*** ဘောင်းဘီချွတ် တဲ့ ကြယ် ***

maung khinminAugust 6, 20121min1308

ဘောင်းဘီချွတ်ပြီး
ထမ်းထားတဲ့ကြယ်တွေလွှတ်ချရုံနဲ ့
ညှီနံ ့ကပျောက်သွားရောတဲ့လား …..

မိုးတိမ်တွေ ဘောင်းဘီဝတ်မှုက ….
အနုပညာ ရသကို တစ်စိမ့်စိမ့်ခံစားလို ့ရတယ်

ခေတ်ကိုမြစ်ထဲမျှောခဲ့တာ ….ခုထိ
အဖတ်ဆယ်လို ့မှမရသေးတာ
အမှိုက်သရိုက်တွေကြားထဲက … ဘဝတွေ
ပေါလော …. ပေါ်သူလည်းပေါ် ….
စုံးစုံးမြုပ်သူလည်း မြုပ်
ဂုတ်ပေါ်ခွထိုင်လို ့ …. တစ်မြည့်မြည့်စုပ်
ဒီလိုနဲ ့ …………………………………….
ကိုယ့်ကိုကိုယ် ယုံကြည်စိတ်ဟာ …
အကြောက်တရားအောက် မှာ
ထင်သလောက်ခရီး မတွင်ခဲ့ကြ …၊

အမေကမွေး …. ထောင်ကကျွေး
နိုင်ငံရေး တေးတစ်ပုဒ် နဲ ့…..
အနာဂတ်အရေးအတွက် …
ကိုယ့်အရိုးကိုယ်  သွေးခဲ့ကြရတာပါပဲ ….

လွှတ်တော်နေလို ့  လွှတ်တော်ထဲရောက်လာတာလား
ငချွတ်ငချော်တွေက ဘောင်းဘီချွတ်
ခေါင်းပေါင်းစတစ်ထောင်ထောင် ….
ခင်ဗျား  ဟန်ဆောင်မနေပါနဲ ့
မိုးပေါ်ထောင်မဖောက်တတ်တဲ့ ….သေနတ်တွေ
ဆီးရီးယား အရေးတွေ တွေးနေမလားပဲ …..

အခွင့်အာဏာ ဆိုတာ … အခွင့်သာတုန်း
ဂတုံးပေါ်ထိပ်ကွက် တဲ့ … ရက်စက်ခြင်းတစ်မျိုးပါ
အာဏာဂျိုးတူးတာ … ခွါရခက်တယ်တဲ့ …
ဆရာဦးဝင်းတင်က ပြောခဲ့ဘူးတယ် ….
အရူးကတစ်မူး သာတယ်ထင်ပါ့ ….၊

ဘောင်းဘီချွတ် ပြီးရင် ဘာဆက်ချွတ်ဦးမှာလဲ…
အိပ်ချင်ယောင်ဆောင်နေတဲ့ … ဘီလူးတွေ
အပြောင်းအလွဲ … နဲ ့
အပြောင်းအလဲ …
ဝါးလုံးခေါင်းထဲ … လသာပြ
အခြေခံလူတန်းစား တွေရဲ့  ဘဝ
ခုထိမျက်နှာသာ မရသေးဘူး ပ ….။။။

8 comments

  • ခေတ် လုလင်

    August 6, 2012 at 12:43 pm

    ဆရာခင်ရေ အားပေးသွားပါတယ်။

  • minnannawar

    August 6, 2012 at 2:07 pm

    အကြောင်းမညီညွတ်လို့ ဘောင်းဘီချွတ်ခဲ့ကြတာ ပါ။
    အကြောင်းညီညွတ်နေသေးရင် ဘောင်းဘီဝတ်နေသေးမှာသေချာ။
    ဘောင်းဘီဝတ်ထားတော့ အပြေးအလွှား သွားလာရလွယ်သမို့လား။
    ပြေးပြေးလွှားလွှား သွားသွားလာလာ နေရာတကာမှာ ဘောင်းဘီဝတ်ထားမှ သေချာ။
    အခြေအနေအရ ဘောင်းဘီချွတ်ထား ခဲ့ပေမဲ့ စိတ်ထားကဘောင်းဘီမချွတ်ရင်၊ ခွေးမြီးကောက် ကျည်တောက်စွတ်သလိုနေမှာ အသေအချာတော့စောင့်ကြည့်ဖို့လိုမှာ..

    • maung khinmin

      August 6, 2012 at 3:31 pm

      စောင့်ကြည့်ရင်း သာ
      ကြာလည်းကြာ ပြီ
      မြန်မာပြည်လည်း
      အက်ကွဲ ကြောင်းထင်
      ပြင်ဆင်မရ
      အတ္တ ကိုယ်ကျိုး
      ဒို ့အမျိုးက
      ဆိုးလှ တယ်….

  • koyo

    August 6, 2012 at 8:51 pm

    ဖိနှိပ်မှုတွေကို
    မတရားဘူးလို့ ငြီးတွားနေရုံနဲ့
    လွတ်မြောက်သွားရောတဲ့လား…
    အသိဉာဏ်တွေ နုံချာမှုက…
    မချိတင်ကဲပဲ ခံစားနေရမယ်..

    • maung khinmin

      August 6, 2012 at 9:16 pm

      တစ်ခါတစ်လေ … ငြီးတွားမှုဆိုတာလွတ်မြောက်ခြင်းဆီဦးတည်နိုင်မယ့်
      စိတ်ဓါတ်ခွန်အားတွေကိုပေးတယ်လို ့မြင်ပါတယ် …
      အသိဉာဏ်နုံချာမှုက … အရှိုးရာတွေလို့ထင်ပါတယ်

  • marblecommet

    August 7, 2012 at 12:00 am

    သဟာတို့ကို
    ကြယ်နဲ့ တင်စားလိုက်တာလား
    ဆရာခင်ရဲ့…..
    နည်းနည်းသက်ညှာသလိုများ
    ဖြစ်မနေဘူးလား…ဟဲဟဲ…

    • maung khinmin

      August 7, 2012 at 10:49 am

      ဆြာ .. .ရေ

      ပုခုံးထက်က အပွင့်အခက်တွေကို ရည်ညွှန်းပါတယ်ခင်ဗျာ
      ဒီကောင်တွေကို သက်ညှာစရာအကြောင်းလုံးလုံးမရှိပါ….
      ဖြစ်နိုင်ရင် …. စစ်ခုံရုံးတောင်တင်လိုက်ချင်ပါသေးရဲ့….

Leave a Reply