူး ငြင်းနေတဲ့ သူတွေထက် သုံးဆောင်ခံစားပြီးမှ အသိတရားနဲ့

စွန့်နိုင်တဲ့သူက ပိုတော်တယ်လို့ ချီးကျူးချင်ပါတယ်။

ဒါကြောင့်လဲ“ မြတ်စွာဘုရားတို့မည်သည် လူပျိုဘုရား မရှိငြား”လို့ ပြောကြတယ် မလား။ လူပျိုဘဝနဲ့

တောထွက်တယ်ဆိုရင် “အိမ်ထောင့်အရသာ မခံစားဘူးလို့ ကောင်းတာတွေ မသိတာဖြစ်မှာပါကွာ”ဆိုတဲ့ ကဲ့ရဲ့ခြင်းက

ကင်းလွတ်အောင် ဘုရားလောင်းတိုင်း ဟာ သားတစ်ယောက်ရမှ အဲဒီ နှောင်အိမ်က အလွတ်ရုန်းထွက်ပြတဲ့

ထုံးစံရှိပါတယ်။

အခု ဝါတွင်းကာလမှာ မူးယစ်သေရည်ကို ဝါရှောင်ကြမယ့် သူတွေ (မောင်ပေ အပါအဝင်) ဟာ ဒီလိုဘဲ

စိတ်ဓာတ်ခိုင်မာတဲ့ ယောကျင်္ားကောင်း တွေ ပါလို့ ချီးကျူးချင်ပါတယ်။

သူတို့ဟာလည်း ပါရမီဆယ်ပါး ဖြည့်မယ့်သူတွေလို့ တင်စားချင်ပါတယ်။

(၁)ကိုယ့်အတွက် အရက်ဖိုးကုန်မယ့် ငွေထဲက ကိုယ့်မိသားစု ကိုယ့်ပတ်ဝန်းကျင် အတွက်ပိုပြီး သုံးပေးနိုင်တော့မယ်

ဆိုတော့ ဒါနပါရမီ မြောက်ပါတော့မယ်။

(၂)အရက်မူးပြီး ပြန်လာမယ့် ကိုယ့်အဖေ ၊ ကိုယ့်အကို ၊ ကိုယ့်မောင် ၊ ကိုယ့်ယောကျင်္ားရဲ့ အပြန်လမ်းကို

ချောချောမောမော အိမ်ပြန်ရောက်ပါစေလို့ ရင်တမမ စောင့်နေခဲ့ရမယ့် မိသားစုဝင်တွေရဲ့ ပူပင်မှု သောကကို

လျှော့စေတဲ့ အတွက် မေတ္တာ ပါရမီလည်း ဖြည့်ကျင့်ရာ ရောက်ပါတယ်။

(၃)အရက်ရဲ့အရသာ ကာမဂုဏ်တောက ရုန်းထွက်နိုင်လို့ နေက္ခမ ပါရမီ လည်းမြောက်ပါမယ်။

(၄) အခြားသီလတွေ မလုံရင် တောင်မှ သုရာမေရယမဇ္ဇပမာဒဌာန ဝေရာမဏိ ဆိုတဲ့ သီလတစ်ပါး လုံပြီဖြစ်လို့

သီလပါရမီ လည်းမြောက်ပါမယ်။

(၅)ငါတော့ တစ်ရက်ဖြစ်စေ ၊ တစ်ပတ်ဖြစ်စေ ၊ တစ်လဖြစ်စေ ၊ ဝါတွင်းသုံးလဖြစ်စေ ၊ တစ်သက်လုံးဖြစ်စေ

မကောင်းတဲ့ အရက်ကို ရှောင်နိုင်ခဲ့တယ်လို့ လိုအပ်လာရင် သစ္စာပြု အမှန်စကားဆိုနိုင်တဲ့ အတွက်

သစ္စာပါရမီလည်း ဖြည့်နိုင်ပါပြီ။

(၆)မကောင်းမှုမှ ရှောင်ကြဉ်နိုင်တဲ့ အသိဉာဏ်နဲ့ယှဉ်တဲ့ အတွက် ပညာပါရမီလည်းမြောက်ပါပြီ။

(၇)အရက်သောက်ချင်တဲ့ အကုသိုလ်ဆန္ဒရယ် ၊ သူတစ်ပါးရဲ့ခနိုးခနဲ့ပြောဆိုမှုတွေရယ်ကို သည်းခံနိုင်တဲ့အတွက် ခန ္တီ

ပါရမီလည်းမြောက်ပါပြီ။

(၈)ဒီတစ်ရက် ၊ ဒီတစ်ဝါ ၊ ဒီတစ်နှစ် ဇွဲရှိရှိနဲ့ အရက်ကို မသောက်ဘူးဟေ့လို့ တစ်ရက်ပြီးတစ်ရက်

အားတင်းဖြည့်ကျင့်နိုင်တဲ့ အတွက် ဝီရိယပါရမီလည်း ဖြည့်နိုင်ပါပြီ။

(၉)တစ်ရက်ချင်း အဓိဋ္ဌာန်ပြီးတော့ ငါဒီတစ်ရက်မသောက်တဲ့ အဓိဋ္ဌာန်အောင်ပြီ ၊

နောက်တစ်ရက် ထပ်ဆောက်တည်မယ်လို့ ကိုယ့်ကိုကိုယ် အားပေးပြီး အဓိဋ္ဌာန်ပါရမီလည်း

ဖြည့်နိုင်ပါတယ်။

(၁၀)သူများတွေက “ဟာဒီအရက်သမား၊မသောက်ဘဲမနေနိုင်ပါဘူး”လို့ ကဲ့ရဲ့စကားတွေ ၊ အပေါင်းအသင်းတွေက

“မင်းသိပ် လိမ္မာချင်နေလား” စတဲ့ ခနဲ့တဲ့ စကားတွေကိုလည်း“ တော်တယ်၊ကောင်းတယ်” လို့ ချီးကျူးတဲ့

စကားတွေနဲ့ အတူတူ သဘောထားပြီး

လျစ်လျူရှုလို့ ကိုယ်ရှောင်ရမယ့် အရက်ကို ဖြောင့်ဖြောင့်ရှောင်နိုင်မယ်ဆိုရင် ဥပေက္ခာ ပါရမီပါဘဲ ။

ဒီအဓိဋ္ဌာန ပါရမီနဲ့ ဥပေက္ခာပါရမီ ကတော့ အခက်အခဲဆုံးပါဘဲ။ (ကျွန်မဆိုရင် အဓိဋ္ဌာန်တွေ ဘယ်တော့မှ ပြီးအောင်

မလုပ်နိုင်ပါဘူး။ တရားမှန်မှန်ထိုင်မယ်ဆိုလည်း တဖြည်းဖြည်းလျှော့လာပါတယ်။

ပဋ္ဌာန်းမှန်မှန်ရွတ်မယ်ဆိုလည်း အကျအပေါက်နေ့ တွေ ရှိလာပါတယ်။

ဒါကြောင့် အဓိဋ္ဌာန်အတိုင်း တစ်ရက်ဖြစ်စေ ၊ တစ်လဖြစ်စေ လုပ်နိုင်တဲ့ သူဆိုရင် ကျွန်မတော့သိပ် ကြည်ညို

ပါတယ်။)

ဥပေက္ခာပြုဖို့ဆိုတာလည်း တကယ်ကို မလွယ်တဲ့ အလုပ်ပါ။ တုံးတောင်မှ တိုက်ပါများရင် နဲ့တယ်လို့ဆိုပါတယ်။

ကိုယ့်ရဲ့ဘေးပတ်ဝန်းကျင်မှာ အကျိုးလိုလားသူရှိသလို မလိုလားသူလည်း ရှိပါတယ်။

ကိုယ်ကိုယ်တိုင်က စိတ်ခိုင်ဖို့လည်း အထူးလိုပါတယ်။

ဒါကြောင့် ဒီတစ်ဝါတွင်းမှာ ဝါရှောင်မယ့် မောင်ပေနဲ့ တကွ အကိုများ ၊ မောင်များ ၊ တူများကို ကျွန်မက

လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုချင်ပါတယ် ။ မောင်ပေ အတွက်တော့ ဂုဏ်ပြုလက်ဆောင်အဖြစ်

ပုဆိုးတစ်ထည်ပေးချင်ပါတယ် ။ (နောင်လ မန္တလေးကိုပြန်မယ့်လူကြုံနဲ့ ထည့်ပေးပါမယ်)

တန်ဖိုးမများပေမယ့် မေတ္တာနဲ့ ပေးမယ့် ဂုဏ်ပြုလက်ဆောင်ဖြစ်လို့ လက်ခံစေချင်ပါတယ် ။

သီလဆိုတာ ခါးဝတ်ပုဆိုးနဲ့ တူပါတယ်တဲ့။ ဒီဝါတွင်းမှာ သီလပုဆိုးမြဲမြဲဆင်မြန်းထားတဲ့ မောင်ပေနဲ့ တကွ

မိတ်ဆွေများကို မြင်တွေ့ပါရစေလို့ ခင်မင်စွာဖြင့် တိုက်တွန်းလိုက်ပါတယ်။

43 comments

  • htoosan

    August 5, 2012 at 10:20 pm

    ကိုပေကို ကျွတ်မကျအောင် ခါးပတ် ပါတွဲထည့်ပေးလိုက်ပါ အန်တီပဒုမ္မာ…
    :mrgreen:

    • အရီးခင်လတ်

      August 6, 2012 at 5:21 am

      ကထူးဆန်း ဦးသွားတယ်။ 😆

      ကျွန်မတို့ အတွက် အကျိုးဖြစ်ထွန်းစေတဲ့ လက်ဆောင်လေးကို ဝမ်းသာအားရ ယူသွားပါပြီ အစ်မပဒုမ္မာရှင့်။
      ကျေးဇူးပါ။ 🙂

  • ko khin kha

    August 5, 2012 at 10:42 pm

    နောက်တစ်ပတ်တောင်ချိန်းမလို့ကိုပေရေ လဘက်ရည်ဆိုင်ပြောတာ။

  • marblecommet

    August 5, 2012 at 10:46 pm

    ကိုပေကြီး
    ဒေါက်တာအန်တီပြောသလို
    ပါရမီဆယ်ပါး ဖြည့်ကျင့်နိုင်ပါစေဗျား…
    သားတို့လည်း ဝါတွင်း
    စင်းလုံးချောနိုင်အောင်
    ကြိုးစားပါ့မယ် အန်တီဒေါက်တာခင်ဗျ
    လေးစားတဲ့
    မောင်ကမ်း….

  • padonmar

    August 5, 2012 at 10:53 pm

    ရွာသူားတွေကို အချိန်မီလက်ဆောင်လည်းပေးချင်၊လည်ပင်းကျီးပေါင်းကြောင့် လက်ကလည်းနာဆိုတော့ လက်အငှားနဲ့ ရိုက်တင်ပေးလိုက်ပါတယ်။
    ကွန်မန့်တွေ ပြန်မဆွေးနွေးပေးနိုင်ရင် ခွေးလွှတ်ကြပါနော်။

    • အရီးခင်လတ်

      August 6, 2012 at 5:26 am

      ရပါတယ် အစ်မပဒုမ္မာရယ်။
      သတိနဲ့ ဂရုစိုက်နေပါ။ 🙂

      ရွာထဲမှာ လွှတ်စရာ ခွေးတော့ မရှိဘူး။
      ကြောင်တွေတော့ များသား။
      Oppsss.
      ကကြောင်ကြီး ကြားလို့ကတော့ ရှေ့ကပြေးလာတော့မှာဘဲ။ 😀

  • မောင်ပေ

    August 5, 2012 at 10:57 pm

    အန်တီမာ့ရဲ့ဂေဇက်အပေါ်ထားတဲ့ စေတနာ စာဖတ်သူတွေအပေါ် ထားတဲ့စေတနာ ဗုဒ္ဓဘာသာဝင်တွေအပေါ် ပြန်မျှဝေပေးတဲ့ အသိ ဘာသာရေးဆိုင်ရာ အကြောင်းအကျိုးများ အားလုံးကို လေးစာမိပါတယ် (ပုဆိုးပေးမယ်ဆိုလို့ပြောတာ မဟုတ်ပါဘူး တစ်ကယ်ကို လေးစားမိတာပါ)
    နောက်ပြီးအားနာမိပါတယ်
    အားနာတယ်ဆိုတာ ကျွန်တော်က တစ်ဝါတွင်းလုံးမနားဖြစ်လောက်ပါဘူး ဒီလထဲမှာကို သောက်ဖြစ်မယ့် ဘက်ဒေးရှိနေပါတယ်
    ဒါပေမယ့်
    ဘယ်ဝါတွင်းမှ မနားခဲ့ဖူးတာလဲ အမှန်ပါ
    ကျွန်တော် ကိုပေါက်ဆီမေးပြီး လက်ဆောင်ပေးခွင့်ပြုပါ

    • padonmar

      August 6, 2012 at 9:19 pm

      မောင်ပေရေ
      မောင်ပေလို့ ခေါင်းစဉ်တပ်ရပေမယ့် အမှန်တော့ အကိုတွေမောင်တွေတူတွေ အားလုံးကိုရည်ရွယ်ပါတယ်။
      တကယ် တစ်ဝါတွင်းလုံး မရှောင်နိုင်လည်း အားမနာပါနဲ့။
      အန်တီပေးမယ့် လက်ဆောင်ကပေးမှာပါ။
      အန်တီကြပ်နေတယ်လို့ မထင်တာကျေးဇူးပါ။
      မောင်ပေ တကယ် စိတ်ပါတဲ့အခါကျရင် ကြိုးစားကြည့်ပါနော်။
      မောင်ပေ ကလူတော်ဆိုတာ လူမမြင်ဖူးပေမယ့် ရေးတဲ့စာတွေ ဖတ်ကြည့်ရလို့သိပါတယ်။
      ကောင်းအောင်လည်းကြိုးစားနေတဲ့သူဆိုတာ ဟိုအရင် မောင်ပေ့အလှူပို့စ်မှာရော၊ခေါင်တုန့်စည်ကျောင်းအတွက်ကူပေးတာရော ကြည့်ပြီး မှန်းလို့ရပါတယ်။
      ဒီလို လူငယ်တွေဟာ စိတ်ပါလက်ပါဆိုရင် ဘယ်လို စွဲလန်းမှုမျိုးကိုမဆို ဖြတ်တောက်နိုင်မယ့်သူတွေပါ။

      (တစ်ခုလေးထပ်လျှာရှည်ချင်တာက ဘတ်ဒေးမှာ သောက်ရမယ်လို့တော့ မသတ်မှတ်ထားပါဘူးနော်။)

  • Pye Kun Zaw

    August 5, 2012 at 11:05 pm

    အရက်ရှောင်ခြင်းကြောင့် ရမယ့်ကုသိုလ်တရားတွေကို ပါရမီဆယ်ပါးလုံး
    အကျုံးဝင်အောင် ဖေါ်ပြပေးတာ အလွန်မှတ်သားဖွယ် ကောင်းပါတယ်။ နောက်ဆို
    ကောင်းမှုတစ်ခုလုပ်တိုင်း ပါရမီဆယ်ပါးလုံးပါအောင် ဘယ်လိုပြုမလဲဆိုတာ စဉ်းစားဖွယ်ကောင်းပါတယ်…

  • ဦးဦးပါလေရာ

    August 5, 2012 at 11:24 pm

    မပဒုမ္မာရေ
    လက်ဆောင်ကိုလဲ အားရဝမ်းသာ လက်ခံယူပါတယ်။
    ကျေးဇူးလဲတင်ပါတယ်။
    သာဓုလဲခေါ်ပါတယ်ဗျာ…။

  • surmi

    August 6, 2012 at 12:16 am

    ကျေးဇူးပဲ အစ်မရေ …….
    လက်ဆောင်လည်းယူ ကုသိုလ်လည်းရ
    သာဓု ဗျာ သာဓု သာဓု

  • YE YINT HLAING

    August 6, 2012 at 5:10 am

    ဆရာမ ခင်ဗျာ ! ခုလို လက်ဆောင်မွန် ကိုတင်ပေးလို့ ဖတ်၊မှတ် ယူသွားပါတယ်ခင်ဗျ !

  • Foreign Resident

    August 6, 2012 at 5:34 am

    မပဒုမ္မာ ရေ ။
    အဘ လည်း ဝါတွင်း ၃ လ အရက်ရှောင်မယ်လေ ။
    အဘ ကိုရော ပုဆိုး ပေးမှာလား ။ ဟီဟိ ။

    • အရီးခင်လတ်

      August 6, 2012 at 5:39 am

      အဘ ကိုတော့ ဘောင်းဘီ တဲ့။ 😀

      • မောင်ပေ

        August 6, 2012 at 9:12 am

        အဘသာရှောင်မယ်ဆိုရင်
        ကျုပ်မောင်ပေက အဘအတွက်
        အင်မတန်အစွမ်းထက်တဲ့ ရှေးနည်းနဲ့ဖော်စပ်ထားတဲ့
        အားဆေးကောင်းတစ်ဖုံကို လက်ဆောင်ပေးချင်ပါတယ်
        🙂

        • Foreign Resident

          August 6, 2012 at 10:45 am

          ” အင်မတန်အစွမ်းထက်တဲ့ ”
          ဘယ်နေရာမှာ စွမ်းတာလဲ မေါင်ပေ ရယ် ။
          ရှင်းရှင်းလုပ်ပါ ။ သူများတွေ တမျိုးထင်ကုန်ပါ့မယ် ။ 😛

        • အတိသဌ္ဇနာဂရ

          August 7, 2012 at 2:38 pm

          ကိုပေရေ အဘဖော ကမေးနေပြီ ဘယ်လိုစွမ်းသလဲတဲ့ဗျ

      • Foreign Resident

        August 6, 2012 at 1:04 pm

        ဟဲဟဲ ၊ ကိုပေါက် က မမေ့သေးဘူးပဲ ။
        အန္တရာယ် ရှိတဲ့ လုပ်ငန်းခွင်တွေမှာတော့ ၊
        ဘောင်းဘီ မှ အဆင်ပြေမှာလေ ။

  • ကြောင်ဝတုတ်

    August 6, 2012 at 6:38 am

    ကိုကြီးကမ်းစကားလေးယူသုံးရရင်ဖြင့်
    အကုသိုလ်အတုံးအခဲလေးမို့ ဝါမရှောင်ဖြစ်တာ
    ခွင့်လွှတ်စေချင်ပါတယ် အန်တီရေ
    သို့ပေသည့် အန်တီ့ရဲ့ဇယားကွက်လေးကို
    အသုံးတည့်သူများထံ မျှဝေရင်း
    ပိဿာများစွာသောငရဲကို
    တစ်ပဲသားသောစေတနာလေးဖြင့်
    ကြိုးစားချေပါ့မယ်ဗျာ

    ခင်မင်လျက်
    ကြောင်ဝတုတ်

  • ကြောင်လေး

    August 6, 2012 at 8:36 am

    ဝါတွင်းအရက် မသောက်ပဲ ရှောင်တာဟာ သာမန်ကိစ္စလေးလို့ထင်ထားတာ။
    အန်တီပဒုုမ္မာ ရေးပြလိုက်မှ အလေးထားပြီး အာရုံပြု/အဓိဌာန်ပြုလိုက်ရင် အကျိုးကျေးဇူးတွေ အများကြီး ရနိုင်တယ်ဆိုတာ တွေ့လိုက်ရတယ်။ ကျေးဇူးပါခင်ဗျာ။ ကူးယူသွားပါတယ်။

  • mamanoyar

    August 6, 2012 at 9:27 am

    ဦးပေက ဝါတွင်းမှာ မသောက်ပဲ ရှောင်မှာဆိုတာ သာဓုပါရှင့်
    ဝါတွင်းမှ ရှောင်နိုင်ရင် ကျန်တဲ့ရက်တွေလဲ ရှောင်နိုင်ဖို့ လွယ်မယ်ထင်ပါတယ်
    ကြိုးစားကြည့်ပါလား ဟဲ
    မမပဒုမ္မာ ပေးတဲ့လက်ဆောင်လေးတွေ တကယ်အကျိုးရှိပါတယ်
    မကောင်းမှုကိုအလွယ်တကူ မလုပ်နိုင်တော့ဘူးပေါ့

  • ဆူး

    August 6, 2012 at 9:58 am

    အန်တီ လက်ဆောင်လေး ကို သိပ်သဘောကျမိပါတယ်။
    အတွေးအခေါ်တွေကလည်း အရမ်းကောင်းတာပဲနော်။
    ဆရာတော်ကြီး နာမည်တွေ့တယ်နော်.. ဒီနေရာကပဲ ဆရာတော်ကြီးကို ဦးခိုက် ကန်တော့ပါတယ်။

    ၅တန်း ၆တန်း လောက်တုန်းက ညအိပ်ခါနီးတိုင်း ငါ ဒီနေ့ သီလအကုန် လုံရဲ့လားလို့ တွေးပြီး အိပ်ခဲ့ဖူးတယ်။ အသက်နည်းနည်းကြီးလာတော့ အဲဒီ အတွေးတွေ မတွေးမိတော့ပြန်ဘူး။ မတွေးမိဆို မလုံတာတွေလည်း အကြိမ်ကြိမ် ရှိခဲ့ပါတယ်။

    ၂၀၀၅ ၂၀၀၆ လောက်က စပြီးတော့ ဂုဏ်တော် နဲ့ ပဌာန်း (၂၄အကျဉ်း) တခုမဟုတ်တခု ၂ခုစလုံးကို ပျက်ကွက်တဲ့ နေ့ရယ်လို့ မရှိတော့ပါဘူး။ ဂုဏ်တော်က မပျက်ကွက်ဆို မနက် သွားတိုက် မျက်နှာသစ်ရင် တခြားဟာတွေ တွေးနေမဲ့ အစား ဂုဏ်တော်ရွတ်ပြီး လုပ်လိုက်တော့ ၁ချိန်တည်းမှာ ၂ခု လုပ်ဖြစ်သွားတယ်။ အိပ်ယာက ထ တာနဲ့ အလုပ်သွားဖို့ ပြင်ရတာ အိပ်ရေး မဝ လို့ ငူငူငိုင်ငိုင် ဖြစ်နေမဲ့ အချိန်တွေ လွယ်လွယ် လွန်မြောက်စေလို့ပါ။

  • ကြည်ဆောင်း

    August 6, 2012 at 9:59 am

    ဝါတွင်း ဓမ္မလက်ဆောင် အဓိဌာန် ကဒ်ကလေးအတွက် ကျေးဇူးကြီးလှပါတယ် အမပဒုမ္မာရေ…
    ကြည်ဆောင်းတို့လို ဥပုဒ်မစောင့်ဖြစ်တဲ့သူတွေအတွက်တော့ တစ်ပဲရရ နှစ်ပဲရရ ကုသိုလ်လေးမို့
    ကျေနပ်အားရစွာ ကူးယူသွားပါတယ်ရှင်…
    ဝါတွင်းသာမက တနှစ်ပါတ်လုံး အသုံးချသင့်တဲ့ ဓမ္မကဒ်ကလေးပါ..

  • cherry nwe

    August 6, 2012 at 11:07 am

    ဘဘဦးပေက ဝါရှောင်ဆည်မှာ သွားသောက်မယ်လို့ပြောတာနဲ့တူပါတယ် အန်တီရယ်
    ဘဘဦးပေ လူမမြင်ဘူးပေမယ့် ခင်လို့စတာစိတ်ဆိုးရဘူးနော်

  • lynn lynn

    August 6, 2012 at 11:28 am

    မပဒုမ္မာရဲ့ လက်ဆောင်ကဒ်လေးအတွက် အရမ်းကို ကျေးဇူးတင်ပါတယ်။

  • စိန်ဗိုက်ဗိုက်

    August 6, 2012 at 11:43 am

    များလဲ ဝါရှောင်မယ်
    ဘီအီးတစ်ဖာလောက် လက်ဆောင်ပေးဘာ..
    🙂

  • amatmin

    August 6, 2012 at 1:31 pm

    အန်တီပဒုမ္မာရေ..
    စေတနာ ထားပီးရေးတဲ့ စာမို့ထင်ပ..အရက်သောက်တာကို.
    ရှောင်လိုက်ပီး ရေးရကျိုးနပ်အောင် ကြိုးစားပေးချင်တဲ့ စိတ်တကယ်ပေါ်မိပါတယ်..
    သို့သော်.မသောက်ဘူးလို့ တွေးကြည့်မိတဲ့
    ကိုယ့်စိတ်ကို ယတိပြတ် ဆုံးဖြတ်လို့မရတော့ကာ.
    နိုင်သလောက်အားဖြင့် သောက်တာကို လျှော့ဖို့ ဆုံးဖြတ်လိုက်သဗျ..
    နောက်အရေးအကြီးဆုံးဖြစ်တဲ့ အရက်ပင်သောက်သော်ငြားလည်း..
    မကောင်းမှုကိုအားမပါမိစေဖို့နဲ့..ကောင်းမှုကို မမေ့လျော့စေဖို့ကို သတိပြုပါ့မယ်လို့..
    ဆုံးဖြတ်ရင်း အံတီပဒုမ္မာ တိုက်တွန်းစကားကို.လိုက်နာကြည့်ပါ့မယ်..
    ကျီးပေါင်းလည်း အမြန်သက်သာပါစေဗျာ….

  • etone

    August 6, 2012 at 2:37 pm

    အန်တီရေ … ဝါရှောင်ပြီး သောက်တဲ့ လူတွေ များလာလျှင် … တနှစ်ပတ်လုံး ဝါတွင်းဖြစ်ပါစေလို့ ဆုတောင်းမိမလားပဲ …. 😛
    ကိုပေအပြင် တခြားသော … ဝါရှောင်နေသူများလည်း ရှိပါသေးကြောင်း …. နည်းနည်း ဖွခဲ့ပါတယ် ။

    အရက်သမား သမဂ္ဂအဖွဲ့က ဟိုလူဂျီးတွေလည်း .. ဝါရှောင်ကြပါဗျို့ …. 😀

  • နွေဦး

    August 6, 2012 at 3:43 pm

    ဝါရှောင်တယ်ဆိုတော့ သာဓုခေါ်ရမယ်..
    ဝါရှောင်လို့ဆိုတာထက် အရက်ကို တဝါတွင်း ၃ လ မသောက်ဘူးဆိုတဲ့အတွက် သာဓု ခေါ်ပါတယ် ။
    ဝါတွင်း ရှောင်ကြည်ကြတဲ့မကောင်းမှုတွေ ကို ဝါပ ကာလ မှာလဲ ရှောင်ကြည် နိုင်ရင် ပိုကောင်းတာပေါ့ ။
    ဝါတွင်းရှောင်တဲ့ရည်ရွယ်ချက် ကဘာလဲ ဆိုတာ မသိတော့ မှားမှာစိုးရတယ်..
    မကောင်းမှုကို ဝါတွင်းမှာရှောင်ရင် ကုသိုလ် ပို မရသလို
    ဝါပကာလမို့ အကုသိုလ်အလုပ်တွေ လုပ်ရင်လဲ အပြစ်က လျှော့ မသွားပါဘူး ..
    ဒါ့ကြောင့် ဝါတွင်းမှာ ကုသိုလ်ပို ရအောင် ဆိုတဲ့ ရည်ရွယ်ချက် ကိုတော့ မထားစေချင်ဘူး ။
    အကုသိုလ် အလုပ်ကိုတော့ ဝါတွင်းဝါပ ဘယ်အချိန်ဖြစ်ဖြစ် ရှောင်စေချင်ပါသည် ။
    ဝါကျွတ်ပြီဆိုမှ အတိုးချပြီး အရက်ဆိုင်တွေ စည်ကားတာ တွေ့ရတော့ ဘဝင်မကျတာ အမှန်ပါ..။

  • ko khin kha

    August 6, 2012 at 7:35 pm

    အဲဒါဆို ဒီလိုလုပ်ရင်ရော ဝါတွင်းကာလက ၃ လ၊ ဝါပကာလက ၉ လ ဆိုတော့၊ ဝါပမှာရှောင်စေချင်ရင်ရောဗျာ၊ သူကကာလပိုရှည်တော့ ပိုများကုသိုလ်ရနိုင်မလားလို့လေ။

  • San Hla Gyi

    August 6, 2012 at 7:36 pm

    အခုလို ပို့စ်ကောင်းကလေးကို ဝင်ရောက်ဖတ်ရှုသွားပါသည်။ ပါရမီဆယ်ပါး အကြောင်းကို မိုးလုံးဟိန်းချုံး ဂိုဏ်းချုပ်ကြီးနဲ့ ဆက်လက်ဆွေးနွေးပါဦးမည်။
    ဒါနဲ့ စာပေမိတ်ဆွေများခင်ဗျာ အခုတလော ကွန်မန့်ရေးလျှင် ပွိုင့်မတိုးတော့ဘူး ဆိုတာဟုတ်ပါသလား။ သိချင်လို့ပါ။

  • San Hla Gyi

    August 6, 2012 at 9:16 pm

    မ Padonmar ရေ
    ပို့စ်ထဲမှာလာပြီး ပေါက်ကရရေးသလို ဖြစ်ရင်တောင်းပန်ပါတယ်။ ဒီလိုပါ။ ကျနော် ကွန်မန့်ပေးရင်းနဲ့ စမ်းကြည့်လိုက်တာပါ။ ကျနော် သတိထားမိသလောက် ခန့်မှန်းခြေ ၅ ရက်လောက် ရှိပါပြီ။ ကျနော် ဘယ်လောက်ကွန်မန့်တွေ ရှည်ရှည်ရေးရေး ပွိုင့်လုံးဝမတိုးတာ တွေ့ရပါသည်။ ဒါလုံးဝကို သေချာပါတယ်။ ဘာလို့လဲဆိုတော့ ဒီပို့စ်ကို ကွန်မန့်မပေးခင် ပညာရှင်တယောက်နဲ့ အခြေအတင် ဆွေးနွေးတာလေးတွေ ရှိပါတယ်။ အစက သတိမထားမိသေးပါဘူး။ နောက်မှ သတိထားမိတာနဲ့ ကွန့်မန့်တခုရေးလိုက် သတိထားကြည့်လိုက်နဲ့ လုပ်တော့ ပွိုင့်လုံးဝမတိုးတာ တွေ့ပါတယ်။ ဒါနဲ့ သေချာအောင် ရက်ဆက် စမ်းကြည့်တော့လည်း ဒီလိုပါပဲ။
    ဒါကြောင့် အခုလို မေးပြောလေး ပြောလိုက်တာနဲ့ ချက်ချင်း အဲဒီလို ဖြစ်နေတာ ပျောက်သွားပါတော့သည်။ မ padonmar ရဲ့စာဖတ်ပရိသတ်ထဲမှာ နတ်ကောင်းနတ်မြတ်တွေလဲ ပါနေနိုင်ပါသည်။ ဘာလို့လဲဆိုတော့ ရေးတာကလည်း တရားအကြောင်းကိုး။ ကောင်းလေစွ။ ထူးဆန်းလှချေသည် တကား။ မပဒုမ္မာကို ကျေးဇူးတင်ပါသည်။

  • padonmar

    August 6, 2012 at 9:36 pm

    ကွန်မန့်ပေးကြတဲ့ မိတ်ဆွေတွေ တူတူမတွေအားလုံး ကျေးကျေးပါ။
    ရည်ရွယ်ချက်ကတော့ ကိုယ်တတ်နိုင်သ၍ ကောင်းမှုလေးတွေလုပ်ဖြစ်ကြဖို့ ကိုယ့်ကိုကိုယ်ရော မိတ်ဆွေတွေကိုပါ တိုက်တွန်းချင်လို့ပါ။
    နွေဦးပြောသလိုပဲ ကောင်းတဲ့အလုပ်ကို ဘယ်အချိန်လုပ်လုပ် ကောင်းတာဖြစ်လို့ ဝါတွင်းဝါပ အချိန်မရွေး စတင်နိုင်ကြပါစေ။
    ဆူးလို အကျင့်ကောင်းလေး မွေးမြူထားပြီးသားဆိုရင်လည်း ဆက်လက်စောင့်ထိန်းသွားနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။
    မတ်မတ်တို့ ဖက်ဖက်တို့ နယ်စည်းမခြားအဖွဲ့ တွေလည်း မပြတ်ရင် တောင် ခပ်ကျဲကျဲပေါ့နော်။
    ……..
    ကိုစံလှကြီးရှင့်
    ွပွိုင့်တွေပြန်တက်လာပြီဆိုလို့ ဝမ်းသာပါတယ်။
    ကျမပို့စ်မှာ ဘယ်လိုတွေရေးရေး စိတ်မဆိုးပါဘူး။
    ဘယ်တော့မှလည်း ကွန်မန့်တွေ မဖျက်ပစ်ပါဘူး။
    ဘယ်သူ့ကိုမှလည်း မနီပေးပါဘူး။
    လက်မလည်း ဘယ်တော့မှ အောက်မစိုက်ပါဘူးရှင်။
    စာဖတ်သူတွေရဲ့ အခွင့်အရေးကို လေးစားပါတယ်ရှင့်။

  • San Hla Gyi

    August 6, 2012 at 10:00 pm

    အခု ကွန်မန့်ရေးပေမယ့် မတတ်တော့ပြန်ဘူးဗျ။ ဆန်းတော့ အဆန်းသားဗျို့။ တချို့က ပြောတော့ ကွန်မန့်ရေးတိုင်း တတ်တယ်ဆိုလို့ပါ။

    • kai

      August 7, 2012 at 4:29 am

      ကော်မန့်ကိုပွိုင့်ပေးပုံစံနစ်က…
      ပို့စ်တခုအောက်မှာဝင်ရေးတဲ့.. ပထမဆုံးကော်မန့်တခုကို.. ၁၅ပွိုင့်ကော်မန့်ရေးသူကရပါတယ်..
      နောက်ပိုင်းမှာ…ကော်မန့်.ကြိုက်သလောက်ရေး.. ပွိုင့်ထပ်မတက်တော့ပါဘူး..

      ဒါပေမယ့်.. မူရင်းပို့စ်တင်သူကတော့.. ကော်မန့်တခုရေးတိုင်း.. . ၂ပွိုင့်နှုန်းတောက်လျှောက်တက်နေမည်ပါကြောင်း…
      ဒီအတိုင်းသွားနေတာ..လချီကြာနေပြီလို့.. ထင်ပါတယ်ခင်ဗျား..

      • San Hla Gyi

        August 7, 2012 at 7:17 pm

        ဟုတ်ကဲ့ ဟုတ်ကဲ့ ရပါတယ်။ ကျေးဇူးပါပဲ။

  • MaMa

    August 7, 2012 at 9:25 am

    ဖတ်ကြည့်ပြီး အရက်သောက်တဲ့ကိစ္စ ငါနဲ့ မဆိုင်ဘူး။
    လွတ်တယ်လို့ တွေးမိသွားတယ်။
    ဆက်တွေးလိုက်တော့ ကုသိုလ်ဖြစ်ဖို့ကိစ္စ …….
    အဲ….. အဲဒါတော့ ကိုယ်လည်း တတ်နိုင်တဲ့ဘက်က ကြိုးစားရအုံးမှာပဲလို့ သဘောပေါက်သွားတယ်။
    ဝါရှောင်မယ့် မောင်ပေလို့ ရေးထားတာကို ငြိမ်မနေပဲ ဝါမရှောင်ဖြစ်မယ့်အကြောင်းပြောလို့ မုသာဝါဒကံ မထိုက်ပဲ အနည်းဆုံး ကံတစ်ပါးတော့ ဆောက်တည်မိသွားတာပေ့ါ။
    မြှောက်ထိုးပင့်ကော်လုပ်သလို ဖြစ်နေလို့ ကိုထူးဆန်းပြောသလို ခါးပတ်လက်ဆောင် အဆစ်ထည့်ပေးလိုက်ရမလား။
    (ပြောရင်းနဲ့ ပုဆိုးကိုခါးပတ်နဲ့ ပတ်ဝတ်တဲ့ တောသူဌေးမောင်ပေပုံကို မျက်စေ့ထဲတောင် မြင်ယောင်လာတယ်။) 😀

    ဒီပိုစ့်ကို မောင်ဂီ ဖတ်ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။ :mrgreen:

  • padonmar

    August 7, 2012 at 6:41 pm

    ရေးဖို့ကျန်သွားပါတယ်။
    ဒီဇယားလေးဖတ်ပြီး ကျမဆွဲတယ်ထင်မှာစိုးလို့ပါ။
    ဒီ ဓမ္မလက်ဆောင်လေး စီစဉ်ရေးဆွဲသူတွေက ကျမရဲ့ ကျေးဇူးရှင် ဆရာမကြီး ဒေါ်ခင်လှတင်နဲ့ ဒေါက်တာဒေါ်နွဲ့တင်ထွဋ်(ဓမ္မဗျူဟာ ) ဖြစ်ပါတယ်။

    • ဆူး

      August 13, 2012 at 1:35 pm

      ဆရာတော်ကြီး နာမည်တွေ့လို့ ဆရာတော်ကြီး ဆွဲ ထားတာ လို့ ထင်နေခဲ့တာပါ။

  • ကြောင်ကြီး

    August 13, 2012 at 10:10 am

    ဝါရှောင်
    သာအောင်
    ကြာပေါင်
    ငါထောင်
    အာယောင်
    ဒါဆောင်
    ခါနောင်
    ဖျာလှောင်
    တာဘောင်…။

  • mayjuly

    August 13, 2012 at 1:44 pm

    အန်တီ ရေ တကယ်ကိုကျေးဇူးတင်ပါတယ်…

    အိမ်မှာ အစ်ကိုလူပျိုကြီး က ဝါတွင်းဆို ရှောင်ဖြစ်တာများတယ်..အဲတော့ အမြဲ ရှောင်နိုင်အောင်…

    ဘယ်လိုပါရမီတွေ မြောက်တယ်ဆိုတာ သိရအောင် ကူးယူသွားပါတယ်ရှင်….

Leave a Reply