ကျုပ်အကြောင်း (နည်းနည်း)

သတ်တယ် …
သတ်တယ် …..
လင်ပန်းကို ဆီစွတ်လို့
ရမ်းပြီးတောင် သတ်ခဲ့တယ် …
ကပ်နေတဲ့ ခြင်တွေကိုကြည့်ရင်း
ဂရုဏာတော့ မဖြစ်
အနိုင်ကျင့်ချင်တဲ့ စိတ်အတွက်တော့
မုဒိတာတွေက အသစ်အသစ် …….

ကိုက်ဟယ် …
စုပ်ဟယ် …..
ငါ မလှုပ်ပါဘူးကွယ် …
မနက်ခင်း စောစောစီးစီး
လာကိုက်တဲ့ ခြင်အတွက်
ဒေါသတွေ မထွက်
ဂရုဏာတွေ သက်
သွေးတစ်စက် တစ်စက်
လှူနေနိုင်တဲ့အတွက်
ပီတိတွေက အထပ်ထပ် …….

ဒီလိုနဲ့
ငယ်ရွယ်စဉ်ရဲ့ ဘဝများမှာ
ဆန့်ကျင်ဘက် စိတ်ဓါတ်နဲ့
ဖြတ်သန်းခဲ့ဖူးပါရဲ့ …………….

အမြဲတမ်း
ဆံပင်ကို တိုတိုညှပ်ရတယ်
ကျောင်းသွားတိုင်း
သနပ်ခါး ဘဲကြားလူးရတယ်
ပုဆိုးကိုလည်း ခပ်တိုတိုပါပဲ …

ကျောင်းပြေးဖို့ဆို
တွေးတောင်မှ မတွေးရဲ
အဖော် လာညှိတဲ့ ကောင်ကိုလည်း
ခပ်ပြတ်ပြတ်ပဲ ငြင်းလွှတ်လိုက်တယ်
ဟုတ်ပါတယ် …
အဒေါ်ရဲ့ တုတ်ကို
ဖိန့်ဖိန့်တုန်အောင် ကြောက်ခဲ့ရပါတယ် …

အထက်တန်းကျောင်းသားပဲ
ဒါပေမယ့်
လမ်းသွားရင်
လက်ဖက်ရည်ဆိုင်ဘက်
မျက်စောင်းတောင် ထိုးမကြည့်ရဲ
ထိုင်ဖို့ဆို ဝေလာဝေးဆဲပေါ့ ….

ဆယ်တန်းလေးလည်းအောင်
ပါမစ်ကလည်း ရ
ဒီအခါ
လက်ဖက်ရည်ဆိုင်က မထ
“ငါ့ဘဝ ငါအရှင်အခင်”
ဒီလို အမြင်တွေနဲ့
ကိုယ့်ကိုယ်ကို ဖွတ်ကျားမှန်း မသိ
လောကကြီးကို ရိခဲ့သေးရဲ့ …….

ဒီလိုနဲ့
ဘဝရဲ့ ဇာတ်ခုံ
မမျှော်လင့်ထားတာတွေလည်း ကြုံ
အစုံအစုံသော
အတွေ့အကြုံတွေနဲ့
လူကို သင်ခန်းစာတွေလည်း ရစေခဲ့ပေါ့ ….

ဒီလိုနဲ့
ခုများရဲ့ အသက်အရွယ်မှာ
ကိုယ့်ကိုယ်ကိုပဲ
ထိန်းကျောင်းရင်းနဲ့သာ …..
မိဘ၊ ဆွေမျိုးသားချင်းများနဲ့
ဝေးရာမှာ xxxxxxxxxxxxx ။

By – တာတေလံ အံစာတုံး

About မဟာရာဇာ အံစာတုံး

has written 306 post in this Website..

အချို့သော အရာတွေဟာ "ပြောင်" ပြီးရင် ပြန်ကောင်းဖို့ မလွယ်ဘူး။ အချို့အရာတွေ ကျတော့ တစ်မျိုး။ "ပြောင်" ပြီးရင် ပိုပို ကောင်းလာတတ်တဲ့ အမျိုး။ နှုတ်ခမ်းမွေး ပြောင်အောင်လို့ ရိတ်တယ်။ ရိတ်လေ .. သန်လေပဲ။ ထိပ်ပြောင်လို့ ဆံပင် သန်အောင် လုပ်တယ်။ မလွယ်ပြန်ဘူး။ ဒီသဘော .. ဒီသဘော။

   Send article as PDF