ASUS PadFone (1)

nigimi77August 6, 20127min1667

ကျွန်တော်ဟာ  Android Phone User ပါ ။

 

ပန်းသီးချစ်သူများက   ပန်းသီး အကြောင်းရေးကြသလို  စက်ရုပ်ချစ်သူများကလည်း

 

စက်ရုပ် အကြောင်းရေးဖို ့ လိုအပ်ပါတယ် ။    ဒီရွာထဲမှာ  စက်ရုပ် အကြောင်းရေးသားသူ မရှိဘူးလို ့ ထင်ရပါတယ် ။

 

သို ့သော်လည်း  ရွာသူရွာသားတွေ အထဲမှာပဲ  စက်ရုပ် သုံးစွဲသူတွေ မနည်းလောက်ဘူး ခန် ့မှန်းပါတယ် ။

 

ဘူဇွာ လူတန်းစားတွေသာ သုံးနိုင်တဲ့  ပန်းသီးကို မမှီတာတောင်မှ  နောက်ကျကျန်မနေအောင် ကျိုးစားနေတဲ့

 

စက်ရုပ်တွေရဲ  ့ ဂေဟာ တစ်ခုကို  ဆွဲထုတ်ကြည့်ကြပါစို ့ ။

=======================================================

 

                                                                 ASUS  PadFone

ဒီ ဖုံးကို  Local ဈေးကွက်မှာ  ဝယ်လို ့ရမရတော့  ကျွန်တော်လည်း မသိပါဘူး ။

သူ ့ကို   2012 ခုနှစ်  April လမှာ  ထုတ်ဝေ ဖြန် ့ချိခဲ့ပါတယ် ။

Android  စနစ်သုံး  Smart ဖုန်း အမျိုးအစားဖြစ်တဲ့  PadFone ဟာ  ဆားချည်းပဲ သက်သက် မဟုတ်ပါဘူး ။

User တွေရဲ  ့ Tablet PC တွေပေါ်ကို စိတ်ဝင်စားမှု များပြားလာတဲ့ နောက်မှာ  များပြားလှတဲ့  အမျိုးအစားနဲ ့

Tablet PC တွေ ထွက်ပေါ်လာခဲ့ပါတယ် ။

ဒါဆိုရင်  Smart Phone နဲ ့  Tablet PC က ဘယ်လိုပါတ်သပ်သလဲလို ့ မေးမယ် ဆိုရင်………

PadFone ဟာ  သူချည်းသပ်သပ် မဟုတ်ပဲ  ဝင်ကစွပ်ကောင်လိုမျိုးပဲ  သူများအခွံထဲ  ဝင်ပြီး ရှင်သန်နိုင်ပါတယ် ။

တကယ်တမ်းတော့  ဒီလိုမျိုး  အခြား စုံလင်လှတဲ့  IT အသုံးပြု ပစ္စည်းတွေနဲ ့  တွဲဖက် သုံးစွဲနိုင်တဲ့  Smart Phone

တွေဟာ အခုမှ ပေါ်လာတာ မဟုတ်ပါဘူး ။      2011 ခုနှစ်က  ထုတ်လုပ်ခဲ့တဲ့   မိုတိုရိုလာ ရဲ   ့   ” Atrix “

နောက်ပြီး   ….  KT  က ထုတ်လုပ်တဲ့    “Spider Phone”  တွေဟာ  ကနဦး လက်ဦး ဆရာတွေလို ့  ပြောလို ့ရမှာပါ ။

ASUS  ဆိုတာ ဘယ်လို  လုပ်ငန်းမျိုးလဲ  ?

ကနဦးပိုင်းမှာတော့  ထိုင်ဝမ် အခြေစိုက်  Computer related research company လို ့ဆိုပါတယ် ။

ကွန်ပျုတာ မိန်းဘုတ်တွေကို   အဓိကထားပြီး ထုတ်လုပ်နေရင်းနဲ ့  နောက်ပိုင်းကျတော့   Eee PC

ကနေ စလိုက်တာ   လက်ရှိ အချိန်မှာ ဆိုရင်  Google နဲ ့  ပေါင်းပြီးကြံထားတဲ့    Nexus 7  အထိကိုပါ ခြေလှမ်းကျဲလာခဲ့ပါတယ် ။

ဒါကတော့   PadFone နဲ ့တွဲသုံးနိုင်တဲ့  ပစ္စည်းတွေပါ  ။  သပ်သပ် ဝယ်ယူရပါတယ် ။

ထိုင်ဝမ် ဒေါ်လှ နဲ ့ ဆိုရင်တော့   $ 610 ကျသင့်ပါမယ် ။

Docking Tablet  ( PadFone Station)  က  ထိုင်ဝမ် ဒေါ်လှ   $240  လောက်ရှိပါတယ် ။

PadFone  +  PadFone Station ရဲ  ့ထူးခြားချက်

PadFone တင်  မကပဲ  Tablet အထိပါ သုံးလို ့ရနိုင်စေပါတယ် ။     Station ရှိဖို ့တော့ လိုတာပေါ့နော ။       :mrgreen:

အောက်က ပုံအတိုင်း  PadFone ကို   Station ထဲကို  ထည့်ပေးရုံပါပဲ ။

 

7 comments

  • Liquid_Sn@ke

    August 6, 2012 at 3:15 pm

    ဈေးချိုပါဝူးဗျာ..
    http://www.expansys.jp/asus-padfone+padfone-station-unlocked-233792/?partner=asse&gclid=CL-sgu7N0rECFQiCpAodO2cAJg
    အဲ့မှာ ကြည့်တာတော့

    ငါအပြားကြီး ဝိုင်ဖိုင် ၆၄ဂစ် နဲ့ ဈေးတန်းတူဖြစ်နေဘီ…
    အင်း …
    သူကတော့ ၂ခုရသပေါ့လေ…
    😀

    တော်ဘါဘီ …နှစ်ကုန် ထွက်မယ့် ဆာဖေ့စ် ပဲ စောင့်တော့မယ်..

    • Foreign Resident

      August 6, 2012 at 3:26 pm

      nigimi 77 ရေ ၊
      စိတ်ဝင်စားစရာလေးနော် ။
      Desk Top အနေနှင့် သုံးလို့ရပေမယ့် ၊
      သုံးရင် Speed တော်တော်နှေးမယ် ထင်တယ်နော် ။

      ဒါနှင့် ဂီဂီ ရေ အခု Mozilla Browser တွေပြဿနာ
      နဲနဲတက်နေတယ်ထင်တယ်နော် ။

      နှစ်ကုန် ထွက်မယ့် ဆာဖေ့စ် ဆိုတာဘာလဲဟင် ။

    • kai

      August 7, 2012 at 6:10 am

      ဆာဖေ့စ်က.. M$ Terminal Services MSTSC နဲ့သုံးလို့ရမယ့်ပုံမို့.. မဆိုးဘူးထင်တာပဲ..
      ဆာဗာကြီးတလုံးလုံး လမ်းလျှောက်သုံးရ.. နည်းနည်းနောနောပါဝါလား.. 🙂

  • nigimi77

    August 6, 2012 at 3:21 pm

    မနက်က တစ်ခေါက် ရေးတင်ထားတာ ကွန်မကောင်းလို ့ ကုန်ပါလေရော

    အခု ရသလောက် တင်ထားတာ ။

    ထပ်ရေးပါမယ် ။

  • အတိသဌ္ဇနာဂရ

    August 7, 2012 at 8:32 am

    ဒီပစ္စည်းက သုံးမျိုးပေါင်းထားလေတော့ ဖုန်း၊တဘလက်၊လက်ပတော့ သုံးနိုင်ပြီပေါ့။
    အကြိုက်ဆုံးက ဖုန်းပြောနိုင်တဲ့ light penပါဗျ

Leave a Reply