ပုဂံ ဘုရား ဖူး သွားကြ မယ်။ ( လွမ်း မော စရာ ပုဂံ ရဲ့ အလှ အပ များ)

မိုခ်ိဳAugust 6, 20123min21812

ပထမဆုံးနေ့ ကို ပု ဂံ ဘုရားတွေ ဖူးပါတယ်။ ပုဂံ တဝိုက် ဘုရား စုံ ဖူး အတွက် ကားခ ၂၅၀၀ဝ ပါ။ ငှက်ပစ်တောင်၊ အလိုတော် ပြည့်၊ စူဠာမဏိ၊ ဓမ္မရံ ကြီး၊ ဓမ္မရာဇိက၊ လောက နန္ဒာ၊ မနူဟာ၊ မြစေတီ၊ မြင်းကပါ ဂူပြောက်ကြီး၊ ရှေးဟောင်း သုတေသန ပြတိုက်၊ ကန်တော့ ပုလ္လင်၊ ဗူးဘုရား၊ မဟာဗောဓိ၊ ရွှဂူကြီး၊ သဗ္ဗုညု၊ အာနန္ဒာ၊ ထီးလိုမင်းလို ဘုရားတွေ ကို ပို့ ပေး ပါတယ်။ မနက် ရ နာရီ စ ထွက် တာ ညနေ ၃ နာရီ ကျော် မှာ ပြန် ရာက် ပါတယ်။ မနက် ပိုင်းမှာ တတ် ကြွ သလောက် နေ့လည် ပိုင်း ရောက်တော့ တော်တော်ပင်ပန်း နေ ပါပြီ။ တချို့ဘုရားတွေ ဆို သေချာ တောင် မပတ် ဖြစ်တော့ ပါဘူး…ဓါတ်ပုံ ရိုက် ပြီး ကားပေါ် ပြန် တက် တာပါ ပဲ။ အခု ရေးခဲ့ တဲ့ဘုရားတွေ က ကားဆရာ လိုက် ပို့ ပေးတဲ့ တဲ့ အစဉ် တိုင်း ပါပဲ၊ ဒီ အတိုင်း ပြန် စဉ်းစားလို့ မမှတ် မိပါဘူး၊ ဓါတ်ပုံတွေ ကြည့် ပြီးမှ ပြန် ချရေး ထားတာ ပါ။ ဘုရား တစ် ဆူ ရောက် တာနဲ့ ဘုရား အမည် ပါတဲ့ ဆိုင်းဘုတ် ကို ဓါတ်ပုံ အရင်ဆုံး ရိုက်ပါတယ်။

ဒုတိယနေ့ မှာ ပုပ္ပား သွားပါတယ်။ တတိယနေ့ မှာ ….မနက် ပိုင်း ညောင် ဦး တပတ်  မြင်း လှည်း စီး ၊ ညောင် ဦးဈေးထဲ ပတ်၊ ညနေပိုင်း မှာတော့ ပထမနေ့ က ကျန်ခဲ့ တဲ့ ပုဂံ မြို့ ဟောင်း တ ဝိုက် က ဘုရား တွေ ထဲ က နတ်လျောင်းကျောင်း၊ မင်္ဂလာစေတီ၊ ..နောက် …နံမည် နဲ့ တွဲ ပြီး မမှတ် မိတဲ့ ၂ ဆူလောက် နဲ့ ပထမနေ့ က နေပူလို့ ဓါတ်ပုံ သေချာ မရိုက်လိုက်ရ တဲ့ အာနန္ဒာနဲ့ ဗူးဘုရား ကို ပြန် သွား ….ညနေစောင်း တော့ …ရွှေဆံတော် ဘုရား ပေါ် တတ်ပြီး ပုဂံ ရဲ့ နာမည် ကျော် sunset view ကြည့် တယ် ပေါ့ ။ အဲ ဒီ လို ညနေ ပိုင်း.. ဘုရား သုံး လေး ငါး ဆူ သွား၊ ရွှေ ဆံတော် သို့ မဟုတ် ဗူးဘုရား မှာ sunset ကြည့် မယ် ဆိုရင် …အဲဒီ အတွက် မြင်း လှည်း ငှား ခ ၇၀၀ဝ ကနေ ၁၀၀၀ဝ လောက် ပေး ရပါတယ်၊ အဲဒါ မနက် က ပတ် စီး ခဲ့ တဲ့ မြင်း လှည်း သမား ကို မေး ထားတာပါ။ ကားနဲ့ ဆို ၁၂၀၀ဝ ပေး ရ ပါတယ်။

sunset ကြည့်တာကို တိုးရစ်တွေ အတော် သဘောကျ ကြ ပါတယ်။ ရွှေဆံတော် ဘုရား ပေါ် တက် ပြီး sunset ကြည့်တော့ မြန် မာ ဆိုလို့ ကျမတို့ ပဲ ရှိ ပါတယ်။ အရင် က sunset ကြည့် ကြတဲ့ ညာဏ်တော် အမြင့် ဆုံး သဗ္ဗုညု ဘုရား ပေါ်ပေး မတက် တော့ လို့ ရွှေဆံတော် ဘုရား ပေါ် ကနေ ကြည့် ကြ တာလို့ ကား သမားလေး က ပြောပါတယ်။ ပုဂံ ရှု ခင်း တွေ ကို အပေါ် စီး က ကြည့် ရ တာ အရမ်း လှ ပါတယ်၊ လှေ ကား မတ် မတ် ကြီး တက် လာ ရ လို့ မောသမျှ တွေ ပြေ အောင် ကို လှလွန်း ပါတယ်။ ကျ မ ရော ၊တိုး ရစ် တွေရော အား လုံး ကိုယ် စီ ကင် မရာ တဖြတ်ဖြတ် နဲ့ ပေါ့…..အဲ ဒီ အချိန် မှာ ကင်မရာ ကောင်းကောင်း လေး တစ်လုံး တော့ လိုချင် စိတ် ဖြစ်မိတယ်။ ရွှေဆံတော် ဘုရား ပေါ် မှာ က တော် တော် ကျဉ်း တော့ တယောက်နဲ့ တယောက် မနည်း ရှောင် နေရပါတယ်။ လေကလည်း တဝူးဝူး နဲ့ .. …အမြင့် ကြောက်တဲ့ ကျမ ရင် တထိတ်ထိတ် နဲ့ ပဲ အစပ် နားထိ သွားရိုက် ထားတဲ့ ပုံ လေး တွေ ကို ကိုယ့် ဘာသာ ကိုယ် ကြည့် ပြီး ကျေနပ် သဘောကျ မိ ပါတယ်။

စတုတ္ထ နေ့မှာ ပခုက္ကူ သွား ပါတယ်။ ပုဂံ မှာ စုစုပေါင်း ၅ ည အိပ် ခဲ့တယ်ပေါ့ ။ကျမတို့ တွေ ပုဂံမှာ တစ်နေ့ နဲ့ နေ့ တစ် ပိုင်း ကားနဲ့ လည်တဲ့ အပြင် ပုပ္ပါးတို့ ပခုက္ကူ တို့ သွားပြီး ပြန်ရောက်တဲ့ ညနေ ပိုင်း တွေ မှာ လည်း စက်ဘီး ငှားပြီး လည် ဖြစ်ပါတယ်။ စက်ဘီး စီးတော့ ကိုကိုနဲ့ ပျိုပျို ၂ ယောက်တည်း …တစ်ယောက် တစ်စီး နင်း လို့ … သားသားတို့ ဖွားဖွားတို့ နောက်တွဲတွေတော့ တည်းခိုခန်း မှာ ဖြုတ် ထားခဲ့ တယ် ပေါ့။ ..စက်ဘီး နဲ့ လည်တော့ နာမည် ကြီး မဟုတ် တဲ့ ဘုရားတွေ ၊ ဘုရားကြို၊ ဘုရားကြားတွေ လျှောက်သွား ဖြစ်ပါတယ်။ ဒါပေမယ့် ကုန်းတတ် တွေ ၊ သဲ ထူတဲ့ လမ်းတွေ မှာ နင်းရတာ မသက်သာလှ ပါဘူး။  နိုင်ငံခြားသား တိုးရစ်တွေ ပဲ စက်ဘီးနဲ့ လည် တာ တွေ့ ရတယ်။ စက်ဘီး က တစ်နေ့ လုံးငှား မှ ၁၅၀ဝ ပါ။
ပုဂံမှာ မိုးတွင်း မို့ လို့ ဘုရား ဖူး သိပ်မရှိပါဘူး။ အနီးနား ဒေသ ၊ ကျေးလတ် တောရွာ တွေ က ကား ကြီးတွေ နဲ့ စုပြီး လာ ကြတဲ့ အဖွဲ့ တွေပဲ တွေ့ ပါတယ်…. ရွှေစည်းခုံ ဘုရား နား က ဇရပ်တွေ၊ ဘုန်းကြီးကျောင်း ဝန်း တွေ ထဲက ဇရပ်တွေ မှာ တည်း ပြီး ထမင်း ဟင်းတွေ ချက်စား ကြနဲ့ သူတို့ ကို ကြည့် ရ လည်းပျော် စရာ ကောင်း ပါတယ်။

၁။ ယာကွက် က ကျယ်ကျယ် စေတီ က ငယ်ငယ်…ကြည့်ရတာလွမ်း စရာ…မူလ ဒကာ က ပုဂံ ပြည် ရဲ့ ချို့ ချို့ တဲ့တဲ့ ဆင်းရဲသား တစ်ယောက် လေလား…

၂။ ဒီ် အုတ် ဇရပ်လေး ကကော မူလ အလှူ ရှင် ဘယ်သူ များ တည်ခဲ့ ပါလိမ့် ။

 

၃။ ထနောင်း ပင်စိမ်းစိမ်း နဲ့ ကောင်း ကင် ပြာပြာ ကြား က စေတီတွေ….စိန်ပန်း နီနီ တွေ က ပါသေး။

၄။  ဝေးဝေး က  ဖူးရတဲ့ အာနန္ဒာ။

၅ ။ နေအကျ မှာဖူးရတဲ့ အာနန္ဒာ။

၆။ တောင်တန်းတွေ တိမ်တိုက်တွေ နဲ့ ပန်းချီ ဆရာ လက်မှိုင်ချ ရလောက်တဲ့ ရှုခင်း…အလယ် က ရွှေ ရောင် လေးက အလိုတော် ပြည့် ဘုရား ထင်ပါရဲ့။

အပေါ် က ပုံနဲ့တူတူ ပါပဲ။ ၂ ခါ တင်မိ သွားတယ်။

ရ ။ဝေးဝေး က  ဖူးရတဲ့ ဓမ္မရံ ကြီးဘုရား…ဘုရင် တည်ခဲ့ ဘုရား ဆိုတော့ လည်း တခြား ဘုရားတွေ ကြားထဲ မှာ ထီးထီးမားမား ထည်ထည် ဝါဝါ ။

၈။ ခုန နေရာ ကပဲ အနီး ကပ်ဆွဲ ယူပြီး ရိုက် တားတဲ့ ဓမ္မရံ ကြီးဘုရား။

၉။ ဓါတ်ပုံတွေ ရိုက်ဖို့ တက်ခဲ့ ရတဲ့ ရွှေဆံတော်ဘုရား။

၁၀။ မယား ၄ ယောက် နဲ့ ဗျာများ ခဲ့ ရပုံ  ပေါ်ပြီး သားတော် လိမ္မာ လို့ သာ တခြား ဘုရင် တွေ လို သား ရဲ့ အသတ် မခံရပဲ ဘဝ ကူး ကောင်းခဲ့ ရ တဲ့ပုဂံ သူရဲ ကောင်း တဖြစ် လဲ ကျန်စစ်မင်း ရဲ့ ကောင်း မှု အာနန္ဒာစေတီ။

၁၁။ အညာ ကျေး လက် ဒေသ တွေက လာကြတဲ့ ဘုရား ဖူးကား ကြီးတွေ။

ပုဂံ ဘုရားတွေ ကို ကြည့် ပြီး တွေးမိတာက ….အာဏာ လက်စောင်း ထက်တဲ့ သက်ဦး ဆံပိုင် ဘုရင်တွေ ခေတ်မှာ ဘုရင် တွေ ကိုယ် တိုင် က ဘုရားတွေ  ဦးဆောင်ပြီး တည်သလို  ပြည်သူပြည်သား တွေ ကို ရော… အတင်းအကျပ် များ တည်ခိုင်း လေမလား။  အဲဒီတော့ …..ဆင်းရဲ သား တွေ ခမျာ ဘုရား သေးသေး လေး တွေ ပဲ အဖြစ်လောက် တည်  ကြလေ မလား။…တခါ…. သူဌေးသူကြွယ်၊  မှူးကြီး မတ်ရာ  တွေ ကျပြန်တော့ ဘယ်လောက်ပဲ တက်နိုင်နိုင်  ဘုရင်တည်တဲ့ ဘုရားထက် ပိုကြီးတဲ့ ဘုရား ကို တည်ခွင့်ရ ပါ့ မလား….အဲလို တည်မိလို့ အကွပ်မျက် ခံရတဲ့ သူတွေ ကော ရှိခဲ့  လေ မလား။  တချို့ ဘုရားတွေ ကျတော့ ဆင်တူ  ၂ ဆူ ယှဉ်လို့ ….မိတ်ဆွေ ၂ ဦး …ဒါ မှ မဟုတ် ညီ အကို မောင်နှမ ၂ ဦး က များ အဲလို  တည်ခဲ့ လေ သလား  ။ ဘုရား တစ်ဆူ ချင်း စီ ရဲ့ နောက် ကွယ် မှာ ကိုယ် မသိနိုင် တဲ့ ရာဇဝင် လေးတွေ ကိုယ် စီ ရှိ နေကြမှာပါ….ကျမ ကတော့ ငေးရင်း တွေး ရင်း ပေါ့…။

ဆက်ပါဦးမယ်

 

12 comments

  • ဝေးလွင့်တိမ်

    August 6, 2012 at 2:06 pm

    ခုလိုပုဂံဘုရားတွေ ဖူးမျှော်ခွင့်ရတာ အရမ်းကျေးဇူးတင်ပါတယ်ဗျို့ ။

  • manawphyulay

    August 6, 2012 at 2:41 pm

    မှတ်မိသေးတယ်။ ဘုရားအပေါ်ဘက်ရှုခင်းတက်ကြည့်ရင်း ဂီတာတီးပြီး သီချင်းဆိုခဲ့တဲ့ သူငယ်ချင်းတွေလည်း သတိရမိတယ်။ ပုဂံကို ၃ ခေါက်ပဲရောက်ဖူးသေးတယ်။ သူငယ်ချင်းတွေနဲ့ ကျောင်းအပြီး စတုတ္တနှစ်သွားတာ အပျော်ဆုံးပဲ။

  • mocho

    August 6, 2012 at 2:53 pm

    ကျမရဲ့ ပုဂံ ပထ မ ပိုစ့် ကို ဖက်ရှု ကွန်မန့် ပေးကြတဲ့ရွာသူားတွေ ကို ကျေးဇူး တင်ပါတယ်။
    ကိုနိုဇိုမိ ရဲ့ ကျမ ပိုစ့် တွေ အတွက် ပထမဆုံး ကွန်မန့် ရယ် ၊မမန့် ဖြစ်ပေမယ့် ကျမ ရဲ့ ပိုစ့် တွေ ကို ဖတ်ဖြစ်တယ်ဆိုလို့ ရယ်၊ ..ကျေးဇူးတင်ပါတယ်။ စလုံးမှာ အလုပ် လာလုပ်ကြတဲ့ သူတွေ အကြောင်း ကို ရေး ဖို့ ကျမ စဉ်းစားထားပါတယ်။
    ပိုစ့် တင်ပြီးတာ နဲ့ ကျမလည်း ခင်ပွန်း အလုပ် သွားလုပ်တဲ့ အင်ဒိုနီးရှား ၊ ဘာတန်း ကျွန်း ကို လိုက်သွား တာ ညကမှ ပြန် ရောက် တော့ ဒီမနက်မှ ရွာထဲ ပြန်ဝင် မိလို့ ခုမှ ပေါင်းပြီး အကြောင်း ပြန် ရ တာပါ..။

  • we R one

    August 6, 2012 at 3:21 pm

    ပုံ ၄ နဲ ၅ က သဗ္ဗေညူ လို့ထင်ပါတယ်..။ ဟုတ်မဟုတ်တော့ ကျွန်မလည်း အသေအချာမသိပါ…။
    ဓါတ်ပုံတွေမြင်ရတာ.. နောက်တစ်ခေါက်တောင် သွားချင်စိတ်တွေဖြစ်ပေါ်မိတယ်..။ ဓါတ်ပုံတွေ အတွက် ကျးဇူးတင်ပါတယ် mocho ရယ်…။

  • မဂွတ် ထော်

    August 6, 2012 at 3:27 pm

    ဝါးးးးးးးးးးးးးးး ပုံတွေကြည့်ပီး ပုဂံကိုတောင်နောက် တခေါက်သွားချင်လာပီ
    အရမ်းကြည်းနူးစရာကောင်းတာပဲပုံလေးတွေက

  • mocho

    August 6, 2012 at 3:31 pm

    ဟုတ်တယ် ညီမရေ သဗ္ဗေညုပါ။ ကိုယ့် ဘာသာ သေချာ မကြည့် မိ ပဲ အာနန္ဒာ ပဲ ထင်နေတာ။ အနီး ကပ် ပုံတွေ နဲ့ ပြန် တိုက် ကြည့် မှ သဗ္ဗေညု မှန်း မှတ်မိတယ်။ ပြင် ဖတ်ပေးကြပါနော။
    သတိပေးတဲ့ ဝမ်းရေ ..ကျေး ဇူးတင်ပါ.. ရေ။

  • may flowers

    August 6, 2012 at 5:42 pm

    ပုံ-၅ နဲ့ ပုံ-၆ ကိုအရမ်းကြိုက်လို့ ကူးယူထားခွင့်ပြုပါ mocho ရေ။ တောင်တန်းပြာပြာကို နောက်ခံထားပြီး

    ဘုရားစေတီတွေကို ဖူးရတာဘယ်လို စိတ်ကြည်နူးမိမှန်းမသိ ကြည်နူးမိပါရဲ့။ ပုံလေးတွေကြည့်ပြီး ဖူးမျှော်

    ကုသိုလ်ယူရလို့ ကျေးဇူးတကယ်တင်ပါတယ်နော်။ နောက်ထက်တင်ပေးမဲ့ ပုံလေးတွေကို

    လည်းစောင့်နေမယ်နော်။

    ခင်တဲ့ ……….မေဖလားဝါး။

  • ကိုရင်မောင်

    August 6, 2012 at 7:32 pm

    ပုဂံဘုရားပုံတော်တွေရှု့ခင်းတွေ အရမ်းသဘောကျလွန်းလို့ကူးယူခွင့်တောင်းရင်း
    ကူးယူသွားပါတယ်….
    ခုလိုပုံကောင်းလေးတွေကြည့်ရှု့ခွင့်ရလို့ကျေးဇူးတင်ပါတယ် မိုချိုရေ……
    နောက်လဲခရီးသွားဓါတ်ပုံလေးတွေ စောင့်မျော်နေပါတယ်ဗျာ…

  • Mလုလင်

    August 6, 2012 at 7:57 pm

    ဘယ်အချိန်ကြည့်ကြည့် မရိုးတဲ့ အထဲ မှာ ပုံဂံ ရှုခင်း လဲ ပါတယ် … ပုံလေးတွေ အတွက် ကျေးဇူးပါဗျာ …။

  • padonmar

    August 6, 2012 at 10:49 pm

    နေအကျမှာဖူးရတဲ့ အာနန္ဒာ ကြိုက်ပါတယ်။လွမ်းစရာကောင်းပါတယ်။
    မိုချိုရဲ့ ပုဂံအတွေးကလည်း ဆက်စဉ်းစားပါဆိုသလိုပဲ။
    ကျန်စစ်သားကို မယား ၄ယောက်ကြားဗျာများမယ်လို့ မတွေးကြည့်မိဖူးဘူး.

  • mocho

    August 7, 2012 at 9:38 am

    ကိုရင် မောင် ၊မေ ဖလားဝါး ၊ Mလုလင် ၊ဝေးလွင့်တိမ်၊မဂွတ် ထော် တို့ ရေ
    ပုံလေးတွေ နှစ်သက်တယ် ဆိုလို့ ဝမ်းသာမိပါတယ်။ ကြိုက်သလို ကူးယူ နိုင်ပါတယ်။
    မနောရေ
    ၃ ခေါက်ပဲ လို့ ပြော ရ သလား ကွယ်၊ ၃ ခေါက်တောင်လို့ ပြောပါ။ မိုချို ဆို ခုမှပဲရောက် ဖူး တာ
    အန်တီ ပဒုမ္မာ
    ကျန်စစ်သား ကို မယား ၄ယောက်ကြား ဗျာ များ ခဲ့ မယ် လို့ အတွေး က လူမင်း ရိုက်တဲ့ ကား ကြည့် ပြီးပေါ်ခဲ့ ဖူး တာပါ။ ပုဂံ ရာဇဝင်တလျှောက်မှာ သားတွေ က အဖေ တွေ ကိုသတ်ပြီးနန်းတက် ကြတာ တွေ အများ ကြီး ဖက် ရတဲ့ ထဲမှာ ရာဇကုမာရ် လို သားမျိုး ရခဲ့ တဲ့ ကျန်စစ်သား က တော်တော် ကံကောင်း တာ ပေါ့။

  • P chogyi

    August 7, 2012 at 9:08 pm

    ဓာတ်ပုံတွေက တော်တော်ကောင်းပါတယ်။ ကူးသွားပါတယ်။
    စက်ဘီးနဲ့လည်တာက ပိုပြီး လွတ်လွတ်လပ်လပ်ရှိတယ်။
    ဆောင်းဥတုဝင်ကာစအချိန်က ပုဂံကိုလာလည်လို့ အကောင်းဆုံးအချိန်ပဲ။

Leave a Reply