ဂေဇက်အတွက်….ပျော်တော်ဆက်…ကဗျာ(၃)

tharli karAugust 5, 20122min1264

သတိတယနဲ့

ရွာရှိရာအလာ….။

အိတ်ကပ်ထဲရှာကြည့်

ကိုယ့်အသိကို မေ့လို့ပေါ့…။

ဗလာထက်ပိုတဲ့ ပိုက်ဆံက

သာလိကာကို မဲ့ရွဲ့ကြည့်ရင်း

နှာပြီစုတ်လို မျက်စောင်းထိုး

ဘယ်မှာလဲ…အင်တာနက်ဖိုး….တဲ့…။

ခေါင်းကုတ်ကြံမိတယ်….

ကျုပ်…..ပြန်မလှည့်ချင်ဘူး….

ဟုတ်ပါရဲ့….

ရွာသတင်းထူးတွေ…လွတ်သွားမယ်..

အမူး…အတင်းတွေ….လွတ်သွားမယ်….ပေါ့…။

စားစရာမရှိချင်နေ

မသေခင် ရွာထဲအပေါက်

ငါ ရောက်မှ…..ဖြစ်မှာ….။

(ပိုပြောခြင်းဆိုပေမင့်…ယုံစေချင်ပါသည်)

ဒီလိုနဲ့……

အဝိုင်းတဝက်ကို

နှိုင်းတွက်မိတဲ့ နာရီလောက်

အပီအပြင် အသုံးချဖို့….ရာ

လိပ်စာရိုက်ထည့်

အင်းတားခေါက်…

ဗျောက်……………။

……………

ပေါ်လာပြီ…..ငါ့စာမျက်နှာ

ဟာ……

အစိမ်းက….တော်တော်

အနီက…ကဲကဲ

ဒီ အထဲ

ဆဲသူတစ်သိုက်..ဆိုတော့…

မိုက်ကနဲဖြစ်…..။

အစ်…….

တော်သေးရဲ့

အဒေါ်တစ်သိုက်က

ပျော်လိုက်တဲ့ဖြစ်ခြင်းဆိုတော့…

အင်း……

ဟင်……..

သုံးစွဲချိန်နဲ့….

ခွဲတမ်းချပိုက်ဆံ….

ပြန်အမ်းစရာမလို….

အကိုရေ….ရော့….

(200 ) ကျပ်……….

ဆိုတော့…..

စပ်မိစပ်ရာ…ပေမယ့်

ငတ်လည်း…ငတ်ခဲ့

ဟပ်လည်း….ထိ…ခဲ့…..တယ်….လေ….ဗျာ………နော်….။

4 comments

  • tharli kar

    August 5, 2012 at 10:00 pm

    ” တရားနေအောင် အားထုတ်လိုကြသူတွေ အာရုံပြုရမယ့် ခန္ဓာက ကံခန္ဓာ။ လူသားလောက ကြီးတစ်ခုလုံးကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင် မိသားစုတွေကို သွေးကွဲအောင်၊ ဆွေမျိုးမိတ်ဆွေ ကုလား၊ ဗမာ၊ ရိုဟင်ဂျာ၊ တရုတ် . . . အစစတွေကို ဇာတ်စနစ်သွင်းပေးနေတာ ကံခန္ဓာ၊ လူကို လူ့လောကထဲကနေ ထွက်ပြေစေချင်အောင် လုပ်ဆောင်နေတာ ကံခန္ဓာ။ …. ကဲ . . . မိတ်ဆွေ . . .
    ကံခန္ဓာဆိုတာ လူလည်းမဟုတ်၊ ရုပ်လည်းမဟုတ်၊ နာမ်လည်း မဟုတ်၊ ရုပ်နဲ့ နာမ်ပေါင်းထားတဲ့ လူ။ အဲဒီလူက ထုတ်လွှတ်လိုက်တဲ့ အမှု။ အမှုတွေမှာ လက္ခဏာတွေ ရှိတယ်”…….တဲ့…………….
    …………………………………………………………………………………………………….
    ကြိုက်တယ်ဗျာ…..
    ဥပါဒါနက္ခန္ဓာကိုမြင်အောင်ပြသွားတယ်လို့ သဘောပေါက်မိပါတယ်…..
    မှားရင်လည်း….” သာသာ့ ” အမှားပါ….နော်………………..။

  • tharli kar

    August 5, 2012 at 10:20 pm

    အက်ဒမင်များနှင့်….သာသာ့ ပရိတ်သတ်များခင်ဗျာ..
    မောင်မိုးပြာပို့စ်ကို ကွန်မင့်ဝင်ရာမှာ နေရာမှားသွားပါသဖြင့်…
    အနူးအညွတ်တောင်းပန်အပ်ပါဂျောင်း……….နှင့်….
    ထိုကွန်မင့်ကို ဖျက်လို့ရပါလျှင်…ဖျက်ပေးစေလိုပါဂျောင်း….

  • မောင်ပေ

    August 6, 2012 at 12:01 am

    ပျော်ရွှင်စရာဆိုသည်မှာ
    ဘာဘာညာညာမပါ
    ပြာပြာဝါဝါဘယ်သူလာ
    ဖတ်တော့ဖတ်ကြတာ
    ပင်ကိုယ်အထာ ပညာမှာ
    သေချာ ချိန်စက်ကာ
    အမှားအမှန် တွက်ချက်ပါ
    လူတိုင်းမညံ့ပါ

  • tharli kar

    August 6, 2012 at 9:33 am

    ကျေးဇူးတင်သဗျာ..ကိုပေရာ
    သတိပေးတာ…ကျေးဇူးပါ….
    နောက်တစ်ခါမမှားဖို့..
    ကြိုးစားပြင်ဆင်စို့…………..။
    မညံ့မှန်းတော့..သိသဗျာ..
    မန္တလေးဂေဇက်ပါ……….
    သို့ပါသော်…စိတ်မကောင်း
    မှားသည့် “သာသာ” ..တောင်းပန်ကြောင်း………။
    ဒါပေမယ့်လည်း ကိုပေရာ….
    တွေ့တဲ့သူတိုင်း…ပြာထင်ကာ
    အလွန်ပင်..ဝမ်းနည်းလှ
    အစွဲသန်လွန်းသဗျ…………………..။
    သာသာ့ ကဗျာများ….ကြည့်ပါလျှင်
    မည်သူ့ကိုမျှ…မနာကျင်
    သို့ပင်လျှင်..အထင်မှား
    မနေနိုင်လို့်ပါ…ရေးမယ်ဗျား……………..။
    မှားပြီးပြီးခြင်း..သိတယ်ဗျာ
    တောင်းပန်လိုက်သေးတာ….
    ဒါကိုပင်သဘောမကျ….
    ဟိုလို..ဒီလိုစွပ်စွဲသဗျ………………..။
    သာသာ့ကိုတော့ မေးပါလျှင်
    အသုံးတည့်မယ့်…အရာတွင်
    ဘယ်ဘာသာ…အမှုမထား….
    ကောင်းတာလေးတွေ….ယူမယ်ဗျား………………..။
    စာကောင်း၊ ပေကောင်းကိုးကားလျှင်
    မူဆလင်လည်းပါမည်ပင်
    ခရစ်ယာန်တွင်…အသိကောင်းရှိ
    လူသားဆိုလျှင် ယူထိုက်၏…………………..။
    ဟိန္ဒူအယူဆ….ကောင်းတာမြင်….
    ငြိမ်းချမ်းရေးအတွက်…စံ…ကိုက်လျှင်…
    ဘယ်သူပင်ငြင်းချက်ပေး….
    သာသာကတော့ ယူမယ်လေး……………..။
    ဗုဒ္ဓဘုရားကိုးကွယ်တာ….
    အစတုန်းက….မိရိုးဖလာ…
    ယခုတွင်…အသိပြောင်း
    ဗုဒ္ဓ…လူသား…အသိကောင်း……………။
    ဒါတောင်…ရှင်းရှင်း…မသိသေးပါ
    လေ့လာနေတုန်းဗျာ…..
    အမှားပါလျှင်…ခွင့်လွှတ်ဖို့…
    တောင်းပန်တာလည်း…ခါခါဗျို့…။
    …………ဟီး…………………ရမလားလို့…….။
    (( ရယ်စရာအဖြစ်တင်ခဲ့ပေမယ့်….ကွန်မင့်အမှားတစ်ခုကြောင့်….မောစရာဖြစ်သွားခဲ့ခြင်းအပေါ်….
    တကိုယ်တော်….သာလိကာမှ…..အပျိုဖော်များပါမကျန်….တောင်းပန်လိုက်ပါကြောင်း…))

Leave a Reply