1. ElevenMediaGroup

မြန်မာပြည်ရဲ့ Update အဖြစ်ဆုံးလို့ ဆိုနိုင်တဲ့ နာမည်ကျော် ဂျာနယ်ဝက်ဘ်ဆိုက်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ လိပ်စာကတော့ – http://www.news-eleven.com/

 

2. Internet Journal

နည်းပညာ သတင်းတွေ၊ ပညာရေး သတင်းတွေ ပါဝင်တဲ့ ဂျာနယ်စာစောင် တစ်ခုပါပဲ။ အပတ်စဉ် တနင်္လာနေ့မှာ ဖြန့်ချိပါတယ်။ ဒီဂျာနယ် ဝက်ဘ်ဆိုက်က အရင်ထက် အများကြီး ပိုကောင်းလာတယ်လို့ ဆိုနိုင်ပါတယ်။
လိပ်စာကတော့ – http://www.myanmarinternetjournal.com/

 

3. MyanmarTimes

မြန်မာတိုင်းမ် ဂျာနယ်ရဲ့ အင်တာနက် ဝက်ဘ်ဆိုက် လိပ်စာကတော့ …
http://www.myanmar.mmtimes.com/

 

4. Envoy Journal

Envoy ဂျာနယ်ရဲ့ ဝက်ဘ်ဆိုက်ကတော့ ကိုယ်ပိုင် ဒိုမိန်းနိမ်းနဲ့ တည်ဆောက်ထားတာကို မတွေ့ရပါဘူး။ Blogger နဲ့ တည်ဆောက်ထားတာကိုပဲ တွေ့ရပါတယ်။ အမှန်တော့ ဂျာနယ်တစ်စောင်ရဲ့ ဝက်ဘ်ဆိုက်ကို ကိုယ်ပိုင် ဒိန်မိန်းနဲ့ တည်ဆောက် ထားသင့်ပါတယ်။ ဒိုမိန်းတစ်ခုမှ တစ်နှစ်စာ တစ်သောင်း ဝန်းကျင်လောက်ပဲ ရှိပါတယ်။ Hosting မဝယ်နိုင်သေးရင်တောင် ကိုယ်ပိုင် ဒိုမိန်းနဲ့ ချိတ်ပြီး ထားသင့်ပါတယ်။ ဒီလိုဆို ပိုပြီး ကောင်းနိုင်တာပေါ့။ ဒါက ကျနော့်အမြင်ပါ။ ဒီ Envoy ဂျာနယ်ကို အပတ်စဉ် တနင်္လာ နေ့တိုင်းမှာ ဖြန့်ချိပါတယ်။ ခုတော့ နားထားရတယ် ဆိုလားပဲ။
သူ့လိပ်စာကတော့ – http://envoy-news.blogspot.com/

 

5. ပြည်မြန်မာ

ပြည်မြန်မာဂျာနယ်ရဲ့ ဝက်ဘ်ဆိုက်တစ်ခု ဖြစ်ပါတယ်။ ဒီဂျာနယ်ကိုတော့ အပတ်စဉ် အင်္ဂါနေ့တွေမှာ ဖြန့်ချိလေ့ရှိပါတယ်။
သူ့ရဲ့ လိပ်စာကတော့ – http://swesonemedia.org/

 

6. YangonTimes

YangonTimes ဂျာနယ်ရဲ့ ဝက်ဘ်ဆိုက်တစ်ခုပဲ ဖြစ်ပါတယ်။
လိပ်စာကတော့ – http://www.theyangontimes.com/

 

7. 7Day News

အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းမှာ ဖြန့်ချိလေ့ရှိတဲ့ 7 Day News ဂျာနယ်ရဲ့ ဝက်ဘ်ဆိုက်ပဲ ဖြစ်ပါတယ်။
လိပ်စာကတော့ – http://www.7daynewsjournal.com/

 

8. The Voice Weekly

The Voice Weekly ရဲ့ ဝက်ဘ်ဆိုက်ပဲ ဖြစ်ပါတယ်။ Joomla ပေါ်မှာ အခြေတည်ထားပါတယ်။ သူ့ရဲ့ဆိုက်မှာ အသုံးပြုထားတဲ့ Font ကတော့ Zawgyi-one မဟုတ်ပါဘူး။ Myanmar3 ကို အသုံးပြုထားတယ် ထင်ပါတယ်။ သူ့ရဲ့ ဆိုက်ကို Wide Screen မော်နီတာနဲ့ ဆိုရင် အဆင်ပြေပါတယ်။ 800×600 မော်နီတာ တွေနဲ့ဆိုရင်တော့ သိပ်ပြီး အဆင်မပြေလှပါဘူး။
လိပ်စာကတော့ … http://www.thevoicemyanmar.com/

 

9. Popular News

Popular Journal ရဲ့ ဝက်ဘ်ဆိုက်ပဲ ဖြစ်ပါတယ်။
လိပ်စာက .. http://popularmyanmar.com/

 

10. The Myanmar Post Global

မြန်မာပို့စ် ဂလိုဘယ် ရဲ့ ဝက်ဘ်ဆိုက်ပဲ ဖြစ်ပါတယ်။
လိပ်စာကတော့ .. http://www.themyanmarpostglobal.com/

 

11. NewsWatch

စောင့်ကြည့် ဂျာနယ်ရဲ့ ဝက်ဘ်ဆိုက်ပဲ ဖြစ်ပါတယ်။
လိပ်စာက … http://newswatchjournal.com/

 

12. Hot News

Hot News ဂျာနယ်ရဲ့ ဝက်ဘ်ဆိုက်တစ်ခုပဲ ဖြစ်ပါတယ်။
လိပ်စာက .. http://www.hotnewsweekly.com/

 

13. Myanmar.Com

မြန်မာနိုင်ငံ နေ့စဉ်ထုတ် သတင်းစာများကို ဒေါင်းလုပ်ရယူပြီး ဖတ်ရှုနိုင်မယ့် ဝက်ဘ်ဆိုက်ပဲ ဖြစ်ပါတယ်။
လိပ်စာက … http://myanmar.com/

 

14. ဈေးကွက်

ဈေးကွက် ဂျာနယ်ရဲ့ ဝက်ဘ်ဆိုက်ပဲ ဖြစ်ပါတယ်။
လိပ်စာကတော့ … http://www.zaygwet.com/

 

15. အလင်းတန်း ဂျာနယ်

အလင်းတန်း ဂျာနယ်တွေကို ဖတ်ရှုနိုင်မယ့် နေရာပဲ ဖြစ်ပါတယ်။
လိပ်စာကတော့ .. http://shweamyutay.com/

 

16. ရိုးရာလေး

ဂျာနယ် များစွာရဲ့ စုပေါင်း သတင်းတွေကို ဖတ်ရှုနိုင်မယ့် နေရာတစ်ခုပဲ ဖြစ်ပါတယ်။
လိပ်စာကတော့ … http://www.yoyarlay.com/

 

အထက်ပါ ဂျာနယ် ဝက်ဘ်ဆိုက် လိပ်စာတွေကတော့ ကျနော် သိသလောက်ပါပဲ …

NewsWatch ဂျာနယ်ရဲ့ လိပ်စာကိုတော့ update လုပ်ပေးသွားပါမယ် … (သည်းခံတော်မူကြပါကုန်)

တချို့ ဂျာနယ်တွေက Facebook မှာပဲ Page အနေနဲ့ ပြုလုပ်ထားတာမို့ မတင်တော့ပါဘူး ..

ခုဟာကလည်း ဘာရယ်မဟုတ်၊ သိသမျှလေးကို ပြန်လည် ဝေမျှခြင်းသာ ဖြစ်ပါကြောင်း …

ထို့ထက် ပို၍ သိထားပါက ပြောပြပေးကြပါရန်လည်း တောင်းဆို အပ်ပါသည် ခင်ဗျား ….

 

ရွာသူားအပေါင်း ကိုယ်စိတ်နှစ်ဖြာ ဝမ်းသာ လန်းဖြာ ကြပါစေကုန် ……

About မဟာရာဇာ အံစာတုံး

has written 306 post in this Website..

အချို့သော အရာတွေဟာ "ပြောင်" ပြီးရင် ပြန်ကောင်းဖို့ မလွယ်ဘူး။ အချို့အရာတွေ ကျတော့ တစ်မျိုး။ "ပြောင်" ပြီးရင် ပိုပို ကောင်းလာတတ်တဲ့ အမျိုး။ နှုတ်ခမ်းမွေး ပြောင်အောင်လို့ ရိတ်တယ်။ ရိတ်လေ .. သန်လေပဲ။ ထိပ်ပြောင်လို့ ဆံပင် သန်အောင် လုပ်တယ်။ မလွယ်ပြန်ဘူး။ ဒီသဘော .. ဒီသဘော။

   Send article as PDF