ရခိုင်ပြည်နယ်အခြေအနေနှင့် ပတ်သက်၍ မြန်မာအစိုးရက ရဲဝံ့ ပြတ်သားစွာကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိပါက အခြေအနေပိုမိုဆိုးရွား သွားစေနိုင်ကြောင်း မြန်မာအစိုးရ၏ ဖိတ်ကြား ချက်အရ မြန်မာနိုင်ငံသို့ ခြောက်ရက်ကြာ လာရောက်လေ့ လာခဲ့သည့် မြန်မာနိုင်ငံလူ့အခွင့် အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးအစီရင်ခံစာတင်သွင်းသူ
သောမတ်စ်အိုဂျေးကွင်တားနားက သြဂုတ် ၄ ရက် ည ၆ နာရီ ၄၅ မိ နစ်ခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်၌ကျင်းပသည့် သတင်း စာ
ရှင်းလင်းပွဲတွင်ပြောကြားသည်။

“ရခိုင်ပြည်နယ်အတွင်းရှိ လူမှု အဖွဲ့အစည်းနှစ်ခုကြားမှာ နက်ရှိုင်း စွာအမြစ်တွယ်နေတဲ့ မယုံကြည်မှု တွေရှိနေတာကို ကျွန်တော်အလွန် စိုးရိမ်ပူပန်မိပါတယ်။ အစိုးရက ရဲဝံ့ တဲ့ခြေလှမ်းတွေ ချမှတ်ဆောင်ရွက် နိုင်ခြင်းမရှိရင် အခြေအနေကို ပို မိုဆိုးရွားသွားစေနိုင်ပါတယ်”ဟု မစ္စတာကွင်တားနားကသုံးသပ်သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲ တွင် မစ္စတာကွင်တားနားသည် ရခိုင်ပြည်နယ်ခရီးစဉ်၊ တရားဥပဒေ စိုးမိုးရေး၊ ရိုဟင်ဂျာအရေး၊ အကျဉ်း သားကိစ္စ၊ ကချင်ပြည်နယ် ပဋိပက္ခများနှင့်ပတ်သက်၍ ဝေဖန်သုံးသပ် မှုများပြုလုပ်ခဲ့ကြောင်းသိရသည်။ရခိုင်ပြည်နယ်ခရီးစဉ်နှင့်စပ်လျဉ်း၍ “ကျွန်တော်ဟာ မြန်မာအစိုးရရဲ့ အစီအစဉ်နဲ့ ကုလသမဂ္ဂ Country Team နဲ့အတူ ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့ပါတယ်။ မောင်တော မြို့မှာ ရခိုင်ပြည်နယ်အစိုးရနဲ့ ဒေသ ခံအာဏာပိုင်တွေနဲ့ တွေ့ဆုံခဲ့ပြီး အစ္စလာမ်အသိုက်အ၀န်းမှ ပုဂိ္ဂုလ် တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ မီး လောင်ပျက်စီးခဲ့တဲ့ ရခိုင်ကျေးရွာ တွေကို သွားရောက်ပြီး အိမ်ရာအ သစ်တွေတည်ဆောက်ပေးမှုကို လည်း လေ့လာခဲ့ပါတယ်။ ဒါ့အပြင် စစ်တွေနဲ့ မောင်တောမြို့များရှိ ရ ခိုင်နဲ့အစ်္စလာမ်အသိုက်အ၀န်း နှစ် ခုစလုံးရှိ နေအိမ်ရွှေ့ပြောင်းနေထိုင် ရသူများကိုထားရှိတဲ့ ကယ်ဆယ် ရေးစခန်းတွေကိုလည်း သွားရောက် ခဲ့ပါတယ်”ဟု ရခိုင်ပြည်နယ်ခရီးစဉ် နှင့်ပတ်သက်၍ မစ္စတာကွင် တား နားက အကျဉ်းချုံးပြောကြားသည်။

Ref;Myanmar Post

About ကို သာ

ကို သာ has written 41 post in this Website..

   Send article as PDF