နှလုံးသားထဲက….သမိုင်းမော်ကွန်းတနေရာဆီ….သို့

Maung YuGhan SDYAugust 7, 20121min672

 

ကျွန်တော် ဖိုးကြက်တောင် ဒီနေရာလေးကိုရောက် ဖူးဘို့အတွက် လေးနှစ်တာစောင့်ခဲ့ရပါတယ်၊ ဒီနေရာဟာ ငယ်စဉ်မူလတန်းကျောင်းသားအရွယ်ထဲက ရောက်ဖူးချင်တဲ့ ကျွန်တော့်နှလုံးသားထဲက နေရာလေးပါ။ ဒီနေရာလေးကို သိအောင်ပြောပြခဲ့သူကတော့ ကျွန်တော့်ငယ်ဆရာ ဦးတင်ဖေ(အငြိမ်းစားကျောင်းဆရာ-သံတွဲမြို့သမိုင်းဝင်စေတီတော် ရွှေနံတော်စေတီဂေါပက) က အာဇာနည်နေ့ရောက်တိုင်း မြန်မာ့သမိုင်းကို သင်တိုင်း ပြောပြခဲ့တာပါ၊ကျွန်တော်ဂုဏ်ယူမိတာတချက်က ဒီပထမကျောင်းသားသပိတ်ကျောက်စာတိုင်မှာ ဦးဘရှင်(သံတွဲ)လို့ရေထိုးထားတာကိုပါ ကျွန်တော်သံတွဲသားတယောက်အနေနဲ့ များစွာဂုဏ်ယူမိပါတယ်၊ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့သံတွဲဟာ မြန်မာ့လွတ်လပ်ရေးသမိုင်းမှာ အချောင်သမားတွေမဟုတ်ခဲ့ပါဘူး၊အသက်သွေးချွေးတွေ ဘဝတွေရင်းခဲ့ရပါတယ်။ဦးဘရှင်ပြီးတော့ ရကတကျောင်းသားသမဂ္ဂ ပထမဦးဆုံးဥက္ကဌသခင်ထွန်းစိန်ဟာ ကျွန်တော့်ဦးကြီးအရင်းပါ အမိမြန်မာမြေမှာ ယူနီယံဂျက်အလံကိုဖြူတ် ဒေါင်းအလံကိုလွင့်ဘို့အတွက်  ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဆောက်ဦးမှာအဆိုတင်သွင်းခဲ့သူဖြစ်ပါတယ် အင်္ဂလိပ်ပြည့်ရှင်ကိုချီးကျူးတဲ့ဘုန်းတော်ဘွဲ့သီချင်း(God safe the king) ရန်ကုန်တက္ကသိုလ်မှာ ကန်ကွက်ခဲ့သူပါ-ဒို့ဗမာအစည်းအရုံးကို သခင်ဗသောင်းနဲ့အတူ စတင်ဖွဲ့ခဲ့ပါသေးတယ် နောက်ပိုင်းသံတွဲ မှာ သံတွဲမြို့ရဲ့မော်ကွန်းတန်ဆောင် ပါမေက္ခဦးကျော်ရင်နဲ့အတူ ဖက်စစ်တော်လှန်ရေးလုပ်ခဲ့ပါတယ် ဆရာကြီးဦးကျော်ရင်တို့ ဆလိုင်းတင်မောင်ဦးတို့ရဲ့သမိုင်းတွေဟာ သံတွဲမြို့ရဲ့နှလုံးသားပါ။  ဒါကတော့သမို်င်းစာမျက်နှာလေးတရွက်ပါ၊

ကျွန်တော်ဒီနေရာကို 2008 ခု ဒီဇင်ဘာမှာစရောက်ပါတယ် ဒါပေမယ့်ဝင်ခွင့်မရှိပါဘူးကျွန်တော်ဒီနေရာလေးကိုငေးကြည့်နေတုန်းဓါတ်ပုံဆရာတယောက် ကျွန်တော့်အနားရောက်လာပါတယ် သူကဓါတ်ပုံရိုက်မှာလားမေးပါတယ် ကျွန်တော်ကမရိုက်ဘူးလို့ပြောတယ် သူကဆက်မေးပြန်တယ် ကျွန်တော်ကလဲငြင်းတယ် နောက်တော့ကျွန်တော် စိတ်တော်တော်တင်းလာပြိး ကောင်းပြီ ဒါဆိုခင်ဗျားကျုပ်ရိုက်ချင်တဲ့နေရာရိုက်ပေးမှာလားပြောပါတယ်  သူကရတယ်ပြောတော့ ကျွန်တော်က ဒီနေရာကိုလက်ညိုးထိုးပြတော့ သူကမျက်ကလူးဆန်ပြာနဲ့ငြင်းပါတော့တယ် ဒါခင်ဗျား ကျွန်တော့်ကိုအချုပ်ထဲထည့်ဘို့ကျန်တာဘဲလို့ပြောတယ် ဒါနဲ့ကျွန်တော်သူ့ကိုသနားသွားတယ် ချမ်းသာကြီးဘုရားနားထိုင်ပြီးသူစိတ်ကျေနပ်အောင် သူပြောတဲ့နေရာတွေမှာ ဓါတ်ပုံရိုက်ဖြစ်ပါတယ်၊ ကျွန်တော် သူ့ကိုမှာခဲ့တယ် ဒီကျောင်းသားသပိတ်မှတ်တိုင်မှာ ဓါတ်ပုံရိုက်ခွင့်ရှိတဲ့အချိန်ထိနှစ်စဉ်ကျွန်တော်လာမယ် ရိုက်ခွင့်ရှိပြီဆိုတဲ့အချိန် ခင်ဗျားနဲ့ဘဲရိုက်ချင်တယ်ဆိုပြီးပြောခဲ့ပါတယ်။ နောင်နှစ်တွေလဲ ဝတ္တရားမပျက်ရောက်ပါတယ်ရောက်တိုင်းသူနဲ့ အခြားနေရာလေးတွေဓါတ်ပုံရိုက်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့2011 ဒီဇင်ဘာမှာတော့ သူကျွန်တော့်ကိုမြင်တာနဲ့အပြေးရောက်လာပြီး အကို အကိုဓါတ်ပုံရိုက်ချင်တဲ့နေရာအမှတ်တရရိုက်ခွင့်ရပြိ ဆိုပြီးပြောပါတယ် ကျွန်တော်လဲ ဓါတ်ပုံရိုက်ဖြစ်ခဲ့ပါတယ်။ ဒီ ကျွန်တော့်နှလုံးသားထဲက  …သမိုင်းမော်ကွန်း..တနေရာဆီ ..သို့   ထိတွေ့ခွင့်လေးနှစ်တာစောင့်ခဲ့ရတဲ့ စိတ်ပင်ပန်းမှုဟာ  နှစ်တရာသူတပါးလက်အောက် ကျွန်သားပေါက် ဘဝက လွတ်လပ်ဘို့အတွက် အသက်သွေးချွေးစွန့်လွှတ် ပြီးတိုက်ပွဲဝင်ခဲ့ကြတဲ့ မြန်မာ့အာဇာနည်တွေရဲ့ စိတ်ဓါတ်ခွန်အားကို များစွာ ကိုယ်ချင်းစာမိပါတယ်။

ကျွန်တော်တို့ လွတ်လပ်တဲ့ခေတ်ဆီမှာ မွေးခဲ့ပြီး ကျွန်တော်တို့အတွက် သမိုင်းကအပ်နှင်းတဲ့ တာဝန်ကတော့ ကာကွယ်မှုဘဲဖြစ်ပါတယ်။မိမိရဲ့ အတွင်းစိတ်ရုပ်တွေကို အမျိုးသားရေးရောင်ရောင် မျိုးချစ်သူရဲကောင်းယောင်ယောင် ဒီမိုကရေစီခေါင်းဆောင်ယောင်ယောင် လူ့အခွင့်အရေးသမာယောင်ယောင်နဲ့ သမိုင်းကို ယောင်ခြောက်ဆယ် အလိမ်အညာတွေနဲ့ရေးထိုးဘို့ကြံစည်ကျိုးစားနေတဲ့သူတွေ ပြည်သူအားကိုလိုချင်တိုင်း ပြည်သူကို အမျိုးသားရေးဗန်းပြပြီးတိုင်းပြည်ကိုချောက်တည်းတွန်းချနေတဲ့ လူရှုပ်လူပွေတွေ ဒီမိုကရေစီ သတ်ပုံမှားသူတွေ  သူတပါးတိုင်းပြည်ကလာနေသူတွေ မြန်မာပြည်လွတ်လပ်ရေးဆိုတာ မြန်မာတွေ ဘယ်အတိုင်းအတာထိပေးဆပ်ခဲ့ရတယ်ဆိုတာ အသိသံဝေဂလေးရအောင် လွတ်လပ်ရေးရဲ့ သမိုင်းမုဒ်ဦး ဒိနေရာလေးမှာ ခဏဖြစ်ဖြစ်လာခဲ့စေချင်တယ် ၊တိုင်းပြည်ကို ဆူပွက်အောင် မလုပ်ကြပါနဲ့  မြန်မာတွေ သူများနောက်နေရတာရပ်တန့်သင့်ပြီ တိုးတက်ဘို့အချိန်တန်ပြီ အေးချမ်းဘို့အချိန်တန်ပြီ မြန်မာပြည်သူအပေါင်းတို့

2 comments

  • အတိသဌ္ဇနာဂရ

    August 7, 2012 at 8:07 am

    အိုကေ အကိုထွန်းရေ ကျနော်ဒီအကြောင်းအရာတွေထဲက ကိုဘဦးတို ့ကိုဘရှင်တို ့ဦးကျော်ရင်
    တို့အကြောင်းတစေ့တစောင်းရေးဖူးပါတယ်။ခုလို ဓါတ်ပုံ ပါလာလို ့ကျေးဇူးပါဗျားးးး

  • Nadi Mg

    August 7, 2012 at 9:56 am

    ကျေးဇူးပါဗျာ

Leave a Reply