Myanmar Youth Conference 2012

manawphyulayAugust 6, 20121min1165

Date: Sunday, August 12, 2012

Time: 9:00am – 4:00pm

Location: UMFCCI

၂၀၁၂ ခုနှစ် ဩဂုတ်လ (၁၂) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ (International Youth Day) ကို ဂုဏ်ပြုသောအားဖြင့် Myanmar Youths in Action မှ ကြီးမှုး၍ Myanmar Youth Conference 2012 ကို ဩဂုတ်လ (၁၂) ရက်နေ့တွင် UMFCCI မှာ ကျင်းပသွားမည် ဖြစ်ပါသည်။ အဆိုပါ conference ကို ကျင်းပရခြင်းအကြောင်းမှာ – ပိုမိုကောင်းမွန်သော အနာဂတ်အတွက် လူငယ်များ၏ ပူးပေါင်းပါဝင်မှုသည် အဓိကကျသည် ဆိုသည့်အရာကို ထုတ်ဖော်ချင်သော ရည်ရွယ်ချက်ဖြင့် ကျင်းပရခြင်း ဖြစ်ပါသည်။

Myanmar Youth Conference တွင် Panel Discussion (၄) ခု ပါဝင်မည် ဖြစ်ပြီး၊ ဘာသာပေါင်းစုံကိုးကွယ်မှု (Interfaith Dialogue), ပညာရေး (Education), ငြိမ်းချမ်းရေး (Peace) နှင့် လူငယ်များမှ ခေါင်းဆောင်မှု (Youth Leadership) ဟူသော အကြောင်းအရာ ခေါင်းစဉ် (၄) ခုအောက်တွင် နယ်ပယ်အသီးသီးမှ လူငယ်များမှ ဆွေးနွေးသွားကြမည် ဖြစ်ပါသည်။

Myanmar Youth Conference 2012 သည် လူငယ်အားလုံးကို ကိုယ်စားပြုမည့် လူငယ် နှီးနှောဖလှယ်ပွဲ ဖြစ်ပါသည်။ နယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူများက လူငယ်များကို ဦးဆောင်ဆွေးနွေးမည် ဖြစ်ပြီး မိမိတို့ကိုယ်တိုင်လည်း ပါဝင်ဆွေးနွေးနိုင်ပါသည်။ ဗဟုသုတများစွာ ရရှိမည့် ၊ လူငယ်များ အတွေးအခေါ်များကို လွတ်လပ်စွာ ချပြကြမည့် Myanmar Youth Conference 2012 အား တက်ရောက်နိုင်ကြပါရန် လူငယ်အားလုံးကို ဖိတ်ခေါ်အပ်ပါသည်။

5 comments

  • we R one

    August 6, 2012 at 11:57 am

    ရွာသူရွာသားတွေကိုလည်း ဖိတ်ခေါ်ပါတယ်…။ မမနောရော လာမှာလားဗျို့ …။ ကျွန်မ ကတော့ မနက် ရ နာရီခွဲလောက် ကတည်းက ရှိနေမှာ

    • manawphyulay

      August 6, 2012 at 12:00 pm

      အဆင်ပြေရင် လာခဲ့မယ်လေ… နှုတ်ဆက်မှာလား ပြောဦးနော်။

      • we R one

        August 6, 2012 at 12:16 pm

        ဆက်မှာပေါ့…လို့….. ဒါနဲ ညင်မှ ညင်ဖူးတာ…ဘိလိုလုပ်ရမရဲ ဟင်

  • ko khin kha

    August 6, 2012 at 3:33 pm

    ၂၀၁၂ ခုနှစ် ဩဂုတ်လ (၁၂) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ (International Youth Day) ကို ဂုဏ်ပြုသောအားဖြင့် Myanmar Youths in Action မှ ကြီးမှုး၍ Myanmar Youth Conference 2012 ကို ဩဂုတ်လ (၁၂) ရက်နေ့တွင် UMFCCI မှာ ကျင်းပသွားမည် ဖြစ်ပါသည်။
    Myanmar Youth Conference 2012 အား တက်ရောက်နိုင်ကြပါရန် လူငယ်အားလုံးကို ဖိတ်ခေါ်အပ်ပါသည်။ တဲ့
    လူငယ်တွေ သွားရောက်တက်ကြနော်။ အဲ
    လူကြီးများကော ဘယ်သွားကြမလဲ၊

  • မွန်မွန်

    August 6, 2012 at 3:41 pm

    တွားမယ် တွားတယ်…ဒို့ဂ လူငယ်ဆိုတော့ တွားရမယ်… 🙂

Leave a Reply