ဘောင်းဘီချွတ်ပြီး
ထမ်းထားတဲ့ကြယ်တွေလွှတ်ချရုံနဲ့ 
ညှီနံ့ ကပျောက်သွားရောတဲ့လား …..

မိုးတိမ်တွေ ဘောင်းဘီဝတ်မှုက ….
အနုပညာ ရသကို တစ်စိမ့်စိမ့်ခံစားလို့ ရတယ်

ခေတ်ကိုမြစ်ထဲမျှောခဲ့တာ ….ခုထိ
အဖတ်ဆယ်လို့ မှမရသေးတာ
အမှိုက်သရိုက်တွေကြားထဲက … ဘ၀တွေ
ပေါလော …. ပေါ်သူလည်းပေါ် ….
စုံးစုံးမြုပ်သူလည်း မြုပ်
ဂုတ်ပေါ်ခွထိုင်လို့  …. တစ်မြည့်မြည့်စုပ်
ဒီလိုနဲ့  …………………………………….
ကိုယ့်ကိုကိုယ် ယုံကြည်စိတ်ဟာ …
အကြောက်တရားအောက် မှာ
ထင်သလောက်ခရီး မတွင်ခဲ့ကြ …၊

အမေကမွေး …. ထောင်ကကျွေး
နိုင်ငံရေး တေးတစ်ပုဒ် နဲ့ …..
အနာဂတ်အရေးအတွက် …
ကိုယ့်အရိုးကိုယ်  သွေးခဲ့ကြရတာပါပဲ ….

လွှတ်တော်နေလို့   လွှတ်တော်ထဲရောက်လာတာလား
ငချွတ်ငချော်တွေက ဘောင်းဘီချွတ်
ခေါင်းပေါင်းစတစ်ထောင်ထောင် ….
ခင်ဗျား  ဟန်ဆောင်မနေပါနဲ့ 
မိုးပေါ်ထောင်မဖောက်တတ်တဲ့ ….သေနတ်တွေ
ဆီးရီးယား အရေးတွေ တွေးနေမလားပဲ …..

အခွင့်အာဏာ ဆိုတာ … အခွင့်သာတုန်း
ဂတုံးပေါ်ထိပ်ကွက် တဲ့ … ရက်စက်ခြင်းတစ်မျိုးပါ
အာဏာဂျိုးတူးတာ … ခွါရခက်တယ်တဲ့ …
ဆရာဦးဝင်းတင်က ပြောခဲ့ဘူးတယ် ….
အရူးကတစ်မူး သာတယ်ထင်ပါ့ ….၊

ဘောင်းဘီချွတ် ပြီးရင် ဘာဆက်ချွတ်ဦးမှာလဲ…
အိပ်ချင်ယောင်ဆောင်နေတဲ့ … ဘီလူးတွေ
အပြောင်းအလွဲ … နဲ့ 
အပြောင်းအလဲ …
ဝါးလုံးခေါင်းထဲ … လသာပြ
အခြေခံလူတန်းစား တွေရဲ့  ဘဝ
ခုထိမျက်နှာသာ မရသေးဘူး ပ ….။။။

About maung khinmin

maung khinmin has written 85 post in this Website..

   Send article as PDF