နွေး ..ဆက်ဆက်ပြန်ခဲ့မယ်

ေမာင္ရိုးAugust 7, 20121min22435

သတိယတယ်နွေး …………။

လွမ်းစရာတွေကလွမ်းရသလို  သတိယစရာတွေကလည်းဖျောက်ဖျက်ပစ်လို.မှမရ

နိုင်ပဲလေ…..။မေ.သွားရင်ကောင်းမှာဘဲလို. အကြိမ်ကြိမ် တွေးခဲ.မိပေမဲ. တကယ်တန်းမေ့ နိုင်ဖို.အတွက် မဝံ့

ရဲပြန်ဘူး …..  ဟိုး …အရှေ.ဘက်မှာတွေ.ရတဲ. အရှေ.ရိုးမတောင်တန်းကြီးတွေရယ် ပြီးတော. ကနွဲ.ကယနဲ.

စီးဆင်းနေတဲ. ရွှေကျင်ချောင်းလေးရယ်က ကိုယ်ဘယ်လောက်လွမ်းနေတယ်ဆိုတာ သိနိုင်ကောင်းပါရဲ.လေ ။

နွေးရယ် …..မရှိဘူးဆိုတာသိပေမဲ. ကိုယ်တို.လျောက်ခဲ.ဘူးတဲ.သဲသောင်ပြင်လေးပေါ်မှာ နွေးရဲ.ခြေရာလေး

တွေပြန်ရှာမိသေးတယ် ….တစ်ချက်ချက်ဝေ့ဝဲပြီးတိုက်ခတ်လာတဲ. ညလေပြေထဲမှာလဲ နွေးရဲ့ ကိုယ်သင်းနံ.

လေးများပါလေမလားလို.   …….      တစ်နေ ့  ပြန်ဆုံလေမလားဆိုတဲ.အတွေးကလည်း မဖြစ်နိုင်မှန်းသိပေမဲ့လွမ်းစိတ်နဲ.နွမ်းနေသူတွက်  ကောက်ရိုးလေးတစ်မျှင်ပေါ.နွေးရယ် ……..

နွေးရေ …….ဟိုးတောင်ကုန်းမြင်.ပေါ်မှာ ပန်းတွေပွင်.နေပြီလေ ……..ပြီးတော. …..မြို.ဒေါင်.စေတီကြီးမှာလဲ

နွေးနဲ.စတွေ.တုန်းကလို ဘုရားဖူးသူတွေ စည်ကားနေပြီ နွေး ……………………။

­

 

xxxxx    xxxxxx     xxxxxx        xxxxxxxx   xxxxxx   xxxxxx     xxxxxxx

 

သူ.အကျင်.ကလူစည်ကားတဲ.နေရာဆိုရင်သိပ်မသွားချင် ….။လူကြောက်တယ်ပဲပြောပြော ၊ ပွဲမတိုးဘူး

လို.ပဲဆိုဆို ခတ်အေးအေးသာနေချင်သည် ။ ကျောင်းသာပြီးသွားသည်  တက္ကသိုလ်ကာလလေးနှစ်အတွင်း

အပေါင်းအသင်း မယ်မယ် ရရ မရှိ ။ အထူးသဖြင်. မိန်းကလေးမိတ်ဆွေ အပေါင်းအသင်းနဲလှသည် ။

ကျောင်းနေဖက်ငယ်သူငယ်ချင်း မလတ်တို.အဖွဲ.နှင်.သာ ရင်းနှီးသည် ။

ဒီနေ.တော.သူမသွားချင်သည်.လူရှုပ်ရှုပ်ထဲသွားရတော.မည်။သူငယ်ချင်းဖြစ်သူသိန်းထိုက်ကညဖက်မြို.

ဒေါင်.စေတီသို.သွားရန် အတင်း ခေါ်နေသည် …..ငြင်း၍မရ ..။ ညနေဖက် ခြံထဲအလုပ်စောစောသိမ်း၍

ထိုင်နေကျလက်ဘက်ရည်ဆိုင်သို.ထွက်ခဲ.သည် …။

“ အောင်ဇော် …လာ  မင်းကိုစောင်.နေတာ ” လက်ဘက်ရည်ဆိုင်ထဲ ဝင်လိုက်သည်နှင်. သိန်းထိုက်အသံ

ကြားလိုက်ရသည် …။ထမင်းစားပြီးစလည်းဖြစ် ၊ နွေရာသီပူအိုက်သည်မို. လက်ဘက်ရည်သိပ်မသောက်ချင် ။

“တော်ပြီကွာ ….မင်းတို.ပြီးရင်သွားမယ်လေ”

“မထိုင်တော.ဘူးလားဟ ….မင်းဟာက တာဝန်ထမ်းဆာင်တာကျနေတာဘဲ ….”

သူ ပြုံး၍ပခုံးတွန်.ပြလိုက်သည်…..

“ ကဲ   ဒါဆိုလဲကြွ ”

ဒီလိုနှင်. မြို.ဒေါင်.စေတီသို.ထွက်လာခဲ.ကြသည် ……။ မြို.ဒေါင်.စေတီဆိုတာကလည်း သူ တို.မြို.၏ ဘုရားကြီး

ကိုခေါ်ကြခြင်းဖြစ်သည် ။မြို. အစွန်ချောင်းကမ်းပါးထိတ်တွင်ရှိသည်မို. ရှုခင်းကောင်း၍ လေကောင်းလေသန်.

လည်းရသည် ။

အရှေ.ရိုးမတောင်တန်းကြီး၏ တောင်ကုန်းများပေါ်မှ ဆင်းသက်လာသောလေပြေညှင်းသည် အတားအဆီးမရှိ

ဘုရားကုန်းတော်ပေါ်သို.ရောက်လာသည်ပဲလေ ….။

ဘုရားကုန်းတော် မုဒ်ဥိးဝရောက်တော. ဖိနပ်ချွတ်၍ ပန်းဝယ်ဖို.ပြင်နေစဉ် ….

“ ဟ  အောင်ဇော် ….မင်းပန်းဝယ်ဦးမလို.လား”

“ အေး လေ”

“ ဟာ  မင်းကလဲ ”    သိန်းထိုက်ရှုံ ့မဲ့၍နေပြီ  …..မတတ်နိင် ။ သူ ့အကျင်.က ဘုရားရောက်လျှင်

ပန်းလေးတော. ဖြစ်ဖြစ်လှူလိုက်ရမှ …..ဒီတော.

“ မင်းသွားနှင်.လေ …ငါလိုက်လာခဲ.မယ် ”

“ အေး   ငါအပေါ်မှာစောင်.နေမယ် ” သိန်းထိုက်ဟန်မဆောင်တော. …..    လစ်ပြီ ။

ဟိုကြည်.ဒီကြည်.နှင်. ပန်းစည်းတွေ လေ.လာလိုက်တော. ဂန္ဒမာပန်း ဖြူဖြူ လေးကိုမျက်စိကျမိသည် ။

တခြားပန်းတွေနှင်.စာလျှင် ဂန္ဒမာပန်းစည်းလေးက ပိုလန်းနေသည်ပဲလေ …..။

တွေးရင်းဖြင်. ပန်းစည်းလေးကိုလှမ်းဆွဲလိုက်သည် ……

ပန်းစည်းအစား နူးညံ ့ အိထွေးသော လက်လေးတစ်ဘက်ကိုကိုင်မိလျက်သား …..

ဘာရယ်ညာရယ်မဟုတ် ရုတ်တရက် မှင်တက်၍သွားလေသည်  …..။

“……အာ…..လွှတ်လေ……ဘာလုပ်တာလဲ  ”

အယောင်ယောင် အမှားမှားဖြင်. ခေါင်းညိတ်၍ လွှတ်ပေးလိုက်သည် ။

ဝဲ ကနဲ ကျလာသောမျက်စောင်းနှင်.အတူ ဆတ်ကနဲလှည်.ထွက်သွားပုံလေးက သူရင်ထဲကို အမည်မသိ

ဝေဒနာတစ်ရပ်အား အလည်ခေါ်ခဲ.သည်ဘဲလေ …….။

“  ….ဘာပန်းဝယ်မှာလဲမောင်လေး ….ယူလေ …”

“ …ဪ ……ဟုတ်ကဲ. ..ဟူတ်ကဲ. ….”

ဆွဲမိဆွဲရာ ပန်းတစ်စည်း ကောက်ယူလာမိသည် ….။ မူလရည်ရွယ်သည်က …ဂန္ဒပန်း …..

ဝယ်မိသည်က ……သစ္စာပန်း  ……..။

 

နွေးရယ် …..ကိုယ်တို.စတွေ ့ခဲ.ကြတာ မဆန်းပါဘူး ….။ဒါပေမဲ. ခတ်ရိုးရိုး အဖြစ်လေးကပဲ ကိုယ်.ကိုအမှတ်ရ

စေခဲ.တာပဲလေ …..မမေ.သေးဘူးနွေးရေ ….မင်းဆံနွယ်ကုတ်ကုတ်လေး လေထဲဝဲလွင်.သွားပုံလေးရယ် …

မျက်စောင်းလှလှလေးရဲ.နောက်ကွယ်က ရှက်ရွံ ့နေတဲ. မျက်ဝန်းနက်နက်လေးရယ် …….ပြီးတော.  …..

မာန်တင်းပြီး ပြောလိုက် တဲ.  နွေးရဲ.စကားသံလေးရယ် …. …ဒါတွေကို သတိယနေဆဲပါနွေးရေ …း

 

 

ဒီလိုနှင်.  …ဘုရားပေါ် ခတ်သုတ်သုတ် တက်၍ တနင်္ဂနွေထောင်.တွင်ပန်းလှူရင်း ဘုရားရှိခိုး …ဆုတောင်း …..

မျက်လုံးမှတ်လိုက်တိုင်း…..   အာရုံထဲမှာ စောစောကဆံပင်ဂုတ်ဝဲနှင်.ကောင်မလေး ……..

ဘုရားရှိခိုးပြီး နောက်လှည်.လိုက်တော့  ………..

“ ဟာ   မလတ်   …ဘယ်တုန်းကရောက်နေတာလဲ”

မလတ်က ရယ်၍  “ ကြာပြီ  ….နင်ဘုရားရှိခိုးနေလို.  …..ဒါနဲ.နေပါဦး ဘာဆုတွေများတောင်းနေတာလဲ  ”

သူ ရယ်၍မျက်လုံးဝေ.ကြည်.တော.  သိန်းထိုက်နှင်.စိုးမင်းကိုပါတွေ.ရသည် ။

ဒီကောင်တွေနဲ.ဘယ်မှာဆုံခဲ.ပါလိမ့်လို.တွေးရင်း မလတ်နောက်မှာရပ်နေတဲ. ကောင်မလေး ….

ဟုတ်ပါပြီ  …စောစောက စွာကျယ်မလေးပဲ ……

“ ကဲ ကဲ နင်တို.နဲ.မိတ်ဆက်ပေးမလို.   ဒီမှာ  ငါတို.အိမ်ကိုအလည်ရောက်နေတဲ. ငါ ့သူငယ်ချင်း…

ညီမဆိုလည်းဟုတ်တယ် ….နံမည်က  နွေး …တဲ. ”

“ ဟုတ်ကဲ ့  ကျွန်တော် အောင်ဇော်ပါ ”

ကောင်မလေးက နှုတ်ခမ်းလေးတစ်ချက်တွန် ့၍  မျက်စောင်းလေးက မဝဲ တဝဲ ထိုးသည် ။

ဘယ်လိုလုပ်လုပ်  လှနေသည်ပဲလေ ……………..။

စိုးမင်းကရယ်၍   “ ငါ ့ကောင်    တယ်သွက်နေပါလား ”

မလတ်က  သူ ့ကိုတစ်လှည် ့ ကောင်မလေးကိုတစ်လှည် ့ကြည် ့ရင်း

“  အော်   ဟော် ဟော် …..ငါသဘောပေါက်ပါပြီ  ….နွေး စောစောက တွေ ့ခဲ.တာအောင်ဇော်နဲ့ပေါ ့    ဟုတ်လား”

နွေးက ခေါင်းညိတ်ပြလျက်  ပြေးသွားသောကလေးတစ်ယောက်ကိုကြည် ့ရင်း  “… အင်း….” တဲ ့

ခုထိသိပ်ကျေနပ်ပုံမပေါ်   …..။ သူ အကွက်ထွင်ရတော.မည် ….

“ ကဲ  မလတ်  မိတ်ဆွေဖြစ်တဲ. အနေနဲ. အအေးလေးဘာလေး သွားသောက်ရအောင်  … ဒီညငါဒကာခံ

ပါ ့မယ် ”

“ ဘယ်သူက  လက်ခံသေးလို.လဲ  ….ဟင် ့ ” ကောင်မလေး အသံထွက်လာပြီ  …။ သူမလတ်ကိုလှန်းကြည် ့

လိုက်တော. …… မလတ်က  ရယ်ကျဲ ကျဲနှင့်

“ကဲပါ နွေးရယ်  အောင်ဇော်ကသဘောကောင်းပါတယ် ……လာပါ ငါပဲတောင်းပန်ပါ ့မယ် ”

“ ….အို …..မလတ်နဲ.မှမဆိုင်တာ …. ဟိုကဖြင်. ဘာမှမပြောဘဲနဲ ့”  သူကပြာပြာသလဲ ပြောလိုက်သည် …

“ ကျွန်တော်တောင်းပန်မလို.ပါ  …ဟို ….” ဘာဆက်ပြောရမှန်းမသိ ။စကားတွေကလည်း အပေါက်အလမ်း

မတည် ့တော. …. ဒီကြားထဲ သိန်းထိုက်က ဝင်နှောက်လိုက်သေးသည် ….။

“ ဘာတွေဖြစ်ခဲ.ကြတာလဲ  ဒို ့ကိုလည်းရှင်းပြပါဦဟ ….”

“ လာပါကွာ … ….အအေးဆိုင်ကြမှ ဆက်ရှင်းပြပါ ့မယ် ”

ဒီလိုနှင်. ဘုရားကုန်းတော်အောက်က “ပွင်.ဖူး”  အအေးဆိုင်သို.  ချီတက်ကြတော.သည် …။

ဒီနေ ့တော့ သူ နှုတ်သွက်နေသည်  ။ သိန်းထိုက်တို.ကွက်ကြည် ့ကွက်ကြည် ့ လုပ်နေပြီ ….

မတတ်နိုင် ။ နောက်မှ  ရှင်းပြရင်း အကြံလေးဘာလေ း တောင်းပြီး  ဆရာတင်လိုက်တော.မည် ……။

x x x x x x x x x x x x x x x

အဲဒီနေ.က အအေးဆိုင်မှာ ကိုယ်တို. ရဲ.ခင်မင်မှုကစတင်ခဲ.တယ်နော် ……..။ နှုတ်သွက်လျှာသွက်ဖြစ်နေတဲ.

ကိုယ်.အဖြစ်ကို အားလုံးကသတိထားမိကြတယ်လေ ……..။အအေးဆိုရင်ဘယ်တော.မှမသောက်တဲ.ကိုယ်ဟာ

နွေး သောက်တဲ.အတိုင်း ကြံရည်လိုက်မှာတော. ပြုံးကြတယ် ။ နွေး ကိုပဲအရိပ်တကြည်.ကြည်. နဲ.နေ နေတာ

ကိုလည်းသူတို.က စောင်းပြောကြသေးတယ်လေ ……….ဘာပဲဖြစ်ဖြစ်နွေးရယ် နွေးနဲ.ဆုံတွေ.ခဲ.ချိန်ကစပြီး

မှုန်ဝါးဝါးဖြစ်နေတဲ. ကိုယ်.ရဲ.အနာဂါတ်နဲ. မျှော်လင်.ခြင်းတွေဟာ အစပျိုးလို.လာခဲ.ပါပြီ..…. နွေး  ………..။

 

နွေး နဲ ့ ခင်မင်တာသိပ်ကို မြန်ဆန်တယ်နွေးရယ် ……ဘယ်သူမှ  မသိလိုက် မထင်ထား တဲ ့အချိန်မှာ ခင်မင်မှု

က ခိုင်မြဲနေပြီလေ …………။မှတ်မှတ် မိမိ ကိုယ်တို ့ခြံ ကို မလတ်နဲ ့ လာခဲ ့တဲ့အချိန်ကစလို ့ပေါ ့ …….။

 

“ဟေးးးး   အောင်ဇော် …..ဧည် ့သည်ပါတယ်ဟေ ့ ”

လူမရောက်မှီ အသံအရင် ကြားရသည် ။ ရှောက်ပန်းသီး ခြင်းကိုနောက်ဆုံးကြိုး ထိုး၍ အဆုံးသတ်ပြီး

တဲရှေ ့သို ့ထွက်လာလိုက်သည် ။

စုတ်တီး စုတ်ဖပ်ဖြစ်နေသော သူ ့ပုံကိုကြည် ့၍ ကောင်မလေးကပြုံး စိစိ ………။

 

“စောစော စီးစီးပါလား ဘယ်ကလှည် ့လာတာလဲ ”

“နင် ့ဆီ သက်သက် လာတာ …..မြို ့ထဲကအိမ် အရင်ဝင်ခဲ ့သေးတယ်  ….ညကတည်းကပြန်မအိပ်ဘူးဆိုလို.”

“ အေး…..ရှောက်ပန်းသီးတွေ  မဒေါက်ရထားအမှီ ပို့စရာရှိလို ့ ….ဒါနဲ ့ ခဏလေး …..ရှောက်ပန်းသီးခွဲပေးမယ်”

မလတ်က နွေး ကိုလက်တို့၍

“ အဲဒါဘဲနွေးရေ …..အရင်တခါ ငါတစ်ယောက်တည်းလာတုန်းက ဘာမှ မကြွေးဘူး …ရေငတ်လို ့ အသီးလေး

ဘာလေးလုပ်ပါဆိုတော ့ ..ရှောက်သီးစားမလား တဲ ့ …ခု နွေးပါလို ့ မျက်နှာလုပ်နေတာ ”

နွေး က ခတ်တိုးတိုးရယ်သည် ။ သူ က မကြားချင်ယောင်ဆောင်ပြီး စိတ်ထဲကတော. ကျေနပ်နေပြန်သည် ။

ဒီလိုနှင် ့ …..နွေးနှင့် မလတ်တို ့ နေ ့လည်စာ စားပြီးမှပြန်ကြသည် ။ နွေးနှင် ့ အတော်လေးရင်းနှီးခဲ့ပြီပဲလေ ..။

 

အဲဒီနေ ့က စကားပြောကြရင်းနဲ ့ နွေး အကြောင်းကို အပြည် ့အစုံသိလိုက်ရတယ်နွေးရေ ……………

နွေး မိဘတွေက ရန်ကုန်မြို ့ရဲ လက်ချိုးရေလို ့ရတဲ ့  နာမည်ကျော် ရွှေဆိုင်ကြီးတွေထဲကတစ်ဆိုင်ကပေါ ့ ….

ဒီတော ့ မလတ်တို ့နဲ့ လုပ်ငန်းခြင်း ဆက်နွယ်နေတယ်လေ …..။ မလတ်တို့ မိဘ ဘိုးစဉ်ဘောင်ဆက် က

ရွှေလှော် ရွှေချွတ် လုပ်ငန်းလုပ်ကြတာ.. …။ ဒါကြောင် ့  ရွှေကျင်မြို ့ ကထွက်သမျှ အခေါက်ရွှေ တိုင်း

မလတ်တို ့ ရုံက ချွတ်တာတွေဘဲလေ….ပြီးတော ့ ….. နွေး မိဘတွေရဲ ့ ရွှေဆိုင်ကို သွင်းတာပေါ ့ ……။

ဒါကြောင် ့  အသက်ကွာပေမဲ ့ မလတ်နဲ ့ နွေးနဲ ့ က ငယ်စဉ်ကတည်းက ညီအစ်မလို ခင်နေကြတာ   တ ဲ ့။

 

နွေးရယ် ………… ချစ်မိသွားပြီးမှ နွေးအကြောင်းတွေ သိရတော ့ မဝံ့ရဲပြန်ဘူးနွေးရယ် …………..။

ရင်မှာတင်းလေတဲ ့ သံယောဇဉ် ချစ်ခြင်းကို  ကိုယ်ဘယ်လိုတားရမလဲ …….သူမမြင်  သူမကြည် ့

သူမသိအောင်တားနိုင်ပေမဲ ့  ကိုယ့် ဝေဒနာကိုယ်သာသိလို ့ အိပ်ပျက်ညတွေလဲ များခဲ ့ပါရဲ ့ ………။

အရောင်မဲ ့ အဆင်းမဲ့တဲ ့ အချစ်ဆိုတဲ ့ စပ်ခါးခါးသံဇဉ်တစ်ပိုဒ်ဟာ တောင်ပံမဲ ့စွာ ပျံသန်းလာရင်း

နှလုံးသားကိုလေဟတ် အထပ်ထပ်ရစ်ပတ်သွားခဲ ့ပြန်ပြီလေ ………………။ ကြားသမျှသူ ့အသံ …..

မြင်သမျှ သူပုံရိပ် …….စိုးတထိတ်ထိတ်နဲ ့ရင်မော……. ဖွင် ့ပြောဖို ့မတွေးရဲ ……..

အစကတည်းက ………  မဆုံခဲ ့ ကြရင်အကောင်းသား ……… ။

ခုတော ့ …………………………………..။

xxxxxxxxxxx              xxxxxxxxxxxxx                        xxxxxxxxxxxx

“ကိုအောင် ……နွေး မနက်ပြန်တော ့မယ် ”

ကြိုမသိခဲ ့၍ သူအံ ့ဩမိသည် ……ရင်ထဲမှာလဲ ခတ်ဆွေးဆွေး ……နွေး ကို ငေး ကြည် ့ရင်း …..

“အိမ်ကလာခေါ်ပြီလား နွေး  ”  မျက်နှာလေး ညှိုးငယ်ရင်း သူ့ကိုခေါင်းညိတ်ပြသည်  ….

အတန်ကြာ အသံတိတ်နေကြသည် ………ခဏနေတော ့ နွေးက ပြုံး၍ …….

“နွေး ပြန်လာဦးမှာပါ ကိုအောင်ရယ် ……ရွှေကျင်မီးမျှောပွဲအမှီအရောက်လာမယ် ….အဲဒီခါကျရင်

မီးကြာခွက်တွေမျှောရင်းနဲ ့ချောင်းထဲမှာလှေစီးကြမယ်လေ ….. ကိုအောင်လှေမောင်းပေး …ဟုတ်လား ”

သူ ပြုံး ပြီး ခေါင်းညိတ်ပြလိုက်သည်  ။ နွေး မလာလောက်ပါဘူးလို ့ တော ့တွေးထားမိပြီပဲ ဲ…………။

 

ဒီလိုနဲ့ …….မနက်စောစော မလတ်တို ့အိမ်က ဂျစ်ကားနဲ ့ မြစ်ဆိပ်ကို လိုက်ပို ့ကြတယ်လေ …….။

ရေဆိုရင် တုန်နေအောင်ကြောက်တဲ ့ နွေး ဟာ မျက်နှာလေးငယ်နေတာပေါ ့ ……ကိုယ် ့ ကိုလက်ပြရင်း

မြစ်ကူး ကူးတို ့စက်လှေပေါ်တက်သွားတဲ ့နွေးကို ငေးကြည် ့ရင်း …….မီးမျှောပွဲနေ ့ရက်လေးတွေ

ရောက်ဖို ့ စောင် ့နေခဲ ့တယ် နွေးရယ် ………………………..။

နွေး ကတိတည်ပါတယ် …….။

မီးမျှောပွဲ မစခင်နှစ်ရက်အလိုမှာ နွေးရောက်လာခဲ ့တယ်နော် ………………ကိုယ်မထင်ဘူး နွေးရယ် ..

နွေး ကိုတွေ ့တော ့ပျော်လိုက်တာလေ ……

“နွေး ကတိတည်တယ်နော်  ကိုအောင်ကသာမေ ့နေ…..နွေးက နေ ့တိုင်းသတိယနေတာ……ဒီအချိန်ဆို

ကိုအောင်ကြီး ဘာလုပ်နေပြီ ….ဒီအချိန်ဆို ကိုအောင်တစ်ယောက်လက်ဘက်ရည်ဆိုင်မှာလေပေါနေပြီ

အဲဒီလို ….အဲဒီလို …”

“နွေးရယ် …ကိုယ်သတိယနေတာကြတော ့ မမေးဘူး ”   နွေး ကနှုတ်ခမ်းလေးခတ်မဲ့ မဲ့ လုပ်ပြီး

“မေးပါဘူး …. သူကလေပေါနေရရင် အားလုံးကိုမေ ့နေတာများ….”

နွေးရောက်တော ့ ပွဲဈေးတန်းက စေနေပြီ  ။ ပွဲဈေး လျှေက်ကြရင်း ရှေးဟောင်းနှောင်းဖြစ်တွေ

ပြောကြသည် ။ သူ တို ့အကြောင်း အစ အဆုံးသိနေသော သိန်းထိုက်ကအားပေးရှာသည် ။ နွေး ကို

ဖွင် ့ပြောဖို ့ တိုက်တွန်းကြသည်မို ့ သူချီတုန် ချတုန်ဖြစ်မိလေပြီ ……….။

 

မှတ်မိသေးတယ်နွေးရယ် ………..။

ဘုရားပွဲတော်နောက်ဆုံးနေ့က ချောင်းထဲမှာ တက်ခုတ်ယိမ်း အကတွေကြည် ့ရင်းနွေးနဲ ့ လှေစီးခဲ့ကြတယ်လေ

မလတ်ကတော ့ အလုပ်ရှုပ်နေလို ့ နေခဲ ့တယ် ။ စက်လှေဦးမှာ နွေး ကထိုင်လို ့ ကိုယ်ကစက်လှေ

မောင်းတာပေါ ့ ….. သိပ်လှတာပဲနွေးရယ် ….။ ဆံနွယ်လေးတွေ လေမှာလွင် ့ပြီး စက်လှေဦးကလွင် ့လာတဲ ့

ရေမှုန်လေးတွေကို ဆော ့ကစားနေတဲ ့ နွေးဟာ အပြစ်ကင်းတဲ ့ ကလေးတစ်ယောက်လိုပါပဲ ……။

နွေး ပျော်နေတာတွေ.တော့ ကိုယ်လည်းပျော်တယ် …….ချောင်းထဲမှာ ကျွေးတဲ ့ စတုဒီသာ ထမင်းထုပ်တွေ

ဝေတော့ ရေလည်ခေါင်မှာ နွေးနဲ ့ လက်ဆုံစားခဲ့ကြတာတွေ ………..ပြီးတော ့  လှေတွေပေါ်က အန်တီကြီး

တွေကို ယောက္ခမလို့ လှမ်းစလိုက်တာ ……မထင်မှတ်ပဲ နွေး စိတ်ကောက်ပြီးငိုခဲ့တာတွေ ………ကိုယ်ချော ့

တဲ ့အခါ စိတ်ဆိုးချင်ယောင် ဆောင်ပြီး ရေထဲတွန်းချခဲ့တာတွေ ……..ဒါတွေ …ဒါတွေအားလုံး မနေ့ကလို

ပါပဲနွေးရယ် ………………။

 

မှောင်စပျိုးတော ့ မီးကြာခွက်တွေလည်း မျှောကြပြီလေ ……နွေးက ရှင်ဦးပဂုတ် ဖေါင်တော်ရှိတဲ ့

ရေလည်ခေါင်က  မီးခွက်မျှောချင်သတဲ ့ ။ လှေကို ရေလည်ခေါင်ထိမောင်းပြီး မီးကြာခွက်တွေကို ဆုတောင်း

ပြီးမျှောကြသည် ။ ချောင်းရေပြင်တစ်ခုလုံး မီးကြာခွက်တွေပြည် ့နေသည် ။ ရှင်ဦးပဂုတ်ဖေါင်တော်နှင့်

ချောင်းရေပြင်ထဲက ဆီမီးရောင်များမှာ ပနံသင် ့လှသည်မို့ ……..ပန်းချီးကားတစ်ချပ်သဖွယ် ….။

လေအဝှေ.တွင် နွေး၏ ကိုယ်သင်းရနံ့လေးကိုရသည် …..။ တိတ်ဆိတ်သော အမှောင်ထုကလည်း

ညှို ့လေပြီ …..။ အခွင် ့ရေး၏ဖန်တီးမှုကလည်း မျက်နှာသာပေးသည် ….။ မစီစဉ်ပဲ ရင်ဖွင် ့ခဲ ့မိလေပြီ ။။။

“ နွေး …..”  ခြောက်သွေ ့နေသော အာခေါင်မှ ခတ်တိုးတိုး အသံကြောင် ့ နွေး လှည် ့ကြည်သည် …..။

“ ကိုယ် …တစ်ခုလောက်ပြောမလို ့ …အဲဒါ …”

နွေးမျက်နှာလေးက ပြုံး စစ ……နွေးပြောလိုက်သောစကားကြောင့် သူထူပူသွားသည် ….။

“ ဘာလဲ …ရည်းစားစကားပြောမလို ့လား …ဟင်း ဟင်း”

“ဒီကသိပြီးသားပါ ကိုအောင်ရယ် ….. တစ်နေ့နေ့မှာ ဒီလိုပဲပြောတော ့မယ်ဆိုတာ ..”

“ နွေး….စိတ်ဆိုးလား .ဟင် ”  သူအားတင်း၍မေးလိုက်သည် ။ နွေး ကခေါင်လေးယမ်း ပြီး

“ ကဲ ကဲ ဘာတွေညာတွေ စဉ်းစားမနေနဲ ့ ဒီညအပျော်တွေပျက်သွားဦးမယ် …..ဘယ်တော့ အဖြေပေး

မလည်းလို့လဲမမေးနဲ ့ …..သင့်တော်တဲ ့အချိန်ကျရင်အမိန့်ချမယ် …ဒါဘဲ ”

ခတ်သောသောပြောလိုက်သော နွေး၏စကားကြာင် ့ ပျော်ရမှာလား……မပျော်ရဘူးလား….မတွေးတတ် ။

နွေးနဲ့အတူ လှေစီး ……ပွဲဈေးတန်းမှာလျှောက်တိုး ……..စတိတ်ရှိုးဝင်ကြည် ့……..လက်ဝှေ့ရုံထဲသွား…

ဒီလိုဒီလိုနှင် ့ ဘုရားပွဲည ကိုလွန်မြောက်ခဲ ့သည် …….။

 

xxxxxxxxxxxxxxxxxx                      xxxxxxxxxxxxxxxxxxxxxxx              xxxxxxxxxxxxxxxxxxxxx

“သောက်ရူးရဲ ့ ……အဲဒါအဖြေပေါ ့ ….ဒါတောင်မသိဘူးလား”

ညကအကြောင်းကိုပြောပြအပြီးတွင် သိန်းထိုက် တို ့ မညှာမတာတွယ်ကြသည် ။

“ ငါသိပ်နားမလည်ဘူးဟ….ဘယ်လိုအဖြေကြီးလဲ ” သိန်းထိုက်ကိုမေးမိသည် ။

“ဟာ ….သူကကြိုပြီးသိလို့တောင်မှ ကြိုစဉ်းစားထားပြီးပြီ ….မင်းကိုလက်ခံလို့ မငြင်းတာပေါ ့ကွ ငတုံးရ”

“ဪ….ဒီလိုလား ….အဟဲ  ”

“ဒီလိုတွေ ဟိုလိုတွေ လုပ်မနေနဲ့ …ငါတို့ကိုဘာကျွေးမှာလဲ”

“ကြိုက်တာလုပ်ကြကွာ ….တစ်ခုတော ့ရှိတယ် နွေးကငြင်းရင်တော ့ မင်းတို ့သေပြီမှတ် ”

နွေး ကတော ့ဘယ်လိုဆုံးဖြတ်မယ်မသိ …..သိန်းထိုက်တို့ကိုတော ့ ကျွေးမွေးလိုက်ရသည် ။

ဒီညနေ နွေးနဲ ့ဆုံမည် …..။ ရင်ခုံသံသည် ကြိုတင်၍ စရံသပ်လေပြီ ။

 

ညနေရောက်တော ့ သဲခုံပေါ်မှာလမ်းလျှောက်ကြသည် ။ နွေး မနက်ဖန်ပြန်မည်ဟုသိထားသည်မို ့

ပြောစရာစကားတို ့ ပျောက်နေသည် ။ သူ အရင်လိုနှုတ်မသွက် ….နွေး ၏ဘေးမှ လျှောက်ရင်း

တစ်ချက်တစ်ချက် နွေးကို ခိုးကြည့်မိသည် ။

ဆည်းဆာ ကျနေရောင်တွင် လှလိုက်သည် ့ဖြစ်ခြင်း ……။ နွေး ကစ၍ …

“ဘာမှ မပြောတော ့ဘူးလား ကိုအောင် …ဒါမှမဟုတ် တစ်ခုခု ရောမေးစရာမရှိတော ့ဘူးလား ”

“ အင်း….ရှိတာပေါ ့နွေးရယ် …..ဘယ်ကစပြီး ဘာပြောရမှန်းမသိလို ့ ….နွေး ကလည်းပြောထားတယ်လေ

မမေးနဲ ့ အချိန်ကျရင်သိရမယ်ဆို …..ခုရော အချိန်ကျပြီလား ”

“ ဒါမျိုးကျတော ့ မှတ်ထားတယ် …….ကဲပါ …. မနက်ကျရင်ပြန်တော ့မှာဆိုတော ့ ပြောခဲ ့ပါမယ် …ဒါပါဘဲ ”

သူကြောင်သွားသည် ….ဘာမှန်းမသိ ။ နောက်မှ သိန်းထိုက်ပြောထားတာ သတိယသွားသည် …။

မငြင်းဘူးဆိုရင် လက်ခံလို့ပေါ ့ …..

“ နွေး ..နွေး ..ဒါဆ ို ကိုယ့်ကိုချစ်တယ်ပေါ ့နော် ….ပျော်လိုက်တာနွေးရယ် … ”

နွေး ကခေါင်းလေးညိတ်ပြသည် ။ သူ ့မျက်နှာကို မကြည် ့တော ့ ….

နွေး ရှက်နေလေပြီ …..အတန်ကြာမှ ခတ်တိုးတိုး ပြောသည် …..။

“ မနက် ကျရင်လိုက်မပို့နဲ ့နော် …..နွေး ငိုမိမှာစိုးလို ့”

“နွေးရယ်……. ”

“ နွေး ဆက်ဆက် ပြန်လာခဲ့ ပါ ့မယ် ကိုရယ် ….စိတ်ချပါ ….နွေးလဲမလွမ်းချင်ပါဘူး”

အဲဒီညနေက နေရောင်ပျောက်တဲ့ အထိ သဲသောင်ပြင်ပေါ်မှာ ကိုယ်တို ့လမ်းလျှောက်ခဲ ့ကြတယ်နော် …

နွေး ကိုလိုက်ပို့ ခွင် ့ မရှိသူဆိုတော ့…တစ်ညလုံးတွေး …တစ်ညလုံးဆွေးပြီး …မိုးလင်းခဲ ့ရတာပေါ ့နွေးရယ် ….။

မနက် ဆယ်နာရီလောက်မှ မလတ်တို ့အိမ်ကိုသွားပြီး နွေးအကြောင်း မေးဦးမယ်ပေါ ့…………

ဒီလိုနဲ ့………ကိုယ်  မလတ်တို ့အိမ်ကို ထွက်လာခဲ ့တယ် လေ ………………..။။။။။

 

xxxxxxxxxxxxxxxxxxxxxxx      xxxxxxxxxxxxxxxxxxxxxxxxx      xxxxxxxxxxxxxxxxxxxxxxxxx

 

အိမ်ရှေ ့ လှေခါးနားသို ့ ဆိုင်ကယ်ထိုးရပ်ပြီး အဆင်းတွင် အသင် ့စောင် ့နေသော သားတော်မောင်

သူငယ်တန်း ကျောင်းသားကပြေးထွက်လာသည် ။

“ ဖေဖေ ……..မေမေက ထမင်းစားစောင် ့နေတယ်တဲ ့ ……လက်အမြန်ဆေးပြီး လာစားတော ့တဲ ့…”

“ အေးအး …..သားရောစားပြီး ပြီလား”

“ ဟင် ့အေး …..သားလဲ ဖေဖေ့ ကိုစောင် ့နေတာ အတူတူ စားမလို ့ ”

“ ကဲ ကဲ …..သွားမယ်  လာ မင်းအမေ ဗိုက်ဆာနေရော ့မယ် ”

ထမင်းစားခန်းသို့ သူ ရောက်သည်နှင် ့ ပုဇွန်ချဉ်သုပ်နေသော မလတ်က ပြုံး၍ လှမ်းမေးသည် …

“ နင် ဆာနေပြီလား အောင်ဇော် …….လာ လက်ဆေးပြီးဝင်လိုက် …..သား ဒီဘက်နဲနဲတိုးပေးလိုက်လေ

ဖေဖေကြပ်နေလိမ် ့မယ် ”

“ နေပါ …ရပါတယ် ”

“ ဒါနဲ ့ နင်ဒီနေ ့ နောက်ကျတယ်နော် ……ပန်းတိမ်ဆရာတွေ ပစ္စည်းအပ်တာနောက်ကျလို ့လား …..”

သူ ဘာပြန်ပြောရမှန်း မသိ ။ သောင်ပြင်ထဲသွားပြီး  နွေး ကိုလွမ်းနေမိတာ ဘယ်ပြောရက်မလဲလေ …..။

သူ ့မျက်နှာကိုကြည် ့ပြီး မလတ်ကသဘောပေါက်သည် ။ အားပေးသော အပြုံး ….ကရုဏာအပြုံး …

ရိုးသားပွင် ့လင်းသောအပြုံးဖြင် ့ ….

“ အောင်ဇော်ရယ်…….ငါနားလည်ပါတယ် …နားလည်ပေးတာမဟုတ်ဘူးနော် တကယ်ကို နင် ့အပေါ်

နားလည်တာ …နင်ခံစားနေရတာကိုလည်း နားလည်တာ …..ငါဘာကို သဝန်တိုရမှာလဲ နွေးဆိုတာ

ငါသိပ်ခင်ရတဲ ့သူပါ ….ပြီးတော ့ နင်ကလဲ ငါ ့အပေါ် ခင်ပွန်းကောင်းအဖြစ်တာဝန်ကျေခဲ ့သလို

သားအတွက်လဲ ဖခင်ကောင်းပဲလေ ….နောက်ထပ်ငါဘာကိုမျှော်လင် ့ပြီး လောဘတက်နေရမှာလဲ

ဟာ ….

နင် ့ ရဲ ့စိတ်ထဲလဲ ငါဝင်ပြီး မစိုးမိုးချင်ပါဘူး ….နင် ့ရဲ ့စိတ်ဟာ လွတ်လွတ်လပ်လပ် ပဲ

ရှိစေချင်တာ …….ပြီးတော ့ ………..နွေး ကလည်း ပြန်လာဖို ့ဆိုတာ ………… ”

မလတ် စကားတပိုင်းတစ်စနှင် ့ရပ်သွားသည် ……မရပ်သည်က …သူ ့အတွေးများ…………….

ပန်းကန်ထဲကထမင်းကိုအသာဖွရင်း ကြိုးစား၍မေ့ထားသော ပုံရိပ်တို ့ ပေါ်လာပြန်သည်

 

နွေးရေ ……………နောက်နေ့မနက် (၁၀)နာရီလောက် မလတ်တို ့အိမ်ဘက်ထွက်ခဲ ့တယ်လေ ။

ရောက်ရောက်ခြင်း ငိုနေတဲ ့ မလတ်ကိုလဲတွေ့ရတယ် …..အိမ်ထဲမှာလဲ လူစုလူဝေးနဲ ့ပေါ ့နွေးရယ်

ကိုယ်ရင်ထိတ်လိုက်တာ …….ဘယ်သူများဘာဖြစ်သလဲပေါ ့……….

ကိုယ် ့ ကိုတွေ ့တော့ …မလတ်ကပြေးထွက်လာတယ် ……..ငိုသံမပီမသနဲ ့ ….

“ အောင်ဇော် ……နွေး…….နွေး   ရေနစ်သွားပြီ”

“ ဘာ…………ဘယ်လိုဖြစ်တာလဲမလတ် ……ဘယ်လိုနစ်တာလဲ…….”

“ နွေး …နွေး စီးသွားတဲ ့ စက်လှေကို ဖေါင်ပျက်ပြီး မျောလာတဲ့သစ်လုံးက ဝင်တိုက်လို့ လှေမှောက်သွားတာ”

မလတ်ဆက်ပြောနေတာတွေ ကြားတစ်ချက် မကြားတစ်ချက် ……။ ရုတ်တရက်မို ့ အသက်မဲ ့သွားလေသည် ့

အလား…………….

 

ကိုယ် ရူးပြီနွေးရေ………….

နွေးရဲ ့သတင်း ကြားပြီးချင်းပဲ  ကိုယ်ပြေးထွက်လာမိတယ် ……။ ချောင်းထဲက  စက်လှေပေါ်တက်ပြီး

စစ်တောင်းမြစ်ထဲ ကိုယ်ထွက်ခဲ ့တယ်လေ …….ပြီးတော ့ …..စစ်တောင်းမြစ်ထဲမှာ စုန်ဆန်မောင်းရင်း

နွေးကိုရှာနေမိတယ် …….ရေစီးကြမ်းလှတဲ ့ စစ်တောင်းမြစ်ထဲမှာ နွေးကို မတွေ ့နိုင်တော ့ဘူးဆိုတာ

ကိုယ်သိပါတယ် ……..ဒါပေမဲ ့နွေးရယ်….အဖြစ်မှန်ကို ကိုယ်မှလက်မခံနိုင်ဘဲ ……

မြစ်ထဲမှာ တနေကုန်စက်လှေမောင်းရင်း နွေး နံမည်ကို ခေါ်နေမိတယ်…….ဒီမြစ်ကြီးကို မုန်းလိုက်

တာနွေးရယ် ……နွေး ကိုမှ ရက်ရက်စက်စက် ……..ကိုယ်မယုံဘူးနွေး….နွေးတစ်နေ ့ပြန်လာမှာပါ ….

နွေး ပြောခဲ ့တယ်လေ … “ နွေး ဆက်ဆကြ်ပန်ခဲ ့မယ်”  တဲ ့  …………….

နွေးရေ ……..

ဟိုး….မြင်နေရတဲ ့ အရှေ ့ရိုးမတောင်တန်းကြီးမှာ နွေးကြိုက်တဲ ့တောပန်းလေးတွေ ပွင် ့နေပြန်ပြီ လေ….

ပြီးတော ့ …….မြို ့ဒေါင် ့စေတီမှာလည်း နွေးနဲ ့တွေ့ခဲ ့စဉ်တုန်းကလိုဘဲ ဘုရားဖူးသူတွေ

စည်ကားနေပြန်ပြီပေါ ့  နွေးရေ………..

 

 

35 comments

  • surmi

    August 7, 2012 at 1:49 am

    ဝတ္ထုတိုအဖြစ် မူလရည်ရွယ်ခဲ့သော်လည်း ရေးရင်းဖြင် ့ ရှည်လျားသွားခဲ ့ပါသည် ။ ဖတ်ရသူများကိုအားနာလှသော်လည်း ၊ ပြန်ချုံ ့ရန် မကျွမ်း ကျင်သဖြင် ့ ဒီအတိုင်းတင်ခဲ ့ရပါသည် ။
    ရေးမိရေးရာ စမ်းသပ်၍ ရေးခဲ ့ရပါသဖြင် ့ အဆင်မပြေမှုများရှိခဲ ့ပါက
    ခွင့်လွှတ်နားလည်ပေးကြပါရန် ………..။

  • marblecommet

    August 7, 2012 at 8:20 am

    စာရှည်တာများဗျာ အားနာရတယ်လို့
    ဘယ်လိုလူတုန်း
    ဒါတောင်ပြီးသွားမှာ စိုးလို့ တုံ့ တုံ့ပြီး ဖတ်နေရတဲ့ ဟာမင့်ကို……
    ……….
    အော်….ကိုဆာရေ့….
    စောစောစီးစီး အိပ်ရာထထချင်း
    ကိုဆာ့ ဝတ္ထုဖတ်လိုက်တာ…..
    ကျနော့်စိတ်ကူးတွေကလည်း ဟိုဟိုဒီဒီပြေးလွှားသွားပါရဲ့
    နွေးဟာ ရေကြောက်တတ်တယ်လို့
    ပြောထားခဲ့တာ သထိထားမိရုံလေးပဲ..
    နောက်မှ ……
    သူ့ထက်အသက်ကြီးတဲ့ မတတ်နဲ့ အော်ဇော်ညားပြီးလု့ိ
    ထမင်းဝိုင်းကျတော့မှ
    နွေးရဲ့ အဖြစ်ဆိုးကို သိရတော့တယ်…..
    ………
    သိပ်ကောင်းတဲ့ ဝတ္တုတစ်ပုဒ်ပါပဲ ကိုဆာရေ့
    တင်ပြဖွဲ့နွဲ့ပုံလည်း လှတယ်….
    ဗရာဗိုဘာဗျို့
    အဲ့လို လက်ရာမျိုးတွေ နောက်လည်း မျှော်နေမယ်
    လက်မ ပိန်ညောင်လေး ထောင်ပစ်ခဲ့မယ်

  • marblecommet

    August 7, 2012 at 8:21 am

    သူ့ထက် အသက်ကြီးတဲ့ မလတ်နဲ့ အောင်ဇော် လို့ ဖတ်ပေးဗျာ..

  • surmi

    August 7, 2012 at 8:58 am

    ကိုကမ်းရေ
    စောစောစီးစီး လွမ်စရာတင်လိုက်ရတာ အားနာသဗျာ
    အားပေးဖတ်ရှုတာတကယ် ့ကိုကျေးဇူးပါ
    အားလဲတက်မိပါတယ် နောက်လဲကြိုးစားကြည် ့ပါဦးမယ်

  • marblecommet

    August 7, 2012 at 9:13 am

    လွမ်းစရာ တင်တာအားမနာနဲ့ဗျ
    ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ ယန္တရားဆန်တဲ့
    နိစ္စဓူဝဘဝထဲ အခုလိုလေး
    မလွမ်းဖူးတာကြာပေါ့…
    နော်က ကိုဆာ့ကိုတောင်ကျေးဇူးတင်သေး
    နော်လည်း ကိုဆာ့ ကျေးဇူးကြောင့်
    နောက်ခဏ ပြန်သွားလိုက်ဦးမယ်..
    ဟဲဟဲ……
    ခင်တဲ့
    ငကမ်း…

  • amatmin

    August 7, 2012 at 9:27 am

    ကိုဆာမိရေ..
    အများကြီးတော့ မပြောတတ်ဘူး..
    ဖတ်ရင်းတကယ့်ကိုမြောသွားရတယ်..
    အပျော်ဂိတ်ဆုံးကနေ ပဟေဠိလေးပေးပီး..အဆွေးကို လုပ်ချပလိုက်တာ..
    ကျနော်တောင် စစ်တောင်းမြစ်ကြီးကို ရောယောင်မုန်းလိုက်မိတယ်ဗျာ..
    တကယ့်ကို ရသဝတ္ထုပါပဲ..
    ကိုရဲစည်ကို လက်တို့အုန်းမှပဲ..
    လက်ဖက်ရည်လေးတော့ သောက်ရမယ်ထင်ပ.. 🙂

    • surmi

      August 7, 2012 at 10:09 am

      စိတ်ချ ကိုမတ်ရေ
      လက်ဘက်ရည်တင်မကဘူး ဒိပြင်ဟာတွေလဲပါစေရမယ် ဟဲ ဟဲ

      မမိုချိုရေ
      ရေးလက်တော ့မရှိသေးပါဘူဗျာ အားကျလို ့စမ်းကြည် ့ရုံပါ
      အားပေးသွားတာကျေးကျေးပါ

  • mocho

    August 7, 2012 at 9:50 am

    နွေး..တဲ့…ကို..တဲ့…ဖတ်ရတာ ရင်တုန် လိုက် တာ
    ကိုဆာမိရေ
    မထင်မှတ်တဲ့ လှည့် ကွက်လေး နဲ့ ဇာတ်သိမ်း ပေးထား တာ တကယ့် ရေး လက် ရှိ ပြီးသား စာရေး ဆရာ တစ်ယောက် အတိုင်း ပါပဲလား။

  • ahnyartamar

    August 7, 2012 at 11:25 am

    ကောင်းတယ်ကိုဆာမိရေ….တကယ့်ကို ရသပေးတဲ့ ဝတ္ထုတိုပါဗျာ၊ ရသတကယ်ပေးတဲ့ အရေး၊ အသားက ဘယ်တော့မှ ရှည်လျှားလှတဲ့ စာတွေဖတ်နေရတယ်လို့ မခံစားရပါဘူးဗျာ။ ဖတ်ရင်းနဲ့စီးမျှောသွားတာ စစ်တောင်းမြစ်ကြီးကိုတောင် ရေတွေခမ်းခြောက်သွားစေချင်တယ်။

  • မောင်ပေ

    August 7, 2012 at 12:01 pm

    ကိုဆာမိရဲ ့ဝတ္ထုတိုထဲမှာ မလတ် ဇါတ်ကောင်နေရာ ရေးဖွဲ ့ထားတာကို အခန်းနဲပေမယ့် ခံစားသွားရပါတယ်ဗျား

  • shwe kyi

    August 7, 2012 at 12:17 pm

    ကိုရင်ဆာမိရေအရမ်းကောင်းပါတယ်နော်။ ဖတ်ရတာတော်တော်လေးကိုအဆင်ပြေချောမွေ့ပါတယ်။
    ရွှေကြည်သာမလတ်နေရာမှာဆိုရင်မယူဘူးဗျ အဲဒီအောင်ဇော်ကို။ ရင်ထဲကဒါဏ်ရာကြီးကိုသိနေတာဆိုတော့လေ သူငယ်ချင်းကောင်းတစ်ယောက်အဖြစ်ပဲနေဖြစ်လိမ့်မယ်။
    ယောက်ျားလေးတော်တော်များများကတော့ ဘဝခရီးအတွက် အိမ်ထောင်ဖက်ကိုတော့ချစ်ချစ်မချစ်ချစ်တယောက်တော့ရှာကြတာပဲနဲ့တူပါတယ်။ 😀

    _________________________
    I added cool smileys to this message… if you don’t see them go to: http://s.exps.me

  • နွေဦး

    August 7, 2012 at 12:43 pm

    မိုးတွင်း ဆိုတော့ အေး…
    မိုးကုန်ရင်တော့ နွေး လာမှာပေါ့ …
    ဆောင်းရောက်ပြန်တော့ အေး လာပြန်ရော …
    ဆောင်းအကုန်နွေအကူးဆို နွေးလာပြန်ပြီပေါ့..
    နွေး တခါ အေး တလှည့် ပေမဲ့
    နွေရောက်တော့ ပူအိုက်လွန်းလို့ဗျာ…။

  • manawphyulay

    August 7, 2012 at 1:54 pm

    ဇာတ်လမ်းဇာတ်အိမ်အရ မင်းသမီးကို သေပေးလိုက်တယ်ပေါ့လေ ဟုတ်လား… အင်း စိတ်မကောင်းစရာပဲနော်။ မင်းသားလည်းဆွေးသွားတာပေါ့…

    • surmi

      August 7, 2012 at 2:38 pm

      အစ်ကိုအညာတမာရေ
      နွေးလိုအဖြစ်က ဟိုတုန်းကတကယ်ဖြစ်ဘူးပါတယ်
      အဲဒါလေးသတိယသွားလို ့ ရေးလိုက်တာ ကျေးကျေးနော
      ကိုပေရေ မလတ်လိုမိန်းမတွေသဘောထားကြီးရင် သိပ်ကောင်းနော်

      ဒေါ်ရွှေကြည်ခင်ဗျ
      ပေးဆပ်ခြင်းကအချစ်တဲ ့လားတဲ ့ မလတ်ကပြောတာပါ
      အင်းးးးးးးး ယောက်ကျားတွေကတော ့ ဘယ်လိုစိမယ်မသိဘူးခင်ဗျ

      ကိုနွေဦးခင်ဗျ နွေးဦးရောက်ရင် နွေးလာပါတယ်ဗျ

      မမနောရေ
      အသဲကွဲဖေါ်ညှိလိုက်တာပါ

  • Shwe Ei

    August 7, 2012 at 2:05 pm

    ဒါဆို နွေးက သူကြိုက်မိတာ တခုလပ် ကလေးအဖေမှန်း မသိရှာဘူးပေါ့။ ဆိုးပ။ ဒီထဲမှာ နွေးအဖြစ်က ပိုပြီးဇာတ်နာတယ်။ 🙁

    • surmi

      August 7, 2012 at 2:18 pm

      ဒေါ်ရွှေအိရေ
      အတိတ်နဲ ့ ပစ္စုပ္ပန်ကို သူငယ်တန်းကလေး ဆိုုပြီး အချိန်ကာလကိုပြထားပါတယ်
      နွေး သေပြီးမှ မလတ်နဲ ့ ယူတဲ ့သဘောပါ
      နွေးနဲ ့တွေ ့စဉ်က လူပျိုအစစ်ပါဗျာ ဟဲဟဲ

  • etone

    August 7, 2012 at 3:05 pm

    ကိုဆာမိရေ ……….

    အရေးသားကတော့ … အရမ်းကောင်းပါတယ်ကိုဆာမိရေ … ဖတ်တဲ့ လူတောင် … ဟက်ထိသွားတယ် .. ဟီး ။ဇာတ်သိမ်းလေးက …… ဟက်ပီးအန်းဒင်းမဟုတ်တော့ ….. ဖတ်ရတဲ့လူတောင် လိုက်လွမ်းမိသလိုပါပဲ …… ။
    ညက အိပ်မက်တွေ မကောင်းလို့ ……. ရင်ထဲ သိပ်မကောင်းဘူးဖြစ်နေတာ…… အခုတော့ ပိုဆိုး … 😥

    နွေးကို … အချစ်ဦးမို့ မြေးဦးရတဲ့ အထိ မမေ့သေးသလိုများလားမသိဘူးနော် ..အဟီး ။
    ဒါနဲ့ မလတ်က ဘယ်လို ….. ကြားထဲက … အောင်သွယ်တောနဲ့ ငြားသွားတာလဲဟင် … ။
    ဒီလောက် ချစ်တတ်၊ ဒီလောက် လွမ်းတတ်တဲ့ လူက ….. လွယ်လွယ်နဲ ့နောက်တယောက်ယူတာ … ကြည့်ရတာ…. သူများ လှည်းကျိုးဝင်ထမ်းလိုက်တာများလား …. ။ ခွိခွိ 😛

    အန်းနီးဝေး ချစ်တဲ့ လူတိုင်း ဆုံဆည်းနိုင်ကြပါစေလို့ …. ဆုတောင်းပါတယ် ကိုဆာမိရေ .. ဟီးဟီး :mrgreen:

    • surmi

      August 7, 2012 at 3:24 pm

      ဒေါ်အိတုန် တိုးတိုးပြောဗျ
      အထုပ်ဖြေတာလူမိသွားဦးမယ် ဟဲဟဲ
      မလတ်ကိစ္စကတော ့ စာဖတ်သူစိတ်ကြိုက်တွေးလို ့ရအောင် အသာလေးထားခဲ ့တာ
      အပြင်မှာလဲ ဒီလိုစိတတ်လို ့လေ ဟဲဟဲ

      • etone

        August 7, 2012 at 4:00 pm

        ကိုဆာမိရေ … အထုတ်မဖြေရဲပေါင် …. ။ အချွန်နဲ့ မမယ့် လူတွေ ……. အဲ အဲ ….. ကြောင်တွေဝိုင်းနေလို့ ……… ခွိခွိ ။ 😛

  • ရဲစည်

    August 7, 2012 at 4:16 pm

    စအဖွင့် အောက်ကမြင့်ရယ် မမြင် 😛
    ………………………………….
    လှအတင့် စာပန်းချီ တပိုဒ်ရယ်မို့
    ရင်လှိုက်ခါ မြောမိတယ်
    တွေးဆက်သက်လျော…

    အရသာခံပီး ဖတ်ပါရစေဗျို့
    ပရင့်ထုတ်ပီး သိမ်းထားလိုက်မယ်ပ

  • surmi

    August 7, 2012 at 4:24 pm

    ကိုရဲရေ
    လာဖတ်သွားတာကျေးကျေးနော
    မနက်ကမအားလို ့မပြောမိဘူး
    ခွေးလွှတ်ဗျို ့

  • မဟာရာဇာ အံစာတုံး

    August 7, 2012 at 9:07 pm

    ကောင်းလိုက်တဲ့ အရေးအသားဗျာ ..
    အစ အဆုံး အကုန်လုံး ဖတ်သွားတယ်ဗျို့ …
    ဂယ်ဆို ကိုအောင်ဇော်နဲ့ မနွေးကို
    ပေါင်းပေးသင့်ပါတယ်ဗျာ ..
    ကိုအောင်ဇော် နေရာမှာ ကျုပ်ဆို
    သတင်းကြားရတဲ့ နေ့မှာတင် ရူးသွားနိုင်လောက်တယ် ..
    အားပေးသွားတယ် အူးဆာမိရေ ..
    လက်မကြီးကြီးလည်း ထောင်သွားပါကြောင်း …..

    • surmi

      August 7, 2012 at 11:26 pm

      ှဘိုအံဇာရေ ..။
      ပေါင်းတော ့ ပေါင်းပေးချင်သားဗျာ ။
      ကိုယ်တိုင်ကလည်း ခတ်ဆွေးဆွေးမှကြိုက်မိလို ့ ….

  • KoNyeinChan

    August 7, 2012 at 10:21 pm

    ကိုဆာမိရေ.. ဖတ်လို ့တကယ်ကောင်းသဗျာ.. ကျုပ်တို ့မြို ့လေးအကြောင်း ပြန်ဖတ်ရတော့ လွမ်းမိတယ်.. ဘယ်နှစ်ခုနှစ်လောက်က ရောက်ခဲ့တာတုန်း..အခုတော့ စစ်တောင်းမြစ်ကို ဇက်နဲ ့ဖြတ်စရာမလိုတော့ဘူး.. ၂၀၀ရ တုန်းက မြန်မာပြည်တစ်ခါပြန်လာတုန်း ရွှေကျင်ကို သွားပြန်လည်လိုက်သေးတယ်.. ငယ်သူငယ်ချင်းတွေနဲ ့ ဖေ့စ်ဘုတ်မှာတွေ ့တော့ အခုရွှေကျင်မှာ ရေအရမ်းကြီးနေကြောင်းသိရတယ်.. တခါမှ ဒီလောက်ရေမကြီးဖူးဘူး.. ရေတခါမှမရောက်တဲ့ ဈေးရှေ ့ကျောက်တိုင်မှာတောင် ဒူးလောက် ရောက်တယ်ဆိုဘဲ.. မွေးရပ်ဌာနေကနေ စွန် ့ခွာလာတာ ဆယ်တန်းအောင်ပြီးနောက်နှစ် ၁၉၉၃ ကတည်းက.. ဖတ်ခွင့်ရတာ ကျေးဇူးတင်သဗျာ..

    • surmi

      August 7, 2012 at 11:40 pm

      ကိုငြိမ်းချမ်းရေ …
      ကျွန်တော်စရောက်တာ ၁၉၈၉ ကပါ ……၁၉၉၃ လောက်မှာလဲ ရောက်ပါသေးတယ် ။
      နောက်ဆုံးရောက်တာကတော ့ ၂၀၀၃နဲ ့ ၂၀၀၄ ပါ ။တံတားပြီးသွားပါပြီ ။ မဒေါက် ကားလမ်း
      လည်းကောင်းနေပြီပေါ ့ ။ ကျွန်တော် မီးမျှောပွဲအကြောင်း သီးသန် ့ရေးထားသေးတယ် http://myanmargazette.net/116966/creative-writing ဒီလင် ့လေးမှာဖတ်ကြည် ့
      လိုက်ပါဦး ……အလွမ်းပြေပေါ ့ဗျာ ။ ၁၉၈၉ ဝန်းကျင်မြင်ကွင်းလေးတွေ ့ရမှာပါ ။
      အားပေးတာကျေးဇူးနော်

    • surmi

      August 7, 2012 at 11:56 pm

      ကိုငြိမ်းချမ်းရေ ….ကျွန်တော်စရောက်တာ ၁၉၈၉ ကပါ ။၁၉၉၃ မှာလဲရောက်ပါတယ် ။
      နောက်ဆုံး ရောက်တာကတော ့ ၂၀၀၃ နဲ ့၂၀၀၄ ကပါ ။ ရွှေကျင်မြို ့မှမီးမျှောပွဲ ဆိုတဲ ့
      ခေါင်းစဉ်နဲ ့လည်း ၁၉၈၉ ဝန်းကျင် အနေအထားကိုရေးဖူး ပါသေးတယ် .။။
      အားပေးတာကျေးဖူးနော် ….။

  • padonmar

    August 7, 2012 at 10:40 pm

    ကိုဆာမိ
    ပြေးပြေးလွှားလွှားဂျလေဘီရောင်းရင်းရေး လိုက်တဲ့ ဝတ္ထုက ရှယ်ပဲ။
    နွေးက ရွှေကျင်ကို ၂ခေါက် လာတာပေါ့နော်။
    စောင့်နေခဲ့တယ်နွေးရယ် နဲ့ ကတိတည်ပါတယ် နွေးရယ် ကြားလေးထဲ xxxxxxxx ခြားပေးလိုက်ရင်
    နည်းနည်း ပိုရှင်းမလားလို့ လျှာရှည်ကြည့်ပါတယ်။
    နွေးရေကြောက်တာ ပါးပါးလေးထည့်ထားတာ လှပါတယ်။
    မမ မလာခင် သတ်ပုံနည်းနည်း စစ်လို်က်အုံးနော်.:D

    • surmi

      August 7, 2012 at 11:51 pm

      အစ်မပဒုမ္မာရေ ..
      ကျေးဇူးဗျာ ….အစ်မပြောတာဟုတ်ပ ……အနည်းဆုံး အပိုဒ်လေးတော ့ခြားခဲ့ ရမှာ …။
      လက်နာနေတာရောသက်သာသွားပြီလား ..
      နာနေတဲ့ ကြားက အားပေးသွားတဲ ့ကျေးဇူး မမေ့ဘူးဗျို ့ …။

  • MaMa

    August 8, 2012 at 8:19 pm

    ကိုဆာမိရေ-

    (အပေါ်မှာ မမ မလာခင် ဘာညာဆိုတာတွေ မပြောတော့ဘူးနော်။)
    [:)]

    ရေးတတ်ပါပေ့။
    ဇာတ်ကို နှစ်ပိုင်းခွဲပြီး အလိုက်သင့် ဆက်ပေးလိုက်ပုံလေးက မိုက်တယ်။
    အပြင်မှာ မလတ်လောက် သဘောထားကြီးတဲ့သူ တွေ့နိုင်ပါ့မလား။
    နွေးရဲ့ဘဝကို ဇာတ်သိမ်းပေးလိုက်လို့လည်း မလတ်ဘက်က သဘောထားကြီးနိုင်တာ ဖြစ်မယ်ထင်တယ်။
    ကိုယ်တိုင်ရေး ရင်တွင်းဖြစ်များလားးးးးးးးးးးးးး [:))]

    _________________________
    I added cool smileys to this message… if you don’t see them go to: http://s.exps.me

  • surmi

    August 8, 2012 at 10:25 pm

    ကိုယ်တိုင်ရေးရင်တွင်းဖြစ်များလားးးးးး အဟမ်း အဟမ်း
    ကိုယ်တိုင်ရေးတော ့ကိုယ်တိုင်ရေးပါဘဲဗျာ
    ရင်တွင်းဖြစ်လဲမှန်ပေမဲ့ ……ကိုယ်တွေ ့တော ့ဟုတ်ရပါဘူးဗျာ

  • မွန်မွန်

    August 8, 2012 at 11:29 pm

    ဘာ..ချစ်သူဖြစ်ပြီး နောက်တစ်ရက်မှာ နွေးက ဆုံးသွားခဲ့တာလား…မွန်မွန်သာဆိုရင်တော့… … တွေးတောင်မတွေးရဲဘူး…
    စာဖတ်ရင် မျက်စိထဲမှာလည်းမြင်လာ၊ အသံတွေပါ ကြားလာမိတော့… အဲဒီနေရာမှာတော့ မျက်ရည်ပါလည်ချင်တယ်ရှင်…

  • အရီးခင်လတ်

    August 9, 2012 at 4:07 am

    ကိုဆာမိ ရေ
    အများပြောသလိုဘဲ ရေးထားတာ တကဲ့ ပရိုစာရေးဆရာလိုပါဘဲ။ 🙂
    ဇာတ်သိမ်းပိုင်း မှာတော့ မထင်တာ ဖြစ်သွားတာကို အရင်ပြလိုက်တာ အတော်လှပါတယ်။
    ဒီလို ဇာတ်လမ်း လေးမှာ ဒေသန္တရ ဗဟုသုတ တွေပါ ဖတ်ရတာ စာဖတ်သူတွေလဲ အကျိုးရှိမှာပါ။
    အချိန်ပေးပြီး ရေးထားတဲ့ စာလေးတွေ အတွက်ကျေးဇူးပါ။
    အပြင်မှာ တကယ်ဖြစ်တဲ့ ဇာတ်လမ်း လေးဆိုတော့ စိတ်မကောင်းပါဘူး။

  • surmi

    August 9, 2012 at 9:11 am

    ဒေါ်မွန်မွန်ရေ
    ရွာသူားတွေကိုအမြဲပျော်စေချင်ပေမဲ ့ တခါတလေအပြောင်းအလဲလေးရေးကြည် ့တာ
    ငိုတော ့မငိုပါနဲ ့ဦးခင်ဗျ

    အရီးလတ်လဲအိမ်စာတွေလုပ်နေရတယ်ထင်တယ်
    မှီရာ ရထားနဲ ့လာပြီးအားပေးသွားတာကျေးဇူး
    ပထမဆုံးအကြိမ်ရောက်တုန်းကကြားဖူးခဲ ့တဲ ့ ရေနစ်သွားသူကောင်မလေးအကြောင်း
    သတိယလို ့ရေးကြည် ့တာပါ ။

Leave a Reply