လောကမှာ အဆင်မပြေမူများနှင့်ကြုံသောခါ ဘာလုပ်ရမလဲ

မဂွတ် ထော်August 6, 20121min1848

လောက တွင် ကိုကမှန်တယ်ထင် တဲ့ အရာတွေလွဲချော်သွားတတ်တာ ဘာလို့လဲ လူတွေအားလုံးက
အခက်ခဲ ပြသနာတခုခုဖြစ်ရင် ရယ်မောခြင်းနှင့်ခွင့်လွှတ်နိုင်ပါစေ ဆိုတာ တကယ်တန်းတော့စာ
သားအရတာပါ လက်တွေ့ကျတော်ခက်ခဲပါတယ်။ လူတွေက ဘာလို့ အမှားဘက်ကိုအုပ်စု လိုက်ပီး
အမှန်ကိုဖုံးကွယ်ထားကြတာလဲ အပြုံး နေဖို့ဆိုတာမလွယ်ပါဘူး ကိုကမမှားပဲ ကိုကမှန်နေရက်နဲ့ ကို့
ကိုထင်လွဲခံရတာ ကို့ကိုမုန်းခံရတာ စိတ်ဆိုးခံရတာ ပါ အတော့ဘယ်လိုလုပ် ပြသနာဖြစ်ရင်ပြုံးပြုံးလေး
နေနိုင်မလဲနော် ကြိုးတော့ကြိုးစားပါတယ်တခါတလေ လဲထိန်းနိုင်ပီး တခါတလေလဲ ဒေါသလွတ်သွားတတ်
တယ်နော် ကျွှန်မ တစ်ယောက်မှမဟုတ်ပါဘူး လူသားအားလုံးဖြစ်လေ့ဖြစ်ထရှိပါတယ်။ ကျွှန်မ သူငယ်ချင်း
တွေကိုအရမ်းခင်တတ်တဲ့သူပါ သူတို့ကူညီလို ရင် ကျွှန်မ ဘယ်လောက်ပဲပင်ပန်းဆင်းရဲနေပါစေ ကျွှန်မ
ဘက်ကအဆင်သင့်ပါ ။ လူတိုင်းပါလို့တော့မဆိုလိုပါဘူးနော်ကျွှန်မစိတ်ကတော့ ကိုကကောင်းထားရင်
ကိုပေါ်ကိုပြန်ကောင်းမှကြိုက်တယ် ကိုစေတနာကိုလေးထားစေချင်တယ်။
ကျွှန်မလဲမြဲတမ်းမှန်နေတယ်လို့တော့မဟုတ်ပါဘူး လူဆိုတာမှားနဲ့မကင်းနိုင်ကြပါဘူး ဒါပေမဲ့ ကျွှန်မ
ရဲ့စိတ်က သဘောထားကြီးသလို
ဒေါသလဲကြီးတယ် လူတစ်ယောက်ကိုမုန်းပီဆို အသံလဲမကြားချင် ရုပ်ကိုလဲ မမြင်ခြင်လောက်အောင်ဖြစ်
မိတယ် ခုတော့ကျွှန်မ တော်လေးစဉ်းစားတတ်ပါ ပီ သူငယ်ချင်းတွေပေါ် ကိုကကောင်းပီးကို့ပေါ်ပြန်မ
ကောင်းရင်ကိုပဲဒေါသဖြစ်ရတယ် အဒီဒေါသကိုထိန်းနိုင်ဖို့ ကျွှန်မ ခု ကို့ရ ကိုအားတဲ့ခါကို့ခန်းကိုတရားနာ
တယ် တရားစာရွတ် တယ် စာဖတ်တယ် ဘယ်သူငယ်ချင်းဆီကိုမှ သိပ်အခန်းမလည်ဖြစ်တော့ပါဘူး ငါ
ငါစိတ်ကိုနိုင်အောင်ထိန်းရမယ် ဘယ်သူနဲ့မှလဲနောက်ကိုငါမှန်နေလဲ ဘယ်သူကိုမှ မှန်တိုင်းမပြောတော့ဘူး
သည်းခံနေတာပဲကောင်းတယ် ငါမှန်တိုင်းတာ အားလုံးနဲ့ရန်ဖြစ်နေရင် ငါပတ်ဝန်းကျင်မှာငါနဲ့တဲ့သူရှိမှာမ
ဟုတ်တော့ဘူးလို့ ငါအားလုံးပေါ်မှာဒီနေ့ကစ အတတ်နိုင်ဆုံးသည်းခံ နိုင်အောင်ကြိုးစားတော့မယ်လို့
ဆုံးဖြတ် ချက်ချလိုက်ပီ ……………….သူငယ်ချင်းများအားလုံးဂေဇက်ရွာသူရွာသားအားလုံး အမှန်တရားကို
လောဘ…ဒေါသ ..မောဟ မရှိပဲပြသနာအားလုံးကိုဖြေရှင်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်

8 comments

  • ဝေးလွင့်တိမ်

    August 6, 2012 at 1:54 pm

    သည်းခံနိုင်အောင် ဆုံးဖြတ်ချက်ချတာလေးကို လေးစားချီးကျူးပါတယ်ခင်ဗျာ … ။

    • မဂွတ် ထော်

      August 6, 2012 at 1:59 pm

      ကျေးဇူးတင်ပါတယ် ဝေးလွင့်တိမ် ရေ…
      နားလည်ပေးတဲ့တွက်

  • ko khin kha

    August 6, 2012 at 2:43 pm

    အရွယ်နဲ့အချိန်တွေကလည်း နားလည်ခြင်း၊သည်းခံတတ်ခြင်းတွေကို သယ်ဆောင်လာတတ်ပါတယ်တဲ့။
    ဖတ်ဖူးတဲ့ထဲကပါ။

  • etone

    August 6, 2012 at 2:57 pm

    မဂွက်ထော်ရေ

    အခက်ခဲ ပြသနာတခုခုဖြစ်ရင် ရယ်မောခြင်းနှင့်ခွင့်လွှတ်နိုင်ပါစေ ဆိုတာ

    ကိုယ်တိုင်မကြုံရလို့ ဘေးလူတွေပြောတတ်တဲ့ စကားမျိုးလို့ ထင်ပါတယ် ….. ။ ကိုယ်တိုင်က ပြသနာကို နှဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်နေရတဲ့အချိန် ….. ပြုံးနိုင်ဖို့မပြောနဲ့ အသက်ရှုဖို့တောင် ခက်ခဲနေလိမ့်မယ်ထင်တယ်နော် ။ အရာရာက … ခါးသက်ပြီး ၊ မြင်နေကြမြင်ကွင်းမျိုးတောင် တစိမ်းဆန်နေသလိုဖြစ်နေတတ်ပြန်တယ် ။

    နေရာတိုင်းမှာ လူအမျိုးစားအစုံရှိကြတော့ တစ်ခါတစ်လေ … အဆင်မပြေတာမျိုးတွေ ၊ ကမောက်ကမတွေနဲ့ ကြုံရတတ်ပါတယ် ။ အဲ့ဒီအချိန် မိမိကိုယ်သာ အားကိုးရာမို့ စိတ်ထဲ ကြံ့ကြံ့ခံဖို့တော့ …. အားတင်းထားရမယ် … ။ အမှားကိုဝိုင်းပြီး ဖုုံးကွယ်နေရသူတွေကြားမှာ …အမှန်တရားကိုတစ်ယောက်တည်း မြင်နေသူအဖြစ် ကိုယ့်ကိုယ်ကိုယ် အားပေးပြီး ၊ ဘယ်သူတွေ ဘာပြောပြော ဥပက္ခာပြုထားလိုက်တာ …….. ကိုယ့်အတွက် အငြိမ်းချမ်းဆုံးဖြစ်လိမ့်မယ်ထင်ပါတယ် ။

  • အလင်းဆက်

    August 6, 2012 at 7:24 pm

    ကျနော်ကတော့
    တရားထိုင်တယ် ။
    ဖြစ်ပျက်တွေ ကို..လိုက် သိပြီး…မှတ်နေလိုက်တယ်။

  • ချစ်တိုးလေး

    August 7, 2012 at 7:53 pm

    မဂွတ်ထော်ရေ သူငယ်ချင်းတွေနဲ ့အဆင်မပြေတဲ့အခါ တော်တော်စိတ်ညစ်စရာကောင်းတယ်နော် တိုးလေးလည်းအဲ့လိုတွေ ခံစားခဲ့ရဖူးပါတယ်စိတ်ကိုအားပေးနိုင်တဲ့စာအုပ်တွေရှာဖတ်လိုက်ပါ နောက်ပြိံး ဘုရားတရားယုံကြည်သူဆိုရင် ပရိတ်ကြိံး ၁၁ သုတ်ရွတ်ဖတ်ပူဇော်လိုက် ပါလို ့အကြံပေးပါရစေနော်

  • မဟာရာဇာ အံစာတုံး

    August 7, 2012 at 9:37 pm

    ကျနော့်အနေနဲ့
    အမရဲ့ ဆုံးဖြတ်ချက်ကို လေစားမိပါတယ်လို့ ပြောပါရစေဗျာ ..
    ပြီးတော့ ခန္တီစ သည်းခံခြင်းသည် မြတ်၏ တဲ့ ..
    ဘုရားတောင် ဟောထားသေးတာပဲနော့ …

Leave a Reply